အခန်း - ၉ လယ်ကြွက်တို့၏ဘုရင်မ
Translate by Mei
စာခြောက်ရုပ်ကမိန်းကလေးငယ်၏ဘေးနားတွင်မတ်တပ်ရပ်နေရင်း မှတ်ချက်ပြု လိုက်သည်
“မြစ်ကြောင်းတလျှောက် လျှောက်လာတာလည်း ခရီးအတော်ပေါက်လာပြီဆိုတော့ ငါတို့အခု အဝါရောင်အုတ်စီလမ်းပေါ် ပြန်ရောက်ဖို့ မဝေးလောက်တော့ဘူးထင်တယ်”
Tin Woodman ပြန်ပြောတော့မယ့် အချိန်မှာပဲမာန်ဖီသံတိုးတိုးလေးကို ကြားလိုက်ရသည်။သူ့ခေါင်းကိုလှည့်ပြီးကြည့်လိုက်တဲ့အခါမှာတော့ ထူးဆန်းတဲ့သား ရဲတစ်ကောင် သူတို့ရှိတဲ့ဘက်ကို မြက်ပင်တွေကိုခုန်ကျော်ပြီး လာနေတာတွေ့လိုက် ရသည်။ အဲ့ဟာက တကယ်ကြီးကို အဝါရောင်ကြောင်ရိုင်းကြီးတစ်ကောင်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Tin Woodman တွေးလိုက်မိတာက သူတစ်ခုခုနောက်လိုက် နေတာဖြစ်ရမယ်။ သူ့ နားရွက်တွေက ခေါင်းအနောက်ဘက်ကိုလှဲနေပြီး ရုပ်ဆိုးဆိုး သွားတန်းနှစ်တန်းကို ပြသနေသလိုမျိုး ပါးစပ်ကိုအကျယ်ကြီးဖွင့်ထားကာ မျက်လုံး တွေက မီးဘောလုံးလေးကဲ့သို့ရဲရဲနီနေသည်။ တဖြည်းဖြည်းနီးကပ်လာတာနှင့် အမျှ Tin Woodman မြင်လိုက်ရသည်က ထိုသားရဲကောင် လိုက်နေသည်က မီးခိုးရောင် လယ်ကြွက်လေးတစ်ကောင်ဖြစ်နေသည်။ သူ့မှာ နှလုံးသားမရှိသော်လည်း သူသိတာ ကတော့ ဒီကြောင်ရိုင်းကြီးက ဒီလိုအန္တရာယ်မပေးနိုင်တဲ့ အကောင်ငယ်လေးကို သတ် ဖို့ ကြိုးစားနေတာကတော့ မှားယွင်းတဲ့လုပ်ရပ်ပဲ။
ထို့ကြောင့် Tin Woodman သည် သူ့ ပုဆိန်ကိုမြှောက်လိုက်ပြီး ထိုပြေးလွှားနေတဲ့ကြောင်ရိုင်းကိုခေါင်းတစ်ခြားကိုယ် တစ်ခြားဖြစ်သွားအောင်ခပ်မြန်မြန်လွှဲဖြတ်လိုက်သည်။ ထိုပြတ်သွားသော အစိတ်အ ပိုင်းနစ်ခုကသူ့ခြေထောက်နားဆီသို့လိမ့်လာခဲ့သည်။ အခုရန်သူ့လက်ကနေ လွတ်လာ သောပြေးနေခြင်းကိုရပ်ပြီး ထိုလယ်ကြွက်လေးသည် Tin Woodman ဆီသို့ ဖြည်းဖြည်းချင်း ကပ်လာကာ သူ၏ အသံ စူစူး သေးသေးလေးဖြင့် ပြောလိုက်သည်
“အို…. အသင့်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အ တွက်အမြဲတမ်း ကျေးဇူးတင်နေမှာပါ”
Tin Woodman တုံ့ပြန်ပြောလိုက်သည်
“အဲ့လိုတွေမပြောပါနဲ့ ရပါတယ်၊ မင်းသိမှာပါ ငါ့မှာ နှလုံးသားမရှိဘူး။ ဒါ့ကြောင့် ငါ အမြဲဂရုတစိုက်နဲ့မိတ်ဆွေလိုအပ်နေတဲ့သူတွေကို ကူညီနေတာလေ။ တကယ်လို့ အဲ့လို လိုအပ်နေတဲ့သူက သာမညကြွက်လေးတစ်ကောင်ဖြစ်နေရင်တောင်မှပဲပေါ့။”
ထိုတိရစ္ဆန်သေးသေးလေးကဒေါသတကြီးဖြင့် အော်ပြောလိုက်သည်
“ဘာ… သာမညကြွက်လေးတစ်ကောင်တဲ့လား။ ဘယ်လိုပြောလိုက်တယ်။ ငါက ဘုရင်မ…. ဒီကလယ်ကြွက်တွေအကုန်လုံးရဲ့ ဘုရင်မဟေ့”
Tin Woodman ကခါးကိုညွှတ်ကာအရိုအသေပြုရင်း ပြောသည်
“အို့… တကယ်ကြီးလား”
ထိုအခါကျမှသာ ဘုရင်မက ထပ်ပြောလိုက်သည်
“အဲ့ဒါကြောင့် ကျွန်ုပ် အသက်ကိုကယ်တင်ခဲ့တဲ့အတွက် မင်းကတကယ့်ကို အကျိုး ဆောင်မှု အကြီးကြီးတစ်ခု လုပ်ခဲ့တာပဲ ၊ ဒါတင်မကသေးဘူး သတ္တိလည်းရှိတယ်”
ထိုအချိန်တွင် ကြွက်တော်တော်များများသည် သူတို့၏ ခြေထောက်သေးသေးလေး များဖြင့် မြန်နိုင်သလောက် ပြေးလာနေကြသည်။ သူတို့၏ဘုရင်မကိုတွေ့သောအခါ လျှောက်တင်လိုက်သည်
“အို… အရှင်ဘုရင်မ… ကျွန်တော်မျိုးတို့တွေ သင် အသတ်ခံလိုက်ရပြီလို့ ထင်ခဲ့ကြ တာ၊ ဘယ်လိုများ ထို ကြောင်ရိုင်းကြီး လက်ထဲကနေ လွတ်မြောက်လာတာပါလဲ” ။ သူတို့အကုန်လုံးသည် ဘုရင်မကိုဦးညွှတ်အရိုအသေပြုနေကြသည်မှာ သူတို့၏ခေါင်း နှင့် မတ်တပ်ရပ်နေသကဲ့သို့ပင် ထင်ရစေသည်။သူမက ပြန်ဖြေသည်
“ဒီရယ်ရတဲ့ သံလူသား ကကြောင်ရိုင်းကြီးကို သတ်ပြီး ကျွန်ုပ်ကို ကယ်တင်ခဲ့တာပဲ။ ဒီတော့ အခုချိန်ကစပြီး သင်တို့အကုန်လုံးသူ့ကိုခစားရမယ်။ သူ ဖြစ်ချင်တဲ့ သဘော ထားကိုနာခံရမယ်”
ကြွက်များ ကတစ်ညီတစ်ညွတ်ထဲ အော်ပြောကြသည်
“အရှင့် အမိန့်အတိုင်းပါပဲ ကျွန်ုပ်တို့ နာခံပါ့မယ်။”
ထို့နောက်တွင် တိုတိုသည် အိပ်ပျော်နေရာမှနိုးလာခဲ့ပြီး ဘေးနားတွင် ပတ်လည်ဝန်းရံ နေသောကြွက်များကို တွေ့လိုက်ရသောအခါ ဝမ်းသာအားရ တစ်ချက်ဟောင်လိုက် ပြီးနောက် ထို ကြွက်တွေအလယ်ကို ခုန်ဆင်းလိုက်လေသည်။ ကန်ဆတ်စ်မှာနေတုန်း ကလည်း တိုတို ကကြွက်တွေကို အန္တာရာယ်မပြုတတ်ပေမဲ့ သူတို့နောက်ကလိုက်ပြီး လိုက်လံဖမ်းဆီးဆော့ကစား ရတာကို အရမ်းကြိုက်ခဲ့တာ။ဒါပေမဲ့ Tin Woodman က ခွေးလေးကို ဖမ်းလိုက်ကာ သူ့လက်မောင်းထဲတင်းကြပ်စွာ ဖက်ထားရင်း ကြွက်တွေ ကိုလှမ်းပြောလိုက်သည်
“ပြန်လာခဲ့ကြ…ပြန်လာခဲ့ကြ ၊ တိုတိုက မင်းတို့ကို ထိခိုက်အောင်မလုပ်ဘူး”
ထိုအခါ ကြွက်တွေ၏ ဘုရင်မက သူ၏ခေါင်းကို မြက်ပင်တွေကြားထဲကဖော်ကာ ထိတ်လန့်နေသာ အသံလေးဖြင့် မေးလိုက်သည်။
“မင်းသေချာလား… သူကငါတို့ကို မကိုက်ဘူးဆိုတာ”
Tin Woodman ကပြန်ပြောသည်
“ငါကိုက်ခွင့်မပေးပါဘူး၊ အဲ့ဒါကြောင့် မကြောက်ကြပါနဲ့”
အဲ့တော့မှသာ ကြွက်များသည် တစ်ကောင်ပြီးတစ်ကောင် တွားထွက်လာခဲ့သည်။ ပြီးနောက်တွင်တော့ တိုတိုသည် Tin Woodman ၏လက်မောင်းကြားထဲက ထွက်ဖို့ ကြိုးစားနေပေမဲ့လည်းနောက်တစ်ခါထပ်မဟောင်တော့ပေ။ပြီးတော့ Tin Woodman လက်မောင်းက သံနဲ့လုပ်ထားမှန်းသိနေလို့သာ သူ မကိုက်တာ နို့မို့ဆိုလို့ကတော့ သူကိုက်ပစ်လိုက်ပြီလေ။ နောက်ဆုံးတော့ သူတို့ထဲမှ အကြီးဆုံးကြွက်တစ်ကောင်က စကားစပြောသည်။ သူကမေးလိုက်သည်
“သင်က ကျွန်ုပ်တို့ ဘုရင်မ၏ ကယ်တင်ရှင်ဖြစ်တာကြောင့် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်ခုခု လုပ်ပေးနိုင်တာများ ရှိပါသလား။”
Tin Woodman ကဖြေလိုက်သည်
“ငါ့မှာတောင်းဆိုစရာ ဘာမှမရှိသေးပါဘူး”
ဒါပေမဲ့ စာခြောက်ရုပ်ကကောက်ရိုးတွေနဲ့ လုပ်ထားတဲ့ ခေါင်းကြောင့် စဉ်းစားချင်ပေမဲ့ မလုပ်နိုင်သောအခါ သူ မြန်မြန်ဝင်ပြောလိုက်သည်
“အို… ဟုတ်သားပဲ အသင်တို့ ကျွန်ုပ်တို့ရဲ့ သူငယ်ချင်းကိုကယ်ပေးလို့ရမလား။ ကျွန်ုပ်တို့ရဲ့သူရဲဘောကြောင်တတ်တဲ့ခြသေ့်ကြီးက ဟိုကဘိန်းခင်းကြီးထဲမှာ အိပ်မော ကျနေတယ်။”
ထို ဘုရင်မသေးသေးလေးက အော်ဟစ်လိုက်သည်
“ခြသေ့်တစ်ကောင်လား… ဘာလို့လဲ သူက ငါတို့တွေကို စားပစ်လိုက်နိုင်တယ်လေ”
စာခြောက်ရုပ်က ချက်ချင်းပင်ငြင်းလိုက်သည်
“အို… မဟုတ်ရပါဘူး ဒီခြသေ့်က သူရဲဘောကြောင်တယ်၊ ကြောက်တတ်တယ်”
ကြွက်ကမေးလိုက်သည် “တကယ်လား”
စာခြောက်ရုပ်က ရှင်းပြသည်
“သူက အဲ့လိုပဲ သူ့ကိုယ်သူ ရည်ညွှန်းတာ သင် ငါတို့ပြောတာကို ယုံလို့ပါတယ်။ ဒါပေမဲ့ ငါတို့ ဘာလုပ်သင့်လဲ”
“အသင့်ကို ဘုရင်မ လို့လက်ခံပြီးအမိန့်နာခံတတ်တဲ့ လက်အောက်ခံကြွက်တွေ ဘယ် လောက်များရှိသလဲဟင်”
သူမက ပြန်ပြောသည် “အို…သေချာတာပေါ့ ထောင်ပေါင်းများစွာပဲ”
“အဲ့ဒါဆို သူတို့ကို အကုန်လုံးကိုဒီကိုလာခိုင်းလို့ရမလားဟင် ပြီးတော့ ကြိုးရှည်ရှည် တစ်ချောင်းကို ယူလာခဲ့ခိုင်းပါ”
ဘုရင်မက သူ့၏ ကြွက်တွေဘက်ကိုလှည့်ကာ ကြွက်တွေအကုန်စုလာခဲ့ဖို့ ပြောလိုက် သည်။ သူတို့သည် အမိန့်ရရချင်းအရပ်မျက်နှာပေါင်းစုံကို လျင်မြန်စွာ ပြေးထွက်သွား ခဲ့ကြသည်။ စာခြောက်ရုပ်က Tin Woodman ကိုပြောလိုက်သည်
“အခု မင်း အဲ့မြစ်ကမ်းနားက သစ်ပင်တွေဆီသွားပြီး ခြသေ့်ကို သယ်လို့ရလောက်မယ့် တင်စရာလှည်းတစ်ခုခုလောက် လုပ်ရမယ်”
ထို့နောက်တွင် Tin Woodman သည်သစ်ပင်များရှိရာသို့ သွားကာ လုပ်ငန်းစတင် တော့သည်။ ပြီးတော့ သစ်ပင်၏အကိုင်းအခက်တွေကို ခုတ်ထွင်လိုက်ပြီးထို သစ်ကိုင်း များဖြင့် သစ်သားကုန်တင်လှည်းတစ်ခုကို ပြုလုပ်လိုက်သည်။ သူ သစ်သားတံစို့ များနှင့်ဘီးလေးဘီးကို သစ်ပင် ပင်စည်မှ အပိုင်းလေးများဖြင့်လုပ်ကာ မြန်မြန် ဆန်ဆန်တပ်ဆင်လိုက်သည်။ သူလုပ်တာမြန်ဆန်လွန်းလှသည်မှာ ကြွက်များရောက်ရှိ သည်နှင့် သစ်သားလှည်းမှာလည်း အဆင်သင့်ဖြစ်နေလေပြီ။သူတို့တွေက အရပ် မျက်နှာပေါင်းစုံကလာခဲ့ကြပြီး အရွယ်အစားစုံ - အကြီး၊ အသေး၊ အလတ် စသည့် ထောင်ပေါင်းများစွာသောကြွက်များ စုဝေးနေကြသည်။ သူတို့ တစ်ကောင်ချင်းဆီက ကြိုးစရှည်ရှည်လေးများကို ပါးစပ်တွင်ကိုက်ချီကာ သယ်ဆောင်လာခဲ့ကြသည်။ ထိုအချိန်တွင် ဒေါ်ရသီလေး သူမ၏ရှည်ကြာသော အိပ်စက်ခြင်းမှနိုးလာခဲ့ပြီး မျက်လုံး ဖွင့်လိုက်လေသည်။ သူမ သည်မြက်ခင်းတွေပေါ်မှာလဲလှောင်းနေခဲ့ပြီး ထောင်ပေါင်း များစွာသော ကြွက်တို့က ဘေးပတ်လည်တွင် ရှိနေပြီး သူမကို အထိတ်တလန့်ဖြင့် ကြည့်နေသော မြင်ကွင်းကို မြင်ရသောအခါ အလွန်ကို အံ့ဩသင့်သွားခဲ့ရသည်။
ဒါပေမဲ့ စာခြောက်ရုပ်က သူမကို ကြောင်းအရာ အပြည့်အစုံကို ရှင်းပြပြီးနောက် ထို ဂုဏ်သိက္ခာနဲ့ပြည့်စုံစွာ မတ်တပ်ရပ်နေသော ကြွက်သေးလေး ဘက်သို့လှည့်ကာ ပြောလိုက်သည်
“ကျွန်တော်မျိုး အရှင့်ကို သူမနှင့်မိတ်ဆက်ပေးပါရစေ။ခွင့်ပြုတော်မူပါ အရှင် ဘုရင်မ”
ဒေါ်ရသီလေးသည်တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းကို ညွှတ်လိုက်ကာ လေးစားသမှုပြု လိုက်ပြီး ဘုရင်မကလည်း ထုံးတမ်းစဉ်လာအရပြန်လည် အသိအမှတ်ပြုလိုက်သည်။ ထို့နောက်တွင်တော့ သူမနှင့် ကောင်မလေးတို့သည် အတော်လေး ရင်းနှီးခင်မင်လာ ခဲ့သည်။စာခြောက်ရုပ်နှင့် Tin Woodman သည် ကြွက်တွေယူလာသော ကြိုးများကို သုံး၍ ကြွက်များနှင့် သစ်သားလှည်းကိုမြန်မြန်ဆန်ဆန် ချိတ်ဆက်နေခဲ့သည်။ ကြိုးစ၏ အစွန်းတစ်ဖက်ကို လှည်းအစွန်းတွင်ချည်၍ ကျန်တစ်ဖက်ကို ကြွက်တွေ၏ လည်ပင်းအနားတဝိုက် တွင်ချည်လိုက်သည်။ သေချာတာကတော့ ဒီလှည်းကဆွဲရ မည့်ကြွက်တစ်ကောင်ချင်းဆီထက် အဆမတန်ကြီးမားနေခဲ့တာပဲ ဒါပေမဲ့ ကြွက်တွေ အားလုံးပေါင်း၍ဆွဲလိုက်သောအခါ သူတို့ အလွယ်တကူပင် ဆွဲလာနိုင်ခဲ့သည်။ စာခြောက်ရုပ်နှင့် Tin woodman တောင်ထိုလှည်းပေါ်တွင် ထိုင်လိုက်လာလို့ရသည် ပြီးနောက်တွင်တော့သူတို့၏ထိုမြင်းသေးသေးလေးများသည်လှည်းကိုအိပ်ပျော်နေသော ခြသေ့်ဆီသို့ရောက်အောင် မြန်မြန်ပင်သွားနေတော့သည်။အတော်လေး ကြိုးစားပမ်းစားလုပ်ဆောင်ပြီးနောက်တွင်တော့လေးလံသောခြသေ့်၏ခန္ဓာကိုယ်ကြီး ကို လှည်းပေါ်သို့ ဆွဲတင်လိုက်နိုင်လေသည်။ သူမ၏ကြွက်များထိုဘိန်းခင်းထဲတွင် ကြာကြာနေမိပါက အိပ်ပျော်သွားကြမည်ကို ကြောက်လန့်မိသောကြောင့် ဘုရင်မ သည် အဆောတလျင်ဖြင့် သူ့လူများကို မြန်မြန် လုပ်ကြရန် အမိန့် ပေးလိုက်သည်။ ပထမတော့ ထို သတ္တဝါသေးသေးလေးများသည် သူတို့ ဒီလို လေးတဲ့ လှည်းကြီးကို ရွေ့အောင် လုပ်နိုင်ပါ့မလားဟု အများစုကတွေးမိကြသည်။ ဒါပေမဲ့ Tin Woodman နှင့်စာခြောက်ရုပ်ကလည်းလှည်းကိုနောက်ကနေတွန်းပေးကြသဖြင့်သူတို့အပေးအယူ မျှကာအဆင်ပြေသွားခဲ့သည်။
မကြာခင်မှာပင် သူတို့ ခြသေ့်ကို ဘိန်းခင်းကြီးထဲမှ အောင်မြင်စွာ ဆွဲလာနိုင်ခဲ့ကြပြီးနောက်တွင်တော့ အဆိပ်ရှိသော ပန်းရနံ့များ အစား လတ်ဆတ်ပြီးချိုမြွန်သောလေကိုတဖန်ရှုရှိုက်နိုင်ကြပြီ။ ဒေါ်ရသီသည် သူတို့လေးတွေ ကိုတွေ့ဆုံကာ လှိုက်လှဲနွေးထွေးစွာဖြင့် သူမတို့၏သူငယ်ချင်းကို သေဆုံးခြင်းမှ ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောခဲ့သည်။ သူမ တော်တော်လေးကို သံယောဇဉ်ငြိတွယ်နေပြီဖြစ်သောခြသေ့်ကြီးကိုကယ်တင်နိုင်ခဲ့သည့်အတွက် အတော် လေး ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။
ထို့နောက်တွင် ကြွက်များသည်လှည်းမှ ကြိုးများကိုဖြုတ်လိုက်ပြီးသည်နှင့် တပြိုင် နက်မြက်ပင်များကြားမှတဆင့် ဖြတ်သန်းကာ သူတို့အိမ်ဆီသို့ အလျိုလျို ပြန်ပြေး သွားကြကာပျောက်ကွယ်သွားကြတော့သည်။ ကြွက်တွေ၏ ဘုရင်မကတော့ နောက်ဆုံးမှ ထွက်ခွာသွားခဲ့လေသည်။ သူမက ပြောခဲ့သည်
“တကယ်လို့ နောက်တစ်ခါ ကျွန်ုပ်တို့ အကူအညီလိုအပ်တယ်ခဲ့ရင် လယ်ကွင်းထဲကို သာလာပြီးအော်ခေါ်လိုက်ပါ။ ကျွန်ုပ်တို့ ကြားနိုင်ပါတယ် အဲ့အခါ သင်တို့ကို လာပြီး ကူညီပေးပါ့မယ်။ နောက်မှတွေ့ကြတာပေါ့… နှုတ်ဆက်ပါတယ်!”
သူတို့ အကုန်လုံးက ပြန်ပြောလိုက်သည်
“နှုတ်ဆက်ပါတယ် ဘုရင်မ။”
တိုတိုကို ဒေါ်ရသီလေး တင်းတင်းကြပ်ကြပ်ပွေ့ထားတာကို ကြည့်ရင်း ဘုရင်မသည် ထိုအရာက သူမ နောက်ပြေးလိုက်လာမှာကို ကြောက်ရွံ့စွာဖြင့် ထွက်ပြေး သွားတော့ သည်။ဒါတွေပြီးသွားသောအခါတွင်တော့ ခြသေ့်နိုးလာသည်အထိ သူတို့ သူ့ဘေးမှာ ထိုင်စောင့်နေခဲ့ကြပြီး စာခြောက်ရုပ်က ဒေါ်ရသီစားဖို့ အနီးအနား အပင်ဆီက သစ်သီးတချို့ကို ခူးယူလာပေးသည်နှင့် သူမ ညစာစားသောက်လိုက်လေသည်။