" တောက် "
ရေတစ်စက် ကျသွားတိုင်း ငြိမ်သက်နေတဲ့ ရေပြင်က ပွက်ခနဲမြည်ကာ လှုပ်သည်။
ခဲနေသယောင်ထင်ရတဲ့ ရေတွေက မျက်နှာကျက်တစ်ခုသဖွယ်ဖြစ်တည်နေပြီး အစွန်းတစ်ဖက်နားရှိ ပင်အပ်တစ်ခုသာသာသေးငယ်သော အပေါက်တစ်ခုမှ ရေစက်တွေကျနေ၏။
တစ်ခါတစ်ရံဆို မသိသာသော်လည်း ကြိမ်ဖန်များစွာဖြစ်လာလေတော့ ထိုရေမျက်နှာကျက်အောက်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးပိတ်ထားခဲ့တဲ့ကောင်လေးမှာ မျက်မှောင်တွေ တွန့်လာတော့သည်။
ထိုကောင်လေးက အသက်နှစ်ဆယ်ဝန်းကျင်သာရှိလောက်သည်။ ပိန်ပိန်သွယ်သွယ်ကိုယ်လေးကို ခပ်ကြီးကြီးအ၀တ်အစားတွေ ၀တ်ထားတဲ့ ထိုကောင်လေးက ကျော့ရှင်းကာ မြင့်မြတ်တဲ့ရောင်ဝါတို့ကို ထုတ်လွှတ်လျက်ရှိသည်။
စိမ်းဖန့်ဖန့်ရောင်လွှာတစ်ခုကလည်း ထိုကောင်လေးကို ၀န်းရံထားသေး၏။
ရှည်လျားကာ စင်းကျနေတဲ့ဆံပင်တွေက အေးခဲနေသယောင်ထင်ရတဲ့ရေမျက်နှာကြမ်းပြင်မှာ ပုံကျလို့၊ တစ်ချက်တစ်ချက်တွင်တော့ စိမ်းဖျော့ဖျော့အရောင်သန်းသွားလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ အနက်ရောင်သာဖြစ်သည်။
မျက်လုံးပိတ်ထားသည့်တိုင် တည်တင်းနေတဲ့မျက်နှာက ထိုကောင်လေး၏ ချောမောမှုကို မျက်ကွယ်ပြုလို့မရနိုင်ချေ။
ထူထဲရှည်လျားသည့်မျက်တောင်တို့က တစ်ဖျက်ဖျက်ခတ်လာပြီးမကြာ မျက်လုံးတို့ဖွင့်လိုက်တာနဲ့ အပြာရောင်အလင်းတစ်ချက် လက်သွား၏။
စိမ်းဖျော့ဖျော့မျက်ဝန်းတွေမှာ ကြယ်ရောင်တောက်နေသလို တစ်လက်လက်၊ ပုံစံကျတဲ့မျက်ခုံးတို့က စုကျုံ့သွားတဲ့အခါ မျက်နှာကျက်မှ ကျလျက်ရှိတဲ့ရေစက်ပင် လေထဲတွင် တန့်သွားရသည်။
" ဘယ်လိုဖြစ်လို့ ပေါက်နေတာလဲ"
ကျူးယင် တွေးတောရင်း ထိုင်ရာက အမြန်ထမည်ပြုသည်၊ အတွေးတစ်ချက်နဲ့တင် ထိုင်လျက်နေရာက လေထဲတန်းလန်းဖြစ်နေသည့်ရေစက်နားသို့ရောက်သည်၊ မြေနဲ့လွတ်နေသည့် ကိုယ်အောက်ပိုင်းမှ ဖြူနုနေသည့်ခြေဖမိုးတစ်စုံက အေးခနဲဖြစ်သွားရသည်။
ရေစက်ကိုကြည့်နေရင်းမှ ခြေထောက်ကိုပြန်ငုံ့ကြည့်မိရင်း ပျောက်သွားတဲ့ခြေအိတ်ကို သတိရလိုက်သည်။
" ကျူးညောင် ယူသွားပြန်ပြီထင်တယ်"
သူ့ချွေးတစ်စက်ကဖြစ်တည်လာခဲ့တဲ့ ကျူးညောင်ဆိုတဲ့ ဧရာမကြောင်ကြီးဟာ သူ့ကိုအလွန်တွယ်တာလွန်းပြီး သူ့ပစ္စည်းတွေကို ကိုက်ချီယူဆောင်ကာ ကိုယ်ပိုင်နေရာတွင် သိမ်းထားရသည်ကို နှစ်သက်လေသည်။
ကျူးယင် ခေါင်းတစ်ချက်ရမ်းရင်း ရေစက်နားတွင် လက်ဖြန့်လိုက်တော့ လေထဲရပ်တန့်နေရာကနေ သူ့လက်ထဲသို့ ပေါက်ခနဲကျလာသည်။
အားနေတဲ့လက်တစ်ဖက်ကို ပုံသဏ္ဍာန်တစ်ခုပြုလုပ်လိုက်တာနဲ့ စိမ်းဖျော့ဖျော့အလင်းတစ်စက်ပေါ်လာကာ ထိုရေစက်ထဲသို့ ၀င်သွားသည်။
ရေစက်ခံထားရာလက်ကို လှုပ်လိုက်တော့ ထိုအလင်းစက်ပါဝင်ရာရေစက်က လေထဲမြောက်တက်သွားကာ တဖြေးဖြေး ကျူးညောင်အရွယ်အထိ ကြီးလာသည်။
ကျူးယင် ရေကြမ်းပြင်ပေါ် ဆင်းသက်ပြီး ကျောက်စိမ်းခုံတစ်ခုတွင် ၀င်ထိုင်လိုက်သည်။
ကြီးမားသောရေစက်ကြီးတွင် လှုပ်ရှားနေသောပုံသဏ္ဍာန်အချို့ပေါ်လာလေသည်။
အပြာနုရောင်ဝတ်စုံတွင် ငွေရောင်အပွင့်အခက်ခပ်ရေးရေးကို သဏ္ဍာန်အမျိုးမျိုးယှက်ချုပ်ထားသည့် အပေါ်ဝတ်ကို ခြုံထားသော်တစ်စုံတစ်ယောက်သည် လက်နှစ်ဖက်ကို ပုံသဏ္ဍာန်တစ်ခုဟန် လှုပ်ရှားလိုက်ပြီး မျက်နှာကျက်ကို အပေါက်တစ်ခုဖောက်လေသည်။
နောက် အပ်တစ်ခုစာအပေါက်တစ်ခုဖြစ်သွားတာနဲ့ သေးငယ်လွန်းလှတဲ့ အလင်းစက်တစ်ခုဟာ ထိုအပေါက်ထဲသို့ ၀င်ရောက်သွားခဲ့သည်။ အလင်းစက်အပြင်ရောက်သွားပြီးတာနဲ့ ထိုအမျိုးသားဟာ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး ပျောက်ကွယ်သွားခဲ့လေသည်။ ထိုသူပျောက်သွားတာနဲ့ အပေါက်ငယ်က ချက်ချင်းပြန်ပိတ်သွားပေမယ့် နဂိုဖန်တီးထားသူအရှင်သခင်၏ စွမ်းအင်နဲ့ကွာခြားမှုကြောင့် သိပ်မကြာခင်မှာပင် ပြန်ပွင့်လာခဲ့လေသည်။
ပုံရိပ်ပျောက်ကွယ်သွားတာနဲ့ ကျူးယင် ချက်ချင်းထရပ်လိုက်သည်။
" အကိုစစ်က သီရဲ့ခန္ဓာကို ဘာလို့ ယူသွားတာလဲ"
သူမသိအောင်ယူတဲ့အပြင် လက်စပါဖျောက်ထားသေးတယ်။ စွမ်းအားမတူတာမို့ ဖျက်ဆီးခံထားရတဲ့အပေါက်ငယ်က ပြန်ပွင့်လာလို့သာ သူသတိထားမိရတာ မဟုတ်ရင်တော့ ဘယ်လောက်ကြာအောင် သူ့ကိုဖုံးကွယ်ထားကြမလဲ။
နေရာကနေေ၀၀ါးပျောက်ကွယ်ကာ ကျောက်စိမ်းရေခဲအခေါင်းတစ်ခုဘေးတွင် ပြန်ပေါ်လာတဲ့ကျူးယင်ဟာ အခေါင်းကိုဖွင့်ဖွင့်ချင်းပဲ ဒေါသတကြီိး အော်ဟစ်တော့သည်။
" အကိုစစ်!"
အသံက သိပ်မကျယ်ပေမယ့် ပြင်းထန်တဲ့စွမ်းအင်ကြောင့် ကျူးယင်ရှိနေတဲ့ ရေနန်းဆောင်ဟာ လှုပ်ခတ်လာခဲ့သည်။ မျက်နှာကျက်က ရေတွေကလည်း လှုပ်ယမ်းလာပြီး အောက်ကို ကျတော့မလိုဖြစ်လာသည်။ တိုင်လုံးတွေကနေ ရေတွေပြောင်းကာ ရေကြမ်းပြင်ကို တံခွန်သဖွယ်ဆင်းလာသလို အခြားသော အိမ်သုံးပစ္စည်းတွေကလည်း ခဲရာကနေ ရေပြန်ပြောင်းကာ ကြမ်းပြင်သို့ ကျဆင်းကုန်လေသည်။
သိပ်မကြာခင်မှာပဲ နန်းဆောင်တစ်ခုလုံး ရေအဖြစ်ပြောင်းသွားကာ ထိုနေရာတစ်ဝိုက်ကို ပြည့်လျှံသွားစေခဲ့သည်။
အရပ်မျက်နှာပေါင်းစုံက အစေခံနတ်တို့ ၀ိုင်းစုလာကာ အခြေအနေကို ထိန်းသိမ်းဖို့လုပ်လေသော်လည်း ရေပြင်းအားကို မထိန်းနိုင်လေဘဲ သူတို့ပါ လှိုင်းငယ်တွေကြား မျောပါရသွားရသည်။
အရိပ်နှစ်ခုက အပြာရောင်အလင်းတန်းနှစ်ခုနဲ့အတူရောက်လာကာ အစေခံနတ်ငယ်တို့ကို ကယ်ဆယ်လေသည်။ ထိုသူတို့က လက်နှစ်ဖက်ကို ပုံသဏ္ဍာန်အချို့ပြုလုပ်ပြီး ရေလှိုင်းတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အစေခံတို့ကို အပြာရောင်အလင်းကြိုးတွေနှင့် ဆွဲယူကာ ပင်လယ်အသေးစားသဖွယ်ဖြစ်နေသော ယခုနေရာမှ ဖယ်ထုတ်လိုက်သည်။
ထိုနှစ်ယောက်က ရေတွေပေါ် လက်သီးတင်းတင်းဆုပ်ကာ ဒေါသထွက်နေတဲ့မျက်နှာနဲ့ ခပ်မတ်မတ်ရပ်နေတဲ့ ကျူးယင်ကိုမြင်လိုက်တော့ သက်ပြင်းမသိမသာ ချလိုက်ကြသည်။
ထိုနှစ်ယောက်က အပြာနုရောင်ဝတ်စုံတွေကို တူညီစွာဝတ်ထားကြပေမယ့် အပေါ်က လွှမ်းခြုံထားတဲ့ဝတ်ရုံတွေကတော့ အနည်းငယ်ကွဲပြားကြပေသည်။ အနည်းငယ် ငယ်သယောင်ထင်ရပြီး ခပ်ရွှင်ရွှင်အမူအယာရှိတဲ့တစ်ယောက်က ငွေရောင်ခပ်ရေးရေးပါတဲ့အပေါ်ဝတ်ကို ၀တ်ထားသည်။ ရေပေါ်ရပ်နေရင်းနှင့်ပင် ယပ်တောင်ကို တစ်ဖျက်ဖျက်ခတ်နေသေးသည့်သူရဲ့ အပေါ်ဝတ်ကတော့ ငွေရောင်အတွန့်အနည်းငယ်သာပါပြီး ရိုးရှင်းလွန်းလေသည်။
ခပ်ရွှင်ရွှင်အမူအယာနှင့်တစ်ယောက်က ကျူးယင်အနားအပြေးသွားကာ ကျူးယင်ကို တစ်ပတ်ပတ်ကြည့်ပြီး ထိခိုက်မှုရှိမရှိစစ်ဆေးပြီးမှ
" ရှောင်ယင် ဘာတွေစိတ်တိုစရာ၇ှိလဲ ဒီအကိုက ငါ့ညီငယ်လေးကို အနိုင်ကျင့်တဲ့သူမှန်သမျှ အကုန်ချေမှုန်းပေးမယ်"
ကိုယ့်ရင်ဘတ်ကိုယ်ပုတ်ကာ အားနဲ့မာန်နဲ့ပြောလိုက်ပေမယ့် ကျူးယင်က ခပ်စူးစူးအကြည့်ကိုသာ ပြန်ရတော့ ကျူးစစ် ပါးစပ်ချက်ချင်းပိတ်သွားသည်။
ကျူးလျန်လည်း အနားရောက်လာပြီး
" ရှောင်ယင် ဘာဖြစ်တာလဲ ၊ နတ်ငယ်တွေ ရေမျောကုန်လို့ အကိုတို့ကယ်လိုက်ရတယ်၊ ဘာလို့စိတ်တိုသွားရတာလဲ"
ကျူးလျန်သည်လည်း သိချင်မိပေသည်၊ ရှောင်ယင်ဆိုတဲ့ သူတို့ညီငယ်လေးက အင်မတန်အေးဆေးပြီး စိတ်ထားကောင်းတဲ့နတ်ဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင်တောင် သူတို့မှာနတ်ဆိုးကြီးတွေလုပ်ပြီး လိုက်ထိန်းနေရသည်မဟုတ်လား။
ကျူးယင်ကတော့ ကျူးစစ်ကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး ကျူးစစ်အနားက ခွာကာ ကျူးလျန်ဘေး သွားရပ်လိုက်သည်။ ဒါကိုမြင်တော့ ကျူးစစ်မကျေမနပ်ဖြစ်သွားသည်။
" ရှောင်ယင် ဒါက ဘာသဘောလဲ ။ မင်းအကိုကို မချစ်တော့ဘူးလား၊ အကို့မှာ ငါ့ညီငယ်ပဲရှိတာလေ ငါ့ညီငယ်လေးက အကို့ကိုသာပစ်သွားရင် သုံးလောကလုံး ရေကြီးသွားတဲ့အထိ အကိုထိုင်ငိုလိုက်နေလိုက်မှာ"
ကျူးယင်ကတော့ ဘာမှမပြောပေမယ့် ကျူးလျန်ရဲ့ယပ်တောင်ကတော့ ကျူးစစ်ခေါင်းပေါ်ရောက်လာသည်။
" ပေါက်ကရမပြောနဲ့ "
ကျူးလျန်မှာ ကျူးစစ်ကိုဟောက်ပြီး ကျူးယင်ဘက်လှည့်ကြည့်လိုက်သည်။
ကျူးစစ်ကတော့ ကျူးလျန်ကို အသံမထွက်အောင်သာ ပြောဆိုနေတော့သည်၊ ကျူးလျန်ကူညီမှသာ ညီငယ်လေး စိတ်ဆိုးနေတဲ့အကြောင်းကို သူသိနိုင်မှာမဟုတ်လား။
ကျူးလျန်က
" ရှောင်ယင် အကို့ကို ပြောပြလေ၊ ရှောင်စစ်ကိုဘာလို့ စိတ်ဆိုးနေတာလဲ"
ကျူးယင် ပါးစပ်က ဘာမှပြန်မပြောဘဲ လက်ဖ၀ါးသာဖြန့်လိုက်တော့ သူတို့နှစ်ယောက်မှာ ဆက်ဖြစ်လာမှာကိုငြိမ်ပြီးကြည့်နေလိုက်ကြသည်။
ရေတစ်စက်က ဘယ်ကမှန်းမသိပျံသန်းလာပြီး ကျူးယင်လက်ဖ၀ါးပေါ်ရောက်လာသည်။ အစိမ်းရောင်အလင်းတစ်စက်က ထိုရေစက်ထဲဝင်သွားလျှင် ပုံရိပ်ကကြီးမားလာကာ ကျူးစစ်ပုံပေါ်လာ၏။
လေထဲရပ်နေသည့်ရေစက်ကြီးမှ အခြေအနေကိုကြည့်ပြီး ကျူးလျန်က ကျူးစစ်ကို လှည့်ကြည့်လာသလို ကျူးစစ်ကတော့ သက်ပြင်းတချချလုပ်နေသည်။
ပုံရိပ်တွေပြီးသွားတာနဲ့ ကျူးယင့်လက်ကို ကျူးစစ်လာဆွဲသည်။
" ရှောင်ယင် အကိုက အပြစ်ကင်းပါတယ်၊ အကိုက အဖေခိုင်းတဲ့အတိုင်းလုပ်တာ၊ ဒီကိစ္စမှာ အကိုကြီးလည်းပါတယ်၊ အကိုကြီးက တောင်စိမ်းတောင်ကနေ ပြန်မလာချင်ဘူးလေ ဒါကြောင့် မင်းရဲ့အပြစ်ကင်းတဲ့ဒီအကိုက လုပ်ခဲ့ရတာ "
" အဖေက ...."
ကျူးယန်ကို အထွန့်တက်မည့်စကားမျိုးပြောမည်ပြုပြီးမှ စိတ်ထဲတမျိုးဖြစ်လာတာနဲ့ မပြောဖြစ်တော့။
" အကိုစစ် သေချာရှင်းပြပါ"
" ကောင်းပြီ ကောင်းပြီ ရှင်းပြမယ်၊ လာ လာ အကို့နန်းဆောင်ကိုသွားစို့"
ကျူးလျန်ကတော့ ပွဲကြည့်ပရိတ်သတ်လုပ်ကာ ကျူးယင်ကိုအတင်းဆွဲခေါ်သွားတဲ့ ကျူးစစ်နောက် လိုက်သွားသည်။
ကျူးယင်ရဲ့အဆောင်နဲ့မတူတာက ကျူးစစ်အဆောင်မှာ အသုံးအဆောင်ပစ္စည်းတွေ အတော်များများရှိနေခြင်းပင်။
အဆောင်တွင်းရောက်တော့ သန္တာကျောက်သဏ္ဍာန် ရေခဲခုံတွေပေါ် ထိုင်ခိုင်းပြီးတာနဲ့ ကျူးစစ်က ကျူးလျန်ကိုလှည့်ကြည့်သည်။
" တံခါးက ၀င်ရင် နတ်ငယ်လေးတွေ လန့်မှာစိုးလို့ နန်းဆောင်ထဲတန်းဝင်လာတာ ၊ အကိုလျန် မင်း ငါမသိအောင် ခိုးမ၀င်ရဘူးနော်"
ကျူးလျန်ကတော့ ယပ်တောင်နဲ့တစ်ချက်ခေါက်လိုက်ရင်းသာ နားလည်ကြောင်းပြသည်။
ကျူးယင်မှာ စိတ်မ၇ှည်တော့တာကိုမြင်တော့ ကျူးစစ်ခမျာ ကျူးယင်ဘက်သာအမြန်ပြန်လှည့်လိုက်ရင်း ကျူးလျန်ကိုနောက်မှ ပြဿနာရှာဖို့ တွေးလိုက်သည်။
" ဒီလို ညီငယ်လေးရဲ့... မီးနတ်ဘုရားရဲ့ ကိုယ်က ယန်စွမ်းအားကြောင့်မပျက်ဆီးပေမယ့် စိတ်ဝိဥာဉ်ကတော့ လုံးဝ ပျက်ဆီးသွားပြီလေ၊ အမြုတေပြန်ဖွဲ့စည်းဖို့တောင် နှစ်သန်းနဲ့ချီကြာမှာကို ရှောင်ယင်လေးသိတယ်မဟုတ်လား"
" အင်း"
အကိုကို ခပ်အေးအေးဆက်ဆံနေတဲ့ ကျူးယင်ကို ကျူးစစ်ခမျာ စိတ်ထဲမှာသာ မာန်မဲနိုင်သည်။
" ရှောင်ယင်လေး ညီငယ်လေးက မီးနတ်ဘုရားရဲ့ကိုယ်ကို ယင်စွမ်းအားတွေ လတိုင်း ပို့ပေးနေတော့ အဖေက အဆင့်တက်ဖို့ခက်မှာ စိုးနေတယ်။ ညီငယ်လေးအတွက် နတ်ဘုရားအဆင့်ကို အမြန်ရောက်ဖို့လိုတယ်လေ၊ ညီငယ်လေး နတ်ဘုရားအဆင့်ကိုမရောက်မချင်း အကိုတို့ စိတ်အေးမှာမဟုတ်ဘူး။ ပုံမန်လေ့ကျင့်ရင်းမရောက်သေးတာထက် အခုလိုမျိုး သူများအတွက်ပေးဆပ်နေတာကို အကိုတို့ မကြည့်ရက်ဘူး။ အဖေလည်း စိတ်မကောင်းဘူး၊ ဒါကြောင့် ကောင်းကင်ကြာပန်းထဲမှာ နတ်စွမ်းအားဖြည့်တည့်ဖို့အတွက် လောကတစ်ခုသီးသန့်ဖန်ဆင်းလိုက်တယ်၊ အဖေ့စွမ်းအားတစ်ဝက်ကျော်ကျော်သုံးပြီး ဖန်ဆင်းထားတာမို့လို့ အဲ့ဒိလောကထဲမှသာဆိုရင် သီနတ်ဘုရားအနေနဲ့ အချိန်အနည်းငယ်အတွင်း စိတ်ဝိဥာဉ်ပြန်ကောင်းမယ့်အပြင် နတ်ဘုရားအမြုတေပြန်ဖွဲ့တည်လာနိုင်လိမ့်မယ်။ "
အဖေက သူ့အတွက် ပေးဆပ်ထားတာကိုသိရတော့ ကျူးယင်ရင်ထဲ နာကျင်သွားရသည်။ သူက အပြစ်တောင်မြင်မိလိုက်သေးတာ.....
" အဖေရော ကျွန်တော်အဖေ့ဆီသွားပြီး ကုသပေးလိုက်မယ်"
ချက်ချင်းထသွားတော့မယ့်ကျူးယင်ကို ကျူးလျန်က ယပ်တောင်နဲ့တားသည်။
" အဖေနဲ့အမေက ခ၇ီးထွက်သွားတယ်"
ကျူးယင် ပြန်ထိုင်လိုက်ရသည်။
" ဘယ်ကိုလဲ ကျွန်တော့်ကို ဘာလို့မပြောတာလဲ"
" ရှောင်ယင်သိရင် မလွှတ်မှာစိုးလို့နေမှာပေါ့ အမေကေ၇ှာင်ယင့်ကိုစတ်မချဘူးဆိုပြီး အကိုတို့ကို တဖွဖွမှာသွားတာ အကိုကြီးလည်း သိပ်မကြာခင်ပြန်ရောက်လာလိမ့်မယ်၊ အဖေနဲ့အမေမရှိတဲ့အချိန် အကိုကြီးက အကိုတို့ကို စောင့်ရှောက်လိမ့်မယ်"
သူတို့တွေက ကျူးယင်ကလွဲရင် အကုန်နတ်ဘုရားတွေဆိုပေမယ့် ကျူးယန်တို့အမြင်မှာတော့ ကလေးငယ်တွေသာဖြစ်၏။ ထို့ကြောင့် သူတို့မရှိခင် ကလေးငယ်တွေ ဘေးကင်းဖို့ရာ အကိုကြီးဆုံးဖြစ်တဲ့ကျူးလင်မှာ တာဝန်ရှိသွားသည်။
ကျူးလျန်ရဲ့စကားကို ကျူးစစ်ကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံသည်။
" ဟုတ်တယ် အဖေက စွမ်းအားတိုးဖို့ ကျင့်ကြံရေးခ၇ီးထွက်မှာ၊ အမေကတော့ .... အဖေ့မိန်းမဆိုတော့ အတူလိုက်တာပေါ့"
" အခုကိစ္စက သီအတွက်ကောင်းတာဆိုရင် ကျွန်တော် အကိုစစ်ကို တောင်းပန်ပါတယ်၊ ကျွန်တော် အထင်လွဲမိသွားတယ်"
" စိတ်မဆိုးတော့ရင်ပြီးတာပါပဲ ရှောင်ယင်ရယ်၊ မင်းသာစိတ်ဆိုးရင် ငါ့မှာ နေစရာကိုမ၇ှိတော့ဘူး အမေလည်းသိရင်ဆူမှာ ၊ ပြန်လာရင် နွယ်ကြိမ်လုံးယူလာမယ်ပြောတယ်၊ အငယ်ဆုံးလေးကို သေချာဂရုစိုက်တဲ့ ဟုတ်တယ်မလားအကိုလျန်"
ကျူးစစ်က ကျူးလျန်ကို တံတောင်နဲ့တွတ်ကာ အဖော်ညှိသည်။
" ဟုတ်တယ် အကို့ကို ကျူးစစ်ကို ဂရုစိုက်ဖို့မှာသွားတယ်၊ စကားနားမထောင်ရင် ခြေကျင်းဝတ်ကို နွယ်ကြိုးနဲ့ချည်ထားတဲ့"
ကျူးလျန်က ကျူးစစ်ကိုမျက်ခုံးပင့်ကြည့်ကာ ပြောခြင်းဖြစ်သည်။
ကျူးစစ် မျက်နှာမဲ့သွား၏။
"အကိုစစ် သီက အချိန်ဘယ်လောက်ကြာမှ ပြန်နိုးလာမှာလဲ"
ကျူးယင်မေးလာတာနဲ့ကျူးစစ်က ကျူးလျန်ကိုကြည့်သည်။
" ကောင်းကင်ကြာပန်းထဲက လောကငယ်မှာ နှစ်တစ်ရာကြာမှ ဒီမှာတစ်ရက်ပဲကြာမယ်၊ ဒီတော့ အချိန်သိပ်မယူရလောက်ဘူး၊ အဖေကတော့ ဘာမှမပြောသွားဘူး ကောင်းကင်ကြာပန်းနားကိုေ၇ှာင်ယင့်ကို မကပ်စေနဲ့လို့ပဲမှာသွားတယ်၊ ပြီးတော့ အကာအကွယ်တွေလည်း လုပ်သွားတယ်"
" အဖေပြောတာဆိုရင် အဲ့အတိုင်းလုပ်ရမှာပေါ့"
ကျူးယင် စိတ်ချသွားသည်။ ကျူးယန်က သူကောင်းဖို့အတွက်သာလုပ်တတ်သူမို့ သီအတွက် အနည်းငယ်တော့ စိုး၇ိမ်မိပေမယ့် အခုလိုသေချာပြောလာတာဆိုရင်တော့ ယုံကြည်ထားနိုင်ပေသည်။
ဒီနည်းနဲ့လည်း သီကိုတွေ့ဖို့အချိန်က ရှေ့ရောက်သွားနိုင်သည်ပဲ။
သီအတွက် လစဉ်ပို့လွှတ်ပေးနေကြဖြစ်တဲ့ နတ်စွမ်းအားတွေက အခုမလိုအပ်တော့ဘူးဆိုတော့ သူအဆင့်တက်ဖို့ လုပ်ဆောင်နိုင်တော့မည်ပေ။
ကျူးလျန်က တစ်စုံတစ်ခုကို သတိရသွားသလိုနဲ့
" နေပါဦး ရှောင်စစ် ကောင်းကင်ကြာပန်းကို ဘယ်လိုရလဲ၊ စစ်ဝူရှဲ့ပေးထားတဲ့တစ်ခုက ဖုန်းမင်အတွက် သုံးလိုက်ပြီမဟုတ်ဘူးလား"
ကျူးယင်လည်း ကျူးစစ်ကိုကြည့်လိုက်တော့ ကျူးစစ်မှာ မျက်နှာပျက်သွားသည်။
" ရှောင်ယင့်အတွက် လက်ကောက်ငယ်လေးတစ်ခုလုပ်ဖို့ အားမေ့ကို လိုအပ်တာတွေရှာခိုင်းထားတာ အခုရလောက်ပြီ၊ သွားလိုက်ဦးမယ်"
နန်းဆောင်အပြင်ဘက်မှာရှိတဲ့ အားမေ့ဆိုတဲ့အစေခံနတ်ငယ်လေးကတော့ ခလုတ်တိုက်သွား၇ှာသည်။
ရှောင်ထွက်ဖို့ပြင်နေတဲ့ကျူးစစ်ကို ကျူးလျန်က ယပ်တောင်းနဲ့ လှမ်းတားသည်။ ကျူးစစ်က အခြားတစ်ဖက်ကနေ ကွေ့သွားမယ်လုပ်တော့ ယပ်တောင်က လမ်းပိတ်လိုက်ပြန်သည်။
ကျူးလျန် ရယ်ရင်းနဲ့
" ငါကြားတာတော့ ကောင်းကင်နန်းတော်မှာ လွန်ခဲ့တဲ့ရက်က ကောင်းကင်ကြာပန်းအခိုးခံရတယ်ဆိုပဲ.... လတ်စသတ်တော့....."
ကျူးလျန်ဆက်မပြောပေမယ့် ကောင်းကင်ကြာပန်းကို ခိုးယူတဲ့သူက ကျူးစစ်ဖြစ်ကြောင်း သိလိုက်ရပေပြီ။
ညီငယ်ဖြစ်သူေ၇ှ့မှာ သိက္ခာကြီးတဲ့အကိုကြီးအဖြစ်က ပြုတ်ကျသွားရလို့ ကျူးစစ်မှာ ကျူးလျန်ကို အံကြိတ်ကာကြည့်လိုက်သည်။
နောက် ကျူးယင်အနားအပြေးပြန်သွားပြီး ပြာပြာသလဲနဲ့
" မဟုတ်ဘူး မင်းအကိုက အင်မတန်ရိုးသားဖြောင့်မတ်သူဆိုတာသိတယ်မဟုတ်လား အခုက အဖေခိုင်းလို့လုပ်ရတာ၊ တန်ရာတန်ကြေးအတွက် ရေကြာပန်းကို ပြန်ထားခဲ့လိုက်တယ်၊ ကောင်းကင်အိမ်ေ၇ှ့စံက နောက်တစ်ဆင့်တက်ဖို့အတွက် သေမျိုးလောကမှာ အစစ်ဆေးခံရမှာ အဲ့ဒိအတွက် သူတို့တွေ ရေကြာပန်းလိုနေကြတာ ၊ မင်းအကိုက သူတို့လိုအပ်တာကိုရက်ရက်လျောလျောပေးခဲ့တဲ့ အင်မတန်စိတ်ထားကောင်းတဲ့သူပါ"
ကျူးယင်မျက်နှာပြုံးသွားတော့မှ ကျူးစစ်သက်ပြင်းချနိုင်တော့သည်။ အကိုတစ်ယောက်အနေနဲ့ ညီဖြစ်သူရှေ့မှာ ပုံရိပ်ကောင်းမှဖြစ်မည်။
" ၀ူရှဲ့နဲ့တွေ့ဖို့ နောက်နေ့ကျရင်တော့ ကောင်းကင်နန်းတော်သွားရမယ်"
ကျူးလျန်ရောကျူးစစ်ပါ သဘောတူကြောင်း ခေါင်ြးိငိမ့်ပြကြသည်၊ အမှန်ပြောရရင် ရေနန်းတော်အနေနဲ့ကောင်းကင်နန်းတော်အပေါ်မှာ အကြွေးတင်နေသလို ခံစားနေရတာမဟုတ်လား၊ ဒါကြောင့်လည်း အခုနှစ်တွေမှာ ကောင်းကင်နန်းတော်က အကူအညီတောင်းလာသမျှ သူတို့လိုက်လျောခဲ့ကြသည်ပေ။
" ေတာက္ "
ေရတစ္စက္ က်သြားတိုင္း ၿငိမ္သက္ေနတဲ့ ေရျပင္က ပြက္ခနဲျမည္ကာ လႈပ္သည္။
ခဲေနသေယာင္ထင္ရတဲ့ ေရေတြက မ်က္ႏွာက်က္တစ္ခုသဖြယ္ျဖစ္တည္ေနၿပီး အစြန္းတစ္ဖက္နားရွိ ပင္အပ္တစ္ခုသာသာေသးငယ္ေသာ အေပါက္တစ္ခုမွ ေရစက္ေတြက်ေန၏။
တစ္ခါတစ္ရံဆို မသိသာေသာ္လည္း ႀကိမ္ဖန္မ်ားစြာျဖစ္လာေလေတာ့ ထိုေရမ်က္ႏွာက်က္ေအာက္တြင္ တင္ပလႅင္ေခြထိုင္ကာ မ်က္လုံးပိတ္ထားခဲ့တဲ့ေကာင္ေလးမွာ မ်က္ေမွာင္ေတြ တြန႔္လာေတာ့သည္။
ထိုေကာင္ေလးက အသက္ႏွစ္ဆယ္ဝန္းက်င္သာရွိေလာက္သည္။ ပိန္ပိန္သြယ္သြယ္ကိုယ္ေလးကို ခပ္ႀကီးႀကီးအ၀တ္အစားေတြ ၀တ္ထားတဲ့ ထိုေကာင္ေလးက ေက်ာ့ရွင္းကာ ျမင့္ျမတ္တဲ့ေရာင္ဝါတို႔ကို ထုတ္လႊတ္လ်က္ရွိသည္။
စိမ္းဖန႔္ဖန႔္ေရာင္လႊာတစ္ခုကလည္း ထိုေကာင္ေလးကို ၀န္းရံထားေသး၏။
ရွည္လ်ားကာ စင္းက်ေနတဲ့ဆံပင္ေတြက ေအးခဲေနသေယာင္ထင္ရတဲ့ေရမ်က္ႏွာၾကမ္းျပင္မွာ ပုံက်လိဳ႕၊ တစ္ခ်က္တစ္ခ်က္တြင္ေတာ့ စိမ္းေဖ်ာ့ေဖ်ာ့အေရာင္သန္းသြားေလ့ရွိၿပီး ပုံမွန္အားျဖင့္ေတာ့ အနက္ေရာင္သာျဖစ္သည္။
မ်က္လုံးပိတ္ထားသည့္တိုင္ တည္တင္းေနတဲ့မ်က္ႏွာက ထိုေကာင္ေလး၏ ေခ်ာေမာမႈကို မ်က္ကြယ္ျပဳလို႔မရနိုင္ေခ်။
ထူထဲရွည္လ်ားသည့္မ်က္ေတာင္တို႔က တစ္ဖ်က္ဖ်က္ခတ္လာၿပီးမၾကာ မ်က္လုံးတို႔ဖြင့္လိုက္တာနဲ႕ အျပာေရာင္အလင္းတစ္ခ်က္ လက္သြား၏။
စိမ္းေဖ်ာ့ေဖ်ာ့မ်က္ဝန္းေတြမွာ ၾကယ္ေရာင္ေတာက္ေနသလို တစ္လက္လက္၊ ပုံစံက်တဲ့မ်က္ခုံးတို႔က စုက်ဳံ႕သြားတဲ့အခါ မ်က္ႏွာက်က္မွ က်လ်က္ရွိတဲ့ေရစက္ပင္ ေလထဲတြင္ တန႔္သြားရသည္။
" ဘယ္လိုျဖစ္လို႔ ေပါက္ေနတာလဲ"
က်ဴးယင္ ေတြးေတာရင္း ထိုင္ရာက အျမန္ထမည္ျပဳသည္၊ အေတြးတစ္ခ်က္နဲ႕တင္ ထိုင္လ်က္ေနရာက ေလထဲတန္းလန္းျဖစ္ေနသည့္ေရစက္နားသို႔ေရာက္သည္၊ ေျမနဲ႕လြတ္ေနသည့္ ကိုယ္ေအာက္ပိုင္းမွ ျဖဴႏုေနသည့္ေျခဖမိုးတစ္စုံက ေအးခနဲျဖစ္သြားရသည္။
ေရစက္ကိုၾကည့္ေနရင္းမွ ေျခေထာက္ကိုျပန္ငုံ႕ၾကည့္မိရင္း ေပ်ာက္သြားတဲ့ေျခအိတ္ကို သတိရလိုက္သည္။
" က်ဴးေညာင္ ယူသြားျပန္ၿပီထင္တယ္"
သူ႕ေခြၽးတစ္စက္ကျဖစ္တည္လာခဲ့တဲ့ က်ဴးေညာင္ဆိုတဲ့ ဧရာမေၾကာင္ႀကီးဟာ သူ႕ကိုအလြန္တြယ္တာလြန္းၿပီး သူ႕ပစၥည္းေတြကို ကိုက္ခ်ီယူေဆာင္ကာ ကိုယ္ပိုင္ေနရာတြင္ သိမ္းထားရသည္ကို ႏွစ္သက္ေလသည္။
က်ဴးယင္ ေခါင္းတစ္ခ်က္ရမ္းရင္း ေရစက္နားတြင္ လက္ျဖန႔္လိုက္ေတာ့ ေလထဲရပ္တန႔္ေနရာကေန သူ႕လက္ထဲသို႔ ေပါက္ခနဲက်လာသည္။
အားေနတဲ့လက္တစ္ဖက္ကို ပုံသ႑ာန္တစ္ခုျပဳလုပ္လိုက္တာနဲ႕ စိမ္းေဖ်ာ့ေဖ်ာ့အလင္းတစ္စက္ေပၚလာကာ ထိုေရစက္ထဲသို႔ ၀င္သြားသည္။
ေရစက္ခံထားရာလက္ကို လႈပ္လိုက္ေတာ့ ထိုအလင္းစက္ပါဝင္ရာေရစက္က ေလထဲေျမာက္တက္သြားကာ တေျဖးေျဖး က်ဴးေညာင္အ႐ြယ္အထိ ႀကီးလာသည္။
က်ဴးယင္ ေရၾကမ္းျပင္ေပၚ ဆင္းသက္ၿပီး ေက်ာက္စိမ္းခုံတစ္ခုတြင္ ၀င္ထိုင္လိုက္သည္။
ႀကီးမားေသာေရစက္ႀကီးတြင္ လႈပ္ရွားေနေသာပုံသ႑ာန္အခ်ိဳ႕ေပၚလာေလသည္။
အျပာႏုေရာင္ဝတ္စုံတြင္ ေငြေရာင္အပြင့္အခက္ခပ္ေရးေရးကို သ႑ာန္အမ်ိဳးမ်ိဳးယွက္ခ်ဳပ္ထားသည့္ အေပၚဝတ္ကို ၿခဳံထားေသာ္တစ္စုံတစ္ေယာက္သည္ လက္ႏွစ္ဖက္ကို ပုံသ႑ာန္တစ္ခုဟန္ လႈပ္ရွားလိုက္ၿပီး မ်က္ႏွာက်က္ကို အေပါက္တစ္ခုေဖာက္ေလသည္။
ေနာက္ အပ္တစ္ခုစာအေပါက္တစ္ခုျဖစ္သြားတာနဲ႕ ေသးငယ္လြန္းလွတဲ့ အလင္းစက္တစ္ခုဟာ ထိုအေပါက္ထဲသို႔ ၀င္ေရာက္သြားခဲ့သည္။ အလင္းစက္အျပင္ေရာက္သြားၿပီးတာနဲ႕ ထိုအမ်ိဳးသားဟာ ေဘးပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္ၿပီး ေပ်ာက္ကြယ္သြားခဲ့ေလသည္။ ထိုသူေပ်ာက္သြားတာနဲ႕ အေပါက္ငယ္က ခ်က္ခ်င္းျပန္ပိတ္သြားေပမယ့္ နဂိုဖန္တီးထားသူအရွင္သခင္၏ စြမ္းအင္နဲ႕ကြာျခားမႈေၾကာင့္ သိပ္မၾကာခင္မွာပင္ ျပန္ပြင့္လာခဲ့ေလသည္။
ပုံရိပ္ေပ်ာက္ကြယ္သြားတာနဲ႕ က်ဴးယင္ ခ်က္ခ်င္းထရပ္လိုက္သည္။
" အကိုစစ္က သီရဲ႕ခႏၶာကို ဘာလို႔ ယူသြားတာလဲ"
သူမသိေအာင္ယူတဲ့အျပင္ လက္စပါေဖ်ာက္ထားေသးတယ္။ စြမ္းအားမတူတာမို႔ ဖ်က္ဆီးခံထားရတဲ့အေပါက္ငယ္က ျပန္ပြင့္လာလို႔သာ သူသတိထားမိရတာ မဟုတ္ရင္ေတာ့ ဘယ္ေလာက္ၾကာေအာင္ သူ႕ကိုဖုံးကြယ္ထားၾကမလဲ။
ေနရာကေနေ၀၀ါးေပ်ာက္ကြယ္ကာ ေက်ာက္စိမ္းေရခဲအေခါင္းတစ္ခုေဘးတြင္ ျပန္ေပၚလာတဲ့က်ဴးယင္ဟာ အေခါင္းကိုဖြင့္ဖြင့္ခ်င္းပဲ ေဒါသတႀကီိး ေအာ္ဟစ္ေတာ့သည္။
" အကိုစစ္!"
အသံက သိပ္မက်ယ္ေပမယ့္ ျပင္းထန္တဲ့စြမ္းအင္ေၾကာင့္ က်ဴးယင္ရွိေနတဲ့ ေရနန္းေဆာင္ဟာ လႈပ္ခတ္လာခဲ့သည္။ မ်က္ႏွာက်က္က ေရေတြကလည္း လႈပ္ယမ္းလာၿပီး ေအာက္ကို က်ေတာ့မလိုျဖစ္လာသည္။ တိုင္လုံးေတြကေန ေရေတြေျပာင္းကာ ေရၾကမ္းျပင္ကို တံခြန္သဖြယ္ဆင္းလာသလို အျခားေသာ အိမ္သုံးပစၥည္းေတြကလည္း ခဲရာကေန ေရျပန္ေျပာင္းကာ ၾကမ္းျပင္သို႔ က်ဆင္းကုန္ေလသည္။
သိပ္မၾကာခင္မွာပဲ နန္းေဆာင္တစ္ခုလုံး ေရအျဖစ္ေျပာင္းသြားကာ ထိုေနရာတစ္ဝိုက္ကို ျပည့္လွ်ံသြားေစခဲ့သည္။
အရပ္မ်က္ႏွာေပါင္းစုံက အေစခံနတ္တို႔ ၀ိုင္းစုလာကာ အေျခအေနကို ထိန္းသိမ္းဖို႔လုပ္ေလေသာ္လည္း ေရျပင္းအားကို မထိန္းနိုင္ေလဘဲ သူတို႔ပါ လွိုင္းငယ္ေတြၾကား ေမ်ာပါရသြားရသည္။
အရိပ္ႏွစ္ခုက အျပာေရာင္အလင္းတန္းႏွစ္ခုနဲ႕အတူေရာက္လာကာ အေစခံနတ္ငယ္တို႔ကို ကယ္ဆယ္ေလသည္။ ထိုသူတို႔က လက္ႏွစ္ဖက္ကို ပုံသ႑ာန္အခ်ိဳ႕ျပဳလုပ္ၿပီး ေရလွိုင္းေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ အေစခံတို႔ကို အျပာေရာင္အလင္းႀကိဳးေတြႏွင့္ ဆြဲယူကာ ပင္လယ္အေသးစားသဖြယ္ျဖစ္ေနေသာ ယခုေနရာမွ ဖယ္ထုတ္လိုက္သည္။
ထိုႏွစ္ေယာက္က ေရေတြေပၚ လက္သီးတင္းတင္းဆုပ္ကာ ေဒါသထြက္ေနတဲ့မ်က္ႏွာနဲ႕ ခပ္မတ္မတ္ရပ္ေနတဲ့ က်ဴးယင္ကိုျမင္လိုက္ေတာ့ သက္ျပင္းမသိမသာ ခ်လိဳက္ၾကသည္။
ထိုႏွစ္ေယာက္က အျပာႏုေရာင္ဝတ္စုံေတြကို တူညီစြာဝတ္ထားၾကေပမယ့္ အေပၚက လႊမ္းၿခဳံထားတဲ့ဝတ္႐ုံေတြကေတာ့ အနည္းငယ္ကြဲျပားၾကေပသည္။ အနည္းငယ္ ငယ္သေယာင္ထင္ရၿပီး ခပ္႐ႊင္႐ႊင္အမူအယာရွိတဲ့တစ္ေယာက္က ေငြေရာင္ခပ္ေရးေရးပါတဲ့အေပၚဝတ္ကို ၀တ္ထားသည္။ ေရေပၚရပ္ေနရင္းႏွင့္ပင္ ယပ္ေတာင္ကို တစ္ဖ်က္ဖ်က္ခတ္ေနေသးသည့္သူရဲ႕ အေပၚဝတ္ကေတာ့ ေငြေရာင္အတြန႔္အနည္းငယ္သာပါၿပီး ရိုးရွင္းလြန္းေလသည္။
ခပ္႐ႊင္႐ႊင္အမူအယာႏွင့္တစ္ေယာက္က က်ဴးယင္အနားအေျပးသြားကာ က်ဴးယင္ကို တစ္ပတ္ပတ္ၾကည့္ၿပီး ထိခိုက္မႈရွိမရွိစစ္ေဆးၿပီးမွ
" ေရွာင္ယင္ ဘာေတြစိတ္တိုစရာ၇ွိလဲ ဒီအကိုက ငါ့ညီငယ္ေလးကို အနိုင္က်င့္တဲ့သူမွန္သမွ် အကုန္ေခ်မႈန္းေပးမယ္"
ကိုယ့္ရင္ဘတ္ကိုယ္ပုတ္ကာ အားနဲ႕မာန္နဲ႕ေျပာလိုက္ေပမယ့္ က်ဴးယင္က ခပ္စူးစူးအၾကည့္ကိုသာ ျပန္ရေတာ့ က်ဴးစစ္ ပါးစပ္ခ်က္ခ်င္းပိတ္သြားသည္။
က်ဴးလ်န္လည္း အနားေရာက္လာၿပီး
" ေရွာင္ယင္ ဘာျဖစ္တာလဲ ၊ နတ္ငယ္ေတြ ေရေမ်ာကုန္လို႔ အကိုတို႔ကယ္လိုက္ရတယ္၊ ဘာလို႔စိတ္တိုသြားရတာလဲ"
က်ဴးလ်န္သည္လည္း သိခ်င္မိေပသည္၊ ေရွာင္ယင္ဆိုတဲ့ သူတို႔ညီငယ္ေလးက အင္မတန္ေအးေဆးၿပီး စိတ္ထားေကာင္းတဲ့နတ္ဆိုေတာ့ မျဖစ္သင့္တာမျဖစ္ရေအာင္ေတာင္ သူတို႔မွာနတ္ဆိုးႀကီးေတြလုပ္ၿပီး လိုက္ထိန္းေနရသည္မဟုတ္လား။
က်ဴးယင္ကေတာ့ က်ဴးစစ္ကို ခပ္စူးစူးတစ္ခ်က္ၾကည့္ၿပီး က်ဴးစစ္အနားက ခြာကာ က်ဴးလ်န္ေဘး သြားရပ္လိုက္သည္။ ဒါကိုျမင္ေတာ့ က်ဴးစစ္မေက်မနပ္ျဖစ္သြားသည္။
" ေရွာင္ယင္ ဒါက ဘာသေဘာလဲ ။ မင္းအကိုကို မခ်စ္ေတာ့ဘူးလား၊ အကို႔မွာ ငါ့ညီငယ္ပဲရွိတာေလ ငါ့ညီငယ္ေလးက အကို႔ကိုသာပစ္သြားရင္ သုံးေလာကလုံး ေရႀကီးသြားတဲ့အထိ အကိုထိုင္ငိုလိုက္ေနလိုက္မွာ"
က်ဴးယင္ကေတာ့ ဘာမွမေျပာေပမယ့္ က်ဴးလ်န္ရဲ႕ယပ္ေတာင္ကေတာ့ က်ဴးစစ္ေခါင္းေပၚေရာက္လာသည္။
" ေပါက္ကရမေျပာနဲ႕ "
က်ဴးလ်န္မွာ က်ဴးစစ္ကိုေဟာက္ၿပီး က်ဴးယင္ဘက္လွည့္ၾကည့္လိုက္သည္။
က်ဴးစစ္ကေတာ့ က်ဴးလ်န္ကို အသံမထြက္ေအာင္သာ ေျပာဆိုေနေတာ့သည္၊ က်ဴးလ်န္ကူညီမွသာ ညီငယ္ေလး စိတ္ဆိုးေနတဲ့အေၾကာင္းကို သူသိနိုင္မွာမဟုတ္လား။
က်ဴးလ်န္က
" ေရွာင္ယင္ အကို႔ကို ေျပာျပေလ၊ ေရွာင္စစ္ကိုဘာလို႔ စိတ္ဆိုးေနတာလဲ"
က်ဴးယင္ ပါးစပ္က ဘာမွျပန္မေျပာဘဲ လက္ဖ၀ါးသာျဖန႔္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္မွာ ဆက္ျဖစ္လာမွာကိုၿငိမ္ၿပီးၾကည့္ေနလိုက္ၾကသည္။
ေရတစ္စက္က ဘယ္ကမွန္းမသိပ်ံသန္းလာၿပီး က်ဴးယင္လက္ဖ၀ါးေပၚေရာက္လာသည္။ အစိမ္းေရာင္အလင္းတစ္စက္က ထိုေရစက္ထဲဝင္သြားလွ်င္ ပုံရိပ္ကႀကီးမားလာကာ က်ဴးစစ္ပုံေပၚလာ၏။
ေလထဲရပ္ေနသည့္ေရစက္ႀကီးမွ အေျခအေနကိုၾကည့္ၿပီး က်ဴးလ်န္က က်ဴးစစ္ကို လွည့္ၾကည့္လာသလို က်ဴးစစ္ကေတာ့ သက္ျပင္းတခ်ခ်လဳပ္ေနသည္။
ပုံရိပ္ေတြၿပီးသြားတာနဲ႕ က်ဴးယင့္လက္ကို က်ဴးစစ္လာဆြဲသည္။
" ေရွာင္ယင္ အကိုက အျပစ္ကင္းပါတယ္၊ အကိုက အေဖခိုင္းတဲ့အတိုင္းလုပ္တာ၊ ဒီကိစၥမွာ အကိုႀကီးလည္းပါတယ္၊ အကိုႀကီးက ေတာင္စိမ္းေတာင္ကေန ျပန္မလာခ်င္ဘူးေလ ဒါေၾကာင့္ မင္းရဲ႕အျပစ္ကင္းတဲ့ဒီအကိုက လုပ္ခဲ့ရတာ "
" အေဖက ...."
က်ဴးယန္ကို အထြန႔္တက္မည့္စကားမ်ိဳးေျပာမည္ျပဳၿပီးမွ စိတ္ထဲတမ်ိဳးျဖစ္လာတာနဲ႕ မေျပာျဖစ္ေတာ့။
" အကိုစစ္ ေသခ်ာရွင္းျပပါ"
" ေကာင္းၿပီ ေကာင္းၿပီ ရွင္းျပမယ္၊ လာ လာ အကို႔နန္းေဆာင္ကိုသြားစို႔"
က်ဴးလ်န္ကေတာ့ ပြဲၾကည့္ပရိတ္သတ္လုပ္ကာ က်ဴးယင္ကိုအတင္းဆြဲေခၚသြားတဲ့ က်ဴးစစ္ေနာက္ လိုက္သြားသည္။
က်ဴးယင္ရဲ႕အေဆာင္နဲ႕မတူတာက က်ဴးစစ္အေဆာင္မွာ အသုံးအေဆာင္ပစၥည္းေတြ အေတာ္မ်ားမ်ားရွိေနျခင္းပင္။
အေဆာင္တြင္းေရာက္ေတာ့ သႏၲာေက်ာက္သ႑ာန္ ေရခဲခုံေတြေပၚ ထိုင္ခိုင္းၿပီးတာနဲ႕ က်ဴးစစ္က က်ဴးလ်န္ကိုလွည့္ၾကည့္သည္။
" တံခါးက ၀င္ရင္ နတ္ငယ္ေလးေတြ လန႔္မွာစိုးလို႔ နန္းေဆာင္ထဲတန္းဝင္လာတာ ၊ အကိုလ်န္ မင္း ငါမသိေအာင္ ခိုးမ၀င္ရဘူးေနာ္"
က်ဴးလ်န္ကေတာ့ ယပ္ေတာင္နဲ႕တစ္ခ်က္ေခါက္လိုက္ရင္းသာ နားလည္ေၾကာင္းျပသည္။
က်ဴးယင္မွာ စိတ္မ၇ွည္ေတာ့တာကိုျမင္ေတာ့ က်ဴးစစ္ခမ်ာ က်ဴးယင္ဘက္သာအျမန္ျပန္လွည့္လိုက္ရင္း က်ဴးလ်န္ကိုေနာက္မွ ျပႆနာရွာဖို႔ ေတြးလိုက္သည္။
" ဒီလို ညီငယ္ေလးရဲ႕... မီးနတ္ဘုရားရဲ႕ ကိုယ္က ယန္စြမ္းအားေၾကာင့္မပ်က္ဆီးေပမယ့္ စိတ္ဝိဥာဥ္ကေတာ့ လုံးဝ ပ်က္ဆီးသြားၿပီေလ၊ အျမဳေတျပန္ဖြဲ႕စည္းဖို႔ေတာင္ ႏွစ္သန္းနဲ႕ခ်ီၾကာမွာကို ေရွာင္ယင္ေလးသိတယ္မဟုတ္လား"
" အင္း"
အကိုကို ခပ္ေအးေအးဆက္ဆံေနတဲ့ က်ဴးယင္ကို က်ဴးစစ္ခမ်ာ စိတ္ထဲမွာသာ မာန္မဲနိုင္သည္။
" ေရွာင္ယင္ေလး ညီငယ္ေလးက မီးနတ္ဘုရားရဲ႕ကိုယ္ကို ယင္စြမ္းအားေတြ လတိုင္း ပို႔ေပးေနေတာ့ အေဖက အဆင့္တက္ဖို႔ခက္မွာ စိုးေနတယ္။ ညီငယ္ေလးအတြက္ နတ္ဘုရားအဆင့္ကို အျမန္ေရာက္ဖို႔လိုတယ္ေလ၊ ညီငယ္ေလး နတ္ဘုရားအဆင့္ကိုမေရာက္မခ်င္း အကိုတို႔ စိတ္ေအးမွာမဟုတ္ဘူး။ ပုံမန္ေလ့က်င့္ရင္းမေရာက္ေသးတာထက္ အခုလိုမ်ိဳး သူမ်ားအတြက္ေပးဆပ္ေနတာကို အကိုတို႔ မၾကည့္ရက္ဘူး။ အေဖလည္း စိတ္မေကာင္းဘူး၊ ဒါေၾကာင့္ ေကာင္းကင္ၾကာပန္းထဲမွာ နတ္စြမ္းအားျဖည့္တည့္ဖို႔အတြက္ ေလာကတစ္ခုသီးသန႔္ဖန္ဆင္းလိုက္တယ္၊ အေဖ့စြမ္းအားတစ္ဝက္ေက်ာ္ေက်ာ္သုံးၿပီး ဖန္ဆင္းထားတာမို႔လို႔ အဲ့ဒိေလာကထဲမွသာဆိုရင္ သီနတ္ဘုရားအေနနဲ႕ အခ်ိန္အနည္းငယ္အတြင္း စိတ္ဝိဥာဥ္ျပန္ေကာင္းမယ့္အျပင္ နတ္ဘုရားအျမဳေတျပန္ဖြဲ႕တည္လာနိုင္လိမ့္မယ္။ "
အေဖက သူ႕အတြက္ ေပးဆပ္ထားတာကိုသိရေတာ့ က်ဴးယင္ရင္ထဲ နာက်င္သြားရသည္။ သူက အျပစ္ေတာင္ျမင္မိလိုက္ေသးတာ.....
" အေဖေရာ ကြၽန္ေတာ္အေဖ့ဆီသြားၿပီး ကုသေပးလိုက္မယ္"
ခ်က္ခ်င္းထသြားေတာ့မယ့္က်ဴးယင္ကို က်ဴးလ်န္က ယပ္ေတာင္နဲ႕တားသည္။
" အေဖနဲ႕အေမက ခ၇ီးထြက္သြားတယ္"
က်ဴးယင္ ျပန္ထိုင္လိုက္ရသည္။
" ဘယ္ကိုလဲ ကြၽန္ေတာ့္ကို ဘာလို႔မေျပာတာလဲ"
" ေရွာင္ယင္သိရင္ မလႊတ္မွာစိုးလို႔ေနမွာေပါ့ အေမေက၇ွာင္ယင့္ကိုစတ္မခ်ဘဴးဆိုၿပီး အကိုတို႔ကို တဖြဖြမွာသြားတာ အကိုႀကီးလည္း သိပ္မၾကာခင္ျပန္ေရာက္လာလိမ့္မယ္၊ အေဖနဲ႕အေမမရွိတဲ့အခ်ိန္ အကိုႀကီးက အကိုတို႔ကို ေစာင့္ေရွာက္လိမ့္မယ္"
သူတို႔ေတြက က်ဴးယင္ကလြဲရင္ အကုန္နတ္ဘုရားေတြဆိုေပမယ့္ က်ဴးယန္တို႔အျမင္မွာေတာ့ ကေလးငယ္ေတြသာျဖစ္၏။ ထို႔ေၾကာင့္ သူတို႔မရွိခင္ ကေလးငယ္ေတြ ေဘးကင္းဖို႔ရာ အကိုႀကီးဆုံးျဖစ္တဲ့က်ဴးလင္မွာ တာဝန္ရွိသြားသည္။
က်ဴးလ်န္ရဲ႕စကားကို က်ဴးစစ္ကလည္း ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ေထာက္ခံသည္။
" ဟုတ္တယ္ အေဖက စြမ္းအားတိုးဖို႔ က်င့္ႀကံေရးခ၇ီးထြက္မွာ၊ အေမကေတာ့ .... အေဖ့မိန္းမဆိုေတာ့ အတူလိုက္တာေပါ့"
" အခုကိစၥက သီအတြက္ေကာင္းတာဆိုရင္ ကြၽန္ေတာ္ အကိုစစ္ကို ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ အထင္လြဲမိသြားတယ္"
" စိတ္မဆိုးေတာ့ရင္ၿပီးတာပါပဲ ေရွာင္ယင္ရယ္၊ မင္းသာစိတ္ဆိုးရင္ ငါ့မွာ ေနစရာကိုမ၇ွိေတာ့ဘူး အေမလည္းသိရင္ဆူမွာ ၊ ျပန္လာရင္ ႏြယ္ႀကိမ္လုံးယူလာမယ္ေျပာတယ္၊ အငယ္ဆုံးေလးကို ေသခ်ာဂ႐ုစိုက္တဲ့ ဟုတ္တယ္မလားအကိုလ်န္"
က်ဴးစစ္က က်ဴးလ်န္ကို တံေတာင္နဲ႕တြတ္ကာ အေဖာ္ညွိသည္။
" ဟုတ္တယ္ အကို႔ကို က်ဴးစစ္ကို ဂ႐ုစိုက္ဖို႔မွာသြားတယ္၊ စကားနားမေထာင္ရင္ ေျခက်င္းဝတ္ကို ႏြယ္ႀကိဳးနဲ႕ခ်ည္ထားတဲ့"
က်ဴးလ်န္က က်ဴးစစ္ကိုမ်က္ခုံးပင့္ၾကည့္ကာ ေျပာျခင္းျဖစ္သည္။
က်ဴးစစ္ မ်က္ႏွာမဲ့သြား၏။
"အကိုစစ္ သီက အခ်ိန္ဘယ္ေလာက္ၾကာမွ ျပန္နိုးလာမွာလဲ"
က်ဴးယင္ေမးလာတာနဲ႕က်ဴးစစ္က က်ဴးလ်န္ကိုၾကည့္သည္။
" ေကာင္းကင္ၾကာပန္းထဲက ေလာကငယ္မွာ ႏွစ္တစ္ရာၾကာမွ ဒီမွာတစ္ရက္ပဲၾကာမယ္၊ ဒီေတာ့ အခ်ိန္သိပ္မယူရေလာက္ဘူး၊ အေဖကေတာ့ ဘာမွမေျပာသြားဘူး ေကာင္းကင္ၾကာပန္းနားကိုေ၇ွာင္ယင့္ကို မကပ္ေစနဲ႕လို႔ပဲမွာသြားတယ္၊ ၿပီးေတာ့ အကာအကြယ္ေတြလည္း လုပ္သြားတယ္"
" အေဖေျပာတာဆိုရင္ အဲ့အတိုင္းလုပ္ရမွာေပါ့"
က်ဴးယင္ စိတ္ခ်သြားသည္။ က်ဴးယန္က သူေကာင္းဖို႔အတြက္သာလုပ္တတ္သူမို႔ သီအတြက္ အနည္းငယ္ေတာ့ စိုး၇ိမ္မိေပမယ့္ အခုလိုေသခ်ာေျပာလာတာဆိုရင္ေတာ့ ယုံၾကည္ထားနိုင္ေပသည္။
ဒီနည္းနဲ႕လည္း သီကိုေတြ႕ဖို႔အခ်ိန္က ေရွ႕ေရာက္သြားနိုင္သည္ပဲ။
သီအတြက္ လစဥ္ပို႔လႊတ္ေပးေနၾကျဖစ္တဲ့ နတ္စြမ္းအားေတြက အခုမလိုအပ္ေတာ့ဘူးဆိုေတာ့ သူအဆင့္တက္ဖို႔ လုပ္ေဆာင္နိုင္ေတာ့မည္ေပ။
က်ဴးလ်န္က တစ္စုံတစ္ခုကို သတိရသြားသလိုနဲ႕
" ေနပါဦး ေရွာင္စစ္ ေကာင္းကင္ၾကာပန္းကို ဘယ္လိုရလဲ၊ စစ္ဝူရွဲ႕ေပးထားတဲ့တစ္ခုက ဖုန္းမင္အတြက္ သုံးလိုက္ၿပီမဟုတ္ဘူးလား"
က်ဴးယင္လည္း က်ဴးစစ္ကိုၾကည့္လိုက္ေတာ့ က်ဴးစစ္မွာ မ်က္ႏွာပ်က္သြားသည္။
" ေရွာင္ယင့္အတြက္ လက္ေကာက္ငယ္ေလးတစ္ခုလုပ္ဖို႔ အားေမ့ကို လိုအပ္တာေတြရွာခိုင္းထားတာ အခုရေလာက္ၿပီ၊ သြားလိုက္ဦးမယ္"
နန္းေဆာင္အျပင္ဘက္မွာရွိတဲ့ အားေမ့ဆိုတဲ့အေစခံနတ္ငယ္ေလးကေတာ့ ခလုတ္တိုက္သြား၇ွာသည္။
ေရွာင္ထြက္ဖို႔ျပင္ေနတဲ့က်ဴးစစ္ကို က်ဴးလ်န္က ယပ္ေတာင္းနဲ႕ လွမ္းတားသည္။ က်ဴးစစ္က အျခားတစ္ဖက္ကေန ေကြ႕သြားမယ္လုပ္ေတာ့ ယပ္ေတာင္က လမ္းပိတ္လိုက္ျပန္သည္။
က်ဴးလ်န္ ရယ္ရင္းနဲ႕
" ငါၾကားတာေတာ့ ေကာင္းကင္နန္းေတာ္မွာ လြန္ခဲ့တဲ့ရက္က ေကာင္းကင္ၾကာပန္းအခိုးခံရတယ္ဆိုပဲ.... လတ္စသတ္ေတာ့....."
က်ဴးလ်န္ဆက္မေျပာေပမယ့္ ေကာင္းကင္ၾကာပန္းကို ခိုးယူတဲ့သူက က်ဴးစစ္ျဖစ္ေၾကာင္း သိလိုက္ရေပၿပီ။
ညီငယ္ျဖစ္သူေ၇ွ႕မွာ သိကၡာႀကီးတဲ့အကိုႀကီးအျဖစ္က ျပဳတ္က်သြားရလို႔ က်ဴးစစ္မွာ က်ဴးလ်န္ကို အံႀကိတ္ကာၾကည့္လိုက္သည္။
ေနာက္ က်ဴးယင္အနားအေျပးျပန္သြားၿပီး ျပာျပာသလဲနဲ႕
" မဟုတ္ဘူး မင္းအကိုက အင္မတန္ရိုးသားေျဖာင့္မတ္သူဆိုတာသိတယ္မဟုတ္လား အခုက အေဖခိုင္းလို႔လုပ္ရတာ၊ တန္ရာတန္ေၾကးအတြက္ ေရၾကာပန္းကို ျပန္ထားခဲ့လိုက္တယ္၊ ေကာင္းကင္အိမ္ေ၇ွ႕စံက ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ေသမ်ိဳးေလာကမွာ အစစ္ေဆးခံရမွာ အဲ့ဒိအတြက္ သူတို႔ေတြ ေရၾကာပန္းလိုေနၾကတာ ၊ မင္းအကိုက သူတို႔လိုအပ္တာကိုရက္ရက္ေလ်ာေလ်ာေပးခဲ့တဲ့ အင္မတန္စိတ္ထားေကာင္းတဲ့သူပါ"
က်ဴးယင္မ်က္ႏွာၿပဳံးသြားေတာ့မွ က်ဴးစစ္သက္ျပင္းခ်နိဳင္ေတာ့သည္။ အကိုတစ္ေယာက္အေနနဲ႕ ညီျဖစ္သူေရွ႕မွာ ပုံရိပ္ေကာင္းမွျဖစ္မည္။
" ၀ူရွဲ႕နဲ႕ေတြ႕ဖို႔ ေနာက္ေန႕က်ရင္ေတာ့ ေကာင္းကင္နန္းေတာ္သြားရမယ္"
က်ဴးလ်န္ေရာက်ဴးစစ္ပါ သေဘာတူေၾကာင္း ေခါင္ျးိငိမ့္ျပၾကသည္၊ အမွန္ေျပာရရင္ ေရနန္းေတာ္အေနနဲ႕ေကာင္းကင္နန္းေတာ္အေပၚမွာ အေႂကြးတင္ေနသလို ခံစားေနရတာမဟုတ္လား၊ ဒါေၾကာင့္လည္း အခုႏွစ္ေတြမွာ ေကာင္းကင္နန္းေတာ္က အကူအညီေတာင္းလာသမွ် သူတို႔လိုက္ေလ်ာခဲ့ၾကသည္ေပ။