လွန်ခဲ့တဲ့သုံးလ ဒီအချိန်တုံးက အိမ်မှာ နာရေးနဲ့ အလုပ်ရှုပ်နေကြတာပေါ့...
အခန်းထဲကကိုမထွက်ပဲ ငိုပဲငိုနေခဲ့တယ်လေ
အဲ့အချိန် ပါပါးများ သမီးအနားမှာ ရှိနေမလားဆိုပြီး တွေးနေမိသေးတယ်
လုံးဝလက်မခံနိုင်ခဲ့ဘူးလေ...
မယုံနိုင်ခဲ့ဘူး...
အခုထိလဲ လက်မခံနိုင်သေးပါဘူး
သမီး သိပ်အစွဲအလမ်းကြီးတာ ပါပါးသိတယ်မလား...
အခုဆို နေ့တိုင်း ဘုရားရှိခိုးတယ်ပါပါး...
မနက်ဆိုရင် သမီးနဲ့မောင်လေးနဲ့ ဘုရားဆွမ်းတော်ကပ်ကြတယ် ဘုရားရှိခိုးကြတယ်...
ညဆိုရင် သားအမိသုံးယောက် အတူတူဘုရားရှိခိုးကြတယ်...
ပါပါးဓာတ်ပုံကိုလဲ ကန်တော့ကြသလို မေမေ့ကိုလဲ ကန်တော့ကြတယ်...
ဝမ်းနည်းလိုက်တာ...
ပါပါးအသက်ရှိစဉ်တုံးက နေ့တိုင်းမကန်တော့ခဲ့မိတဲ့အတွက် အရမ်းနောင်တရတယ်...
ပါပါးကတော့ သမီးကို ချစ်တယ် ခဏခဏပြောပေမယ့် သမီးကတော့ ပါပါးလောက်တောင် မပြောခဲ့မိဘူး...
နောင်တတွေရနေမိတယ်...
မရှိတော့မှ နေ့တိုင်း ဓာတ်ပုံရှေ့သွားပြီး ချစ်တယ်ပြောနေမိတယ်...
"ပါပါးက ငါ့သမီးလေးကို သိပ်ချစ်တာ"
ဆိုတဲ့ စကားလေးကို သတိရတိုင်းပြောတတ်တဲ့ ပါပါးအသံလေးကို အခုထိ ကြားယောင်နေမိတုံးပဲ...
အချိန်တွေသာ နောက်ပြန်ရစ်လိုက်ချင်တယ်