book

Index 1

ရုံးက အသက်ကြီးကြီး ပုဂ္ဂိုလ်တ‌ေယာက်ရဲ့ browser ခဏခဏပိတ်သွားတဲ့ပြဿနာ

  • Author : Mr. Tyfone
  • Genres : Comedy, Biography, Science
  • Original Author : Reddit Users

ဒီပြဿနာမျိုး ကြုံတာ ဒါ ပထမဆုံးပဲ။ 

အဲ့နေ့က ကွန်ပျူတာ ပြဿနာတက်လို့ ပြင်ပေးဖို့ ဆိုပီး ticket တခုရတယ်။ (A/N ကွန်ပျူတာပြင်ချင်ရင် သူတို့က တိုကင် နံပါတ်အရင်ယူရတယ်။ ပီးရင် ပြင်တဲ့လူစီကို system ကနေပီး အဲ့တိုကင်နံပါတ်ကို ပို့ပေးတယ်။ ပြင်တဲ့သူက အဲ့တိုကင်နံပါတ်ကို ticket လို့ခေါ်တယ်။)

အဲ့ ticket မှာ ပြောထားတာက website ကိုကောင်းကောင်းကြည့်လို့မရဘူး။ browser က သူ့အလိုလို ပိတ်ပိတ်သွားတယ် တဲ့။ သူသုံးနေတာက Microsoft Edge browser တဲ့။ ငါ့အနေနဲ့ပြောရရင် အဲ့ Edge browser ကို သိပ်မကြိုက်ဘူး။ အထက်လူကြီးက အကုန်လုံး အဲဟာပဲ သုံး ဆိုလိုသာ။

အဲတာနဲ့ စပြင်တာပေါ့။ windows 10 နောက်ဆုံး ဗားရှင်းကို update လုပ်တယ်။ မရဘူး။ သူ့ browser ရဲ့ settings တွေကို စစ်ကြည့်တယ်။ ဘာ add-on တွေသုံးထားသေးလဲပေါ့။ ဘာမှ မထူးခြားဘူး ပုံမှန်ပဲ။

ဒါနဲ့ စဉ်းစားရင်နဲ့ သူ့ browser ရဲ့ Favorite ကို ဝင်ကြည့်မိတယ်။ အဲ့ browser ရဲ့ Favorite ထဲမှာ website link တွေ 13,000 တောင်။ ဘယ်လိုတောင်မှလဲ။ တယောက်ထဲ အဲ့လောက်တောင် favorite website ရှိရလား။ စွံ့အသွားမိတယ်။ သွားတောင်တွေးမိတယ်။ ဒီ browser က ကြယ်လေးက အရောင်လေးနဲ့မှ လှလို့ သွားသွားနှိပ်နေတာများလား။ 

အဲတာနဲ့ပြောတာပေါ့။ ဒီ browser favorite ကဟာတွေက အရမ်းများနေလို့ဖြစ်တာ။ ခွဲပီးသိမ်းရင်သိမ်းပေါ့။ အဲ့မှာစရော ဒီဟာတွေက အရေးကြီးတယ် မရွှေ့ချင်ဘူး ဆိုပီး။ ငါ့မှာ ရီချင်တာ မနဲ အောင့်ထားရတယ်။ အဲ့ link 13,000 တနေရာထဲစုပုံပီးရှိနေတာ ဘယ်ဟာကဘာဆိုနာတောင် မှတ်မိပါ့မလားလို့။ါဲဟာနဲ့ အတင်းရှင်းပြပြောပြပီး တခြားကို ခွဲပြောင်းပြီးလုပ်ပေးလိုက်တာ အခုတော့ browser သူ့ဟာသူပိတ်သွားတယ်ဆိုပီးမဖြစ်တော့ဘူး။


Microsoft Edge browserရဲ့ Favorites ဆိုတာပြထားတာနော်



အဆင်ပြေရင် 5 🌟 လေးတွမြင်ချင်ပါတယ်။ coffee တိုက်ချင်ရင် အပေါ်က "buy a cup of coffee" ကနေ ပို့လိုက်ပါဗျို့ 🤤🤤🤤


Reddit user PGFrank18 ရဲ့ရေးသာမှုကို နားလည်သလို ဘာသာပြန်ထားတာပါ



rate now:

1 Reviews
  • reader Nami Athene 04.10.2021, 15:15 5

    nice

    reply