book

Index 9

Part - 9

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode

စုန်းပညာရှင်အစည်းအရုံး၊ စုန်းကဝေအဖွဲ့အစည်း။

စုန်းကဝေများအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး

ကြယ်ခုနစ်ပွင့်အဆင့်စုန်းကဝေတစ်ဦးမှ အုပ်ချုပ်သည်။

စုန်းကဝေများသည် ကြယ်ပွင့်ကိုလိုက်၍ အသက်ရှင်သန်နိုင်ခြင်းဖြစ်ပြီး

မသေမျိုးစုန်းကဝေများသည် ကြယ်ကိုးပွင့်နှင့်အထက် စုန်းကဝေများဖြစ်သည်။

မေရီသည် မသေမျိုးစုန်းကဝေများထဲမှ တစ်ယောက်ဖြစ်ပြီး

အခြားသော သူမလို မသေမျိုးစုန်းကဝေများလည်းရှိသေးသည်။

မေရီ၏ ကြယ်ပွင့်အဆင့်ကိုတော့ မည်သူမျှမသိ။

စုန်းကဝေအဖွဲ့အစည်းသည် လူနှင့်စုန်းများအကြားရှိ မျှတမှုကို ထိန်းညှိပေးပြီး

အဖွဲ့အစည်းတွင် မှတ်ပုံတင်ထားသည့် စုန်းတို့ကို စုန်းလိုက်မုဆိုးများထံမှ ကာကွယ်ပေးသည်။

အပိုင်း - ၉ : စုန်းကဝေပညာရှင်အစည်းအရုံး။

‘အချို့သည် ပတ်ဝန်းကျင်ကိုလိုက်၍ ရင့်ကျက်မှုသည် မရှိသင့်ပါဘဲ ရှိနေရတတ်သည်။’

“ငါ ကြားတာတော့ မင်းက မေရီရဲ့ အတွင်းခံကို ခိုးကြည့်လိုက်တဲ့ကောင်လေးဆို…”

အဲရစ် ပုတ်သိုးနေသည့် မျက်နှာဖြင့် သူ့ရှေ့မှ အမျိုးသားကိုကြည့်သည်။ အယ်လမ်သစ်ပင်၏ ရန်လိုမှုကို ခံစားလိုက်ရသဖြင့် ချက်ချင်းသူ အနောက်သို့လှည့်ကြည့်ဖြစ်၏။

ဘာကြောင့် ဒီလူနဲ့သူ လိုက်ဖြစ်သွားရတာလဲ။ စိတ်ကုန်ဖို့ကောင်းလိုက်တာ…

လေသည် ခပ်ဖြည်းဖြည်းတိုက်၏။ အယ်လမ်သစ်ပင်၏ အနောက်ဘက်တွင် ကျေးကျွန်များ၏ အဆုံးသတ်ရာဖြစ်သော်လည်း အရှေ့ဘက်မျက်နှာစာသည် စိမ်းလန်းသည့် မြက်ခင်းပြင်နှင့်လှပသည့်ပန်းပင်များရှိသည်။ မေရီ၏ နေကြာပန်းခင်းမှ မကောင်းဆိုးဝါးများလို မဟုတ်ဘဲ ထိုပန်းပင်များသည် အမှန်တကယ် ပန်းပင်များဖြစ်သည်။

“အကောင်းမေးတဲ့ဟာကို…”

သစ်ပင်အောက်တွင် တင်ပလ္လင်ခွေချိတ်ထိုင်ကာ ကြောင်နက်ကို ပွတ်သပ်ပေးနေရင်းမှ ထိုအမျိုးသားသည် သူ့ကို စကားထပ်ဆိုလာလေ၏။ သူ ထိုအမျိုးသားကိုကုတ်သာဆွဲချင်နေတော့သည်။

ထိုအမျိုးသား၏ အမည်သည် ဗေဒါဖြစ်ပြီး ထိုအမျိုးသားသည် မေရီ၏ စစ်သူကြီးများထဲမှ တစ်ဦးဖြစ်သည်။

ရက်အတန်ကြာနေလာသည့် အတွေ့အကြုံ(မေရီ၏ ထုထောင်းမှု၊ ကြောင်နက်၏ ရိုက်ပုတ်မှုများကို ခံရပြီး)အရ ကြောင်နက်သည် မီးဓာတ်သဘာဝအစွမ်းရှိပြီး အယ်လိုဝင်းသည် မြေဓာတ်သဘာဝရှိသည့် ကျေးကျွန်များဖြစ်သည်။ ဗေဒါ… ထိုသူသည် မည်သည့်ဓာတ်ကို ကိုယ်စားပြုမည်နည်း။ လေ သို့မဟုတ် ရေဖြစ်လောက်သည်ဟု သူထင်သည်။

အဲရစ်သည် သုန်မှုန်သည့် မျက်နှာဖြင့် ဗေဒါကို လက်ပိုက်ကြည့်ကာ သုံးသပ်နေပေ၏။

မေရီ၏ စစ်သူကြီးများသည် ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုခြင်းဖြစ်လိမ့်မည်။ သို့ဆိုလျှင် သူကရော…

ဗေဒါ၏ မေးခွန်းကို ဥပက္ခာပြုကာ အဲရစ်စဉ်းစားခန်းဖွင့်လေ၏။

မကောင်းဆိုးဝါးများသည် ဓာတ်သဘာဝတစ်ခုဆီကို ပိုင်ဆိုင်တတ်ကြသည်။ ပင်မ ဓာတ်သဘာဝများက လေ၊ရေ၊မြေ၊မီး ဖြစ်သော်လည်း ဆင့်ပွားဓာတ်သဘာဝများလည်းရှိကြသည်။ စုန်းတို့သည်လည်း ထိုအတိုင်းသာဖြစ်သည်။ မိမိပိုင်ဆိုင်သော ဓာတ်သဘာဝစွမ်းအင်နှင့် ကိုက်ညီသည့်မန္တန်များနှင့် အဆောင်လက်ဖွဲ့တို့ကို သူတို့သည် ဆင်မြန်းဖြစ်ကြ၏။ ထိုအခါမှ မိမိ၏ လုပ်ဆောင်ချက်တို့က ပို၍အားကောင်းလိမ့်မည်မဟုတ်လား။

သူ့ရဲ့ဓာတ်သဘာဝ…

အဲရစ်သည် လက်သည်းများရှည်နေသည့် သူ့လက်ကလေးကို ဖြန့်ကြည့်၏။

သူ့ရဲ့ဓာတ်သဘာဝ… သူက ဘာဓာတ်သဘာဝကို ပိုင်ဆိုင်ထားသည်လဲ။

“ဟေ့… ကိုယ့်ဆရာက မေးတာကို အဲ့လိုပဲ နေနေရလား…”

မြွေအမြီးဖြင့် ပတ်ခြင်းခံလိုက်ရသဖြင့် အဲရစ်ရုတ်တရက်လန့်သွားသည်။ တင်းကြပ်သည့် မြွေအမြီးသည် သူ့ကို ဝုန်းခနဲဆွဲချလာလေ၏။ ကြောင်နက်သည် သူ့ထံသို့ အရှိန်ဖြင့် ဝင်လာသည့် အဲရစ်ကို မြင်သည်နှင့် ဗေဒါ၏ ပေါင်ပေါ်မှ ခုန်ဆင်းသွားခဲ့သည်။

ဒီ ဗေဒါဆိုတဲ့ မကောင်းဆိုးဝါးကောင်ဟာ!

သူ့ပေါင်ပေါ်မှခုန်ဆင်းသွားသည့် ကျူးဒိုစ့်၏ နေရာတွင် ဗေဒါသည် အဲရစ်ကို မလွှတ်ဘဲအတင်းအကြပ် ထိုင်စေခဲ့၏။

“ဒါဆို မင်းငါ့ကို မဖြေလို့မရတော့ဘူးမဟုတ်လား… မင်း မဖြေရင်…”

အဲရစ်သည် သူ့ကိုမော့ကြည့်လာခဲ့သည်။ မြွေမျက်လုံးများဖြင့် ထိုကောင်လေး၏ မျက်လုံးဝါများကို စိုက်ကြည့်ပြီး ဗေဒါပြုံးသည်။

“မင်း အရိုးတွေကို ငါ ချိုးပစ်လိုက်မယ်…”

ခြိမ်းခြောက်စကားကို ချိုသာသည့်အသံ၊ ပြုံးရွှင်သည့် မျက်နှာဖြင့် ပြောနေသည့်ဗေဒါကို ကြည့်ပြီး ကျူးဒိုစ့် မျက်လုံးသာလှန်လေတော့၏။

“သူ အတည်ပြောနေတာ…”

အဲရစ်သာ ဂျစ်ကန်ကန်ဆက်နေပါက ဗေဒါသည် အမှန်တကယ်လုပ်လိမ့်မည်ကို သိနေသည်မို့ ကျူးဒိုစ့်သည် စကားထောက်ပေးလာခဲ့သည်။

“မင်း ဆရာ(၁) ပြောတဲ့အတိုင်းပဲ… ငါ တကယ်ချိုးမှာ…”

အဲရစ်တစ်ကိုယ်လုံး ရုတ်တရက်တောင့်သွား၏။

တကယ်ကြီးချိုးနေမှဖြင့် သူတော့ သွားပါပြီ။

နောက်ပြီး ဘာ ဆရာ(၁)လဲ…

သူကဖြင့် အဲ့ဒီမြွေကို သူ့ဆရာအဖြစ်လည်း လက်မခံထားပါဘဲနဲ့…

အဲရစ်၏ ပေကပ်ကပ်ကြည့်နေမှုကြောင့် ဗေဒါသည် အသာရယ်သည်။ လက်ဖဝါးကိုဖြန့်၍ သူ့လက်တွင် ထုထည်သိပ်သည်းသည့် ရေစက်လုံးတစ်ခုကို ဖန်တီးပြ၏။

“ပုံမှန်အတိုင်းဆိုရင် ငါက သတင်းစကားတွေကို ခိုးယူဖို့အတွက်ပဲ အလုပ်လုပ်တဲ့ တာဝန်ကိုယူတာ… ဒါပေမဲ့လည်း သတင်းစကားကို ခိုးယူတယ်ဆိုတဲ့နေရာမှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့အစွမ်းရှိဖို့လိုတယ်လေ… ဒီလိုနဲ့ငါက တိတ်တဆိတ်လူသတ်ခြင်းတွေမှာပါ ကျွမ်းကျင်လာတာပေါ့… ငါ့အဆိပ်တွေကလည်း အသုံးဝင်တယ်လေ…”

တစ်ဖက်သူ၏ အစွမ်းကို မြင်တော့မှ အဲရစ်သည် ရုန်းကန်နေခြင်းကို ရပ်သွား၏။

“ငါ သိတာတော့ မင်းဆံပင်တွေက ရှည်နေတယ်ဆို... နောက်ပြီးပုံပန်းလည်းမကျဘူးဆို…”

သူ့ဆံပင်များကို သတိထားမိပြီး မေးလာသည့် ဗေဒါကို အဲရစ်သည် မျက်လုံးသာ လှန်နေတော့သည်။ ဘာကြောင့်များ ဒီ မြွေတစ်ကောင်ဟာ အရမ်းကို စပ်စုရတာလဲ။

“ကျူးဒိုစ့်… ကျူးဒိုစ့်က ညှပ်ပေးတာ…”

ညှပ်ပေးတာ… ဒါက ညှပ်ပေးတာမဟုတ်ဘူး… လက်သည်းချွန်ချွန်တုတ်တုတ်ကြီးတွေနဲ့ သူ့ဆံပင်ကို လုပ်ချလိုက်တာ… ဒါပေမဲ့လည်း သူ ညှပ်ပေးတာလို့ပဲ ပြောနိုင်တယ်…

“အိုး… ဟုတ်လား… ငါလည်း ကျူးဒိုစ့် လက်နဲ့လုပ်ပေးတာ ခံချင်သား…”

“မျက်နှာကိုလား…”

ကျူးဒိုစ့်၏ ပြန်ခံပြောမှုကြောင့် အဲရစ်ကိုပေါင်ပေါ်တွင် ရစ်ပတ်ထားရင်းမှ ဗေဒါသည် ရယ်လေ၏။

“အိုး ငါမေးတာကို မင်းမဖြေရသေးဘူး…”

အဲရစ်၏ မျက်နှာမည်းသွားရပြန်သည်။ မဖြေရသေးသည့် မေးခွန်းက မေရီ့အတွင်းခံအရောင်က အဖြူဟုတ်မဟုတ် ဆိုသည်သာ ဖြစ်ပေလိမ့်မည်။ နေပါဦး အတွင်းခံအရောင်က အဲ့လောက်တောင် အရေးကြီးလို့လား…

“ဒါ ယောကျာ်းလေးတွေစကားဝိုင်းလို့ပဲ သဘောထားလိုက်ပါ… အ!”

သစ်ကိုင်းတစ်ခုမှ သူ့ခေါင်းကို လာရိုက်သည်မို့ ဗေဒါထအော်လေ၏။

“ဝင်း… ငါ တကယ်သိချင်လို့ဟာကို… မင်းခဏနားပိတ်ထားလို့ရတယ်… မကြားချင်ရင်ပေါ့လေ…”

သစ်ပင်တွေမှာ နားရွက်ပါလေသလား။ ဘယ်နားရွက်ကို အယ်လမ်သစ်ပင်က ပိတ်ရမှာလဲ။ အဲရစ်တစ်ယောက်ခပ်ရွတ်ရွတ်တွေးလေသည်။ ကျူးဒိုစ့်ကို သူ လှမ်းကြည့်သော်လည်း ကျူးဒိုစ့်သည် နေပျောက်ကျသည့်နေရာတွင် ငြိမ်ဝပ်၍ နေနေခဲ့၏။

ဟင်… ကျူးဒိုစ့်ကလည်း ဒီမေးခွန်းကို သိချင်နေတာလား။

အဲရစ်အံ့သြစွာဖြင့် တွေးသည်။ နောက်ဆုံးတွင်တော့ မဖြေလျှင်မရမည့် အနေအထားကို တွေးမိကာ သူ ဖြေရန်စဉ်းစားလိုက်၏။

“အဲ့ဒါက…”

သတင်းကြေငြာသူတစ်ယောက်လို စကားကို ခဏရပ်ကာ အခြေအနေကို အရင်ကြည့်လိုက်သေးသည်။ ကျူးဒိုစ့်၏ နားရွက်သည် ထောင်လာခဲ့ပြီး သူ့ကို ရစ်ခွေထားသည့် ဗေဒါ၏အမြီးသည် အားလျော့သွားလေ၏။ သူတို့တွေက တကယ်ပဲ သိချင်နေကြတာပဲ…

အဲရစ်သည် မဲ့ပြုံးပြုံးကာ…

“ကျွန်တော် ညာခဲ့တာ…”

အယ်လိုဝင်းသည် သစ်ရွက်အချို့ကိုခြွေချခြင်းဖြင့် သူမ စိတ်ကျေနပ်ကြောင်းကို ပြသလေသည်။ ကြက်သေသေသွားပုံရသည့် ကျူးဒိုစ့်နှင့်ဗေဒါကို သူ မင်သေသေကြည့်၏။

“မဟုတ်လို့လား သူ့ဂါဝန်ကဖြင့် အရှည်ကြီးကို ဘယ်အချိန်မှာ သူ့ရဲ့အတွင်းခံကို သွားမြင်နိုင်မှာလဲ…”

ကြောင်တစ်ကောင်နှင့်လူအသွင်ယူထားသည့် မြွေတစ်ကောင်ကို သူ ခပ်တည်တည်ဖြေသည်။

“မေရီ ကျွန်တော့်ကို အာရုံရသွားအောင်လို့…”

ကျူးဒိုစ့်ဘက်သို့ ကြည့်ကာ သူ ခပ်တည်တည်ဖြေသည်။

“မဟုတ်ရင် ကျွန်တော်က မေရီနဲ့အတူ လိုက်လာလို့ဘယ်ရပါ့မလဲ…”

စစ်သူကြီးသုံးပါးသည် ငြိမ်သက်စွာ ကောင်ကလေးကို ကြည့်ကြသည်။ သူတို့စကားတစ်ခွန်းမျှ ပြန်မဖြေနိုင်ခဲ့။

ဒီ… ဒီကောင်လေးဟာ…

“ရပြီလား… အဲ့ဒါဆို…”

အဲရစ်သည် ဗေဒါကိုမော့ကြည့်ကာ မေးလေ၏။ ထိုအခါကျမှ အံ့သြမင်သက်နေရာမှ ဗေဒါသည် သတိဝင်လာကာ…

“ဉာဏ်ကောင်းတဲ့ကောင်စုတ်လေး…”

“ကျေးဇူးတင်ပါတယ်…”

အဲရစ်သည် သူ့ကိုချီးကျူးသည်ကို ကလေးဆိုးတစ်ယောက်၏ မျက်နှာပေးဖြင့် တုံ့ပြန်လေ၏။ ထို့နောက်…

“မေရီက ကျွန်တော့်ကို တပည့်အဖြစ်လက်ခံမဲ့နည်းလမ်းတစ်ခုကို ဝိုင်းရှာပေးလို့မရဘူးလား…”

ဗေဒါသည် အဲရစ်ကို စိတ်ဝင်စားစွာကြည့်၏။ အဲရစ်သည် ကျူးဒိုစ့်ဘက်ကို လှမ်းကြည့်ကာ…

“ကျူးဒိုစ့်က ကျွန်တော့်ဆရာအဖြစ် သင်ပေးလိမ့်မယ်လို့ မေရီက ပြောတယ်… ဒါပေမဲ့ ကျွန်တော် စုန်းကဝေအတတ်ကို တတ်ချင်တာ… ကျွန်တော်က လူသားတစ်ယောက်ဖြစ်တာကြောင့် စုန်းကဝေအတတ်ကို တတ်မြောက်နိုင်တယ် မဟုတ်လား…”

“မင်းက ဘာလို့ စုန်းကဝေအတတ်ကို တတ်မြောက်ချင်ရတာလဲ…”

တစ်စုံတစ်ယောက်သည် သူ့အကြောင်းတို့ကို မမေး။ သူ့အတွေးတို့ကို မမေး။ ထို့အတွက် အဲရစ်သည် အခြားသူများနှင့် စကားကြာကြာပြောဖူးခြင်းမရှိပေ။ ယခုက ပထမဆုံးအကြိမ် အခြားသူများနှင့် သူ စကားကြာကြာပြောခြင်းပေ။

သူ ရုတ်တရက် စကားမဆက်နိုင်တော့။ စကားအများကြီးပြောလျှင် အကြံအစည်တို့သည် မထမြောက်နိုင်ဟု သူ့ကို ဝိညာဉ်ဆိုးတို့က သွန်သင်ပေးဖူးသည်။

“ဒါက…”

ကျူးဒိုစ့်နှင့်ဗေဒါသည် တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်၏။ အဲရစ် ထိုကောင်လေးသည် အသက်အရွယ်နှင့်မလိုက်ဖက်အောင် စဉ်းစားတတ်နေသည်။

“တကယ်လို့ မင်း ကျူးဒိုစ့်ကို နိုင်တယ်ဆိုရင် မေရီက မင်းကို တပည့်အဖြစ် သင်ကြားပေးရင် သင်ကြားပေးမှာပေါ့…”

အဲရစ်သည် ကျူးဒိုစ့်ကို လှမ်းကြည့်လေ၏။ သူက ကျူးဒိုစ့်ကို နိုင်ရမယ်။ ကျူးဒိုစ့်က သူ့ထက် သက်တမ်းဘယ်လောက်လောက်တောင် ကြီးတဲ့သူလဲ။

“အချိန်အရမ်းကြာနိုင်တယ်ဆိုပေမဲ့ မင်းအနေနဲ့ ကျူးဒိုစ့်သင်ပေးတာတွေကို သေချာနားထောင်လိုက်နာပြီးတော့ ကျူးဒိုစ့်ကို နိုင်သွားတယ်ဆိုတဲ့ အချိန်မှ စသင်လည်း နောက်မကျပါဘူး မင်းက မသေမျိုးပဲဟာက…”

ဗေဒါသည် သူ့ကိုယ်ပေါ်တွင်ထိုင်နေသည့် ကောင်ကလေး၏ ခန္ဓာကိုယ်သည် သက်တောင့်သက်သာ ရှိလာသည်ကို ခံစားရပြီး ကျေနပ်စွာပြုံး၏။

“နောက်ပြီး မေရီ… ငါတို့သခင်မကလည်း မသေမျိုးပဲလေ… သူက လူသားတစ်ယောက်ဖြစ်နေပေမဲ့လည်းပေါ့…”

ဗေဒါသည် သူ့ကို ယုံကြည်စိတ်ချစွာကြည့်လာသည့် ကောင်ကလေးကို ပြုံးပြလေသည်။

“ငါတို့တွေမှာ အချိန်တွေက အများကြီးရှိသေးတယ်မဟုတ်ဘူးလား…”

မေရီ့ရဲ့စစ်ပွဲတွေမှာ ဝင်တိုက်ခိုက်ကြရင်း ငါတို့မသေကြရင်ပေါ့ ဆိုသည့် စကားကိုတော့ ဗေဒါသည် ထည့်မပြောဖြစ်ခဲ့။

>>>>><<<<<

“သခင်မ…”

ရဲတိုက်အတွင်းမှ လိုဏ်သံတစ်ခုသည် ထွက်လာခဲ့၏။

“အင်း…”

ထိုအသံသည် ရဲတိုက်၏ အသံဖြစ်သည်။ ရဲတိုက်သည် သက်ရှိမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီး မေရီ၏ မကောင်းဆိုးဝါးသုံးဖော်တွင် အခိုင်ခံ့ဆုံးနှင့်အသန်မာဆုံးဖြစ်၏။

“အက်ဗ်နာက သခင်မကို တွေ့ခွင့်တောင်းခံတယ်လို့ သတင်းပို့လာပါတယ်…”

မေရီ၏ မျက်ခုံးများသည် တွန့်ချိုးသွားသည်။

အက်ဗ်နာဟူသည့် ထိုသူက သေလုဆဲဆဲအဖိုးကြီး၏ လက်ရုံးတော်ကောင်ကလေးမဟုတ်ပါလား။

“တကယ်ပဲ အဖိုးကြီးက သေတော့မှာလား…”

မေရီသည် ခပ်တိုးတိုးရေရွတ်၏။ ထို့နောက် လှောင်ရယ်သံတစ်ချက်ပြုကာ သူမ ပြတင်းအပြင်သို့ ကြည့်သည်။

“အဖိုးကြီး… အဲ့သောက်ကလေးကဖြင့် ငါ့ထက်အသက်လေးရာလောက်ငယ်တဲ့ဟာက ငါက သူ့ကို အဖိုးကြီးလို့ ခေါ်လိုက်တာပဲ…”

သူမခပ်တိုးတိုးရေရွတ်သည်။

“တကယ်လို့ သခင်မအနေနဲ့ ထွက်မတွေ့လိုဘူးဆိုရင်လည်း ကျွန်တော်တို့ရှင်းလိုက်လို့ရပါတယ်…”

“မရှင်းပါနဲ့…”

မေရီသည် အေးတိအေးစက်ဖြေ၏။

“ငါတို့အနေနဲ့ဘယ်သူတစ်ယောက်ကိုမှ ကြောက်စရာမလိုဘူးဆိုပေမဲ့ ဒါက ရန်သူတွေကို များနိုင်သမျှများအောင်လုပ်လို့ရတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူး…”

သူမသည် ခပ်အေးအေးဆက်ပြော၏။

“ငါတို့ သိပ်မကြာခင်လေးကပဲ စုန်းလိုက်မုဆိုးတွေကို ရန်စထားတာလေ… အခု စုန်းကဝေအစည်းအရုံးကြီးကို သွားရန်စတယ် ဆိုရင် သူတို့က ငါ့ကို နှိမ်နင်းဖို့ ပူးပေါင်းလာမှာပေါ့…”

သူမသည် အပြင်ကိုကြည့်နေခဲ့၏။ အနက်ရောင်မီးခိုးငွေ့များလွှမ်းခြုံထားသည့် ကျီးကန်းတစ်ကောင်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် လာနားလာခဲ့သည်။ ထိုကျီးကန်ကို မြင်သည်နှင့် ပိတ်ထားသည့် ပြတင်းတံခါးသည် အလိုလိုပွင့်သွားခဲ့၏။

မေရီသည် သူမ၏ လက်ကို ဆန့်တန်းပေးလေ၏။ ကျီးကန်းက မေရီ၏ လက်ပေါ်တွင် အသာခိုနားကာ…

“ကျွန်တော် ရေဗင်သခင်မကို ခစားပါတယ်…”

အနက်ရောင်မီးခိုးငွေ့များလွှမ်းခြုံထားသည့် ကျီးကန်သည် မေရီ့ကို စကားစဆိုလာခဲ့သည်။

“ငါ့ရဲ့ စစ်သူကြီးတွေ အကုန်စုံနေခဲ့တာပဲ…”

မေရီသည် ကျီး၏ မျက်လုံးနက်နက်များထဲ စိုက်ကြည့်ကာ ရေရွတ်လေ၏။

“စုန်းကဝေအစည်းအရုံးမှာက အားပြိုင်မှုတွေဖြစ်နေခဲ့တယ်…”

မေရီသည် လရောင်ကျသည့်နေရာတွင် ထားထားသည့် စားပွဲဝိုင်းတွင်ထိုင်ကာ လက်ဖက်ရည်ကြမ်းသောက်နေရင်း ကျီးကန်း၏ သတင်းစကားကိုနားထောင်ခဲ့သည်။ အနက်ရောင်မီးခိုးငွေ့များလွှမ်းခြုံထားသည့် ကျီးကန်းသည် စိတ်ထဲတွင် ခြံဝန်းထဲ၌ ကလေးတစ်ကောင်နှင့်သောက်ကမြင်းကြောထနေသည့် ဗေဒါကို ဆဲရေးကာ ပြင်ပတွင်တော့ မေရီ့ကို သတင်းစကားတည်တည်တံ့တံ့ပို့နေခဲ့၏။

“သခင်မကို သူတို့က ဝင်ပါစေချင်တယ်… တကယ်လို့ အာဗဲလ် သေဆုံးခဲ့ရင် နောက်ထပ် အစည်းအရုံးအုပ်ချုပ်သူနဲ့ သခင်မကြားက ဆက်ဆံရေးကို သူတို့က ထိန်းချုပ်ချင်ပုံရတယ်…”

မေရီသည် မျက်ခုံးအသာပင့်၏။ အစည်းအရုံးနှင့်သူမက ငြိမ်းချမ်းရေးယူထားသည်ဟု ဆို၍ရသည်။ ငြိမ်းချမ်းရေးယူထားသည်ဟု ဆိုရာတွင် စုန်းကဝေအစည်းအရုံးက သူတို့၏ စည်းကမ်းများနှင့် သူမကို မထိန်းချုပ်ထားခြင်းသာ ဖြစ်၏။ သူမသည် လုပ်ချင်ရာလုပ်ပိုင်ခွင့်ရှိသည်။ သို့သော် စုန်းကဝေအစည်းအရုံးကိုတော့ အန္တရာယ်ပေးပိုင်ခွင့်မရှိဘဲ အခါအားလျော်စွာ (ထိုအခါအားလျော်စွာသည် သူမ စိတ်ပါလျှင်) စုန်းကဝေအစည်းအရုံးမှ ပြုလုပ်သည့် ပွဲအခမ်းအနားကို တက်ပေးရခြင်းမျိုးတော့ ရှိတတ်သည်။

သို့သော်လည်း စုန်းကဝေအစည်းအရုံးသည် သူမကို ယုံကြည်ခြင်းမရှိ။ သူမကလည်း သူမ ပါပဲ။ စိတ်ကသိပ်မမှန်ချေဘူးလေ။

“သူ့ကို စောင့်ခိုင်းထားလား…”

မေရီသည် ကျီးနက်ထံမှ အကြည့်လွှဲ၍ မေးလေ၏။ ရဲတိုက်တွင်းမှ လိုဏ်သံသည် ပြန်ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့…”

“အင်း ငါတို့ အချိန်ဆွဲချင်သလောက် ဆွဲကြတာပေါ့…”

မေရီသည် နှုတ်ခမ်းထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခုဆင်မြန်းရင်း ပြောချေ၏။

----------

Zawgyi

စုန္းပညာရွင္အစည္းအရံုး၊ စုန္းကေဝအဖြဲ႔အစည္း။

စုန္းကေဝမ်ားအတြက္ ဖြဲ႔စည္းထားသည့္ အဖြဲ႔အစည္းတစ္ခုျဖစ္ၿပီး

ၾကယ္ခုနစ္ပြင့္အဆင့္စုန္းကေဝတစ္ဦးမွ အုပ္ခ်ဳပ္သည္။

စုန္းကေဝမ်ားသည္ ၾကယ္ပြင့္ကိုလုိက္၍ အသက္ရွင္သန္ႏုိင္ျခင္းျဖစ္ၿပီး

မေသမ်ိဳးစုန္းကေဝမ်ားသည္ ၾကယ္ကိုးပြင့္ႏွင့္အထက္ စုန္းကေဝမ်ားျဖစ္သည္။

ေမရီသည္ မေသမ်ိဳးစုန္းကေဝမ်ားထဲမွ တစ္ေယာက္ျဖစ္ၿပီး

အျခားေသာ သူမလုိ မေသမ်ိဳးစုန္းကေဝမ်ားလည္းရွိေသးသည္။

ေမရီ၏ ၾကယ္ပြင့္အဆင့္ကိုေတာ့ မည္သူမွ်မသိ။

စုန္းကေဝအဖြဲ႔အစည္းသည္ လူႏွင့္စုန္းမ်ားအၾကားရွိ မွ်တမႈကို ထိန္းညိွေပးၿပီး

အဖြဲ႔အစည္းတြင္ မွတ္ပံုတင္ထားသည့္ စုန္းတုိ႔ကို စုန္းလုိက္မုဆိုးမ်ားထံမွ ကာကြယ္ေပးသည္။

အပိုင္း - ၉ : စုန္းကေဝပညာရွင္အစည္းအရံုး။

‘အခ်ိဳ႕သည္ ပတ္ဝန္းက်င္ကိုလုိက္၍ ရင့္က်က္မႈသည္ မရွိသင့္ပါဘဲ ရွိေနရတတ္သည္။’


“ငါ ၾကားတာေတာ့ မင္းက ေမရီရဲ႕ အတြင္းခံကို ခိုးၾကည့္လုိက္တဲ့ေကာင္ေလးဆုိ…”

အဲရစ္ ပုတ္သိုးေနသည့္ မ်က္ႏွာျဖင့္ သူ႔ေရွ႕မွ အမ်ဳိးသားကိုၾကည့္သည္။ အယ္လမ္သစ္ပင္၏ ရန္လိုမႈကို ခံစားလုိက္ရသျဖင့္ ခ်က္ခ်င္းသူ အေနာက္သို႔လွည့္ၾကည့္ျဖစ္၏။

ဘာေၾကာင့္ ဒီလူနဲ႔သူ လုိုက္ျဖစ္သြားရတာလဲ။ စိတ္ကုန္ဖို႔ေကာင္းလုိက္တာ…

ေလသည္ ခပ္ျဖည္းျဖည္းတုိက္၏။ အယ္လမ္သစ္ပင္၏ အေနာက္ဘက္တြင္ ေက်းကြ်န္မ်ား၏ အဆံုးသတ္ရာျဖစ္ေသာ္လည္း အေရွ႕ဘက္မ်က္ႏွာစာသည္ စိမ္းလန္းသည့္ ျမက္ခင္းျပင္ႏွင့္လွပသည့္ပန္းပင္မ်ားရွိသည္။ ေမရီ၏ ေနၾကာပန္းခင္းမွ မေကာင္းဆိုးဝါးမ်ားလို မဟုတ္ဘဲ ထိုပန္းပင္မ်ားသည္ အမွန္တကယ္ ပန္းပင္မ်ားျဖစ္သည္။

“အေကာင္းေမးတဲ့ဟာကို…”

သစ္ပင္ေအာက္တြင္ တင္ပလႅင္ေခြခ်ိတ္ထိုင္ကာ ေၾကာင္နက္ကို ပြတ္သပ္ေပးေနရင္းမွ ထိုအမ်ိဳးသားသည္ သူ႔ကို စကားထပ္ဆုိလာေလ၏။ သူ ထိုအမ်ိဳးသားကိုကုတ္သာဆြဲခ်င္ေနေတာ့သည္။

ထိုအမ်ိဳးသား၏ အမည္သည္ ေဗဒါျဖစ္ၿပီး ထိုအမ်ိဳးသားသည္ ေမရီ၏ စစ္သူႀကီးမ်ားထဲမွ တစ္ဦးျဖစ္သည္။

ရက္အတန္ၾကာေနလာသည့္ အေတြ႔အၾကံဳ(ေမရီ၏ ထုေထာင္းမႈ၊ ေၾကာင္နက္၏ ရိုက္ပုတ္မႈမ်ားကို ခံရၿပီး)အရ ေၾကာင္နက္သည္ မီးဓာတ္သဘာဝအစြမ္းရွိၿပီး အယ္လုိဝင္းသည္ ေျမဓာတ္သဘာဝရွိသည့္ ေက်းကြ်န္မ်ားျဖစ္သည္။ ေဗဒါ… ထိုသူသည္ မည္သည့္ဓာတ္ကို ကိုယ္စားျပဳမည္နည္း။ ေလ သို႔မဟုတ္ ေရျဖစ္ေလာက္သည္ဟု သူထင္သည္။

အဲရစ္သည္ သုန္မႈန္သည့္ မ်က္ႏွာျဖင့္ ေဗဒါကို လက္ပိုက္ၾကည့္ကာ သံုးသပ္ေနေပ၏။

ေမရီ၏ စစ္သူႀကီးမ်ားသည္ ဓာတ္ႀကီးေလးပါးကို ကိုယ္စားျပဳျခင္းျဖစ္လိမ့္မည္။ သို႔ဆုိလွ်င္ သူကေရာ…

ေဗဒါ၏ ေမးခြန္းကို ဥပကၡာျပဳကာ အဲရစ္စဥ္းစားခန္းဖြင့္ေလ၏။

မေကာင္းဆိုးဝါးမ်ားသည္ ဓာတ္သဘာဝတစ္ခုဆီကို ပိုင္ဆိုင္တတ္ၾကသည္။ ပင္မ ဓာတ္သဘာဝမ်ားက ေလ၊ေရ၊ေျမ၊မီး ျဖစ္ေသာ္လည္း ဆင့္ပြားဓာတ္သဘာဝမ်ားလည္းရွိၾကသည္။ စုန္းတို႔သည္လည္း ထိုအတုိင္းသာျဖစ္သည္။ မိမိပိုင္ဆုိင္ေသာ ဓာတ္သဘာဝစြမ္းအင္ႏွင့္ ကိုက္ညီသည့္မႏၱန္မ်ားႏွင့္ အေဆာင္လက္ဖြဲ႔တို႔ကို သူတုိ႔သည္ ဆင္ျမန္းျဖစ္ၾက၏။ ထိုအခါမွ မိမိ၏ လုပ္ေဆာင္ခ်က္တုိ႔က ပို၍အားေကာငး္လိမ့္မည္မဟုတ္လား။

သူ႔ရဲ႕ဓာတ္သဘာဝ…

အဲရစ္သည္ လက္သည္းမ်ားရွည္ေနသည့္ သူ႔လက္ကေလးကို ျဖန္႔ၾကည့္၏။

သူ႔ရဲ႕ဓာတ္သဘာဝ… သူက ဘာဓာတ္သဘာဝကို ပိုင္ဆုိင္ထားသည္လဲ။

“ေဟ့… ကိုယ့္ဆရာက ေမးတာကို အဲ့လိုပဲ ေနေနရလား…”

ေျမြအၿမီးျဖင့္ ပတ္ျခင္းခံလုိက္ရသျဖင့္ အဲရစ္ရုတ္တရက္လန္႔သြားသည္။ တင္းၾကပ္သည့္ ေျမြအၿမီးသည္ သူ႔ကို ဝုန္းခနဲဆြဲခ်လာေလ၏။ ေၾကာင္နက္သည္ သူ႔ထံသို႔ အရွိန္ျဖင့္ ဝင္လာသည့္ အဲရစ္ကို ျမင္သည္ႏွင့္ ေဗဒါ၏ ေပါင္ေပၚမွ ခုန္ဆင္းသြားခဲ့သည္။

ဒီ ေဗဒါဆုိတဲ့ မေကာင္းဆုိးဝါးေကာင္ဟာ!

သူ႔ေပါင္ေပၚမွခုန္ဆင္းသြားသည့္ က်ဴးဒိုစ့္၏ ေနရာတြင္ ေဗဒါသည္ အဲရစ္ကို မလႊတ္ဘဲအတင္းအၾကပ္ ထိုင္ေစခဲ့၏။

“ဒါဆုိ မင္းငါ့ကို မေျဖလို႔မရေတာ့ဘူးမဟုတ္လား… မင္း မေျဖရင္…”

အဲရစ္သည္ သူ႔ကိုေမာ့ၾကည့္လာခဲ့သည္။ ေျမြမ်က္လုံးမ်ားျဖင့္ ထိုေကာင္ေလး၏ မ်က္လံုးဝါမ်ားကို စိုက္ၾကည့္ၿပီး ေဗဒါျပံဳးသည္။

“မင္း အရိုးေတြကို ငါ ခ်ိဳးပစ္လုိက္မယ္…”

ၿခိမ္းေျခာက္စကားကို ခ်ိဳသာသည့္အသံ၊ ျပံဳးရႊင္သည့္ မ်က္ႏွာျဖင့္ ေျပာေနသည့္ေဗဒါကို ၾကည့္ၿပီး က်ဴးဒိုစ့္ မ်က္လံုးသာလွန္ေလေတာ့၏။

“သူ အတည္ေျပာေနတာ…”

အဲရစ္သာ ဂ်စ္ကန္ကန္ဆက္ေနပါက ေဗဒါသည္ အမွန္တကယ္လုပ္လိမ့္မည္ကို သိေနသည္မုိ႔ က်ဴးဒိုစ့္သည္ စကားေထာက္ေပးလာခဲ့သည္။

“မင္း ဆရာ(၁) ေျပာတဲ့အတုိင္းပဲ… ငါ တကယ္ခ်ိဳးမွာ…”

အဲရစ္တစ္ကိုယ္လံုး ရုတ္တရက္ေတာင့္သြား၏။

တကယ္ႀကီးခ်ိဳးေနမွျဖင့္ သူေတာ့ သြားပါၿပီ။

ေနာက္ၿပီး ဘာ ဆရာ(၁)လဲ…

သူကျဖင့္ အဲ့ဒီေျမြကို သူ႔ဆရာအျဖစ္လည္း လက္မခံထားပါဘဲနဲ႔…

အဲရစ္၏ ေပကပ္ကပ္ၾကည့္ေနမႈေၾကာင့္ ေဗဒါသည္ အသာရယ္သည္။ လက္ဖဝါးကိုျဖန္႔၍ သူ႔လက္တြင္ ထုထည္သိပ္သည္းသည့္ ေရစက္လံုးတစ္ခုကို ဖန္တီးျပ၏။

“ပံုမွန္အတုိင္းဆုိရင္ ငါက သတင္းစကားေတြကို ခိုးယူဖို႔အတြက္ပဲ အလုပ္လုပ္တဲ့ တာဝန္ကိုယူတာ… ဒါေပမဲ့လည္း သတင္းစကားကို ခိုးယူတယ္ဆုိတဲ့ေနရာမွာ ငါ့ကိုယ္ငါ ကာကြယ္ႏုိင္တဲ့အစြမ္းရွိဖို႔လိုတယ္ေလ… ဒီလိုနဲ႔ငါက တိတ္တဆိတ္လူသတ္ျခင္းေတြမွာပါ ကြ်မ္းက်င္လာတာေပါ့… ငါ့အဆိပ္ေတြကလည္း အသံုးဝင္တယ္ေလ…”

တစ္ဖက္သူ၏ အစြမ္းကို ျမင္ေတာ့မွ အဲရစ္သည္ ရုန္းကန္ေနျခင္းကို ရပ္သြား၏။

“ငါ သိတာေတာ့ မင္းဆံပင္ေတြက ရွည္ေနတယ္ဆုိ... ေနာက္ၿပီးပံုပန္းလည္းမက်ဘူးဆို…”

သူ႔ဆံပင္မ်ားကို သတိထားမိၿပီး ေမးလာသည့္ ေဗဒါကို အဲရစ္သည္ မ်က္လံုးသာ လွန္ေနေတာ့သည္။ ဘာေၾကာင့္မ်ား ဒီ ေျမြတစ္ေကာင္ဟာ အရမ္းကို စပ္စုရတာလဲ။

“က်ဴးဒိုစ့္… က်ဴးဒိုစ့္က ညွပ္ေပးတာ…”

ညွပ္ေပးတာ… ဒါက ညွပ္ေပးတာမဟုတ္ဘူး… လက္သည္းခြ်န္ခြ်န္တုတ္တုတ္ႀကီးေတြနဲ႔ သူ႔ဆံပင္ကို လုပ္ခ်လုိက္တာ… ဒါေပမဲ့လည္း သူ ညွပ္ေပးတာလို႔ပဲ ေျပာႏုိင္တယ္…

“အိုး… ဟုတ္လား… ငါလည္း က်ဴးဒိုစ့္ လက္နဲ႔လုပ္ေပးတာ ခံခ်င္သား…”

“မ်က္ႏွာကိုလား…”

က်ဴးဒိုစ့္၏ ျပန္ခံေျပာမႈေၾကာင့္ အဲရစ္ကိုေပါင္ေပၚတြင္ ရစ္ပတ္ထားရင္းမွ ေဗဒါသည္ ရယ္ေလ၏။

“အိုး ငါေမးတာကို မင္းမေျဖရေသးဘူး…”

အဲရစ္၏ မ်က္ႏွာမည္းသြားရျပန္သည္။ မေျဖရေသးသည့္ ေမးခြန္းက ေမရီ႕အတြင္းခံအေရာင္က အျဖဴဟုတ္မဟုတ္ ဆုိသည္သာ ျဖစ္ေပလိမ့္မည္။ ေနပါဦး အတြင္းခံအေရာင္က အဲ့ေလာက္ေတာင္ အေရးႀကီးလို႔လား…

“ဒါ ေယာက်ာ္းေလးေတြစကားဝုိင္းလုိ႔ပဲ သေဘာထားလုိက္ပါ… အ!”

သစ္ကိုင္းတစ္ခုမွ သူ႔ေခါင္းကို လာရိုက္သည္မုိ႔ ေဗဒါထေအာ္ေလ၏။

“ဝင္း… ငါ တကယ္သိခ်င္လုိ႔ဟာကို… မင္းခဏနားပိတ္ထားလို႔ရတယ္… မၾကားခ်င္ရင္ေပါ့ေလ…”

သစ္ပင္ေတြမွာ နားရြက္ပါေလသလား။ ဘယ္နားရြက္ကို အယ္လမ္သစ္ပင္က ပိတ္ရမွာလဲ။ အဲရစ္တစ္ေယာက္ခပ္ရြတ္ရြတ္ေတြးေလသည္။ က်ဴးဒိုစ့္ကို သူ လွမ္းၾကည့္ေသာ္လည္း က်ဴးဒိုစ့္သည္ ေနေပ်ာက္က်သည့္ေနရာတြင္ ၿငိမ္ဝပ္၍ ေနေနခဲ့၏။

ဟင္… က်ဴးဒိုစ့္ကလည္း ဒီေမးခြန္းကို သိခ်င္ေနတာလား။

အဲရစ္အံ့ၾသစြာျဖင့္ ေတြးသည္။ ေနာက္ဆံုးတြင္ေတာ့ မေျဖလွ်င္မရမည့္ အေနအထားကို ေတြးမိကာ သူ ေျဖရန္စဥ္းစားလိုက္၏။

“အဲ့ဒါက…”

သတင္းေၾကျငာသူတစ္ေယာက္လုိ စကားကို ခဏရပ္ကာ အေျခအေနကို အရင္ၾကည့္လုိက္ေသးသည္။ က်ဴးဒိုစ့္၏ နားရြက္သည္ ေထာင္လာခဲ့ၿပီး သူ႔ကို ရစ္ေခြထားသည့္ ေဗဒါ၏အၿမီးသည္ အားေလ်ာ့သြားေလ၏။ သူတုိ႔ေတြက တကယ္ပဲ သိခ်င္ေနၾကတာပဲ…

အဲရစ္သည္ မဲ့ျပံဳးျပံဳးကာ…

“ကြ်န္ေတာ္ ညာခဲ့တာ…”

အယ္လိုဝင္းသည္ သစ္ရြက္အခ်ိဳ႕ကိုေျခြခ်ျခင္းျဖင့္ သူမ စိတ္ေက်နပ္ေၾကာင္းကို ျပသေလသည္။ ၾကက္ေသေသသြားပံုရသည့္ က်ဴးဒုိစ့္ႏွင့္ေဗဒါကို သူ မင္ေသေသၾကည့္၏။

“မဟုတ္လုိ႔လား သူ႔ဂါဝန္ကျဖင့္ အရွည္ႀကီးကို ဘယ္အခ်ိန္မွာ သူ႔ရဲ႕အတြင္းခံကို သြားျမင္ႏုိင္မွာလဲ…”

ေၾကာင္တစ္ေကာင္ႏွင့္လူအသြင္ယူထားသည့္ ေျမြတစ္ေကာင္ကို သူ ခပ္တည္တည္ေျဖသည္။

“ေမရီ ကြ်န္ေတာ့္ကို အာရံုရသြားေအာင္လုိ႔…”

က်ဴးဒိုစ့္ဘက္သို႔ ၾကည့္ကာ သူ ခပ္တည္တည္ေျဖသည္။

“မဟုတ္ရင္ ကြ်န္ေတာ္က ေမရီနဲ႔အတူ လုိက္လာလို႔ဘယ္ရပါ့မလဲ…”

စစ္သူႀကီးသံုးပါးသည္ ၿငိမ္သက္စြာ ေကာင္ကေလးကို ၾကည့္ၾကသည္။ သူတုိ႔စကားတစ္ခြန္းမွ် ျပန္မေျဖႏုိင္ခဲ့။

ဒီ… ဒီေကာင္ေလးဟာ…

“ရၿပီလား… အဲ့ဒါဆုိ…”

အဲရစ္သည္ ေဗဒါကိုေမာ့ၾကည့္ကာ ေမးေလ၏။ ထိုအခါက်မွ အံ့ၾသမင္သက္ေနရာမွ ေဗဒါသည္ သတိဝင္လာကာ…

“ဥာဏ္ေကာင္းတဲ့ေကာင္စုတ္ေလး…”

“ေက်းဇူးတင္ပါတယ္…”

အဲရစ္သည္ သူ႔ကိုခ်ီးက်ဴးသည္ကို ကေလးဆိုးတစ္ေယာက္၏ မ်က္ႏွာေပးျဖင့္ တံု႔ျပန္ေလ၏။ ထို႔ေနာက္…

“ေမရီက ကြ်န္ေတာ့္ကို တပည့္အျဖစ္လက္ခံမဲ့နည္းလမ္းတစ္ခုကို ဝိုင္းရွာေပးလို႔မရဘူးလား…”

ေဗဒါသည္ အဲရစ္ကို စိတ္ဝင္စားစြာၾကည့္၏။ အဲရစ္သည္ က်ဴးဒိုစ့္ဘက္ကို လွမ္းၾကည့္ကာ…

“က်ဴးဒိုစ့္က ကြ်န္ေတာ့္ဆရာအျဖစ္ သင္ေပးလိမ့္မယ္လုိ႔ ေမရီက ေျပာတယ္… ဒါေပမဲ့ ကြ်န္ေတာ္ စုန္းကေဝအတတ္ကို တတ္ခ်င္တာ… ကြ်န္ေတာ္က လူသားတစ္ေယာက္ျဖစ္တာေၾကာင့္ စုန္းကေဝအတတ္ကို တတ္ေျမာက္ႏိုင္တယ္ မဟုတ္လား…”

“မင္းက ဘာလို႔ စုန္းကေဝအတတ္ကို တတ္ေျမာက္ခ်င္ရတာလဲ…”

တစ္စံုတစ္ေယာက္သည္ သူ႔အေၾကာင္းတုိ႔ကို မေမး။ သူ႔အေတြးတုိ႔ကို မေမး။ ထို႔အတြက္ အဲရစ္သည္ အျခားသူမ်ားႏွင့္ စကားၾကာၾကာေျပာဖူးျခင္းမရွိေပ။ ယခုက ပထမဆံုးအႀကိမ္ အျခားသူမ်ားႏွင့္ သူ စကားၾကာၾကာေျပာျခင္းေပ။

သူ ရုတ္တရက္ စကားမဆက္ႏိုင္ေတာ့။ စကားအမ်ားႀကီးေျပာလွ်င္ အၾကံအစည္တုိ႔သည္ မထေျမာက္ႏိုင္ဟု သူ႔ကို ဝိညာဥ္ဆိုးတုိ႔က သြန္သင္ေပးဖူးသည္။

“ဒါက…”

က်ဴးဒိုစ့္ႏွင့္ေဗဒါသည္ တစ္ေယာက္ကိုတစ္ေယာက္လွမ္းၾကည့္၏။ အဲရစ္ ထိုေကာင္ေလးသည္ အသက္အရြယ္ႏွင့္မလုိက္ဖက္ေအာင္ စဥ္းစားတတ္ေနသည္။

“တကယ္လုိ႔ မင္း က်ဴးဒိုစ့္ကို ႏိုင္တယ္ဆုိရင္ ေမရီက မင္းကို တပည့္အျဖစ္ သင္ၾကားေပးရင္ သင္ၾကားေပးမွာေပါ့…”

အဲရစ္သည္ က်ဴးဒိုစ့္ကို လွမ္းၾကည့္ေလ၏။ သူက က်ဴးဒိုစ့္ကို ႏုိင္ရမယ္။ က်ဴးဒုိစ့္က သူ႔ထက္ သက္တမ္းဘယ္ေလာက္ေလာက္ေတာင္ ႀကီးတဲ့သူလဲ။

“အခ်ိန္အရမ္းၾကာႏိုင္တယ္ဆုိေပမဲ့ မင္းအေနနဲ႔ က်ဴးဒုိစ့္သင္ေပးတာေတြကို ေသခ်ာနားေထာင္လုိက္နာၿပီးေတာ့ က်ဴးဒိုစ့္ကို ႏုိင္သြားတယ္ဆုိတဲ့ အခ်ိန္မွ စသင္လည္း ေနာက္မက်ပါဘူး မင္းက မေသမ်ိဳးပဲဟာက…”

ေဗဒါသည္ သူ႔ကိုယ္ေပၚတြင္ထုိင္ေနသည့္ ေကာင္ကေလး၏ ခႏၶာကိုယ္သည္ သက္ေတာင့္သက္သာ ရွိလာသည္ကို ခံစားရၿပီး ေက်နပ္စြာျပံဳး၏။

“ေနာက္ၿပီး ေမရီ… ငါတို႔သခင္မကလည္း မေသမ်ိဳးပဲေလ… သူက လူသားတစ္ေယာက္ျဖစ္ေနေပမဲ့လည္းေပါ့…”

ေဗဒါသည္ သူ႔ကို ယံုၾကည္စိတ္ခ်စြာၾကည့္လာသည့္ ေကာင္ကေလးကို ျပံဳးျပေလသည္။

“ငါတို႔ေတြမွာ အခ်ိန္ေတြက အမ်ားႀကီးရွိေသးတယ္မဟုတ္ဘူးလား…”

ေမရီ႕ရဲ႕စစ္ပြဲေတြမွာ ဝင္တုိက္ခုိက္ၾကရင္း ငါတုိ႔မေသၾကရင္ေပါ့ ဆုိသည့္ စကားကိုေတာ့ ေဗဒါသည္ ထည့္မေျပာျဖစ္ခဲ့။

>>>>><<<<<

“သခင္မ…”

ရဲတိုက္အတြင္းမွ လိုဏ္သံတစ္ခုသည္ ထြက္လာခဲ့၏။

“အင္း…”

ထုိအသံသည္ ရဲတုိက္၏ အသံျဖစ္သည္။ ရဲတုိက္သည္ သက္ရွိမေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္ၿပီး ေမရီ၏ မေကာင္းဆုိးဝါးသံုးေဖာ္တြင္ အခုိင္ခံ့ဆံုးႏွင့္အသန္မာဆံုးျဖစ္၏။

“အက္ဗ္နာက သခင္မကို ေတြ႔ခြင့္ေတာင္းခံတယ္လုိ႔ သတင္းပို႔လာပါတယ္…”

ေမရီ၏ မ်က္ခံုးမ်ားသည္ တြန္႔ခ်ိဳးသြားသည္။

အက္ဗ္နာဟူသည့္ ထုိသူက ေသလုဆဲဆဲအဖိုးႀကီး၏ လက္ရံုးေတာ္ေကာင္ကေလးမဟုတ္ပါလား။

“တကယ္ပဲ အဖိုးႀကီးက ေသေတာ့မွာလား…”

ေမရီသည္ ခပ္တုိးတိုးေရရြတ္၏။ ထို႔ေနာက္ ေလွာင္ရယ္သံတစ္ခ်က္ျပဳကာ သူမ ျပတင္းအျပင္သို႔ ၾကည့္သည္။

“အဖိုးႀကီး… အဲ့ေသာက္ကေလးကျဖင့္ ငါ့ထက္အသက္ေလးရာေလာက္ငယ္တဲ့ဟာက ငါက သူ႔ကို အဖိုးႀကီးလို႔ ေခၚလုိက္တာပဲ…”

သူမခပ္တုိးတိုးေရရြတ္သည္။

“တကယ္လုိ႔ သခင္မအေနနဲ႔ ထြက္မေတြ႔လုိဘူးဆုိရင္လည္း ကြ်န္ေတာ္တုိ႔ရွင္းလုိက္လို႔ရပါတယ္…”

“မရွင္းပါနဲ႔…”

ေမရီသည္ ေအးတိေအးစက္ေျဖ၏။

“ငါတုိ႔အေနနဲ႔ဘယ္သူတစ္ေယာက္ကိုမွ ေၾကာက္စရာမလုိဘူးဆိုေပမဲ့ ဒါက ရန္သူေတြကို မ်ားႏိုင္သမွ်မ်ားေအာင္လုပ္လုိ႔ရတယ္ ဆုိတဲ့ အဓိပၸာယ္မ်ိဳးမဟုတ္ဘူး…”

သူမသည္ ခပ္ေအးေအးဆက္ေျပာ၏။

“ငါတုိ႔ သိပ္မၾကာခင္ေလးကပဲ စုန္းလုိက္မုဆိုးေတြကို ရန္စထားတာေလ… အခု စုန္းကေဝအစည္းအရံုးႀကီးကို သြားရန္စတယ္ ဆုိရင္ သူတို႔က ငါ့ကို ႏိွမ္နင္းဖို႔ ပူးေပါင္းလာမွာေပါ့…”

သူမသည္ အျပင္ကိုၾကည့္ေနခဲ့၏။ အနက္ေရာင္မီးခိုးေငြ႔မ်ားလႊမ္းျခံဳထားသည့္ က်ီးကန္းတစ္ေကာင္သည္ ျပတင္းေပါက္ေဘာင္ေပၚတြင္ လာနားလာခဲ့သည္။ ထိုက်ီးကန္ကို ျမင္သည္ႏွင့္ ပိတ္ထားသည့္ ျပတင္းတံခါးသည္ အလုိလိုပြင့္သြားခဲ့၏။

ေမရီသည္ သူမ၏ လက္ကုိ ဆန္႔တန္းေပးေလ၏။ က်ီးကန္းက ေမရီ၏ လက္ေပၚတြင္ အသာခိုနားကာ…

“ကြ်န္ေတာ္ ေရဗင္သခင္မကို ခစားပါတယ္…”

အနက္ေရာင္မီးခိုးေငြ႔မ်ားလႊမ္းျခံဳထားသည့္ က်ီးကန္သည္ ေမရီ႕ကို စကားစဆုိလာခဲ့သည္။

“ငါ့ရဲ႕ စစ္သူႀကီးေတြ အကုန္စံုေနခဲ့တာပဲ…”

ေမရီသည္ က်ီး၏ မ်က္လံုးနက္နက္မ်ားထဲ စိုက္ၾကည့္ကာ ေရရြတ္ေလ၏။

“စုန္းကေဝအစည္းအရံုးမွာက အားၿပိဳင္မႈေတြျဖစ္ေနခဲ့တယ္…”

ေမရီသည္ လေရာင္က်သည့္ေနရာတြင္ ထားထားသည့္ စားပြဲဝိုင္းတြင္ထုိင္ကာ လက္ဖက္ရည္ၾကမ္းေသာက္ေနရင္း က်ီးကန္း၏ သတင္းစကားကိုနားေထာင္ခဲ့သည္။ အနက္ေရာင္မီးခိုးေငြ႔မ်ားလႊမ္းျခံဳထားသည့္ က်ီးကန္းသည္ စိတ္ထဲတြင္ ျခံဝန္းထဲ၌ ကေလးတစ္ေကာင္ႏွင့္ေသာက္ကျမင္းေၾကာထေနသည့္ ေဗဒါကို ဆဲေရးကာ ျပင္ပတြင္ေတာ့ ေမရီ႕ကို သတင္းစကားတည္တည္တံ့တံ့ပို႔ေနခဲ့၏။

“သခင္မကို သူတုိ႔က ဝင္ပါေစခ်င္တယ္… တကယ္လုိ႔ အာဗဲလ္ ေသဆံုးခဲ့ရင္ ေနာက္ထပ္ အစည္းအရံုးအုပ္ခ်ဳပ္သူနဲ႔ သခင္မၾကားက ဆက္ဆံေရးကို သူတုိ႔က ထိန္းခ်ဳပ္ခ်င္ပံုရတယ္…”

ေမရီသည္ မ်က္ခံုးအသာပင့္၏။ အစည္းအရံုးႏွင့္သူမက ၿငိမ္းခ်မ္းေရးယူထားသည္ဟု ဆုိ၍ရသည္။ ၿငိမ္းခ်မ္းေရးယူထားသည္ဟု ဆုိရာတြင္ စုန္းကေဝအစည္းအရံုးက သူတုိ႔၏ စည္းကမ္းမ်ားႏွင့္ သူမကို မထိန္းခ်ဳပ္ထားျခင္းသာ ျဖစ္၏။ သူမသည္ လုပ္ခ်င္ရာလုပ္ပိုင္ခြင့္ရွိသည္။ သို႔ေသာ္ စုန္းကေဝအစည္းအရံုးကိုေတာ့ အႏၱရာယ္ေပးပိုင္ခြင့္မရွိဘဲ အခါအားေလ်ာ္စြာ (ထိုအခါအားေလ်ာ္စြာသည္ သူမ စိတ္ပါလွ်င္) စုန္းကေဝအစည္းအရံုးမွ ျပဳလုပ္သည့္ ပြဲအခမ္းအနားကို တက္ေပးရျခင္းမ်ိဳးေတာ့ ရွိတတ္သည္။

သို႔ေသာ္လည္း စုန္းကေဝအစည္းအရံုးသည္ သူမကို ယံုၾကည္ျခင္းမရွိ။ သူမကလည္း သူမ ပါပဲ။ စိတ္ကသိပ္မမွန္ေခ်ဘူးေလ။

“သူ႔ကို ေစာင့္ခုိင္းထားလား…”

ေမရီသည္ က်ီးနက္ထံမွ အၾကည့္လႊဲ၍ ေမးေလ၏။ ရဲတိုက္တြင္းမွ လိုဏ္သံသည္ ျပန္ထြက္ေပၚလာခဲ့သည္။

“ဟုတ္ကဲ့…”

“အင္း ငါတုိ႔ အခ်ိန္ဆြဲခ်င္သေလာက္ ဆြဲၾကတာေပါ့…”

ေမရီသည္ ႏႈတ္ခမ္းထက္တြင္ ညစ္က်ယ္က်ယ္အျပံဳးတစ္ခုဆင္ျမန္းရင္း ေျပာေခ်၏။

----------





rate now:

2 Reviews
  • reader Yun Ji 26.02.2020, 03:52 5

    wattpadမှာ9ထိပဲ​ရောက်​သေးလို့ ဒီထိ​ရောက်လာခဲ့ပါပြီ🤣

    reply

  • reader ChenBaiLian610099 19.02.2020, 07:29 5

    💝

    reply