book

Index 8

8. သေစေနိုင်တဲ့ဘိန်းခင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၈ သေစေနိုင်သော ဘိန်းစိုက်ခင်း

Translate by Mei


ထိုခရီးသွားအဖွဲ့လေးသည် နောက်တနေ့မနက်ခင်းတွင် မျှော်လင့်ချက်အပြည့်ဖြင့် တက်ကြွလန်းဆန်းစွာနိုးထလာကြသည်။ ဒေါ်ရသီလေးသည်မြစ်ကမ်းနံဘေးမှရသော မက်မွန်သီး၊ ဇီးသီးများဖြင့်သူမ၏မနက်စာကို မင်းသမီးလေးတစ်ပါးကဲ့သို့ သုံးဆောင် နေလေသည်။ သူတို့နောက်ကျောဘက်ရှိမှိုင်းညို့နေသော တောအုပ်ကြီးကို ပြန်လှည့် ကြည့်လိုက်ပါကထိုတောအုပ်ထဲတွင် အခက်အခဲများစွာဖြင့်တွေ့ကြုံခဲ့ရပြီး စိတ်ဓာတ် ကျစရာများကိုခံစားခဲ့ရသော်လည်း နောက်ဆုံးတွင်ဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့၏ ရှေ့တွင်တော့ချစ်စဖွယ်ကောင်းပြီး ရာသီဥတုသာယာလှပသော မြစိမ်းရောင်မြို့တော် ကြီးကသူတို့ကိုလာပါဟု လက်ယပ်ခေါ်နေသလိုပင်ခံစားရသည်။ သေချာတာတစ်ခု ကတော့ဒီကျယ်ပြောတဲ့မြစ်ကြီးကသူတို့ကိုလှပတဲ့နေရာဆီ မရောက်နိုင်အောင်ပိုင်း ခြားထားခဲ့သည်။ သို့ပေမဲ့ ဖောင်ကအပြီးသတ်လုနီးပြီဖြစ်သည်။ အဲ့ဒီ့နောက်တွင် Tin Woodman ကသစ်သားအနည်းငယ်ထပ်မံခုတ်လိုက်ပြီး သစ်သားတံစို့များနှင့် အတူ တွဲချည်လိုက်ပြီးနောက်တွင်တော့သူတို့ဖောင်ကိုစတင်အသုံးပြုလို့ရခဲ့ပြီဖြစ်သည်။ ဒေါ်ရသီကတိုတိုကိုလက်မောင်းထဲထည့်၍ပွေ့ထားကာ ဖောင်အလည်လောက်တွင် ထိုင်လိုက်သည်။ ထို့နောက် သူရဲဘောကြောင်သောခြင်္သေ့၏လေးလံပြီး ကြီးမားသော ကိုယ်လုံးကြီးလှမ်းတက်လိုက်သောအခါ ဖောင်ကဆိုးဆိုးဝါးဝါးလှုပ်ခါရမ်းသွားတော့ သည်။ ဒါပေမဲ့ စာခြောက်ရုပ် နှင့် Tin Woodman က ဖောင်၏ အစွန်းနှစ်ဖက် တွင် တစ်ဖက်တစ်ယောက် ရပ်လိုက်သောကြောင့် ဖောင်ကပြန်လည် ငြိမ်သက်သွားတော့ သည်။ ထို့နောက် သူတို့နှစ်ယောက်၏ လက်ထဲတွင် ထိုးဝါးများကို ကိုင်ဆောင်ထားပြီး ရေထဲတွင် ဖောင်ကို ရွေ့လျားအောင် ထိုးဝါးများဖြင့် ထိန်းကျောင်းနေလေသည်။စစ ချင်းတွင်တော့ သူတို့အတော်လေးအဆင်ပြေနေကြပြီး ရေအလယ်လောက်အရောက် တွင်တော့မြစ်ရေစီးကြောင်းကပြောင်းလဲသွားပြီးဖောင်ကိုတစ်ဖြည်းဖြည်းအဝါရောင် အုတ်စီလမ်းနှင့်ဝေးရာ မြစ်အောက်ဘက်ခြမ်းဆီ သို့ခေါ်ဆောင်သွားတော့သည်။ ၎င်း အပြင် ရေနက်ပိုင်းသို့ရောက်ရှိသွားပြီး ထိုးဝါးသည်ပင် မြစ်၏ အောက်ခြေကို မရောက်နိုင်တော့ပေ။Tin Woodman ကပြောလိုက်သည်

“ဒါ…တကယ်ဆိုးဝါးတာပဲ။ ငါတို့ ကမ်းမကပ်နိုင်ပဲ ဒီလိုသာပါသွားရင် တိုင်းပြည် အနောက်ပိုင်းရဲ့ကောက်ကျစ်တဲ့ စုန်းမနယ်မြေထဲရောက်သွားလိမ့်မယ်။ အဲ့အခါကျရင် သူမက ငါတို့ကို ကျိန်စာတိုက်ပြုစားပြီး သူမရဲ့ ကျွန်အဖြစ် လုပ်လိမ့်မယ်”

စာခြောက်ရုပ်က ပြောလိုက်သည်

“အဲ့လိုသာဖြစ်ရင် ငါ ဦးနှောက်မရနိုင်တော့ဘူးပေါ့”

သူရဲဘောကြောင်သော ခြသေ့်ကလည်းပြောသည်

“အဲ့လိုဆို ငါလည်း သတ္တိရှိလာအောင် လုပ်လို့မရတော့ဘူးပေါ့”

Tin Woodman ကလည်းဝင်ပြောသည်

“ပြီးတော့ ငါလည်း နှလုံး မရနိုင်တော့ဘူးပေါ့”

ဒေါ်ရသီ ကပါပြောလိုက်သည်

“အဲ့လိုသာဆို သမီးလည်း ကန်ဆတ်စ် ကို ပြန်မသွားနိုင်တော့ဘူးပေါ့”

စာခြောက်ရုပ်က ဆက်ပြောသည်

“အဲ့ဒါကြောင့် ငါတို့ မြစိမ်းရောင်မြို့တော်ကို ရောက်ကိုရောက်ရမယ်”




ထို့သို့ပြောရင်း သူသည်ဖောင်ထိုးဝါးကို မြဲမြဲဆုပ်ကိုင်ကာ မြစ်အောက်ခြေရှိ ရွှံ့ မြေထဲသို့ထိုးထည့်လိုက်မိကာ ပြန်ဆွဲထုတ်မရတော့ပဲဖြစ်သွားတော့သည်။အဲ့ဒီ့နောက် တွင်တော့  သူ အဲ့ဒါကို ပြန်ဆွဲမထုတ်နိုင်ခင် (ဝါ) မလွှတ်ချလိုက်နိုင်ခင် မှာပင် ဖောင် ကအလျင်အမြန်မျောပါ သွားတော့သည့်နောက်တွင် သနားစရာ စာခြောက်ရုပ်လေး သည်မြစ်လယ်တွင်ထိုးစိုက်မိနေသော ထိုထိုးဝါးကိုဖက်တွယ်ထားလျက် ကျန်ခဲ့တော့ သည်။

“နှုတ်ဆက်ပါတယ်”

ဟု သူသည် သူတို့ကို လှမ်းအော်ပြောလိုက်သည်။ တခြားသူများကလည်း သူ့အားထား ရစ်ခဲ့ရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်နေတော့သည်။ အမှန်တကယ် စိတ်မကောင်းလွန်းသည့်အတွက် Tin Woodman စတင် ငိုကြွေးတော့သည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဖြင့် သူ့ကိုယ်သူ သံချေးတက်မှာလည်း စိုးရိမ်သည့်အတွက် ဒေါ်ရသီ၏ အေပရွန်ကိုဆွဲယူကာ မျက်ရည်များကိုသုတ်လိုက်လေသည်။ သေချာတာ ပေါ့ ဒီလိုဖြစ်သွားတာ စာခြောက်ရုပ်အတွက် တကယ့်ကို ဆိုးဝါးတဲ့ ကံတရားပဲ။ သူတွေးလိုက်မိသည်။

“အခုလက်ရှိ ငါ့ အခြေအနေက ဒေါ်ရသီနဲ့ ပထမဆုံးတွေ့တုန်းကထက်တောင် ဆိုးနေ ပါပေါ့လား။ အဲ့တုန်းကတော့ ငါကိုယ်ကပြောင်းဖူးခင်းထဲက တိုင်လုံးပေါ်မှာချည်ထား ခံရတာ…. အနည်းဆုံးတော့ အခင်းထဲဝင်လာတဲ့ ကျီးကန်းတွေကို ခြောက်လှန့်နိုင်သေး တယ်။ အခုတော့ စာခြောက်ရုပ်တစ်ကောင်က မြစ်အလယ်ကောင်က ဝါးလုံးပေါ်မှာ ဘာလုပ်နိုင်တော့မှာလဲ။ နောက်ဆုံးတော့ ငါ တကယ်ပဲ ဦးနှောက်မရနိုင်တော့ဘူး လားလို့ စိုးရိမ်လာပြီ။”

ဖောင်ဟာ ရေစီးအတိုင်း အောက်ဘက်ဆီ ဆက်လက် မျောပါသွားခဲ့သည်။ သနားစရာ စာခြောက်ရုပ်ခမျာမှာတော့ အ‌ဝေးကြီးတွင် ကျန်ရစ်ခဲ့တော့သည်။ ထို့နောက်တွင် ခြသေ့်က ပြောသည်

“ငါတို့ ကိုယ့်ကိုကိုယ် ကယ်တင်ဖို့တစ်ခုခုတော့ လုပ်မှရမယ်။ တွေးထားကတစ်ခုတော့ ရှိတယ် ငါ့ အမြီးထိပ်ဖျားကိုမြန်မြန် ဖမ်းဆွဲနိုင်ဖို့တော့လိုမယ် အဲ့လိုသာ ဆွဲကိုင်ထား နိုင်ရင် ငါ ဟိုဘက်ကမ်းကို ရေကူးသွားရင်း ဖောင်ကို ဆွဲခေါ်လာခဲ့မယ်။”

အဲ့နောက်တွင် သူသည် ရေထဲသို့ ခုန်ချလိုက်ပြီးနောက် Tin Woodman က အမြီးကို မြန်မြန်ဖမ်းဆွဲလိုက်သည်။ ထို့နောက် ခြသေ့်သည် အတတ်နိုင်ဆုံး အားကုန်ထုတ်၍ ကမ်းဆီသို့ ရောက်အောင်ကူးတော့သည်။ သူ့ခန္ဓာကိုယ်ကကြီးသော်လည်း အစွမ်းကုန် ကြိုးစားအားထုတ်မှုတို့ကြောင့် ခဏကြာသောအခါ သူတို့သည် ထိုအခြေအနေကြားမှ လွတ်မြောက်နိုင်ခဲ့ပြီး ဒေါ်ရသီလေးကလည်း Tin Woodman ၏ ထိုးဝါးကိုယူကာ ဖောင်ကို ကမ်းကပ်နိုင်ရန် ကူညီ လုပ်ဆောင်ပေးသည်။နောက်ဆုံးတော့ သူတို့တွေ လှပသော အစိမ်းရောင်မြက်ခင်းများဖုံးလွှမ်းသော ကမ်းပေါ်ရောက်လာခဲ့ပြီးနောက် တွင်တော့ မောပန်းနွမ်းနယ်မှုကြောင့် မလှုပ်နိုင်ကြတော့ပေ။ ထို့အပြင် သူတို့သည် အဝါရောင်အုတ်စီလမ်းမကြီး၏ ဘေးတွင် စီးဆင်းနေသော မြစ်ရေစီးကြောင်းသည် မြစိမ်းရောင်မြို့တော်ဆီသို့ ဦးတည်နေသည်ကိုပါ သိရှိခဲ့ကြသည်။ ခြသေ့် သည်သူ့ အမွှေးတွေခြောက်သွားအောင် မြက်ခင်းပေါ်တွင် လဲလှောင်းကာ နေပြနေချိန်တွင် “ငါတို့ အခု ဘာဆက်လုပ်ကြမလဲ” ဟု Tin Woodman ကမေးလိုက်သည်။

“ငါတို့ တနည်းနည်းရှာပြီးတော့  ခရီးဆက်ရမည့် လမ်းကြောင်းပေါ် ပြန်သွားရမယ်” ဟု ဒေါ်ရသီကဖြေလိုက်သည်။

“ငါတို့ကမ်းဘေးကနေမြစ်ကြောင်းအတိုင်းပြန်သွားပြီး ငါတို့လာခဲ့တဲ့နေရာအထိ ရောက်အောင်ပြန်သွားတာ အကောင်းဆုံးပဲ”

ဟု ခြသေ့် ကမှတ်ချက်ပေးလေသည်။ထို့နောက် သူတို့ အနားယူပြီးသောအခါ ဒေါ်ရသီလေး သူမ၏ခြင်းတောင်းကိုမယူကာ  သူတို့စတင်ထွက်လာရာ မြစ်ကမ်းဘေး သို့ရောက်သည်အထိ မြက်ခင်းစိမ်းများဖုံးလွှမ်းနေသာမြစ်ကမ်းအတိုင်း လျှောက်လာ ခဲ့ကြသည်။ သနားစရာစာခြောက်ရုပ် မပါလာသောကြောင့် သူတို့ စိတ်မကောင်း ဖြစ်နေကြသောကြောင့် ယခုကဲ့သို့သစ်သီးများပြွတ်သိပ်သီးနေသာ အပင်များ၊ များ ပြားသောပန်းရောင်စုံများနှင့် တက်ကြွလန်းဆန်းစေသော နေခြည်နွေးနွေးလေး ရှိနေ သောဤတိုင်းပြည်သည် တကယ့်ကိုချစ်စဖွယ်ကောင်းနေတာတောင် သူတို့ မပျော်ရွှင် နိုင်ကြပေ။သူတို့ တတ်နိုင်သလောက် မြန်မြန် လျှောက်ကြရင်း ဒေါ်ရသီလေးသည် ခဏရပ်တန့်ကာ လှပသော ပန်းတစ်ပွင့်ကို ခူးယူလိုက် ပြီးနောက် ခဏအကြာတွင် Tin Woodman သည် အော်ပြောလိုက်သည်

“ဒီမှာ ကြည့်ကြပါအုန်း….!”

ထို့နောက် သူတို့အားလုံးမြစ်ဘက်သို့ ကြည့်လိုက်ရာ မြစ်လယ်ရှိတိုင်လုံးကို ဖက်တွယ် ထားသော အထီးကျန်ပြီး ဝမ်းနည်းနေသည့် စာခြောက်ရုပ်ကို တွေ့လိုက်ရသည်။

ဒေါ်ရသီက မေးလိုက်သည် “ ငါတို့ သူ့ကို ဘယ်လိုကယ်ကြမလဲ”

ခြသေ့်နှင့် Tin Woodman တို့နှစ်ယောက်လုံး သူတို့လည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးဟု ခေါင်းခါယမ်းပြလေသည်။ ထို့နောက်တွင်တော့ သူတို့အားလုံးကမ်း နံဘေးတွင် ထိုင်ချကာစာခြောက်ရုပ်ရှိရာဆီသို့ အတွေးများဖြင့် စူးစိုက်ကြည့်နေကြ သည်မှာ တောငန်းတစ်ကောင်ပျံလာပြီး သူတို့အုပ်စုကို မြင်တွေ့သောကြောင့် မြစ် ကမ်းစပ် အစွန်းတွင်နားနေသည့် မတိုင်ခင်အထိဖြစ်သည်။ ထိုတောငန်းက မေးလိုက် သည် “ အသင်တို့က ဘယ်သူတွေလဲ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”

ကောင်မလေးတစ်ယောက်ကဖြေလိုက်သည်

“ငါ့နာမည်က ဒေါ်ရသီ ပြီးတော့ သူတို့တွေက ငါ့သူငယ်ချင်းတွေပါ။ ဒီတစ်ယောက်က Tin Woodman၊ ပြီးတော့ ဒါက သူရဲဘောကြောင်တတ်တဲ့ခြသေ့်လေ၊ ငါတို့က မြစိမ်းရောင်မြို့တော်ဆီ သွားကြမလို့လေ”

တောငန်းက သူ၏ရှည်လျားသော လည်ပင်းဖြင့် ထိုထူးဆန်းသော အုပ်စုကိုလှည့် ကြည့်ကာ ပြောလိုက်သည်

“မြို့တော်ဆီသွားတဲ့လမ်းက ဒီလမ်းမှ မဟုတ်တာ”

“အင်း… ငါတို့သိတယ် ဒီလမ်းမဟုတ်တာ၊ ဒါပေမဲ့ ငါတို့ စာခြောက်ရုပ်နဲ့ ကွဲသွားတော့ အခုပြန်လာရှာပြီးသူ့ကိုဘယ်လိုကမ်းပေါ်ရောက်အောင်လုပ်ရမလဲစဉ်းစားနေကြတာ”

ဟု ဒေါ်ရသီက ပြန်ဖြေလိုက်သည်။

တောငန်းကမေးလိုက်သည် “သူက ဘယ်မှာလဲ”

“ဟိုမှာလေ…. မြစ်လယ်မှာ” ဟု မိန်းကလေးငယ် ကပြန်ဖြေသည်။

“တကယ်လို့သူကသာ အရမ်းမကြီးဘူးဆိုရင် ငါ သူ့ကိုမင်းတို့ဆီသယ်လာပေးနိုင် ပါတယ်”

ဟု တောငန်းက ပြောပြသည်။ ဒေါ်ရသီက စိတ်အားထက်သန်စွာဖြင့်

“သူက တကယ်တော့ သိပ်မလေးပါဘူး… သူ့တစ်ကိုယ်လုံးကကောက်ရိုးတွေသွပ် ထားတာ တကယ်လို့ မင်းသာ သူ့ကို ငါတို့ဆီ ပြန်သယ်လာပေးနိုင်ရင်၊ သင့် ကျေးဇူးကို တကယ် တစ်သက်လုံး အမြဲတမ်း အမှတ်ရနေမှာပါ”

ပြောသည်။ တောငန်းက ပြန်ပြောသည်

“ကောင်းပြီလေ..ငါကြိုးစားကြည့်ပေးပါ့မယ်၊အကယ်၍သူကအရမ်းလေးလို့ငါမသယ် နိုင်တော့ရင်တော့ မြစ်ထဲပစ်ချခဲ့မှာ”

ထို့နောက်တွင်တော့ငှက်ကြီးသည် စာခြောက်ရုပ်ရှိရာတိုင်လုံးဆီသို့ ပျံသန်းသွားတော့သည်။ ရောက်သောအခါ သူမ၏ ကြီးမားသောလက်သည်းဖြင့် စာခြောက်ရုပ်ကို လက်မောင်းမှ ချီကာ သူ့ကို သယ်ဆောင်လာခဲ့ပြီး ဒေါ်ရသီ၊ ခြသေ့်နှင့် Tin woodman တို့ထိုင်နေသော မြစ်ကမ်းဆီသို့ ပျံသန်းလာခဲ့သည်။စာခြောက်ရုပ်သည် သူ့ကိုယ်သူ သူငယ်ချင်းများ ဝန်းရံနေသောအလယ်တွင် ပြန်တွေ့ရသောအခါ လွန်စွာ ပျော်ရွှင်သွား ပြီး အကုန်လုံးကို ပွေ့ဖက်နေလေသည်မှာ တိုတိုနှင့်ခြသေ့်ပါမကျန်ပင်။ ပြီးတော့လည်း သူသည် အလွန်ပျော်ရွှင်စွာဖြင့် လမ်းလျှောက်နေရင်းကို ပင် “Tol-de-ri-de-oh” ဟု သီချင်းပင် ညည်းနေတော့သည်။




“ငါတော့အရမ်းကြောက်နေခဲ့တာ ငါတော့တစ်သက်လုံးအဲ့မြစ်လယ်မှာ နေရတော့ မယ်ဆိုပြီး၊ ဒါပေမဲ့ ဒီကြင်နာတတ်တဲ့ တောငန်းကြီးက ငါ့ကိုကယ်တင်ပေးခဲ့တယ် ပြီးတော့ငါတကယ်လို့ဦးနှောက်သာရခဲ့ရင် တောငန်းကြီးကိုရှာပြီး ကျေးဇူးပြန်ဆပ် ရမယ်။”

ဟု သူကပြောသည်။

သူတို့ဘေးမှ ပျံရင်းလိုက်လာသောတောငန်းကပြောသည်

“ရပါတယ်၊ ငါက ဒုက္ခရောက်နေတဲ့ဘယ်သူ့ကိုမဆို ကူညီရတာ သဘောကျတယ်၊ ဒါပေမဲ့ အခုတော့ သွားမှရတော့မယ် ငါ့ကလေးတွေက အသိုက်ထဲမှာ ငါပြန်လာတာ စောင့်နေကြတယ်။ သင်တို့ခရီးလမ်းချောမွေ့စွာဖြင့် မြစိမ်းရောင်မြို့တော်ဆီရောက် ပြီး အော့ဇ့်က ကူညီနိုင်ပါစေ”

“ကျေးဇူးတင်ပါတယ်”

ဟု ဒေါ်ရသီ ပြန်ပြောလိုက်သည်။ ၎င်းနောက်တွင်တော့ ထိုကြင်နာတတ်သော တောငန်းကြီးကပျံသန်းသွားသည်မှာသူတို့မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ် သွားသည်။ အနားပတ်ဝန်းကျင်ရှိ အရောင်အသွေးစုံလင်သောငှက်များ သီချင်းသံများ ကိုလမ်းတလျှောက် နားထောင်ပြီး မြေပေါ်တွင်ချစ်စဖွယ် ပန်းလေးများ များပြားစွာ ပွင့်နေသာကြောင့် ပန်းကော်ဇောခင်းထားသကဲ့သို့ဖြစ်နေသာ မြေပြင်ကို ကြည့်ကာ လျှောက်လာ ရင်းဖြင့်  သူတို့ခရီးဆက်ခဲ့ကြသည်။ 

တောက်ပပြီး နီရဲနေသာ ဘိန်းပန်းပင်အုပ်ဘေးတွင် ကြီးမားသော အဝါရောင်၊ အဖြူရောင်နှင့် အပြာရောင် ပန်းပွင့်များက ဘေးပတ်လည်တွင် ဝန်းရံနေကြသည်မှာ ထို တောက်ပသောနေသော ပန်းအရောင်များ သည် ဒေါ်ရသီ မျက်လုံး ကျိန်းမတက်ကို ဖြစ်သွားစေသည်။

“သူတို့က မလှဘူးလားဟင်” ဟု မိန်းကလေးကတောက်ပသော ပန်း၏ ပြင်းရှရှ ရနံ ကို ရှုရှိုက်ကြည့်ရင်း ပြောသည်။

“ငါလည်း လှတယ်လို့ထင်တယ်” ဟု စာခြောက်ရုပ်က ပြန်ဖြေသည်၊ “တကယ်လို့ ငါ့ဆီမှာ သာ ဦးနှောက်ရှိမယ် ဆိုရင် သူတို့ကို ပိုနှစ်သက်မိမယ်ထင်တယ်”

Tin Woodman ကလည်း ထပ်ပြောသည် “ငါ့မှာလည်း နှလုံးသားသာရှိရင် သူတို့ အလှကို ပိုခံစားတတ်ပြီး နှစ်သက်မိလိမ့်မယ်”

ခြသေ့်က လည်းပြောသည် “ငါကတော့ ပန်းတွေကို အမြဲကြိုက်တယ်၊ သူတို့က အကူအညီမဲ့ကာအားနည်းပြီး ထိခိုက်လွယ်တယ်၊ ဒါပေမဲ့ တောအုပ်ထဲမှာ ဘယ်အရာ ကမှ သူတို့လောက် မတောက်ပကြဘူး”

ထို့နောက် သူတို့သည်ပို၍ကြီးမားကာ နီရဲတောက်ပနေသာဘိန်းပန်းများကို ပိုများပြား စွာတွေ့လာရသည်။ အခြားပန်းများကို မတွေ့ရတော့သလောက်ပင်။




ထို့နောက်တွင် တော့သူတို့ကိုယ်သူတို့ကြီးမားသောဘိန်းပန်းခင်းကြီး အလယ်တွင်ရောက်ရှိနေခဲ့ ကြောင်းသိခဲ့ရသည်။ အခုအကုန်လုံးသိတာ တစ်ခုက အဲ့လိုပန်းတွေ အများကြီး စုနေခဲ့ရင် သူတို့ရဲ့ အနံကပိုပြင်းထန်လာြပီးရှုမိတဲ့ ဘယ်သူ့ကိုမဆို အိပ်ပျော်စေ နိုင်တယ်။ တကယ်လို့ အိပ်ပျော်သွားတဲ့သူကိုသာ အဲ့ပန်းရနံ့တွေရှိတဲ့နေရာကနေ သယ်မထုတ်သွားဘူးဆိုရင် အဲ့သူပြန်မနိုးလာတော့ပဲထာဝရ အိပ်ပျော်သွားမှာဖြစ် သည်။ ဒါပေမဲ့ ဒေါ်ရသီလေး ကအဲ့အကြောင်းတွေကို မသိတဲ့အပြင် သူမက ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဒီ တောက်ပပြီးလှပတဲ့ ပန်းတွေချည်းတွေ့နေရပြီး မထွက်သွားနိုင်ခဲ့ပေ။ အဲ့နောက်တွင်တော့ သူမ၏ မျက်ခွံတွေလေးလာပြီး သူမ ထိုင်ချလိုက်ကာ အိပ်ပစ်လိုက်ချင်သည် ဟု ခံစားလာရသည်။

ဒါပေမဲ့ Tin Woodman က သူမကို အဲ့လိုလုပ်ခွင့်မပေးပေ။ သူကပြောလိုက်သည်

“ငါတို့ မမှောင်ခင်အဝါရောင်အုတ်စီလမ်းပေါ် ပြန်ရောက်အောင် မြန်မြန် သွားရမယ်” စာခြောက်ရုပ်နှင့်ခြသေ့်တို့ကလည်း သူနှင့်သဘောတူကြလေသည်။ ထို့ကြောင့် သူတို့သည်လမ်းလျှောက်လာကြသည်မှာ ဒေါ်ရသီလေးသူမလုံးဝ မတ်တပ်မရပ်နိုင် တော့သည်အထိပင်။ အဲ့ဒီ့နောက်တွင်တော့ ဘိန်းပင်များကြားတွင် ရှိနေသေးသည်ကို မေ့ကာ သူမ အိပ်ပျော်သွားတော့သည်။ Tin Woodman ကပြောလိုက်သည်

“ငါတို့ ဘာလုပ်ကြမလဲ”

ခြသေ့်ကလည်း ပြောသည်

“သူမကိုသာဒီအတိုင်းထားခဲ့ရင်သေသွားလိမ့်မယ်။ ဒီပန်းတွေရဲ့ အနံ့ကငါတို့ အားလုံး ကိုသေအောင်သတ်နိုင်တယ်။ ငါတောင်ကိုယ့်ကိုကိုယ် မနည်းမျက်လုံးကို ပြူးပြဲထား ရတာ ခွေးလေးကတော့ အိပ်ပျော်သွားပြီ”

အဲ့ဒါက အမှန်ပဲ ဖြစ်သည်။ တိုတိုက သူ့သခင်မ ဘေးတွင် အိပ်ပျော်နေတော့သည်။ ဒါပေမဲ့ စာခြောက်ရုပ်နှင့် Tin Woodman ကတော့အသွေးအသားနဲ့ မဟုတ်တဲ့ အတွက် ဒီ ပန်းနံ့တွေကြောင့် ဘာမှ မဖြစ်နိုင်ဘူး။

“မြန်မြန်ပြေးကြရအောင်ဒီသေစေနိုင်တဲ့ ဘိန်းပန်းခင်းထဲကနေငါတို့ တတ်နိုင်သ လောက်မြန်မြန်ထွက်ကြရအောင်။ မိန်းကလေးကိုပါသယ်သွားကြမယ်။ ဒါပေမဲ့ မင်း ကတော့ အိပ်မပျော်စေနဲ့ မင်းကိုယ်ကသယ်ဖို့အရမ်းကြီးလွန်းတယ်”

ဟု  စာခြောက်ရုပ်က ခြသေ့် ကို ပြောလိုက်သည်။ ထိုကြောင့် ခြသေ့်သည် သူ့ကိုယ်သူ အိပ်မပျော်စေရန် သတိထားလှုံ့ဆော်ရင်းဖြင့် မြန်မြန်ခုန်ကျော်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းမှာ မတွေ့ရတော့ပေ။

“ငါတို့ နှစ်ယောက်လက်တွေကိုတွဲပြီးကုလားထိုင်လိုလုပ်ကြရအောင်”

ဟု စာခြောက်ရုပ်ကပြောလိုက်သည်။ ထို့နောက် သူတို့ တိုတို ကို ဒေါ်ရသီပေါင်ပေါ် တင်ပြီးသူတို့လက်မောင်း နှစ်ဖက်စီကို ကုလားထိုင်ပုံစံ ကိုင်ဆက်လိုက်ပြီး ဒေါ်ရသီကို သူတို့နှစ်ယောက် တွဲကိုင်ထားသော လက်မောင်းလေးဘက်ကြားတွင်တင်ကာ ပန်းပင် များကြားမှ ထွက်လာခဲ့သည်။ သူတို့ လျှောက်လာရင်းကိုပင် ထိုသေနိုင်သော ပန်းခင်း ကြီးကသူတို့ပတ်ပတ်လည်တွင်ရှိနေသေးသည်မှာ ဘယ်တော့မှ  မဆုံးနိုင်တော့သလို ပင်။ သူတို့မြစ်အကွေ့အတိုင်း လိုက်လာခဲ့ကြရာ နောက်ဆုံးတွင်တော့ ထို ဘိန်းပင်များ ကြားတွင် အိပ်ပျော်သွားသော သူတို့သူငယ်ချင်း ခြသေ့်ကြီးကို တွေ့လိုက်ရသည်။ အဆိုပါ ပန်းပွင့်များ၏ ရနံ့သည် သည်ထိုကြီးမားသော သားရဲပင် မခံနိုင်လောက် အောင် ပြင်းထန်လွန်းလှသည်မှာ အသေအချာပင်။ နောက်ဆုံးတော့ ခြသေ့်သည် ထို ဘိန်းပန်းခင်းကြီးအဆုံးသို့အရောက်တွင်တော့ဆက်လက်တောင့်မခံနိုင်တော့ပဲအိပ်ပျော် သွားစေခဲ့သည်။ ထိုဘိန်းပန်းခင်း၏ ရှေ့တွင်တော့ မြက်ခင်းစိမ်းများ ကလှပစွာ တည်ရှိနေခဲ့သည်။ Tin Woodman က ဝမ်းနည်းစွာ ဖြင့်ပြောလိုက်သည်

“ငါတို့ သူ့ကို ဘာမှ မလုပ်ပေးနိုင်ဘူး သူကမသယ်သွားဖို့ရာအရမ်းလေးလွန်းတယ်။ ငါတို့ သူ့ကို ဒီနေရာမှာပဲထာဝရအိပ်ပျော်အောင်ထားခဲ့ရတော့မယ်။ ပြီးတော့ သူ အိမ်မက်မက်ရင်း နောက်ဆုံးတော့သတ္တိရှိလာပြီ ဆိုတာတောင် မက်ရင်မက်လိမ့်မယ်”

စာခြောက်ရုပ်ကလည်းပြောသည်

“ငါ တောင်းပန်ပါတယ်… ခြသေ့် မင်း က သူရဲဘောကြောင်ပြီး ကြောက်တတ်ပေမဲ့  တကယ့်ကို ငါတို့ရဲ့ ရဲဘော်ရဲဘက်ကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ အခုငါတို့ မင်းမပါပဲ ဆက်သွားရတော့မယ် ခွင့်ပြုပါအုန်း”

သူတို့တွေအိပ်ပျော်နေတဲ့ မိန်းကလေးငယ်ကိုအဆိပ်ရှိသော ပန်းနံ့များကိုထပ်မရှုမိ စေရန် ထိုဘိန်းပန်းခင်း၏အဝေးသို့ ခေါ်သွားကာ မြစ်ကမ်းနံဘေးတွင် ကောင်းမွန်လှပ သောတစ်နေရာကို ရှာတွေ့ခဲ့သည်။ နူးညံ့သောမြက်ခင်းပေါ်တွင် သူမကို ဖြည်းညင်း စွာချကာပြန်လည် သတိလည်လာမည်ကို စောင့်နေခဲ့ကြသည်။


rate now: