အရမ်းပင်ပန်းနေပြီ...
နေ့တိုင်းရူးမတတ်ခံစားနေရတာကို ကိုယ်တိုင်ကလွဲ ဘယ်သူမှမသိဘူး...
သိလဲမသိစေချင်ပါဘူး
သိလာမှာလဲ မဟုတ်ဘူးလေ
ဘယ်သူကဘယ်တုံးကများ သေသေချာချာ ကိုယ့်ခံစားချက်တွေ အတွေးတွေ စိတ်ကူးတွေကို နားလည်ဖူးလို့လဲ...
ထောက်ပြမှာကို မလိုချင်ဘူး
အပြစ်တင်မှာကို မလိုချင်ဘူး
ဘာဆိုဘာမှမလိုချင်ဘူး
ယုံတယ် ဆက်လုပ် အားပေးတယ်
ဆိုတာပဲ လိုချင်တာ
ခဏခဏပြောဆိုနေတာ မကြိုက်ဘူး
အပြစ်တင်တာမကြိုက်ဘူး
ကိုယ်လဲ အဲ့လောက်ဉာဏ်တိမ်နေတာမှ မဟုတ်ပဲ
ကိုယ်တစ်ခုခုလုပ်မိလို့ တစ်ခုခုဖြစ်လာရင်တောင် နင်ဒီလိုလုပ်တာကိုး ဖြစ်မှာပေါ့ ဆိုတာတွေ မကြားချင်ဘူး မလိုချင်ဘူး
နောက်ဒီလိုမဖြစ်စေနဲ့နော်
နောက်ဆင်ခြင်ပေါ့
သင်ခန်းစာပေါ့
ဆိုတဲ့ စကားသံလေးတွေက အရမ်းခက်ခဲနေလား
နင့်ဘဝအတွက်လေ ဆိုတဲ့ စကားကို လုံးဝမကြားချင်ဘူး
နင့်ဘဝ ဆိုပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရှိတဲ့ ဘဝကြီးက အဓိပ္ပာယ်မရှိဘူး
ဘယ်တော့မှ ကိုယ့်ခံစားချက်ကို မမေးပဲ လုပ်ချင်ရာလုပ်လိုက်တာတွေကိုလဲ မုန်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ
ပင်ပန်းနေတယ်ဆိုတာ သိသိရက်နဲ့ မသိချင်ယောင်ဆောင်နေကြတာတွေကလဲ အဆင်ပြေမနေဘူး
ကိုယ့်ကိုယ်ပိုင်အချိန်လေးတောင် ကိုယ်ကြိုက်ရာလုပ်ခွင့်မရှိပဲ လိုက်ပြောဆိုနေတာကြီးက လွန်တယ်မထင်ဘူးလားဟင်
ဖြစ်စေချင်တာသိတယ်
အနစ်နာတွေအများကြီးခံပေးထားတာလဲသိတယ်
ပေးဆပ်ပေးထားတာတွေကိုလဲ သိတယ်
အကုန်သိတယ်
လုပ်ပေးမှာပေါ့...
အရမ်းမုန်းပါတယ်ဆိုတာတွေကိုလဲ လုပ်စေချင်တယ်ဆိုကြလို့ အခုထိ ကြိတ်မှိတ်လုပ်ပေးနေတာပဲလေ
တစ်ခါတစ်လေ အရမ်းပင်ပန်းလာတဲ့အခါ ငြီးငြူမိတာ အပြစ်ကြီးလား
မကြိုက်တာတောင်မဟုတ်ဘူး မုန်းတဲ့အရာတွေကို လုပ်ပေးခဲ့တာပဲ လုပ်ပေးနေတာပဲ
တစ်ခါလောက် ငါသာသူဆိုရင် ဆိုပြီးဝင်ခံစားကြည့်ကြပေးကြရင် ကောင်းမှာပဲ
ကိုယ့်ရဲ့လုပ်နေသမျှအရာအားလုံးက အစီအစဉ်တွေနဲ့...
ကိုယ်ဒါလုပ်ရင် ဒါကိုလုပ်ရတဲ့ အကြောင်းအရင်းက အမြဲရှိတယ်
ဘယ်သူက သိခဲ့ဖူးလို့လဲ...
မေးခဲ့ဖူးလို့လဲ...
မလိုအပ်ဘူး ပေါက်ပန်းလေးဆယ်တွေလို့ပဲ အမြဲ ထင်နေကြတာပဲ မဟုတ်လား
စိတ်ကျန်းမာရေးဆိုတာကိုလဲ ဟာသတစ်ခုလို ထင်နေကြတာကို ဘယ်လိုလုပ်ပေးရမလဲ...
လူရော...
စိတ်ရော...
အရမ်းပင်ပန်းတယ်...
စိတ်က ပိုပင်ပန်းတယ်...
စိတ်ဓာတ်ကျတယ်ဆိုတာကို ပြောပြရင်လဲ ကိုယ်ကအရူးပဲ ဖြစ်ဦးမှာပါပဲ...
အရေးမကြီးတဲ့အရာလို့ ခေါင်းထဲမှာ သံရိုက်ထားသလို ဖြစ်နေကြတာကြီးကို ပြင်ပေးလို့မရတာ အတော်ဆိုးတာပဲ...
ငယ်သေးတာမို့ စိတ်ညစ်စရာ ဘာရှိလို့လဲ ဆိုတဲ့အတွေးတွေကိုလဲ ဘယ်လိုလုပ်ပေးရပါ့မလဲ...
ဖြစ်စေချင်တာရှိရင် မငယ်တော့ဘူး ဆိုပြီး
မဖြစ်စေချင်တဲ့အရာဆိုရင် ငယ်သေးတယ် ဆိုတာတွေကိုလဲ ငြီးငွေ့လိုက်တာ...
စိတ်ဆိုတာ အရေးအကြီးဆုံးပဲ မဟုတ်လား...
ကိုယ်ရဲ့ အဲ့စိတ်က တစ်စစီ ဖြစ်နေတယ် လို့ပြောပြရင် ကိုယ်ကအရမ်းကို ကဗျာဆန်သွားမှာလား
အတွေ့အကြုံတွေက စကားပြောတာလား
ခေတ်တွေက စကားပြောတာလား
မသိတော့ပါဘူး...
တွေးတာတောင်မှ လွတ်လွတ်လပ်လပ်တွေးလို့ မရဘူးလေ
နင်ဘာတွေလျှောက်တွေးပြီး ဘာတွေလျှောက်ရေးနေတာလဲဆိုတဲ့ စကားတွေက လာဦးမှာကို...
ဟုတ်တယ်မဟုတ်ဘူးလား...