ဒီမီးရထားလမ်းရဲ့ အခွဲက အဆောက်အဦးတွေ တည်ဆောက်ထားတဲ့ နေရာနဲ့ နီးကပ်စွာ တည်ရှိနေတာကြောင့် ရထား သွားတဲ့ လမ်းကြောင်းမှာ မကြာခဏ ဆိုသလို ပွတ်မိ တိုက်မိတာတွေ ဖြစ်လေ့ရှိသည်။ ပြတင်းပေါက်နားရဲ့ မလှမ်းမကမ်းမှာ ထိုင်ရင် လူနေအိမ်တွေရဲ့ အိမ်နံရံတွေကို ထိတော့မလိုလို ကူးချည်သန်းချည် လုပ်နေတယ်။ အနားမှာ ပေါက်နေတဲ့ သစ်ပင်ရဲ့ အကိုင်းအခတ်တွေနဲ့ အရွက်တွေကလည်း ပြတင်းပေါက်ဘေးမှာ ပွတ်မိနေလေ့ ရှိသည်။ ထိုကဲ့သို့ ပူပန်စရာများကို အရေးမစိုက်ဘဲ အိမ်တွေရဲ့ ကြားကို အေးအေးဆေးဆေး ဝင်လာခဲ့ပြီး နောက်ဆုံးမှာတော့ Koshigoe ဘူတာရုံကို ချဉ်းကပ်လာခဲ့သည်။
“ဒါပေမဲ့ ကျောင်းကို ဘယ်သူမှနဲ့ လာတာ မတွေ့ဖူးဘူး ”
“အင်း?”
“Sakurajimaကို ခေါ်တာ မင်းတစ်ယောက်တည်းပဲ ရှိတယ် Sakuta.”
“ဪ ၊ ဟုတ်လား”
“သူမက အမြဲတမ်း တစ်ယောက်တည်းပဲ”
သူမ အတန်း ဒါမှမဟုတ် ကျောင်းကို အချိန်သိပ်မပေးခဲ့ဘူး။ ဒါက သူမအပေါ် Sakutaရဲ့ ထင်မြင်ယူဆချက်သာ ဖြစ်တယ်။
“ဘတ်စ်စကတ်ဘော အသင်းက စီနီယာ ပြောတာတော့ သူမ ဒီကို ပထမနှစ် ကျောင်း အချိန် တော်တော်များများ မလာခဲ့ဘူးတဲ့။”
“ဘာလို့ မလာတာလဲ?”
“အလုပ်ကြောင့်လေ။ သူမ အနားယူတော့မယ် ဆိုပြီးတော့ ကြေညာခဲ့ပေမဲ့လည်း အလုပ်နဲ့ စာချူပ်ချူပ်ထားတဲ့ ကတိကဝတ်ကလည်း ရှိနေသေးလို့တဲ့”
Sakuta စဉ်းစားမိတာက Mai အဲ့ဒီကို ရောက်ရင် သူမ ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာပဲ။သူမ အတန်းဖော်တွေနဲ့ စာသင်နှစ် တစ်နှစ်လုံး အဖွဲ့တွေ ဖွဲ့မယ် ပြီးရင် အဖွဲ့ဝင်တွေကို အဆင့်သတ်မှတ်ပြီး အလုပ်လုပ်စေလိမ့်မယ်။
“မင်း အေးအေးဆေးဆေး တွေးကြည့်ပေါ့,” လို့ Yuuma ပြောခဲ့တယ် ၊ အရာအားလုံး စဉ်းစားစရာတွေကြီးပဲ
အတန်းရဲ့ အဖွဲ့တစ်ခုကို ဖွဲ့လိုက်ကတည်းက ပြောင်းတာတို့ ကိုယ်တိုင် ထပ်ထည့်တာတို့ လုပ်ဖို့က ခက်ခဲတယ်။ လူတိုင်းက သူတို့အတွက် သက်တောင့်သက်သာ ရှိတဲ့ နေရာမှာပဲ နေသားကျလာကြတယ်။ အဲ့အရာက သူတို့ ရှိနေတဲ့ နေရာကို ထိန်းသိမ်းတာ ပုံမှန်ပါပဲ။
Mai ဒုတိယနှစ် စတက်တဲ့ အခါမှာ တစ်ယောက်မှ သူမနဲ့ အတူ ဘာလုပ်ရမယ် ဆိုတာ မသိဘူး။ နောက်ပြီးတော့ သူမက နာမည်ကြီး အနုပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ လူတိုင်းက သူမကို သိချင်နေကြပေမဲ့လည်း စိုးရိမ်စိတ်နဲ့ အလှမ်းဝေးနေကြတယ်။ သူမသာ ဂရုစိုက်ပြီးတော့ ဆွဲခေါ်ရင် တစ်ယောက်ယောက်ကတော့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားမှာပဲ။ အာရုံစူးစိုက်ခံရတာက ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုး တစ်ခုပဲ ၊ လူတွေက သူတို့ရဲ့ နောက်ကွယ်မှာ ပြန်ပြောကြတာကတော့ “သိပ်ရှက်ဖို့ကောင်းတာပဲ“ ၊ ဒါမှမဟုတ် ၊ သူတို့ကို သူတို့ ဘာထင်နေတာလဲ ?” မျိူးစုံ ပြောနေကြတာက Mai နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ တစ်ခါ ထွက်သွားတာနဲ့ ပြန်လာလို့ မရတော့ဘူး။ လူတိုင်းလိုလို သိကြတယ်။ ဒါဟာ ကျောင်းတွေ ဘယ်လိုလုပ်လဲ ဆိုတာပဲ။ ဒါကြောင့်မို့ သေချာတာက Mai ကျောင်းမှာ နေရာတနေရာရဖို့ ဘယ်တော့မှ မကြိုးစားခဲ့ဘူး။
လူတိုင်းက တစုံတခုမှာ စိတ်ဝင်စားစရာ ဖြစ်လာဖို့ မျော်လင့်ရမယ့်အစား ပျင်းစရာကောင်းတဲ့ အရာတွေ အကြောင်းပဲ ငြီးငြူရတာ ကြိုက်တယ်။ဒါပေမဲ့ တစ်ယောက်မှ ပြောင်းလဲတာကို တကယ်မလိုချင်ကြဘူး။
Sakuta ဘာမှ မမျှော်လင့်ဘူး။ တကယ်လို့ ဘယ်အရာမှသာ စိတ်လှုပ်ရှားစရာ မရှိရင် အဲ့ဒီအရာက လွယ်ကူလွန်းတယ်လို့ ထင်ရတယ်။ သူ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ နေလို့ရတယ်။ သူကိုယ်တိုင် ကြောင့်ကြစရာ မလိုတော့ဘူး။ အေးချမ်းတဲ့ နေ့ရက်တွေက ပျော်ရွှင်စရာပေါ့။ စိတ်ပျက်စရာကောင်းတဲ့ စည်းကမ်းတွေပါ။
သတိပေးတဲ့ ခေါင်းလောင်းသံ မြည်ခဲ့ပြီးနောက် တံခါးတွေ ဆွဲပိတ်သွားခဲ့သည်။
ရထားက နောက်တခါ ယိုင်တိုင်တိုင်နဲ့ ရွေ့လျားပြီးတော့ ဖြေးဖြေးချင်း အိမ်တန်းတွေကို ကျော်ဖြတ်လာခဲ့တယ်။
ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ တံတိုင်းတစ်ခု ရှိတယ် အဲ့ကနေ နောက်တံတိုင်း တစ်ခုကို အလှည့်ပေးသွားတယ်။ ဒီတံတိုင်းပြီးရင် နောက်တံတိုင်း ၊ အိမ်တွေလည်း တစ်အိမ်ပြီး တစ်အိမ်ပြီး ရံဖန်ရံခါ လမ်းဆုံမှာ ရပ်တန့်သွားတယ်။ ပြီးတော့လည်း တည့်တည့်မှန်မှန် သွားရင်း ရပ်တန့်သွားမယ့်ပုံ မပေါ်ဘူး အရာအားလုံး သတိပေးစရာ မလိုဘူး… မြင်ကွင်းကို ဖွင့်ကြည့်လိုက်တယ်။
ပင်လယ်ကြီး
မျက်စိ တဆုံး မြင်နေရတဲ့ အပြာရောင် ရေလေးတွေ မနက်ခင်း နေရောင်ခြည်လိုပဲ တလက်လက် တောက်ပစွာ ထင်ဟပ်စေတယ်။
ကောင်းကင်
မျက်စိ တဆုံး မြင်နေရေတဲ့ အပြာရောင် ကောင်းကင်ကြီးကလည်း မနက်ခင်း သန့်ရှင်းလတ်ဆတ်တဲ့ လေလိုပဲ အပြာရောင်ကနေ အဖြူရောင် အဖြစ် အဝေးဆီသို့ ဆန့်ထုတ် ပျောက်ကွယ်သွားသည်။
မိုးကုတ်စက်ဝိုင်းကြီးရဲ့ ထင်ရှားသိသာတဲ့ ပုံသဏ္ဌာန်ပါပဲ။ မှော်ဆန်စွာပဲ ရထားပေါ်က လူတွေ အားလုံးရဲ့ မျက်လုံးတွေက ပြတင်းပေါက်တွေဆီမှာကြီးပဲ။
ခဏ အကြာမှာတော့ ရထားက Shichirigahama ကမ်းရိုးတန်း တစ်လျောက် Sagami ပင်လယ်အော် အပေါ်စီးကနေ မောင်းနှင်နေတယ်။ ဘယ်ဘက်မှာ ရှိတဲ့ Enoshima ရယ် ညာဘက်မှာ ရှိနေတဲ့ Yuigahama ကမ်းခြေတွေက အရာအားလုံးပေါ်မှာ ဖမ်းစားနိုင်ပြီး ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်း အပါအဝင်ဖြစ်တယ်။
“ဒါနဲ့ ငါတို့ ဘာလို့ ရုတ်တရက်ကြီး Mai Sakurajima အကြောင်း ပြောနေကြတာလဲ?”
“Kunimi, မင်း ယုန်မလေးတွေကို သဘောကျလား?” Sakuta သူရဲ့ မျက်လုံးတွေ မြင်ကွင်းက မခွာဘဲ မေးလိုက်တယ်။
“ငါမပြောတတ်ဘူး”
“ဒါဆို မင်း သူတို့ကို ကြိုက်တယ်ပေါ့ ဟုတ်လား?”
“မင်းပြောတာ ဟုတ်တယ်”
ဒါဆိုရင်တော့ ငါပြောလို့ မရဘူး…”
“ဘာကို ဆိုလိုချင်နေတာလဲ? မင်းကကွာ ငါ့ကို ပြောစမ်းပါ” လို့ Yuuma က သူ့နံရိုးကို ထိုးပြီး မေးလိုက်သည်။
“တကယ်လို့ စာကြည့်တိုက် ဆွဲဆောင်မှုရှိတဲ့ ယုန်မလေး တစ်ယောက်နဲ့ ကံအားလျော်စွာ ဆုံတွေ့ခဲ့မယ် ဆိုရင် မင်း ဘယ်လိုလုပ်မလဲ?”
“ထူးဆန်းလွန်းလို့ အံ့အားသင့်သွားမှာပေါ့”
“ဖြစ်နိုင်တယ်”
“ပြီးတော့ ငါ မျက်လုံး ကျွတ်ထွက်မတတ် စိုက်ကြည့်နေမိမှာ အသေအချာပဲ”
ဒါက သာမာန်လူတွေရဲ့ တုန့်ပြန်ပုံ ဖြစ်တယ်။ ယုတ်စွအဆုံး သာမန် အမျိူးသားတစ်ယောက် တုန့်ပြန်တဲ့ ပုံစံ ဖြစ်သည်။