book

Index 6

6. ခြင်္သေ့နှင့်တွေ့ဆုံခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၆ သူရဲဘောကြောင်သော ခြင်္သေ့

Translate by Mei


ဤတစ်လျှောက်လုံးတွင်ဒေါ်ရသီနှင့် သူမ၏ အပေါင်းအဖော်နှစ်ဦးသည် နေပြောက်ပင်မထိုးအောင် သစ်ပင်ကြီးများဖြင့်ထူထပ်နေသော တောအုပ်အတွင်း ဖြတ်သန်းသွားခဲ့သည်။ အခုထိ လမ်းကတော့ အဝါရောင်အုတ်ခဲများအပြည့် ခင်းထားသော်လည်း လမ်းတစ်လျှောက်တွင် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းခြောက်များကအပြည့်ဖုံးလွှမ်းထားသောကြောင့်လမ်းလျှောက်ရသည်မှာသိပ်အဆင်မပြေလှပေ။ ငှက်များသည် နေရာင်ခြည်ကိုအထူးကြိုက်နှစ်သက်ကြသည့်အလျှောက် ဤကဲ့သို့ အုံ့မှိုင်း နေသောတောအုပ်အတွင်းပိုင်းတွင် ငှက်အနည်းငယ်ကိုသာမြင်တွေ့ရလေသည်။ ထို့အပြင် ထူထပ် နေသောခြုံပုတ်များ၊ သစ်ပင်များအကြားတွင် ပုန်းကွယ်နေထိုင်ကြသောတချို့ တောရိုင်းတိရစ္ဆာန် များ၏ညည်းတွားဟိန်းဟောက်သံများကိုပါ ကြားနေရလေသည်။ ထိုအသံများကိုတစ်ချက်တစ်ချက် ကြားလိုက်ရတိုင်း ဘယ်လိုအကြောင်းကြောင့်မှန်းမသိပေမဲ့ ဒေါ်ရသီလေး နှလုံးခုန်နှုန်းကသိသိ သာသာ မြန်လာလေသည်။ ထိုအချိန်တွင် တိုတိုကတော့ အရင်လို ပြန်မဟောင်ရဲတော့ဘဲ ဒေါ်ရသီ့ ဘေးနားမှ နီးနီးကပ်ကပ် လိုက်လာခဲ့သည်။ သူမက Tin woodman ကို မေးလိုက်သည်။ “ဒီတောအုပ်ကနေထွက်သွားရဖို့ ဘယ်လောက်လောက်လိုသေးလဲဟင်”

Tin woodman ကပြန်ဖြေသည်

“ငါလည်းသေချာမပြောနိုင်ဘူး။ ဒါပေမဲ့… ငါငယ်ငယ်လေးတုန်းကတော့အဖေက မြစိမ်းရောင်မြို့ တော်ကိုတစ်ခေါက်သွားဖူးတယ်။ သူပြောပြတာကတော့ အော့ဇ့် နေတဲ့မြို့တော်အနီးအနားက တိုင်းပြည်ကတကယ်ကိုလှပတယ်တဲ့လေ။ အဲ့နေရာကိုရောက်ဖို့အတွက်ကို အလွန်အန္တရာယ်များလှ တဲ့အဲ့တိုင်းပြည်ကို ဖြတ်သန်းသွားရမယ်၊ ပြီးတော့အဲ့ခရီးကတကယ့်ကို ရှည်ကြာတဲ့ခရီးတစ်ခုပဲတဲ့ လေ။ ငါ့မှာကချောဆီရှိနေသရွေ့ အဆင်ပြေတယ်။ ပြီးတော့စာခြောက်ရုပ်ကိုလည်း ဘာကမှနာကျင် အောင်မလုပ်နိုင်ဘူး။ သင့်ဆီမှာကလည်း ကောင်းမွန်တဲ့စုန်းမရဲ့အနမ်းအမှတ်အသားကနဖူးပေါ်မှာရှိ နေပြီးသားဆိုတော့ ဘာအန္တရာယ်မှဖြစ်စရာမရှိဘူး။”

ဒါပေမဲ့ သူမလေး စိတ်ပူပန်စွာနဲ့ပြောလိုက်တာက

“ဒါပေမဲ့ တိုတိုလေးက ရော သူ့မှာ အကာအကွယ်လည်းမရှိဘူးလေ”

အဲ့ဒီ့ အခါ Tin Woodman ကပြန်ဖြေလိုက်တယ်

“သူ့တစ်ခုခု အန္တရာယ်တွေ့လာခဲ့ရင်တော့ ငါတို့ ဝိုင်းပြီး ကာကွယ်ပေးရမှာပေါ့” 

သူပြောနေတဲ့အချိန်မှာပဲတောထဲကနေ ကြောက်မက်ဖွယ်ရာ အော်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့ သည်။ အဲ့ဒီ့အော်သံကြီးကြားရပြီးမကြာခင်အချိန်တွင်ခြင်္သေ့တစ်ကောင်ဟာသူတို့သွားနေတဲ့ လမ်းမ အပေါ် ခုန်တက်လာခဲ့သည်။ သူ့လက်သည်းဖြင့် တစ်ချက်ပုတ်ခံလိုက်ရသော စာခြောက်ရုပ်သည် ချာချာလည်ကာလွင့်ထွက်သွားပြီး လမ်းမအစွန်းတစ်ဖက်ဆီသို့လဲကျသွားသည်။ ပြီးနောက်တွင် တော့ Tin woodman ကို သူ့လက်သည်းဖြင့်ထိုးစိုက်လိုက်လေသည်။ Tin Woodman သည်လည်း လမ်းမပေါ်သို့ လဲကျသွားပြီး လဲလျောင်းနေလေသည်။ ထိုအခါ  ခြင်္သေ့ သည်အံ့ဩသွားသော်လည်း ထိုသံထည်တွေကို အထင်မကြီး၊ အရေးမစိုက်ပေ။ ယခုတော့ ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်နေရသော တိုတိုလေးသည် ထိုခြင်္သေ့ဆီသို့ပြေးသွားကာ ထိုးဟောင်နေသည်။ ထိုခြင်္သေ့က တိုတို ကိုကိုက်ဖို့ ပါးစပ်ကိုအသင့်ပြင်ထားလေသည်။ ထိုအခါ ဒေါ်ရသီလေးသည် တိုတိုလေး သေအောင်အကိုက်ခံ ရတော့မလိုဖြစ်နေသည့် အခြေအနေကိုတွေ့သွားသောအခါ သူမအတွက် အန္တရာယ်ရှိလာမည် ကိုတောင်မမှုနိုင်ပဲထိုခြင်္သေ့အရှေ့သို့သွားကာ၎င်း၏နှာခေါင်းကိုသူမအားကုန်ထုတ်၍ဖြတ်ရိုက်လိုက် တော့သည်။ ပြီးနောက် သူမ အသားကုန်အော်ပြောလိုက်သည်

“နင် တိုတို ကိုကိုက်ရဲရင်ကိုက်ကြည့်…. နင့်ကိုယ့်နင်ပြန်ကြည့်အုန်း အရှက်မရှိဘူးလား။ နင့်လို အကောင်အကြီးကြီးကဒီလိုသေးငယ်ပြီး သနားစရာကောင်းတဲ့ ခွေးသေးသေးလေးကို ကိုက်သတ်ဖို့ ကြိုးစားရဲတာ တကယ်မရှက်တတ်တာပဲ!”

ခြင်္သေ့က ဒေါ်ရသီရိုက်လိုက်သောသူ့နှာခေါင်းကို လက်ဖြင့်ပွတ်ရင်းပြန်ချေပသည်က

“ငါသူ့ကိုမကိုက်ခဲ့ပါဘူး”

“မကိုက်လိုက်ရတာလေ... နင်သူ့ကို ကိုက်ဖို့တော့ကြိုးစားခဲ့တာပဲလေ၊ နင်ဟာလေတကယ့်ကို သူရဲဘောကြောင်တဲ့အကောင်ကြီးပဲ”

ဟု သူမ ပက်ခနဲ ပြန်ပြောလေသည်။ ခြင်္သေ့ ကရှက်ရွံ့စွာဖြင့် သူ့ခေါင်းကိုငုံ့ကာ ပြောသည်။

“ငါသိပါတယ်။ ငါ အမြဲ အဲ့လိုလုပ်တတ်တာ သိပါတယ်။ ဒါပေမဲ့ ငါလည်း မတတ်နိုင်ဘူးလေ”

“ဒီလိုကောက်ရိုးအစာသွပ်ထားတဲ့သနားစရာ စာခြောက်ရုပ်ကိုတောင်ရိုက်တယ်ဆိုတော့ နင်မသိဘူး ဆိုတာ သေချာသွားပြီ”

ဒေါ်ရသီ က စာခြောက်ရုပ်ကို ပုံစံမှန်သွားအောင် လုပ်ပေးနေချိန်တွင် ခြင်္သေ့ က စာခြောက်ရုပ်ကို ခေါင်းအစ ခြေအဆုံးသေချာကြည့်ကာ  အံ့ဩတကြီး ဖြင့် မေးလိုက်သည်

“သူက တကယ်ကြီး အစာသွပ်ထားတာလား?”

“သေချာတာပေါ့ သူက အစာသွပ်ထားတာလေ”

ဟု အခုထိ ဒေါသမပြေသေးသော ဒေါ်ရသီလေးက ပြန်ပြောလိုက်သည်။ ခြင်္သေ့ကလည်း ပြန်ပြီး မှတ်ချက်ပေးသည်

“အာ့ကြောင့်ကို… သူအဲ့လိုအလွယ်တကူ လဲကျသွားတာ။ တကယ့်ကို အံ့ဩသင့်လောက်အောင်ကို  ချာချာလည်သွားတာပဲ။ နောက်တစ်ယောက်ကရော အဲ့လို အစာသွတ်ထားတာပဲလား”

“မဟုတ်ဘူး သူက သံဖြူနဲ့လုပ်ထားတာ”

ဟု ဒေါ်ရသီကပြောသည်။ ပြီးတော့ သူမ Tin woodman ကိုမတ်တတ်ရပ်နိုင်အောင် ကူညီပေးလိုက် သည်။

“အဲ့ဒါကြောင့်ကို… သူ့ကြောင့်ငါ့လက်သည်းတွေတုံးလုနီးပါးဖြစ်သွားတာ။ ပြီးတော့အဲ့သံကိုယ်ထည် ကိုခြစ်လိုက်မိတာ ငါ့တစ်ကိုယ်လုံးကြက်သီးတောင်ထသွားတယ်။ သင်အရမ်း နူးနူးညံ့ညံ့ဆက်ဆံတဲ့ ဒီအကောင်အသေးလေးကရော ဘာလေးလဲ။”

ဟု ခြသေ့်ကပြောသည်။ ဒေါ်ရသီကပြန်ဖြေသည်

“သူက ငါ့ရဲ့ ခွေးလေးလေ”

ခြင်္သေ့ကပြန်မေးသည်

“သူကရော သံနဲ့လုပ်ထားတာလား ဒါမှမဟုတ်  အစာသွပ်ထားတာလား”

“တစ်ခုမှ မဟုတ်ဘူး။ သူက အသွေးနဲ့… အသားနဲ့… ဖွဲ့စည်းထားတဲ့ခွေးလေးတစ်ကောင် ..ဟ”

ဟု ဒေါ်ရသီက ပြန်ပြောသည်။

“အိုး!... သူဟာသိချင်စိတ်ပြင်းထန်တဲ့တိရစ္ဆာန်လေးတစ်ကောင်ပဲ။ အခုတော့သူ့ကိုငါ ကြည့်လိုက် တော့ သူက အံ့သြလောက်အောင်သေးငယ်နေပုံရတယ်။ ငါ့လိုမျိုး သူရဲဘောကြောင်တဲ့သူကလွဲ ပြီး ထိုကဲ့သို့သောသေးငယ်သည့်အရာကိုကိုက်ဖို့ဘယ်သူမှစဉ်းစားမှာမဟုတ်ဘူး"

ဟု Lion ကဝမ်းနည်းစွာဆက်ပြောသည်။

“မင်းကို ဘာက သူရဲဘောကြောင်တဲ့သူဖြစ်စေတာလဲ။”


မြင်းသေးသေးလေးတစ်ကောင်ကဲ့သို့ကြီးမားသောသားရဲကိုသိချင်စိတ်အပြည့်ဖြင့်ကြည့်ကာ ဒေါ်ရသီ က မေးခဲ့သည်။ ခြင်္သေ့က ပြန်လည်ဖြေကြားသည်က

“အဲ့ဟာကပဟေဠိတစ်ခုလိုပဲ အဖြေရှာမတွေ့သေးဘူး။ ကြည့်ရတာ ငါက အဲ့လိုပုံစံမျိုးနဲ့ပဲမွေးဖွား လာတာဖြစ်လိမ့်မယ်။ ခြင်္သေ့ ဆိုတာကတောဘုရင်ဆိုတော့တောအုပ်ထဲက အခြားတိရစ္ဆာန်တွေ ကလည်း ငါ့ကို အခြားခြသင်္သေ့တွေလိုပဲသတ္တိရှိမယ် ထင်ထားကြတာ။ ပြီးတော့ ငါ လေ့လာသိရှိ ထားတာက ငါသာအကျယ်ကြီးဟိန်းဟောက်လိုက်မယ်ဆိုရင် တောအုပ်ထဲက အကောင်တွေ အကုန်လုံးကြောက်လန့်ကုန်ကြပြီး ထွက်ပြေးကုန်ကြတာ ငါ့ သွားမယ့်လမ်းကိုရှင်းပြီးသားပဲ။  ဘယ်အချိန်ပဲဖြစ်ဖြစ် လူသားတစ်ယောက်ကို တွေ့ရင် တော့ ငါ အတော်ထိတ်လန့်ကြောက်ရွံ့မိတာ ၊ အဲ့ဒါကြောင့်ငါသူ့ကိုငါ့အနားကနေ မြန်မြန်ထွက်သွားအောင် အကျယ်ကြီးဟိန်းဟောက်ပြီး အသံပေး လိုက်တယ်။ တကယ်လို့ ဆင်တွေ၊ကျားတွေနဲ့ ဝက်ဝံတွေ ပေါင်းပြီး တစ်ခါထဲ ငါ  လာတိုက်ခိုက်ဖို့ ကြိုးစားခဲ့ရင်တော့ သူရဲဘောကြောင်ပြီးကြောက်တတ်တဲ့ ငါက ကိုယ့်ဘာသာလွတ်အောင်ပြေး ဖို့ကြိုးစားရမယ်… ဒါပေမဲ့လည်း ငါဟိန်းဟောက်လိုက်တာနဲ့ သူတို့လည်း ငါ့နားကပြန်ထွက်ပြေးကြ တာပဲ။ အဲ့တော့သေချာပေါက်ငါလည်းသူတို့ကို လွှတ်ပေးလိုက်တာပေါ့”

စာခြောက်ရုပ်ကပြောသည်

“ဒါပေမဲ့အဲ့လိုကြောက်တတ်တာကသိပ်မကောင်းဘူးလေ၊ သားရဲတွေရဲ့ဘုရင်က သူရဲဘောမကြောင် သင့်ဘူး”

“ငါလည်းအဲ့လိုမဖြစ်သင့်တာသိတာပေါ့၊ အဲ့လိုဖြစ်နေတာကငါ့ဘဝရဲ့ကြီးမားတဲ့ ဝမ်းနည်းကြေကွဲရ ခြင်းပဲ။ ပြီးတော့ အဲ့ဒါ့ကငါ့ကို မပျော်မရွှင်ဖြစ်အောင်နှိပ်စက်နေတာပဲ။ ဒါပေမဲ့လည်း ဘယ်တော့ ဖြစ်ဖြစ်အန္တရာယ်တစ်ခုခုကြုံလာြပီဆိုတာနဲ့ ငါ့ နှလုံးခုန်တာအရမ်းမြန်လာရောလေ”

ဟု ခြင်္သေ့ကသူ့မျက်လုံးထဲကထွက်လာသော မျက်ရည်ကို အမြီးဖျားနှင့် သုတ်ရင်းပြောပြလေသည်။

“ဖြစ်နိုင်တာက မင်းမှာ နှလုံးရောဂါရှိနေတာများလား”

ဟု Tin Woodman က ပြောလိုက်သည်။ ခြင်္သေ့ကပြောသည်က

“ဖြစ်နိုင်ပါတယ်”

Tin Woodman ကဆက်ပြောသည်က “တကယ်လို့ မင်းမှာသာ နှလုံးရောဂါတကယ်ဖြစ်နေခဲ့ရင် မင်းဝမ်းသာသင့်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဟာကမင်းမှာ နှလုံးသားရှိတယ်ဆိုတာကို သက်သေပြ တာပဲလေ။ ငါ့ အတွက်ကတော့ ငါ့မှာ နှလုံးသားမရှိတဲ့အတွက် နှလုံးရောဂါလည်းမရနိုင်ဘူးလေ”

ထိုအခါ ခြင်္သေ့က တွေးတွေးဆဆဖြင့်ပြောသည်က

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊တကယ်လို့ငါ့မှာလည်းနှလုံးသားသာမရှိခဲ့ရင်ငါလည်းသူရဲဘောကြောင် တဲ့ ခြင်္သေ့တစ်ကောင်ဖြစ်လာမှာ မဟုတ်ဘူး”

စာခြောက်ရုပ်က မေးလိုက်သည် “မင်းမှာ ဦးနှောက်ရောရှိလား”

ခြင်္သေ့ကပြန်ဖြေသည်

“ရှိမယ်ထင်တာပဲ ၊ ငါ တစ်ခါမှာတော့ ငါ့ခေါင်းထဲ ဘာရှိလဲ မကြည့်ဖူးပေမဲ့လည်း”

စာခြောက်ရုပ်က “ငါကတော့ ခေါင်းထဲမှာ ကောက်ရိုးတွေချည်းပဲ အစာသွပ်ထားတာမို့ အော့ဇ်ဆီကို သွားပြီး ခေါင်းထဲကို ဦးနှောက် ထည့်ပေးနိုင်မလား အကူအညီတောင်းမလို့”

ဟု ပြန်လည် ဖြေကြားသည်။ Woodman ကလည်း ပြောသည်

“ငါကလည်း နှလုံးသားတစ်ခု လောက်ပေးပါလားလို့ သွားတောင်းကြည့်မလို့လေ။”

ဒေါ်ရသီလေးကပါပြောပြလေသည်

“အော့ဇ်က ငါနဲ့ တိုတို ကို ကန်ဆတ်စ်ကို ပြန်ပို့ပေးနိုင်မလားဆိုတာ သွားမေးကြမလို့လေ”

ထိုသူရဲဘောကြောင်သော ခြင်္သေ့ ကပါ မေးသည် 

“ငါ့ကိုရော အော့ဇ့် ကသတ္တိတချို့ပေးနိုင်မယ်လို့ နင်ထင်လား?” 

စာခြောက်ရုပ်က ပြောသည်

“ငါ့ကို ဦးနှောက်ပေးရသလိုပဲ လွယ်မယ်ထင်တယ်”

Tin Woodman ကလည်းဝင်ပြောသည်

“…. ဒါမှမဟုတ် ငါ့အတွက်လည်း နှလုံးသားတစ်ခုပေးသလိုပဲနေမယ်”

ထို့အခါ ဒေါ်ရသီလေး ကပါပြောသည်

“….ဒါမှမဟုတ် ငါ့ကို ကန်ဆတ်စ် ပြန်ပို့ပေးရသလိုပဲနေမှာပေါ့”

ခြင်္သေ့က ပြောလိုက်သည်

“အာ့ဆို ငါပါ နင်တို့နဲ့ အတူတူလိုက်ခဲ့လို့ အဆင်ပြေတယ်မလား… ဘာကြောင့်လဲဆိုတော့ ငါ့ဘဝကလည်း သတ္တိမရှိတော့ တကယ့်ကို သည်းမခံနိုင်လောက်အောင် ဆိုးဝါးတယ်”

ဒေါ်ရသီလေးက အဖြေပြန်ပေးသည်

“ငါတို့ အဖွဲ့ကနေ ဝမ်းသာအားရကြိုဆိုပါတယ်၊ နင့်အကူအညီနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေကို အနားကပ်မလာအောင်လုပ်လို့ရတယ်။ ငါထင်တာတော့ နင်သူတို့ကိုဒီလောက်လွယ်လွယ်လေးနဲ့ ကြောက်အောင်ခြောက်နိုင်တာကိုကြည့်ခြင်းအားဖြင့် သူတို့ကနင့်ထက်ပိုပြီး သူရဲဘောကြောင်ပုံရ တယ်”

ခြင်္သေ့က ပြန်ပြောသည်

“မှန်လိုက်လေခြင်း၊ ဒါပေမဲ့ အဲ့ဟာက ငါ့ကို သတ္တိရှိလာအောင် မလုပ်ပေးနိုင်ဘူး၊ ပြီးတော့ ငါ့ကိုယ်ငါ သိနေတာပဲ ငါက ငကြောက်တစ်ယောက်ဆိုတာလေ၊ အဲ့တော့အဲ့အတွေးရှိနေသရွေ့ ငါ မပျော်ရွှင် နိုင်ဘူး”

အဲ့လိုနဲ့ အဖွဲ့ထဲသို့ အသစ်ရောက်လာသော ခြင်္သေ့ကိုပါခေါ်၍ ခရီးဆက်ကြတော့သည်။ ခြင်္သေ့သည် ဒေါ်ရသီ ၏ဘေးမှ ကပ်လိုက်လာလေသည်။ စစချင်း တိုတိုက ထိုကဲ့သို့ ဒေါ်ရသီနားကပ်နေသည်ကို မြင်သောအခါ ထို ရဲဘော်ရဲဘက်အသစ် ခြင်္သေ့ အပေါ် အမြင်မကြည်တော့ပေ။ ထို့အပြင် သူအခုထိ မမေ့သေးပေ။စောနလေးကတင်ထိုခြင်္သေ့၏မေးရိုးနှစ်ခုကြားထဲဝါးစားခံရလုနီးပါး ဖြစ်သွားခဲ့သည်။ အချိန် ခဏကြာသွားသောအခါတွင်တော့ သူ ခြင်္သေ့ကိုမြင်ရတာနည်းနည်း သက်တောင့်သက်သာ ဖြစ်လာပြီးအခုအချိန်တွင်တော့တိုတိုနှင့်ထိုသူရဲဘောကြောင်သော ခြင်္သေ့တို့သည် သူငယ်ချင်း ကောင်း များ ဖြစ်သွားတော့သည်။ ထိုနေ့၏ ကျန်ရှိသော အချိန် အတောအတွင်း အခြားစွန့်စားရမည့် ကိစ္စအထွအထူး မရှိခဲ့သဖြင့်အချိန်တွေကိုငြိမ်းငြိမ်းချမ်းချမ်းကုန်ဆုံးခဲ့ရသည်။ ထို့နောက် Tin woodman သည်မြေကြီးပေါ်တွင်တွားသွားနေသောသနားစရာ ပိုးကောင်မာလေးကို တက်နင်းလိုက် မိလေသည်။ အဲ့ဖြစ်ရပ်က Tin Woodman ကိုအတော်မပျော်မရွှင်ဖြစ်စေခဲ့သည်။ ဘာလို့လဲ ဆိုတော့သူကအမြဲတမ်းသက်ရှိသတ္တဝါလေးတွေကို မသတ်မိအောင်ဂရုတစိုက် သွားလာတတ်တဲ့ သူမျိုးဖြစ်တာကြောင့်ဖြစ်သည်။ ထို့နောက်တွင်တော့ ဝမ်းနည်းမှု၊ နောင်တ တို့ကြောင့် လမ်းလျှောက်နေရင်း မျက်ရည်များတဖြည်းဖြည်း စီးကျလာကာ သူ့ မေးရိုးနှစ်ဖက်ပေါ်ကျကာ သံချေးတက်သွားခဲ့သည်။ ဒေါ်ရသီလေးက သူ့ကို မေးခွန်းတစ်ခု လှမ်းမေးလိုက်သောအခါ Tin Woodman သည်ပြန်ဖြေဖို့သူ့ပါးစပ်ကို ဖွင့်လို့မရတော့ပေ။ သူ့ရဲ့ မေးရိုးနှစ်ဖက်က သံချေးတက်ကာ ကျပ်နေတော့သည်။ သူ အရမ်းလန့်သွားခဲ့ပြီး ဒေါ်ရသီကို လက်ဟန်အမှုအယာ ကိုယ်အမှုအယာ မျိုးစုံလုပ်ပြကာပြောပြပေမယ့် ဒေါ်ရသီက သူဘာပြောချင်မှန်းနားမလည်ပေ။ ခြင်္သေ့သည်လည်း ဘာကမှားနေမှန်းမသိ အူတူတူဖြစ်နေသည်။ ဒါပေမဲ့ စာခြောက်ရုပ်က ဒေါ်ရသီ ခြင်းထဲက ချောဆီဘူးကို လှမ်းယူလိုက်ပြီး Tin woodman ၏ မေးရိုးတွေကို ဆီထည့်ပေးလိုက်သည်။ အဲ့လိုနဲ့ ခဏကြာတော့ သူအရင်အတိုင်း စကားပြန်ပြောနိုင်ခဲ့သည်။ သူက ပြောလိုက်သည် 

“အဲ့ဒါကငါ့အတွက်သင်ခန်းစာပဲနောက်တစ်ခါသတိထားရမယ်၊ငါခြေလှမ်းလှမ်းတဲ့အခါတိုင်းသေချာကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ငါသာ ပိုးကောင်မာလေး ဒါမှမဟုတ် တခြားပိုးကောင်လေးတွေကို နင်းမိသွားခဲ့ရင် ငါထပ်ပြီးငိုမိလိမ့်မယ် အဲ့အခါကျရင် ငါ့မေးရိုးတော့တစ်ခါထပ်ပြီး သံချေးတက်လိမ့် မယ်”

အဲ့အတွက်ကြောင့် Tin Woodman သည်မျက်စိကိုရှင်ရှင်ထားကာလမ်းကိုသေချာကြည့်၍ လျှောက်လေသည်။ အဲ့လိုနဲ့ သူ အကောင်သေးသေးလေးတွေတွေ့တိုင်း သူတို့ကို မထိခိုက်မိအောင် ကျော်ခွသွားလေသည်။ Tin Woodman က သူ့ဆီမှာ နှလုံးသားမရှိတာသိထားတော့ သူ့ဘက်က အခြားသက်ရှိတွေကို နာကျင်အောင်၊ မကြင်မနာ ဆက်ဆံတာမျိုးတွေ မဖြစ်စေရန်၊ မလုပ်မိရန် အထူးဂရုပြုနေလေသည်။ သူကပြောသည်

“မင်းတို့လိုနှလုံးသားပါတဲ့လူသားတွေကျတော့အမှားတွေမလုပ်မိအောင်လမ်းပြပေးမည့်နှလုံးသားရှိတယ်လေ။ ဒါပေမဲ့ ငါကကျတော့ နှလုံးသားမရှိတဲ့အခါ တကယ့်ကိုအထူးဂရုပြုနေရတယ်။ အော့ဇ် ကျွန်ုပ်ကိုနှလုံးသားတစ်ခု‌ပေးလိုက်နိုင်ခဲ့တဲ့အခါကျရင်အခုလောက်သတိထားနေစရာမလိုလောက်တော့ ဘူးပေါ့နော်”


rate now: