အဲ့နေ့က သမီးသူငယ်ချင်းနဲ့ စကားပြောနေတာ...
သူငယ်ချင်းကမေးတယ်
"နင်ပြီးရင်ဘယ်သွားမှာလဲတဲ့"
သမီးက UFL သွားရမှာလေလို့ ဖြေလိုက်တယ်
"ပြီးရင် နင့်အဖေလာကြိုမှာလား"
သမီးတို့နှစ်ယောက်ရဲ့ ရီမောစရာစကားဝိုင်းက ချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်...
သူလဲ ဒီလိုမေးနေကျဆိုတော့ အကျင့်ပါနေတာ နေမယ်...ပြီးတော့ ပါပါးမရှိတော့တာကို မေ့သွားတာနေမယ်...
သူငယ်ချင်းက ချက်ချင်းသမီးကို တောင်းပန်တယ်...သူစကားမှားသွားတယ်တဲ့...
အင်း...
သမီးလဲ အရင်လို အိမ်ပြန်ချိန်ရောက်တိုင်း ပါပါးကို မျှော်နေမိတုံးပဲ...
လာကြိုဦးမယ်အထင်နဲ့ပေါ့...
ဘယ်သူမှ မသိပေမယ့်...
သမီးကတော့ အမြဲမျှော်နေမိသေးတယ်...
မဖြစ်နိုင်တော့ပေမယ့်ပေါ့...