[Unicode]အခန်း ၁ စီနီယာ ယုန်မလေး
တစ်နေ့မှာ Sakuta Azusagawa ဟာ တောရိုင်းယုန်မလေးပုံစံနဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ခဲ့တယ် ။ Golden week ရဲ့ နောက်ဆုံးရက်မှာပေါ့။
သူ့ရဲ့ တိုက်ခန်းကနေ Shonandai ဘူတာရုံဆီကို မိနစ် ၂၀ လောက် သူယူလာတဲ့ စက်ဘီးလေးကို ခပ်မြန်မြန်လေး နင်းလာခဲ့တယ် ။ အဲ့ဒီ ဘူတာရုံက Odakyu Enoshima လိုင်း ၊ Soutetsu Izumino လိုင်းနဲ့ Yokohama Municipal မြေအောက်ရထား လမ်းဆုံမှာ တည်ရှိတယ်။ ဘူတာရုံကို အဆင့်အတန်း မြင့်မားတဲ့ အဆောက်အဦး အနည်းငယ်သာရှိသော ဆင်ခြေဖုံး မြို့လေးက ဝိုင်းရံထားတယ်။
သူရဲ့ ဘယ်ဘက်မှာ ရှိသော ဘူတာရုံကို ဆက်သွားရင်း ၊ Sakuta ဟာ ညာဘက်ကို မီးအရောင် ထိုးခဲ့တယ် ။ ထိုနေရာမှ တစ်ဆင့် စာကြည့်တိုက်ကို ရောက်ရန် မိနစ် အနည်းငယ်သာ လိုတော့သည် ။
စက်ဘီး ထိန်းသိမ်းရာ နေရာက နေရာလွတ် နည်းနည်းပဲ ရှိတော့တယ် ။ ဒါကြောင့်ပဲ သူက အတွင်းပိုင်းနေရာမှာ စက်ဘီးရပ်ခဲ့တယ် ။
Sakuta ဟာ မကြာခဏ ဒီကို လာလေ့ရှိတယ် ။ ဒါပေမဲ့ အထဲမှာ တော်တော်လေး တိတ်ဆိတ်နေတာက အမြဲတမ်း သူ့ကို နေမထိ ထိုင်မသာ ဖြစ်စေတယ်။အထဲကို ခြေလှမ်းလှမ်းလိုက်တာနဲ့ နေရခက်လာတယ်။
ကြီးမားလှတဲ့ စာကြည့်တိုက် ဧရိယာအတွင်းမှာ ခါတိုင်းလိုပဲ တော်တော်လေးကို အလုပ်များနေကြတယ်။ ဝင်ပေါက်ရှေ့မှာ မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေကို အပြည့် ထားထားတယ်။
Sakuta ဟာ အားကစား စာပေဖတ်ပြီး သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ အသက်ကြီးတဲ့ လူကြီးလူကောင်းတစ်ယောက်ကို သတိပြုမိခဲ့တယ် ။ ထိုသူရဲ့ အကြိုက်ဆုံး အားကစားအသင်း ရှုံးနိမ့်ခဲ့လို့ပဲ ဖြစ်ရမယ်။
သူ အငှားကောင်တာကို ဖြတ်သွားလိုက်တာနဲ့ အကုန်လုံးနီးပါး ပြည့်နေတဲ့ စာလေ့လာတဲ့ ခုံတွေရှိတဲ့ နေရာကို သွားခဲ့တယ်။ အထက်တန်းကျောင်းတွေ ၊ တက္ကသိုလ် ကျောင်းသွားတွေနဲ့ အရွယ်ရောက်ပြီးသား သူတွေတောင်မှ laptop တွေနဲ့ ။
Sakuta သူတို့ကို ကြည့်မိတယ် ဆိုရုံလေး ကြည့်လိုက်တယ် ။ သူဟာ ကတ်ထူဖုံးထားတဲ့ ခေတ်သစ် ဝတ္တွုတွေ ထားရာစင်ကို ဦးတည်ခဲ့တယ်။ သူရဲ့ မျက်လုံးများဟာ အက္ခရာ စီထားတဲ့ စင်မှာ yuနဲ့ စတဲ့ စာအုပ်ကို ရှာကြည့်နေခဲ့တယ်။ သူဟာ အောက်ကို ငုံ့ပြီး အားစိုက် ရှာဖွေနေခဲ့တယ်။ သူ ငါးပေရှစ်လောက် ရှည်တဲ့ စင်ပေါ်ကို ခါးအလယ်လောက် အထိသာ တက်ခဲ့တယ်။
သိပ်မကြာခင်လေးမှာပဲ သူ့ညီမလေး ရှာခိုင်းထားတဲ့ စာအုပ်တွေကို ရှာတွေ့ခဲ့တယ်။ စာရေးဆရာရဲ့ နာမည်က Kanna Yuigahama ဖြစ်တယ် ။ စာအုပ်ရဲ့ နာမည်ကတော့ The Prince Gave Me A Poisoned Apple လို့ အမည်ရတယ်။ အသေအချာ မှတ်မိတာကို ပြောရရင် ဒီစာအုပ်ဟာ လွန်ခဲ့တဲ့ လေးနှစ် ဒါမှမဟုတ် ငါးနှစ်လောက်မှာ ထွက်ရှိခဲ့တာ ဖြစ်တယ် ၊ ဒါပေမဲ့ ညီမလေးက စာရေးဆရာရဲ့ အခြား စာအုပ်တွေထဲက တစ်အုပ်ကို သဘောကျ နှစ်ခြိုက်ခဲ့တာကြောင့် သူမရဲ့ အလုပ်နားချိန် တစ်လျှောက်လုံး ဖတ်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့တယ်။
Sakuta ဟာ တော်တော်လေး စုတ်ပြဲနေသော စာအုပ်ကို ခက်ခက်ခဲခဲ စာအုပ်စင်ကနေ ဆွဲထုတ်လိုက်တယ်
သူ စာအုပ်ငှားတဲ့ ကောင်တာဆီ တည့်တည့်သွားဖို့ ကြံရွယ်ပြီးမှ အနောက်ကို လှည့်ကြည့်မိတဲ့ အချိန်မှာ သူမကို တွေ့လိုက်ရတယ်
စာအုပ်စင်တွေ ကြားထဲက နေရာမှာ ယုန်မလေး တစ်ယောက် မတ်တပ်ရပ်နေတယ်
“……”
သူ အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်ပြီး ကြည့်ခဲ့သည်။ သူမြင်နေကျ မဟုတ်တဲ့ အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ။ သူမက တစ်ကယ့်ကို အစစ်အမှန်ပါ။
သူမ ခြေထောက်မှာ တောက်ပြောင်လှတဲ့ အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို စီးထားတယ် ။ ခြေတံရှည်ရှည်လေးတွေမှာ အနက်ရောင် အသားကပ် ဗြောင်ကို ဝတ်ဆင်ထားတာကြောင့် သူမရဲ့ အရေပြားအောက်က အသားအရေကို မြင်ဖို့ ခဲယဉ်းတယ် ။
ရှေ့မှာ ပြောခဲ့သလို ချူံငုံပြောရရင်တော့ဖြင့် သူမရဲ့ ခန္ဓာကိုယ်ဟာ သေးသေးသွယ်သွယ်လေးနဲ့ကို အချိူးအစားလည်း ပြေပြစ်တယ် ၊ခေါင်းအစ ခြေအဆုံးကို အနက်ရောင် ကိုယ်ကျပ် အသားကပ် ဝတ်စုံလေးကို ဝတ်ဆင်ထားတာ သိသာထင်မြင်စေတယ်။
အဖြူရောင် အနားကွပ်လေးတွေကို လက်ကောက်ဝတ်နားရယ် လည်တိုင်မှာ လိပ်ပြာပုံ လည်စည်းလေး လုပ်ပြီး ဝတ်ဆင်ထားတယ်။
ဒေါက်မြင့်ဖိနပ်သာ မပါရင် သူမ အရပ်က ငါးပေ ငါးလက်မလောက် ရှိပုံရတယ်။ ပြင်းထန်တဲ့ မျက်နှာထားထက်ကို ပျင်းစရာကောင်းပြီး ငြီးငွေ့နေတဲ့ ပုံပေါ်တဲ့ မျက်နှာအမူအရာက သူ့အဖို့ အလွန်တရာမှပင် ဆွဲဆောင်မှု ရှိလှတယ်။
ပထမတော့ တစ်ယောက်ယောက် ရိုက်ကူးရေး လုပ်နေတာလို့ Sakuta ထင်ခဲ့မိတယ်။ သူ အနားတစ်ဝိုက်ကို ကြည့်ခဲ့ပေမယ် TV ရိုက်ကူးရေး အဖွဲ့သားတွေ ဘယ်နေရာမှ မတွေ့ဘူး။သူမ တစ်ယောက်တည်းသာလျှင် ရှိနေခဲ့တယ်။ တစ်ယောက်တည်း မျက်စိလည်နေပြီ။ မယုံနိုင်စရာပါပဲလား။ အမှန်တစ်ကယ့်ကို ယုန်ရိုင်းမလေး တစ်ယောက်တည်းပါ။
သဘာဝကျကျ ပြောပြရမယ် ဆိုရင် သာမန် နေ့လည်ခင်းချိန်ကြီး စာကြည့်တိုက်ထဲမှာ သူမ ရှိနေတာ ဘယ်လိုမှ မအပ်စပ်ဘူး။ တစ်ကယ်တော့ သူတွေးမိနေတာက ယုန်မလေးရှိနေတဲ့ ဒီနေရာက တစ်ကယ့်ကို သူမနဲ့ အံဝင်ခွင်ကျ ဖြစ်မနေခဲ့ဘူး။ လောင်းကစားရုံတွေ ဒါမှမဟုတ် နာမည်ကြီးတဲ့ မကောင်းတဲ့ ဆိုင်တွေကများ ဖြစ်နိုင်မလားပဲ???? တစ်ခုခုတော့ တစ်ခုခုပဲ
သေချာတာကတော့ ယုန်မလေးတွေဟာ အများပြည်သူ စာကြည့်တိုက်မှာ ရှိမနေပါဘူး။
အံ့အားသင့်စရာ ကောင်းတာကြောင့် ဒီနေရာက ထိတ်လန့်စရာ အရာတောင်မှ မဟုတ်ခဲ့ဘူး။
သူမ စိတ်ကြိုက် အာရုံစူးစိုက်စရာ ကောင်းလွန်းလှတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပါသော်လည်း သူမကို တစ်ယောက်တောင်မှ ကြည့်မနေခဲ့ဘူး။
ဘာလဲဟ-------ဆိုပြီး သူ ကျယ်ကျယ် ပြောမိခဲ့တယ်
အနားမှာရှိနေတဲ့ စာကြည့်တိုက်မှူးကို သူ့ကို စိုက်ကြည့်ပြီးတော့ တိုးတိုးနေလို့ ပြောခဲ့တယ် ။ သူဟာ ခေါင်းငြိမ့်ပြီးတော့ လေးလေးစားစားပဲ တုန့်ပြန်ခဲ့တယ်။ သူမကူညီနိုင်ဘူး ဒါပေမဲ့လို့ပေါ့ အကူအညီသာတောင်းရင် အပြစ်တင်မဲ့ လူစားမျိူးတော့ မဟုတ်တော့။
ဒါပေမဲ့ တုန်လှုပ်စရာ အမှန်တရားထဲမှာ နှစ်ဝင်နေခဲ့တယ်
ယုန်မလေးကို မည်သူကမှ သတိမပြုမိဘူး။ သူတို့ဟာ သူမအပေါ် စိတ်ဝင်စားမှုလည်း မပြ၊ အရေးလည်း မစိုက်ဘူး ၊ သူမ အဲ့ဒီနေရာမှာ ရှိနေတာကို သတိထားမိပြီး မြင်ရပုံတောင် မပေါ်ဘူး
သာမန်အရဆို မိန်းကလေးတစ်ဦးက စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ယုန်အဝတ်အစားနဲ့ ဖြတ်သွားခဲ့ရင် ကျောင်းသူပင် ဖြစ်စေကာမူ ဂျပန်နိုင်ငံရဲ့ ဥပဒေရေးရာ ခြောက်ချက်နဲ့ပင် ငြိစွန်းနိုင်သည်။ အဖိုးကြီးတောင် အားကစား ဂျာနယ် ဖတ်ချင်ယောင် ဟန်ဆောင်ပြီးတော့ ခိုးကြည့်မိမှာပဲ ။ စာကြည့်တိုက်မှူး ဆိုရင်လည်း ဒီလို ဝတ်စားထားပုံကို ကြည့်ပြီးတော့ ယဉ်ကျေးစွာနဲ့ စာကြည့်တိုက်ထဲက ထွက်သွားဖို့ အကူအညီတောင်းခံမှာပဲ ။
တစ်ခုခုတော့ မှားနေပြီနော်။ တော်တော်လေးကို မှားနေပြီ။
သူမက Sakuta တစ်ယောက်တည်းသာ မြင်ရတဲ့ ဝိဉာည်နဲ့ တူနေတယ်။
သူရဲ့ ကျောပြင် တစ်လျှောက် ချွေးတွေနဲ့ ရွှဲနစ်နေခဲ့တယ်။ သူမ စာလေ့လာနေတဲ့ နေရာ အနောက်ကို ဦးတည်သွားနေပြီးတော့ စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို ယူနေတာကို သူ ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်နေခဲ့တယ်။
သွားတဲ့လမ်းမှာ သူမက တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စိုက်ကြည့်ပြီး လျှာထုတ်ခဲ့ပြီး မှီနေခဲ့သေးတယ်။ အဲ့ဒီနောက်တော့ သူမဟာ စီးပွားရေး လုပ်ငန်းရှင်နဲ့ သူ့ tablet ကြားကို သူမရဲ့ လက်တွေ အပေါ်အောက် ဝှေ့ယမ်းပြီးတော့ ထိုသူ သူမကို မမြင်နိုင်တာကို အတည်ပြုနေသေးတယ်။
သူမကို သူတို့တစ်ယောက်မှ ဘာမှတုံ့ပြန့်မှုမပေးတာကို ကျေနပ်သွားတဲ့ အမူအရာနဲ့ သူမ ပြုံးနေခဲ့တယ်။
သူမ အလွန်ပဲ နောက်ဆုံးကျတဲ့ နေရာမှာ ထိုင်ခဲ့တယ်။ သူမနားကနေ သုတေသနလုပ်တာကို အာရုံစိုက်နေတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြတ်သွားခဲ့တယ်။ ထိုသူဟာ သူမကို လုံးဝကို သတိမပြုမိဘူး။ သူမရဲ့ အသားကပ် ဝတ်စုံ အရှေ့ကို လျောကျလာတာကို သူမ သတိထားမိခဲ့တယ် အဲ့နေရာမှာ အလျင်အမြန်ပဲ ပြန်ဆွဲတင်လိုက်တာတောင် အခုထိ တက္ကသိုလ် ကျောင်းသားက ထိုအရာအားလုံးပေါ်မှာ ဘာမှ တုံ့ပြန်သက်ရောက်မှု မရှိသလိုပဲ။ ပုံမှန်လိုပဲ သူဟာ သူမကို တည့်တည့်ကြည့်နေတယ်။ ခဏအကြာမှာ ကျောင်းသားလေးက အလုံးစုံကို မတွေ့မမြင်ခဲ့အတိုင်းပဲ သူသုတေသန လုပ်တာ ပြီးတာနဲ့ သွားဖို့ အသင့် ဖြစ်နေပြီ။ အဲ့ဒီနောက် သူ ပုံမှန်မဟုတ်တဲ့ နေရာက ဘာမှမဖြစ်သလိုနဲ့ သူထွက်သွားခဲ့ပြန်တယ်။ သူဟာ သူမရဲ့ ရင်ကြားနေရာကို တစ်ချက်လေးတောင် ဖြတ်ခနဲ လှည့်မကြည့်ခဲ့ဘူး။
“……”
Sakuta ခဏလောက် တွန့်ဆုတ်နေခဲ့ပေမယ့် တက္ကသိုလ် ကျောင်းသား ထွက်သွားတာနဲ့ ထိုထိုင်ခုံပေါ်မှာ ထိုင်ခဲ့သည်။ သူဟာ မျက်နှာချင်းဆိုင်ဘက်က ယုန်မလေးကို တည့်တည့်ပဲ စိုက်ကြည့်နေခဲ့ပြီးတော့ ပခုံးပြောက် ဝတ်စုံလေးနဲ့ သူမရဲ့ ချောမွတ်လှတဲ့ ကောက်ကြောင်းလေးကို မေးခွန်းထုတ်နေခဲ့တယ်။ စာကြည့်တိုက်ထဲက ထူးဆန်းစွာပဲ ဆွဲဆောင်မှု ရှိလှတဲ့ မြင်ကွင်းလေး ၊ သူမ ဝင်သက်ထွက်သက်တိုင်းမှာ သူတို့ ရေးရေးလေး လှုပ်ရှားသွားပုံလေးမှာ အရာအာလုံး တည်ငြိမ်ပြီးတော့ သူ နစ်ဝင်သွားခဲ့တယ် ။ Sakuta ရူးချင်လာသလိုတောင် ခံစားရတယ်။ဖြစ်နိုင်စရာကတော့ ငါပဲ ဖြစ်နေသလားပဲ။
မိနစ် အနည်းငယ် ကြာတော့ သူမ စာအုပ်ဖတ်နေရာမှ ဖျတ်ကနဲ့ အကြည့်တွင် သူတို့ မျက်လုံးချင်း ဆုံမိခဲ့တယ်။
“……”
“……”
သူတို့ နှစ်ယောက်စလုံး နှစ်ကြိမ် မျက်တောင်ခတ်ခဲ့သည်။
ပထဆုံးပဲ သူမ နှုတ်ခမ်းလေးကို ဖွင့်ခဲ့တယ် ။
“တစ်ကယ့်ကို အံ့ဩသင့်စရာပါပဲလား”လို့ သူမက ပြောခဲ့တယ်။နောက်ပြောင်သလို ဟန်ပါတဲ့ အသံလေးနဲ့ ဖြစ်တယ်။ ငါ့ကို အခုထိ မြင်နေရတုန်းပဲနော် ။
ဒါဟာ သူမကို ဘယ်သူမှ မမြင်နိုင်ဘူးလို့ ဆိုလိုခြင်းပဲ။ ဒါပေမဲ့ Sakuta နားထဲမှာ တစ်ကယ့် ကြားနေရတော့ အမှန်ပဲ။အဲ့ဒီအချိန် အခိုက်အတန့်လေးမှာ သူမ ထူးဆန်းစွာ ရှိနေပါသော်လည်းပဲ
တစ်ဦးတစ်ယောက်မှ သူမ ရှိတယ် ဆိုတာကို သတိပြုမိပုံ မပေါ်ဘူး။
“ကောင်းပြီလေ”
သူမ စာအုပ်ကို ပိတ်လိုက်ပြီးတော့ မတ်တပ်ရပ်ခဲ့တယ်။
ဒီအရာဟာ နောက်ဆုံးပဲ ဖြစ်ဖို့ကောင်းတယ်။ နောက်ကျမှ သူ့သူငယ်ချင်းတွေကို ဖြစ်ရပ် အလုံးစုံကို ရယ်စရာ အဖြစ်အပျက်အနေနဲ့ အတိုချူပ်ပြီး သူ ပြောပြရမယ်။ ဒါပေမဲ့ Sakuta လွယ်လွယ်နဲ့ မထားခဲ့နိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့ သူမ ဘယ်သူလဲ ဆိုတာကို သူသိနေခဲ့လိုပဲ ဖြစ်တယ်။
သူမက သူ့တက်နေတဲ့ Minegahara ကျောင်းမှာ တက်တယ်။သူ့ထက် တစ်နှစ်စောတဲ့ တတိယနှစ် ကျောင်းသူ ၊ ပြောရရင် သူရဲ့ စီနီယာ ဖြစ်တယ်။ သူမနာမည်ကိုတောင် သူသိတယ်။နာမည် အပြည့်အစုံရောပဲ။
Mai Sakurajima တဲ့
ဒါ ယုန်မလေး ဘယ်သူလဲ ဆိုတာပဲ ဖြစ်တယ်။
“အယ်”
သူမ ကျောနောက်ဘက်က စာအုပ်စင်ဘက်ကို ဝင်ပြီး ပျောက်ကွယ်မသွားခင်ချိန်လေး သူ သူမ ကို လှမ်းခေါ်ခဲ့သည်။
သူမ ရပ်လိုက်ပြီးတော့ သူ့ကို စိတ်မသက်မသာနဲ့ လှမ်းကြည့်လိုက်သည်။
“ Sakurajima မဟုတ်လား?” လို့ သူ သတိထားပြီး အသံတိုးတိုးလေး မေးလိုက်တယ်.
“တတိယနှစ်ကလေ?”
“……”
သူမ မျက်နှာပေါ်မှာ ဖြတ်ခနဲ အံ့သားသင့်သွားတာလေး တွေ့လိုက်ရတယ်။ မင်းကို သိရသလောက်ဆိုရင် ပြီးရင် Minegahara ကျောင်းကို သွားတော့မှာ မဟုတ်လား?
သူမ ပြန်ထိုင်ခဲ့ပြီးတော့ သူ့ကို လှမ်းကြည့်လိုက်တယ်
အတန်း ၂-၁က Sakuta Azusagawa ပါ။ Azusagawaရဲ့ အဓိပ္ပါယ်က အဝေးပြေးလမ်းမရဲ့ အနားယူရာ နှောင်ကြိုးဧရိယာနဲ့ တူတယ်။Saku က ပန်းပွင့်တာ ဖြစ်ပြီးတော့ ta ဆိုတာက taroကပါ။
ငါ့ နာမည်က Mai Sakurajima ပါ။ Mai ဆိုတာက Mai Sakurajima က ဖြစ်ပြီးတော့ Sakurajima က Mai Sakurajima ကပဲ။
“ဟုတ်ကဲ့ ၊ ကျွန်တော် သိပါတယ်။ မင်းက နာမည်ကြီးတာပဲ”
“ဟုတ်တယ်”
သူမ ကြည့်ရတာ စိတ်မပါဘူး ။ ပါးပေါ် လက်လေးတင်ပြီး ပြတင်းပေါက်နားကနေ ငေးကြည့်နေတယ်။ သူမရဲ့ ရင်ကြားနေရာလေးကို ရှေ့ကို ကိုင်းညွတ်ပြီး နေနေတယ်။
Sakutaရဲ့ မျက်လုံးတွေက ဆွဲငင်ခံထားရသလို အဲ့နေရာကိုပဲ ကြည့်နေမိတယ်။
“Sakuta Azusagawa.”
“ဟုတ်ကဲ့”
“ငါနဲ့ ပတ်သက်ပြီးတော့ သတိပေးစရာ ရှိတယ်”
“သတိပေးတာ?”
“နင် ဒီနေ့ မြင်ခဲ့တာတွေကို မေ့လိုက်ပါ”
သူ ပြောဖို့ နှုတ်ခမ်းကို ဖွင့်လိုက်ပေမဲ့လည်း ပြောစရာ ဘာစကားမှ ထွက်မလာဘူး နောက်တော့ သူမ ထပ်ပြောတယ်။
“နင် ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကိုများ ပြောခဲ့မယ် ဆိုရင် သူတို့ နင့်ကို ရူးနေတယ်လို့ ထင်သွားလိမ့်မယ်။ ပြီးတော့ နင့်ဘဝ တစ်လျှောက်လုံး အရူးလို့ အခေါ်ခံရလိမ့်မယ်”
ဒါက သင့်တော်တဲ့ သတိပေးမှုပါ
“ပြီးတော့ နောက်ကို ဘယ်တော့မှ ငါ့ကို စကားလာမပြောပါနဲ့”
“……”
“နင် နားလည်ရင် ငါ့ကို ဟုတ်ကဲ့လို့ ပြန်ပြောပါ”
“……”
သူ ဘာမှပြန်မပြောတာကို Mai ကြည့်ပြီး ဒေါသထွက်ခဲ့တယ်။ ဒါပေမဲ့ စိတ်တိုင်းမကျတာက အစားထိုး နေရာယူပြီးတဲ့ နောက်မကြာခင်ပဲ လွင့်ပျယ်သွားခဲ့တယ်။ သူမ မတ်တပ်ရပ်ပြီးတော့ စာအုပ်ကို စင်ပေါ်သို့ ပြန်ထားလိုက်ပြီးနောက် အပေါက်ဝကို ဦးတည်ခဲ့တယ်။
Mai ဖြတ်သွားတာကို တစ်ဦးတစ်ယောက်မှ အာရုံစိုက်ပြီး ကြည့်မနေခဲ့ကြဘူး။သူမ အငှားကောင်တာကို ကျော်ဖြတ်သွားတောမှ စာကြည့်တိုက်မှူးတွေက တိတ်ဆိတ်စွာနဲ့ပဲ အလုပ်လုပ်နေကြတုန်းပဲ။
Sakuta တစ်ယောက်တည်းသာ ချစ်စရာကောင်းတဲ့ အသားကပ်ခြေအိတ် ဝတ်ဆင်ထားတဲ့ ခြေထောက်လေးကို မျက်လုံးထဲက မထွက်ဘဲ ကျန်နေခဲ့တယ်။
သူမ မြင်ကွင်းထဲမှ အပြီးတိုင် ပျောက်ကွယ်သွားတဲ့ အချိန်မှ Sakuta ခြေပစ်လက်ပစ် ထိုင်ခဲ့သည်။
“မေ့ပစ်ရမယ်?” သူ တိုးတိုးလေး ရေရွတ်မိတယ်။ “ဒီဝတ်စုံနဲ့ မင်းကို ဘယ်လို မေ့လို့ရမှာလဲ?”
ဖုံးကွယ်မထားတဲ့ ပုခုံးအောက်ကနေ ရင်ဘတ်အထိ ချောမွတ်နေတဲ့ အသားအရေလေး။ သူမ မျက်ခုံးကို ကွေးညွတ်လိုက်တဲ့အခါ နက်နက်ရှိုင်းရှိုင်း ချိုင့်လေး ဖြစ်လာတယ်။ သူ့ နှာခေါင်းထဲမှာ
ချိူမြိန်တဲ့ ရနံ့လေးရယ်၊ သူမရဲ့ အသံချိူချိူလေးက Sakuta နားထဲမှာ အခုထိတောင် ကြားယောင်မိနေတုန်းပဲ ။ သူ့ကို တည့်တည့်ပဲ ကြည့်နေတဲ့ သူမရဲ့ တောက်ပတဲ့ မျက်လုံးလေးတွေ။
အစိတ်အပိုင်း တစ်ခုချင်းစီက Sakuta ရဲ့ ကာမဂုဏ် အာရုံ နယ်ပယ်ကို နိုးကြွလာစေတဲ့အထိ ရိုက်ခတ်နိုင်ခဲ့တယ်။
သူ မတ်တပ်ရပ်လိုက်ရင် သူ့ကို လူတွေ ဝိုင်းပြီး သတိပြုမိမှာကို သူကြောက်နေခဲ့တယ်။
အဲ့ဒီ ထိုင်ခုံမှာပဲ သူ ခဏလောက် အကျပ်ရိုက်သွားတယ်။
သူ Mai ကို တွေ့ပြီး မေးစရာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ နောက်နေ့ အတွက် အဲ့ဒီ မေးခွန်းတွေကို မဖြစ်မနေ သိမ်းထားလိုက်ရတယ်။
[Zawgyi]အခန်း ၁ စီနီယာ ယုန်မလေး
“……”
ရှေ့မှာ ပြောခဲ့သလို ချူံငုံပြောရရင်တော့ဖြင့် သူမရဲ့ ခန္ဓာကိုယ်ဟာ သေးသေးသွယ်သွယ်လေးနဲ့ကို အချိုးအစားလည်း ပြေပြစ်တယ် ၊ခေါင်းအစ ခြေအဆုံးကို အနက်ရောင် ကိုယ်ကျပ် အသားကပ် ဝတ်စုံလေးကို ဝတ်ဆင်ထားတာ သိသာထင်မြင်စေတယ်။
“……”
“……”
“……”
“ကောင်းပြီလေ”
Mai Sakurajima တဲ့
“အယ်”
“တတိယနှစ်ကလေ?”
“……”
“ဟုတ်တယ်”
“Sakuta Azusagawa.”
“ဟုတ်ကဲ့”
“သတိပေးတာ?”
“……”
“……”
စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်အပိုင်းသစ်တွေ စောင့်နေပါမယ်ဗျ။
reply