book

Index 3

Chapter - 2

  • Author : magnolia__00
  • Genres : Adventure, Comedy, Action
  • Original Author : Bright Moonlight Frost On The Ground

{Unicode}

အခန်း -  နောက်ခံတောင့်ပြီး မရိုးဖြောင့်သည့် ကျောင်းသား

အန်လင်းက စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပင် စနစ်၏ နယ်ပယ်က သူ့စိတ်ထဲတွင် ရုတ်ချည်းပေါ်လာခဲ့သည်။ "လက်ခံသူက ထိုက်ချူကုန်းမြေကြီးသို့ ဝင်ရောက်ပြီးစီးကြောင်း ထောက်လှမ်းမိပါသည်။ ဘာသာစကားစနစ် စတင်ထည့်သွင်းနေပြီ ဖြစ်ပါသည်။"

ထိုသည်ကို မြင်တော့ အန်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ သန်းလာခဲ့သည်။ နောက်ဆုံးတော့ ဘာသာစကား အတားအဆီးပြဿနာက ဖြေရှင်းပြီးတော့မှာပေါ့... သူက တွေးလိုက်သည်။

ခေတ္တကြာပြီးနောက် စနစ်က အခြားမက်ဆေ့ချ်တစ်ခု ပေးပို့လာသည်။ "ဘာသာစကားစနစ် ထည့်သွင်းခြင်း ကျရှုံးပါသည်။ လက်ခံသူက ခွေးလို နှစ်ကြိမ်ဟောင်ရမည် ဖြစ်ပြီး အသံကျယ်လောင်မှု ၇၀ ဒက်ဆီဘယ်အောက် မနည်းရပါ။" (ဒက်ဆီဘယ်က အသံတိုင်းတာသည့် အခြေခံယူနစ် ဖြစ်ပါတယ်)

အန်လင်း "..."

ဘယ်လိုသောက်အဖြစ်အပျက်တွေ ဖြစ်နေတာလဲဆိုတာ ဘယ်သူကများ ပြောပြပေးနိုင်မလဲဗျာ...

ငါကဘာလို့များ ခွေးလိုဟောင်ဖို့ လိုအပ်ရတာတုန်း.. အဲလိုဟောင်လိုက်ရင် ဘာတွေများ ရလာမှာတဲ့လဲ..

အန်လင်းက သူ့စိတ်ထဲမှနေ မရပ်မနား ငိုကြွေးနေတော့သည်။ စနစ်ကတော့ သောက်ဖက်နည်းနည်းတောင် မလုပ်ပေ။

"ဝုတ်.. ဝုတ်.." အန်လင်းက တိတ်တဆိတ် ဟောင်လိုက်သည်။ သူ့မျက်နှာတွင် ရှက်ရွံ့မှုတို့က အတိုင်းသားပင်။

ထို့နောက် စနစ်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာပြန်သည်။ "လက်ခံသူ၏ အသံသည် ၂၀ ဒက်ဆီဘယ်သာ ရှိကြောင်း ထောက်လှမ်းမိပါသည်။ အသံအကျယ်မလုံလောက်သဖြင့် မှတ်တမ်းယူဖို့ မဖြစ်နိုင်ပါ။"

အန်လင်း "..."

မိန်းကလေးက အန်လင်းအား ထူးဆန်းသည့်အကြည့်နှင့် ကြည့်လာသည်။ အန်လင်းက အရမ်းကို ထူးဆန်းသည့် အသံတွေ ပြုလုပ်နေသည်ကို ကြားလိုက်မိသည်ဟု ခံစားနေရသည်။

မိန်းမလှလေးက အန်လင်းနားမလည်သည့် ဘာသာစကားနှင့် ပြောပြန်သည်။ သူမ၏ အကြည့်မှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာနေပြီ ဖြစ်သည်။

ဟုတ်သည်။ သူမက သူ့အား ဉာဏ်ရည်မမီသည့် သူတစ်ယောက်လို ကြည့်နေခြင်းဖြစ်သည်။

အန်လင်းက ထပ်ပြီးတော့ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ကျယ်နိုင်သမျှ ကျယ်ကျယ်ဟောင်ဖို့ ဆုံးဖြတ်လိုက်သည်။ "ဝုတ်...... ဝုတ်......."

သူ့အသံက အရမ်းကျယ်သွားသည့်အတွက် အနီးအနားရှိ ဖြတ်သွားဖြတ်လာ လူအများ၏ အာရုံစူးစိုက်မှုကိုပါ ရရှိလိုက်သည်။ ထိုသူများက တွေဝေသည့် အမူအရာများဖြင့် ကြည့်လာကြသည်။

အန်လင်းအရှေ့တွင် ရပ်နေသည့် မိန်းကလေးမှာလည်း ရုတ်တရက်ဆိုသလို ထိတ်လန့်သွားသည်။

"နင်က ရူးနေတာလား.." မိန်းကလေးက အော်လိုက်သည်။

.. ငါမျှော်လင့်ထားသလိုပဲ အရူးလို့ အခေါ်ခံလိုက်ရတာပါလား... အန်လင်းက ခါးသက်သက်နှင့် ရယ်မောလိုက်သည်။

"ခဏလေး... နင်ပြောတာ ငါနားလည်နိုင်ပြီပေါ့..."

အန်လင်းက အသိစိတ်ပြန်ဝင်လာပြီး ထူးခြားသည့် ဘာသာစကားတစ်ခုက သူ့နှုတ်ခမ်းမှနေ အလိုအလျောက် ထွက်လာခဲ့သည်။

မိန်းကလေးက ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး တခစ်ခစ်ရယ်လိုက်သည်။ "အာ... နင်က လူစကားပြောနိုင်တယ်ပေါ့.. အခုနက နင်ရုတ်တရက်ကြီး ဟောင်နေတာဆိုတော့ နင်က ခွေးမိစ္ဆာ အသွင်ပြောင်းထားတာလို့ ထင်မိတော့မလို့ပဲ.."

အန်လင်းရဲ့ မျက်နှာက ရဲတက်လာတာကြောင့် အလျင်အမြန်ပင် ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားလိုက်သည်။ "အမ်... မင်္ဂလာပါ.. ငါ့နာမည်က အန်လင်း.. ဒီကို ပထမဆုံးအကြိမ် ရောက်လာတာပဲ.. ဒီနေရာအကြောင်းလေးများ ပြောပြပေးနိုင်မလား.."

ထိုမိန်းကလေးက အနည်းငယ် အံ့ဩသွားပြီး "ဒီနေရာအကြောင်း မသိဘဲနဲ့ နင်ဘယ်လိုရောက်လာတာလဲ.."

"တကယ်တော့ အရမ်းအစွမ်းထက်တဲ့ သူတစ်ယောက် ငါ့ကို တည်နေရာ ရွှေ့ပြောင်းပေးလိုက်တာ.. ဒီနေရာနဲ့ ပတ်သက်ပြီး ငါက ဘာမှ မသိဘူးရယ်.."

"အိုး.. အဲလိုမျိုးလား.. အဲဒီ ကုန်းမြေက ကောင်းကင်ဘုံပိုင်နက်လေ.." မိန်းကလေးက ဝင်ပေါက်အနောက်မှရှိတဲ့ နန်းတော်များကို ညွှန်ပြရင်း ရှင်းပြသည်။ "အဲဒီ ဝင်ပေါက်တွေအတွင်းက ပိုင်နက်က စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ရဲ့ ကျောင်းဝင်းလေ.. နင်ကလည်း ကျောင်းသားအသစ်ပဲလို့ ငါထင်တယ်.."

"ဝိုး.... နင်ပြောသလိုဆို အဲဒီ ဝင်ပေါက်အနောက်က အရမ်းကျယ်ဝန်းတဲ့ နေရာကြီးက ကျောင်းတော်ရဲ့ ကျောင်းဝင်းပေါ့ ဟုတ်လား..." အန်လင်းက အရမ်းအံ့ဩသည့် လေသံနှင့် ပြောသည်။

သူက အဝေးရှိ မရေမတွက်နိုင်အောင် ပြန့်ကျဲနေသည့် အဆောက်အဦများကို ကြည့်လိုက်သည်။ ထိုအဆောက်အဦများက ကျယ်ဝန်းသည့် နေရာတစ်ခုလုံးတွင် အဆုံးမသတ်နိုင်အောင် ရှိနေသည်။

"အံ့ဩစရာပဲ မဟုတ်လား.. ဒါနဲ့ နင်က ဒီကို ဘာလာလုပ်တာလဲ.." မိန်းကလေးက စပ်စပ်စုစု မေးလာသည်။

"တကယ်တော့ အခုနက နင်ခန့်မှန်းလိုက်တာ မှန်တယ်ဟ.. ငါက ကျောင်းသားအသစ်တစ်ယောက်ပဲ.." သူကပြောနေရင်း ရွှေစာရွက်လေးကို ကမ်းပေးလိုက်သည်။

"အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာ...!" မိန်းကလေးက အာမေဋိတ်သံပြုလိုက်သည်။

ချက်ချင်းဆိုသလိုပဲ အန်လင်းအပေါ် အမြင်အသစ်တစ်မျိုးနှင့် ကြည့်လိုက်သည်။

မိန်းကလေးက ချစ်စဖွယ်အပြုံးလေးနှင့် အန်လင်းအား မိတ်ဆက်လာသည်။ "မင်္ဂလာပါ.. ငါက ကျောက်နဂါး ပြည်နယ်ကလာတဲ့ စုရှောင်လန် ပါ.. ငါလည်းပဲ ကျောင်းသူအသစ်ပါ.."

"နင်က ဒီနေရာနဲ့ မရင်းနှီးဘူးဆိုတော့ ငါက နာမည်စာရင်းသွင်းဖို့ ကူညီပေးမယ်.."

စုရှောင်လန်က အန်လင်းရဲ့ အဖြေကိုတောင် မစောင့်တော့ဘဲ သူ့လက်ကိုဆွဲပြီး ကျောင်းတော်ဝင်ပေါက်ဆီသို့ ဆွဲခေါ်သွားသည်။

အန်လင်းက အရမ်းကို ပျော်ရွှင်သွားသည်။ ဒီမိန်းမလှလေးက ရုတ်တရက်ကြီး ဘာလို့ သဘောတွေ ကောင်းလာရတာတုန်း..

"ဒီ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ကို ကောင်းကင်ဘုံပိုင်နက်က အထောက်အပံ့ပေးထားတာပဲ.. ပြီးတော့ ကိုးပြည်ထောင်မှာဆိုရင် စုစည်းညီညွတ် ကျောင်းတော်က ထိပ်တန်းအဆင့် ကျင့်ကြံခြင်းကျောင်းတော် ပဲလေ.. ကျောင်းတော်တစ်ခုလုံးက စတုရန်းကီလိုမီတာ လေးသောင်းလောက် ကျယ်တယ်.." စုရှောင်လန်လမ်းလျှောက်နေရင်း အန်လင်းကို ကျောင်းတော်အကြောင်း ပြောလာသည်။

အန်လင်း၏ အမူအရာမှာ စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြစ်သည်။ ကျောင်းတော်၏ ပိုင်နက်ကပင် ထိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးထက် ကြီးမားကျယ်ပြန့်နေသေးသည်။

ကျောင်းတော်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တမူထူးခြားသည့် နတ်ဗိမာန်များ ထက်ပိုပြီး သူ့အား အံ့အားသင့်စေသည့် အရာမှာ လမ်းပေါ်တွင် မြင်တွေ့နေရသည့် လူ များသာ ဖြစ်သည်။

သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားမျိုးစုံသာမက သူတို့၏ အသားအရောင်များမှာလည်း အရောင်အသွေးစုံလှသည်။ အန်လင်းဘေးမှ ဖြတ်သွားသည့် အမျိုးသားတစ်ယောက်ဆိုလျှင် ဦးခေါင်းတွင် ဦးမှင်နှင့် နောက်ကျောတွင် ခရုခွံ ရှိနေသည်ကိုပါ မြင်လိုက်ရသေးသည်။

သူတို့နှင့် ယှဉ်ကြည့်ပါက စုရှောင်လန်၏ တာအိုဝတ်စုံနှင့် သွင်ပြင်မှာ အရိုးရှင်းဆုံးပင် ဖြစ်မည်။

တချို့ကျောင်းသားများ၏ ဟိုဟိုဒီဒီ သွားလာနေကြသည့် ပုံစံမှာ အရမ်းကို စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တစ်ချို့က လေဟုန်စီးနေကြပြီး တချို့မှာတော့ သူတို့၏ မှော်ရတနာများကို အသုံးပြုပြီး မြန်မြန်ဆန်ဆန် ပျံသန်းနေကြသည်။ ထိုနည်းလမ်းအားလုံးမှာ လက်ခံနိုင်ဖွယ်ရာပင်။

သို့ပေမဲ့လည်း အဲဒီလူတစ်ယောက်က လေဆင်နှာမောင်းပေါ် ဘာထိုင်လုပ်နေတာတုန်း။

ခင်ဗျားက လေဆင်နှာမောင်းအပေါ် ထိုင်နေတာကို ထားပါဦးဗျာ.. ဒါပေမဲ့ ဘာလို့များ လေနဲ့အတူ လိုက်လည်နေရတာတုန်း...

ထိုသည်ကို မြင်တော့ အန်လင်းက မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ရယ်မိတော့သည်။

ထိုသည်ကို မြင်တော့ လေဆင်နှာမောင်းပေါ်တွင် ထိုင်နေသည့်သူမှာ အတော်လေး ဒေါသထွက်သွားပြီး သူ့အား ရယ်နေသည့် အန်လင်းကို ဘုကြည့်ကြည့်လာသည်။

လေဆင်နှာမောင်းအဆင့်၏ ဆင့်ကဲဖြစ်စဉ်တိုင်းတွင် ထိုကဲသို့ လည်နေမည် ဖြစ်သဖြင့် အန်လင်းက ထိုအကြံကို ကြံ့ကြံ့ခံရမည် ဖြစ်သည်ကြောင့် ထိုလူက အဝေးသို့ ရောက်မသွားမချင်း ထပ်မံပြီး မရယ်ရဲတော့ပေ။

စုရှောင်လင်က လူစုစု ရှိနေသည့် နေရာတစ်ခုကို ညွှန်ပြလိုက်ပြီး "စာရင်းသွင်းရမယ့် နေရာက အဲမှာပဲ.."

ထိုသည်က မြေကွက်လပ်တစ်ခုဖြစ်ပြီး လူထောင်ပေါင်းများစွာက ကြည့်ရှုနေကြသည်။

ဧရာမ ကျောက်နက်ပြားတစ်ချပ်က လူအုပ်အကြားတွင် ရှိနေပြီး အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်ပေးနေသည်။

တာအိုခန္ဓာ - အဆင့် ၇

"ဝိုး... မိုက်တယ်ဟေ့.."

လူအုပ်က ယောက်ယက်ခတ်သွားသည်။

အန်လင်း၏ မျက်နှာမှာ မှောင်မိုက်လာသည်။ ဒီလို စမ်းသပ်စစ်ဆေးမှုမျိုးကို ရင်းနှီးနေသည်ဟု ဘာလို့ ခံစားမိနေတာလဲ။

"ဒါက စာရင်းမသွင်းခင် ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးတာလေ.. ငါတို့က ကျောင်းလက်ခံတဲ့ အသိပေးစာကို ရထားပြီးသားပေမဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံအလိုက် တက်ရမယ့်အတန်းတွေကို ပြန်စီပေးတာလေ.." စုရှောင်လန်က ရှင်းပြသည်။

"လူသစ်က တစ်သောင်းလောက် ရှိတာကြောင့် ငါတို့ကို တန်းခွဲပေါင်း ၁၀၀ လောက်မှာ ခွဲစုစီပေးလိမ့်မယ်.. ကျင့်ကြံခြင်းအခြေခံကို အမြင့်ကနေ အနိမ့်ကို စီထားတာကြောင့် တန်းခွဲ ၁ ကနေ တန်းခွဲ ၁၀၀ အထိ အသီးသီးပေါ့.." စုရှောင်လန်က ဆက်ပြောသည်။

"ဘယ်လိုတောင် ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ တန်းခွဲစနစ်လဲ.." အန်လင်းက အံ့အားတကြီး ရေရွတ်လိုက်သည်။

"ကျောင်းသားရဲ့ စွမ်းရည်ပေါ်မှာ မူတည်ပြီး ဒီသင်ကြားနည်းက ပိုထိရောက်လိမ့်မယ်.. အဲဒီအပြင် နင်က ပါရမီရှင် တစ်ယောက်နဲ့ တူတာကြောင့် အသာလေး တန်းခွဲ ၁ ကို ဝင်နိုင်တယ်.." စုရှောင်လန်က ခပ်ပါးပါးပြုံးလိုက်သည်။

စုရှောင်လန်ရဲ့ ပြောစကားက အန်လင်းကို ဆွံ့အသွားစေသည်။ သူက တာအိုခန္ဓာဆိုတာတောင် ဘာမှန်းမသိတာ တန်းခွဲ ၁၀၀ ကို ဝင်ရောင်တောင် ကံကောင်းလွန်းလို့ပဲ ဖြစ်မည်။

အန်လင်းနှင့် စုရှောင်လန်တို့က လူအုပ်ကို တိုးဝှေ့ဖြတ်သန်းပြီး နောက်တွင်တာ့ စာရင်းပေးသွင်းရမည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

စုရှောင်လန်က သူမ၏ အဖြူရောင်ဝင်ခွင့်စာရွက်ကို ထုတ်ပြီး သက်လတ်ပိုင်း လူကြီးကို ကမ်းပေးလိုက်သည်။ ထိုလူကြီး၏ ခါးတွင်တော့ အင်မော်တယ် ဓားတစ်ချောင်း ချိတ်ဆွဲထားသည်။

ထို့နောက် သူမက ဧရာမ ကျောက်နက်ပြားဆီ လျှောက်သွားပြီး သူမရဲ့လက်ကို တင်လိုက်သည်။

ကျောက်တုံးမှနေ အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်လာပြီး ကြီးမားသည့် စကားလုံးများ ပေါ်လာသည်။ "တာအိုခန္ဓာ - အဆင့် ၉"

"ပါရမီရှင်ဟေ့.. ငယ်ငယ်လေးနဲ့ အဆင့် ၉ တာအိုခန္ဓာရောက်နေပြီ.." လူအုပ်ကြီးက အံ့အားတကြီး ရေရွတ်ကြသည်။

ကျော့ရှင်းပြီး ရိုးရှင်းသည့် တာအိုဝတ်စုံနှင့် မိန်းမလှလေးကို လူအားလုံးက အလွန်အံ့ဩတကြီး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် မနာလိုသည့် အရိပ်အယောင်များ ကပ်ငြိနေသေးသည်။

"စုရှောင်လန် တန်းခွဲ ၁.." အင်မော်တယ်ဓါး ချိတ်ဆွဲထားသည့် သက်လတ်ပိုင်းလူကြီးက ကျယ်လောင်စွာ ကြေငြာလိုက်သည်။

များပြားသည့် မျက်လုံးများအောက်မှာ စုရှောင်လန်က အန်လင်း၏ ဘေးတွင် ရပ်လိုက်ပြီး "အန်လင်း.. အခုနင့်အလှည့်ပဲ.. မင်းကံကောင်းပါစေ............" စုရှောင်လန်က ပြုံးလိုက်သည်။

အန်လင်းက အနည်းငယ် စိတ်ဖိစီးနေပြီး သက်လတ်ပိုင်း လူကြီးဆီ လျှောက်သွားကာ ရွှေစာရွက်အပိုင်းလေးကို ကမ်းပေးလိုက်သည်။

အန်လင်းဆီမှ ရွှေစာရွက်အပိုင်းလေးကို ယူပြီးသည်နှင့် သက်လတ်ပိုင်းလူကြီး၏ အကြည့်သည် စိတ်မဝင်စားသည့် ပုံစံမှနေ အံ့အားသင့်သည့်ပုံသို့ တမဟုတ်ချင်း ပြောင်းလဲသွားသည်။

ရွှေစာရွက်ကို အသက်ဝင်လာစေရန် အလျင်အမြန်ပင် သူ၏ မှော်စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ယင်းမှနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းလူကြီးက အန်လင်းကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် မမျှော်လင့်ဘဲ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "သွားလေ... သွားပြီး မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို တိုင်းတာချေ.." သူက နူးနူးညံ့ညံ့ပြောသည်။

"အဲဒါ အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာကွ.." ရွှေစာရွက်ကိုမြင်တော့ အမြင်စူးရှသည့် ကျောင်းသားတစ်ယောက်က အံ့ဩတကြီး အော်လိုက်သည်။

ထိုသည်ကို ကြားလိုက်ရတော့ ကျောင်းသားအသစ်အားလုံးမှာ စိတ်လှုပ်ရှားလာကြသည်။

"သူ့မှာ အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာကို ရလောက်တဲ့အထိ အရည်အချင်းရှိနေတာဆိုတော့ ဒီလိုမျိုး ပါရမီရှင်က ဘယ်မျိုးနွယ်က လာတယ်ဆိုတာ သိချင်လိုက်တာ.."

"ဒါနဲ့.. အစစ်အမှန် နတ်ဘုရားရဲ့ ထောက်ခံစာနဲ့ ရောက်လာတာ ငါတို့ လူသစ်တွေထဲမှာဆို သူက သုံးယောက်မြောက် မဟုတ်ဘူးလား.."

"အမှန်ပဲပေါ့ကွာ.. အရင်ကဆို တစ်ယောက်တောင်မှ ပါလာဖို့ မဖြစ်နိုင်ဘူးကွ.. ရုတ်တရက်ဆိုသလို သုံးယောက်ကြီးများတောင် ဆိုတော့... ဒီလိုမျိုး တစ်ခါမှတောင် မမျှော်လင့်ထားဖူးပါဘူးကွာ..."

လူအုပ်ကြီးက ထိုအကြောင်းက စိတ်ပါလက်ပါ ဆွေးနွေးနေကြပြီး လူအားလုံးနီးပါးက အန်လင်းကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

တချို့ မိန်းမငယ်လေးများမှာ အန်လင်း၏ ချောမောသည့် ရုပ်ရည်သွင်ပြင်ကို မြင်ရသည့်အခါ ရှက်သွေးဖြာပြီး ချစ်မေတ္တာများပင် ပွင့်ဖူးလာကြသည်။

ငလူး... သူတို့အားလုံးက ငါ့ကိုဘာလို့ ကြည့်နေကြတာတုန်း..

များပြားလှသည့် အာရုံစိုက်မှုများကြောင့် အန်လင်းမှာ စိတ်ပူပင်သောက ရောက်လာရသည်။

သူတို့အားလုံးက ဘာလို့ငါ့ကို မျှော်လင့်ချက် ကြီးမားနေရတာတုန်း.. အန်လင်းမှာ ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်နေရသလိုပင်။

စိတ်ထဲ ထည့်မနေတော့ဘူး.. ငါက တာအိုခန္ဓာ အဆင့် ၁၀ တို့ ဘာတို့ ဖြစ်ချင် ဖြစ်နေနိုင်တာပဲ။

ထိုသို့တွေးလို့ပြီးနောက် အန်လင်းက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်သွားသည်။

ဟုတ်တယ်.. တကယ်တမ်း ငါကသောက်ရမ်းမိုက်နေတာကို ငါကိုယ်တိုင် သတိမထားမိသေးတာပဲ ဖြစ်ရမယ်..

အန်လင်းက ဧရာမ ကျောက်နက်ပြားကြီးပေါ်တွင် သူ့လက်ကို တင်လိုက်သည်။ အဖြူရောင်အလင်းတွေ တောက်ပလာပြီးနောက် သူ့လက်တစ်လျှောက် တုန်ခါလာသည်။ သူ့စိတ်တွေ လေးလံလာပြီး ထွက်ပေါ်လာမည့် ရလဒ်ကို မျှော်လင့်နေသည်။

ကြီးမားသည့် စာလုံးကြီးများက ဧရာမကျောက်နက်ပြားကြီးပေါ်တွင် ပေါ်လာခဲ့သည်။ "တာအိုခန္ဓာ ဗလာအဆင့်.."

လူအုပ်ကြီးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး လူအားလုံးက ကျောက်နက်ပြားပေါ်ရှိ စာလုံးများကို ငေးကြည့်နေကြသည်။

တချို့ဆို သူတို့မြင်လိုက်ရသည်ကို မယုံနိုင်သဖြင့် မျက်လုံးများကို လက်ဖြင့်ပွတ်ကာ ပြန်ကြည့်လိုက်သေးသည်။

သူက စိတ်ထဲတွင် ပြင်ဆင်ထားပေမဲ့လည်း ထွက်ပေါ်လာသည့် ရလဒ်ကြောင့် တစ်ခဏမျှ စကားမပြောနိုင်အောင် ဆွံ့အသွားသည်။

သို့ပေမဲ့လည်း အမှန်တရားက သူ့အရှေ့သို့ ရုတ်တရက်ကြီး ရောက်ရှိလာသဖြင့် သူ့ကိုယ်သူ စိတ်ပျက်နေမိသည်။

အရာအားလုံးက ရုတ်ချည်းဆိုသလို ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်သွားသည်။

အန်လင်းက ကျောင်းသားအသစ်များကို လိုက်ကြည့်လိုက်သည်။ သူတို့သည် သူ့ထက်ပင်ပိုပြီး အံ့အားသင့်ကာ ဆွံ့ကြနေသည်ကို တွေ့လိုက်ရသဖြင့် ပြောစရာစကားပင် ဆွံ့အသွားသည်။

"အန်လင်း တန်းခွဲ ၁.." သက်လတ်ပိုင်းလူကြီးက အော်ပြောလိုက်သည်။

အန်လင်းက ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားလိုက်သည်။ သက်လတ်ပိုင်းလူကြီးနှင့် မျက်နှာချင်းဆိုင်ရသည့် အခါတွင် သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်များက အတိုင်းသားပင်။ သူက မှားယွင်းစွာ ကြားလိုက်ရသည်ဟုပင် သံသယဖြစ်မိသည်။

ထို့နောက် တခြားကျောင်းသားများဆီသို့ ကြည့်လိုက်သည့်အခါ သူတို့ကလည်းပဲ သူ့အား ဖော်ပြလို့မရနိုင်အောင် စိတ်ရှုပ်ထွေးသည့် အမူအယာများဖြင့် ကြည့်နေကြသည်။

အရာအားလုံးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

"နောက်ခံတောင့်ပြီး မရိုးဖြောင့်တဲ့ ကျောင်းသားတစ်ယောက်ကတော့ ဒီနှစ်လူသစ်တွေထဲ ပါလာခဲ့ပြီဟေ့.."

ထိုအချိန်မှာပင် လူအုပ်ထဲရှိ တစ်ယောက်က မှတ်ချက်ပြုသည်။

တစ်ဦးတစ်ယောက်ကမှ ပြန်လည်ချေပခြင်း မပြုဘဲ လူအများက သူတို့၏ခေါင်းများကို ညိတ်ကာ သဘောတူကြောင်း ပြနေကြသည်။

အန်လင်း ဆိုသည့် အမည်မှာ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော် တစ်ဝှမ်း မကြာခင်မှာပင် ပျံ့နှံ့သွားတော့မည်ကို သူတို့က သဘောပေါက်နားလည်ကြသည်။

အားလုံးပြီးသည့်နောက်တွင်တော့ အန်လင်းက အဆိုးရွားဆုံး ရလဒ်နှင့် အကောင်းဆုံးတန်းခွဲသို့ ဝင်ခွင့်ရသည့် ပထမဆုံးကျောင်းသားအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

ထိုမှတ်ချက်ကို ကြားလိုက်ရတော့ အန်လင်းမှာ မျက်နှာရှုံ့မဲ့မဲ့ပင် ဖြစ်လာသည်။ ခေါင်းငိုက်စိုက်ချကာ စုရှောင်လန် ရှိရာသို့ ပြန်သွားလိုက်သည်။

စုရှောင်လန်၏ မျက်လုံးများမှာ ကြင်နာမှုဖြင့် ပြည့်နေပြီး သူက နှစ်သိမ့်ဖို့ရာ ကြိုးစားလိုက်ပေမဲ့ မည်ကဲ့သို့ စပြောရမည်မှန်း မသိပေ။

အန်လင်းက ခေါင်းကို လေးဆယ့်ငါး ဒီဂရီ ထောင်လာခဲ့သည်။ မျက်နှာတွင် စိတ်ဓာတ်ကျသည့် အမူအယာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူက ငြိမ်းချမ်းစွာ ကျင့်ကြံလိုသည်သာ ဖြစ်သည်။ ဘာလို့များ ကျောင်းတော်သို့ ဝင်ဝင်ခြင်း လူအားလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ရတာလဲ။

ထို့အပြင် သူက လူအားလုံး မနှစ်မြို့စွာ အာရုံစိုက်ခံရသူတစ်ယောက် ဖြစ်လာခဲ့ခြင်းပေ။

by Magnolia

{Zawgyi}

အခန္း - ၂ ေနာက္ခံေတာင့္ၿပီး မရိုးေျဖာင့္သည့္ ေက်ာင္းသား

အန္လင္းက စိတ္ပ်က္လက္ပ်က္ ျဖစ္ေနတုန္းမွာပင္ စနစ္၏ နယ္ပယ္က သူ႕စိတ္ထဲတြင္ ႐ုတ္ခ်ည္းေပၚလာခဲ့သည္။ "လက္ခံသူက ထိုက္ခ်ဴကုန္းေျမႀကီးသို႔ ဝင္ေရာက္ၿပီးစီးေၾကာင္း ေထာက္လွမ္းမိပါသည္။ ဘာသာစကားစနစ္ စတင္ထည့္သြင္းေနၿပီ ျဖစ္ပါသည္။"

ထိုသည္ကို ျမင္ေတာ့ အန္လင္း၏ မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈတို႔ သန္းလာခဲ့သည္။ ေနာက္ဆုံးေတာ့ ဘာသာစကား အတားအဆီးျပႆနာက ေျဖရွင္းၿပီးေတာ့မွာေပါ့...။ သူက ေတြးလိုက္သည္။

ေခတၱၾကာၿပီးေနာက္ စနစ္က အျခားမက္ေဆ့ခ်္တစ္ခု ေပးပို႔လာသည္။ "ဘာသာစကားစနစ္ ထည့္သြင္းျခင္း က်ရႈံးပါသည္။ လက္ခံသူက ေခြးလို ႏွစ္ႀကိမ္ေဟာင္ရမည္ ျဖစ္ၿပီး အသံက်ယ္ေလာင္မႈ ၇၀ ဒက္ဆီဘယ္ေအာက္ မနည္းရပါ။" (ဒက္ဆီဘယ္က အသံတိုင္းတာသည့္ အေျခခံယူနစ္ ျဖစ္ပါတယ္)

အန္လင္း "..."

ဘယ္လိုေသာက္အျဖစ္အပ်က္ေတြ ျဖစ္ေနတာလဲဆိုတာ ဘယ္သူကမ်ား ေျပာျပေပးနိုင္မလဲဗ်ာ...

ငါကဘာလို႔မ်ား ေခြးလိုေဟာင္ဖို႔ လိုအပ္ရတာတုန္း.. အဲလိုေဟာင္လိုက္ရင္ ဘာေတြမ်ား ရလာမွာတဲ့လဲ..

အန္လင္းက သူ႕စိတ္ထဲမွေန မရပ္မနား ငိုေႂကြးေနေတာ့သည္။ စနစ္ကေတာ့ ေသာက္ဖက္နည္းနည္းေတာင္ မလုပ္ေပ။

"ဝုတ္.. ဝုတ္.." အန္လင္းက တိတ္တဆိတ္ ေဟာင္လိုက္သည္။ သူ႕မ်က္ႏွာတြင္ ရွက္႐ြံ႕မႈတို႔က အတိုင္းသားပင္။

ထို႔ေနာက္ စနစ္က ေနာက္ထပ္ မက္ေဆ့ခ်္တစ္ခု ပို႔လာျပန္သည္။ "လက္ခံသူ၏ အသံသည္ ၂၀ ဒက္ဆီဘယ္သာ ရွိေၾကာင္း ေထာက္လွမ္းမိပါသည္။ အသံအက်ယ္မလုံေလာက္သျဖင့္ မွတ္တမ္းယူဖို႔ မျဖစ္နိုင္ပါ။"

အန္လင္း "..."

မိန္းကေလးက အန္လင္းအား ထူးဆန္းသည့္အၾကည့္ႏွင့္ ၾကည့္လာသည္။ အန္လင္းက အရမ္းကို ထူးဆန္းသည့္ အသံေတြ ျပဳလုပ္ေနသည္ကို ၾကားလိုက္မိသည္ဟု ခံစားေနရသည္။

မိန္းမလွေလးက အန္လင္းနားမလည္သည့္ ဘာသာစကားႏွင့္ ေျပာျပန္သည္။ သူမ၏ အၾကည့္မွာလည္း တျဖည္းျဖည္းႏွင့္ ေျပာင္းလဲလာေနၿပီ ျဖစ္သည္။

ဟုတ္သည္။ သူမက သူ႕အား ဉာဏ္ရည္မမီသည့္ သူတစ္ေယာက္လို ၾကည့္ေနျခင္းျဖစ္သည္။

အန္လင္းက ထပ္ၿပီးေတာ့ သည္းမခံနိုင္ေတာ့ေပ။ ထို႔ေၾကာင့္ က်ယ္နိုင္သမွ် က်ယ္က်ယ္ေဟာင္ဖို႔ ဆုံးျဖတ္လိုက္သည္။ "ဝုတ္...... ဝုတ္......."

သူ႕အသံက အရမ္းက်ယ္သြားသည့္အတြက္ အနီးအနားရွိ ျဖတ္သြားျဖတ္လာ လူအမ်ား၏ အာ႐ုံစူးစိုက္မႈကိုပါ ရရွိလိုက္သည္။ ထိုသူမ်ားက ေတြေဝသည့္ အမူအရာမ်ားျဖင့္ ၾကည့္လာၾကသည္။

အန္လင္းအေရွ႕တြင္ ရပ္ေနသည့္ မိန္းကေလးမွာလည္း ႐ုတ္တရက္ဆိုသလို ထိတ္လန႔္သြားသည္။

"နင္က ႐ူးေနတာလား.." မိန္းကေလးက ေအာ္လိုက္သည္။

ဟ.. ငါေမွ်ာ္လင့္ထားသလိုပဲ အ႐ူးလို႔ အေခၚခံလိုက္ရတာပါလား... အန္လင္းက ခါးသက္သက္ႏွင့္ ရယ္ေမာလိုက္သည္။

"ခဏေလး... နင္ေျပာတာ ငါနားလည္နိုင္ၿပီေပါ့..."

အန္လင္းက အသိစိတ္ျပန္ဝင္လာၿပီး ထူးျခားသည့္ ဘာသာစကားတစ္ခုက သူ႕ႏႈတ္ခမ္းမွေန အလိုအေလ်ာက္ ထြက္လာခဲ့သည္။

မိန္းကေလးက ပါးစပ္ကို လက္ျဖင့္အုပ္လိုက္ၿပီး တခစ္ခစ္ရယ္လိုက္သည္။ "အာ... နင္က လူစကားေျပာနိုင္တယ္ေပါ့.. အခုနက နင္႐ုတ္တရက္ႀကီး ေဟာင္ေနတာဆိုေတာ့ နင္က ေခြးမိစာၦ အသြင္ေျပာင္းထားတာလို႔ ထင္မိေတာ့မလို႔ပဲ.."

အန္လင္းရဲ႕ မ်က္ႏွာက ရဲတက္လာတာေၾကာင့္ အလ်င္အျမန္ပင္ ေခါင္းစဥ္ေျပာင္းဖို႔ ႀကိဳးစားလိုက္သည္။ "အမ္... မဂၤလာပါ.. ငါ့နာမည္က အန္လင္း.. ဒီကို ပထမဆုံးအႀကိမ္ ေရာက္လာတာပဲ.. ဒီေနရာအေၾကာင္းေလးမ်ား ေျပာျပေပးနိုင္မလား.."

ထိုမိန္းကေလးက အနည္းငယ္ အံ့ဩသြားၿပီး "ဒီေနရာအေၾကာင္း မသိဘဲနဲ႕ နင္ဘယ္လိုေရာက္လာတာလဲ.."

"တကယ္ေတာ့ အရမ္းအစြမ္းထက္တဲ့ သူတစ္ေယာက္ ငါ့ကို တည္ေနရာ ေ႐ႊ႕ေျပာင္းေပးလိုက္တာ.. ဒီေနရာနဲ႕ ပတ္သက္ၿပီး ငါက ဘာမွ မသိဘူးရယ္.."

"အိုး.. အဲလိုမ်ိဳးလား.. အဲဒီ ကုန္းေျမက ေကာင္းကင္ဘုံပိုင္နက္ေလ.." မိန္းကေလးက ဝင္ေပါက္အေနာက္မွရွိတဲ့ နန္းေတာ္မ်ားကို ၫႊန္ျပရင္း ရွင္းျပသည္။ "အဲဒီ ဝင္ေပါက္ေတြအတြင္းက ပိုင္နက္က စုစည္းညီၫြတ္ က်င့္ႀကံျခင္းေက်ာင္းေတာ္ရဲ႕ ေက်ာင္းဝင္းေလ.. နင္ကလည္း ေက်ာင္းသားအသစ္ပဲလို႔ ငါထင္တယ္.."

"ဝိုး.... နင္ေျပာသလိုဆို အဲဒီ ဝင္ေပါက္အေနာက္က အရမ္းက်ယ္ဝန္းတဲ့ ေနရာႀကီးက ေက်ာင္းေတာ္ရဲ႕ ေက်ာင္းဝင္းေပါ့ ဟုတ္လား..." အန္လင္းက အရမ္းအံ့ဩသည့္ ေလသံႏွင့္ ေျပာသည္။

သူက အေဝးရွိ မေရမတြက္နိုင္ေအာင္ ျပန႔္က်ဲေနသည့္ အေဆာက္အဦမ်ားကို ၾကည့္လိုက္သည္။ ထိုအေဆာက္အဦမ်ားက က်ယ္ဝန္းသည့္ ေနရာတစ္ခုလုံးတြင္ အဆုံးမသတ္နိုင္ေအာင္ ရွိေနသည္။

"အံ့ဩစရာပဲ မဟုတ္လား.. ဒါနဲ႕ နင္က ဒီကို ဘာလာလုပ္တာလဲ.." မိန္းကေလးက စပ္စပ္စုစု ေမးလာသည္။

"တကယ္ေတာ့ အခုနက နင္ခန႔္မွန္းလိုက္တာ မွန္တယ္ဟ.. ငါက ေက်ာင္းသားအသစ္တစ္ေယာက္ပဲ.." သူကေျပာေနရင္း ေ႐ႊစာ႐ြက္ေလးကို ကမ္းေပးလိုက္သည္။

"အစစ္အမွန္ နတ္ဘုရားတစ္ပါးရဲ႕ ေထာက္ခံစာ...!" မိန္းကေလးက အာေမဋိတ္သံျပဳလိုက္သည္။

ခ်က္ခ်င္းဆိုသလိုပဲ အန္လင္းအေပၚ အျမင္အသစ္တစ္မ်ိဳးႏွင့္ ၾကည့္လိုက္သည္။

မိန္းကေလးက ခ်စ္စဖြယ္အၿပဳံးေလးႏွင့္ အန္လင္းအား မိတ္ဆက္လာသည္။ "မဂၤလာပါ.. ငါက ေက်ာက္နဂါး ျပည္နယ္ကလာတဲ့ စုေရွာင္လန္ ပါ.. ငါလည္းပဲ ေက်ာင္းသူအသစ္ပါ.."

"နင္က ဒီေနရာနဲ႕ မရင္းႏွီးဘူးဆိုေတာ့ ငါက နာမည္စာရင္းသြင္းဖို႔ ကူညီေပးမယ္.."

စုေရွာင္လန္က အန္လင္းရဲ႕ အေျဖကိုေတာင္ မေစာင့္ေတာ့ဘဲ သူ႕လက္ကိုဆြဲၿပီး ေက်ာင္းေတာ္ဝင္ေပါက္ဆီသို႔ ဆြဲေခၚသြားသည္။

အန္လင္းက အရမ္းကို ေပ်ာ္႐ႊင္သြားသည္။ ဒီမိန္းမလွေလးက ႐ုတ္တရက္ႀကီး ဘာလို႔ သေဘာေတြ ေကာင္းလာရတာတုန္း..။

"ဒီ စုစည္းညီၫြတ္ က်င့္ႀကံျခင္းေက်ာင္းေတာ္ကို ေကာင္းကင္ဘုံပိုင္နက္က အေထာက္အပံ့ေပးထားတာပဲ.. ၿပီးေတာ့ ကိုးျပည္ေထာင္မွာဆိုရင္ စုစည္းညီၫြတ္ ေက်ာင္းေတာ္က ထိပ္တန္းအဆင့္ က်င့္ႀကံျခင္းေက်ာင္းေတာ္ ပဲေလ.. ေက်ာင္းေတာ္တစ္ခုလုံးက စတုရန္းကီလိုမီတာ ေလးေသာင္းေလာက္ က်ယ္တယ္.." စုေရွာင္လန္လမ္းေလွ်ာက္ေနရင္း အန္လင္းကို ေက်ာင္းေတာ္အေၾကာင္း ေျပာလာသည္။

အန္လင္း၏ အမူအရာမွာ စိတ္လႈပ္ရွားမႈ အျပည့္ႏွင့္ ျဖစ္သည္။ ေက်ာင္းေတာ္၏ ပိုင္နက္ကပင္ ထိုင္ဝမ္ကြၽန္းတစ္ကြၽန္းလုံးထက္ ႀကီးမားက်ယ္ျပန႔္ေနေသးသည္။

ေက်ာင္းေတာ္အတြင္းသို႔ ဝင္ေရာက္ၿပီးသည္ႏွင့္ တမူထူးျခားသည့္ နတ္ဗိမာန္မ်ား ထက္ပိုၿပီး သူ႕အား အံ့အားသင့္ေစသည့္ အရာမွာ လမ္းေပၚတြင္ ျမင္ေတြ႕ေနရသည့္ လူ မ်ားသာ ျဖစ္သည္။

သူတို႔ဝတ္ဆင္ထားသည့္ အဝတ္အစားမ်ိဳးစုံသာမက သူတို႔၏ အသားအေရာင္မ်ားမွာလည္း အေရာင္အေသြးစုံလွသည္။ အန္လင္းေဘးမွ ျဖတ္သြားသည့္ အမ်ိဳးသားတစ္ေယာက္ဆိုလွ်င္ ဦးေခါင္းတြင္ ဦးမွင္ႏွင့္ ေနာက္ေက်ာတြင္ ခ႐ုခြံ ရွိေနသည္ကိုပါ ျမင္လိုက္ရေသးသည္။

သူတို႔ႏွင့္ ယွဥ္ၾကည့္ပါက စုေရွာင္လန္၏ တာအိုဝတ္စုံႏွင့္ သြင္ျပင္မွာ အရိုးရွင္းဆုံးပင္ ျဖစ္မည္။

တခ်ိဳ႕ေက်ာင္းသားမ်ား၏ ဟိုဟိုဒီဒီ သြားလာေနၾကသည့္ ပုံစံမွာ အရမ္းကို စိတ္ဝင္စားဖြယ္ ေကာင္းလွသည္။ တစ္ခ်ိဳ႕က ေလဟုန္စီးေနၾကၿပီး တခ်ိဳ႕မွာေတာ့ သူတို႔၏ ေမွာ္ရတနာမ်ားကို အသုံးျပဳၿပီး ျမန္ျမန္ဆန္ဆန္ ပ်ံသန္းေနၾကသည္။ ထိုနည္းလမ္းအားလုံးမွာ လက္ခံနိုင္ဖြယ္ရာပင္။

သို႔ေပမဲ့လည္း အဲဒီလူတစ္ေယာက္က ေလဆင္ႏွာေမာင္းေပၚ ဘာထိုင္လုပ္ေနတာတုန္း။

ခင္ဗ်ားက ေလဆင္ႏွာေမာင္းအေပၚ ထိုင္ေနတာကို ထားပါဦးဗ်ာ.. ဒါေပမဲ့ ဘာလို႔မ်ား ေလနဲ႕အတူ လိုက္လည္ေနရတာတုန္း...။

ထိုသည္ကို ျမင္ေတာ့ အန္လင္းက မထိန္းနိုင္ေတာ့ဘဲ က်ယ္ေလာင္စြာ ေအာ္ရယ္မိေတာ့သည္။

ထိုသည္ကို ျမင္ေတာ့ ေလဆင္ႏွာေမာင္းေပၚတြင္ ထိုင္ေနသည့္သူမွာ အေတာ္ေလး ေဒါသထြက္သြားၿပီး သူ႕အား ရယ္ေနသည့္ အန္လင္းကို ဘုၾကည့္ၾကည့္လာသည္။

ေလဆင္ႏွာေမာင္းအဆင့္၏ ဆင့္ကဲျဖစ္စဥ္တိုင္းတြင္ ထိုကဲသို႔ လည္ေနမည္ ျဖစ္သျဖင့္ အန္လင္းက ထိုအႀကံကို ႀကံ့ႀကံ့ခံရမည္ ျဖစ္သည္ေၾကာင့္ ထိုလူက အေဝးသို႔ ေရာက္မသြားမခ်င္း ထပ္မံၿပီး မရယ္ရဲေတာ့ေပ။

စုေရွာင္လင္က လူစုစု ရွိေနသည့္ ေနရာတစ္ခုကို ၫႊန္ျပလိုက္ၿပီး "စာရင္းသြင္းရမယ့္ ေနရာက အဲမွာပဲ.."

ထိုသည္က ေျမကြက္လပ္တစ္ခုျဖစ္ၿပီး လူေထာင္ေပါင္းမ်ားစြာက ၾကည့္ရႈေနၾကသည္။

ဧရာမ ေက်ာက္နက္ျပားတစ္ခ်ပ္က လူအုပ္အၾကားတြင္ ရွိေနၿပီး အျဖဴေရာင္အလင္းတန္းမ်ား ထုတ္လႊတ္ေပးေနသည္။

တာအိုခႏၶာ - အဆင့္ ၇

"ဝိုး... မိုက္တယ္ေဟ့.."

လူအုပ္က ေယာက္ယက္ခတ္သြားသည္။

အန္လင္း၏ မ်က္ႏွာမွာ ေမွာင္မိုက္လာသည္။ ဒီလို စမ္းသပ္စစ္ေဆးမႈမ်ိဳးကို ရင္းႏွီးေနသည္ဟု ဘာလို႔ ခံစားမိေနတာလဲ။

"ဒါက စာရင္းမသြင္းခင္ က်င့္ႀကံျခင္း အေျခခံကို စစ္ေဆးတာေလ.. ငါတို႔က ေက်ာင္းလက္ခံတဲ့ အသိေပးစာကို ရထားၿပီးသားေပမဲ့ ငါတို႔ရဲ႕ က်င့္ႀကံျခင္း အေျခခံအလိုက္ တက္ရမယ့္အတန္းေတြကို ျပန္စီေပးတာေလ.." စုေရွာင္လန္က ရွင္းျပသည္။

"လူသစ္က တစ္ေသာင္းေလာက္ ရွိတာေၾကာင့္ ငါတို႔ကို တန္းခြဲေပါင္း ၁၀၀ ေလာက္မွာ ခြဲစုစီေပးလိမ့္မယ္.. က်င့္ႀကံျခင္းအေျခခံကို အျမင့္ကေန အနိမ့္ကို စီထားတာေၾကာင့္ တန္းခြဲ ၁ ကေန တန္းခြဲ ၁၀၀ အထိ အသီးသီးေပါ့.." စုေရွာင္လန္က ဆက္ေျပာသည္။

"ဘယ္လိုေတာင္ ရိုးရွင္းၿပီး ၾကမ္းတမ္းတဲ့ တန္းခြဲစနစ္လဲ.." အန္လင္းက အံ့အားတႀကီး ေရ႐ြတ္လိုက္သည္။

"ေက်ာင္းသားရဲ႕ စြမ္းရည္ေပၚမွာ မူတည္ၿပီး ဒီသင္ၾကားနည္းက ပိုထိေရာက္လိမ့္မယ္.. အဲဒီအျပင္ နင္က ပါရမီရွင္ တစ္ေယာက္နဲ႕ တူတာေၾကာင့္ အသာေလး တန္းခြဲ ၁ ကို ဝင္နိုင္တယ္.." စုေရွာင္လန္က ခပ္ပါးပါးၿပဳံးလိုက္သည္။

စုေရွာင္လန္ရဲ႕ ေျပာစကားက အန္လင္းကို ဆြံ႕အသြားေစသည္။ သူက တာအိုခႏၶာဆိုတာေတာင္ ဘာမွန္းမသိတာ တန္းခြဲ ၁၀၀ ကို ဝင္ေရာင္ေတာင္ ကံေကာင္းလြန္းလို႔ပဲ ျဖစ္မည္။

အန္လင္းႏွင့္ စုေရွာင္လန္တို႔က လူအုပ္ကို တိုးေဝွ႕ျဖတ္သန္းၿပီး ေနာက္တြင္တာ့ စာရင္းေပးသြင္းရမည့္ ေနရာသို႔ ေရာက္ရွိလာခဲ့သည္။

စုေရွာင္လန္က သူမ၏ အျဖဴေရာင္ဝင္ခြင့္စာ႐ြက္ကို ထုတ္ၿပီး သက္လတ္ပိုင္း လူႀကီးကို ကမ္းေပးလိုက္သည္။ ထိုလူႀကီး၏ ခါးတြင္ေတာ့ အင္ေမာ္တယ္ ဓားတစ္ေခ်ာင္း ခ်ိတ္ဆြဲထားသည္။

ထို႔ေနာက္ သူမက ဧရာမ ေက်ာက္နက္ျပားဆီ ေလွ်ာက္သြားၿပီး သူမရဲ႕လက္ကို တင္လိုက္သည္။

ေက်ာက္တုံးမွေန အျဖဴေရာင္အလင္းတန္းမ်ား ထုတ္လႊတ္လာၿပီး ႀကီးမားသည့္ စကားလုံးမ်ား ေပၚလာသည္။ "တာအိုခႏၶာ - အဆင့္ ၉"

"ပါရမီရွင္ေဟ့.. ငယ္ငယ္ေလးနဲ႕ အဆင့္ ၉ တာအိုခႏၶာေရာက္ေနၿပီ.." လူအုပ္ႀကီးက အံ့အားတႀကီး ေရ႐ြတ္ၾကသည္။

ေက်ာ့ရွင္းၿပီး ရိုးရွင္းသည့္ တာအိုဝတ္စုံႏွင့္ မိန္းမလွေလးကို လူအားလုံးက အလြန္အံ့ဩတႀကီး ၾကည့္လိုက္ၾကၿပီး သူတို႔၏ မ်က္လုံးမ်ားတြင္ မနာလိုသည့္ အရိပ္အေယာင္မ်ား ကပ္ၿငိေနေသးသည္။

"စုေရွာင္လန္ တန္းခြဲ ၁.." အင္ေမာ္တယ္ဓါး ခ်ိတ္ဆြဲထားသည့္ သက္လတ္ပိုင္းလူႀကီးက က်ယ္ေလာင္စြာ ေၾကျငာလိုက္သည္။

မ်ားျပားသည့္ မ်က္လုံးမ်ားေအာက္မွာ စုေရွာင္လန္က အန္လင္း၏ ေဘးတြင္ ရပ္လိုက္ၿပီး "အန္လင္း.. အခုနင့္အလွည့္ပဲ.. မင္းကံေကာင္းပါေစ............" စုေရွာင္လန္က ၿပဳံးလိုက္သည္။

အန္လင္းက အနည္းငယ္ စိတ္ဖိစီးေနၿပီး သက္လတ္ပိုင္း လူႀကီးဆီ ေလွ်ာက္သြားကာ ေ႐ႊစာ႐ြက္အပိုင္းေလးကို ကမ္းေပးလိုက္သည္။

အန္လင္းဆီမွ ေ႐ႊစာ႐ြက္အပိုင္းေလးကို ယူၿပီးသည္ႏွင့္ သက္လတ္ပိုင္းလူႀကီး၏ အၾကည့္သည္ စိတ္မဝင္စားသည့္ ပုံစံမွေန အံ့အားသင့္သည့္ပုံသို႔ တမဟုတ္ခ်င္း ေျပာင္းလဲသြားသည္။

ေ႐ႊစာ႐ြက္ကို အသက္ဝင္လာေစရန္ အလ်င္အျမန္ပင္ သူ၏ ေမွာ္စြမ္းအင္ကို အသုံးျပဳလိုက္သည္ႏွင့္ ယင္းမွေန ေ႐ႊေရာင္အလင္းမ်ား ထြက္ေပၚလာသည္။

သက္လတ္ပိုင္းလူႀကီးက အန္လင္းကို ၾကည့္လိုက္ၿပီးေနာက္ သူ႕မ်က္ႏွာတြင္ မေမွ်ာ္လင့္ဘဲ ခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးတစ္ခု ေပၚလာခဲ့သည္။ "သြားေလ... သြားၿပီး မင္းရဲ႕ က်င့္ႀကံျခင္း အေျခခံကို တိုင္းတာေခ်.." သူက ႏူးႏူးညံ့ညံ့ေျပာသည္။

"အဲဒါ အစစ္အမွန္ နတ္ဘုရားတစ္ပါးရဲ႕ ေထာက္ခံစာကြ.." ေ႐ႊစာ႐ြက္ကိုျမင္ေတာ့ အျမင္စူးရွသည့္ ေက်ာင္းသားတစ္ေယာက္က အံ့ဩတႀကီး ေအာ္လိုက္သည္။

ထိုသည္ကို ၾကားလိုက္ရေတာ့ ေက်ာင္းသားအသစ္အားလုံးမွာ စိတ္လႈပ္ရွားလာၾကသည္။

"သူ႕မွာ အစစ္အမွန္ နတ္ဘုရားတစ္ပါးရဲ႕ ေထာက္ခံစာကို ရေလာက္တဲ့အထိ အရည္အခ်င္းရွိေနတာဆိုေတာ့ ဒီလိုမ်ိဳး ပါရမီရွင္က ဘယ္မ်ိဳးႏြယ္က လာတယ္ဆိုတာ သိခ်င္လိုက္တာ.."

"ဒါနဲ႕.. အစစ္အမွန္ နတ္ဘုရားရဲ႕ ေထာက္ခံစာနဲ႕ ေရာက္လာတာ ငါတို႔ လူသစ္ေတြထဲမွာဆို သူက သုံးေယာက္ေျမာက္ မဟုတ္ဘူးလား.."

"အမွန္ပဲေပါ့ကြာ.. အရင္ကဆို တစ္ေယာက္ေတာင္မွ ပါလာဖို႔ မျဖစ္နိုင္ဘူးကြ.. ႐ုတ္တရက္ဆိုသလို သုံးေယာက္ႀကီးမ်ားေတာင္ ဆိုေတာ့... ဒီလိုမ်ိဳး တစ္ခါမွေတာင္ မေမွ်ာ္လင့္ထားဖူးပါဘူးကြာ..."

လူအုပ္ႀကီးက ထိုအေၾကာင္းက စိတ္ပါလက္ပါ ေဆြးေႏြးေနၾကၿပီး လူအားလုံးနီးပါးက အန္လင္းကို စိတ္အားထက္သန္စြာ ၾကည့္ေနၾကသည္။

တခ်ိဳ႕ မိန္းမငယ္ေလးမ်ားမွာ အန္လင္း၏ ေခ်ာေမာသည့္ ႐ုပ္ရည္သြင္ျပင္ကို ျမင္ရသည့္အခါ ရွက္ေသြးျဖာၿပီး ခ်စ္ေမတၱာမ်ားပင္ ပြင့္ဖူးလာၾကသည္။

ငလူး... သူတို႔အားလုံးက ငါ့ကိုဘာလို႔ ၾကည့္ေနၾကတာတုန္း..။

မ်ားျပားလွသည့္ အာ႐ုံစိုက္မႈမ်ားေၾကာင့္ အန္လင္းမွာ စိတ္ပူပင္ေသာက ေရာက္လာရသည္။

သူတို႔အားလုံးက ဘာလို႔ငါ့ကို ေမွ်ာ္လင့္ခ်က္ ႀကီးမားေနရတာတုန္း..။ အန္လင္းမွာ ေဘးက်ပ္နံက်ပ္ အေျခအေနႏွင့္ ရင္ဆိုင္ေနရသလိုပင္။

စိတ္ထဲ ထည့္မေနေတာ့ဘူး.. ငါက တာအိုခႏၶာ အဆင့္ ၁၀ တို႔ ဘာတို႔ ျဖစ္ခ်င္ ျဖစ္ေနနိုင္တာပဲ။

ထိုသို႔ေတြးလို႔ၿပီးေနာက္ အန္လင္းက သူ႕ကိုယ္သူ ျပန္လည္ထိန္းခ်ဳပ္နိုင္သြားသည္။

ဟုတ္တယ္.. တကယ္တမ္း ငါကေသာက္ရမ္းမိုက္ေနတာကို ငါကိုယ္တိုင္ သတိမထားမိေသးတာပဲ ျဖစ္ရမယ္..။

အန္လင္းက ဧရာမ ေက်ာက္နက္ျပားႀကီးေပၚတြင္ သူ႕လက္ကို တင္လိုက္သည္။ အျဖဴေရာင္အလင္းေတြ ေတာက္ပလာၿပီးေနာက္ သူ႕လက္တစ္ေလွ်ာက္ တုန္ခါလာသည္။ သူ႕စိတ္ေတြ ေလးလံလာၿပီး ထြက္ေပၚလာမည့္ ရလဒ္ကို ေမွ်ာ္လင့္ေနသည္။

ႀကီးမားသည့္ စာလုံးႀကီးမ်ားက ဧရာမေက်ာက္နက္ျပားႀကီးေပၚတြင္ ေပၚလာခဲ့သည္။ "တာအိုခႏၶာ ဗလာအဆင့္.."

လူအုပ္ႀကီးက ခ်က္ခ်င္းဆိုသလို တိတ္ဆိတ္သြားၿပီး လူအားလုံးက ေက်ာက္နက္ျပားေပၚရွိ စာလုံးမ်ားကို ေငးၾကည့္ေနၾကသည္။

တခ်ိဳ႕ဆို သူတို႔ျမင္လိုက္ရသည္ကို မယုံနိုင္သျဖင့္ မ်က္လုံးမ်ားကို လက္ျဖင့္ပြတ္ကာ ျပန္ၾကည့္လိုက္ေသးသည္။

သူက စိတ္ထဲတြင္ ျပင္ဆင္ထားေပမဲ့လည္း ထြက္ေပၚလာသည့္ ရလဒ္ေၾကာင့္ တစ္ခဏမွ် စကားမေျပာနိုင္ေအာင္ ဆြံ႕အသြားသည္။

သို႔ေပမဲ့လည္း အမွန္တရားက သူ႕အေရွ႕သို႔ ႐ုတ္တရက္ႀကီး ေရာက္ရွိလာသျဖင့္ သူ႕ကိုယ္သူ စိတ္ပ်က္ေနမိသည္။

အရာအားလုံးက ႐ုတ္ခ်ည္းဆိုသလို ေၾကာက္မက္ဖြယ္ေကာင္းေအာင္ တိတ္ဆိတ္သြားသည္။

အန္လင္းက ေက်ာင္းသားအသစ္မ်ားကို လိုက္ၾကည့္လိုက္သည္။ သူတို႔သည္ သူ႕ထက္ပင္ပိုၿပီး အံ့အားသင့္ကာ ဆြံ႕ၾကေနသည္ကို ေတြ႕လိုက္ရသျဖင့္ ေျပာစရာစကားပင္ ဆြံ႕အသြားသည္။

"အန္လင္း တန္းခြဲ ၁.." သက္လတ္ပိုင္းလူႀကီးက ေအာ္ေျပာလိုက္သည္။

အန္လင္းက ယိုင္တိယိုင္တိုင္ျဖင့္ ေလွ်ာက္သြားလိုက္သည္။ သက္လတ္ပိုင္းလူႀကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္ရသည့္ အခါတြင္ သူ႕မ်က္လုံးထဲတြင္ မယုံၾကည္နိုင္ေသာ အၾကည့္မ်ားက အတိုင္းသားပင္။ သူက မွားယြင္းစြာ ၾကားလိုက္ရသည္ဟုပင္ သံသယျဖစ္မိသည္။

ထို႔ေနာက္ တျခားေက်ာင္းသားမ်ားဆီသို႔ ၾကည့္လိုက္သည့္အခါ သူတို႔ကလည္းပဲ သူ႕အား ေဖာ္ျပလို႔မရနိုင္ေအာင္ စိတ္ရႈပ္ေထြးသည့္ အမူအယာမ်ားျဖင့္ ၾကည့္ေနၾကသည္။

အရာအားလုံးက ေနာက္တစ္ႀကိမ္ တိတ္ဆိတ္သြားျပန္သည္။

"ေနာက္ခံေတာင့္ၿပီး မရိုးေျဖာင့္တဲ့ ေက်ာင္းသားတစ္ေယာက္ကေတာ့ ဒီႏွစ္လူသစ္ေတြထဲ ပါလာခဲ့ၿပီေဟ့.."

ထိုအခ်ိန္မွာပင္ လူအုပ္ထဲရွိ တစ္ေယာက္က မွတ္ခ်က္ျပဳသည္။

တစ္ဦးတစ္ေယာက္ကမွ ျပန္လည္ေခ်ပျခင္း မျပဳဘဲ လူအမ်ားက သူတို႔၏ေခါင္းမ်ားကို ညိတ္ကာ သေဘာတူေၾကာင္း ျပေနၾကသည္။

အန္လင္း ဆိုသည့္ အမည္မွာ စုစည္းညီၫြတ္ က်င့္ႀကံျခင္းေက်ာင္းေတာ္ တစ္ဝွမ္း မၾကာခင္မွာပင္ ပ်ံ့ႏွံ႕သြားေတာ့မည္ကို သူတို႔က သေဘာေပါက္နားလည္ၾကသည္။

အားလုံးၿပီးသည့္ေနာက္တြင္ေတာ့ အန္လင္းက အဆိုး႐ြားဆုံး ရလဒ္ႏွင့္ အေကာင္းဆုံးတန္းခြဲသို႔ ဝင္ခြင့္ရသည့္ ပထမဆုံးေက်ာင္းသားအျဖစ္ မွတ္တမ္းဝင္သြားၿပီ ျဖစ္သည္။

ထိုမွတ္ခ်က္ကို ၾကားလိုက္ရေတာ့ အန္လင္းမွာ မ်က္ႏွာရႈံ႕မဲ့မဲ့ပင္ ျဖစ္လာသည္။ ေခါင္းငိုက္စိုက္ခ်ကာ စုေရွာင္လန္ ရွိရာသို႔ ျပန္သြားလိုက္သည္။

စုေရွာင္လန္၏ မ်က္လုံးမ်ားမွာ ၾကင္နာမႈျဖင့္ ျပည့္ေနၿပီး သူက ႏွစ္သိမ့္ဖို႔ရာ ႀကိဳးစားလိုက္ေပမဲ့ မည္ကဲ့သို႔ စေျပာရမည္မွန္း မသိေပ။

အန္လင္းက ေခါင္းကို ေလးဆယ့္ငါး ဒီဂရီ ေထာင္လာခဲ့သည္။ မ်က္ႏွာတြင္ စိတ္ဓာတ္က်သည့္ အမူအယာျဖင့္ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။

သူက ၿငိမ္းခ်မ္းစြာ က်င့္ႀကံလိုသည္သာ ျဖစ္သည္။ ဘာလို႔မ်ား ေက်ာင္းေတာ္သို႔ ဝင္ဝင္ျခင္း လူအားလုံး၏ အာ႐ုံစိုက္စရာ ျဖစ္လာခဲ့ရတာလဲ။

ထို႔အျပင္ သူက လူအားလုံး မႏွစ္ၿမိဳ႕စြာ အာ႐ုံစိုက္ခံရသူတစ္ေယာက္ ျဖစ္လာခဲ့ျခင္းေပ။

by Magnolia



rate now: