book

Index 4

ဒီနေ့ထီထွက်တယ်

                      ဒီနေ့ထီထွက်တယ်


ပါပါးက ထီအရမ်းထိုးတာ...

လတိုင်း ရသမျှပိုက်ဆံရဲ့ တော်တော်များများကို ထီပဲထိုးနေလို့ မေမေဆူတာ ခဏခဏ ခံခဲ့ရတယ်လေ...

ဒါပေမယ့်လဲ ပါပါးက ထိုးမြဲထိုးဆဲပါပဲ...


သူ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေထဲကတစ်ခုထဲမှာ ထီပေါက်ဖို့ကလဲ တစ်ခုအပါအဝင်ပေါ့...


မြန်မာထီတင်မကဘူး စင်ကာပူထီပါ ရူးသွပ်သူပါ


သူအမြဲပြောနေကျ စကားလေးလဲရှိတယ်...

ထီပေါက်ရင် ငါ့သမီးလေးကို လိုချင်တာဝယ်ပေးမယ်တဲ့...

စင်ကာပူထီ 2.3 million သာပေါက်ရင် ငါ့သမီးနဲ့ ငါ့သားကို စင်ကာပူမှာ ကျောင်းထားပေးမယ်တဲ့...

မိသားစုလိုက် စင်ကာပူကိုပြောင်းပြီးနေကြမယ်တဲ့...


ပါပါးကဒီစကားတွေ အမြဲပြောတယ်...

သူထီအရမ်းပေါက်ချင်ခဲ့တာ...

ကိုယ်အသိဆုံးပါပဲ...


လတိုင်းထီထွက်ရင် သားအဖနှစ်ယောက် ထီတိုက်ရတာအမောပဲ...

ရင်ခုန်စွာနဲ့ပေါ့...


ပါပါးက ဘုရားတရားသမားမို့ 

အမြဲတမ်း ကပ်သီးလေးတွေပဲ လွဲတာ...


ဒါပေမယ့် အဲ့ဒါကိုက ရင်နာစရာကြီးဖြစ်နေတယ်...


ဆုကြီးတွေနဲ့ ဂဏန်းနှစ်လုံးလောက်ပဲ ကွာနေတာတို့ ဘာတို့ပေါ့...


၅သောင်း ၁သိန်းတို့လဲ သူပေါက်လေ့တော့ရှိပေမယ့် ပါပါးက အမြင့်ဆုံးထီကို ပေါက်ချင်ခဲ့တာ...

ပြီးတော့ သူကသူ့ကိုယ်သူယုံတယ်...

တစ်နေ့သူထီပေါက်လိမ့်မယ်ဆိုတာ...


မေမေကတော့ ထုံးစံအတိုင်း ပွားတာပေါ့...

ကိုယ့်ဟာကို ကြိုးစားပြီး ပိုက်ဆံမရှာပဲနဲ့ ဒီထီကိုပဲ ထိုင်မျှော်နေတယ်လို့...


တကယ်တော့ သူက‌အချောင်ရချင်လို့ မဟုတ်ဘူး

မေမေပြောသလို သူကြိုးစားပြီးရှာရင်တောင် သူ့အသက်အရွယ်နဲ့ အများကြီးရှာနိုင်ပါတော့မလားကွယ်...

အဲ့တော့ သူ့ခမျာ ဒါလေးကို မျှော်ရတာပေါ့...

ပေါက်လေမလားဆိုပြီး...


သူပေါက်ချင်တာကလဲ သမီးတို့ကြောင့်ပဲလေ...

သူ့သားနဲ့သမီးကို ကောင်းစားစေချင်တာ...


ဒီနေ့ထီထွက်တယ် ပါပါး...

ဒီလတော့ အရင်လို ထီအတူတူတိုက်စရာ ပါပါးမရှိတော့ဘူး...


ပါပါးသိလား...

ပါပါးရဲ့အသက် ၅၈ တွေချည်းပဲ ထွက်သွားတယ်...

သိန်း၂ထောင်ဆုကြီးက ၅၈၅၂၇၆ တဲ့

မေမေထိုးထားတာက ၅၈၃၀၇၆ တဲ့...

ကျန်တဲ့ဟာတွေလဲအဲ့တိုင်းပဲ...

နှစ်လုံးဆီပဲ လွဲတယ်...


ပါပါးကို သတိရလိုက်တာ...

အရမ်းသတိရတယ်...

ပြောမပြတတ်လောက်အောင်ပါပဲ...


rate now: