book

Index 1

1. Cyclone မုန်တိုင်းနဲ့ကြုံတွေ့ခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

The wonderful wizard of OZ

Translate by Mei


OZ မှ ဆန်းကြယ်သောမှော်ပညာရှင်

၁။ ဆိုင်ကလုန်း

 

ဒေါ်ရသီဟာ ကန်ဆတ်စ်ပြည်နယ် အလယ်ပိုင်းမြက်ခင်းလွင်ပြင်ဒေသမှာရှိတဲ့ သေးငယ်သော အိမ်လေးမှာ ဦးလေးဖြစ်သူလယ်သမားဟင်နရီနှင့် သူ့ဇနီး အန်တီအမ်တို့နှင့်အတူ နေထိုင်သူပါ။ သူတို့ဟာအလွန်ဆင်းရဲ လှပြီးသူတို့နေထိုင်တဲ့ ထိုသေးငယ်သောအိမ်ကလေးဖြစ်အောင်တောင်လိုအပ်တဲ့သစ်‌တွေ ထင်းတွေကို အကြိမ်ပေါင်းများစွာ အခေါက်‌ပေါင်းများစွာ လှည်းဖြင့်တိုက်ပြီးမှသူတို့နေထိုင်ဖို့ ဖြစ်လာတာပါ။ နံရံလေးဖက်၊ ကြမ်းခင်းတစ်ခုနှင့်ခေါင်မိုးတစ်ခု ပါဝင်သောအခန်းလေးလိုမျိုး  ထိုအိမ်ငယ်လေးထဲမှာ စားပွဲခုံတစ် လုံး၊ ထိုင်ခုံသုံးလေးလုံး ၊ မီးဖိုလေးတစ်ခု၊ ပန်းကန်စင်တစ်စင် ၊ထောင့်တစ်ထောင့်မှာ ဦးလေးဟင်နရီနှင့် အန်တီအမ်တို့အတွက်အိပ်ရာ အကြီးတစ်ခုနှင့် ဒေါ်ရသီအတွက် အိပ်ရာအသေးလေးတစ်ခုစီရှိပြီး ကြမ်း တမ်းခတ်ထန်သော လေမုန်တိုင်းများ ၊လေပွေများ တိုက်ခတ်ရင် သူတို့အတွက် မလွယ်ကူပေ။ သူတို့မှာ မိသားစုခိုအောင်းရန် မြေကြီးတွင်တူးထားတဲ့ ကျင်းအသေးလေးတစ်ကျင်း သာရှိပြီး ဆိုင်ကလုန်းဒဏ်ခံ နိုင်သော  မြေအောက်ခန်းလည်းမရှိ၊ ထပ်ခိုးလေးတစ်ခန်းတောင်မရှိပေ။ အခန်းရဲ့ကြမ်းခင်းအလယ်မှာ ရှိတဲ့ အံဝှက်တံခါးကနေလှေကားထစ်များအတိုင်း ဆင်းသွားမှသာ ထိုသေးငယ်ပြီးမှောင်မိုက်နေသော မြေကျင်းလေးထဲသို့ရောက်သည်။ တံခါးဝ၌ရပ်ပြီး ဘေးပတ်ဝန်းကျင်ကိုမျှော်ကြည့်လိုက်ပါကလည်း ဘေးပတ်လည် ရှိမီးခိုးရောင်အဆင်းနဲ့မွဲခြောက်နေသောမြက်ခင်းလွင်ပြင်ဒေသမှလွဲ၍ ဒေါ်ရသီအဖို့အ ခြားဘာမျှမမြင်နိုင်ချေ။ အိမ်တစ်အိမ် မပြောနှင့် သစ်ပင်တစ်ပင်တောင်မတွေ့ရသလို ထိုပြန့်ပြူးကျယ်ပြန့် သောကျေးလက်ဒေသရှိမြက်ခင်းလွင်ပြင်များသည် မိုးကောင်းကင်အစွန်းကိုတောင် ထိစပ်နေပြီး အရပ်မျက်နှာအနှံ့ကိုပြန့်ကျဲ့နေသကဲ့သို့ထင်ရသည်။ ထွန်ယက်ထားသောမြေကြီးအပေါ်တွင်သည် နေရောင် ထိုးကျလာသောအခါ ကြီးမားသောမီးခိုးရောင်အဆင်းများ မျက်နှာပြင်ပေါ်တွင်အပ်ကွဲကြောင်းလေး များစွာပြေးလွှားနေသကဲ့သို့မြက်ပင်ရှည်များကို လောင်ကျွမ်းနေသော နေရောင်ခြည်အပြင် နေရာတိုင်း တွင်တွေ့မြင်နေရသည့် မှိုင်းပျပျမီးခိုးရောင်အသွင်အပြင်များသည် မြက်ပင်ရှည်ထိပ်ဖျားများကို ခြောက်သွေ့စေပြီးဝါးမြိုနေသောကြောင့်အစိမ်းရောင်မြက်ပင်ရှည်များပင် မစိမ်းစိုနိုင်တော့။ မိုးဒဏ် နေဒဏ်စသည့်ရာသီဥတုတိုက်စားခြင်းတို့ကြောင့် ထိုအိမ်ကလေးသည်လည်း ယခင်သုတ်ထားသော ဆေးအရောင် များပြယ်လွင့်သွားပြီး ယခုတွင်တော့၎င်းပတ်ဝန်းကျင်မှမြင်ရသောအရာအားလုံးမှာ ခပ်မှိုင်းမှိုင်းမီးခိုး ရောင်အဆင်းဖြင့် ပျင်းရိခြောက်ကပ်ဖွယ် အသွင်တည်ရှိနေသည်။ အဒေါ်အဲမ်က အဲဒီအိမ်မှာ စတင်နေထိုင်ခဲ့ချိန်ကတော့သူမဟာငယ်ရွယ်ပြီးချောမောတဲ့ ဇနီးလေးတစ်ယောက်ပါ။ နေ နှင့် လေ တို့ကဲ့သို့ တရွေ့ရွေ့သွားနေသော အချိန်ကာလ၏တိုက်စားခြင်းကသူမကိုပြောင်းလဲစေခဲ့ပြီ။ သူတို့ဟာသူမ၏ တလက် လက်တောက်ပနေသော မျက်ဝန်းလေးများကို မီးခိုးရောင်မှိုင်းပျပျမျက်ဝန်းများအဖြစ် ပြောင်းလဲစေခဲ့ပြီး, နီစွေးသော ပါးမို့မို့လေးနှင့် သွေးရောင်ခြယ်နှုတ်ခမ်းလေးများသည်လည်း မီးခိုးရောင်ဘက်သို့ သမ်းလာ စေခဲ့သည်။ ပိန်ပြီးပါးလွှာသောခန္ဓာကိုယ်ပိုင်ရှင် အဒေါ်အမ်သည် ယခုတော့အရယ်အပြုံးလည်းမရှိတော့သလိုပင်။ မိဘမဲ့ဖြစ်သည့်ဒေါ်ရသီကသူမနှင့် ပထမဆုံးလာရောက်တွေ့ဆုံသောအခါ အဒေါ်အမ်ဟာ ကလေးတစ်ယောက်၏အပူအပင်ကင်းမဲ့သောရယ်မောတတ်ခြင်းကိုအလွန်အံ့အားသင့်ပြီးထိတ်လန့်သွားပုံပေါ်သည်။ ဒေါ်ရသီ၏ရွှင်လန်းတက်ကြွသောအသံကိုသူမနားထဲမှာကြားရသောအခါမျိုးတွင် ရင်ဘတ် ကိုလက်နှင့်ဖိကာ  ဒီမိန်းကလေးငယ်လေးဟာ "ဘယ်လိုအရာအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်လို တောင်မှ ရယ်မောစရာတွေရှာဖွေတတ်တာပါလိမ့်"ဟု အမ်ဟာ အံ့တသြတွေးမိတတ်သည်။ ဦးလေး ဟင်နရီဆိုသူမှာလည်း အရယ်အပြုံးမရှိသောသူဖြစ်သည့်အပြင် နံနက်မှညအထိမနားမနေအလုပ်ပဲဦးစားပေးသူဖြစ်ပြီး ပျော်ရွှင်မှုဆိုသည်မှာမည်ကဲ့သို့သောအရာဖြစ်သည်ကိုတောင်မသိသူဖြစ်တယ်။ သူ့မုတ်ဆိတ်မွှေးမှ အစပြု၍ ခြေထောက်တွင်စီးထားသော ဘွတ်ဖိနပ်အထိ မွဲခြောက်နေသော အရောင်အဆင်း သွင်ပြင်ရှိနေသည့်အပြင် စကားအလွန်နည်းပါးပြီး လေးနက်တည်ကြည်သော မျက်နှာအနေအထားကိုသာ မြင်တွေ့ရသောသူဖြစ်သည်။ ထိုကဲ့သို့အိမ်တစ်အိမ်လုံး သာမက အိမ်ရှိမိသားစုဝင်များပါ မွဲခြောက် ခြောက်မှုန်မှိုင်းနေသောအခြေအနေထဲသို့ ဒေါ်ရသီကို ဝါးမြိုခြင်းမခံရအောင် ရယ်မောပျော်ရွှင်‌ဖွယ်ရာ များ ဖန်တီးတတ်သူမှာ ခွေးကလေး တိုတို သာရှိသည်။ တိုတို ကတော့ မီးခိုးရောင် အဆင်းမရှိပါ ၊ သူသည် ပိုးသားကဲ့သို့ နူးညံ့ပြီးရှည်လျားသော အနက်ရောင်အမွှေးများ၊ သူ၏ရယ်စရာကောင်းသော နှာခေါင်း သေးသေးလေးအပြင် အမြဲတမ်းတစ်လက်လက်တောက်ပပြီး ရွှင်မြူးပျော်ရွှင်နေတဲ့သေးငယ်သော အနက်ရောင်မျက်လုံးလေးများပါရှိသော ခွေးလေးတစ်ကောင်ဖြစ်ပါသည်။ သို့သော်လည်း, ဒီနေ့တော့ ဒေါ်ရသီနှင့် သူမ၏ခွေးလေးတိုတို တို့ကစားမနေကြပဲ  ဦးလေး ဟင်နရီနှင့်အတူ အိမ်တံခါးအပေါက်ဝတွင်ထိုင်၍ တဖြည်းဖြည်းမဲမှောင်လာသော ကောင်းကင်ကြီးကိုကြည့်နေကြသည်။ ထို့နောက် ဒေါ်ရသီ သည်လည်း တိုတို ကိုလက်မောင်းထဲထွေးပိုက်ထားပြီး မတ်တပ်ရပ်၍ ကောင်းကင်ကြီးကို ကြည့်နေ လေသည်။ အဒေါ်အမ် ကတော့ပန်းကန်ဆေးနေလေသည်။ ဟိုး……….မြောက်ဘက်အရပ်မှ မြည်ဟည်းလာ သောလေသံကြီးကို ဒေါ်ရသီနှင့် ဦးလေးဟင်နရီတို့ကြားရပြီး မုန်တိုင်းမလာခင် အခြေအနေအရ ပင်လယ်ပြင်မှ လှိုင်းများပမာ ယိမ်းခါနေကြသော အဝေးမှမြက်ပင်ရှည်များကိုမြင်တွေ့နေရလေသည်။ ထိုအခိုက် တွင်တောင်ဘက်စူးစူးအရပ်မှ စူးရှစွာအော်ဟစ်လာသော လေတိုးသံများကိုကြားလိုက်ရသောကြောင့် ထိုဘက်ကို လှည့်ကြည့်လိုက်သောအခါတွင် ထိုအရပ်မှ မြက်ပင်ရှည်များလှိုင်းထကာ ယိမ်းခါနေပြီး ထို လေကြောင်းသည် သူတို့ဘက်သို့ ရွေ့လျားလာကာ ရောက်လာတော့မည်ကိုတွေ့ရှိလိုက်ရသည်။ ဦီးလေး ဟင်နရီ က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။“ အမ် ရေ……..ဆိုင်ကလုန်း လာနေပြီ” ဟု ဦးလေးဟင်နရီက ဒေါ်လေးအမ် ကိုလှမ်းအော်ပြောလိုက်သည်။  ထို့နောက် “ရိက္ခာတွေကို ငါသွားသိမ်းလိုက်မယ်” ဟုလှမ်းပြောကာ မြင်းနှင့် နွားတွေကိုထားသော တင်းကုပ်ဘက်သို့ ပြေးထွက်သွားလေသည်။ အဒေါ်အမ် ကလည်း သူမ၏ လုပ်လက်စအလုပ်များကို ထားပစ်ခဲ့ပြီး အိမ်တံခါးမကြီးဘက်ထွက်လာခဲ့သည်။ သူမ အပြင်ကို တစ်ချက်လှမ်းကြည့်လိုက်ရုံ နဲ့တင် အန္တရာယ်က လက်တကမ်းအလိုရောက်နေပြီဟု သိလိုက်ရသည်။“မြန်မြန်လုပ်…..ဒေါ်ရသီ” ဟုသူမအော်ပြောလိုက်သည်။ “မြေအောက်ခန်းထဲကိုပြေးတော့……. !!!” ခွေးလေးတိုတိုကလန့်ပြီး ဒေါ်ရသီ လက်မောင်းထဲမှ ခုန်ထွက်ကာ အိပ်ရာအောက်ထဲ ဝင်ပုန်းနေသည်။ ဒေါ်ရသီကသူမ ခွေးလေးကို ထွက်လာခိုင်းနေရသည်။ အလွန်တုန်လှုပ်နေသော အဒေါ်အမ်သည် ကြမ်းခင်းအလယ်မှ အံဝှက်တံခါးလေးကို ဆွဲဖွင့်ကာ လှေကားမှတဆင့် မှောင်မည်း နေသော မြေတွင်းလေးထဲသို့ ဆင်းသွားသည်။ နောက်ဆုံး ဒေါ်ရသီကတိုတို ကိုအိပ်ရာအောက်မှ ခေါ်တောင်နိုင်ခဲ့ပြီး သူမ အဒေါ်နောက်သို့ လိုက်သွားလေသည်။ အခန်းကိုဖြတ်ပြီး ထိုမြေတွင်းလေးဆီ မရောက်ခင်မှာပင် လေနီကြမ်းအော်သံကြီးနှင့်အတူ အိမ်ကလေးကို ဆွဲခါရမ်းလိုက်သလိုဖြစ်သွားပြီး ဒေါ်ရသီလေးသည် ရုတ်တရက် ကြမ်းပေါ်ကိုဖင်ထိုင်ရက်လဲကျသွားတော့သည်။  အဲ့ဒီ့အချိန်မှာပဲ ထူးဆန်း တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။ အိမ်လေးသည် မြေပေါ်မှ ကြွတက်လာပြီး လေထဲတွင် နှစ်ကြိမ် သုံးကြိမ်ခန့် ပတ်ချာလည်သွားလေသည်။ ဒေါ်ရသီလေးဟာ ဘောလုံးထဲရောက်သွားသလို စိတ်ထဲတွင် ခံစားလိုက်ရ သည်။ အိမ်လေးသည် အနောက်ဘက်နှင့် မြောက်ဘက်မှ ဝင်ရောက်လာသော ဆိုင်ကလုန်းမုန်တိုင်း၏ ဆုံချက်အလယ်ဗဟိုတည့်တည့်ဖြစ်သွားခဲ့သည်။ ဆိုင်ကလုန်း၏ အလယ်တွင် လေသည်ပုံမှန်အားဖြင့် တိုက်ခတ်နေဆဲပေမယ့်အိမ်၏ ဘေးဘက်ပေါင်းစုံမှ တိုက်ခတ်နေသော ကြီးမားသည့် လေဖိအားကြောင့် အပေါ် သို့မြောက်တက်လာခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်းထိပ်ဆုံးအထိမြင့်တက်သွားခဲ့ပြီး မုန်တိုင်းထိပ် တွင်ရပ်တန့်နေပြီးနောက်တွင် ငှက်မွှေးလေး လွင့်ပါသွားသလို မိုင်ပေါင်းများစွာသို့ သယ်ဆောင်သွား ခြင်း ခံခဲ့ရလေသည်။ လေပြင်းတိုက်ခတ်နေပြီး အလွန်မှောင်မိုက်နေသော်လည်း  ဒေါ်ရသီသည် အလွယ်တကူ အေးအေးဆေးဆေးလိုက်ပါသွားနိုင်ခဲ့သည်။ လေထဲတွင်အကြိမ်ရေအနည်းငယ်လှည့်ပတ်နေခဲ့ပြီးနောက် လေထဲတွင်ပြင်းပြင်းထန်ထန် လှုပ်ခါသွားသောကြောင့် သူမသည်ပုခက်ထဲမှ ကလေးငယ်လေးကဲ့သို့ လှုပ်ခါခြင်းခံလိုက်ရသည်။


တိုတို ကတော့ အဲ့ခံစားချက်ကြီးကို မကြိုက်ပေ။ သူက အခန်းထဲတွင် အကျယ်ကြီးဟောင်၍ လှည့်ပတ်ပြေးနေလေသည်။ အဲ့အချိန်မှာ ဒေါ်ရသီကတော့ ကြမ်းပေါ်တွင်ငြိမ်ငြိမ်လေးထိုင် နေပြီးနောက် ဘာဆက်ဖြစ်လာမလဲကို စောင့်ဆိုင်းနေလေသည်။ တိုတိုသည် ပွင့်နေသော အံ့ဝှက်တံခါး လေးနားရောက်သောအခါ ခြေချော်ပြီး ပြုတ်ကျသွားသောအခါ ဒေါ်ရသီသည် တိုတိုကို ဆုံးရှုံးရပြီဟု တွေးလိုက်လေသည်။ သို့သော် တိုတို၏နားရွက်တစ်ဖက်သည် အပေါက်ဝတွင်လေဖိအားကြောင့် ကပ်နေပြီး မပြုတ်ကျသွားသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ သူမသည် ထိုအပေါက်လေးဆီသို့ တွားသွားပြီး တိုတိုကို နားရွက်မှ လှမ်းကိုင်ကာ အခန်းထဲသို့ ဆွဲတင်လိုက်လေသည်။ အဲ့ဒီ့နောက် တွင်တော့ အလားတူ အဖြစ်အပျက်မျိုး ဖြစ်မည်စိုး၍ ထိုပွင့်နေသော အံ့ဝှက်တံခါးပေါက်ကို ဆွဲပိတ်ထားလိုက်တော့လေသည်။ နာရီပေါင်းများစွာကုန်လွန်သွားပြီးနောက်, ဒေါ်ရသီလေး အနည်းငယ် အကြောက်ပြေသွားလေသည်၊ ဒါပေမဲ့ သူမ တစ်ယောက်ထဲအထီးကျန်ဆန်သည်ဟု ခံစားနေရလေသည်။ ထို့အပြင် ကျယ်လောင်စွာ အော်မြည်နေသော လေတိုက်ခတ်သံတို့ကို အဆက်မပြတ်ကြားနေရသောအခါ သူမနားပင်ကန်းလုနီးပါး ဖြစ်နေလေတော့သည်။ ထိုအိမ်သာ လေထဲကနေ ပြုတ်ကျသွားခဲ့ပါက သူမကိုယ်လေး တစ်စစီဖြစ်သွား မလားဟု သူမ အရင်ဆုံး သိချင်နေမိသည်။ ထို့နောက် နာရီပေါင်းများစွာ ကုန်ဆုံးသွားသလို မည်သည့် ဆိုးဝါး‌သော အခြေအနေမှ မဖြစ်လာခဲ့ပေ။ သူမ စိုးရိမ်ပူပန်နေသည့်စိတ်များကိုရပ်တန့်လိုက်ပြီး နောင်လာ မည့်နေ့ရက်တွေမှာ ဖြစ်လာမည်တို့ကိုသာ ဖြေရှင်းရန်အတွက် တည်တည်ငြိမ်ငြိမ်သာစောင့်ဆိုင်းနေလိုက် တော့သည်။ နောက်ဆုံးတော့ သူမသည်ကြမ်းခင်းပေါ်တွားသွားပြီး အိပ်ရာဆီရောက်ရှိကာ လဲလှောင်းနေ လိုက်တော့သည်၊ တိုတို ကလည်း သူမ၏ဘေးတွင်ဝင်ရောက်အိပ်စက်တော့သည်။ လေနီကြမ်း၏ အော်မြည်သံ နှင့်အတူ အိမ်လေးကလှုပ်ရမ်းနေသော်လည်း မကြာခင်တွင် ဒေါ်ရသီသည် သူမ၏ မျက်လုံး ကိုမှိတ်ကာ အလျင်အမြန်ပင်အိပ်မောကျသွားတော့သည်။


rate now:

1 Reviews
  • reader May Thinn 13.08.2020, 12:02 5

    up 😍

    reply