book

Index 2

2

  • Author : Mira June
  • Genres : Psychology, Poem

ပျော်ချင်လာ‌ရင် အကြောင်းအရင်းမရှိရင်တောင် ပျော်‌နေရောပဲ

ကြံဖန်ပြီးပျော်တယ်

တွေ့သမျှ မြင်သမျှ ကြားသမျှဟာ ပျော်ဖို့ပဲ ဦးတည်သွားတယ် ဖန်တီးသွားတယ်

အရာအားလုံးက နေတတ်ရင် ကျေနပ်စရာကြီး

အကောင်းမြင်စိတ်...?


မသိဘူးလေ...


တစ်ခါတစ်လေကျရင်တော့ ပုံမှန်ပါပဲ

သာမာန်ပါပဲ

ပျော်စရာရှိရင် ပျော်တယ်

ဝမ်းနည်းစရာရှိရင် ဝမ်းနည်းတယ်

ဒေါသထွက်စရာရှိရင် ဒေါသထွက်တယ်

အဲ့လိုတွေပေါ့...

Action ရှိလို့ reaction ရှိတယ်ဆိုတာမျိုးပေါ့


တစ်ခါ‌တစ်လေကျတော့လဲ...


ဖြစ်ပျက်နေသမျှ အရာအားလုံးကို 

မကျေမနပ်တွေဖြစ်

အလိုမကျ

အမြင်မကြည်

မတင်းတိမ် မရောင့်ရဲ

အဲ့လို အဲ့လို မကောင်းတဲ့စိတ်တွေချည်းပဲ...

အဆိုးမြင်စိတ်...?


သူများတွေက တစ်ခုဆိုတစ်ခုပဲ...

အကောင်းမြင်စိတ်ရှိတဲ့လူနဲ့

အဆိုးမြင်ဝါဒီရှိတဲ့လူ


ငါကတော့ အဲ့နှစ်မျိုးလုံးဟ!




rate now: