ဒီနေ့ Practical exam ဖြေရမယ် ပါပါး...
ပါပါးရဲ့ အကျင့်အရဆိုရင် သမီးမှာ စာမေးပွဲတစ်ခုခုရှိတာနဲ့
မနက်အစောကြီးထ
ဘုရားစင် သန့်ရှင်းရေးလုပ်
ဆွမ်းကပ် ရေကပ်
ဘုရားရှိခိုး
ဆုတောင်းပေးနေကြ...
ပြီးရင် ရေမန်း တိုက်လေ့ရှိတယ်...
ခေါင်းလေးကိုကိုင်ပြီး ဆုပေးလေ့ရှိတယ်...
သမီးစာမေးပွဲ ကောင်းကောင်းဖြေနိုင်ဖို့ တတ်နိုင်တဲ့ဘက်က အကုန်လုပ်ပေးတယ်...
ကားပေါ်မှာဆိုရင်လဲ
သမီးကောင်းကောင်းဖြေနော်...
ဘယ်အချိန်ပြီးမှာလဲ...
ပါပါးဘယ်အချိန်လာကြိုရမလဲ...
ပြီးရင် သမီးဘယ်သွားမှာလဲ...
သမီးစာသေချာရပြီမလား...
ငါ့သမီးကတော်ပြီးသား ပါပါးယုံတယ် သေချာဖြေခဲ့...
အဲ့လို အဲ့လိုစကားလေးတွေ ပြောပေးခဲ့ဖူးတယ်...
ဒီနေ့တော့ ပါပါးမရှိတော့ဘူး...
သမီးအတွက် ဒီလိုလုပ်ပေးနေကြ ပါပါးမရှိတော့ဘူး...
စိတ်ပူပေးနေကြ ပါပါးမရှိတော့ဘူး...
ဒီနေ့ သမီးကျောင်းကို အစောကြီးသွားတယ်သိလား ပါပါး...
အရင်လို ကားလေးနဲ့ လိုက်ပို့မယ့် ပါပါးမရှိတော့ဘူးဆိုတော့ ဘက်စ်ကားပေါ်မှာပဲ စာကြည့်ခဲ့ရတာပေါ့...
စာတွေကခက်လိုက်တာ...
သမီးမေ့ကုန်ပြီ...
ရှုပ်လိုက်တာ...
သမီးရဲ့စာဖတ်ရင်း ညီးတွားသမျှကို ခံပေးမယ့် ပါပါးမရှိတော့ဘူး...
အားပေးစကားတွေပြောပေးမယ့် ပါပါးမရှိတော့ဘူး...
အရမ်းလွမ်းတယ်...