ငါက နည်းပညာနဲ့လျှပ်စစ်ပစ္စည်းပြင်နေတာ 15 နှစ်လောက်ရှိပီ။ ကွန်ပျူတာတွေ၊ ပရင့်တာတွေ၊ မိတ္တူစက်တွေ၊ လက်နှိပ်စက်တွေ၊ ကင်မရာတွေ အစုံပဲ။ဒါပေမဲ့ စပြင်တုန်းက သေချာစနစ်တကျသင်တန်းတက်ပီး သင်ထားတာမဟုတ်ဘူး။ ကျောင်းကတော့ အီလက်ထရောနစ်နဲ့ ကွန်ပျူတာနဲ့ ပီးတာဆိုတော့ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ ပြဿနာတွေကိုရှာတာတော့ ရင်းနှီးတယ်။ဒီအကြောင်းက ငါပထမဆုံး တယောက်ထဲ သွားပြင်ရတုန်းက အကြောင်းပါ။
ငါစပီးအလုပ်ဝင်တုန်းက ရုံးသုံး မိတ္တူစက် ပရင့်တာ နဲ့ fax တွေကို ပြင်တဲ့ သူအနေနဲ့ စသင်ခဲ့တာ။ စီနီယာ ၂ ယောက်နဲ့ လိုက်ပီး သူတို့စီကနေ သင်ခဲ့တယ်။ Chris က ငါ့ရဲ့ အဓိက boss ပေါ့။ သူက ရောင်းအဝယ်နဲ့ ပတ်သက်ပီးတော်တော်လေးကောင်းတယ်။ ဒါပေမယ့် သူက နည်းပညာသမားပါပဲ။ သူကငါ့ကို တတ်ဆင်ပုံတွေ သင်ပေးပီး နည်းပညာရှုထောင့်ကနေ အကြံဉာဏ်ပေးပုံတွေ သင်ပေးတယ်။ အကယ်၍ ဝယ်သူအတွက်ပိုကောင်းမယ်ဆို သူတို့ကို လဲသင့်တာလဲဖို့၊ အဆင့်မြှင့်သင့်တာမြှင့်ဖို့ အကြံပေးပုံတွေပေါ့။
Scott ဆိုတဲ့နောက်တယောက်ကလဲ ဘာမှမဟုတ်တဲ့လူတော့ မဟုတ်ဘူး။ ပြင်စရာရှိတာ ပြင်လိုက်ပီး နောက်လုပ်စရာရှိတာ ဆက်လုပ်မယ်ဆိုတဲ့လူ။ သူငါ့ကို ပထမဆုံးနဲ့ မကြာခဏပြောတာက ပစ္စည်းတွေပျက်တာနဲ့ပတ်သက်ပီးပြင်ဖို့ပြောရင် အဲ့ဒါက သေးအမွှားပြဿနာပါဆိုပီးပြော။ customer က ဘာပဲပြောပြော အဲ့ပြဿနာက အသေးအမွှားပဲ ဆိုပဲပြော။ အဲ့ပစ္စည်း မီးပဲလောင်နေဦးတော့၊ အဲ့ဟာက အသေးအမွှား ပြဿနာပဲ။ သူ့ရဲ့ရည်ရွယ်ချက်တော့ customer ကို စိတ်မပူစေပဲ ငါတို့ မကြာခင်မှာ ဒီပျက်နေတာကို ကောင်းအောင် ပြင်ပေးတော့မယ်ဆိုပီး စိတ်ချအောင်လို့။ ငါ လုပ်ခဲ့တဲ့သက်တမ်း ၁၅ နှစ်မှာ ၁၀ ခုမှာ ၇ ခုက အသေးအမွှားပြဿနာတွေပါပဲ။ ဒါပေမယ့် ဒီတခုတော့မပါခဲ့ဘူး။
ငါဒီပထမဆုံး တယောက်ထဲ သွားတဲ့ဟာက printer ကို ကြိုးအသစ်လဲပေးဖို့ပဲ။ ငါ့ကို customer ကခေါ်တော့ printer က ကြိုးအဟောင်းက ပြတ်သွားလို့ အသစ်လှမ်းမှာပီး လာပို့ရင် တခါထဲ ပြန်တတ်ပေးဖို့။ ငါတို့နဲ့ပြပီး ငါတို့ က ဝယ်ခိုင်းတာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း အသစ်ကိုလဲပေးပီး သန့်ရှင်းပေးရုံပဲဆိုတော့ ငါ့ စီနီယာတွေက တယောက်ထဲလွှတ်လိုက်တာပေါ့။
ငါရောက်သွားတော့ စက်ကိုထားတဲ့နေရာက အတော်အသင့်ကျယ်တော့ ဖြုတ်ရတတ်ရ အဆင်ပြေပါတယ်။အဲတာနဲ့ စက်ကိုဖြုတ်၊ 10 နှစ်စာလောက်ရှိတဲ့ ဖုန်တွေကို ရှင်း၊ ဆီထိုးစရာလိုတဲ့နေရာတွေထိုးပီး ကြိုးအသစ်ကို တတ်ပေးလိုက်တာပေါ့။ အကုန်တတ်ပီးပီဆိုတော့ စစမ်းပီလေ။ ရုံးဝန်ထမ်း ကောင်မလေးတယောက်က ကူပီးတော့ print ထုပ်ပေးတယ်။အဲ့ဟာနဲ့ print ထုတ်တာ တစောင်ပီတစောင်နဲ့ အဆင်ပြေနေတာပေါ့။ အဆင်ပြေပီဆိုပြီး သက်ပြင်းချရုံရှိသေး printer ကနေ အသံပေါင်းစုံထွက်လာပါရော။ အသံတင်မကပဲ ချက်ချင်း မီးတောက်ပါထွက်လာတာ။ မီးတောက်က ၄ လက်မ ၅ လက်မလောက်ရှိတယ်။ ငါ့မှာ ပြာယာခပ်ပီး တွေ့သမျှ ကြိုးတွေဆွဲဖြုတ်တာ အရူးကြနေတာပဲ။ တော်သေးတယ် စာရွက်တွေကို အနောက်ကနေထည့်နေတာနဲ့ အပေါ်ကစက်အဖုံး မပိတ်ရသေးတာ။ ပီးတော အဲ့ဟာကို ကြက်သေသေပီး ပါးစပ်အဟောင်းသားနဲ့ ကြည့်ပီး ငါဘာလုပ်လိုက်မိတာလဲ ဆိုတဲ့အတွေးရောက်လာတယ်။ ရုံးရဲ့ အကူကောင်မလေးလဲ ကြောင်ကြည့်နေတယ်။ သူ့အနောက်မှာက Company ပိုင်ရှင်။ သေပီငါတော့။ အလုပ် တော့ပြုတ်ပီ။ အဲ့လိုတွေးမိတယ်။ ပိုင်ရှင်ကလည်း ကြည့်ပီးတော့ အေးတာပဲ လို့ သူဟာသူပြောပီး သူ့ရုံးခန်းထဲဝင်သွားတယ်။ သူမဝင်ခင်တော့ Scott ပြောသလိုပဲ ဒါကအသေးအမွှားကိစ္စပါ၊ ငါတို့ရှင်းနိုင်ပါတယ် ဆိုပီး သူ့ကိုပြောလိုက်ပါသေးတယ်။ ပီးတော့ ငါ အပြင်ကိုထွက်ပီး boss တို့စီကို ဖုန်းခေါ်ပါရော။
အများအားဖြင့် သူတို့နှစ်ယောက်က တနေရာထဲမှာ အတူရှိလေ့ရှိတယ်။ သိပ်မကြာခင်မှာပဲ Chris ကဖုန်းကိုင်တယ်။
Chris - ဘယ်လိုလဲ၊ အဆင်ပြေတယ်မလား
ငါ - သိပ်မပြေဘူး။ ပြဿနာ သေးသေးလေးတခုကြုံနေတယ်။ ငါပြင်တဲ့ printer မီးလောင်သွားပီ။
ဟိုဖက်က စက္ကန့် အနည်းငယ် တိတ်သွားတယ်။
ပီးတော့ ပြန်ပြောလာတယ်
Chris - တခေါက်ပြန်ပြောပါလား။ ငါသေချာမကြားလိုက်ဖူးနဲ့တူတယ်
ငါ - ပြဿနာသေးသေးလေးတခုကြုံနေတယ်။ ငါပြင်တဲ့ printer မီးထလောင်သွားတယ်။
စက္ကန့် ၃၀ ကျော် တိတ်ဆိတ်သွားတယ်။
Chris - ဖုန်း စပီကာဖွင့်လိုက်ပီ၊ Scott လဲဘေးမှာရှိတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ သေချာပြန်ပြောပါဦး။
ငါလည်း ဖြစ်တာတွေကို အပေါ်ကအတိုင်း ပြန်ပြောပြတာပေါ့။ ဖုန်းထဲမှာ Scott ရဲ့ ပိုးစိုးပက်စက် ရီနေတာကို ကြားနေရတယ်။
Chris - ဟိုပိုင်ရှင်ကဘာပြောသေးလဲ။ ငါတို့ကို ဘာလုပ်ပေးရမယ်ဆိုပီး ပြောတာရှိလား။
ငါ - ငါမသိဘူး၊ ငါမမေးရသေးဘူး။ ငါမင်းတို့စီ ဆက်သွယ်သင့်တယ်ထင်လို့ အရင်ဆက်တာ။ ငါတော့သွားပီ၊ ဟုတ်တယ်မလား။
Chris - ဒါတော့ ပိုင်ရှင်က ဘယ်လိုပြောမလဲပဲကြည့်ရမှာပဲ။ တကျပ်မှမယူပဲ အဲစက်ကို ရုံးကိုသယ်လာခဲ့လိုက်။
ပြောပီးဖုန်းချသွားတယ်။
ငါလဲပိုင်ရှင်ရဲ့ ရုံးခန်းထဲဝင်သွားပီးတော့ ဒီမီးကျွမ်းသွားတဲ့ စက်ကို ရုံးယူသွားပီးပြန်ပြင်ပေးမယ်ဆိုပီးရှင်းပြတယ်။ ကျသင့်ငွေကို ပေးစရာမလိုဘူး လို့ပြောတာပေါ့။ ပိုင်ရှင်က လွှင့်သာပစ်လိုက်ပါ။ နှစ်လဲတော်တော်ကြာနေပီပဲ။ သုံးနေတုန်း မကြာခဏ ရုတ်တရက် ရပ်ရပ်နေတာ။ ငါမော်ဒယ်အသစ်ကိုကြည့်နေတာ။ ဈေးလည်း အရမ်းမကြီးဘူး။ ငါအဲ့ဒါကိုပဲဝယ်လိုက်တော့မယ်။ အခုအဟောင်းက သုံးလို့ရနေသေးတာတောင်အံ့ဩတာ။ အခုမီးပါလောင်သွားရော။ မင်းတို့ဒါကို လွှင့်ပစ်ပေးပါလား။ ငါစကားမပြောနိုင်အောင် အံ့ဩသွားတယ်။ ပီးတော့မှ ငါက ရတာပေါ့။ ငါတို့ကူညီနိုင်ပါတယ်။ မင်း printer အသစ်အတွက် ငါ့ boss မင်း ကို ဆက်သွယ်လို့ရမလား။ သူမင်းကို ဈေးသက်သက်သာသာရအောင် လုပ်ပေးနိုင်မှာ။ ပိုင်ရှင်က ရပါတယ်၊ သူ့ကို ငါ့စီကို ဖုန်းဆက်ခိုင်းလိုက်လေ ပြောတယ်။ ငါလည်း ပစ္စည်းတွေသိမ်းပီး မီးကျွမ်းနေတဲ့ စက်နဲ့ ပြန်လာတယ်။ လမ်းမှာ Chris ကို ဖုန်းခေါ်ပီး ပိုင်ရှင်ပြောတာတွေပြန်ပြောပြတယ်။ Chris က ငါ့ကို ရုံးပြန်လာခဲ့ဖို့ပြောပီး ရုံးကြမှ ဘာလို့မီးလောင်တယ်ဆိုတာကြည့်မယ်လို့ပြောတယ်။
ရုံးရောက်တော့တစစီဖြုတ်ပီးစစ်တာပေါ့။ ငါ့ယူဆချက်ကတော့ အရင်ကြိုးအဟောင်းကြောင့် ရော်ဘာအရစ်တချို့ ပျက်နေတယ်။ printhead ကရပ်သွားရင်တောင် မော်တာက မရပ်သေးဘဲ ဆက်လည်နေနိုင်တယ်။ အခု ကြိုးအသစ်ကိုလဲလိုက်တော့ မော်တာက ဆက်ပီးလည်မယ်။ ဒါပေမယ့်လည်လို့မရဘူး။ ကြိုးအသစ်က ကျပ်နေတော့။ အဲ့တော့ ပူလာရော။ အပူချိန်တက်လာတော့ ဝါယာကြိုးအပေါ်က ရော်ဘာတွေ ပျော်ကျကော။ အဲဟာကနေ ဝါယာရှော့စဖြစ်ပီး ၄ လက်မလောက်ရှိတဲ့ မီးတောက်နဲ့ မီးထလောင်ပီး စက်အောက်ပိုင်း မီးကျွမ်းသွားတာ။
တအောင့်ကြာတော့ Scott က ပြုံးဖြီးဖြီးနဲ့ ငါ့ဆီလာတယ်။ သူကပြောတယ် ငါမင်းကို ဘီယာ တဝိုင်းလိုက်တိုက်မယ်။ ရုံးဆင်းရင် ဘယ်ဆိုင်သွားမလဲပြော။ မင်းလုပ်တာမဆိုးဘူး။ ဘာပျက်တာပဲဖြစ်ဖြစ် အဲ့ပျက်တာတွေက အသေးအမွှား ပြဿနာပဲ။ မီးထလောင်တာတောင် ငါ့သင်ကြားမှူကိုမင်းမေ့မသွားဘူး။
Chris က ဘေးကနေ Scott မင်းသူ့ကို အကျင့်ပါသွားအောင် မလုပ်ပါနဲ့ကွာ။ ငါ့ဖက်ကိုလှည့်ပီး ဒါပေမဲ့ မင်း ဒီလို ကျပ်တည်းတဲ့ ကိစ္စကို အေးအေးဆေးဆေး ဖြစ်အောင် ဖြေရှင်းလာနိုင်တာတော့ မဆိုးပါဘူး ဆိုပီးပြောတယ်။ ဒီလိုနဲ့ပဲ ငါအလုပ်ပြုတ်မသွားခဲ့ဘူး။
အဆင်ပြေရင် 5 🌟 လေးတွေမြင်ချင်ပါတယ်။ coffee တိုက်ချင်ရင် အပေါ်က "buy a cup of coffee" ကနေပို့လိုက်ပါဗျို့
Reddit user rhunter1980 ရဲ့ ရေးသားမှုကို နားလည်သလို ဘာသာပြန်ထားတာပါ။