အတန်းပြီးချိန်မှာတော့ Sakuta ချိန်းဆိုထားတာကို မေ့ချင်ယောင်ဆောင်ပြီးတော့ ရှုးဖိနပ်တွေထားတဲ့ လော့ကာတွေကို ဦးတည်သွားနေရာမှ ပြန်စဉ်စားပြီးတော့ ခေါင်းမိုးထပ်ပေါ် သွားခဲ့သည်။ သူ အမှားနည်းသထက် နည်းအောင် လုပ်ပြီးတော့ သူမကို အဝေးကို နှင်ထုတ်ရမယ်လို့ ဆုံးဖြတ်ခဲ့သည်။ အလောတကြီး လုပ်တာက အချည်းနှီး ဖြစ်စေတယ်… ဖြစ်နိုင်တာကတော့ ဒီကိစ္စနဲ့ တော်တော်လေးကို မသက်ဆိုင်ဘူး။ မည်သို့ပင် ဖြစ်စေကာမူ Saki Kamisatoကို စစချင်း ပြောတဲ့ စကားကတော့ “နင် နောက်ကျတယ်!”
တော်တော်လေးကို မတရားတာကြောင့် ချက်ချင်း ဒေါသထွက်လာတယ်။
“ငါ သန့်ရှင်းရေး တာဝန်ကျတာ လုပ်နေရလို့”
“ငါ ဂရုမစိုက်ဘူး”
“ဒါဆို မင်း ဘာပြောချင်တာလဲ?”
Sakuta မျက်လုံးတွေကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီးတော့ “ငါ ပြောချင်တဲ့ ဆိုလိုရင်းကို နင် နားလည်မှာပါ,” လို့ Saki စပြောခဲ့တယ်။
“နင်က အတန်းထဲမှာဆို လုံးဝ အပယ်ခံ တစ်ယောက်လေ ၊ Yuuma နင်နဲ့ အတူ ရှိနေတာက သူရဲ့ ဂုဏ်သတင်းကို နိမ့်ကျစေတယ်။ ”
“……”
ပြောစရာ အများကြီးပေမဲ့ လိုရင်းရောက်မဲ့ စကားပဲ ပြောခဲ့တယ်။
“ငါတို့ ပထမဆုံး တွေ့ဆုံပြီး စကားပြောတာ ဖြစ်ပေမဲ့ Kamisato မင်း ငါအကြောင်း တော်တော်များများ သိပါတယ် ” လို့ သူ အသံနိမ့်ပြီး ပြောလိုက်သည်။
‘ဆေးရုံတက်တဲ့ မတော်တဆမှု’” ရဲ့ အကြောင်း အားလုံးကို အကုန်လုံး သိကြတယ်လေ
“ဟုတ်တယ်လေ’ လို့ Sakuta စိတ်မပါစွာနဲ့ ပြောခဲ့တယ် အကြောင်းအရာက သူ့ကို ငြီးငွေ့စေတယ်
“Yuuma အတွက် နင် စိတ်မကောင်းဘူးလို့ ခံစားရရင် သူနဲ့ နောက်ထပ် ဘယ်တော့မှ စကားမပြောပါနဲ့ ”
“အဲ့လို တွေးတာကိုက ၊ အခု ဒုက္ခတွေ့နေတာ မင်းလေ” ငါတို့ စကားပြောနေတာကလည်း မင်းရဲ့ ဂုဏ်သတင်းကို ကျဆင်းစေတာပဲလေ။
ခေါင်းမိုးထပ်မှာ ကျောင်းသားကျောင်းသူ အများကြီး ရှိနေကြပြီး Saki နဲ့ သူရဲ့ သိသာထင်ရှားစေတဲ့ တင်းမာမှုတွေက သူတို့ကို အာရုံစူးစိုက်လာအောင် ဆွဲဆောင်နေသည်။
တချိူ့တွေက သူတို့ရဲ့ ဖုန်းနဲ့ စာပို့နေကြသည်။ သူတို့ရဲ့ သူငယ်ချင်းတွေကို သတင်းပို့နေတာပဲ ဖြစ်ရမယ်။
ဘယ်လိုတောင် ကြိုးစားပမ်းစား ရှိကြတာလဲ။
“ငါ့အကြောင်းကို မေ့ထားလိုက်စမ်းပါ ။ Yuuma အကြောင်းပဲ ပြောမယ်”
“ကောင်းပြီလေ ၊ မင်းက အံ့ဩစရာကောင်းတာပဲ Kamisato.”
“ဟင် ? ဘာကြောင့် ငါ့ကို ရုတ်တရက်ကြီး ချီးကျူးနေတာလဲ?”
သူမကို ရယ်စရာ ဟာသတခု အနေနဲ့ ရည်ရွယ်ပြီး ပြောခဲ့ပေမဲ့ ဒီစကားက သူမကို မျက်စိလည်သွားစေပုံပဲ။
“မင်း စိုးရိမ်ဖို့ လိုအပ်မယ်လို့ ငါတော့ မထင်ဘူး ၊ Kunimi လည်း အဆင်ပြေမှာပါ ။ ငါနဲ့ သူ စကားပြောနေတာကို တယောက်ယောက်က မြင်ရင်လည်း သူ့ စီးပွားရေး စျေးကွက်ကို မထိခိုက်စေပါဘူး။ လူတိုင်းလည်း သိကြတယ် သူ့အတွက် သူ့အမေ ထည့်ပေးတဲ့ နေ့လည်စာကို တကယ်ကို အသိအမှတ်ပြုပြီး စားတတ်တဲ့ လူစားမျိူး ဆိုတာကို ဒါကြောင့်ပဲ အမြဲတမ်း ဒါဟာ ဘယ်လောက်တောင် လေးစားစရာလဲ ဆိုပြီး အချိန်တိုင်း ပြောနေကြတာပဲ။ သူတို့တွေလည်း သိကြတာပဲလေ သူက လူတိုင်းကို ကြည့်ရှုစောင့်ရှောက် ပေးတတ်တဲ့ သူငယ်ချင်းကောင်း တယောက်ဆိုတာကို။ ”
Yuuma တခါ ရယ်ပြီး ပြောခဲ့တာက တစုံတစ်ယောက်ကို ယောကျာ်းမရှိတဲ့ မိခင် တယောက် အနေနဲ့ ပြုစုပျိူးထောင်ရတာက ဘယ်လောက်တောင် ကြီးမားလည်း ဆိုတာ သို့ပေမဲ့ ဒီအရာက လွယ်ကူလှတဲ့ အရာ မဟုတ်တာကို အရူးတောင် သိတယ်။ အဲ့လိုမျိူး အလားတူ အိမ်မျိူးမှာ နေကြတဲ့ ကလေးတွေက အားလုံးထက် ပိုပြီး မာကျောဟန်ဆောင်ကြတယ်။
“ဒါကြောင့် စိတ်မပူပါနဲ့ ၊ Kunimi က မင်းလို တယောက်ယောက်ကို အမှန်တကယ် ကောင်းပေးမဲ့ လူကောင်း တယောက်ပဲ”
“နင် တခုခုကို စပြောဖို့ ကြံနေတာလား?”
“Kamisato မင်းကတော့ ထိုးစစ်ဆင်ဖို့ ဟန်ပြင်နေတာပဲ”
Sakuta စပြီးတော့ ဒေါသထွက်လာခဲ့တယ် နောက်တော့ သူ့ အသံနေ အသံထားပါ သိသာလာသည်။
“အင်း ၊ စိတ်မရှိပါနဲ့ ။ ဘာဖြစ်လို့ သူက နင့်ရဲ့ ရှေ့နာမည်နဲ့ နင့်ကို ခေါ်ပြီး ငါကိုတော့ Kamisato လို့ ခေါ်တာလဲ။ ငါက သူ့ရည်းစားလေဟာ။ ဘာလို့ Yuumaက ငါ့မိသားစု နာမည်ကိုပဲ တပ်ပြီး ခေါ်ရတာလဲ?”
ဒါကတော့ သူ တန်းဂျင့်မျဉ်းကြောင်း တခုကို မီးပွင့်လာစေအောင် မျှော်လင့်နေရင် သူရဲ့ နောက်ဆုံးပဲ ဖြစ်မယ်။ ဂရုစိုက်စရာလား? သူ စဉ်းစားခဲ့ပေမယ့် ဘာမှ မပြောခဲ့ဘူး။ သူကြောင့် သူမရဲ့ အချစ်ရေး ခရီးလမ်းကြောင်းမှာ ဝန်ထုတ်ဝန်ပိုး တခုလို ဖြစ်သွားမှာကို မလိုလားဘူး။
ဒါပေမဲ့ သူ စကားကို ရွေးချယ်ပြီး အစားထိုး ပြောလိုက်ပေမဲ့ ပိုပြီး ဆိုးရွားလာစေတယ်။
“မင်းကို ကြည့်ရတာ ဒီနေ့ နေမထိ ထိုင်မသာ ဖြစ်နေသလိုပဲ။ လတစ်လရဲ့ ဟိုအချိန် ရောက်လာပြီလား?”
“ဟမ်?!”
သူမ ရှက်သွေးဖြာလျက် နီရဲလာသည်။
“သေ--သေလိုက်ပါလား! အရူးကောင်!နင်သေဖို့ ငါမျှော်လင့်တယ်!!”
Saki လုံးဝကို ဒေါသထွက်သွားခဲ့ပြီး သူမ အထက်ဆီးဆန်ဆန် ရိုင်းပျစွာ အော်ဟစ်ကာ အထဲကို ပြန်လှည့်လာခဲ့သည်။
အဲ့ဒီနေရာမှာ မတ်တပ်ရပ်နေရင်းနဲ့ပဲ Sakuta တယောက်တည်း ရေရွတ်လျက် “ပေါက်တတ်ကရ ၊ အဲ့ဒါက အမှန်စင်စစ်ပဲ ဖြစ်မယ်” လို့ ဝမ်းနည်းပူဆွေးစရာ အရိပ်အငွေ့ သန်းလျက် အပြင်းအထန် စဉ်းစားနေသည်။
Sakuta အိမ်ကို မပြန်ခင် ခေါင်မိုးထပ်မှာ ပင်လယ်ရဲ့ လေပြည်လေညှင်းလေးကို ခံစားနေတဲ့ အခိုက်အတန့်လေး အပြီးမှာ Saki Kamisato နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟောခန်းထဲမှာ ဝင်တိုက်မိခဲ့တယ်။
အဲ့ဒီ အချိန်မှာပဲ သူ ရှုးဖိနပ်တွေ ထားတဲ့ စင်နား ရောက်နေခဲ့ပြီး ကောင်းကင်ဟာလည်း အနီရောင် အဖြစ် ပြောင်းလဲသွားသည်။
နေရာက တိတ်ဆိတ်ငြိမ်သက် နေသည်။ တယောက်မှလည်း ရှိမနေဘူး။ နောက်ဆုံး အတန်းချိန်ပြီးလို့ ကျောင်းသူကျောင်းသားတွေ ချက်ချင်း ထွက်သွားခဲ့ကြပေမဲ့ လူတိုင်းလိုလိုက သူတို့ရဲ့ အသင်းအဖွဲ့တွေ ဒါမှမဟုတ် လေ့ကျင့်ချိန်တွေနဲ့ အလုပ်ရှုပ်နေကြတုန်း ကြားမှာ အချိန်က ခဏလေးလိုပဲ။သူ ရှုးဖိနပ်တွေကို ပြောင်းလဲ ဝတ်ဆင်ပြီးတာနဲ့ အဝေးကနေ အားကစား အသင်းအဖွဲ့တွေရဲ့ အော်ဟစ်နေတာကို ကြားနိုင်သည်။ ဒီလောက် အလှမ်းကွာတဲ့ အသံတွေပင် သူ့ကို ပိုပြီး အထီးကျန်အောင် လုပ်နေတယ်။
ဘူတာရုံဆီ သွားတဲ့ လမ်းလေးက သူ့အတွက် သီးသန့် လမ်းတခုလုံးကို ငှားထားပေးသလို ပုံနဲ့ တူနေတယ်။ သူ သိပ်မကြာမီ Shichirigahama ဘူတာရုံကို ရောက်ခဲ့ပြီး တော်တော်များများက နေရာလွတ်တွေကြီးပဲ။ စာသင်ချိန် ပြီးဆုံးသွားတဲ့ အချိန်မှာ သူဟာ လူအများလိုပဲ ထွက်ခွာခဲ့ပြီးတော့ ပလက်ဖောင်း လမ်းကျဉ်းကျဉ်းလေးပေါ်မှာ များလှစွာသော ကျောင်းသားအုပ်စုကြီးဟာ သွားလိုက်လာလိုက် လုပ်လေ့ရှိတယ် ဒါပေမဲ့လို့ ဒီနေ့တော့ လူအနည်းစုသာ ရှိတယ်။