book

Index 3

3

  • Author : Mira June
  • Genres : Psychology, Poem

ကိုကိုယ်တိုင် မဖြစ်ဖူးမချင်း မခံစားရဖူးမချင်း မကြုံတွေ့ရဖူးမချင်း ဘယ်တော့မှ အပြည့်အဝ နားလည်ပေးနိုင်မှာမဟုတ်ဘူး


ရင်ဖွင့်နေလဲ အလကားပဲ

အာပေါက်အောင်ရှင်းပြနေလဲ အပိုပဲ


ကံကောင်းရင်တော့ ကိုယ်ပြောပြနေတဲ့လူက ၁၀၀မှာ ၈၀လောက် နားလည်နေတတ်တယ်

ကံကောင်းရင်ပြောပါတယ်...


အဲ့ဒါကြောင့်

ငါ့ကို ဘယ်သူမှ နားမလည်ကြဘူး 

လို့ စွတ်အော်မနေပါနဲ့လား...


လူအများစုက သူများအပူကို စိတ်ပင်ပန်းခံပြီးမယူတတ်ဘူး

ကိုယ့်အပူနဲ့ကိုယ်တောင် လုံးပန်းနေရတာကို

ယူလဲခဏပဲ

အဲ့လူအများစုဆိုတာကလဲ ၁၀၀မှာ ၉၈ယောက်ပဲ


သိရဲ့လား...?


သေချာနားထောင်ပေးတာနဲ့တင် ကျေးဇူးတင်သင့်တယ်မဟုတ်လား...?




rate now: