"သူငယ်ချင်းတို့ငါတို့ဘွဲ့ရပြီဆိုတော့ ဘာလုပ်ကြမလဲဟင်"
"အိမ်ကစီစဉ်တဲ့အတိုင်းပဲပေါ့"
"ဟွန့် ဘွဲ့တောင်ရနေပြီဟာကို ပြီးတော့နင်ကမိန်းကလေးလဲမဟုတ်ပဲဘာလို့အဲ့လောက်ချုပ်ချယ်နေတာလဲမယ်"
"အဲ့ကောင်ကယောက်ျားလေးသာဖြစ်တာ မိန်းကလေးနဲ့တူနေတာကို"
"ဘယ်မှာတူလို့လဲ"
"နင်တို့နှစ်ယောက်ကတွေ့တိုင်းရန်ဖြစ်နေတော့တာပဲ နင်ကကောဘာလုပ်မှာလဲ''
"မသိသေးဘူး ငါတို့သာမေးနေတာ နင်ကကော''
"ငါကအလုပ်လုပ်ပြီးပိုက်ဆံစုမယ် ပြီးရင်အထည်ဆိုင်လေးဖွင့်မယ်''
"အထည်ဆိုင်ဖွင့်ဖို့များအလုပ်လုပ်မနေနဲ့ ငါကူညီမယ်''
"ရပါတယ် ငါကငါ့လုပ်အားနဲ့ဖွင့်ချင်တာ''
"နင်အကူညီလိုရင်ပြောပေါ့''
"အင်းပါခေတ် ငါတို့ဒါစားပြီးရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ"
"အေး သွားကြမယ်လေ ဟျောင့်မော်ကွန်းမင်းကောလိုက်မှာလား"
"မှူးလေးကငါ့မှမခေါ်တာ"
"အမယ်လေး🙄.......ကိုမော်ကွန်းရှင့် ကျွန်မတို့နဲ့ရုပ်ရုင်ကြည့်ဖို့လိုက်ခဲ့မလားရှင့်"
"အဟန့် အင်း ဒါမယ့်ငါကနင့်ဘေးမှာထိုင်မှာနော်"
"မင်းဘာသာထိုင်ချင်တဲ့နေရာထိုင်"
"😄😄😄"
.................................
ကျွန်တော့်နမည်က ခေတ်ဦးငယ် ပါ
ကျွန်တော့်မှာသူငယ်ချင်းနှစ်ယောက်ရှိတယ်ဗျ
အမြဲကျွန်တော့်ကိုဘုကလန့်ပြောပြီးကျွန်တော်နဲ့မတည့်တဲ့ မော်ကွန်းမောင်ရယ်
ချစ်စရာကောင်းပြီးကျွန်တော်တို့နှစ်ယောက်ကိုအမြဲထိန်းပေးတဲ့ နေခြည်မှူး(မှူးလေး)ရယ်ရှိတယ်
ကျွန်တော်တို့သုံးယောက်ကအလယ်တန်းမှာစခင်ကြပြီး ဘွဲ့ရတဲ့ထိတူတူရှိလာခဲ့ကြတာလေ
ကျွန်တော်က မှူးလေးကိုသူငယ်ချင်းတစ်ယောက်လိုမြင်ပေမယ့် မော်ကွန်းကတော့သူငယ်ချင်းထက်ပိုတာကို ကျွန်တော်ရောမှူးလေးပါသိကြတယ်
မှူးလေးလဲမော်ကွန်းပေါ်ခံစားချက်ရှိပေမယ့် မော်ကွန်းကဖွင့်မပြောလာတာမို့ ကျွန်တော်နဲ့မော်ကွန်းကိုညီတူဆက်ဆံတယ်
ကျွန်တော်တို့သူငယ်ချင်းသုံးယောက်အဆင်ပြေပြေနဲ့တူတူရှိလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့နောက်မှာ ကျွန်တော်တို့သုံးယောက်သူစိမ်းဆန်ခဲ့ကြရတယ်
ဒီဇာတ်လမ်းလေးမှာကျွန်တော်ကတော့အပိုလူ အသုံးချခံရသူ ဖြစ်ခဲ့တာပေါ့ဗျာ 🙂............