2-1
“အဲ့ဒါနဲ့ပဲ Mai Sakurajima ဘာဆိုင်လို့လဲ?”
“သူတို့နဲ့ ဆက်နွယ်နေသလိုလိုပဲ ------ ငါလည်း မသိတော့ဘူးကွာ”
“ငါတော့ မင်းကို နားမလည်တော့ဘူး”
Sakuta မရမက တောင်းဆိုမေးမြန်းတာကို ရှောင်တိမ်းပြီး ဖြေနေတဲ့ အခါမှာတော့ Yuuma က မေးချိန်မတန်သေးဘူး ဆိုပြီး အခိုင်အမာ ဆုံးဖြတ်ချက် ချခဲ့တယ်။ သူ မကျေမနပ် ဖြစ်နေတာကို အပြုံးနဲ့ အစားထိုးလိုက်တယ်။
ရထားက ကမ်းခြေ တစ်လျောက် တလိမ့်လိမ့် သွားနေခဲ့ပြီးတော့ တခြား ဘူတာရုံ ရောက်တဲ့ အခါမှာ ရပ်နားခဲ့တယ် ၊ နောက်ဆုံးမှာတော့ Shichirigahama ဘူတာရုံ ကို ရောက်ရှိခဲ့ပြီး Sakuta ရဲ့ Minegahara အထက်တန်းကျောင်း အတွက် ရပ်တန့်ခဲ့တယ်။
ရထားက တံခါးတွေ ပွင့်လာတဲ့ အချိန်မှာတော့ လေနဲ့ အတူ ပင်လင် ရနံ့လေးတွေ သင်းပျံ့နေခဲ့တယ်။
ရထားထဲမှ တူညီဝတ်စုံ ကိုယ်စီ ဝတ်ဆင်ထားတဲ့ ကျောင်းသား အုပ်စုလိုက်ကြီး ထွက်လာခဲ့ကြတယ်။
ဝင်ပေါက်မှာ စာခြောက်ရုပ်လိုပဲ စက်တခု ထားထားပြီးတော့ သူတို့ ရထားကနေ ကျော်ရင် ငွေထည့်မထည့် ဖတ်နေတယ်။ တနေ့လုံးကို တာဝန်ရှိသူက စောင့်နေပေမဲ့ Minegahara ကျောင်းသားတွေ ဖြတ်သွားတဲ့ အချိန်မှာတော့ တယောက်မှ ရှိမနေဘူး။
ဘူတာရုံရဲ့ အပြင်ဘက်မှာတော့ သူတို့ရဲ့ အရှေ့ဘက်က တခုတည်းသော လက်ဖက်ရည်ဆိုင်ကို ကျော်ဖြတ်လာခဲ့တယ် ကျောင်းက သူတို့ရဲ့ မျက်စိ ရှေ့မှောက်မှာ ရှိနေပြီ။
“ဒါနဲ့ Kaede ရော ဘယ်လိုနေလဲ?”
“မင်း သူမကို မပိုင်ဘူး”
“လုပ်ပါ ၊ မင်းကလည်း မင်းရဲ့ အသစ်စက်စက် ယောက်ဖလောင်းလေးကို ကြင်ကြင်နာနာ ဆက်ဆံစမ်းပါကွာ”
“Kunimi မင်းမှာ အများကြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေး ရှိပြီးသားလေကွာ”
“အမှန်ပဲ ၊ အခု မင်းပြောလိုက်ပြီလေကွာ”
“သူမသာ ဒါကို ကြားရင် မင်းကို ဒေါသထွက်လိမ့်မယ်”
“ငါနဲ့ အဆင်ပြေပါတယ် ၊ Kamisato စိတ်ဆိုးတဲ့ အချိန်ဆို ချစ်စရာလေးကွ ၊ ဟိုး -- ဟိုး ၊
မင်း ဘာသိလို့လဲ ၊ ဟော ဟိုမှာ”
Sakuta က Yuuma ပြောတဲ့ နေရာကို စိုက်ကြည့်လိုက်တဲ့ အခါမှာတော့ Mai Sakurajima ခြေလှမ်းခပ်စိတ်စိတ်လေး အရှေ့ကို လမ်းလျောက်ပြီး လာနေတယ်။ လက် ရှည်ရှည်လေးတွေနဲ့ ခြေတံ ရှည်ရှည်လေးတွေ ၊ မျက်နှာလေးကလည်း သေးသေးလေး ၊ တကယ့်ကို ပိန်ပါးသေးသွယ်ပြီးတော့ မော်ဒယ်ကိုယ်လုံးလေး။ အားလုံးက တူညီဝတ်စုံ ဝတ်ဆင်ထားကြပေမဲ့ သူမ ဝတ်လိုက်တဲ့ အခါမှာတော့ အများနဲ့ မတူ ကွဲပြားနေတယ်။ ဒီမှာ သုံးနှစ် ရှိပြီ ဒါပေမဲ့ Mai ကို
ကျောင်းဝတ်စုံ ဝတ်ပြီးလာတာ မတွေ့ဖူးဘူး။
သူမရဲ့ အနားမှာ စကားတွေ ပြောနေတဲ့ ကျောင်းသူ သုံးယောက် ရှိပြီးတော့ သူတို့ကို ကျောင်းဝတ်စုံနဲ့ ကြည့်ရတာ ပိုပြီး သက်တောင့်သက်သာ ရှိတဲ့ပုံပေါ်တယ်။ သူမ အတန်းရဲ့ စီနီယာအဖြစ် စိတ်အားထက်သန်စွာ နှုတ်ခွန်းခြွေခဲ့ပြီး ပထမနှစ်ကနေ တောက်လျောက် ဝတ်ဆင်လာတယ်။ ကျောင်းသားတွေတောင် ပျော်စေပျက်စေ တယောက် နောက်ကျောကို ကန်ကျောက်လိုက်နဲ့ ဘဝရဲ့ တစိတ်တပိုင်းကို စွဲထင်ကျန်ရစ်စေတယ်။
ဘူတာရုံကနေ ကျောင်းအထိ လမ်းတိုတိုလေးမှာ Minegahara ကျောင်းသူ ကျောင်းသားတွေရဲ့ ရယ်မောသံ စကားပြောသံတွေနဲ့ ပြည့်နှက်နေသည်။
သို့ပေမဲ့ အဲ့ဒီ အားလုံးရဲ့ အလယ်မှာမှ Maiက လုံးဝကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ သီးသန့်ဆန်စွာ လျောက်လာနေတယ်။ သာမန် အထက်ကျောင်းလေးမှာ လှည့်လည်သွားလာနေတဲ့ ဂြိုလ်သားလိုပဲ။
တစ်ယောက်ယောက်တော့ အံဝင်ခွင်ကျ မဖြစ်။ ကြီးလေ လှလာလေပဲ။ သူမကို မကြည့်စရာ ဘာအကြောင်းမှ မရှိဘူး။
တကယ်တော့ ဘယ်သူမှ ကြည့်မနေကြဘူး။ Mai Sakurajima ဒီနေရာမှာ ရှိနေခဲ့တယ် သို့သော်လည်း သူမက အာရုံစိုက်လာအောင် မဆွဲဆောင်ခဲ့ဘူး။ သူမနဲ့ ဖျတ်ခနဲ အကြည့်မှာတောင် တယောက်မှ စိတ်လှုပ်ရှားတဲ့ပုံ မပြကြဘူး။ Minegahara ကျောင်းမှာတော့ ဒါက ပုံမှန်ပါပဲ။
Mai က လေလိုပဲ ရိုးရိုး ပုံမှန်လေးအတိုင်း ရှိနေခဲ့တယ်။ လူတိုင်းကလည်း ထိုအရာကို ဒီအတိုင်း လက်ခံကြသည်။ Shonandai စာကြည့်တိုက်မှာ ဖြစ်ခဲ့တာကို Sakuta ကို အောက်မေ့ သတိရစေသည်။ သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်မှုတွေနဲ့ မြင့်တက်နေသည်။
“ဒါနဲ့ ၊ Kunimi…”
“ဘာလဲ?”
“Sakurajima ကို မင်းမြင်ရတယ် မဟုတ်လား?”
အင်းလေ နေ့ဘက်ကြီး လင်းလင်းထင်းထင်း မြင်နေရတာပဲကို။ ငါ့မျက်လုံးတွေ အကောင်းကြီး ရှိပါသေးတယ်ဟ ၊ နှစ်ဖက်လုံး ၂၀-၁၀ ပဲ။
Yuuma ဖြေလိုက်တာက သူ မျော်လင့်ထားတာနဲ့ တူနေတယ်။ ဒါဖြင့်ရင် အရင်ရက်တုန်းက Sakuta အသေအချာ မြင်လိုက်ရတဲ့ အရာက ဘာလဲ?
“နောက်မှ တွေ့မယ်”
“အင်း”
Yuuma နဲ့ ဒီနှစ်မှာ အတန်း ကွဲသွားခဲ့တယ် ဒါကြောင့်ပဲ သူတို့ ဒုတိယထပ်မှာ လမ်းခွဲခဲ့တယ်။ Sakuta အခန်း ၂-၁ ကို ဦးတည်ပြီး လာခဲ့တယ်။ သူ အခန်းထဲ ရောက်တဲ့ အချိန်မှာ လူတဝက်တောင် ပြည့်နေပြီ။
သူ ပြတင်းပေါက်ရဲ့ ရှေ့က အတန်းမှာ ထိုင်ခဲ့သည်။ Azusagawa လို နာမည်ဆို သူ အမြဲတမ်း ဒီရဲ့ အလှည့်ကျ ထိုင်ခုံ ဇယားမှာ အဆုံးသတ်တယ်။ Aikawa သို့မဟုတ် Aizawa တို့လို နာမည် မရှိရင် သူက အတန်း ရှေ့ဆုံးမှာပဲ ထိုင်ရတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီကိစ္စမှာ ပထမဆုံးလို့ ခေါ်တဲ့ အရာက ဘယ်သူအတွက်မှ အကျိူးမရှိဘူး။ ဒါပေမဲ့လည်း Minegahara ကျောင်းကို စတက်ကတည်းက Sakuta အလှည့်ကျ ထိုင်ခုံ စီစဉ်ပေးတာကို သဘောကျလာတယ်။
အားလုံးပြီးတဲ့နောက် ကျောင်းရဲ့ ပြတင်းပေါက်ဘက်ကနေ ပင်လယ်ရဲ့ လှပတဲ့ မြင်ကွင်းကို အသာစီး မြင်ရသည်။ သူ မနက်ခင်း လေပြင်းလေညှင်း တိုက်ခတ်တာကို ခံစားရင်း ရွက်လွှင့်သွားလာနေသော လူအများကို မြင်နိုင်သည်။
“ဟေး---”
“……”
“ဟေး ၊ ငါနင့်ကို ပြောနေတယ်လေ”
Sakuta အနီးကနေ အသံကြားလို့ ကြည့်လိုက်သည်။
သူ့ရဲ့ စာရေးခုံရှေ့မှာ ကောင်မလေး တယောက် မတ်တပ်ရပ်ပြီးတော့ တည့်တည့်ကို အောက်စိုက်ကြည့်နေတယ်။ သူမက ဒီအတန်းရဲ့ လူအကြိုက် အများဆုံး အဖွဲ့ထဲက အဖွဲ့ဝင် တယောက် ဖြစ်သည်။ သူမ နာမည်က Saki Kamisato လို့ ခေါ်တယ်။
ကြီးမားပြီး ကျယ်ဝန်းတဲ့ မျက်ဝန်းတွေ။ သူမရဲ့ ပုခုံးထက်ကို ခွေခွေလေး ဝဲကျနေတဲ့ ဆံနွယ်လေးတွေ။ မိတ်ကပ်ကို ပါးပါးလေး လိမ်းကျံထားပြီးတော့ နှုတ်ခမ်းနီ ပန်းရောင် ယဉ်တဲ့ အရောင်လေး ဆိုးထားသည်။ သူမ ချစ်ဖို့ကောင်းတယ် ဆိုတာ ကောင်လေးတွေ အကုန်လုံး လက်ခံတယ်။
“နင် ငါ့ကို လျစ်လျူရှုတယ်ဆိုတာ ငါမယုံကြည်နိုင်ဘူး !”
“တောင်းပန်ပါတယ်။ အတန်းထဲက လူတယောက်တလေမှ ငါ့ကို စကားလာပြောလိမ့်မယ်လို့ မထင်ထားဘူးလေ”
“ နားထောင်…”
ခေါင်းလောင်းသံ မြည်လာခဲ့တယ်။
အသံ ကြားတာနဲ့ ဆရာလည်း ဝင်လာခဲ့တယ်။
“ကျစ် ၊ ငါတို့ စကားပြောဖို့ လိုတယ် အတန်းပြီးရင် ခေါင်းမိုးထပ်မှာ တွေ့ကြမယ်”
ကောင်မလေး သူ့ခုံကို လက်နဲ့ ရိုက်ပြီးတော့ သူမ လာရာလမ်း အတိုင်း စာသင်ခန်းထဲက သူမ ထိုင်ခုံနေရာကို ပြန်လာခဲ့တယ်။
“ငါ ဘာမှ မပြောရပါလား ၊ ဟင် ?”လို့ သူ ညည်းတွားမိသည်။ ပြီးတော့ သူ့မေးစေ့ကို လက်တင်ပြီးတော့ မြင်ကွင်းကို အာရုံစိုက်လိုက်သည်။
စိတ်ဓာတ်ကျတာကိုပင်လယ်ကြီးတောင် မကုစားပေးနိုင်ဘူး။
“စိတ်ညစ်စရာပဲ…”
အတန်းပြီးရင် အပြင်ထွက်ခဲ့ဖို့ ခေါ်တဲ့ ကောင်မလေးက Sakuta ကို မျှော်လင့်ချက် အရိပ်အယောင်လေးတောင် နည်းနည်းလေးမှ မပေးခဲ့ဘူး။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရိပ်အမြွက်လေးတောင် ပြောမပြခဲ့ဘူး။
သေချာတာ တခုကတော့ Saki Kamisato က Yuuma Kunimi နဲ့ ချိန်းတွေ့နေတယ် ဆိုတာပဲ။