book

Index 4

4

  • Author : Mira June
  • Genres : Psychology, Poem

နားလည်ပေးဖို့ မပြောပါဘူး...

ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူးဆိုတာ သိလို့...

 

တစ်ခုသတိရသွားလို့ ပြောပြလိုက်ဦးမယ်

လူတစ်ချို့ကပြောတယ်...

အရာရာကို ဘာလို့ လိုက်ခံစားနေတာလဲတဲ့

နင်တို့က ကိုယ့်ဒုက္ခကိုယ်ရှာနေတာလေတဲ့

ဘယ်သူကမှ နင်တို့ကို ခံစားနေပါလို့ မပြောဘူးတဲ့

ပျော်ပျော်နေလို့ရတာကို ကိုယ့်အပူကိုယ်ရှာနေတဲ့ဟာတွေတဲ့

 

ဟင်း...

ရူးနေတာလား?


ပြောချင်တာကို သေချာနားမလည်ပဲ နားမထောင်ပဲ ကိုယ်ပြောချင်ရာပြော ထင်ချင်ရာထင်တတ်တဲ့ နားလည်မှုမရှိတဲ့ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ လူတွေလို့ပဲ ကိုယ်ကတော့ မှတ်ချက်ချတယ်

အော် တစ်ချက်ကျန်သေးတယ်

အလေးမထားတတ်တာ

 

ခံစားချက်ဆိုတာကို နားမလည်ကြတာလား…?




rate now: