book

Index 2

အပိုင်း - 1

ခန်းမကျယ်ကြီးတစ်ခုတွင် နှစ်ဖက်မိဘများနှင့် ဖိတ်ထားသောရင်းနှီးသည့် မိတ်ဆွေအနည်းကျင်းတို့သည် သတို့သားလောင်းတို့အားစောင့်မျှော်နေကြသည်


အဝါဖျော့ရောင်တိုက်ပုံလေးနှင့် ပိုးပုဆိုးတို့ဆင်တူဝတ်ထားသောသတို့သားလောင်းနှစ်ယောက်ဝင်လာသည်နှင့် လက်ခုပ်တီးကာကြိုဆိုကြလေသည်


သတို့သားလောင်းတို့စင်ပေါ်ရောက်သည်နှင့် ဘိတ်သိတ်ဆရာသည် မင်္ဂလာ စကားပြောခြင်းကိုစတင်လေတော့သည်


ကိုယ်ခန္ဓာအနဲငယ်ထွားပြီး အရပ်ရှည်သည့်သတို့သားသည် ဘာကိုအလိုမကျလဲမသိ အပြုံးအရယ်မဲ့စွာ တည်တည်နေ,နေသော်လည်း သူ့ထက်ခန္ဓာသေးငယ်ပြီး အရပ်အနဲငယ်ပုသည့်သတို့သားလေးမှာတော့ ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးနေလေသည်

ဟန်ဆောင်မှုကင်းသော ဖြူစင်သည့်အပြုံးလေးပါပဲ


"သတို့သားမောင်မော်ကွန်းမောင်နှင့်သတို့သားမောင်ခေတ်ဦးငယ်တို့ ဒီနေ့ဒီချိန်မှစ၍ သက်ဆုံးတိုင်ကျန်းမာပျော်ရွှင်စွာပေါင်းစည်းနိုင်ပါစေ''


ထိုသို့ဖြင့် မင်္ဂလာပွဲလေးအောင်မြင်စွာပြီးဆုံးသွားလေသည်


.......


"မောင် ပင်ပန်းသွားပြီလား ရေအရင်ချိုးနှင့်လေ ငါပြီးမှချိုးလိုက်မယ်''


"ပိုရင်ချိုး''


"ဟိုငါကရ''


မောင်သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းရမ်းကာ တိုက်ပုံကြယ်သီးကိုဆက်ဖြုတ်နေသည့်မို့ ဆက်မပြောပဲ ရေချိုးခန်းထဲသာဝင်လိုက်တော့သည်

ရေချိုးပြီးပြန်ထွက်လာတော့မောင်သည် စွပ်ကျယ်အင်္ကျီလေးကိုချွတ်ပြီးရေချိုးခန်းထဲဝင်သွားသည် 


.....


"ငါတို့လက်ထပ်ကြရအောင်''


"ဟမ်''


မော်ကွန်းကအရေးကြီးပြောစရာရှိလို့လာခဲ့အုံးဆို၍ ရေးလက်စဝတ္ထုလေးကိုပိတ်ကာ အပြေးသွားခဲ့ရာ မော်ကွန်းမှဤသို့ဆိုလာလေတော့ ခေတ်ဦးငယ် အံ့သြသွားရလေသည်


"လက်ထပ်မယ်မလား''


"ငါ..ဟို..''


"ဘာလဲ မင်းငါ့ကိုမချစ်တော့ဘူးလို့ငြင်းမလို့လား''


"အမ်..ဟို..မငြင်းပါဘူး''


ဟုတ်သည် သူမငြင်းပါ

လွန်ခဲ့သည် 2 နှစ်က သူ့အချစ်တွေကိုဝန်ခံဖူးသည်မို့

"ငါတို့ကယောက်ျားလေးအချင်းချင်းတွေလေ ပြီး​တော့ငါမှူးလေးကိုချစ်တယ် ဒါကြောင့်''

သူ့အချစ်တွေကိုငြင်းခဲ့ပြီး 2 နှစ်အကြာမှစဆက်သွယ်လာသည့်မော်ကွန်း

2 နှစ်အတွင်းသူကမှမဆက်သွယ်ရင် သူကမှမသွားရင် သူ့ဆီမဆက်သွယ်သောသူက စဆက်သွယ်ပြန်တော့လဲ အံ့သြမှုတွေတစ်ခုပြီးတစ်ခုသယ်ဆောင်လာခဲ့သည်


"ဒါမယ့်ငါတို့ကလိင်တူတွေလေ မင်းမိဘ ပြီးတော့ ပတ်ဝန်းကျင်''


"အဲ့တာငါ့တာဝန်ထား မင်းသဘောတူလားပဲဖြေ''


"အမ်..အင်း..အင်းပါ.. သဘောတူပါတယ်''


"အေး အဲ့ဆိုပြန်ပြီ''


ပြောပြီးသည်နှင့်ထပြန်သွားသောကြောင့် သူ့မှာဘာမှပြောချိန်မရလိုက်

ကျန်နေခဲ့သူကတော့ ပါးချိုင့်လေးတွေပေါ်အောင် သတိလက်လွတ်ပြုံးကာ အပျော်ဆုံးလူသားလေးဖြစ်နေခဲ့သည်


သူ့မိဘတွေကိုအကြောင်းစုံပြောပြီးသူဘာဆိုတာကိုဝန်ခံတော့ မိဘတွေကသူ့၏ဖြစ်တည်မှုကိုလက်ခံပေးသည့်အပြင် အားပေးနှစ်သိမ့်ပေးခဲ့သည်မို့ ဒီလက်ထပ်ခြင်းမှာသူ့မိဘတွေကသဘောတူမည်ဆိုပေမယ့် မော်ကွန်းမိဘတွေကကော..အို..ထားပါ..မော်ကွန်းကသူ့တာဝန်ထားလို့ပြောပြီးပြီပဲကို

2 နှစ်ကြာ အမှတ်မရှိစွာ မျှော်လင့်ချက်မဲ့စွာ စောင့်ခဲ့ရကျိုးလေးက အခုလိုသူမျှော်လင့်ထားသည်ထက် အဆပေါင်းများစွာပိုနေခဲ့သည်မို့ အတိုင်းမသိဝမ်းသာနေမိသည်


ထိုဝမ်းသာမှူကခဏတာဖြစ်ပြီး တစ်ဘဝလုံးနာကျင်နေရမည်ကိုတော့ ထိုကောင်လေးမသိခဲ့

ထိုမင်္ဂလာပွဲသည် တစ်စုံတစ်ဦးကိုအရွှဲ့တိုက်ချင်၍ ဖြစ်တည်လာသည်ကိုလဲ သူမသိခဲ့

သူသိခဲ့ရင်လဲ ခွင့်လွှတ်နိုင်မည်ထင်မိသည်

သူကမောင်ဆိုသည့် မော်ကွန်းမောင်ကိုချစ်နေသည်မို့ပင်......


rate now: