book

Index 2

CH 1-2

  • Author : Risako
  • Genres : Drama, Mystery
  • Original Author : Hajime Kamoshida



နောက်တစ်နေ့ မနက်ခင်းလေးမှာ Sakuta တစ်ယောက် ထူးဆန်းတဲ့ အိပ်မက်မက်ပြီး နိုးထလာခဲ့တယ်။ သူ မှတ်မိတာကတော့ ယုန်မလေးတွေ အများကြီးက သူ့ကို နင်းခြေနေတယ်တဲ့လေ။


အရိပ်ပြ အကောင်ထင်သလို ယုန်မလေးတွေ အများကြီးပဲရှိတယ်လို့ ထင်နေပြီလို့ သူ ညည်းတွားရင်း ထထိုင်ဖို့ ကြိုးစားလိုက်တယ်။ “ဟင်?”


ဒါပေမဲ့ သူ စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူး။ သူရဲ့ ပုခုံးက သိသိသာသာကို လေးနေပြီး အိပ်ရာထဲကို ဆွဲသွင်းနေသလိုပဲ။


ခြုံထားတဲ့ စောင်ကို ဆွဲဖယ်လိုက်တဲ့ အချိန်မှာပဲ အဲ့အကြောင်းတရားကို ရှာတွေ့သွားခဲ့တယ်။ သူမလက်လေးတွေနဲ့ သူရဲ့ ဘယ်ဘက်လက်ကို ဖက်ထားတဲ့ သူ့ဘေးနားမှာ ညအိပ် ဝတ်စုံ ဝတ်ပြီး ခွေခွေလေး အိပ်နေတဲ့ ကောင်မလေးကြောင့် ဖြစ်တယ်။ စိတ်အေးချမ်းစွာ အိပ်ပျော်နေတယ်။ ခြုံထားတဲ့ အရာတွေကို ဆွဲဖယ်လိုက်တာက ကောင်မလေးကို အေးစိမ့်စိမ့် ဖြစ်လာစေတာကြောင့်

သူအနားကို ပိုလို့တောင် ပူးကပ်လာသေးတယ်။


သူမက သူ့ရဲ့ ညီမလေး Kaede ပါ။ ညီမလေးက ဆယ့်ငါးနှစ် ရှိပြီ။


“ထတော့ Kaede ၊ မနက်ရောက်နေပြီ”


“ကိုကို ၊ အေးပါတယ်ဆို“


သူမ အဲ့နေရာကနေ ရွေ့မယ်ပုံတောင် မပေါ်ဘူး ၊ ဒါနဲ့ပဲ အိပ်ရာထဲက ထွက်ပြီး သူမကို ပွေ့ချီဖို့ လုပ်လိုက်တယ်။


“တော်တော်လေးကို လေးတာပဲ!”


Kaede အရပ်က ငါးပေလေးလောက် ရှိတယ် သူမ အသက်ထက်စာရင် တော်တော် ရှည်နေပြီ ၊ ပြီးတော့လည်း သူမ လျင်မြန်စွာပဲ အရွယ်ရောက်လာခဲ့တယ်။ သူရဲ့ လက်မောင်းနဲ့ သေချာ မဖို့လုပ်လိုက်တယ် ၊ သူမက ငယ်ရွယ်တဲ့ ကလေးတစ်ယောက်တော့ မဟုတ်တော့ပါဘူး ၊ 


“Kaede ရဲ့ တစ်ဝက်က ကိုကို့အပေါ်ထားတဲ့ ခံစားချက်တွေပါ!” လို့ ပြောပြီး သူမ တင်းကြပ်စွာ ဖက်လိုက်သညည်။ 


“ကိုယ်ပြောတာကို ကိုယ်ကိုတိုင်ရော သိရဲ့လား ?  ကျန်တဲ့ တစ်ဝက်ကတော့ အနာပေးလိုက် ဆေးပေးလိုက် မလုပ်ဖို့ဘဲ မျှော်လင့်တယ်။ အခု ညီမလေးလည်း နိုးနေပြီ မဟုတ်လား ၊ ထတော့လေ”


“ဟွန်း” လို့

ညည်းတွားလိုက်ပြီး သူ့ကို ဖယ်ပေးလိုက်သည်။ သူမ ပုံစံက မနှစ်ကထက်စာရင် တကယ့်ကို အရွယ်ရောက်လာပြီ ဒါပေမဲ့ သူမရဲ့ ပုံပန်းသွင်ပြင်နဲ့ ပြုမူနေတဲ့ အမူအရာက တော်တော်လေးကို ကွာခြားနေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကလို ပုံမှန်အတိုင်း မောင်နှမတွေ နေနေကြကို အခုတော့ Sakuta နေရခက်လာတယ်။


“ငါနဲ့ တူတူ အိပ်ရာထဲမှာ လာခွေပြီး အိပ်နေတာကို ရပ်သင့်တဲ့ အချိန်ရောက်နေပြီနော်”


ညီမလေး ပန်ဒါနဲ့ တူတဲ့ ခေါင်းစွပ်ပါတဲ့ ညအိပ်ဝတ်စုံကို ဝတ်တာ ရပ်လိုက်ရင် ပျော်စရာ အကောင်းဆုံး အချိန် ဖြစ်လိမ့်မယ်။


“ကိုကို့ကို နှိုးဖို့ လာတာ ဒါပေမဲ့ ထမှ မထတာဆိုတော့ ၊ ဒါ ကိုကို့ အမှားပဲပေါ့”


စူပုတ်ပုတ် မျက်နှာထားနဲ့ ညီမလေးက သူ့ကိုသူ ငယ်ငယ်လေးလို့ ထင်နေပုံပဲ။


“ဟုတ်ပါပြီ ၊ နောက်ဆို ဒါမျိူး ထပ်မလုပ်နဲ့တော့နော် အသက်က တဖြည်းဖြည်း ကြီးလာပြီ”


“ဟင် ၊ ကို့ကိုကို နေမထိ ထိုင်မသာ ဖြစ်စေတာလား အဲ့လိုက?”


“ညီမတွေက အဲ့လိုမနေဘူး ”


သူ ညီမလေးခေါင်းကို ဖွဖွလေး ခေါက်ပြီးတော့ အခန်းထဲက ထွက်လာခဲ့တယ်။


“ဟာ ၊ ညီမလေးကို ခဏ စောင့်ပါဦးနော်”


Sakuta သူတို့နှစ်ယောက် မနက်စာ စားဖို့ ပြင်ဆင်ပြီးတာနဲ့ တူတူ စားကြသည်။ သူ စားပြီးတာနဲ့ ကျောင်းသွားဖို့ အဆင်သင့် ဖြစ်နေပြီ။


Kaedeလေးက ဂရုစိုက်ပါလို့ ပြောလိုက်တယ်။ သူမ ပြုံးပြီးတော့ အိမ်အပြင်အထိ လိုက်ပို့ပြီး နှုတ်ဆက်တယ်။ ဒါပေမဲ့ သူထွက်သွားတာနဲ့ သူမ တစ်ယောက်တည်း ကျန်ခဲ့တယ်။


 သူ  အဆောက်အဦးထဲက မထွက်ခင် ကတည်းက သမ်းဝေနေခဲ့တယ်။ 


မနေ့ကစိတ်လှုပ်ရှားစရာ ကောင်းလွန်းတာကြောင့် သူအိပ်မပျော်နိုင်ခဲ့ဘူး။ 


ထူးဆန်းတဲ့ အိပ်မက်မက်ပြီး နိုးလာတာကလည်း နေ့တစ်နေ့ကို စတင်ဖို့ ကောင်းတဲ့ အနေအထား မဟုတ်ဘူး။  သမ်းဝေရင်းနဲ့ပဲ လူနေရပ်ကွက် လမ်းတွေဆီကနေ သူ့သွားမဲ့ဆီ လှမ်းခဲ့တယ်။ အဲ့ဒီနေရာမှာ လမ်းမှာ တံတား တစ်ခုကို ဖြတ်ရဦးမယ်။ ဘူတာရုံဆီ နီးလာတာနဲ့ လူနေအိမ်တွေဟာ သူ့အရပ်ထက် ပိုမြင့်မားလာတယ်။ လူတွေ သိပ်များလာတာနဲ့ အမျှ အားလုံးလိုလိုက သူ့သွားမယ့် နေရာဆီကို သွားတည်ပြီး သွားနေကြတယ်။ 


သူ လမ်းမကြီးပေါ်ကို ရောက်ခဲ့ပြီးနောက် မီးပွိုင့် အချက်ပြတာကို စောင့်ခဲ့ပြီး လူကူးမျဉ်းကျားကနေ ဖြတ်သွားခဲ့တယ်။ သူဟာ စီးပွားရေး ဟိုတယ်များနှင့် လူသုံးကုန် အီလက်ထရောနစ်ဆိုင်တွေကို ကျော်ဖြတ်လာပြီး နောက်ဆုံးမှာတော့ မြင်ကွင်းက မီးရထား ဘူတာရုံကို နီးကပ်လာခဲ့တယ်။


အားလုံးကို အချိန်တွက်ကြည့်ရင် ၁၀မိနစ် ကြာတယ်။ သူ သွားမယ့်နေရာက  Fujisawa ဘူတာရုံ ဖြစ်တယ် ။ Kanagawa စီရင်စု ပြည်နယ် ဖြစ်ပြီးတော့  Fujisawa ရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်။ ကျောင်းသူ ကျောင်းသားတွေနဲ့ ရုံးအလုပ်သားတွေ သွားရာ လမ်းတစ်လျောက်မှာ 

ပြည့်ကျပ်နေတယ်။ 


ဘူတာရုံရဲ့ ပထမထပ်က Odakyu မီးရထားလိုင်းတွေ သွားတာ ဖြစ်တယ်။ ဝင်လာတဲ့ ရထားတွေက  Shinjuku ကို သွားမှာ ဖြစ်ပြီးတော့   Katase-Enoshima ဆီသွားမဲ့ ရထားတွေက ဒီနေရာမှာ ရပ်တန့်လိုက်တယ်။

 

ဒုတိယထပ်မှာ  ရှိတဲ့ ဂိတ်တွေကတော့ JR Tokaido နဲ့ Shonan–Shinjuku မီးရထားလိုင်းတွေ ဖြစ်တယ်။  Sakuta လူအုပ်ကြီးနဲ့ အတူ လှေကားပေါ်ကို တက်မလို့ လုပ်ခဲ့ပေမဲ့ JR ဂိတ်မှ လှည့်ထွက်ခဲ့သည်။ သူက ပေ ၃၀ အကျယ် ယာဉ်တွေ ဖြတ်သန်း သွားလာတဲ့ နေရာကနေပြီးတော့ Odakyu ကုန်ပဒေသာ စတိုးဆိုင်ကြီးဆီကို ဦးတည်လာခဲ့တယ်။ သူဟာ စျေးဝယ်ထွက်ဖို့ အစီအစဉ် 

မရှိခဲ့ဘူး။ မနက်စောစောမို့ ဆိုင်က ပိတ်ထားတုန်းပဲ ရှိသေးတယ်။ သူဟာ ပိတ်ထားတဲ့ တံခါးကနေ တစ်ဖက် Fujisawa ဘူတာရုံ ရှိတဲ့ ဘယ်ဘက်ကို ကွေ့လိုက်တယ်။


Enoshima လျှပ်စစ် မီးရထားလိုင်း ၊ Enoden မှာဆို den ဆိုတာက လျပ်စစ် မီးရထား အတွက် ပထမဆုံး ဂျပန်စကားလုံး ဖြစ်ပါတယ်။ အဲ့ဒီ တစ်ကြောင်းတည်းသော မီးရထားသံလမ်းကနေ မိနစ် ၃၀လောက် စီးသွားရင် Kamakura ကို သွားတဲ့လမ်း ဂိတ်နံပါတ် ၁၃ မှာ  ရပ်ခဲ့တယ်။


 Sakuta ပုံမှန် အသွားအပြန် လုပ်နေကျ ဖြစ်ပြီးတော့ ဂိတ်တွေကို ဖြတ်သန်းသွားပြီးတာနဲ့ ရထားက ဆိုက်ကပ်ခဲ့တယ်။ ရထား ကိုယ်ထည်က အစိမ်းရောင် ဖြစ်ပြီးတော့ ပြတင်းပေါက် ဘောင်လေးတွေက နို့နှစ်ရောင်လေး ကြည့်ရတာ ရှေးကျတဲ့ ပုံစံနဲ့ တူတယ်။ ရထားတွဲကလည်း တိုတိုလေး ၊ ကားလေးစီးစာလောက်ပဲ အရှည်ရှိတယ်။ 


ဝင်လာနေတဲ့ ရှေ့ကားကြောင့် Sakuta ရထားစင်္ကြန် အောက်ဆင်းလမ်းလျောက်ခဲ့သည်။



အရွယ်မျိုးစုံ ကြီးငယ်အလတ်မရွေး များစွာသော ခရီးသည်တွေဟာ တူညီဝတ်စုံလေးတွေ ကိုယ်စီနဲ့ ။ ကျန်တဲ့လူတွေကတော့ အလုပ်သွားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားကြသည်။ သူ ဒီကို မပြောင်းလာခင်က Sakuta ဒီရထားလိုင်းကို ကမ္ဘာလှည့် ခရီးသည်တွေ အတွက်လို့ပဲ ထင်ခဲ့မိတယ် သို့ပေမဲ့ ဒီမှာနေတဲ့ ခရီးသည် အများစုဟာ သူတို့ရဲ့ နေ့စဉ် အသွားအပြန်ကို ဒီရထားလိုင်းကိုပဲ အသုံးပြုကြတယ်။ 


Sakuta တံခါးကို ချက်ချင်းပဲ လှမ်းဆွဲလိုက်တယ်။


သူလုပ်နေတာကို တစ်ယောက်ယောက်က လှမ်းပြောခဲ့တယ်။ “’ဘယ်လိုလဲ”

  

သူ့ကို လှမ်း​ခေါ်လိုက်သူက သမ်းတာကို ထိန်းချူပ်ထားတာတောင် တော်တော် ကြည့်ကောင်းတဲ့ ကောင်လေး တစ်ယောက် ၊ သူက တစ်ကယ်လို့များ သရုပ်ဆောင် အေဂျင်စီက ရွေးချယ်ခံရတဲ့သူ ဖြစ်မယ်လို့ ကောလဟလ ထွက်ခဲ့ရင်တောင် အဲ့ဒါက အလွန့်ကိုပဲ ယုံကြည်လက်ခံနိုင်စရာ ကောင်းပါတယ်။ သူရဲ့ မျက်နှကျက အောက်ကို ချွန်တဲ့ ပုံစံလေး တစ်ချက်ကြည့်လိုက်ရင် ကြောက်စရာ နည်းနည်းကောင်းပေမဲ့သူ ပ​ြုံးလိုက်တဲ့ တစ်ခဏတာလေးမှာ အဲ့ဒီ ထင်မြင်ယူဆချက်တွေ လွင့်စင်ပျောက်ကွယ် သွားကုန်တယ်  ဖော်ရွေဖို့ ကောင်းတဲ့ ကလေးလေးလို မျက်နှာမျိူးသာ ကျန်ခဲ့လို့ပါ။ အဲ့ဒီ ရုပ်ရှည် သွင်ပြင်ကြောင့်ပဲ ကောင်မလေးတွေ အားလုံး အသည်းစွဲ ဖြစ်နေတာ ဖြစ်တယ်။


“ဟူး-----”


“တစ်ယောက်ယောက်နဲ့ နှုတ်ဆက်စကားပြောဖို့ အချိန်ကောင်း မဟုတ်ဘူး”


“ဒီမနက်ခင်း စောစောမှာ မင်းရဲ့ အပြုံးချိူချိူလေးတွေက ငါလိုအပ်နေတဲ့ နောက်ဆုံးသော အရာပဲ။ ချက်ချင်းတောင် စိတ်အားငယ်ချင်သွားတယ်”


“တစ်ကယ်ကြီးလား?”


 “တစ်ကယ်​ပေါ့”


သူတို့ အဲ့အကြောင်းနဲ့ ပက်သက်ပြီး စကားစမြည် ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ ထွက်ခွာဖို့ အတွက် အချက်ပေးသံ ကြားရပြီးနောက် တံခါးတွေလည်း ပိတ်သွားခဲ့တယ်။ 


ရထားက တရွေ့ရွေ့နဲ့ မောင်းနှင်နေတယ် ၊ မြန်မြန်ဆန်ဆန် သွားနိုင်အောင် အရှိန်မြှင့် မောင်းနှင်တာတောင် ခပ်ဖြေးဖြေးပဲ ရွေ့လျားနိုင်ပုံရတယ်။ အဲ့ဒီလို သွားနေရင်းနဲ့ပဲ Ishigami ဘူတာရုံကို တဖြေးဖြေး ချည်းကပ်လာခဲ့တယ်။


“ဒါနဲ့ ၊ Kunimi”


“ဟင်?”


“ Sakurajima အကြောင်းကွာ…”


“မင်းကတော့ သနားစရာပဲ”


သူ မေးခွန်းထုတ်လို့ မပြီးသေးခင်မှာပဲ Yuuma က စကား ဖြတ်ပြောလိုက်ပြီး Sakuta ရဲ့ ကျောဘက်ကို နှစ်သိမ့်ပေးတဲ့ အနေနဲ့ ခပ်ဖွဖွလေး လှမ်းပုတ်လိုက်တယ်။ 


“ဘာကို ငါက သနားစရာ ကောင်းနေတာလဲ?”


မင်း Makinohara အပြင် တစ်ခ​ြား ကောင်မလေးကို စိတ်ဝင်စားတဲ့ပုံ ပေါ်နေတာ ငါ့အတွက်တော့ စိတ်လှုပ်ရှားစရာပဲ ဒါပေမဲ့ ပြောရမယ် ဆိုရင် သူမက တော်တော်ချောတာပဲ။


“ငါ သူမကို ချစ်မိနေတယ်တို့ အပြင်လျောက်မလို့ ခေါ်မယ်တို့ မပြောခဲ့ဘူးလေ”


“ဒါဖြင့်ရင် ဘာလဲ?”


“သူမ ဘယ်လို လူစားမျိူးလဲ ဆိုတာ ငါတွေးမိနေတာ”


“အင်း----- ငါပြောချင်တာက သူမက နာမည်ကြီးတယ်ကွာ”


“ငါ အဲ့ဒါ သိပါတယ်”


ဟုတ်ပါတယ်------- Mai Sakurajima က အသိအမှတ်ပြုခံရတဲ့ နာမည်ကြီး သရုပ်ဆောင် တစ်ယောက် ဖြစ်တယ်။ Minegahara ကျောင်းမှာဆိုရင် သူမ ဘယ်သူလဲဆိုတာ ကျောင်းသားတိုင်း လိုလို သိကြတယ်။ အဲ့ဒါဟာ ဂျပန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ လောက်က လူကြိုက်များတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သူမ နာမည်ကြီးတယ် ဆိုတာ တမင် ချဲ့ကားပြောဆိုတာ မဟုတ်ပါဘူး။


သူမ အသက် ၆ နှစ် အရွယ်လောက် ကတည်းက သရုပ်ဆောင်ခဲ့တယ်။ သူမ မနက်ခင်း ဇာတ်လမ်းတွဲမှာ ပါလာခဲ့ပြီးနောက် ကြည့်ရှုနှုန်း မြင့်မားခဲ့တာကြောင့် အဲ့ဒါက ရုပ်မြင်သံကြားမှာ ရွှေရောင်တစ်ခေတ် ဖြစ်လာခဲ့ပြီး သူမကို ကျော်ကြားလာစေသည်။


သူမ ကျော်ကြားလာမှု တိုးများလာတာနဲ့ များစွာသော ရုပ်ရှင်တွေ ၊ ဖျော်ဖြေပွဲတွေ ၊ တီဗွီကြော်င​ြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမ လူတိုင်းရဲ့ တီဗွီဖန်သားပြင်ထက်မှာ ပြထားတာထက်ကို ကျော်လွန်ပြီးတော့ သူမကို တောင်းဆိုတဲ့လူတွေ များတာ တစ်ရက်မကဘူး။


သေချာတာကတော့ သူမကို အားပေးမှု တစ်ဟုန်ထိုး မြင့်တက်လာပြီးနောက် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ် အတွင်းမှာ ပေါ်ပင်လိုပဲ အရာရာတိုင်းက Mai Sakurajima သာ ဖြစ်ရမယ် 

ဒါပေမဲ့ အဲ့အချိန်မှာပဲ သူမရဲ့ သရုပ်ဆောင်နဲ့ အကျွမ်းတဝင်ရှိမှုအပေါ် လာရောက် ကမ်းလှမ်းတဲ့သူ များပြားလာခဲ့သည်။


စီးပွားရေးလုပ်တဲ့ နေရာမှာ တစ်နှစ်လောက်ဆိုရင် သရုပ်ဆောင် ဖျော်ဖြေတင်ဆက်သူတွေက မှေးမှိန်ပျောက်လေ့ ရှိပေမဲ့ သူမကတော့ အလယ်တန်းကျောင်းသူ ဘဝမှာ ပုံမှန်ထက်ပင် အလုပ်လုပ်ခဲ့တယ်။ သူမ တစ်ယောက်တည်းကို အထင်ကြီးလောက်စရာပါပဲ သို့သော်လည်း ကြီးမားတဲ့ ရိုက်ခက်မှုကြီး တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ 


 အသက် ၁၄ နှစ်လောက်မှာ  Mai Sakurajimaဟာ ​သူမနှစ်တွေကို ကျော်လွန်ခဲ့ပြီးတော့ ရင့်ကျက်တဲ့ ကောင်မလေးတစ်ယောက် အဖြစ် ပြောင်းလဲလာခဲ့တယ်။ အောင်မြင်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ခြင်းဟာ  မီဒီယာတွေကို ကြီးကြီးမားမား အာရုံစိုက်လာစေခဲ့တယ်

ဒါကြောင့်ပဲ ထိုရက်သတ္တပတ်တွေမှာ မဂ္ဂဇင်းတိုင်းရဲ့ အဖုံးပေါ်မှာ သူမရဲ့ ပြုံးနေတဲ့ မျက်နှာတွေကြီး နေရာယူထားတယ်။  

 

“ငါ အလယ်တန်းတုန်းက သူမကို အရမ်းကို ကြိုက်ခဲ့ဖူးတယ်။ သူမမှာ အားလုံး ရှိတယ်၊

ချစ်စရာရော ၊ ဆွဲဆောင်မှု ရှိတာရော ၊ နားလည်ဖို့လည်း ခက်ခဲတယ်!”


Yuuma တစ်ယောက်တည်းသာ မသိတာ မဟုတ်ပါ။ ကောင်လေးတွေ အားလုံးလည်း တူတူ အဲ့လိုပဲ ခံစားရတယ် ။


သူမရဲ့ နာမည်ကြီးမှု အထွက်အထိပ်ရောက်လာချိန်မှာတော့ Mai က ရုတ်တရပ် အနားယူတော့မယ်လို့ ကြေညာခဲ့သည်။ အဲ့ဒါက အလယ်တန်းကျောင်းမပြီးခင် အချိန်လေး ဖြစ်ခဲ့တယ်။  အကြောင်းပြချက် ကောင်းကောင်း မရှိပါဘဲနဲ့ ပြီးတော့လည်း အဲ့ဒါတွေ အခုချိန် နှစ်နှစ်ကျော်လောက် ရှိခဲ့ပြီ။ 


Sakuta လေ့လာသင်ယူနေတဲ့ ကျောင်းမှာ Mai Sakurajima တက်ရောက်နေတာကို သိရတဲ့ အခါ တော်တော်လေးကို အံ့အားသင့်သွားခဲ့သည်။


ဝိုး----၊ ကျော်ကြားတဲ့ လူတွေ တကယ့်ကို တည်ရှိပါလားလို့ သူတွေးမိခဲ့တယ်


ကောလဟလ အကုန်လုံးကိုလည်း မှတ်မိသေးတယ်။ လူတွေ ပြောကြတာကတော့ သူမ ကျော်ကြားလာတာက သရုပ်ဆောင်တဲ့ နာမည်ကြီးတွေနဲ့ ပြီးတော့ ထုတ်လုပ်တဲ့ သူနဲ့ တူတူ အိပ်ခဲ့တာကြောင့်လို ပြောတယ်…”


“မူလတန်းကျောင်းတုန်းကလား”


“မဟုတ်တာ ၊ အနည်းဆုံးတော့ အလယ်တန်းကျောင်းလောက်တော့ လုပ်ပါ။ အမှန်တော့ ၊ အစပိုင်း တင်ဆက်မှုရဲ့ ကောလဟလအကြောင်းတွေက အတင်းအဖျင်းပြောတဲ့ တင်ဆက်ပွဲမှာ သူမ မန်နေဂျာ ဖြစ်တဲ့ သူမ အမေအကြောင်းတွေကြီးပဲ။ အခု သူမ ကိုယ်ပိုင် အေဂျင်စီ ထောင်လိုက်ပြီတဲ့ ။ သူမက ကုမ္ပဏီ ဥက္ကဌ ဆိုပဲ။ လွန်ခဲ့တဲ့ အပတ်ကပဲ တီဗွီမှာ ပြောတာ ကြားခဲ့တယ်။”


“ဟမ် ၊ ငါမသိခဲ့ဘူး… ငါထင်တာက ဒါကြောင့်ပဲ ကောလဟလတွေက လုံးဝကို အခြေအမြစ် မရှိဘူးနဲ့ တူတယ်”


“ဒါပေမဲ့ ၊ မဟုတ်ဘဲနဲ့တော့ မပြောလောက်ဘူး မဟုတ်လား?”


အဲ့လို ဆိုပေမဲ့လည်း ဒီပြသနာတွေက သူမဆီကနေ လာတာ မဖြစ်နိုင်ဘူး ။ ငါတို့ လွဲမှားနေတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြသလိုပဲ။


သတင်းအချက်အလက်တွေက တောမီးလိုပဲ ပျံ့နှံ့လွယ်တယ်။ နေရာတိုင်းမှာ လူတွေဆီက ချက်ချင်းပဲ ပြန်ကြားရတယ်။ ထိုအရာက အမှန်တရား မဟုတ်ရင်တောင်မှပေါ့။ အကြောင်းအရာက ဘာပဲဖြစ်နေပါစေ  ဂရုမစိုက်ဘဲ လူတွေက သူ့ထက်ဦးအောင် အရင် သတင်းတွေ ဖြန့်ကြတယ်။ တစ်ကယ့်လို့ သူတို့ ဟာသလုပ်ပြီး ပြောရင် သူများတွေရဲ့ အာရုံစိုက်တာ ခံရမယ် ပြီးရင် ပေါ်ပင်လုပ်မယ် မျက်နှာလို မျက်နှာရ ပြောဖို့သာလျှင် ဂရုစိုက်ကြတယ်။ မတတ်နိုင်ဘူးလေ


“မင်းဆီက ဆိုရင်တော့ ၊ ယုံကြည်လို့ ရမယ်လို့ ထင်ရတာပဲ…”


Sakuta ဘာမှ ထင်မြင်ယူဆချက် မပေးဘဲ နေလိုက်သည်။


ရထားက တလိမ့်လိမ့်နဲ့ မောင်းလာခဲ့တာ Yanagikoji, Kugenuma, Shonankaigankoen, and Enoshima ဘူတာရုံ ၄ ရုံကို ကျော်ဖြတ်လာခဲ့တယ်။ 


Sakuta ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေမိတယ် အခု သူတို့ လက်ရှိ လမ်းမ ရဲ့ အလယ်ကို ဖြတ်သန်းသွားသော မီးရထားလိုင်းကို လှည့်ချလိုက်သည်။ ပြတင်းပေါက်ရဲ့ အပြင်ဘက်ကနေ ကားတွေ သွားလာနေကျတာကို မြင်ရတာ အမြဲ ထူးဆန်းနေတယ်။ ဒါပေမဲ့ သူ တွေးဖို့ ကြံကာရှိသေး  အိုး!! စောစောက ပုံမှန် လမ်းကြောင်းပေါ် ပြန်ရောက်သွားပြီပဲ။


rate now: