ဘာလိုလိုနဲ့ ပါပါး မရှိတော့တာ ၃လပြည့်သွားပြီနော်...
အချိန်တိုင်း ခေါင်းထဲရော နှလုံးသားထဲမှာပါ ဘုရားတရားပဲရှိတဲ့ ပါပါးက ကောင်းရာမွန်ရာရောက်နေမယ်ဆိုတာတော့ ယုံကြည်တယ်...
ပါပါးလိုလူမှ ကောင်းရာမွန်ရာမရောက်ရင် ဘယ်သူရောက်တော့မလဲ...
ပါပါးကို အချစ်ဆုံးမို့လို့ အမှတ်တရအများဆုံး ရှိတဲ့လူမို့ ထင်ပါရဲ့...
သမီးတော့ နေ့တိုင်း ရူးမတတ်ကို ခံစားနေရတယ် ပါပါးရယ်...
ပါပါးမရှိတော့တာက သမီးဘဝကို အဲ့လောက်ထိ အကြီးအကျယ်သက်ရောက်မှုရှိမယ်လို့ မထင်ခဲ့ဖူးဘူး...
ငယ်ငယ်တည်းက ဘုရားစာအုပ်တွေဖတ်သူမို့ အချိန်တန်ရင် လူတိုင်းခွဲခွာရမယ် ဒါသဘာဝဖြစ်တယ် ဆိုတာတွေကို လက်ခံနိုင်မယ်ထင်ခဲ့တာ...
အဖေမို့လို့လား မသိပါဘူးလေ...
တော်ဝောာ်ကို မဖြေသိမ့်နိုင်သလို လက်လဲမခံတာ
အချိန်တိုင်း အချိန်တွေနောက်ပြန်ရစ်ပေးပါပဲ ဆုတောင်းနေမိတယ်
သမီးအတော်ကို ခေါင်းမာတယ် မဟုတ်လား
အင်းလေ...ပါပါးသမီးပဲကို...
အိမ်ကမိသားစုတွေကတော့ သတိရကြပေမယ့် ပုံမှန်ပါပဲ...
မောင်လေးတောင်မှ ဖြေသိမ့်နိုင်တယ်
သမီးတစ်ယောက်တည်း နေ့တိုင်း ရူးမတတ်ဖြစ်နေတာ...