အခန်း -၁၇ မိုးပျံပူဖောင်း ဘယ်လို ဆင်းသက်လာတာပါလိမ့်
နောက် သုံးရက်လုံးလုံး ဒေါ်ရသီလေး အော့ဇ်ဆီက ဘာသတင်းမှ မကြားရပေ။ သူမ ၏ သူငယ်ချင်းတွေကတော့ လိုအင်ဆန္ဒများ ပြည့်ဝသွား၍ ပျော်ရွှင်နေကြသော်လည်း သူမအတွက်တော့ ဝမ်းနည်းဖွယ်ရာနေ့ရက်များကို ကျော်ဖြတ်နေခဲ့ရသည်။စာခြောက်ရုပ်က သူတို့ကို သူ့ခေါင်းထဲမှာ အံ့ဩဖို့ကောင်းတဲ့ အရာတွေ အများကြီးကို တွေးတောထားကြောင်း၊ ဒါပေမဲ့လည်း သူကိုယ်တိုင်မှလွဲပြီး အခြားသူတွေနားမလည်လောက်သောကြောင့် မပြောတော့ပါဘူးလေ ဟု အခိုင်အမာပြောနေတော့သည်။ Tin Woodman သည်လည်း ဒေါ်ရသီ့ကို ပြောပြနေခဲ့သည် က သူ့ ယခု နှလုံးသားက သူလူသားဖြစ်စဉ်တုန်းကထက် ပိုနူးညံ့ပြီး ကြင်နာတတ်သော နှလုံးသားတစ်ခုဖြစ်ကြောင်း ကို ရှာဖွေတွေ့ရှိထားပြီးသည့်အပြင် ထိုအရာက သူလမ်းလျှောက်လိုက်တိုင်းလည်း သူ့ရင်ဘတ်ထဲတွင် ခုန်ပေါက်နေသည်ကို ခံစားနိုင်ကြောင်း ရေရွတ်ပြောနေတော့သည်။ ခြသေ့်ကလည်း သူ ယခု ကြောက်မက်ဖွယ် ကာလီဒါ့ရှ် အကောင် ဆယ့်နှစ်ကောင် သို့မဟုတ် တပ်စု တစ်စုနီးပါး ပင်ရောက်လာအုန်းတော့ သူပျော်ရွှင်စွာပင် ရင်ဆိုင်မယ်ဖြစ်ကြောင်း ၊ ယခု ကမ္ဘာပေါ်က မည်သည့်အရာကိုမှ ကြောက်ရွံ့စိတ်ရှိမနေတော့ကြောင်း ဖွင့်ဟပြောကြားနေလေသည်။
ထို အဖွဲ့ထဲတွင် ကန်ဆတ်စ်ကို အရင်ကထက်ပင် ပြန်ချင်နေပြီ ဖြစ်သော ဒေါ်ရသီလေးမှလွဲ၍ ကျန်သူများအားလုံး စိတ်ကျေနပ်မှု ရရှိနေကြလေသည်။
လေးရက်မြောက်နေ့တွင်တော့ အော့ဇ်က သူမကို တွေ့ဖို့ခေါ်လိုက်သောကြောင့် ပျော်သွားလေသည်၊ သူမ ညီလာခံခန်းမဆီသို့သွားကာ သူ့ကို သာယာစွာ နှုတ်ခွန်းဆက်လိုက်လေသည်။
“ကျွန်ုပ် ရဲ့ ချစ်လှစွာသောကလေးမလေး...ထိုင်လိုက်ပါအုန်း၊ သမီး ဒီတိုင်းပြည်ကနေ ထွက်သွားလို့ရနိုင်မယ့် နည်းလမ်းတစ်ခုရှာတွေ့ပြီ ထင်တယ်”
သူမ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည် “ကန်ဆတ်စ်ကို ပြန်လို့ရမယ့်နည်းလား ဟင်”
အော့ဇ်က ဖြေလိုက်သည် “အင်း…ကန်ဆတ်စ် နဲ့ ပတ်သက်ပြီးတော့ကတော့ သိပ်မသေချာဘူး ဒီနေရာက ဘယ်နားရှိမှန်းတောင် နည်းနည်းလေးတောင် မခန့်မှန်းနိုင်တာ…ဒါပေမဲ့ အရင်ဆုံး ဒီကန္တာရကို ကျော်ပြီး သွားရမယ်၊ ပြီးရင်တော့ သင့်အိမ်ကို ပြန်လို့ရမယ့် လမ်းကို တွေ့ရလိမ့်မယ်”
သူမ မေးမြန်းစုံစမ်းလိုက်သည် “ဒီ ကန္တာရကို ဘယ်လို ဖြတ်ကျော်ပြီး သွားရမလဲ”
ထို သူက ပြောလိုက်သည် “ကောင်းပြီ၊ ကျွန်ုပ် တွေးထားတာကို ပြောပြမယ်လေနော်၊ သင်သိတယ်မလား…ကျွန်ုပ် ဒီကို မိုးပျံပူဖောင်း တစ်လုံးနဲ့ ပါလာတယ်ဆိုတာကိုလေ၊ သင်ကလည်း ဆိုင်ကလုန်းတိုက်တဲ့အထဲပါလာပြီး လေကြောင်းလမ်း ထဲကနေပဲ ရောက်လာရတာပဲမလား။ အဲ့ဒီ့တော့ ကျွန်ုပ် ယုံကြည်တာကတော့ ဒီ ကန္တာရကို လေကြောင်းလမ်းနဲ့ပဲ ဖြတ်သန်းသွားတာ အကောင်းဆုံးဖြစ်မယ်။ အခု ဆိုင်ကလုန်း ကိုတော့ ကျွန်ပ် မဖန်ဆင်းနိုင်ဘူး ၊ မလုပ်နိုင်လောက်ဘူး ဒါပေမဲ့ မိုးပျံပူဖောင်း တစ်လုံးတော့ လုပ်ပေးလို့ရတယ်။”
ဒေါ်ရသီလေး ကထပ်မေးလိုက်သည် “ဘယ်လိုလုပ်မှာလဲ”
အော့ဇ်က ပြန်ဖြေသည် “မိုးပျံ ပူဖောင်းတစ်လုံးလုပ်မယ်လေ၊ အဲ့ဟာကို ပိုးသားစနဲ့ လုပ်ပြီး အထဲကို ဓာတ်ငွေ့ထည့်မယ် ပြီးရင် ကော်နဲ့ ပိတ်လိုက်မယ်။ ငါ့ နန်းတော်ထဲမှာ ပိုးထည်စတွေမှ အများကြီးပဲ၊ အဲ့တာ့ ဘောလုံးတစ်လုံးလုပ်ဖို့ကအတွက် ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ ဘောလုံးကို လေထဲ ပေါလောမျောနေအောင် လုပ်ဖို့ အတွက် ဒီတိုင်းပြည်ထဲမှာ ဓာတ်ငွေ့ ဘောလုံးထဲထည့်ဖို့ မရှိဘူး”
ဒေါ်ရသီကလည်း မှတ်ချက်ပေးသည် “တကယ်လို့ အဲ့ဒါကလေထဲ ပေါလောမျောမနေဘူးဆိုရင်လည်း အသုံးမဝင်ဘူးလေ”
အော့ဇ် က ပြန်ဖြေသည် “အသေအချာပဲ…သို့ပေမဲ့လည်း လေထဲမျောနေအောင်လုပ်ဖို့ နောက်တစ်နည်းတော့ ရှိတယ် အဲ့ဟာက မီးနဲ့ လေပူတွေထည့်ရမယ်၊ မီးပုံးပျံက ဓာတ်ငွေ့ထည့်ထားတဲ့ မိုးပျံပူဖောင်းလောက်တော့ မကောင်းပေမဲ့ပေါ့၊ တကယ်လို့ အပူငွေ့လေ လုံလောက်အောင် မရှိတော့တဲ့အခါကျရင် အဲ့ဟာက ကန္တာရထဲ မျောပါနေရင်းကနေ ပြုတ်ကျလာနိုင်ပြီး ငါတို့ လမ်းပျောက်သွားလိမ့်မယ်”
ဒေါ်ရသီက မေးလိုက်သည် “ငါတို့…ဆိုတော့၊ သင် က သမီးနဲ့ အတူသွားမလို့လား”
အော့ဇ်က ပြန်ဖြေသည် “အင်းလေ…သေချာတာပေါ့ ၊ ငါလည်း ဒီလို အယောင်ဆောင်နေရတာ အတော် ငြီးငွေ့နေပြီ၊ မတော်လို့ အကယ်၍ ငါသာ ဒီနန်းတော်ထဲကထွက်လာတဲ့တနေ့ ငါက မှော်ဆရာမဟုတ်မှန်းသာ ရှာတွေ့သိရှိသွားရင် သူတို့ကို လှည့်စားထားတယ်ဆိုပြီး ငါ့ကို တစ်စစီ ဖြစ်အောင် လုပ်ပြီး ဒေါသတွေပုံချမှာပေါ့။ ဒီတော့ အခုလိုမျိုး တနေကုန်အခန်းထဲမှာ ပိတ်လှောင်ပြီးနေနေရတာ ပင်ပန်းလာပြီ။ သင်နဲ့ အတူ ကျွန်ုပ်လည်း ကန်ဆတ်စ် ပြန်လိုက်လာပြီး ဆက်ကပ်အဖွဲ့ထဲ ပြန်လုပ်မယ်လေ”
ဒေါ်ရသီက ပြောလိုက်သည် “ဒါဆိုလည်း အဖော်တစ်ယောက်တိုးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်”
သူ ကပြန်ဖြေသည် “ကျေးဇူးပါ…တကယ်လို့ သင်သာ အခု ကျွန်ုပ်ကို ပိုးထည်စတွေကို တွဲချုပ်ပေးနိုင်မယ်ဆိုရင် ငါတို့ မိုးပျံပူဖောင်း စလုပ်ကြလို့ရပြီ”
ထို့နောက် ဒေါ်ရသီ အပ်နှင့် အပ်ချည်ကို ယူလိုက်ပြီး အော့ဇ် ဖြတ်ပေးသော ပိုးထည်စ တစ်ကွက်ချင်းဆီကို သေသပ်စွာ တွဲစပ်ချုပ်ပေးလိုက်သည်။ ပထမတော့ အစိမ်းနုရောင် ပိုးထည်စ တစ်ရစ်၊ ပြီးတော့ အစိမ်းရင့် ပိုးထည်စများဖြင့် နောက် အရစ်တစ်ရစ်၊ နောက်ပြီးတော့ မြစိမ်းရောင်ပိုးထည်စများဖြင့် အရစ်တစ်ရစ် ပြုလုပ်ခဲ့သည်။ အော့ဇ်သည် ဤကဲ့သို့ အရောင်စုံ ဒီဇိုင်း လုပ်ရသည်ကို သဘောကျနှစ်ခြိုက်ပုံရပြီး မိုးပျံပူဖောင်းကို ထိုအရောင်များတစ်ရစ်ဆီ တွဲစပ်ကာ ပြုလုပ်လေသည်။ ထို ပိုးထည်စတွေအကုန်လုံးကို တွဲချုပ်ဖို့ရာ သုံးရက်တိတိ ကြာမြင့်ခဲ့ပြီးနောက်မှာတော့ မီတာ နှစ်ဆယ်ခန့်ရှည်လျားသော အစိမ်းရောင်ပိုးထည် အိတ်ကြီး ပြီးဆုံးသွားတော့သည်။
ထို့နောက်အော့ဇ်က အတွင်းထဲကို ကော်များသုတ်ကာ လေယိုစိမ့်စရာ အပေါက်မရှိအောင် ပြင်ဆင်လိုက်ပြီးနောက်တွင်တော့ ပူဖောင်း အဆင်သင့် ဖြစ်ပြီ ဟု ကြေငြာလိုက်တော့သည်။
သူ ကဆက်ပြောသည် “ငါတို့ လိုက်ပါ စီးနင်းဖို့ တောင်းတစ်လုံးလောက်တော့လိုမယ်။” ထို့နောက် အစိမ်းရောင်မုတ်ဆိတ်ရှည်စစ်သားကို ကြီးမားသော အဝတ်ခြင်းတောင်းကြီးတစ်လုံး သွားယူခိုင်းလိုက်သည်။ ထိုနောက် ကြိုးများစွာဖြင့် ပူဖောင်းအောက်ခြေတွင် တွဲချည်လိုက်သည်။
အကုန်လုံး အဆင်သင့် ပြင်ဆင်ပြီးသောအခါ အော့ဇ်က လူထုကို သူ အခု တိမ်တွေကြားထဲမှာနေတဲ့ သူ့ ရဲ့ကြီးမြတ်တဲ့ မှော်ဆရာ အကို ဆီ သွားရောက်လည်ပတ်မယ် ဟု သတင်းစကားပါးလိုက်တော့သည်။ သတင်းမှာ တစ်ခဏအတွင်းမှာပင် တစ်မြို့လုံး မြန်ဆန်စွာ ပျံ့နှံ့သွားကာ လူတိုင်းက ထိုကဲ့သို့ အံ့ဩဖွယ် အဖြစ်အပျက်ကို ကြည့်ရှုရန်စုဝေးရောက်ရှိလာကြတော့သည်။
အော့ဇ်က ထိုမိုးပျံပူဖောင်းကို နန်းတော်ရှေ့ ကို သယ်ဆောင်သွား ရန် အမိန့်ပေးလိုက်ပြီးနောက်တွင် လူထုသည် ထိုပူဖောင်းကြီးကို သိချင်စိတ်အပြည့်ဖြင့် ငေးမောကြည့်ရှုနေခဲ့ကြသည်။ Tin Woodman က သစ်တုံးကြီးတစ်တုံးကို ခွဲကာ ထင်းအဖြစ်သုံးပြီး မီးပုံကြီး တစ်ခုလုပ်လိုက်သည်၊ ထို့နောက် အော့ဇ်က မိုးပျံပူဖောင်း ၏ အောက်ခြေမှကိုင်ကာ မီးပုံ အပေါ်မြှောက်ကိုင်ထားလိုက်သည် ၊ ထိုအခါ မီးခိုးမှိုင်းများသည် ပူဖောင်းထဲသို့ ဝင်ရောက်လာကာ တဖြည်းဖြည်း ထိုပူဖောင်းသည် ဖောင်းကားလာပြီး လေထဲသို့မြင့်တက်သွားတော့သည် မှာ ခြင်းတောင်းသည် မြေကြီးကိုထိရုံလေး ဖြစ်နေတော့သည်။
ထို့အခါ အော့ဇ် သည် ခြင်းတောင်းထဲသို့ ဝင်ကာ ကျယ်လောင်စွာ ဖြင့် လူထုကို အော်ပြောလိုက်သည် -
“အခြ ကျွန်ုပ်အလည်သွားတော့မယ်၊ ကျွန်ုပ်မရှိတဲ့ အတောအတွင်း စာခြောက်ရုပ်က မြို့တော်ကို ကိုယ်စား အုပ်ချုပ်လိမ့်မယ်၊ ကျွန်ုပ်အပေါ် နာခံကြသလိုမျိုး သူပြောသမျှ အမိန့်ကို လိုက်နာဆောင်ရွက်ကြပါ”
ထိုအချိန်တွင် ပူဖောင်းသည် ၎င်းကို မြေပြင်၌ချည်ထားသည့်ကြိုးသည် တင်းလာပြီး ပူဖောင်းထဲရှိလေထုသည် အလွန်ပူလာပြီး ပူဖောင်းသည် ပေါ့ပါးလာကာ မြေပြင်မှ ကြွတက်လာတေ့သည်မှာ ထိုကဲ့သို့ဆွဲချည်ထားသော ကြိုးသာ မရှိပါက ကောင်းကင်ပေါ်သို့ မြောက်တက်သွားတော့မည်ဖြစ်သည်။
မှော်ဆရာက အော်လိုက်သည် “ဒေါ်ရသီရေ….လာခဲ့တော့…မြန်မြန်လုပ်…ဒါမှမဟုတ်ရင် ပူဖောင်းက အဝေးကို ပါသွားတော့မှာ”
သူမ ၏ ခွေးလေးကို မချန်ထားခဲ့နိုင်သော ဒေါ်ရသီ ကပြန်ဖြေလိုက်သည် “သမီး တိုတိုကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူးဖြစ်နေတယ်”၊ တိုတိုသည် လူအုပ်ကြားထဲမှ ကြောင်တစ်ကောင်ကို ပြေးလွှားကာ ဟောင်နေလေသည်၊ နောက်ဆုံးတော့ သူမ တိုတိုကို ရှာတွေံ့သွားခဲ့သည်။ သူမ သူ့ကို ကောက်ချီလိုက်ကာ ဘောလုံးဆီသို့ ပြေးသွားခဲ့သည်။
သူမ ရောက်ဖို့ ခြေလှမ်းအနည်းငယ်အလိုတွင် အော့ဇ်ကလည်း သူ့လက်ကို ဆန့်ထုတ်ကာ ဒေါ်ရသီကို လှမ်းကိုင်ရန်ကမ်းပေးလေသည်၊ ထိုအချိန်မှာပင် မြေပြင်ပေါ် ချည်ထားသော ကြိုးပြတ်သွားကာ ဘောလုံးသည် ဒေါ်ရသီ မတက်ရသေးခင် လေပေါ် မြောက်တက်သွားတော့သည်။
သူမ အသံကုန်အော်လိုက်သည် “ပြန်လာခဲ့….ငါလည်းသွားချင်တယ်လေ”
အော့ဇ်က ခြင်းတောင်း ထဲမှ လှမ်းပြောလိုက်သည် “ငါလည်း ပြန်မလာတတ်ဘူး အချစ်လေးရေ…နှုတ်ဆက်ပါတယ်”
လူအုပ်ကြီးကလည်း အော့ဇ်စီးနင်းလိုက်ပါသွားသော ခြင်းမှာ လေထဲသို့ တရွေ့ရွေ့ဖြင့် မြင့်တက်ကာ မြင်ကွင်းမှ ဝေးကွာသွားသည်ကို ကြည့်၍ အော်ပြောလိုက်ကြသည် “နှုတ်ဆက်ပါတယ်”
အဲ့ဒီ့အချိန်က သူတို့ အော့ဇ်ကို နောက်ဆုံးမြင်လိုက်ရတဲ့အချိန်ဖြစ်ခဲ့တယ်။ထို အံ့ဩဖွယ်ကောင်းသော မှော်ဆရာ တစ်ယောက် အိုမာဟာကို ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားမလား ဒါမှ မဟုတ် သူ ဒီကန္တာရထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေကြမလား ဆိုတာတော့ မသိကြတော့ပေ။ သို့သော်လည်း ဒီကလူတွေကတော့ သူတို့ရဲ့ မှော်ဆရာကို ချစ်ခင်မြတ်နိုးနေကြဆဲ ပြီးတော့ သတိတရရှိနေကြဆဲပင်ဖြစ်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက်ဆုံတိုင်းလည်း -“အော့ဇ် က ငါတို့ အမြဲတမ်း ငါတို့ရဲ့ သူငယ်ချင်းပဲ၊ သူက ဒီလိုလှပတဲ့ မြစိမ်းရောင်မြို့တော်ကို ဆောက်ပေးခဲ့တဲ့အပြင် သူထွက်သွားတဲ့အချိန်မှာတောင် ဉာဏ်ပညာကြီးမားတဲ့ စာခြောက်ရုပ်ကို ငါတို့ကို အုပ်ချုပ်ပေးဖို့ ထားပေးခဲ့သေးတယ်”
အဲ့လိုနဲ့…နေ့ရက်ပေါင်းများစွာကြာသည့်တိုင်အောင် သူတို့ ၏ အံ့ဩသင့်ဖွယ် မှော်ဆရာကို ဆုံးရှုံးလိုက်ရမှု မှ မဖြေသိမ့်နိုင်ခဲ့ကြသည့်အပြင် ထိုကဲ့သို့ ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲမဆုံးနိုင်ကြပေ။