book

Index 1

ငပိရည်ကို မြန်မာလို ဘယ်လိုခေါ်သလဲ

  • Author : shwesu
  • Genres : Comedy

"တီတီသေးသေးလေးရေ ငပိရည်ကို မြန်မာလိုဘယ်လိုခေါ်လဲ "
"သားရေ ငပိရည်ကို မြန်မာလို ဘယ်လိုခေါ်လဲဆိုတော့ တီတီကဘယ်လိုပြောရမှာလဲ"
ဆိုင်ထဲကနေ အသံတွေ တစ်စွန်းတစ်စကြားတော့ အိမ်ပေါ်ကိုလှမ်းမေးလိုက်တယ်။
"အငယ်မရေ ဘာတွေမေးနေတာလဲ"
"မကြီးစုရေ နင့်တူက ငပိရည်ကို မြန်မာလို ဘယ်လိုခေါ်လဲလို့ မေးနေလို့ ဖြေလိုက်ပါဦးဟယ်"
အလတ်မက သူ့တူ့ကို လက်ညှိုး လက်ခလယ် စတယ့် လက်ချောင်းအလိုက် အခေါ်အဝေါ်လေးတွေကို အဂ်လိပ်လိုသင်သင် ပေးထား၊တခြား တိုလီတိုထွာတွေလည်း သင် သင်ထားတော့ ခုလည်း အဲ့ဒါကို သူမေးတတ်သလိုမေးတာနေမှာပေါ့။အငယ်မက ပေါက်တီးပေါက်ရှာမေးခွန်းကို အမလေး လေး ဆိုပြီးရယ်ရင်း မေးမိသူ မရွှေစု ထံ တာဝန်လွှဲလိုက်ပေပြီ။ 
အမလေး ရှင်ကလည်း မေးသလို ကျုပ်ကလည်း ဖြေတတ်ပါ့။ချက်ချင်းပဲ လှမ်းပြောလိုက်တယ်
"သိချင်ရင် ဆိုင်ထဲလွှတ်လိုက် အငယ်မ"
"သားရေ သားတီတီစု က သိချင် ဆိုင်ထဲလာခဲ့တယ့်"
"ဟုတ်"
ဖိနပ်စီးပြီး ကျွန်မတူတစ်ယောက် ပေါက်ချလာပါပြီ။
"သားသား ငါးပိရည် ဆိုတာလေ တီတီတို့ ချက်စားတယ့် ငါးအစိမ်းတွေကို ထမင်းတွေ ဆားတွေနဲ့ နယ်။ ပြီးတော့ အိုးတလုံးထဲမှာ ဖိသိပ် ထည့်ထား။အဲ့လိုထားပြီး မှ စားရတယ့်ဟာမို့ ငါးကပိနေ အောင်ဖိခံထားရတယ့် စားစရာမို့လို့ ငါးပိရည် လို့ခေါ်တာ "
ဖြေးဖြေးချင်းပြောရင်းကတ်ကြေး နှစ်လက်ကို ယူ၍ 
"ဒါက ငါးလေးတွေ အဲ့ဒီပေါ်ကို ဒီမှာ ရေဘူးကြီးနဲ့ ဖိ ထားတော့ ပိမနေဘူးလား"
"အင်း"
"ငါးတွေကို အိုးထဲ ဖိသိပ်ထည့်ပြီး အပေါ်ကနေဖိပိတ်ထားတာ အဲ့လိုမျိုး"
"အွန်း"
"သားသား မှတ်မိပြီလား"
"ဟုတ်"
စိတ်ကျေနပ်သွားပုံနဲ့ ခေါင်းညိတ်ပြပြီး ညစာစားဖို့  အိမ်ပေါ်ပြန်တက်သွားရော။
ညနေကတင် ခေါင်းကို ဒိန်ချဥ်လိမ်းလို့ အရယ်မှ မရပ်သေးဖူး။ခုထပ်ပြီး တစ်မှု။တော်ပါသေးရဲ့ ပေါက်တီးပေါက်ရှာ ဖြေတတ်တယ့် ဂေါက်တောက်တောက် အဒေါ်တွေလည်း ရှိလို့သာ 😁😂


rate now: