စာမရေးပဲနေရင် ခံစားရသက်သာမယ်ထင်ခဲ့တာ...
ကိုယ့်မှာအကျင့်တစ်ခုရှိတယ်...
Social media ပေါ်မှာ စာမရေးချင်ဘူး...
လူတိုင်းက အမြင်ချင်း မတူကြဘူး
အတွေးအခေါ်ချင်း မတူကြဘူးလေ...
လူတိုင်းက ကိုယ့်ရှုထောင့်ကနေ ကိုယ်ရေးကြတာပဲ...
အဲ့တော့ ကိုယ်လို sensitive သမားတွေအတွက် အဆင်မပြေဘူး
လူသနားမခံချင်တဲ့ကိုယ့်အတွက် အဆင်မပြေဘူး
ပြီးတော့ ကိုယ့်အကြောင်းတွေကို သူများတွေ မသိစေချင်ဘူး
မပြောပြချင်ဘူး
အဲ့တော့ status လုံးဝမတင်တဲ့လူစားထဲမှာ ထိပ်ဆုံးကပေါ့...
Share post တွေနဲ့ပဲ ပြည့်နှက်နေတယ်ပေါ့လေ...
ပြီးတော့ attention လိုချင်လို့ စာရေးတာမှ မဟုတ်ပဲ...
ကိုယ်ပြောချင်တာတစ်ခြား သူတို့နားလည်သွားတာ တစ်ခြားလဲ မဖြစ်ချင်ဘူး
အဲ့ကျရင် လိုက်လဲ မရှင်းပြချင်ဘူး
အဲ့လိုတစ်ခြားစီ နားလည်သွားကြမှာကိုလဲ မလိုချင်ဘူး
ကိုယ့်ကိုဝေဖန်မှာလဲ မကြိုက်ဘူး
အထူးသဖြင့် ခံစားချက်တွေနဲ့ ပတ်သတ်ရင်ပေါ့...
ကိုယ်တင်လိုက်တဲ့ အချက်အလက်တွေ မှားကောင်းမှားနိုင်ပေမယ့် ခံစားချက်ကတော့ ဘယ်တော့မှ မမှားဘူးလေ
ကိုယ်ရေးတာလေးတွေကိုကြိုက်ရင် ဖတ်သွား မကြိုက်ရင် ကျော်သွားတာမျိုးလေးပဲ လိုချင်တာ
ကိုယ်ကအဲ့လို အတ္တကြီး တစ်ကိုယ်ကောင်းဆန်တယ်
ဒါပေမယ့် ဒီခေတ်ကြီးက သိတဲ့အတိုင်းပဲလေ
ဒီလိုမျိုးဖြစ်ဖို့ဆိုတာ 0% ပဲ
ပြီးတော့ကိုယ်ကလဲ စာသာရေးတင်ဖြစ်ရင် ခံစားချက်နဲ့ ပတ်သတ်တာတွေပဲ ရေးဖြစ်မှာဆိုတော့ social media တွေက တကယ်အဆင်မပြေဘူး
အရင်ကတော့ Wattpad မှာရေးတယ်ပေါ့လေ...
ငယ်ငယ်ကပြောပါတယ်
အခုတော့ ဒီမှာရေးမယ်ပေါ့...
ဒါပေမယ့် စာရေးတယ်ဆိုတာ ရင်နဲ့ခံစားပြီး ရေးရတာလေ...
ပါပါးဆုံးကတည်းက နေ့တိုင်း အရမ်း Depressed ဖြစ်တယ်
အဲ့လောက်ထိ ခံစားရမယ် မထင်ခဲ့တာ
ဖြေသိမ့်နိုင်မယ် ထင်ခဲ့တာ...
ဘယ်သူကထင်မှာလဲ ပါပါးသမီး မငိုတဲ့ရက်က၁၀ရက်ဝောာင်မပြည့်ဘူးလို့
ညတိုင်း အိပ်မပျော်ဘူး....
ဖုန်းမသုံးပဲ အိပ်ဖို့ကြိုးစားလဲ အိပ်မပျော်ဘူး
ရင်ထဲမှာ စို့နင့်နေတာပဲ
ရင်တွေကွဲထွက်တော့မယ့်အတိုင်းပဲ
တစ်ခါမှ ဒီလိုမခံစားဖူးဘူး...
အဲ့ဒါကြောင့် စာရေးတာကိုရပ်ထားလိုက်ရင် နည်းနည်းသက်သာမယ်ထင်ခဲ့တာ...
စာရေးမယ်ဆိုရင် စဉ်းစားရတယ် ခံစားရတယ်လေ...
အဲ့တော့ ပိုတွေးမိပြီး ပိုခံစားရတယ်
ဒါပေမယ့် မထူးပါဘူး ပါပါးရယ်...
မရေးလဲ အချိန်တိုင်း ရူးမတတ်ပါပဲ...