book

Index 4

4. တောအုပ်ထဲမှ ဖြတ်သန်းသွားရသော လမ်းကလေး

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း-၄ တောအုပ်ထဲမှ ဖြတ်သန်းသွားရသော လမ်းကလေး

Translate by Mei


နာရီအနည်းငယ်ကြာပြီးနောက်လမ်းခရီးဟာ စတင်ကြမ်းတမ်းလာခဲ့တယ်၊ခက်ခက်ခဲခဲ လျှောက်နေရ သောကြောင့်စာခြောက်ရုပ်သည်မညီမညာဖြစ်နေသော အဝါရောင်အုတ်ခင်းလမ်းပေါ်တွင်မကြာခဏ ဆိုသလိုပင်ချော်လဲနေတော့သည်။ တစ်ခါတစ်ရံမှာတော့ တကယ့်ကိုပဲ အပေါက်ကြီးဖြစ်နေတဲ့လမ်း တွေ၊ ချိုင့်ကြီးတွေကိုတွေ့ရတဲ့အခါ တိုတိုက တစ်ခါထဲ ခုန်ကျော်လိုက်ပြီး ဒေါ်ရသီကတော့ ဘေးနား ကနေပတ်လျှောက်သွားခဲ့သည်။ ဒါပေမဲ့ဦးနှောက်မရှိတဲ့ စာခြောက်ရုပ်ကတော့ သူကရှေ့တည့်တည့် ပဲလျှောက်တတ်ပြီး ဘယ်လိုခုန်ကျော်ရမယ်၊ ရှောင်ကွင်းသွားရမယ်တို့ကို မသိချေ။ ထိုအခါ သူက မကြာခဏပင် ထိုတွင်းတွေ ချိုင့်တွေထဲ ပြုတ်ကျကာ ဆောင့်မိတော့သည်။ ထိုအုတ်ခဲအဝါတွေက သူ့ကိုမနာကျင်စေပေမဲ့လည်း ဒေါ်ရသီလေးက သူ့ကိုအဲ့တွင်းတွေချိုင့်တွေထဲကထွက်နိုင်အောင်ကူညီ ပေးရတော့သည်။ ဘယ်လိုပဲပြုတ်ကျနေပါစေ ဒေါ်ရသီလေးက သူ့ကို ပြန်ဆွဲတင်ထူပြီးနောက်  သူ့ ခြေထောက်ပေါ် ပြန်ရပ်နိုင်ပြီဆိုတာနဲ့ သူ၏ထိုအလွဲများကို ပျော်ရွှင်စွာရယ်မောဟားတိုက်ပစ်ရင်း ဘာမှမဖြစ်ခဲ့သလို ဆက်သွားတော့သည်။

ဒီနေရာမှာတွေ့နေရတဲ့ လယ်ကွင်းနဲ့ စိုက်ခင်းအကုန်လုံးက အရင်အရှေ့မှာတွေ့ခဲ့ရတဲ့ စိုက်ခင်းတွေ လောက်ကောင်းမွန်စွာ ဂရုတစိုက်စိုက်ပျိုးထားခြင်းမရှိသည်ကိုတွေ့ရသည်။ အရှေ့ကိုဆက်သွားသည် နှင့်အမျှလူနေအိမ်ခြေများနှင့် သစ်သီးပင်များက တဖြည်းဖြည်းနည်းပါးလာပြီး  ခပ်ကျဲကျဲသာမြင်နေ ရတော့သည်။ ဤသို့ဝေးကွာလာသည်နှင့်အမျှ လမ်းတလျှောက်မှာလူသူကင်းမဲ့လာပြီး တိတ်ဆိတ် ခြောက်ကပ်နေသောနိုင်ငံတစ်ခုကဲ့သို့ထင်ရစေသည်။နေ့လည်ရောက်တော့သူတို့သည်လမ်းဘေးတစ်နေရာရှိစမ်းချောင်းလေးအနီးအနားတွင်ထိုင်ချလိုက်ပြီး ဒေါ်ရသီက သူမ၏ဆွဲခြင်းတောင်းကိုဖွင့်လိုက် ပြီးပေါင်မုန့်အချို့ကိုထုတ်ယူလိုက်သည်။



ထို့နောက်ပေါင်မုန့်တချို့ကို စာခြောက် ရုပ် ကိုစားဖို့ပေးပေမဲ့ သူက ငြင်းပယ်လိုက်သည်။

“ငါ ကဗိုက်မဆာတတ်ဘူးလေ” 

ဟု သူကပြန်ပြောလေသည်။ သူကဆက်ပြောလေသည် 

“ပြီးတော့ ငါ ပါးစပ်ကဆေးခြယ်ထားတဲ့ ပုံသက်သက်ပဲအပေါက်ဖောက်ထားတာ မဟုတ်ဘူး။ အဲ့တော့ စားလို့မရဘူးလေ ဒါပေမဲ့လည်း အဲ့လိုအပေါက်ဖောက်မထားတာက ကံကောင်းသွားတာပဲ အပေါက်ရှိ လို့စားလို့သာရနေရင် ငါ့ ပါးစပ်ထဲထည့်သိပ်ထားတဲ့ကောက်ရိုးတွေ အပြင်ထွက်လာလိမ့်မယ်။ အဲ့လို ထွက်လာရင် ငါ့ခေါင်းကပုံပျက်သွားမှာပေါ့ မလှတော့ပဲနဲ့”

ဒေါ်ရသီ လည်းကြည့်လိုက်ပြီး သူပြောတာအမှန်ပဲ ဟုတွေးမိသောကြောင့် ခေါင်းကိုသာညိတ်ပြလိုက် ပြီး သူမ၏ စားလက်စပေါင်မုန့်ကိုသာ ဆက်စားနေသည်။ ထို့နောက် သူမ စားသောက်ပြီး သည့်အခါ စာခြောက်ရုပ်က

“နင်လာခဲ့တဲ့နေရာက ဘယ်လိုနေရာလဲ? ပြီးတော့ နင့်အကြောင်းပါ နည်းနည်းလောက်ပြောပြလေ” ဟုပြောသည်။ ထိုအခါ ဒေါ်ရသီလေးက ကန်ဆတ်စ်ဆိုတာက ဘယ်လိုမျိုးအမြဲထိုင်းမှိုင်းပြီး အုံ့မှိုင်းနေ တဲ့အကြောင်းက အစချီပြီး ဆိုင်ကလုန်းတိုက်ခတ်ရာတွင် လွင့်ပါလာပြီးဒီ အော့ဇ် နယ်မြေကို ဘယ်လို ရောက်လာသည်အထိ ပြောပြလိုက်သည်။ စာခြောက်ရုပ်က သေချာဂရုတစိုက်နားထောင်လိုက်ပြီး နောက် သူကမေးလိုက်သည်

“အဲ့လိုအမြဲ အုံမှိုင်း ပြီးပျင်းစရာတဲ့ကန်ဆတ်စ်လို့ခေါ်တဲ့ နေရာကို ပြန်သွားချင်နေရတာလဲ ဒီလို စိမ်းလန်းပြီး လှပတဲ့နေရာမှာမနေပဲနဲ့လေ”

ဟုပြောလိုက်သည်။ ဒေါ်ရသီက

“အဲ့ဒါကတော့ နင့်မှာ ဦးနှောက်မှမရှိတာကို”

ဟု ပြန်ပြောလေသည်။

“ဘယ်လောက်ပဲ ငါ့နေခဲ့တဲ့နေရာက ခြောက်သွေ့အုံ့မှိုင်းပြီး ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်ဖြစ်နေစေအုန်း တော့ အဲ့နေရာကကမှ ငါတို့လိုလူတွေ ကြီးပြင်းနေထိုင်တဲ့နေရာလေ ငါတို့ရဲ့ အိမ်ပေါ့။ ငါတို့ကလည်း အသွေးနဲ့အသားနဲ့ခံစားတတ်တဲ့လူတွေပဲ လှတဲ့နေရာမှာနေရတာတော့ကြိုက်တာပေါ့။ ဒါပေမဲ့ လည်း ဒီနေရာက ကိုယ့်မွေးရပ်မြေ ကအိမ်လိုမျိုးမှ မဟုတ်တာလေ။”

စာခြောက်ရုပ်က သက်ပြင်းချလိုက်လေသည်။ သူကပြောသည်မှာ

“သေချာတာပေါ့ ငါနားမလည်နိုင်ဘူးဆိုတာ၊ ပြီးတော့ တကယ်လို့ နင့်ခေါင်းထဲမှာလည်း ငါ့လိုမျိုး ကောက်ရိုးတွေသာ အပြည့်ထည့်ထားမယ်ဆိုရင် နင်လည်း ဒီလိုလှပတဲ့နေရာမှာလည်းနေတော့မှာ အဲ့ဒီ့တော့ ကန်ဆတ်စ်မှာလည်း နေမည့်လူတွေမရှိတော့ဘူး။ နင့်လို ဦးနှောက်ရှိတဲ့လူတွေရှိတာ ကန်ဆတ်စ်အတွက်တော့ တကယ်ကောင်းတာပဲ။”

သူမကမေးလိုက်တယ်

“ငါတို့နားနေတုန်း နင်ရော ငါ့ကို ပုံပြင်တစ်ပုဒ်လောက် မပြောပြချင်ဘူးလားဟင်”

စာခြောက်ရုပ်က သဘောသိပ်မတူချင်သည့် ပုံနှင့် ဒေါ်ရသီ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်က -

“ငါ့ အသက်က ငယ်ငယ်လေးပဲရှိသေးတာ  အဲ့တော့ ငါတကယ်ကို ဘာမှ မသိပါဘူး၊ ငါ့ကို တမြန်နေ့ကမှလုပ်ထားကြတာလေ။ ငါမရှိလာခင်က ဘာဖြစ်ခဲ့တယ်ဆိုတာတွေကို ငါက ဘယ်လို လုပ်သိမှာလဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက လယ်သမားကြီး ငါ့ကို ဖန်တီးတုန်းက သူငါ့ခေါင်းကို ပုံဖော်ပြီးတဲ့အချိန် သူပထမဆုံး လုပ်တာက ငါ့ကို နားရွက်တွေ ဆွဲပေးတာပဲ အဲ့တော့ အဲ့အချိန်မှာ ဖြစ်နေတဲ့အရာတွေကိုပဲ ငါကြားရတာပေါ့။ အဲ့တုန်းက သူ့ဘေးနားမှာ တခြားလူပုလေးတစ်ယောက် ရှိသေးတယ်။ အဲ့အချိန် ငါပထမဆုံးကြားရတာက အဲ့လူပုလေးကို သူမေးလိုက်တာကိုပဲ

“မင်း ဒီနားရွက်တွေဆွဲထားတဲ့ ပုံကိုကြိုက်လား” တဲ့။

အဲ့တစ်ယောက်ကပြောတာ “နားရွက်တွေက ဖြောင့်ဖြောင့်တန်းတန်းလည်းမရှိဘူး” တဲ့။

“စိတ်ထဲထားမနေနဲ့၊ နားရွက်တွေက အကုန်အတူတူပဲ” ဟု ထိုလယ်သမားကြီးကပြောလေသည်။

“အခု ငါမျက်လုံးတွေစဆွဲတော့မယ်” ဟု ထိုလယ်သမားကြီးကပြောသည်။ အဲ့ဒီ့နောက်မှာတော့ သူက ငါ့ကို ညာဘက်မျက်လုံးတွေ စဆွဲတယ်။ အဲ့ဒါ ပြီးပြီးချင်း ငါ့ ဘေးနားပတ်ပတ်လည် ကို စိတ်ဝင်တစား နဲ့ လိုက်ကြည့်နေလိုက်တယ်။ အဲ့ဒီ့ အဖြစ်အပျက်က ငါ့ရဲ့ ပထမဆုံး လောကကြီးကို တွေ့ဖူးတာပေါ့။

“ဒီမျက်လုံးတွေကတော့ဆွဲထားတာ တော်တော်လှတာပဲ။ တကယ့်ကိုပဲမျက်လုံးအရောင်ဆိုတာ အပြာရောင်ပဲဖြစ်သင့်တာ တော်တော်လှတာပဲ”

ဟု လယ်သမားကြီးကို ဘေးကကြည့်နေတဲ့ ထိုလူပုလေးကပြောလိုက်သည်။ လယ်သမားကြီး က “ငါမျက်လုံးတစ်ဖက်ကို နည်းနည်းကြီးကြီးဆွဲမိသွားတယ် ထင်တာပဲ” ဟုပြောလေသည်။ အဲ့လိုနဲ့ သူတို့ ငါ့ကို နောက်ထပ် မျက်လုံး တစ်လုံး ထပ်ဆွဲပေးတယ် အဲ့ဒါပြီးတော့ ငါ့ အမြင်အာရုံ က ကြည့်ရတာ ပိုကောင်းလာတယ်။ အဲ့ဒီ့နောက် သူက ငါ့ကို နှာခေါင်းနဲ့ ပါးစပ်ပုံဆွဲပေးတယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက ငါစကားမပြောတတ်သေးဘူး ဘယ်လိုပြောရမလဲလည်းမသိဘူး ဘာလို့လဲဆိုတော့ ငါ မှမသိတာ ပါးစပ်ဆိုတာ ဘာလုပ်ဖို့လဲဆိုတာကိုလေ။ ငါ့ကို သူတို့တွေ လက်တွေ ခြေထောက်တွေ လုပ်ပေးနေတာကို ကြည့်နေရတာ အတော်ပျော်စရာကောင်းတာပဲ။ ပြီးတော့ သူတို့ အဲ့ဒါတွေကို ငါ့ခေါင်းနဲ့ တွဲပေးလိုက်တဲ့အခါ ငါ အခုတခြားလူတွေလိုမျိုး လူတစ်ယောက် ဖြစ်သွားပြီဆိုပြီး အရမ်း ဂုဏ်ယူခဲ့ရတာ ။

“သူ့ကြည့်ရတာ လူတစ်ယောက်နဲ့အတော်တူတာပဲ ကျီးကန်းတွေကို မြန်မြန် ဆန်ဆန် ခြောက်လှန့် နိုင်မှာပဲ” ဟု ထိုလယ်သမားကြီးကပြောသည်။

“ဘာလို့လဲ? သူက လူတစ်ယောက်ပဲဟာကို” ဟု အခြားတစ်ယောက်က ပြောလေသည်။ ငါကတော့ အဲ့လူပြောတာကိုအတော်သဘောတူတာပဲ။ လယ်သမားကြီးက ငါ့ကိုသူ့လက်မောင်းကြားထဲညှပ် သယ်သွားပြီး ပြောင်းဖူး စိုက်ကွင်းထဲကို သယ်သွားတယ်။ ပြီးတော့တိုင်အမြင့်ပေါ်မှာ ငါ့ကို ကပ်ချည်ထား ခဲ့တော့တာပဲ နင် ငါ့ကို ရှာတွေ့တဲ့နေရာပေါ့။ အဲ့ဒါတွေလည်းပြီးရော သူနဲ့ သူ့သူငယ်ချင်းက ငါ့ကို တစ်ယောက်ထဲထားခဲ့ပြီး ထားသွားကြရောလေ။

ငါအဲ့လိုမျိုး ခြောက်ကပ်ကပ်ကြီး တစ်ယောက်ထဲနေရတာမျိုးမကြိုက်ဘူး၊ အဲ့ဒီ့တော့ ငါ သူတို့နောက်ကို လိုက်သွားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ ခြေထောက်တွေက မြေကြီးဆီမရောက်နိုင်ဘူး အဲ့ဒီ့နောက် ငါအဲ့တိုင်ပေါ်မှာ ငါ့ဆန္ဒမပါပဲ နေခဲ့ရတယ်။ အဲ့နေ့ရက်တွေက တကယ့်ကို အထီးကျန်ဆန်ခဲ့တာပဲ ..အဲ့မတိုင်မီတုန်းက ငါ ဘယ်လိုတွေးတောရတယ်ဆိုတာလည်းမသိဘူး။ ကျီးကန်းတွေအများကြီး နဲ့ အခြားသောငှက်တွေကလည်း ပြောင်းဖူးအခင်းထဲ ဝင်ဝင်လာကြတယ်၊ ဒါပေမဲ့ သူတို့က ငါ့ကိုတွေ့သွားတာနဲ့ ပြန်ထွက်ပြေးကြပြန်ရော ၊ အဲ့လို ပျံပြေးကြတာကိုတွေ့တော့ ငါ့ကို့ သူတို့က လူပုလေးတစ်ယောက်လို့ထင်ပြီး ထွက်ပြေးတာပဲဖြစ်ရမယ်လို့ တွေးပြီး အဲ့လိုခံစားချက်က ငါ့ကို အတော်လေးကျေနပ်အားရစေတယ်။ အဲ့လိုနဲ့ နေလာရင်း ကျီးကန်အိုကြီးတစ်ကောင်က ငါ့အနားကိုပျံလာပြီး ငါ့ကိုသေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပြီးတော့ သူက ငါ့ပုခုံးပေါ်မှာနားလိုက်ကာ - “အဲ့ လယ်သမားက ဒီလို ခနော်ခနဲ့ အရုပ်ပုံစံမျိုးနဲ့ ငါကို အရူးလုပ်ချင်နေတာပဲ အသိဥာဏ် ရှိတဲ့ကျီးကန်းတိုင်း မြင်တာနဲ့ သိနိုင်နေတာ အဲ့ဟာကကောက်ရိုးတွေနဲ့ လုပ်ခထားတယ်ဆိုတာကို”။ အဲ့ဒီ့နောက် အဲ့အကောင်က ငါ့ ခြေထောက်အောက် ဆင်းသွားလိုက်ပြီး သူစားချင်သလောက် ပြောင်းဖူးစေ့တွေ စားနေတော့တာပဲ။

အဲ့အခါ တခြားငှက်တွေကပါ ပျံဆင်းလာကြပြီး စားလိုက်ကြတာ ငါ့ဘေးနားပတ်ပတ်လည်မှာ ငှက်တွေ အုပ်လိုက်ကြီးပဲ။

“ငါ ဝမ်းနည်းခဲ့တယ် အဲ့လိုအဖြစ်အပျက်တွေ ဖြစ်သွားတာက ငါက စာခြောက်ရုပ်တစ်ရုပ်ရဲ့တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်ခဲ့ဖူးဆိုတာ နောက်ဆုံးသိခဲ့ရတယ်။” အဲ့အချိန်မှာ အဲ့ ကျီးကန်းအိုကြီးက လာပြီးနှစ်သိမ့်ပေးတယ်… “မင်းခေါင်းထဲမှာဦးနှောက်သာရှိခဲ့ရင်မင်းကသူတို့လိုလူတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူတို့ထဲကတချို့လူတွေထက်ပိုကောင်းတဲ့လူတစ်ယောက်တောင် ဖြစ်လာနိုင်လိမ့်မယ်။ မင်းက ကျီးကန်းတစ်ကောင်ပဲဖြစ်နေနေ ၊ လူတစ်ယောက်ပဲဖြစ်နေနေ မင်းဆီမှာ အသိဥာဏ် သာ ရှိရင် ဘာဖြစ်နေတာပါဆိုတာက အရေးမပါဘူး။ မင်းဆီမှာ စဉ်းစားတွေးတောနိုင်တဲ့ အသိဥာဏ် ဦးနှောက်ပဲ ရှိဖို့လိုတာ။”

“အဲ့ ကျီးကန်းအိုကြီး ထွက်သွားပြီးနောက် ငါစဉ်းစားနေခဲ့တာ အဲ့နောက်မှာတော့ ငါ ဦးနှောက်တစ်ခုရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ အဲ့အချိန် ကံကကောင်းပြီး နင်နဲ့တွေ့ရောလေ ..နင်က ငါ့ကို အဲ့တိုင်အပေါ်ကနေဖြုတ်ပေးခဲ့တာ ။ ပြီးတော့ မြစိမ်းရောင် မြို့တော်ကို ရောက်ရ၍် နင်ပြောခဲ့တဲ့ ကြီးမြတ်တဲ့မှော်ပညာရှင်ကြီး အော့ဇ့် က ငါ့ကို ဦးနှောက်တစ်ခု ပေးလိမ့် ဆိုတာနဲ့ ပတ်သတ်ပြီး နင်ပြောသလိုဖြစ်လာလိမ့်လို့ ငါသေချာသိနေတယ်။”

ဒေါ်ရသီလေး က တကယ့် စိတ်ရင်းနဲ့ “ နင် က အဲ့လောက် စိတ်အားထက်သန်မှု ရှိနေတာပဲ  ငါတကယ် အဲ့လိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောလေသည်။

“အင်း..အဲ့လို ဖြစ်လာမှာပါ ငါလည်းတကယ့်ကို စိတ်အားထက်သန်နေပြီ၊ ဒီတစ်ယောက်က အရူးလိုပဲ ဆိုတာကြီး က ငါ့ကို မသက်မသာကြီးခံစား၇စေတယ်” ဟု စာခြောက်ရုပ်ကပြောသည်။

“ကောင်းပြီ…အခု ငါတို့ခရီးဆက် ကြရအောင်” ဟု သူမက စာခြောက်ရုပ်ကိုပြောပြီး လက်ဆွဲခြင်းတောင်းလေးကို ယူပြီး စာခြောက်ရုပ်လက်ထဲထည့်ပေးလိုက်သည်။

အခု လမ်းတလျှောက်မှာ ခြံစည်းရိုးခတ်ထားတာတွေလည်းမရှိတော့ပဲ လမ်းကလည်း မညီမညာ ဖြင့် တစ်စတစ်စ ကြမ်းလာသည်။ ညနေစောင်းသောအခါ သူတို့ နှစ်ဦးသည် ကြီးမားသော သစ်ပင်ကြီးများနှင့် ပြည့်နှက်နေပြီး သစ်ကိုင်းများကလည်း နေပြောက်ပင် မထိုးနိုင်အောင်အဝါရောင် အုတ်ခင်းလမ်းလေးပေါ်သို့ ယှက်ဖြာနေသော တော့အုပ်ကြီးဆီ ရောက်လာခဲ့သည်။ သစ်ပင်များ အကြားရောက်နေသောကြောင့် ညဘက်ရောက်နေသကဲ့သို့ ခံစားနေရသည် ၊ သစ်ကိုင်းတွေ များပြားထူထဲတဲ့ သစ်ရွက်တွေကလည်း နေရောင်ကို မဝင်ရောက်နိုင်အောင် တားဆီးထားကြလေသည်။ ဒါပေမဲ့ ဒေါ်ရသီတို့က မရပ်နားသေးပဲ ထို သစ်တောအုပ်ကြီး ထဲသို့ ဝင်လာခဲ့လေသည်။

စာခြောက်ရုပ်ကပြောသည်က “ဒီလမ်းအတိုင်းသာ တည့်တည့်လိုက်သွားရင် တောအုပ်ထဲက ထွက်နိုင်လောက်မှာပါ၊ ပြီးတော့ မြစိမ်းရောင် မြို့တော်ကလည်း ဒီလမ်းရဲ့အဆုံးမှာ ရှိနေတာလည်း ဖြစ်နိုင်တယ်၊ ငါတို့ အဲ့လမ်းအတိုင်း ဆက်လိုက်သွားကြမယ်” ။

ဒေါ်ရသီလေး က “အဲ့လိုကတော့ လူတိုင်းသိတာပဲလေ” ဟုပြောသည်။

ထိုအခါ စာခြောက်ရုပ်ကပြန်ပြောသည်က “သေချာပေါက်ကို ပဲ အာ့ကြောင့် ငါသိနေတာကို၊ တကယ်ကို အဲ့လိုသိနိုင်ဖို့ က ဦးနှောက်လိုအပ်တယ်ဆိုရင်တော့ ငါမပြောသင့်ဘူးပေါ့လေ”။

နောက်တစ်နာရီအကြာမှာတော့ နေ့အလင်းရောင်က တဖြည်းဖြည်းကွယ်ပျောက်လာပြီး သူတို့ကိုယ် သူတို့ အမှောင်ထုထဲရောက်နေပြီဆိုတာသိရှိခဲ့ရသည်။ ဒေါ်ရသီကတော့ ဘာမှ မမြင်ရတော့ချေ၊ တိုတိုကတော့ မြင်နိုင်လေသည် ဘာလို့ဆိုတော့ တချို့ခွေးတွေက အမှောင်ထဲကောင်းစွာမြင်နိုင်ကြသည်လေ၊ ပြီးတော့ စာခြောက်ရုပ်ကလည်း အတိအလင်းပြောကြားသည်က သူကလည်း အမှောင်ထဲမှာကို နေ့ဘက်လိုပဲ မြင်ရတယ်ဆိုတာကို ကြော်ငြာလေတော့သည်။ ထိုအခါ ဒေါ်ရသီလေးက သူ့လက်မောင်းကိုကိုင်တာ ကောင်းမွန်စွာ ခရီးဆက်နိုင်ခဲ့သည်။

ထို့နောက် ဒေါ်ရသီက သူ့ကို “နင်တကယ်လို့ ငါတို့အတွက် ဒီည တည်းခိုနားနေလို့ရမည့် အိမ်တစ်လုံး ဒါမှမဟုတ် နေရာတစ်နေရာကိုတွေ့ရင် ငါ့ကို ကျိန်းသေပြောပြရမယ်နော်  ငါအတွက်က ဒီလို အမှောင်ထဲ စမ်းတဝါးဝါးလျှောက်ရတာက မသက်မသာခံစားရတယ်” ဟုပြောလေသည်။

တအောင့်လောက်ကြာတော့ စာခြောက်ရုပ်က လမ်းလျှောက်နေရာမှ ရပ်သွားလေသည်။

သူက ပြောတယ် “ငါတို့ ညာဘက်အခြမ်းမှာ လယ်တောအိမ်အသေးလေး တစ်လုံးတွေ့တယ်၊ ကြည့်ရတာ သစ်တုံး သစ်ကိုင်းတွေနဲ့ဆောက်ထားတာ၊ ငါတို့အဲ့ဒီ့ကိုသွားကြည့်ကြမလား”။

ဒေါ်ရသီလေး က “ အင်းပေါ့ မေးနေစရာလိုသေးလား ငါတော်တော်ပင်ပန်းနေပြီ….သွားကြည့်ကြရအောင်” ဟု ပြန်ဖြေသည်။

အဲ့လိုနဲ့ စာခြောက်ရုပ်က သစ်ပင်တွေကြားမှ ဦးဆောင်၍ ထို လယ်တောအိမ်လေးဆီသို့ ခေါ်သွားလေသည်။ ဒေါ်ရသီလေး ထိုအိမ်ထဲဝင်ကြည့်လိုက်တော့ ထောင့်လေးတစ်ထောင့်မှာ သစ်ရွက်ခြောက်တွေနဲ့ လုပ်ထားတဲ့ အိပ်ရာလေးတစ်ခုကိုတွေ့လိုက်သည်။ သူမ ထိုအပေါ်ကို လှဲချလိုက်ပြီး ချက်ချင်းကို အိပ်မောကျသွားတော့သည် ၊ တိုတိုကလည်း သူမဘေးတွင်ကပ်လျက်အိပ်နေသည်။ ဘယ်တော့မှ မပင်ပန်းတတ်သည့် စာခြောက်ရုပ်ကတော့ အိမ်ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေရင်းဖြင့်ပင် စိတ်ရှည်စွာဖြင့် မနက်ရောက်သည်အထိစောင့်နေလေသည်။


*** ဖတ်ရတာအဆင်ပြေနဲ့ ပိုပီးမြင်အာင် ပုံလေးတွေထည့်ပေးထားတယ်နော် 😁 မင်မင် အားရှိအောင်ကော်ဖီတိုက်လို့ရတယ်နော် 😘😘 ***


rate now: