book

Index 2

Book - 1 Chapter - 1

  • Author : magnolia__00
  • Genres : Adventure, Comedy, Action
  • Original Author : Bright Moonlight Frost On The Ground

{Unicode}

အခန်း -  ဒီ အင်မော်တယ်က ဘာလို့ အရမ်းတွေ ပျော်နေရတာလား..?

မြင့်မားသည့် အဆောက်အဦတစ်ခုထိပ်တွင် ရပ်နေသည်ကြောင့် လေကြမ်းများက အန်လင်း၏ ပတ်ပတ်လည်တွင် ဝန်းရံတိုက်ခတ်နေသည်။

အနောက်ကို လှည့်လိုက်သည့်အခါ ရက်စက်ကြမ်းကြုတ်သူ တစ်စုက သူ့ထံ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့ရသည်။

"ဟီးဟီးဟီး.. ဆိုးရွားလွန်းတဲ့ ကောင်ကလေး.. ဒီတစ်ကြိမ် မင်းဘယ်လို ထွက်ပြေးမလဲ ကြည့်ရအောင်.. မင်းမှာ သတ္တိရှိတယ်ဆိုရင် ဘာလို့ ပျံပြီး ထွက်မပြေးတာလဲ.." ခန္ဓာကိုယ် တုတ်ခိုင်သည့် ခေါင်းဆောင်လူကြီးသည် သံတုတ်ကို လက်တွင်ဝှေ့ရမ်းကာ သူ့မျက်နှာတွင်လည်း ရက်စက်မှုတို့က အထင်းသား ဖြစ်သည်။

သူ့မှာ ထွက်ပြေးဖို့ရာ အခွင့်အရေး မရှိတော့မှန်း အန်လင်းက သိလိုက်သည်။ သို့ပေမဲ့လည်း ဖမ်းမိသွားလျှင် ဖြစ်လာမည့် အကျိုးဆက်များအကြောင်း စဉ်းစားမိသည်နှင့် သူ့ခန္ဓာကိုယ်မှာ တုန်ရီလာပြီး ထိန်းချုပ်မရနိုင်တော့ပေ။ ထိုဘဝက အရမ်းကို လူမဆန်ဘဲ ရက်စက်မည်မှန်း ရှင်းရှင်းလေးပင်။

ဘာလုပ်ရမလဲ.. ငါဘာလုပ်သင့်လဲ.. ငါပျံသန်းနိုင်မယ်ဆိုရင် တကယ်ကောင်းမှာပဲ.....

အန်လင်းက ထိုသို့တွေးနေချိန်မှာပင် လေပြင်းများ တိုက်ခိုက်လာပြီး သူ့ခန္ဓာကိုယ်အား မြေပြင်မှနေ အထက်သို့ ပင့်တင်ပေးလိုက်သည်။

"ဟေ့.. ဟေ့....?"

အန်လင်းက ကြောက်လန့်သွားသည်။ သူ့အား လေပြင်းများက သယ်ဆောင်သွားနေပြီ ဖြစ်ကာ တကယ်ကြီး ပျံသန်းနေပြီ။

"လခွမ်း... သူက တကယ်ကြီး ပျံနိုင်တာလားဟ..." မြေပြင်မှနေ မြင့်တက်သွားသည်ကို ကြည့်ရင်း ထိုတုတ်ခိုင်သည့် ခေါင်းဆောင်လူကြီးမှာ အန်လင်းလိုပင် အံ့ဩလွန်းသဖြင့် ဘာစကားမှပင် ပြောမထွက်တော့ပေ။

လူအားလုံးရှေ့မှာပင် လေပြင်းများက အန်လင်းအား အဆောက်အဦထိပ်မှနေ ခေါ်ဆောင်သွားသည်။

ထို့နောက် လေများ လွင့်ပါးသွားပြီး လွတ်လွတ်ကင်းကင်းကို ပြုတ်ကျလာတော့သည်။

"အားးးးးးးးးးး ကယ်ကြပါဦး...................."

လျင်မြန်စွာ ပြုတ်ကျလာမှုကြောင့် တဟူးဟူး တိုက်ခတ်နေသည့် လေများနှင့် အလေးချိန်မဲ့နေသည့် ဖြစ်ရပ်တို့က အန်လင်းအား ကြောက်ရွံ့စွာဖြင့် အသားကုန်အော်ဟစ်စေလေသည်။

ငါသေတော့မယ်.. ငါသေတော့မယ်.. ငါသေတော့မယ်.....

အန်လင်းက စိတ်ထဲမှနေ ထိုသို့ ဆက်တိုက် အော်ဟစ်နေခဲ့သည်။

သေဆုံးရတော့မည်ဆိုသော ကြောက်ရွံ့စိတ်က လွှမ်းခြုံလာသောအခါ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှာ ထိန်းချုပ်မရလောက်အောင် တုန်ရီလာကြသည်။

အဆောက်အဦ၏ ထိပ်တွင်တော့ တုတ်ခိုင်သည့် ခေါင်းဆောင်မှာ အန်လင်း ကူကယ်ရာမဲ့ ပြုတ်ကျလာသည်ကို ကြည့်ရင်း အံ့အားသင့်နေမိသည်။ သိပ်မကြာခင်မှာ ကျန်သူများဆီ လှည့်လိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်သည်။ "အဲဒီ... အဲဒီကလေးကို ငါက အဆောက်အဦပေါ်ကနေ ဖိအားပေးပြီး ခုန်ချသွားခိုင်းတာ မဟုတ်ဘူးနော်.. လေက သူ့ဘာသူ သယ်သွားတာ.. မင်းတို့ကောင်တွေ ငါ့အတွက် သက်သေခံပေးရမယ်နော်.. လုပ်ပါကွာ.. ငါက အပြစ်မရှိပါဘူး.."

သူ့နောက်ရှိ လူများမှာလည်း တွေဝေမိန်းမောနေကြသည်။ လေက အရမ်းကို ပုံမှန်မဟုတ်ဘဲ တိုက်ခတ်လာခဲ့သည်။ သူတို့မျက်မြင် တွေ့ခဲ့ရတာတောင် မယုံနိုင်သေးတာ အခြားသူများမှာ မည်သို့ဆိုဖွယ်ရာ ရှိတော့မည်နည်း။

မြေပြင်နှင့် နီးကပ်လာသည်ကို ကြည့်ပြီး အန်လင်းမှာ မျှော်လင့်ချက်မဲ့စွာနှင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။ အခုလို မျှော်လင့်ချက်မဲ့ပြီး ရူးကြောင်ကြောင် အပြုအမူမျိုးနှင့် ဘဝကို အဆုံးသတ်ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် အဖြူရောင်အလင်းများနှင့် လျှို့ဝှက်အလုံးလေး ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။

ထိုခဏတွင်ပင် ရုတ်တရက် အရှိန်လျှော့ချမှုကြောင့် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ အန်လင်းက မိုးပျံရထားစီးနေသကဲ့သို့ ခံစားနေရသည်။ အောက်သို့ တရှိန်ထိုး ပြုတ်ကျ.. လှည့်ပတ်.. ပြီးနောက် ကောင်းကင်သို့ ထိုးတက်...။

"အား.............................."

အန်လင်းက နောက်တစ်ဖန် အသားကုန် အော်ပြန်သည်။ ကောင်းကင်သို့ နောက်တစ်ကြိမ် ထိုးတက် ပျံသန်းပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှာ အဆောက်အဦထိပ်သို့ ပြန်လည် ပြုတ်ကျလာသည်။

ကမ္ဘာမြေကြီး၏ ဆွဲငင်အားမှ ကင်းမဲ့ကာ ပြင်းထန်သည့် အလေးချိန်ကင်းမှုတို့အပြင် သေခြင်းနှင့် ရှင်ခြင်းကြား လူးလားခေါက်ပြန်ခဲ့ရသည့် ခံစားချက်တို့က အန်လင်းအား မူးဝေစေသည်။ ထို့နောက် ထိန်းချုပ်၍ မရတော့အောင် ပျို့အန်တော့သည်။

"ဟေ့... ဟေ့.. ကောင်ကလေး.. အဆင်ပြေရဲ့လား.." ထိုအချိန်မှာပင် အမြော်အမြင်ပြည့်ဝသည့် အသံတစ်သံက အန်လင်း၏ နားအတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူ့ခေါင်းကို ထောင်ကြည့်လိုက်သည့်အခါ အဖိုးအိုတစ်ဦးက သူ့အား ကြင်နာစွာဖြင့် ငုံ့ကြည်နေသည်ကို တွေ့လိုက်ရသည်။

ထိုအဖိုးအို၏ နောက်တွင်တော့ သူ့အား ဖမ်းဆီးရန် ရောက်လာကြသည့် ရက်စက်ကြမ်းကြုတ်သူ တစ်စုသည် မြေပြင်ပေါ်တွင် သတိလစ် မေ့မြောနေကြသည်ကို တွေ့လိုက်ရသည်။

ထိုအဖိုးအို၏ ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဆွတ်ဆွတ်ဖြူနေပြီး သူ့၏ အပြုအမူ အပြောအဆိုတို့မှာလည်း လူသားတို့ထက် သာလွန်နေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို မှော်စွမ်းအင်များ၊ ရွှေရောင် အော်ရာများနှင့် ဖုံးလွှမ်းနေပြီး မြင့်မြတ်ကာ ပြစ်မျိုးမှည့်မထင်သည့်ဟန် ဖြစ်နေစေသည်။

ထိုသည်ကို မြင်ရသည့်အခါ ကျန်းထျဲက ရုတ်တရက် ထိတ်လန့်သွားပြီး များလှစွာသော မြင်ကွင်းတို့က သူ့အတွေးထဲသို့ ရောက်ရှိလာတော့သည်။

ဝတ္ထုတွေ.. ဂျပန်ကာတွန်းတွေ.. ရုပ်ရှင်တွေ..

ထိုမြင်ကွင်းများက သူ့စိတ်ထဲ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်ရှိရှေ့ရှိ မြင်ကွင်းမှာ အိပ်မက်မဟုတ်လောက်ပါဘူးနော်..။

ရင်တွေ တဒုန်းဒုန်း ခုန်လာခဲ့ပြီ။

အန်လင်းက အလွန်အကျံ ရိုကျိုးစွာနှင့် သူ့မျက်လုံးများတွင် မျက်ရည်များဝဲကာ "ကျွန်တော့ကို ကယ်တင်ပေးသည့်အတွက် အင်မော်တယ်ကြီးအား ကျေးဇူးတင်ပါသည် ခင်ဗျာ.."

ထိုအဖိုးအိုသည် အန်အင်းက သူ့အား အင်မော်တယ်ကြီးဟု ခေါ်လိုက်သဖြင့် သူ၏ မုတ်ဆိတ်ဖြူတို့အား ဖြေးညှင်းစွာ ပွတ်သပ်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။ "အခုနက ငါမန္တန်သုံးလိုက်တာမှာ မမှားသင့်တဲ့ အမှားတစ်ခု ဖြစ်ခဲ့တာကြောင့် ငါ့သူငယ်ချင်းလေးကို ကြောက်ရွံ့စေမိခဲ့တယ်.. အဲဒီကောင်တွေက သူငယ်ချင်းလေးကို ဘာလို့ လိုက်ဖမ်းနေကြတာလဲ.."

ထိုသည်ကို ကြားလိုက်ရတော့ အန်လင်းမှာ အံ့အားသင့်သွားသည်။ သူက မန္တန်သုံးလိုက်တာမှာ မမှားသင့်တဲ့အမှား လုပ်လိုက်တယ်..? အဲတော့ ငါ့ကို ခေါ်ဆောင်သွားတဲ့လေက အဲဒီ အင်မော်တယ်ရဲ့ အမှားကြောင့် ဖြစ်လာတာပေါ့..

ဘယ်လိုပဲဖြစ်ဖြစ် ထိုအင်မော်တယ်ကြီးသည် သူ့အား ကယ်တင်ခဲ့သည်။ ထိုအင်မော်တယ်ကြီး၏ အမေးကို ကြားလိုက်ရသည့်အခါ သူ့နှလုံးသားဆီမှနေ မရေမတွက်နိုင်သည့် မကျေနပ်ချက်များ ပေါ်ထွက်လာသည်။

"အဲဒါက ဒီလိုပါ ခင်ဗျာ.. ကျွန်တော့်အမေ ဆုံးပါးသွားတဲ့ နောက်ပိုင်းကစပြီး ကျွန်တော့်အဖေက လောင်းကစားကို စွဲလမ်းလာခဲ့တယ်.. အိမ်ကိုလည်း လောင်းခဲ့တယ်.. အကြွေးသန်းပေါင်းများစွာလည်း တင်ခဲ့တယ်.. အဲဒီအကြွေးတွေကို ပြန်မဆပ်နိုင်တော့ သူက ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတယ်.."

ခဏနားလိုက်ပြီးနောက် "ကျွန်တော် ဟွာချင်းတက္ကသိုလ်ကို တက်ခွင့်ရတဲ့နောက်ကျ အကြွေးရှင်တွေက ကျွန်တော့်ကို ရှာတွေ့သွားကြတယ်.. သူပြောတာက ကျွန်တော်အဖေရဲ့ အကြွေးတွေကို ကျွန်တော်က ကိုယ်စားဆပ်စေချင်တယ်တဲ့..

အဲဒီအကြွေးတွေက သန်းနဲ့ချီနေတာလေ.. ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြန်ဆပ်နိုင်မှာတဲ့လဲ..

ကျွန်တော့်ချစ်သူကလည်း အဲဒီအကြောင်းကို သိသွားတော့ နည်းနည်းလေးတောင် မစဉ်းစားတော့ပဲ ကျွန်တော့ကို ထားပစ်ခဲ့တယ်..

အကြွေးရှင်တွေက ကျွန်တော့်ကို ခေါ်သွားပြီး အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်.. အဖေ့ရဲ့ အကြွေးတွေ မကျေမခြင်း ထွက်သွားလို့ မရဘူးတဲ့..

အဲဒါက အရမ်းကို ရက်စက်ပြီး လူမဆန်ဘူး.. ကျွန်တော်က လုံးဝ သည်းမခံနိုင်တော့တာကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ်.. အကြွေးရှင်က အဲဒီ ရက်စက်တဲ့သူတွေနဲ့ ကျွန်တော့်ကို ဖမ်းခိုင်းလိုက်တာပဲ.. အဲဒီကနေ အခုလို အဖြစ်တွေ ဖြစ်လာရတာပါ ခင်ဗျာ.."

သူ့ရဲ့ အခက်အခဲများကို ဖွင့်ဟပြီးသည်နောက် မျက်ရည်များ ကျလာတော့သည်။ သူ၏ အနာဂတ်မှာ မှောင်မိုက်နေပြီဟု ခံစားရသည်။ တောင်းစားရခြင်းနှင့် တစ်ဘဝလုံး အကြွေးများ ဆပ်နေရခြင်းတို့က ဘာတွေများ ကွာခြားမှာတဲ့တုန်း..။

အန်လင်း၏ ဝေဒနာများကို ကြားပြီးသည့်နောက်တွင် အင်မော်တယ်ကြီး၏ မျက်ဝန်းတွင် ကရုဏာအရိပ်များ သန်းလာတော့သည်။ "ကောင်ကလေး.. မင်းရဲ့ဘဝက အရမ်းကို ကြမ်းတမ်းတာပါလား.. ဒီလိုဆိုရင်ကော.. မင်းနဲ့ ငါက ကံကြမ္မာကြောင့် တွေ့ခဲ့ရတာ.. မင်းမှာ ပါရမီရှိတာ ငါသိတယ်.. အဲတော့ ဒီ အင်မော်တယ်ကြီးက 'စနစ်' တစ်ခု လက်ဆောင်ပေးမယ်ကွာ.. အဲဒါက မင်းဘဝကြီးကို ပြောင်းလဲစေလိမ့်မယ်.. ဘယ်လိုလဲ.. မကောင်းဘူးလား.."

ထိုသည်ကို ကြားလိုက်ရသည့်အခါ အန်လင်းမှာ တုန်လှုပ်သွားတော့သည်။ အင်မော်တယ်တစ်ယောက်နှင့် တွေ့ရခြင်းကပင် သူ့အား အလွန်ကံကောင်းနေပြီ ဖြစ်ကာ ထိုအင်မော်တယ်က သူတို့ ပထမဆုံး တွေ့ကြုံမှုမှာပင် ရက်ရက်ရောရောနှင့် စနစ်တစ်ခု လက်ဆောင်ပေးလာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

"အင်မော်တယ်ဖိုးဖိုး ခင်ဗျာ.. ဖိုးဖိုးက အရမ်းကို ကြင်နာတတ်တာပဲ.. ကျွန်တော့်က ဖိုးဖိုးကို ဘာပြန်ပေးရမယ်ဆိုတာ တကယ်မသိတော့ဘူးဗျ.." အန်လင်းက အလွန်စိတ်လှုပ်ရှားလာပြီး မျက်ရည်များ ကျဆင်းကာ ထိုအဖိုးအိုကို နွေးထွေးစွာ ကြည့်လိုက်သည်။

ထိုအင်မော်တယ်ကြီးသည် ကြင်နာစွာ ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။ ချက်ချင်းဆိုသလို အဖြူရောင်အလင်းများနှင့် အလွန်သန့်စင်သည့် အလုံးလေးက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။

"ကောင်ကလေး.. ဒီကိုလာ.. ဒီအလင်းလုံးလေးကို ကိုင်ပြီး မင်းလက်ဖဝါးပေါ် တင်လိုက်.." အင်မော်တယ်ကြီးက အန်လင်းအား ပြောသည်။

ထိုသည်ကို ကြားလိုက်တော့ အန်လင်းမှာ အလင်းလုံးလေးအား စိတ်မရှည်စွာဖြင့် ဖမ်းဆုပ်လိုက်သည်။

သူ့လက်ထဲရှိ အလင်းလုံးလေးမှာ ပူနွေးသည့်ရောင်ခြည်များ ထုတ်လွှတ်နေသည်။ ထိုအလုံးလေးမှ ထုတ်လွှတ်နေသည့် အလင်းသည် အလွန်တရာ နူးညံ့လှသည်။

"စနစ်လွှဲပြောင်းမှု စတင်..." အင်မော်တယ်ကြီးက ဖြေးညှင်းစွာ ဆိုလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် အဖြူရောင်အလင်းလုံးလေးဆီမှ အလင်းသည် အလွန်တောက်ပလာသည်။

ထိုအချိန်မှာပင် အင်မော်တယ်ကြီးက အန်လင်းအား "ကောင်ကလေး.. မြန်မြန် ကျိန်ဆိုစမ်း.. စစ်နတ်ဘုရားစနစ်ကို လက်ခံပြီးတာနဲ့ မင်းတစ်ဘဝလုံး ဘယ်တော့မှ မစွန့်လွှတ်ပါဘူးလို့.."

စစ်နတ်ဘုရားစနစ်..?

ဘယ်လိုနာမည်ကြီးတုန်း..

ပြီးတော့ ကျိန်ဆိုတာကြီးကလည်း ထိမ်းမြားခြင်း ကျိန်ဆိုမှုနဲ့ ဘာလို့တူနေရတာလား..

အန်လင်းက စဉ်းစားချိန် မရှိတော့တာကြောင့် အလျင်အမြန်ပင် "ကျွန်တော် ကျိန်ဆိုပါသည်.. စစ်နတ်ဘုရားစနစ်ကို လက်ခံပြီးနောက် ကျွန်တော့်တစ်ဘဝလုံး မစွန့်လွှတ်ပါ.."

အန်လင်း၏ ကျိန်ဆိုမှု ပြီးသည့် နောက်တွင် အလုံးလေးက သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ပေါင်းစပ်သွားသည်။

မရှေးမနှောင်းမှာပင် သူစိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ "လက်ခံသူသည် ထျန်းမင် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကြောင်း ထောက်လှမ်းမိပြီး လိုအပ်ချက်များနှင့် ပြည့်စုံပါသည်။ စနစ်၏ ပေါင်းစပ်ခြင်း စတင်ပါပြီ..။"

အန်လင်းက အရမ်းကို စိတ်လှုပ်ရှားနေပြီး ထိုစိတ်လှုပ်ရှားမှုကြောင့် ငိုချင်လာခဲ့သည်။

သူ့အနာဂတ်ကြီးက မှောင်မိုက်နေလိမ့်မည်ဟု အစကထင်နေခဲ့ပြီး ယခုလိုမျိုး ဖြစ်ရပ်မျိုးကို မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင်တော့ ဤစနစ်နှင့်အတူ ဘဝအသစ်တစ်ခုကို စတင်ဖို့ရန် ပေါင်းစပ်နေပြီပဲ ဖြစ်သည်။

အင်မော်တယ်ကြီးမှာလည်း အရမ်းကို စိတ်လှုပ်ရှားနေပုံ ရသည်။ စိတ်လှုပ်ရှားလွန်းလို့ ငိုတော့မည့်ပုံပင်။

သူက ဒူးထောက်ကာ မျက်ရည်အပြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မမျှော်လင့်စွာပင် မျက်ရည်များနှင့်အတူ ရယ်မောလိုက်သည်။ "ဘွားဟားဟားဟား.. နောက်ဆုံးတော့ အေပေးက ထွက်သွားပြီ.. ငါ့ဘဝကြီးက လွတ်လပ်ခဲ့ပြီ.."

"အင်မော်တယ်ဖိုးဖိုး.. ဘာမှားလို့လဲ.. အဆင်ပြေရဲ့လား ခင်ဗျား.." ထိုအဖိုးအို၏ ထူးထူးဆန်းဆန်းအပြုအမူကို မြင်ရသဖြင့် အန်လင်း က စိုးရိမ်ပြီး မေးလိုက်သည်။

သူက အရမ်းကို စိတ်လှုပ်ရှားသွားသည့်ကို သတိပြုမိလိုက်သဖြင့် အင်မော်တယ်ကြီးက သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီး မျက်ရည်များကို သုတ်လိုက်သည်။

"အဆင်ပြေပါတယ်ကွာ.. ငါမလိုချင်တဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်သတိရမိသွားလို့ပါ.. ကောင်ကလေး.. မင်းက စနစ်ကို လက်ခံလိုက်ပြီဆိုတော့ ပိုပြီးတော့ ကြိုးစားဖို့ လိုလိမ့်မယ်နော်.." အင်မော်တယ်ကြီးက အလေးအနက်ပြောသည်။

"အ..အမ်.... ဟုတ်ကဲ့ပါ.." အန်လင်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။

"အဲဒီတော့ မင်းစွမ်းအင်လေ့ကျင့်ဖို့ ကျောင်းတစ်ကျောင်းကျောင်းကို သွားချင်သလား.. မင်းသွားဖို့အတွက် သင့်တော်တဲ့ကျောင်းကို ငါသိထားတယ်.."

စွမ်းအင်ကျင့်ကြံဖို့ ကျောင်းသွားရမယ်..? ဒီလို ကမ်းလှမ်းမှုမျိုးကို သောက်ရူးတွေမှပဲ ငြင်းပယ်မှာပေါ့..

"သွားမယ်.. ကျွန်တော်တကယ် သွားချင်တယ်.." အန်လင်းက တုံ့ဆိုင်းမနေပဲ ပြောသည်။

ထိုသည်ကို ကြားလိုက်ရတော့ အင်မော်တယ်ကြီးက ကျေနပ်စွာ ပြုံးလာပြီး သူ့အင်္ကျီလက်အတွင်းမှ ရွှေစာရွက်ပိုင်းတစ်ခု ထုတ်လိုက်သည်။ အန်လင်းကို ကမ်းပေးရင်း "ဒါက ငါ့ရဲ့ ထောက်ခံစာပဲ.. ဒါနဲ့ဆို မင်းက စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်မှာ ပညာသင်နိုင်ပြီး အင်မော်တယ်လမ်းစဉ်ကို တရားဝင် ခြေချနိုင်လိမ့်မယ်ကွ.."

အန်လင်းက အံ့အားသင့်သွားသည်။ ထိုအင်မော်တယ်ကြီးသည် သူ့အား ရှည်လျားသည့် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီး ထူးချွန်သူ ဖြစ်လာအောင် ကူညီလမ်းခင်းပေးနေခြင်းပေ။

သူက ထောက်ခံစာကို တရိုတသေနှင့် ယူလိုက်ပြီး ကျေးဇူးတင်သည့်အကြည့်နှင့် ကြည့်လိုက်သည်။

"အင်မော်တယ်ဖိုးဖိုးရဲ့ နာမည်ကို ကျွန်တော်က သိလို့ရမလား ခင်ဗျာ..."

"ငါ့နာမည်......... အများကြီး တွေးမနေပါနဲ့ကွာ..." အင်မော်တယ်ကြီးက အန်လင်း၏ခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး သူ့မျက်နှာတွင် ကရုဏာသက်သည့် အကြည့်များကိုလည်း မြင်တွေ့ရသည်။

"ကဲ.. ငါသွားရတော့မယ်.. နောက်များမှ တွေ့ကြတာပေါ့ ကောင်ကလေးရေ..."

အင်မော်တယ်ကြီးက လက်ပြနှုတ်ဆက်ပြီးနောက် တိမ်ခိုးများကိုစီးနင်းကာ ပျောက်ကွယ်သွားသည်။

"ဂရုစိုက်ပါ အင်မော်တယ်ကြီး ခင်ဗျာ.." ကောင်းကင်ပေါ်တွင် ပျံသန်းသွားသည့် အင်မော်တယ်ကြီးအားကြည့်ပြီး ကျန်းထျဲက အရိုအသေပြုကာ ပြောလိုက်သည်။

ကောင်းကင်မှနေ ပျံ့နှံ့ရောက်ရှိလာသည့် အင်မော်တယ်ကြီး၏ ရယ်သံမှာ အလွန်တရာကို ကျေနပ်ပျော်ရွှင်နေသည့်ပုံပင်။ ထိုရယ်သံက ဘဝတစ်လျှောက် ထမ်းပိုးထားရသည့် နာကျည်းချက်များအား လွှတ်ချလိုက်နိုင်ရာမှ ထွက်ပေါ်လာခြင်းမျိုးပင်။

ဒီအင်မော်တယ်က ဘာလို့အရမ်းတွေ ပျော်နေရတာတုန်း... သူ့ကြည့်ရတာ ငါ့ထက်တောင် ပိုပျော်နေသေးသလားလို့...

အန်လင်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့ပြီး သူ့ခေါင်းကိုသာ ဆွဲကုတ်လိုက်သည်။

ထိုအချိန်မှာပင် အမျိုးသမီးအသံတစ်ခုက အန်လင်း၏ စိတ်ထဲမှနေ ပေါ်ထွက်လာသည်။ "မင်္ဂလာပါ.."

ထိုအသံကို ကြားလိုက်ရတော့ အန်လင်းက လန့်သွားသည်။ ထိုအမျိုးသမီး၏ အသံမှာ လှပပြီး ညင်သာလွန်းသည်။

ဒါက စနစ်ရဲ့ အသံလား..? အန်လင်းက အံ့ဩပြီး မသေချာပေ။

ထိုအချိန်မှာပင် သူ့စိတ်ထဲ၌ နယ်ပယ်တစ်ခု ပေါ်လာခဲ့သည်။

ထိုနယ်ပယ်သည် မီးခိုးရောင်ဖြစ်ပြီး စာလုံးအချို့သာ ရေးသားထားသည်။ "စစ်နတ်ဘုရားစနစ်သည် ထိုက်ချူ ကုန်းမြေကြီးအတွင်းသို့ ဝင်ရောက်မှသာ စတင်အသက်ဝင်လာမည် ဖြစ်သည်..။"

ထိုက်ချူကုန်းမြေကြီး ဆိုတာက ဘာကြီးလား...?
ဖြစ်နိုင်တာကတော့......

အန်လင်းက အင်မော်တယ်ကြီး ပေးခဲ့သည့် ထောက်ခံစာကို ပြန်ထုတ်လိုက်ပြီး သူ့လက်ထဲရှိ ရွှေစာရွက်ကို မျှော်လင့်တကြီး ဖြန့်ကြည့်လိုက်သည်။

ထိုရွှေစာရွက်ပေါ်တွင် ခပ်ဖျော့ဖျော့ လက်ဗွေရာတစ်ခုမှ အပ မည်သည်မှ ရှိမနေသည်ကို များမကြာမီပင် သိလိုက်ရသည်။

အန်လင်းက မသေချာမရေရာမှုဖြင့် ထိုစာရွက်ပေါ်ရှိ လက်‌ဗွေရာပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ရွှေစာရွက်ဆီမှနေ ခမ်းနားတောက်ပသည့် ရွှေရောင်အလင်းများက ဖြာထွက်လာပြီး ကျန်းထျဲအား အံ့ဩချိန်ပင် မပေးကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုသွားသည်။

"အား........."

တောက်ပသည့် အလင်းရောင်တစ်ခုက သူ့အမြင်အာရုံထဲသို့ တစ်ဖန်ပြန် ဝင်ရောက်လာသည်ကို အန်လင်းက ခံစားလိုက်ရသည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ်ပြန်လည်ပြီး ကောင်းကင်သို့ မြင့်တက်ပြီးနောက် လွတ်လွတ်ကင်းကင်း ပြန်လည်ပြုတ်ကျနေခြင်းကို သိလိုက်ရပြန်သည်။

နောက်ထပ်တစ်ဖန် အဆောက်အဦပေါ်မှ ပြုတ်ကျသည့် အတွေ့အကြုံကို ရရှိလိုက်ပြန်သည်။ မည်မျှပင် အတွေ့အကြုံရှိနေပါစေ အကြိမ်တိုင်းက အသစ်အသစ်သော ခံစားချက်ကို ဖြစ်ပေါ်စေသဖြင့် အကြိမ်တိုင်း ငိုချင်စိတ်ပေါက်သည် ချည်းသာ။

ဘုန်း..............

သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီး ကံကောင်းထောက်မစွာဖြင့် ရွှေရောင်အလင်းများက လွှမ်းခြုံထားသဖြင့်သာ အသက်ရှင်နေခြင်းပေ။

"ဘယ်လိုမျိုး နေရာရွှေ့ပြောင်းတဲ့ နည်းပညာလဲကွာ.. အရမ်းကို ကြမ်းတမ်းလွန်းတယ်.." ကျန်းထျဲက မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ညည်းညူလိုက်သည်။

သူ့ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်ပြီး သူ့ကိုယ်ဟန်ကို ပြန်လည် စုစည်းလိုက်သည်။

ထို့နောက် သူ့ဘဝတွင် ဘယ်သောအခါတွင်မှ မေ့နိုင်တော့မည် မဟုတ်သည့် အရာကို မြင်တွေ့လိုက်ရသည်။

နဂါးရုပ်ပုံများစွာဖြင့် တန်ဆာဆင်ထားသည့် အဖြူရောင်တိုင်လုံးကြီး နှစ်ခုသည် ကောင်းကင်သို့ မီတာရာပေါင်းများစွာ ထိုးတွက်နေသည်။ ဆန်းကြယ်သည့် ပုံရိပ်များစွာက မည်သည်ကို ထွင်းထုထားမှန်း နားမလည်နိုင်အောင် ရှိနေသည်။

ဝင်ပေါက်နောက်တွင်တော့ ထောင်နှင့်ချီသည့် နန်းတော်များစွာက မျက်စိတဆုံး ရှိနေသည်။

တလက်လက်တောက်ပနေသည့် တိမ်များက နန်းတော်များ ပတ်လည်တွင် လွင့်မျောနေပြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် ဝိညာဉ်သားရဲမျိုးစုံက ပျံဝဲလျက်ရှိသည်။ ကောင်းကင်ဘုံသည် ခမ်းနားပြီး ကြီးကျယ်လွန်းလှပေသည်။

အန်လင်းသည် တွေတွေလေး ရပ်နေမိပြီး မျက်နှာတွင်လည်း အံ့ဩခြင်းအပြည့်နှင့်ဖြစ်သည်။

အဲဒီတော့.. ဒီကမ္ဘာကြီးမှာ အင်မော်တယ်လောကဆိုတာ တကယ်ကြီး ရှိတာပေါ့...
ငါကလည်း အင်မော်တယ်လောကကို ရောက်လာနိုင်တယ်ပေါ့.. အန်လင်းက သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလိုက်သည်။

တစ်ခဏကြာတော့ တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူ့အခြေအနေကို အတည်ပြုလိုသဖြင့် အလျှင်အမြန်ပြေးသွားပြီး ထိုမိန်းကလေးကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အင်မော်တယ် ညီမလေး ခင်ဗျာ.." အန်လင်းက မိန်းကလေးကို လက်ပြလိုက်သည်။

အန်လင်း လက်ပြနှုတ်ဆက်သည်ကို မြင်သဖြင့် ထိုမိန်းမလှလေးက သူ့ဆီသို့ လျှောက်လှမ်းလာသည်။

ထိုသည်ကို မြင်တော့ အန်လင်းက စိတ်လှုပ်ရှားစွာဖြင့် "နတ်မိမယ် မိန်းမလှလေး ခင်ဗျာ.. ဒီနေရာက ဘယ်နေရာဆိုတာ သိခွင့်ရမလား ခင်ဗျာ.. ကျွန်တော်က အခုမှရောက်ရှိလာတာ ဖြစ်ပြီး ဒီနေရာနဲ့ အစိမ်းသက်သက် ဖြစ်နေလို့ပါ ခင်ဗျာ.."

အန်လင်း၏ စကားလုံးများကို ကြားရတော့ ထိုမိန်းကလေး၏ အမူအရာမှာ ထူးဆန်းသွားပြီး "ကျိ လိ ကု လု?"

"ဟမ်.. ဘာပြောတာပါလဲ ခင်ဗျာ.." အန်လင်းက အနည်းငယ် ခေါင်းရှုပ်လာသည်။

အန်လင်းကဲ့သို့ပင် ထိုမိန်းကလေးသည်လည်း ခေါင်းရှုပ်သည့် အမူအရာ ဖြစ်လာခဲ့သည်။ "ကျိ လိ ကု လု ဝ လဲ ကျိ လိ?"

အန်လင်းက စိတ်ရှုပ်ထွေးလာသည်။ သူက ဘယ်ကမ္ဘာရဲ့ ဘာသာစကားကို ပြောနေတာတုန်း..။

ကြောက်မက်ဖွယ် အတွေးက သူ့ခေါင်းထဲ ရောက်ရှိလာသည်။

"နတ်သမီးညီမလေး.. မင်း တရုတ်လို ပြောတတ်လား.." အန်လင်း၏ မျက်လုံးများမှာ မျက်ရည်များပင် ဝဲနေသည်။

"ကု လု ကု လု ဝ ကျိ ကျိ ကျိ?" ထိုမိန်းမလှလေးသည် သူမ၏ လက်များကို ခါးတွင်ထောက်လိုက်ပြီး အနည်းငယ် ဒေါသထွက်လာပုံရသည်။

ပြီးသွားပြီ.. ငါတို့မှာ ဘာသာစကားက အတားအဆီး ဖြစ်သွားပြီ..
ဘယ်ကမ္ဘာက စကားတွေကို သူပြောနေတာတုန်း.. ငါတကယ်ကို နားမလည်နိုင်တော့ဘူး..

ထိုအချိန်မှာပင် အန်လင်းက အနည်းငယ် ရူးချင်စိတ်ပင် ပေါက်လာသည်။ သူက ထိုနေရာမှာပင် ရပ်နေပြီး မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိသည်။

ဘာလို့လဲ... ဝတ္ထုတွေထဲကနဲ့ လုံးဝကို မတူတာပဲဟ.. ကမ္ဘာကြီး တစ်ခုလုံးက တရုတ်စကား ပြောကြတာ မဟုတ်ဘူးလားဟင်...

နောက်ဆုံးမှာတော့ အန်လင်းက စတင်ငိုပါတော့သည်။

ငါက စကားကိုတောင် နားမလည်ဘူးဆိုရင် ဘယ်လိုလုပ် ကျင့်ကြံနည်းကို သင်ယူပြီး အင်မော်တယ် ဖြစ်လာမှာတဲ့လဲ.. တခြားသူတွေက သူတို့ရဲ့ ခရီးကြမ်းတွေကို အားနည်းခြင်းကနေ စတင်ကြတယ်.. ငါကျတော့ အစကတည်းက အနှောင့်အယှက်က ငါကိုယ်တိုင် ဖြစ်နေတာပဲ...

by Magnolia

{Zawgyi}

အခန္း - ၁ ဒီ အင္ေမာ္တယ္က ဘာလို႔ အရမ္းေတြ ေပ်ာ္ေနရတာလား..?

ျမင့္မားသည့္ အေဆာက္အဦတစ္ခုထိပ္တြင္ ရပ္ေနသည္ေၾကာင့္ ေလၾကမ္းမ်ားက အန္လင္း၏ ပတ္ပတ္လည္တြင္ ဝန္းရံတိုက္ခတ္ေနသည္။

အေနာက္ကို လွည့္လိုက္သည့္အခါ ရက္စက္ၾကမ္းၾကဳတ္သူ တစ္စုက သူ႕ထံ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာသည္ကို ေတြ႕ရသည္။

"ဟီးဟီးဟီး.. ဆိုး႐ြားလြန္းတဲ့ ေကာင္ကေလး.. ဒီတစ္ႀကိမ္ မင္းဘယ္လို ထြက္ေျပးမလဲ ၾကည့္ရေအာင္.. မင္းမွာ သတၱိရွိတယ္ဆိုရင္ ဘာလို႔ ပ်ံၿပီး ထြက္မေျပးတာလဲ.." ခႏၶာကိုယ္ တုတ္ခိုင္သည့္ ေခါင္းေဆာင္လူႀကီးသည္ သံတုတ္ကို လက္တြင္ေဝွ႕ရမ္းကာ သူ႕မ်က္ႏွာတြင္လည္း ရက္စက္မႈတို႔က အထင္းသား ျဖစ္သည္။

သူ႕မွာ ထြက္ေျပးဖို႔ရာ အခြင့္အေရး မရွိေတာ့မွန္း အန္လင္းက သိလိုက္သည္။ သို႔ေပမဲ့လည္း ဖမ္းမိသြားလွ်င္ ျဖစ္လာမည့္ အက်ိဳးဆက္မ်ားအေၾကာင္း စဥ္းစားမိသည္ႏွင့္ သူ႕ခႏၶာကိုယ္မွာ တုန္ရီလာၿပီး ထိန္းခ်ဳပ္မရနိုင္ေတာ့ေပ။ ထိုဘဝက အရမ္းကို လူမဆန္ဘဲ ရက္စက္မည္မွန္း ရွင္းရွင္းေလးပင္။

ဘာလုပ္ရမလဲ.. ငါဘာလုပ္သင့္လဲ.. ငါပ်ံသန္းနိုင္မယ္ဆိုရင္ တကယ္ေကာင္းမွာပဲ.....

အန္လင္းက ထိုသို႔ေတြးေနခ်ိန္မွာပင္ ေလျပင္းမ်ား တိုက္ခိုက္လာၿပီး သူ႕ခႏၶာကိုယ္အား ေျမျပင္မွေန အထက္သို႔ ပင့္တင္ေပးလိုက္သည္။

"ေဟ့.. ေဟ့....?"

အန္လင္းက ေၾကာက္လန႔္သြားသည္။ သူ႕အား ေလျပင္းမ်ားက သယ္ေဆာင္သြားေနၿပီ ျဖစ္ကာ တကယ္ႀကီး ပ်ံသန္းေနၿပီ။

"လခြမ္း... သူက တကယ္ႀကီး ပ်ံနိုင္တာလားဟ..." ေျမျပင္မွေန ျမင့္တက္သြားသည္ကို ၾကည့္ရင္း ထိုတုတ္ခိုင္သည့္ ေခါင္းေဆာင္လူႀကီးမွာ အန္လင္းလိုပင္ အံ့ဩလြန္းသျဖင့္ ဘာစကားမွပင္ ေျပာမထြက္ေတာ့ေပ။

လူအားလုံးေရွ႕မွာပင္ ေလျပင္းမ်ားက အန္လင္းအား အေဆာက္အဦထိပ္မွေန ေခၚေဆာင္သြားသည္။

ထို႔ေနာက္ ေလမ်ား လြင့္ပါးသြားၿပီး လြတ္လြတ္ကင္းကင္းကို ျပဳတ္က်လာေတာ့သည္။

"အားးးးးးးးးးး ကယ္ၾကပါဦး...................."

လ်င္ျမန္စြာ ျပဳတ္က်လာမႈေၾကာင့္ တဟူးဟူး တိုက္ခတ္ေနသည့္ ေလမ်ားႏွင့္ အေလးခ်ိန္မဲ့ေနသည့္ ျဖစ္ရပ္တို႔က အန္လင္းအား ေၾကာက္႐ြံ႕စြာျဖင့္ အသားကုန္ေအာ္ဟစ္ေစေလသည္။

ငါေသေတာ့မယ္.. ငါေသေတာ့မယ္.. ငါေသေတာ့မယ္.....

အန္လင္းက စိတ္ထဲမွေန ထိုသို႔ ဆက္တိုက္ ေအာ္ဟစ္ေနခဲ့သည္။

ေသဆုံးရေတာ့မည္ဆိုေသာ ေၾကာက္႐ြံ႕စိတ္က လႊမ္းၿခဳံလာေသာအခါ သူ႕ခႏၶာကိုယ္၏ အစိတ္အပိုင္းတိုင္းမွာ ထိန္းခ်ဳပ္မရေလာက္ေအာင္ တုန္ရီလာၾကသည္။

အေဆာက္အဦ၏ ထိပ္တြင္ေတာ့ တုတ္ခိုင္သည့္ ေခါင္းေဆာင္မွာ အန္လင္း ကူကယ္ရာမဲ့ ျပဳတ္က်လာသည္ကို ၾကည့္ရင္း အံ့အားသင့္ေနမိသည္။ သိပ္မၾကာခင္မွာ က်န္သူမ်ားဆီ လွည့္လိုက္ၿပီး ေျဖးေျဖးခ်င္း ေျပာလိုက္သည္။ "အဲဒီ... အဲဒီကေလးကို ငါက အေဆာက္အဦေပၚကေန ဖိအားေပးၿပီး ခုန္ခ်သြားခိုင္းတာ မဟုတ္ဘူးေနာ္.. ေလက သူ႕ဘာသူ သယ္သြားတာ.. မင္းတို႔ေကာင္ေတြ ငါ့အတြက္ သက္ေသခံေပးရမယ္ေနာ္.. လုပ္ပါကြာ.. ငါက အျပစ္မရွိပါဘူး.."

သူ႕ေနာက္ရွိ လူမ်ားမွာလည္း ေတြေဝမိန္းေမာေနၾကသည္။ ေလက အရမ္းကို ပုံမွန္မဟုတ္ဘဲ တိုက္ခတ္လာခဲ့သည္။ သူတို႔မ်က္ျမင္ ေတြ႕ခဲ့ရတာေတာင္ မယုံနိုင္ေသးတာ အျခားသူမ်ားမွာ မည္သို႔ဆိုဖြယ္ရာ ရွိေတာ့မည္နည္း။

ေျမျပင္ႏွင့္ နီးကပ္လာသည္ကို ၾကည့္ၿပီး အန္လင္းမွာ ေမွ်ာ္လင့္ခ်က္မဲ့စြာႏွင့္ မ်က္လုံးမ်ားကို မွိတ္လိုက္ေတာ့သည္။ အခုလို ေမွ်ာ္လင့္ခ်က္မဲ့ၿပီး ႐ူးေၾကာင္ေၾကာင္ အျပဳအမူမ်ိဳးႏွင့္ ဘဝကို အဆုံးသတ္ရမည္ဟု မေမွ်ာ္လင့္ခဲ့ေပ။

ထိုအခ်ိန္တြင္ အျဖဴေရာင္အလင္းမ်ားႏွင့္ လွ်ို႔ဝွက္အလုံးေလး ႐ုတ္တရက္ေပၚလာခဲ့ၿပီး သူ႕ခႏၶာကိုယ္တစ္ခုလုံးအား လႊမ္းၿခဳံလိုက္သည္။

ထိုခဏတြင္ပင္ ႐ုတ္တရက္ အရွိန္ေလွ်ာ့ခ်မႈေၾကာင့္ ႀကီးမားသည့္ ဖိအားတစ္ခု ျဖစ္ေပၚလာသည္။ အန္လင္းက မိုးပ်ံရထားစီးေနသကဲ့သို႔ ခံစားေနရသည္။ ေအာက္သို႔ တရွိန္ထိုး ျပဳတ္က်.. လွည့္ပတ္.. ၿပီးေနာက္ ေကာင္းကင္သို႔ ထိုးတက္...။

"အား.............................."

အန္လင္းက ေနာက္တစ္ဖန္ အသားကုန္ ေအာ္ျပန္သည္။ ေကာင္းကင္သို႔ ေနာက္တစ္ႀကိမ္ ထိုးတက္ ပ်ံသန္းၿပီးသည့္ေနာက္တြင္ သူ႕ခႏၶာကိုယ္မွာ အေဆာက္အဦထိပ္သို႔ ျပန္လည္ ျပဳတ္က်လာသည္။

ကမာၻေျမႀကီး၏ ဆြဲငင္အားမွ ကင္းမဲ့ကာ ျပင္းထန္သည့္ အေလးခ်ိန္ကင္းမႈတို႔အျပင္ ေသျခင္းႏွင့္ ရွင္ျခင္းၾကား လူးလားေခါက္ျပန္ခဲ့ရသည့္ ခံစားခ်က္တို႔က အန္လင္းအား မူးေဝေစသည္။ ထို႔ေနာက္ ထိန္းခ်ဳပ္၍ မရေတာ့ေအာင္ ပ်ိဳ႕အန္ေတာ့သည္။

"ေဟ့... ေဟ့.. ေကာင္ကေလး.. အဆင္ေျပရဲ႕လား.." ထိုအခ်ိန္မွာပင္ အေျမာ္အျမင္ျပည့္ဝသည့္ အသံတစ္သံက အန္လင္း၏ နားအတြင္းသို႔ ေရာက္ရွိလာခဲ့သည္။

သူ႕ေခါင္းကို ေထာင္ၾကည့္လိုက္သည့္အခါ အဖိုးအိုတစ္ဦးက သူ႕အား ၾကင္နာစြာျဖင့္ ငုံ႕ၾကည္ေနသည္ကို ေတြ႕လိုက္ရသည္။

ထိုအဖိုးအို၏ ေနာက္တြင္ေတာ့ သူ႕အား ဖမ္းဆီးရန္ ေရာက္လာၾကသည့္ ရက္စက္ၾကမ္းၾကဳတ္သူ တစ္စုသည္ ေျမျပင္ေပၚတြင္ သတိလစ္ ေမ့ေျမာေနၾကသည္ကို ေတြ႕လိုက္ရသည္။

ထိုအဖိုးအို၏ ဆံပင္ႏွင့္ မုတ္ဆိတ္တို႔မွာ ဆြတ္ဆြတ္ျဖဴေနၿပီး သူ႕၏ အျပဳအမူ အေျပာအဆိုတို႔မွာလည္း လူသားတို႔ထက္ သာလြန္ေနသည္။ သူ႕ခႏၶာကိုယ္ တစ္ခုလုံးကို ေမွာ္စြမ္းအင္မ်ား၊ ေ႐ႊေရာင္ ေအာ္ရာမ်ားႏွင့္ ဖုံးလႊမ္းေနၿပီး ျမင့္ျမတ္ကာ ျပစ္မ်ိဳးမွည့္မထင္သည့္ဟန္ ျဖစ္ေနေစသည္။

ထိုသည္ကို ျမင္ရသည့္အခါ က်န္းထ်ဲက ႐ုတ္တရက္ ထိတ္လန႔္သြားၿပီး မ်ားလွစြာေသာ ျမင္ကြင္းတို႔က သူ႕အေတြးထဲသို႔ ေရာက္ရွိလာေတာ့သည္။

ဝတၳဳေတြ.. ဂ်ပန္ကာတြန္းေတြ.. ႐ုပ္ရွင္ေတြ..

ထိုျမင္ကြင္းမ်ားက သူ႕စိတ္ထဲ တစ္ခုၿပီးတစ္ခု ေပၚလာခဲ့သည္။ သူ႕မ်က္ရွိေရွ႕ရွိ ျမင္ကြင္းမွာ အိပ္မက္မဟုတ္ေလာက္ပါဘူးေနာ္..။

ရင္ေတြ တဒုန္းဒုန္း ခုန္လာခဲ့ၿပီ။

အန္လင္းက အလြန္အက်ံ ရိုက်ိဳးစြာႏွင့္ သူ႕မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ားဝဲကာ "ကြၽန္ေတာ့ကို ကယ္တင္ေပးသည့္အတြက္ အင္ေမာ္တယ္ႀကီးအား ေက်းဇူးတင္ပါသည္ ခင္ဗ်ာ.."

ထိုအဖိုးအိုသည္ အန္အင္းက သူ႕အား အင္ေမာ္တယ္ႀကီးဟု ေခၚလိုက္သျဖင့္ သူ၏ မုတ္ဆိတ္ျဖဴတို႔အား ေျဖးညွင္းစြာ ပြတ္သပ္ၿပီး ခပ္ပါးပါး ၿပဳံးလိုက္သည္။ "အခုနက ငါမႏၲန္သုံးလိုက္တာမွာ မမွားသင့္တဲ့ အမွားတစ္ခု ျဖစ္ခဲ့တာေၾကာင့္ ငါ့သူငယ္ခ်င္းေလးကို ေၾကာက္႐ြံ႕ေစမိခဲ့တယ္.. အဲဒီေကာင္ေတြက သူငယ္ခ်င္းေလးကို ဘာလို႔ လိုက္ဖမ္းေနၾကတာလဲ.."

ထိုသည္ကို ၾကားလိုက္ရေတာ့ အန္လင္းမွာ အံ့အားသင့္သြားသည္။ သူက မႏၲန္သုံးလိုက္တာမွာ မမွားသင့္တဲ့အမွား လုပ္လိုက္တယ္..? အဲေတာ့ ငါ့ကို ေခၚေဆာင္သြားတဲ့ေလက အဲဒီ အင္ေမာ္တယ္ရဲ႕ အမွားေၾကာင့္ ျဖစ္လာတာေပါ့..။

ဘယ္လိုပဲျဖစ္ျဖစ္ ထိုအင္ေမာ္တယ္ႀကီးသည္ သူ႕အား ကယ္တင္ခဲ့သည္။ ထိုအင္ေမာ္တယ္ႀကီး၏ အေမးကို ၾကားလိုက္ရသည့္အခါ သူ႕ႏွလုံးသားဆီမွေန မေရမတြက္နိုင္သည့္ မေက်နပ္ခ်က္မ်ား ေပၚထြက္လာသည္။

"အဲဒါက ဒီလိုပါ ခင္ဗ်ာ.. ကြၽန္ေတာ့္အေမ ဆုံးပါးသြားတဲ့ ေနာက္ပိုင္းကစၿပီး ကြၽန္ေတာ့္အေဖက ေလာင္းကစားကို စြဲလမ္းလာခဲ့တယ္.. အိမ္ကိုလည္း ေလာင္းခဲ့တယ္.. အေႂကြးသန္းေပါင္းမ်ားစြာလည္း တင္ခဲ့တယ္.. အဲဒီအေႂကြးေတြကို ျပန္မဆပ္နိုင္ေတာ့ သူက ကိုယ္လြတ္႐ုန္းၿပီး ထြက္ေျပးသြားတယ္.."

ခဏနားလိုက္ၿပီးေနာက္ "ကြၽန္ေတာ္ ဟြာခ်င္းတကၠသိုလ္ကို တက္ခြင့္ရတဲ့ေနာက္က် အေႂကြးရွင္ေတြက ကြၽန္ေတာ့္ကို ရွာေတြ႕သြားၾကတယ္.. သူေျပာတာက ကြၽန္ေတာ္အေဖရဲ႕ အေႂကြးေတြကို ကြၽန္ေတာ္က ကိုယ္စားဆပ္ေစခ်င္တယ္တဲ့..

အဲဒီအေႂကြးေတြက သန္းနဲ႕ခ်ီေနတာေလ.. ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး ျပန္ဆပ္နိုင္မွာတဲ့လဲ..

ကြၽန္ေတာ့္ခ်စ္သူကလည္း အဲဒီအေၾကာင္းကို သိသြားေတာ့ နည္းနည္းေလးေတာင္ မစဥ္းစားေတာ့ပဲ ကြၽန္ေတာ့ကို ထားပစ္ခဲ့တယ္..

အေႂကြးရွင္ေတြက ကြၽန္ေတာ့္ကို ေခၚသြားၿပီး အလုပ္ၾကမ္းေတြ လုပ္ခိုင္းတယ္.. အေဖ့ရဲ႕ အေႂကြးေတြ မေက်မျခင္း ထြက္သြားလို႔ မရဘူးတဲ့..

အဲဒါက အရမ္းကို ရက္စက္ၿပီး လူမဆန္ဘူး.. ကြၽန္ေတာ္က လုံးဝ သည္းမခံနိုင္ေတာ့တာေၾကာင့္ ထြက္ေျပးဖို႔ ဆုံးျဖတ္လိုက္တယ္.. အေႂကြးရွင္က အဲဒီ ရက္စက္တဲ့သူေတြနဲ႕ ကြၽန္ေတာ့္ကို ဖမ္းခိုင္းလိုက္တာပဲ.. အဲဒီကေန အခုလို အျဖစ္ေတြ ျဖစ္လာရတာပါ ခင္ဗ်ာ.."

သူ႕ရဲ႕ အခက္အခဲမ်ားကို ဖြင့္ဟၿပီးသည္ေနာက္ မ်က္ရည္မ်ား က်လာေတာ့သည္။ သူ၏ အနာဂတ္မွာ ေမွာင္မိုက္ေနၿပီဟု ခံစားရသည္။ ေတာင္းစားရျခင္းႏွင့္ တစ္ဘဝလုံး အေႂကြးမ်ား ဆပ္ေနရျခင္းတို႔က ဘာေတြမ်ား ကြာျခားမွာတဲ့တုန္း..။

အန္လင္း၏ ေဝဒနာမ်ားကို ၾကားၿပီးသည့္ေနာက္တြင္ အင္ေမာ္တယ္ႀကီး၏ မ်က္ဝန္းတြင္ က႐ုဏာအရိပ္မ်ား သန္းလာေတာ့သည္။ "ေကာင္ကေလး.. မင္းရဲ႕ဘဝက အရမ္းကို ၾကမ္းတမ္းတာပါလား.. ဒီလိုဆိုရင္ေကာ.. မင္းနဲ႕ ငါက ကံၾကမၼာေၾကာင့္ ေတြ႕ခဲ့ရတာ.. မင္းမွာ ပါရမီရွိတာ ငါသိတယ္.. အဲေတာ့ ဒီ အင္ေမာ္တယ္ႀကီးက 'စနစ္' တစ္ခု လက္ေဆာင္ေပးမယ္ကြာ.. အဲဒါက မင္းဘဝႀကီးကို ေျပာင္းလဲေစလိမ့္မယ္.. ဘယ္လိုလဲ.. မေကာင္းဘူးလား.."

ထိုသည္ကို ၾကားလိုက္ရသည့္အခါ အန္လင္းမွာ တုန္လႈပ္သြားေတာ့သည္။ အင္ေမာ္တယ္တစ္ေယာက္ႏွင့္ ေတြ႕ရျခင္းကပင္ သူ႕အား အလြန္ကံေကာင္းေနၿပီ ျဖစ္ကာ ထိုအင္ေမာ္တယ္က သူတို႔ ပထမဆုံး ေတြ႕ႀကဳံမႈမွာပင္ ရက္ရက္ေရာေရာႏွင့္ စနစ္တစ္ခု လက္ေဆာင္ေပးလာမည္ဟု ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားေပ။

"အင္ေမာ္တယ္ဖိုးဖိုး ခင္ဗ်ာ.. ဖိုးဖိုးက အရမ္းကို ၾကင္နာတတ္တာပဲ.. ကြၽန္ေတာ့္က ဖိုးဖိုးကို ဘာျပန္ေပးရမယ္ဆိုတာ တကယ္မသိေတာ့ဘူးဗ်.." အန္လင္းက အလြန္စိတ္လႈပ္ရွားလာၿပီး မ်က္ရည္မ်ား က်ဆင္းကာ ထိုအဖိုးအိုကို ေႏြးေထြးစြာ ၾကည့္လိုက္သည္။

ထိုအင္ေမာ္တယ္ႀကီးသည္ ၾကင္နာစြာ ၿပဳံးလိုက္ၿပီး သူ႕လက္ဖဝါးကို ေကာင္းကင္သို႔ ဆန႔္တန္းလိုက္သည္။ ခ်က္ခ်င္းဆိုသလို အျဖဴေရာင္အလင္းမ်ားႏွင့္ အလြန္သန႔္စင္သည့္ အလုံးေလးက သူ႕လက္ဖဝါးေပၚတြင္ ေပၚလာခဲ့သည္။

"ေကာင္ကေလး.. ဒီကိုလာ.. ဒီအလင္းလုံးေလးကို ကိုင္ၿပီး မင္းလက္ဖဝါးေပၚ တင္လိုက္.." အင္ေမာ္တယ္ႀကီးက အန္လင္းအား ေျပာသည္။

ထိုသည္ကို ၾကားလိုက္ေတာ့ အန္လင္းမွာ အလင္းလုံးေလးအား စိတ္မရွည္စြာျဖင့္ ဖမ္းဆုပ္လိုက္သည္။

သူ႕လက္ထဲရွိ အလင္းလုံးေလးမွာ ပူေႏြးသည့္ေရာင္ျခည္မ်ား ထုတ္လႊတ္ေနသည္။ ထိုအလုံးေလးမွ ထုတ္လႊတ္ေနသည့္ အလင္းသည္ အလြန္တရာ ႏူးညံ့လွသည္။

"စနစ္လႊဲေျပာင္းမႈ စတင္..." အင္ေမာ္တယ္ႀကီးက ေျဖးညွင္းစြာ ဆိုလိုက္သည္။

ထိုသို႔ေျပာၿပီးသည္ႏွင့္ အျဖဴေရာင္အလင္းလုံးေလးဆီမွ အလင္းသည္ အလြန္ေတာက္ပလာသည္။

ထိုအခ်ိန္မွာပင္ အင္ေမာ္တယ္ႀကီးက အန္လင္းအား "ေကာင္ကေလး.. ျမန္ျမန္ က်ိန္ဆိုစမ္း.. စစ္နတ္ဘုရားစနစ္ကို လက္ခံၿပီးတာနဲ႕ မင္းတစ္ဘဝလုံး ဘယ္ေတာ့မွ မစြန႔္လႊတ္ပါဘူးလို႔.."

စစ္နတ္ဘုရားစနစ္..?

ဘယ္လိုနာမည္ႀကီးတုန္း..

ၿပီးေတာ့ က်ိန္ဆိုတာႀကီးကလည္း ထိမ္းျမားျခင္း က်ိန္ဆိုမႈနဲ႕ ဘာလို႔တူေနရတာလား..

အန္လင္းက စဥ္းစားခ်ိန္ မရွိေတာ့တာေၾကာင့္ အလ်င္အျမန္ပင္ "ကြၽန္ေတာ္ က်ိန္ဆိုပါသည္.. စစ္နတ္ဘုရားစနစ္ကို လက္ခံၿပီးေနာက္ ကြၽန္ေတာ့္တစ္ဘဝလုံး မစြန႔္လႊတ္ပါ.."

အန္လင္း၏ က်ိန္ဆိုမႈ ၿပီးသည့္ ေနာက္တြင္ အလုံးေလးက သူ႕ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္ၿပီး ေပါင္းစပ္သြားသည္။

မေရွးမေႏွာင္းမွာပင္ သူစိတ္ထဲတြင္ အသံတစ္သံ ထြက္ေပၚလာသည္။ "လက္ခံသူသည္ ထ်န္းမင္ ခႏၶာကိုယ္ပိုင္ရွင္ျဖစ္ေၾကာင္း ေထာက္လွမ္းမိၿပီး လိုအပ္ခ်က္မ်ားႏွင့္ ျပည့္စုံပါသည္။ စနစ္၏ ေပါင္းစပ္ျခင္း စတင္ပါၿပီ..။"

အန္လင္းက အရမ္းကို စိတ္လႈပ္ရွားေနၿပီး ထိုစိတ္လႈပ္ရွားမႈေၾကာင့္ ငိုခ်င္လာခဲ့သည္။

သူ႕အနာဂတ္ႀကီးက ေမွာင္မိုက္ေနလိမ့္မည္ဟု အစကထင္ေနခဲ့ၿပီး ယခုလိုမ်ိဳး ျဖစ္ရပ္မ်ိဳးကို မေမွ်ာ္လင့္ခဲ့ေပ။ ယခုအခ်ိန္တြင္ေတာ့ ဤစနစ္ႏွင့္အတူ ဘဝအသစ္တစ္ခုကို စတင္ဖို႔ရန္ ေပါင္းစပ္ေနၿပီပဲ ျဖစ္သည္။

အင္ေမာ္တယ္ႀကီးမွာလည္း အရမ္းကို စိတ္လႈပ္ရွားေနပုံ ရသည္။ စိတ္လႈပ္ရွားလြန္းလို႔ ငိုေတာ့မည့္ပုံပင္။

သူက ဒူးေထာက္ကာ မ်က္ရည္အျပည့္ျဖင့္ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး မေမွ်ာ္လင့္စြာပင္ မ်က္ရည္မ်ားႏွင့္အတူ ရယ္ေမာလိုက္သည္။ "ဘြားဟားဟားဟား.. ေနာက္ဆုံးေတာ့ ေအေပးက ထြက္သြားၿပီ.. ငါ့ဘဝႀကီးက လြတ္လပ္ခဲ့ၿပီ.."

"အင္ေမာ္တယ္ဖိုးဖိုး.. ဘာမွားလို႔လဲ.. အဆင္ေျပရဲ႕လား ခင္ဗ်ား.." ထိုအဖိုးအို၏ ထူးထူးဆန္းဆန္းအျပဳအမူကို ျမင္ရသျဖင့္ အန္လင္း က စိုးရိမ္ၿပီး ေမးလိုက္သည္။

သူက အရမ္းကို စိတ္လႈပ္ရွားသြားသည့္ကို သတိျပဳမိလိုက္သျဖင့္ အင္ေမာ္တယ္ႀကီးက သူ႕ကိုယ္သူ ျပန္ထိန္းလိုက္ၿပီး မ်က္ရည္မ်ားကို သုတ္လိုက္သည္။

"အဆင္ေျပပါတယ္ကြာ.. ငါမလိုခ်င္တဲ့ အတိတ္က ျဖစ္ရပ္ေတြကို ျပန္သတိရမိသြားလို႔ပါ.. ေကာင္ကေလး.. မင္းက စနစ္ကို လက္ခံလိုက္ၿပီဆိုေတာ့ ပိုၿပီးေတာ့ ႀကိဳးစားဖို႔ လိုလိမ့္မယ္ေနာ္.." အင္ေမာ္တယ္ႀကီးက အေလးအနက္ေျပာသည္။

"အ..အမ္.... ဟုတ္ကဲ့ပါ.." အန္လင္းက ရိုးသားစြာ ေခါင္းညိတ္လိုက္သည္။

"အဲဒီေတာ့ မင္းစြမ္းအင္ေလ့က်င့္ဖို႔ ေက်ာင္းတစ္ေက်ာင္းေက်ာင္းကို သြားခ်င္သလား.. မင္းသြားဖို႔အတြက္ သင့္ေတာ္တဲ့ေက်ာင္းကို ငါသိထားတယ္.."

စြမ္းအင္က်င့္ႀကံဖို႔ ေက်ာင္းသြားရမယ္..? ဒီလို ကမ္းလွမ္းမႈမ်ိဳးကို ေသာက္႐ူးေတြမွပဲ ျငင္းပယ္မွာေပါ့..

"သြားမယ္.. ကြၽန္ေတာ္တကယ္ သြားခ်င္တယ္.." အန္လင္းက တုံ႕ဆိုင္းမေနပဲ ေျပာသည္။

ထိုသည္ကို ၾကားလိုက္ရေတာ့ အင္ေမာ္တယ္ႀကီးက ေက်နပ္စြာ ၿပဳံးလာၿပီး သူ႕အကၤ်ီလက္အတြင္းမွ ေ႐ႊစာ႐ြက္ပိုင္းတစ္ခု ထုတ္လိုက္သည္။ အန္လင္းကို ကမ္းေပးရင္း "ဒါက ငါ့ရဲ႕ ေထာက္ခံစာပဲ.. ဒါနဲ႕ဆို မင္းက စုစည္းညီၫြတ္ က်င့္ႀကံျခင္းေက်ာင္းေတာ္မွာ ပညာသင္နိုင္ၿပီး အင္ေမာ္တယ္လမ္းစဥ္ကို တရားဝင္ ေျခခ်နိဳင္လိမ့္မယ္ကြ.."

အန္လင္းက အံ့အားသင့္သြားသည္။ ထိုအင္ေမာ္တယ္ႀကီးသည္ သူ႕အား ရွည္လ်ားသည့္ က်င့္ႀကံျခင္းလမ္းစဥ္ကို ေလွ်ာက္လွမ္းနိုင္ၿပီး ထူးခြၽန္သူ ျဖစ္လာေအာင္ ကူညီလမ္းခင္းေပးေနျခင္းေပ။

သူက ေထာက္ခံစာကို တရိုတေသႏွင့္ ယူလိုက္ၿပီး ေက်းဇူးတင္သည့္အၾကည့္ႏွင့္ ၾကည့္လိုက္သည္။

"အင္ေမာ္တယ္ဖိုးဖိုးရဲ႕ နာမည္ကို ကြၽန္ေတာ္က သိလို႔ရမလား ခင္ဗ်ာ..."

"ငါ့နာမည္......... အမ်ားႀကီး ေတြးမေနပါနဲ႕ကြာ..." အင္ေမာ္တယ္ႀကီးက အန္လင္း၏ေခါင္းကို ညင္သာစြာပုတ္လိုက္ၿပီး သူ႕မ်က္ႏွာတြင္ က႐ုဏာသက္သည့္ အၾကည့္မ်ားကိုလည္း ျမင္ေတြ႕ရသည္။

"ကဲ.. ငါသြားရေတာ့မယ္.. ေနာက္မ်ားမွ ေတြ႕ၾကတာေပါ့ ေကာင္ကေလးေရ..."

အင္ေမာ္တယ္ႀကီးက လက္ျပႏႈတ္ဆက္ၿပီးေနာက္ တိမ္ခိုးမ်ားကိုစီးနင္းကာ ေပ်ာက္ကြယ္သြားသည္။

"ဂ႐ုစိုက္ပါ အင္ေမာ္တယ္ႀကီး ခင္ဗ်ာ.." ေကာင္းကင္ေပၚတြင္ ပ်ံသန္းသြားသည့္ အင္ေမာ္တယ္ႀကီးအားၾကည့္ၿပီး က်န္းထ်ဲက အရိုအေသျပဳကာ ေျပာလိုက္သည္။

ေကာင္းကင္မွေန ပ်ံ့ႏွံ႕ေရာက္ရွိလာသည့္ အင္ေမာ္တယ္ႀကီး၏ ရယ္သံမွာ အလြန္တရာကို ေက်နပ္ေပ်ာ္႐ႊင္ေနသည့္ပုံပင္။ ထိုရယ္သံက ဘဝတစ္ေလွ်ာက္ ထမ္းပိုးထားရသည့္ နာက်ည္းခ်က္မ်ားအား လႊတ္ခ်လိဳက္နိုင္ရာမွ ထြက္ေပၚလာျခင္းမ်ိဳးပင္။

ဒီအင္ေမာ္တယ္က ဘာလို႔အရမ္းေတြ ေပ်ာ္ေနရတာတုန္း... သူ႕ၾကည့္ရတာ ငါ့ထက္ေတာင္ ပိုေပ်ာ္ေနေသးသလားလို႔...

အန္လင္း၏ မ်က္ႏွာတြင္ စိတ္ရႈပ္ေထြးမႈမ်ား ေပၚလာခဲ့ၿပီး သူ႕ေခါင္းကိုသာ ဆြဲကုတ္လိုက္သည္။

ထိုအခ်ိန္မွာပင္ အမ်ိဳးသမီးအသံတစ္ခုက အန္လင္း၏ စိတ္ထဲမွေန ေပၚထြက္လာသည္။ "မဂၤလာပါ.."

ထိုအသံကို ၾကားလိုက္ရေတာ့ အန္လင္းက လန႔္သြားသည္။ ထိုအမ်ိဳးသမီး၏ အသံမွာ လွပၿပီး ညင္သာလြန္းသည္။

ဒါက စနစ္ရဲ႕ အသံလား..? အန္လင္းက အံ့ဩၿပီး မေသခ်ာေပ။

ထိုအခ်ိန္မွာပင္ သူ႕စိတ္ထဲ၌ နယ္ပယ္တစ္ခု ေပၚလာခဲ့သည္။

ထိုနယ္ပယ္သည္ မီးခိုးေရာင္ျဖစ္ၿပီး စာလုံးအခ်ိဳ႕သာ ေရးသားထားသည္။ "စစ္နတ္ဘုရားစနစ္သည္ ထိုက္ခ်ဴ ကုန္းေျမႀကီးအတြင္းသို႔ ဝင္ေရာက္မွသာ စတင္အသက္ဝင္လာမည္ ျဖစ္သည္..။"

ထိုက္ခ်ဴကုန္းေျမႀကီး ဆိုတာက ဘာႀကီးလား...?
ျဖစ္နိုင္တာကေတာ့......

အန္လင္းက အင္ေမာ္တယ္ႀကီး ေပးခဲ့သည့္ ေထာက္ခံစာကို ျပန္ထုတ္လိုက္ၿပီး သူ႕လက္ထဲရွိ ေ႐ႊစာ႐ြက္ကို ေမွ်ာ္လင့္တႀကီး ျဖန႔္ၾကည့္လိုက္သည္။

ထိုေ႐ႊစာ႐ြက္ေပၚတြင္ ခပ္ေဖ်ာ့ေဖ်ာ့ လက္ေဗြရာတစ္ခုမွ အပ မည္သည္မွ ရွိမေနသည္ကို မ်ားမၾကာမီပင္ သိလိုက္ရသည္။

အန္လင္းက မေသခ်ာမေရရာမႈျဖင့္ ထိုစာ႐ြက္ေပၚရွိ လက္‌ေဗြရာေပၚသို႔ သူ႕လက္ကို တင္လိုက္သည္။

႐ုတ္တရက္ဆိုသလိုပင္ ေ႐ႊစာ႐ြက္ဆီမွေန ခမ္းနားေတာက္ပသည့္ ေ႐ႊေရာင္အလင္းမ်ားက ျဖာထြက္လာၿပီး က်န္းထ်ဲအား အံ့ဩခ်ိန္ပင္ မေပးကာ ခႏၶာကိုယ္တစ္ခုလုံးကို ဝါးၿမိဳသြားသည္။

"အား........."

ေတာက္ပသည့္ အလင္းေရာင္တစ္ခုက သူ႕အျမင္အာ႐ုံထဲသို႔ တစ္ဖန္ျပန္ ဝင္ေရာက္လာသည္ကို အန္လင္းက ခံစားလိုက္ရသည္။

ထို႔ေနာက္ သူ႕ခႏၶာကိုယ္မွာ ေနာက္တစ္ႀကိမ္ျပန္လည္ၿပီး ေကာင္းကင္သို႔ ျမင့္တက္ၿပီးေနာက္ လြတ္လြတ္ကင္းကင္း ျပန္လည္ျပဳတ္က်ေနျခင္းကို သိလိုက္ရျပန္သည္။

ေနာက္ထပ္တစ္ဖန္ အေဆာက္အဦေပၚမွ ျပဳတ္က်သည့္ အေတြ႕အႀကဳံကို ရရွိလိုက္ျပန္သည္။ မည္မွ်ပင္ အေတြ႕အႀကဳံရွိေနပါေစ အႀကိမ္တိုင္းက အသစ္အသစ္ေသာ ခံစားခ်က္ကို ျဖစ္ေပၚေစသျဖင့္ အႀကိမ္တိုင္း ငိုခ်င္စိတ္ေပါက္သည္ ခ်ည္းသာ။

ဘုန္း..............

သူက ေျမျပင္ေပၚသို႔ ျပင္းထန္စြာ ျပဳတ္က်ၿပီး ကံေကာင္းေထာက္မစြာျဖင့္ ေ႐ႊေရာင္အလင္းမ်ားက လႊမ္းၿခဳံထားသျဖင့္သာ အသက္ရွင္ေနျခင္းေပ။

"ဘယ္လိုမ်ိဳး ေနရာေ႐ႊ႕ေျပာင္းတဲ့ နည္းပညာလဲကြာ.. အရမ္းကို ၾကမ္းတမ္းလြန္းတယ္.." က်န္းထ်ဲက ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနရင္း ညည္းၫူလိုက္သည္။

သူ႕ေခါင္းကို ခက္ခက္ခဲခဲ ေမာ့လိုက္ၿပီး သူ႕ကိုယ္ဟန္ကို ျပန္လည္ စုစည္းလိုက္သည္။

ထို႔ေနာက္ သူ႕ဘဝတြင္ ဘယ္ေသာအခါတြင္မွ ေမ့နိုင္ေတာ့မည္ မဟုတ္သည့္ အရာကို ျမင္ေတြ႕လိုက္ရသည္။

နဂါး႐ုပ္ပုံမ်ားစြာျဖင့္ တန္ဆာဆင္ထားသည့္ အျဖဴေရာင္တိုင္လုံးႀကီး ႏွစ္ခုသည္ ေကာင္းကင္သို႔ မီတာရာေပါင္းမ်ားစြာ ထိုးတြက္ေနသည္။ ဆန္းၾကယ္သည့္ ပုံရိပ္မ်ားစြာက မည္သည္ကို ထြင္းထုထားမွန္း နားမလည္နိုင္ေအာင္ ရွိေနသည္။

ဝင္ေပါက္ေနာက္တြင္ေတာ့ ေထာင္ႏွင့္ခ်ီသည့္ နန္းေတာ္မ်ားစြာက မ်က္စိတဆုံး ရွိေနသည္။

တလက္လက္ေတာက္ပေနသည့္ တိမ္မ်ားက နန္းေတာ္မ်ား ပတ္လည္တြင္ လြင့္ေမ်ာေနၿပီး ေကာင္းကင္ႏွင့္ ေျမျပင္ၾကားတြင္ ဝိညာဥ္သားရဲမ်ိဳးစုံက ပ်ံဝဲလ်က္ရွိသည္။ ေကာင္းကင္ဘုံသည္ ခမ္းနားၿပီး ႀကီးက်ယ္လြန္းလွေပသည္။

အန္လင္းသည္ ေတြေတြေလး ရပ္ေနမိၿပီး မ်က္ႏွာတြင္လည္း အံ့ဩျခင္းအျပည့္ႏွင့္ျဖစ္သည္။

အဲဒီေတာ့.. ဒီကမာၻႀကီးမွာ အင္ေမာ္တယ္ေလာကဆိုတာ တကယ္ႀကီး ရွိတာေပါ့...
ငါကလည္း အင္ေမာ္တယ္ေလာကကို ေရာက္လာနိုင္တယ္ေပါ့.. အန္လင္းက သူ႕စိတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္လိုက္ၿပီး သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ ျပဳလိုက္သည္။

တစ္ခဏၾကာေတာ့ တာအိုဝတ္စုံ ဝတ္ဆင္ထားသည့္ မိန္းကေလးတစ္ေယာက္က သူ႕ဆီသို႔ ေလွ်ာက္လွမ္းလာသည္ကို ျမင္လိုက္ရသည္။ သူ႕အေျခအေနကို အတည္ျပဳလိုသျဖင့္ အလွ်င္အျမန္ေျပးသြားၿပီး ထိုမိန္းကေလးကို ႏႈတ္ဆက္လိုက္သည္။

"မဂၤလာပါ အင္ေမာ္တယ္ ညီမေလး ခင္ဗ်ာ.." အန္လင္းက မိန္းကေလးကို လက္ျပလိုက္သည္။

အန္လင္း လက္ျပႏႈတ္ဆက္သည္ကို ျမင္သျဖင့္ ထိုမိန္းမလွေလးက သူ႕ဆီသို႔ ေလွ်ာက္လွမ္းလာသည္။

ထိုသည္ကို ျမင္ေတာ့ အန္လင္းက စိတ္လႈပ္ရွားစြာျဖင့္ "နတ္မိမယ္ မိန္းမလွေလး ခင္ဗ်ာ.. ဒီေနရာက ဘယ္ေနရာဆိုတာ သိခြင့္ရမလား ခင္ဗ်ာ.. ကြၽန္ေတာ္က အခုမွေရာက္ရွိလာတာ ျဖစ္ၿပီး ဒီေနရာနဲ႕ အစိမ္းသက္သက္ ျဖစ္ေနလို႔ပါ ခင္ဗ်ာ.."

အန္လင္း၏ စကားလုံးမ်ားကို ၾကားရေတာ့ ထိုမိန္းကေလး၏ အမူအရာမွာ ထူးဆန္းသြားၿပီး "က်ိ လိ ကု လု?"

"ဟမ္.. ဘာေျပာတာပါလဲ ခင္ဗ်ာ.." အန္လင္းက အနည္းငယ္ ေခါင္းရႈပ္လာသည္။

အန္လင္းကဲ့သို႔ပင္ ထိုမိန္းကေလးသည္လည္း ေခါင္းရႈပ္သည့္ အမူအရာ ျဖစ္လာခဲ့သည္။ "က်ိ လိ ကု လု ဝ လဲ က်ိ လိ?"

အန္လင္းက စိတ္ရႈပ္ေထြးလာသည္။ သူက ဘယ္ကမာၻရဲ႕ ဘာသာစကားကို ေျပာေနတာတုန္း..။

ေၾကာက္မက္ဖြယ္ အေတြးက သူ႕ေခါင္းထဲ ေရာက္ရွိလာသည္။

"နတ္သမီးညီမေလး.. မင္း တ႐ုတ္လို ေျပာတတ္လား.." အန္လင္း၏ မ်က္လုံးမ်ားမွာ မ်က္ရည္မ်ားပင္ ဝဲေနသည္။

"ကု လု ကု လု ဝ က်ိ က်ိ က်ိ?" ထိုမိန္းမလွေလးသည္ သူမ၏ လက္မ်ားကို ခါးတြင္ေထာက္လိုက္ၿပီး အနည္းငယ္ ေဒါသထြက္လာပုံရသည္။

ၿပီးသြားၿပီ.. ငါတို႔မွာ ဘာသာစကားက အတားအဆီး ျဖစ္သြားၿပီ..
ဘယ္ကမာၻက စကားေတြကို သူေျပာေနတာတုန္း.. ငါတကယ္ကို နားမလည္နိုင္ေတာ့ဘူး..

ထိုအခ်ိန္မွာပင္ အန္လင္းက အနည္းငယ္ ႐ူးခ်င္စိတ္ပင္ ေပါက္လာသည္။ သူက ထိုေနရာမွာပင္ ရပ္ေနၿပီး မ်က္လုံးမ်ားမွာ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနသည္။ သူ႕စိတ္ထဲတြင္ အေတြးတစ္ခုသာလွ်င္ ရွိသည္။

ဘာလို႔လဲ... ဝတၳဳေတြထဲကနဲ႕ လုံးဝကို မတူတာပဲဟ.. ကမာၻႀကီး တစ္ခုလုံးက တ႐ုတ္စကား ေျပာၾကတာ မဟုတ္ဘူးလားဟင္...

ေနာက္ဆုံးမွာေတာ့ အန္လင္းက စတင္ငိုပါေတာ့သည္။

ငါက စကားကိုေတာင္ နားမလည္ဘူးဆိုရင္ ဘယ္လိုလုပ္ က်င့္ႀကံနည္းကို သင္ယူၿပီး အင္ေမာ္တယ္ ျဖစ္လာမွာတဲ့လဲ.. တျခားသူေတြက သူတို႔ရဲ႕ ခရီးၾကမ္းေတြကို အားနည္းျခင္းကေန စတင္ၾကတယ္.. ငါက်ေတာ့ အစကတည္းက အေႏွာင့္အယွက္က ငါကိုယ္တိုင္ ျဖစ္ေနတာပဲ...။

by Magnolia



rate now: