book

Index 3

မရင်းနှီးတဲ့ ဆွေမျိုးနဲ့ လမ်းကြုံစီးဖို့လက်မခံလိုက်နဲ့

  • Author : ZENIX
  • Genres : Mystery
  • Original Author : Rick Riordan

အခန်း(၃)

မရင်းနှီးတဲ့ ဆွေမျိုးနဲ့ လမ်းကြုံစီးဖို့လက်မခံလိုက်နဲ့

ဟုတ်ပြီ။ ပျော်ရွှင်စရာနွေးနေ့ဖြစ်ပါစေလို့ ကိုယ့်ကိုယ်ကိုယ်ဆုတောင်းပေးလိုက်ပြီ။

ဒီနေ့က ဇန်နဝါရီ ၁၃ ရက်နေ့လား တကယ်တမ်းပြောရရင် ကျွန်တော် ဘာမှမသိဘူး။ တံ့တားအောက်မှာ အိပ် အကျွင်းအကျန်တွေစားရင်း အချိန်တွေကုန်သွားတာလေ။

ဒီတော့ ကျွန်တော် တရားဝင် ဆယ့်ခြောက်နှစ်ပြည့်ပြီပေါ့။ ကျွန်တေ့ာ်အတွက် လက်ဆောင်အနေနဲ့ အသေသတ်ဖို့ပစ်မှတ်အဖြစ် ကျွန်တေ့ာ်ကို သတ်မှတ်ပေးလိုက်တယ်လို့ ကြောက်စရာ ဦးလေးဆီက ကြားတဲ့အတွက် ကျွန်တော်စိတ်လေသွားတယ်။

‘’ဘယ်သူသတ်မှတ်တာလဲ’ ကျွန်တော်စမေးလိုက်တယ်။ ‘’ခင်ဗျားသိလား... ဘာမှမဟုတ်တော့ဘူးဗျာ။ ရမ်းဒေါ့ဖ် ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်အခုပဲသွားတော့မယ်။’’

ရန်းဒေါ့ဖ်က ကျွန်တေ့ာ် ထွက်ပေါက်ကို ပိတ်ပြီး တံခါးပေါက်မှာ ရပ်နေတယ်။ သူ့လမ်းလျှောက်တုတ်ရဲ့ သံအဖျားကို ကျွန်တေ့ာ်ဘက်ကို ညွှန်ပြလိုက်တယ်။ အဲဒီအရာက အခန်းကိုဖြတ်ပြီး ငါ့ရင်ဝထိကို လာဆောင့်နေတာ ငါခံစားကြည့်လို့ရတယ်။

‘’မဂ်နက်စ် ငါတို့စကားပြောဖို့လိုပြီ။ ငါတော့ သူတို့မင်းကို ဖမ်းမိသွားမှာမလိုလားဘူး။ မင်းအမေကို ဖြစ်သွားခဲ့သလို မဖြစ်စေချင်ဘူး...’’

မျက်နှာကိုပိတ်ထိုးလိုက်တာကမှ နာကျင်မှုလျော့ရင် လျော့လိမ့်မယ်။

အဲဒီညက အဖြစ်အပျက်တွေက ကျွန်တေ့ာ်ခေါင်းထဲမှာ စိတ်မချမ်းမြေ့စရာ ပြကွက်တွေ တစ်ဖျတ်ဖျတ် ပြေးနေသလိုပဲ။ ကျွန်တော်တို့ တိုက်ခန်း အဆောက်အဦး တစ်စစီကျဲသွားတယ် အောက်ကြမ်းပြင်ကနေ စူးဝါးတဲ့အသံတစ်ခုထွက်လာတယ်။ ကျွန်တေ့ာ်အမေက အမြဲစိတ်ထောင်းကိုယ်ကျေ ဖြစ်နေတတ်ပြီး သူများကို သံသယဖြစ်နေတတ်တဲ့သူမျိုးပါ အမေက ကျွန်တေ့ာ်ကို အရေးပေါ်မီးထွက်ပေါက်ကနေ ပြေးခိုင်းတယ်။ တံခါးကလည်း ပေါက်ကွဲပြီး မွစာကျဲ ထွက်သွားတယ်။ ခန်းမဆောင်ဘက်ကနေ တောကောင်ကြီး နှစ်ကောင်ပေါ်လာတယ် သူတို့ရဲ့ အမွှေးတွေက အဖြူမှိုင်းမှိုင်း အရောင်ဖြစ်နေပြီးတော့ မျက်လုံးတွေက အပြာရောင် တောက်နေတယ်။ ကျွန်တေ့ာ်လက်တွေက အရေးပေါ််မီးလွတ်ရာပြေးတဲ့ သံလက်ရန်းတွေပေါ်ကနေ ချော်ပြီး လမ်းကြားထဲက အမှိုက်အိတ်အပုံပေါ် ပြုတ်ကျသွားတယ်။ ခဏကြာတော့ ကျွန်တော်တို့ရဲ့ တိုက်ခန်းက ပြုတင်းမှန်တွေ ပွင့်ထွက်ပြီး မီးတွေဆွဲနေခဲ့တယ်။

ကျွန်တေ့ာ်အမေက ကျွန်တေ့ာ်ကို ထွက်ပြေးဖို့ပြောခဲ့တာ။ ကျွန်တော်လည်း ထွက်ပြေးခဲ့တယ်။ သူ ကျွန်တေ့ာ်ကို ပြန်လာရှာမယ်လို့လည်း ကတိပေးခဲ့တယ်။ သူ ဘယ်တော့မှ မလာခဲ့ပါဘူး။ နောက်တော့ ကျွန်တော် သတင်းတွေထဲကနေ ပြန်ကြားရတာကတော့ သူ့ခန္ဓာကိုယ်ကို မီးထဲမှာ ပြန်ရှာတွေ့ခဲ့တယ်တဲ့။ ရဲတွေက ကျွန်တေ့ာ်ကို လိုက်ရှာနေခဲ့ကြတာ။ မီးရှို့ထားတဲ့လက္ခဏာ၊ ကျွန်တေ့ာ်ရဲ့ကျောင်းစည်းကမ်းမလိုက်နာတဲ့ မှတ်တမ်း ပြီးတော့ တိုက်ခန်းမီးမလောင်ခင်က ဝုန်းကခနဲအသံတစ်ခု ကျွန်တော်တို့တိုက်ခန်းကနေ ကြားလိုက်ရတယ်လို့ အိမ်နီးချင်းတွေကပြောတယ် နောက်အရေးကြီးတာတစ်ချက်က အဲဒီ အခင်းဖြစ်ပွါးရာကနေ ကျွန်တော်ထွက်ပြေးသွားတာပဲ။ မျက်လုံးအရောင်တောက်နေတဲ့ ဝံပုလွေတွေ အကြောင်းကျတော့ ဘာမှပြောသံမကြားရဘူး။

အဲဒီညပြီးတော့ အားလုံးရဲ့ ရေဒါအောက်ကနေပျောက်အောင်ပုန်းနေတယ်။ အသက်ရှင်သန်ဖို့ လှုပ်ရှားနေရတယ် ကျွန်တေ့ာ်အမေအတွက် ဝမ်းနည်းပူဆွေးပေးရဖို့တောင် အနိုင်နိုင်ပဲ။ ကျွန်တော်ပဲ အဲဒီအကောင်ကြီးတွေနဲ့ ပတ်သက်ပြီး အမြင်မှားတာလားလို့ တွေးမိသေးတယ်... ဒါပေမယ့် ကျွန်တော်မမှားတာ ကျွန်တော်သိတယ်။

အခု ဒါတွေအားလုံးအပြီးမှာ ဦးလေး ရန်းဒေါ့ဖ်က ကျွန်တေ့ာ်ကို ကူညီပေးချင်တယ်တဲ့။

ကျွန်တော် ဒိုမီနို ကျောက်တုန်းလေးကို လက်ထဲတင်းတင်းဆုပ်လိုက်တာ ကျွန်တော် လက်ဖဝါး ရှသွားတယ်။ ‘’ကျွန်တေ့ာ်အမေ ဘာဖြစ်သွားလဲ ဦးလေးမသိပါဘူးဗျာ။ ဘယ်တုန်းကမှလည်း ကျွန်တော်တို့နဲ့ ပတ်သက်ရင် ခေါင်းထဲရှိဖူးလို့လဲ’’

ရန်ဒေါ့ဖ်က သူ့ရဲ့ လမ်းလျှောက်တုတ်ကို အောက်ကိုနှိမ့်လိုက်တယ်။ အဲ့ဒီ အပေါ်ကို အားနဲ့မှီထားပြီး ကော်ဇောကို စိုက်ကြည့်နေတယ်။ သူ့ရဲ့ခံစားချက်တွေကို ထိုးနှက်နိုင်လိုက်ပြီလို့ပဲ ကျွန်တော်ယုံမိလိုက်မလို့ပဲ။

‘’ငါ မင်းအမေကို တောင်းတောင်းပန်ပန်ပြောခဲ့ပါသေးတယ်’’ သူ ပြောလိုက်တယ် ’ ငါက မင်းကိုဒီခေါ်လာပြီး ငါကာကွယ်ပေးလို့ ရမယ့်နေရာမှာထားစေချင်တာ သူကငြင်းတယ်လေ။ သူဆုံးသွားတေ့ာ...’’ သူခေါင်းကို ရမ်းလိုက်တယ်။ ‘’မဂ်နက်စ် ငါမင်းကို လိုက်ရှာနေတာ ဘယ်လောက်ကကြာပြီလဲဆိုတာ မင်းမသိပါဘူး မင်း ဘယ်လိုဒုက္ခတောထဲတိုးနေပြီလဲ ဆိုတာလည်း မင်းမသိဘူး။’’

‘’ကျွန်တော် အဆင်ပြေတယ်’’ ကျွန်တော်ပြတ်ပြတ်ပဲပြောလိုက်ပေမယ့် ကျွန်တေ့ာ်နှလုံးက ကျွန်တေ့ာ်နံရိုးတွေကြားထဲက ခုန်ထွက်လာတော့မလားပဲ။ ‘’ကျွန်တေ့ာ်ကိုယ် ကျွန်တော် ကောင်းကောင်းဂရုစိုက်နိုင်တယ်။’’

‘’တကယ်တော့ အဲဒီလို နေ့ရက်တွေ မဟုတ်တော့ဘူးကွ’’ ရန်ဒေါ့ဖ်ရဲ့ တိကျသေချာနေတဲ့ အသံက ကျွန်တော်ကို အေးစက်သွားစေတယ်။ ‘’မင်းက အခုဆယ့်ခြောက်နှစ်ပြည့်ပြီဆိုတော့ လူကြီးအရွယ်ရောက်လာပြီ။ မင်းသူတို့ လက်ကလွတ်တာ မင်းအမေဆုံးသွားတဲ့ ညတစ်ညပဲ။ သူတို့မင်းကို နောက်တစ်ခါ အလွတ်ခံမှာမဟုတ်တော့ဘူး။ ဒါငါတို့ရဲ့ နောက်ဆုံးအခွင့်ရေးပဲ။ ငါမင်းကို ကူညီပါရစေ မဟုတ်ရင်တော့ မင်း တစ်ရက်တောင် အသက်ရှင်မှာမဟုတ်ဘူး။’’

ဆောင်းတွင်း အလင်းရောင်ပြပြက တံခါးအပေါ်ရောင်စုံ မှန်ပြုတင်းမှာ ဖြတ်သန်းသွားတယ် ရန်ဒေါ့ဖ်ရဲ့ မျက်နှာအရောင်ပြောင်းသွားတာက ပုတ်သင်ညိုလိုပဲ။

ကျွန်တော် ဒီကိုမလာခဲ့သင့်ဘူး။ တုံးတယ် တုံးတယ် တုံးတာပဲ။ ရန်းဒေါ့ဖ်ဆီ မသွားဖို့ ကျွန်တော်အမေက သေချာရှင်းရှင်းလင်းလင်းပြောထားပြီးသား ဒါပေမယ့် ကျွန်တော် အခုဒီရောက်နေပြီ။

ကျွန်တော် သူ့စကားနားထောင်လေ ကျွန်တော် ပိုကြောက်လာလေပဲ။ သူပြောတာကိုပဲ ပိုပြီးကြားချင်လာသလိုပဲ။

‘’ကျွန်တော် ဦးလေး အကူညီမလိုအပ်ဘူး’’ ထူးဆန်းတဲ့ ဒိုမီနိုအတုံးလေးကို စားပွဲပေါ်ပြ န်တင်လိုက်တယ်။ ‘’ကျွန်တော်မလိုချင်...’’

‘’ငါ ဝံပုလွေတွေအကြောင်းသိပါတယ်’’

အဲဒီစကားက ကျွန်တေ့ာ်ကို တန့်သွားစေတယ်။

‘’မင်း ဘာပြောလဲ ငါသဘောပေါက်ပါတယ်’’ သူကဆက်ပြောတယ်။ ‘’အဲဒီအကောင်တွေကို ဘယ်သူ လွှတ်လိုက်တာလဲ ငါသိတယ်။ ရဲတွေပြောတာကို မေ့ထားလိုက် မင်းအမေဘယ်လို သေသွားလည်းဆိုတဲ့ အဖြစ်မှန်ကို ငါသိတယ်။’’

‘’ဘယ်လိုလဲ...’’

‘’မဂ်နက်စ် မင်းမိဘတွေ အကြောင်း မင်းအမွေးဆက်ခံရတဲ့ မျိုးရိုးအကြောင်း ငါ မင်းကို ပြောပြဖို့လိုပြီ.... မင်းအဖေအကြောင်း’’

အေးစက်နေတဲ့ နန်းကြိုးတစ်စက ကျွန်တေ့ာ် ကျောရိုးထဲထိ ထိုးစိုက်ဆင်းသွားတယ်။ ‘’ဦးလေးက ကျွန်တေ့ာ်အဖေကို သိလို့လား’’

ကျွန်တော် ရန်းဒေါ့ဖ်ကို တွန်ကန်အားတစ်ခု မပေးချင်ဘူး။ ကျွန်တော် လမ်းပေါ်မှာနေတာဆိုတော့ အဲဒီအားက ဘယ်လောက် အန္တရာယ်ရှိလဲဆိုတာ ကျွန်တေ့ာ်ကို ကောင်းကောင်းကြီးသင်ပေးတယ်။ ဒါပေမယ့် ကျွန်တေ့ာ်ကို သူချုပ်ကိုင်လိုက်ပြီ။ ကျွန်တော် အဲ့ဒီ အကြောင်းကို သိမှဖြစ်မယ်။ သူ့ရဲ့ စူးရှတဲ့ အကြည့်တွေကို ခန့်မှန်းကြည့်ရရင် သူအဲ့ဒီအကြောင်းကို သိထားတယ်။

‘’ဟုတ်တယ် မဂ်နက်စ် မင်းအဖေရဲ့ သရုပ်မှန်၊ မင်းအမေ အသတ်ခံရတဲ့ကိစ္စ၊ သူငါ့အကူညီကို ငြင်းတဲ့အကြောင်း.... အဲ့ဒါတွေ အားလုံးကဆက်စပ်မှုရှိတယ်။ ‘’သူက ဗိုက်ကင်း လူမျိုးစုအသုံးအဆောင်တွေ ပြထားတဲ့ဘက်ကို ညွှန်ပြလိုက်တယ်။ ‘’ငါ့တစ်ဘဝလုံး ငါရည်မှန်းချက်တစ်ခုကိုပဲ အကောင်ထည်ဖော်နေတာ။ ငါသမိုင်းဝင် ဆန်းကြယ်မှုတစ်ခုကိုဖော်ထုတ်ဖို့ပဲ။ ဒီမတိုင်ခင်က ဒီဟာရဲ့ ရုပ်လုံးတစ်ခုလုံးကို ငါမမြင်နိုင်ခဲ့ဘူး။ အခုတော့ ငါမြင်ပြီ။ ဒါတွေအားလုံးက ဒီနေ့ကို ဦးတည်နေတာပဲ မင်းရဲ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့’’

ကျွန်တော် ဦးလေးရန်းဒေါ့ဖ်ဆီကနေ သိသင့်တာတွေ သိရပြီးတော့ ပြုတင်းပေါက်ဖက်ကို ကျွန်တော် ကပ်လိုက်တယ်။ ‘’ဒီမှာဗျာ ဦးလေးပြောနေတာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် ကျွန်တော် နားမလည်ဘူး ဒါပေမယ့် ကျွန်တေ့ာ်အဖေအကြောင်းသာ ပြောပြနိုင်မယ်ဆိုရင်...’’

အဝေးတစ်နေရာက အမြောက်ပစ်လိုက်သလို အဆောက်အဦးက ဂျိုးဂျိုးဂျက်ဂျက်မြည်လာတယ် ကျွန်တေ့ာ် သွားတွေထိလာရိုက်ခတ်တဲ့ ခပ်အုပ်အုပ်မြည်ဟိန်းသံကို ခံစားမိတယ်။

‘’သူတို့တွေ မကြာခင် ဒီကိုရောက်လာတော့မှာ’’ ရန်းဒေါ့ဖ်က သတိပေးတယ်။ ‘’ငါတို့မှာ အချိန်မရှိတော့ဘူး’’

‘’သူတို့က ဘယ်သူတွေလဲ’’

ရန်းဒေါ့ဖ်က လမ်းလျှောက်တုတ်ကို အားပြုပြီး ခြေထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်သွားတယ်။ သူ့ရဲ့ ညာဖက် ဒူးက သိပ်ကောင်းပုံမရဘူး။ ‘’မဂ်နက်စ် ငါ အများကြီးတောင်းဆိုတယ်။ မင်းကတော့ ယုံကိုယုံမှာမဟုတ်ဘူး။ ဒါပေမယ့် မင်း ငါနဲ့ အခုလိုက်ခဲ့ဖို့လိုနေပြီ။ ‘’မင်းရဲ့ မွေးရပ်ကဘယ်မှာလဲဆိုတာ ငါသိတယ်’’ သူက စားပွဲပေါ်က မြေပုံဟောင်းတစ်ခုကို ညွှန်ပြလိုက်တယ်။ ‘’ငါတို့နှစ်ယောက်အတူတူဆို မင်းပိုင်ဆိုင်တဲ့အရာကို ပြန်ယူလို့ရတယ်။ အဲ့ဒီအရာကသာ မင်းကို ကာကွယ်ပေးမှာ’’

ပြုတင်းပေါက်အပြင်ဘက်ကို ကျွန်တော်ကျော်ပြီး လှမ်းကြည့်လိုက်တယ်။ ဓနသဟာရ စျေးဆိုင်ဘက်မှာ ဟားသ် တစ်ယောက်ကို မတွေ့ရတော့ဘူး။ ကျွန်တော်လည်း ရှိမနေသင့်တော့ဘူး။ ကျွန်တော် ဦးလေး ရန်းဒေါ့ဖ်ကိုကြည့်ပြီး ကျွန်တေ့ာ်အမေနဲ့ ဆင်မယ့် ကျွန်တော် သူ့ကိုယုံကြည်တဲ့ စိတ်ဖြစ်စေမယ့် အရာကို ရှာကြည့်လိုက်တယ်။ ကျွန်တော် ဘာကိုမှမတွေ့ဘူး။ သူ့ရဲ့ ဟိတ်ဟန်ကောင်းတဲ့ ခန္ဓာကိုယ် အသွင်သဏ္ဌာန်၊ သူ့ရဲ့ စူးရှတဲ့ မျက်လုံးနက်နက်တွေ၊ သူ့ရဲ့ အပြုံးအရယ်မရှိမျက်နှာနဲ့ တောင့်တင်းတင်းအမူရာ... သူက ကျွန်တေ့ာ် အမေနဲ့တေ့ာဆန့်ကျင်ဘက်ပါပဲ။

‘’ငါ့ကား အနောက်အပြင်ဘက်မှာ ရှိတယ်’’ သူကပြောလိုက်တယ်။

‘’ကျွန်တော်တို့ အန်နာဘတ်သ် နဲ့ ဦးလေး ဖရက်ဒီရစ်ခ် ကို စောင့်သင့်တယ်ထင်တာပဲ’’

ရန်းဒေါ့ဖ်က ပြုံးဖြဲဖြဲလုပ်တယ်။ ‘’သူတို့က ငါ့ဆို မယုံကြဘူး။ ဘယ်တော့မှလည်း ယုံမှာမဟုတ်ဘူး။ ကြံရမရဖြစ်လို့ အကူညီရမလားဆိုပြီး မင်းကိုရှာဖို့ ဘော်စတွန်ကိုခေါ်လိုက်တာ ဒါပေမယ့် မင်းက အခုဒီရောက်နေပြီ။’’

အဆောက်အဦးက ထပ်လှုပ်သွားတယ်။ အခုတော့ ဗုံးက ပိုအားပြင်းပြီး ပိုနီးလာသလိုပဲ။ အဲဒါကို အနီးအနား ဆောက်လုပ်ရေးတစ်ခု ဒါမှမဟုတ် စစ်ရေးပြအခမ်းအနား ဒါမှမဟုတ်လည်း လွယ်လွယ်ရှင်းပြလို့မရ တဲ့အရာတစ်ခုဖြစ်နေပါစေလို့ပဲ စိတ်ထဲယုံကြည့်ချင်တယ်။ ဒါပေမယ့် ကျွန်တေ့ာ် အူထဲသည်းထဲကတော့ တခြားအဓိပ္ပာယ်တစ်ခုခုကိုပြောနေတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော်တို့ တိုက်ခန်းကိုလှုပ်ခတ်သွားလောက်တဲ့ ဧရာမခြေချောင်းကြီး တစ်ခုက နင်းချလိုက်တဲ့အသံမျိုးကြီး။

‘’ကျေးဇူးပြုပြီး မဂ်နက်စ်ရာ’ ရန်းဒေါ့ဖ်ရဲ့အသံက တုန်နေတယ်။ ’ငါရဲ့မိသားစုလည်း ဒီမကောင်းဆိုးဝါးတွေကြောင့် ဆုံးရှုံးခဲ့ရပြီးပြီ။ ငါ့မိန်းမ နဲ့ ငါ့သမီးကို ဆုံးရှုံးခဲ့ရပြီးပြီ။’’

‘’ဦးလေးမှာလည်း မိသားစုရှိတာလား အမေကတော့ ကျွန်တေ့ာ်ကို အဲဒီအကြောင်း ဘာမှမပြောပြဖူးဘူး။’’

‘’သူကတော့ ပြောပြမှာမဟုတ်ဘူး ဒါပေမယ့် မင်းအမေ... နာတာလီက ငါ့ရဲ့တစ်ဦးတည်းသော အစ်မ ငါသူ့ကို ချစ်တယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာကို မုန်းတယ်။ ငါမင်းကိုလည်း အဆုံးရှုံးမခံနိုင်ဘူး။ ငါနဲ့လိုက်ခဲ့ပါ။ မင်းအဖေက မင်းအတွက် ရှာဖို့တစ်စုံတစ်ခုကိုချန်သွားတယ်။ အဲ့ဒီအရာကပဲ ကမ္ဘာတွေကို ပြောင်းလဲပေးနိုင်မှာ။’’

ခေါင်းထဲမှာ မေးခွန်းတွေပြည့်နှက်သွားတယ်။ ကျွန်တော် ရန်းဒေါ့ဖ်ရဲ့ ရူးချင်စရာ မျက်လုံးတွေရဲ့ အရောင်အသွေးတွေကို မကြိုက်ဘူး။ သူပြောတဲ့ ကမ္ဘာတွေကို ပြောင်းလဲပစ်မှာဆိုတဲ့ အများကိန်းသဘောကိုလည်း ဘဝင်မကျဘူး။ ပြီးတော့ ကျွန်တေ့ာ်အမေဆုံးပြီးတည်းက ကျွန်တေ့ာ်ကို တစ်ချိန်လုံး လိုက်ရှာနေခဲ့တယ်ဆိုတာလည်း ကျွန်တော်မယုံဘူး။ ကျွန်တော်က အမြဲမပြတ် နားစွင့်နေတဲ့ကောင်ပါ။ ရန်းဒေါ့ဖ် သာ ကျွန်တေ့ာ်အကြောင်းကို နာမည်တပ်မေးပြီး လိုက်ရှာနေခဲ့တယ်ဆိုရင် ကျွန်တေ့ာ်ရဲ့ လမ်းပေါ်က ဘော်ဒါတွေက ကျွန်တေ့ာ်ကို အကြောင်းကြားမှာပဲ။ ဒီမနက် အန်နာဘတ်သ် နဲ့ ဦးလေး ဖရက်ဒီရစ် အကြောင်း ဘလစ်ဇ် လာပြောသလိုပေါ့။

တစ်ခုခုတော့ ပြောင်းလဲနေပြီ။ ကျွန်တေ့ာ်ကို လာရှာရလောက်အောင် ရန်းဒေါ့ဖ်ကို ဘာကများ ဆုံးဖြတ်စေလိုက်တာလဲ။

‘’ကျွန်တော် ထွက်ပြေးမယ်ဆိုရင်ရော’’ ကျွန်တော်မေးလိုက်တယ်။ ‘’ခင်ဗျား ကျွန်တေ့ာ်ကို တားမှာလား’’

‘’မင်းပြေးရင် သူတို့ မင်းကိုလာရှာမှာပဲ။ သူတို့မင်းကို သတ်ပစ်မှာ’’

ကျွန်တေ့ာ်လည်ချောင်းထဲမှာ ချည်လုံးတွေနင်နေသလိုပဲ။ ကျွန်တော် ရန်းဒေါ့ဖ်ကို မယုံဘူး။ ကံဆိုးတာက ကျွန်တေ့ာ်ကို လူတွေသတ်ချင်နေတယ်ဆိုတဲ့ အကြောင်းကတော့ အမှန်ပြောနေတာပဲ။ သူ့အသံက အမှန်ကို ပြောနေတဲ့ လေသံပေါက်တယ်။

‘’ဒါဆိုလည်း’’ ကျွန်တော်ပြောလိုက်တယ် ‘’သွားကြတာပေါ့ဗျာ’’


အပိုင်း(၄)

ဆက်ရန်ရှိသေးသည်။....



KBZ Pay-09442199772

Your Coffe Give Me Strength For More Chapters!





rate now:

2 Reviews
  • reader Nami Athene 30.09.2021, 12:57 4

    👏

    reply

  • reader Nami Athene 30.09.2021, 12:57 4

    👏

    reply