အိမ်ကလူတွေက ကိုယ့်ကိုအရမ်း စိတ်ဖိစီးစေတယ် အရမ်းစိတ်ပင်ပန်းစေတယ်လို့ ပြောရင် ကိုယ်က သမီးဆိုးလေးပေါ့...
ကိုယ်ဆိုးတာကို မပြောပဲ အိမ်ကိုအပြစ်တင်နေတဲ့ လူဆိုးမပေါ့...
ဒါပေမယ့် ကိုယ်က ဆိုးမှမဆိုးတာ
အဲ့ဒါဆို ဘာလို့ ဒီလိုတွေ ပြောရတာလဲ?
အိမ်ကလူတွေက ဆိုးလို့လား...?
မဟုတ်ဘူး...
အဲ့ဒါတွေတစ်ခုမှ မဟုတ်ဘူး...
sensitive ဖြစ်တတ်လွန်းလို့...
ဟုတ်တယ်
ကိုယ်က တော်တော်ဆိုးဆိုးထဲမှာပါတယ်
ဘယ်အရာကိုမဆို sensitive ဖြစ်လွန်းတယ်...
ဟယ်...
အဲ့ဒါဆို နင့်အမှားပေါ့ အိမ်ကနင့်ကို ဘာမှမလုပ်ဘူးလေ
နင့်ဟာနင် sensitive ဖြစ်တာလေ
အဲ့လို ပြောတော့မလို့မလား...?
အင်း...
အနည်းနဲ့အများပေါ့
ကိုယ်က စတာကို မကြိုက်ဘူး...
ဘယ်လိုစနည်းနဲ့ပဲ စစ မကြိုက်ဘူး
တစ်ယောက်ယောက် ကိုယ့်ကိုလာစတိုင်း အမြဲ ပြသနာတက်ရတယ်...
ပြောသမျှကို အတည်ယူတတ်တဲ့သူဆိုတော့...
ကိုယ်လဲ သူများကို စလေ့မရှိဘူး...
နောက်တစ်ခုပြောပြဦးမယ်
အမေက တစ်ခုခုခိုင်းလို့ လုပ်ပေးတာကို စိတ်တိုင်းမကျရင်
နင်ဟာလေ အသုံးကိုမကျဘူး ဘာညာ သာရကာ ဆိုပြီးလာလိမ့်မယ်
တစ်ချို့လူတွေက မေးလိမ့်မယ်
ဟယ် နင်ကအဲ့လောက်ထိ လိုက်ခံစားနေတာလား
ဟုတ်တယ်
ခံစားတယ်...
ချော့ပြောရင် စကားလုံးချိုချိုသာသာလေးတွေနဲ့ ပြောရင် ဘာမဆို လုပ်ပေးတတ်တယ်...
အင်း အချော့ကြိုက်တယ်ဆိုပါတော့...
နင်အသုံးမကျဘူး အစား
နောက်ဒီလို မလုပ်ရဘူး ဒီလိုလုပ် စတဲ့ စတဲ့ လမ်းညွှန်ပေးတာကို လိုချင်တာ...
ဒါပေမယ့် အဲ့လိုမှ မဟုတ်ပဲကွယ်...
ပြီးတော့ type မတူကြဘူး
အတွေးအမြင်တွေ မတူကြဘူး
စဉ်းစားပုံတွေ မတူကြဘူး
အမှန်တော့ အဲ့ဒါတွေက ပုံမှန်ပဲ ဆိုပေမယ့်
ကိုယ့်မိသားစုမှာကကျတော့
တစ်ယောက်ရဲ့ပုံစံကို တစ်ယောက်က လက်မခံနေတာ...
အဲ့တော့ အရင်ထဲက sensitive ဖြစ်တဲ့ကိုယ်က ပိုဆိုးရော...
ကိုယ့်အပေါ်အရမ်းကောင်းကြပေမယ့်
စကားအပြောအဆိုမတတ်ကြဘူး…
ကိုယ့်ရဲ့ အဓိက ပြသနာကလဲ စကားပြောပုံဆိုပုံကြောင့် ခံစားမိနေတာ
ဟူး...
စိတ်မောတယ်...