book

Index 8

Part - 8

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode

စုန်းများတွင် Familiar ဟု ခေါ်သော ကျေးကျွန်များရှိကြ၏။

ကျေးကျွန်များသည် သူတို့ကိုယ်ပိုင်အမည်များရှိနှင့်ပြီးသားဖြစ်တတ်ကြသည်။

ကျေးကျွန်များကို သခင်ဖြစ်သူသည် အမည်ပေးနိုင်၏။

သို့ရာတွင် ထိုသို့အမည်ပေးနိုင်ဖို့အတွက် စုန်းတစ်ယောက်သည် ကြယ်ငါးပွင့်နှင့်အထက်စုန်းတစ်ယောက် ဖြစ်ရန်လိုအပ်သည်။

ကျေးကျွန်များကို အမည်ပေးခြင်းသည် သခင်နှင့်ကျေးကျွန်စာချုပ်ထက် လေးနက်သည့် ချယ်နှောင်မှုတစ်ခုလည်းဖြစ်သည်။

သခင်မှအမည်ပေးခြင်းခံရသည့် ကျေးကျွန်သည် သခင်သေဆုံးသွားလျှင်တောင်မှ အခြားသခင်တစ်ယောက်ကို ထပ်မံအလုပ်အကျွေးပြု၍မရနိုင်ပေ။

အပိုင်း - ၈ : သခင်မက ခန့်မှန်းရသိပ်ခက်တယ်။

‘တိတ်ဆိတ်နေခြင်းသည် ချမ်းသာခြင်းကို ဆောင်ကျဉ်းပေးတတ်၏။ တိတ်ဆိတ်ခြင်းသည် ပါးနပ်ခြင်းတစ်မျိုးလည်းဖြစ်သည်။ လောကတွင် အသံကျယ်သည့်သူများသည် အလျင်သေဆုံးတတ်ကြ၏။’

“အ! ကျွတ် ကျွတ်! နာတယ်… နာတယ် ကျူးဒိုစ့်!”

ယောင်ကိုင်းနေသည့်ပါးကို ကိုင်ကာ သူ့ကို လက်ဖြင့်အသာဖွဖွပွတ်ပေးနေသည့် ကြောင်နက်ကို သူ ညည်းတွား၏။

“နာမှာပေါ့ မင်းက မဖြစ်နိုင်တာကို သွားလုပ်တာကိုး…”

“အ!”

ညိုမည်းနေသည့် ပါးဖူးဖူးကို အားဖြင့်ဖိလိုက်ရင်း ကျူးဒိုစ့်သည် ပွစိပွစိလုပ်သည်။

မေရီ့ရဲ့တပည့်ဖြစ်ချင်တယ်… ဒီကောင်စုတ်လေးက… နှစ်တစ်ရာလောက်ကြိုးစားလိုက်ဦး!

“မေရီက တကယ်ကြီးလုပ်တယ်…”

ကိုယ့်ပါးကိုယ်လက်ဖြင့်ကိုင်ထားရင်းဖြင့် အဲရစ်သည် မျက်လွှာချကာ ရေရွတ်သည်။ သူ့ပုံစံက ကလေးတစ်ယောက်မှ စားချင်သည့်မုန့်ကို မစားရသဖြင့် စိတ်ညစ်နေသည့် ဟန်မျိုးဖြင့်။ အဲရစ်၏ ကုတ်ကျနေသည့် အတောင်လေးများကို ကြည့်ပြီး အဲရစ်တစ်ယောက် အမှန်တကယ်ပင် စိတ်ဓာတ်ကျနေသည်ဟု ကျူးဒိုစ့်သည် တွက်ဆလိုက်၏။

“အဲ့ဒီ စင်း… စင်း ဆိုတဲ့ တပည့်က မေရီ့တပည့်ဖြစ်ဖို့အတွက် အရမ်းအားထုတ်ခဲ့ရတာ…”

မေရီက သူ့ကိုသင်ပေးရန်ထိုကောင်လေးကို ဝကွက်အပ်ထားသော်လည်း ထိုကောင်လေးက မေရီ့ကိုသာ ဆရာတင်ချင်နေပုံရသည်။ သူ့တာဝန်လည်းကျေ၊ မေရီ့ကိုလည်း ပြန်အမှုပတ်မည့် နည်းကို ကျူးဒိုစ့်သည် ကြောင်ကြံကြံနေတော့၏။ ထိုကောင်လေးက မေရီ့တပည့်ဖြစ်ဖို့က မဖြစ်နိုင်ပါဘူး။ မေရီက တပည့်လက်ခံခြင်းနှင့်ပတ်သက်လျှင် အလွန်ကို စည်းကမ်းတင်းကြပ်သည်လေ။

“နားထောင်…”

အကြံဆိုးကြီးကြံပြီးနောက် ကျူးဒိုစ့်သည် စိတ်ကျေနပ်စွာ သူ့အမြီးကို ဝှေ့ယမ်းလေ၏။ အယ်လမ်သစ်ပင်အောက်ထိုင်နေသည့် ကောင်စုတ်လေးကို သူ ကြည့်ကာ…

“မေရီ့ရဲ့တပည့်ဖြစ်ဖို့က ခက်ခဲကြမ်းတမ်းတယ်ဆိုပေမဲ့ မင်းမှာ ဇွဲရှိရင်တော့ ဖြစ်နိုင်ပါတယ်… ဟို ငချွတ်လေး စင်း တောင်ဖြစ်ခဲ့သေးတာပဲ…”

“စင်း…”

မျက်လုံးဝိုင်းဝိုင်းလေးဖြင့် နားထောင်နေသည့် အဲရစ်ကိုကြည့်ပြီး ကျူးဒိုစ့်သည် ခေါင်းညိတ်သည်။ စင်း ဟူသည့် ကောင်ကလေးကြုံတွေ့ခဲ့ရမှုများကို စီကာပတ်ကုံးဖြင့် သူ ပိုပိုသာသာပြောပြလိုက်လေ၏။ စင်း သည်အမှန်တကယ် ဇွဲရှိသည့် ကောင်ကလေးတစ်ယောက်ဖြစ်သည့်တိုင် ကျူးဒိုစ့်၏ ပါးစပ်ပုံပြင်ကြောင် သူသည် အလွန်ပင် အားတက်သရောရှိသည့် ကောင်လေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အယ်လိုဝင်းသည် သစ်ရွက်များကို လှုပ်ခပ်ရင်းသာ သက်ပြင်းရှိုက်လေ၏။ ထိုသို့ဖြင့် ကျူးဒိုစ့်၏ တစ်ချက်ခုတ်နှစ်ချက်ပြတ် အစီအစဉ်သည် စခဲ့လေသည်။

>>>>><<<<<

“ငါ သတင်းတွေရခဲ့တယ်…”

မျက်မှန်ဝိုင်းကို ချွတ်ကာ မေရီသည် သူမ ပခုံးပေါ်တွယ်တက်လာသည့် မြွေတစ်ကောင်ကို မေးငေါ့ပြ၏။ အဝါရောင်ဖဲကြိုးပေါ်တွင် အနက်ပျောက်လေးများထင်နေသည်ဟု ထင်ရလောက်သည် မြွေသည် ပခုံးပေါ်မှတစ်ဆင့် မေရီ၏ စာကြည့်စားပွဲပေါ်သို့ ဆင်းလာလေသည်။

ရေးသူမပါဘဲ အလိုအလျောက် စာရေးနေသည့် ငှက်မွှေးတံသည် အကြောင်းအရာအချို့ကို မှတ်တမ်းတင်နေခဲ့၏။

“ငရဲမှာ ဆူပူမှုတွေဖြစ်နေတယ်… အဲ့ဒါက မြေပေါ်ကို သက်ရောက်မှုရှိစေလိမ့်မယ်…”

“ငရဲဧကရာဇ်ရွေးချယ်မယ်ဆိုကတည်းက ဒါက ဖြစ်လာမှာပါပဲ…”

မေရီသည် စိတ်မဝင်စားသည့်ဟန်ဖြင့် စာများရေးမှတ်နေသည်ကို ပြန်စစ်ရင်းပြန်ဖြေလေသည်။

“သူတို့က လူတွေကို ဘယ်လောက်များများ သတ်နိုင်လဲဆိုတာနဲ့ လူတွေပျက်စီးအောင် ဘယ်လောက်များများ လုပ်နိုင်လဲ ဆိုတာနဲ့ တိုင်းတာလိမ့်မယ်လေ…”

“လူတွေရဲ့ ဝိညာဉ်က အဖိုးတန်တယ်လေ…”

မြွေသည်ပြန်ဖြေလေ၏။

“နောက်ပြီး ဟိုအဖိုးကြီးက သေတော့မယ်…”

မြွေစကားကြောင့် တိရိစ္ဆာန်တစ်ခု၏သားရေပေါ်တွင် ရေးမှတ်နေသည့် ငှက်မွှေးတံလေးသည် တုံ့ခနဲရပ်သွား၏။

“သူတို့ စုန်းအဖွဲ့အစည်းရဲ့အကြီးအကဲပြန်ရွေးရတော့မယ်… သူတို့က…”

“စုန်းတွေကြား အားပြိုင်မှုတွေရှိလာတော့မှာပေါ့…”

“အင်း… တော်တော်များများက မင်းက အခုဒီအားပြိုင်မှုမှာ ပါလာလိမ့်မယ်လို့ ထင်နေကြတယ်…”

မြွေသည် စကားကိုခဏရပ်၏။ ပြောသင့်မပြောသင့် စဉ်းစားပြီးနောက်မှ သူ ဆက်ပြောလေသည်။

“မင်းက နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းကို မင်းလက်အောက်ထဲ ခေါ်ထားတာက အာဏာကို စိတ်ဝင်စားနေလို့လို့ သူတို့က သတင်းဖြန့်ကြတယ်…”

မေရီသည် မည်သည့်စကားမျှမဆို။ စာရေးခြင်းရပ်သွားသည့် ငှက်မွှေးတံလေးသည်လည်း ဆက်၍ ရေးမှတ်နေခဲ့သည်။

“မင်းက တဖန်ပြန်လည်ဝင်ရောက်လာပြီလို့ သူတို့ကပြောကြတယ်…”

မြွေသည် မေရီ့ကိုတည့်တည့်ကြည့်၍ စကားကို ဆက်ပြောလေသည်။

“လှည့်လည်သွားလာသူ မေရီ… လောကထဲကို တဖန်ပြန်ခြေချပြီလို့ သူတို့က သတင်းဖြန့်ကြတယ်…”

“သြော်…”

ရေးမှတ်နေသည့် ငှက်မွှေးတံသည် မင်အိုးဘေးနားသို့ နေရာယူလေ၏။ မေရီသည် သားရေစာရွက်ကို ကောက်ဖတ်ပြီးနောက် ကျေနပ်မှုဖြင့် ပြုံးသည်။

“သူ့ရဲ့နီနေတဲ့မျက်လုံးတွေက ဒါကြောင့်ကိုး…”

ထို့နောက် မြွေကို သူမ ပြန်ကြည့်၏။

“လှည့်လည်သွားလာသူ မေရီ တဖန်ပြန်ခြေချတယ် ဟုတ်စ…”

သူမသည် ခပ်တိုးတိုးရယ်၏။

“သူတို့ရဲ့အာဏာကဖြင့် ငါ တစ်ချက်နင်းချေလိုက်ရုံနဲ့ ကြေပျက်သွားနိုင်တာကိုများ…”

မေရီ၏ အသံသည် အေးစက်နေခဲ့သည်။

>>>>><<<<<

“အ!”

နေကြာပန်းခင်းထဲ သူ့ကို လွင့်ထွက်အောင်လုပ်သည့် မေရီကို အဲရစ် သနားစဖွယ်မျက်လုံးများဖြင့် ကြည့်၏။

“ငါ့တပည့်ဖြစ်ချင်တယ်… မင်းက… မင်းရဲ့တောင်ပံတွေကိုပဲ အရင်ကြီးအောင် လုပ်စမ်းပါဦး…”

မေရီသည် နေကြာပန်းခင်းထဲ ဆင်းလျှောက်လာ၏။ သူမဝတ်ဆင်ထားသည့် ကြက်သွေးရောင်ဂါဝန်ရှည်သည် နေကြာပန်းကို သွေးတို့စွန်းလိုက်စေသည့်အလား။

နေကြာပန်းများသည် သူတို့ပိုင်နက်ထဲသို့ သားကောင်ရောက်လာသည်နှင့် စတင်တိုက်ခိုက်လာတော့သည်။ လက်သည်းချွန်များဖြင့် ပြန်လည်ခုခံနေရင်းဖြင့် အဲရစ်သည် အရှေ့သို့ အကဲခတ်လေ၏။ သူ့ ခြေထောက်များကို အားပြုကာ မေရီ့နောက်သို့ သူ ခုန်ဝင်လေသည်။

အဲရစ်ကို လိုက်လံတိုက်ခိုက်သည့် နွယ်ပင်တို့သည် မေရီ့မျက်နှာနားရောက်သည့်အချိန်တွင် ချက်ချင်း မြေသို့ညှိုးကျသွားကြလေ၏။ သခင်ကို အန္တရာယ်မပြုရဲသည့် ခွေးပေါက်လေးလို မေရီ့ရှေ့တွင် နေကြာပင်တို့၏ နွယ်များသည် လှုပ်လီလှုပ်လဲ့သာ မြေတွင်တရွတ်တိုက်ဆွဲနေခဲ့သည်။

“တော်တော် အတင့်ရဲတာပဲ…”

မေရီသည် အနောက်သို့လှည့်ကာ သူမကို တံတိုင်းတစ်ခုသဖွယ် အသုံးပြုထားသည့် ကောင်စုတ်လေးကို ဂုတ်မှ ဆွဲမ၏။

“ကျွန်တော့်ကို ဒီအခင်းထဲ ပစ်ချတာ သေကြောင်းကြံစည်နေတာပဲ!”

အဲရစ်သည် ခြေထောက်တိုလေးများကို ရုန်းကန်နေရင်းဖြင့် အော်ဟစ်လေသည်။ ခုနစ်နှစ်အရွယ်ကောင်ကလေးများထက် သူသည် သေးညှပ်နေချေ၏။ ထို့အတွက် မေရီ့လက်တွင် သူ့ပုံစံက မာန်ဖီနေသည့် ကြောင်ပေါက်စလေးတစ်ကောင် သဖွယ်။

မေရီသည် သူမနှင့်ခပ်ဝေးဝေး နေကြာခင်းထဲသို့ အဲရစ်ကို ပြန်ပစ်ချလေသည်။ ထို့နောက် သူမကို အရံသင့်စောင့်နေသည့် တံမြက်စည်းပျံပေါ်သို့ တက်ထိုင်ကာ သူမသည် အဲရစ်နှင့်မလှမ်းမကမ်းခေါင်းပေါ်တွင်သာ ပျံဝဲနေလိုက်၏။ သို့ဆိုလျှင် ထိုငတိကောင်လေးက သူမကို အကာအကွယ်အဖြစ် အသုံးပြုလို့မရတော့ဘူးမဟုတ်လား။

“မင်းရဲ့အတောင်ပံကို အသုံးပြုကြည့်လေ… ဒီကောင်တွေကို မင်းဘယ်လောက်ကြာကြာ ဖြတ်နိုင်မှာလဲ…”

မေရီသည် အဲရစ် ဖြတ်ထားသည့် ပန်းများကို ပြန်ဆက်သွားအောင် မှော်တုတ်တံလေးဝှေ့ကာ အသုံးပြု၍ အသက်သွင်းရင်း ဆိုသည်။ အဲရစ်တစ်ယောက် သွေးတက်ချင်သွားတော့၏။

ထိုအချိန်တွင် ကျူးဒိုစ့်သည် ရဲတိုက်လေသာဆောင်မှသာ မေရီနှင့်အဲရစ်ကို ကြည့်နေခဲ့သည်။ နောက်ဆုံးတော့ မေရီက ဒီကောင်လေးကို သူမလက်နဲ့လေ့ကျင့်ပေးနေပြီ! သူ့ အကြံအောင်တယ်!

“ဒါက မေရီအသစ်ရွေးထားတဲ့ စစ်သူကြီးအသစ်လေးလား…”

“မင်း ဘယ်တုန်းကပြန်ရောက်နေတာလဲ…”

သူ့ဘေးတွင် ထောင်မတ်လာသည့် အဝါရောင်မြွေကြောင့် ကျူးဒိုစ့်တစ်ယောက် ရုတ်တရက်လန့်ဖြတ်သွား၏။

“ဗေဒါ မင်းဘယ်တုန်းက ပြန်ရောက်နေတာလဲ…”

အဝါရောင်မြွေသည် မလှမ်းမကမ်းမှ အလဲအကွဲဖြစ်နေသည့် ကောင်စုတ်လေးကို ကြည့်၏။

“စစ်ပွဲကလာတော့မယ်…”

သူ ခပ်အေးအေးပြောလေသည်။

“စစ်ပွဲက ငါတို့နဲ့ မဆိုင်ပါဘူး…”

ကျူးဒိုစ့်သည် ခပ်သွက်သွက်ပြန်ပြော၏။

“မင်းမေ့နေတာလား ငါက အနာဂတ်ကို ကြည့်နိုင်တဲ့ သူဆိုတာ…”

ကောင်စုတ်လေးကို မေရီမှ ကောင်းကောင်းကြီး ပညာပြနေမှကို ကြည့်နေရာမှ ကျူးဒိုစ့်သည် အဝါရောင်မြွေဘက်သို့ မျက်နှာမူ၏။ သူ့မျက်လုံးများသည် အန္တရာယ်ရှိစွာ မှေးကျဉ်းသွားပြီး ရန်လိုမှုများလျှံထွက်နေသည့် မျက်လုံးများဖြင့် သူသည် အဝါရောင်မြွေကို ကြည့်သည်။

“မေရီ့ကို ငါ မကြည့်ပေးပါဘူး… ဒါပေမဲ့ ဒါက မေရီ့ကို မကြည့်ပေးတာနဲ့ပဲ အခြားသူတွေကို ငါ မကြည့်ပေးဘူးလို့ မဆိုလိုဘူး မဟုတ်လား…”

“ဗေဒါ မင်းက မေရီ့ရဲ့ စစ်သူကြီးဆိုတာကို မမေ့ပါနဲ့…”

အဝါရောင်မြွေသည် ဖဲကြိုးအရွယ်အစားမှ တဖြည်းဖြည်းကြီးမားလာ၏။ စပါးကြီးမြွှေတုတ်တုတ်တစ်ကောင်လောက်နီးနီး ကြီးမားလာပြီးနောက် အဝါရောင်မြွေ၏ အရေခွံများသည် ကွာကျလာတော့သည်။ ကျိချွဲနေသည့် ကြမ်းပေါ်ရှိအရေခွံများကြားမှ လူတစ်ယောက်သည် ထရပ်လာ၏။ သန့်ရှင်းရေးကိရိယာများသည် အလျင်အမြန် မြွေရေခွံရှိနေသည့် နေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့၏ သခင်မသာ ဒါကိုမြင်လျှင် သူတို့တော့ သေပါလိမ့်မည်။ မေရီဟာ အသန့်အပြန့်အလွန်ကြိုက်သူမဟုတ်လား။ သူမက အစီအစဉ်တကျမရှိတာတွေနဲ့ ရှုပ်ပွတာတွေကို မုန်းတယ်လေ။

ကျူးဒိုစ့်သည် မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်ဖြင့် ရပ်နေသည့် ငယ်ရွယ်သည့် ကောင်ကလေးကို မနှစ်မြို့စွာကြည့်၏။ မေရီ့၏ စစ်သူကြီးများတွင် ဗေဒါဟူသည့် ထိုငနဲတစ်ကောင်သာလျှင် လူ့အသွင်ရှိသည့်သူ။

“စိတ်ဝင်စားစရာ ကံကြမ္မာက အဲ့ဒီ နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းလေးကြောင့် စစ်ပွဲက စမှာ…”

ဗေဒါသည် ခပ်အေးအေးရေရွတ်၏။ အဝါရောင်ဆံပင်တွင်အနက်ဖောက်ထားသည့် ဆံပင်ရှည်များက မြေထိလုနီးပါး။

“ငါ ကြည့်ပြီးသလောက် ပြန်ပြောရမလား…”

“မေရီက မင်းရဲ့ ကိုယ်တုံးလုံးကြီးမမြင်အောင်ဘဲ အဝတ်သွားလဲစမ်းပါ မဟုတ်ရင် သူ့နေကြာခင်းရဲ့ မြေသြဇာက ဟိုငချွတ်လေးထက်အရင် မင်းဖြစ်သွားလိမ့်မယ်…”

“တပည့်အဖြစ် လက်မခံမချင်း သူ့ကို သွားနှောင့်ယှက်ဖို့ အကြံပေးထားတာက မင်းဆိုတာ သူသိရင်ရော မင်းလည်း ငါနဲ့အတူ အဖော်လုပ်ရမယ်ထင်တယ်…”

ကျူးဒိုစ့်သည် မြွေစုတ်ဟု ဆဲရေးပြီးနောက် အနှီသကောင့်သား ဝင်သွားသည့် နောက်မှလိုက်သွားရလေ၏။

နေကြာပန်းခင်းအပေါ်တွင် မေရီသည် တံမြက်စည်းပျံပေါ်တွင်ထိုင်လျက်ရှိနေခဲ့ပြီး အဲရစ်ခုတ်ဖြတ်ထားသည့် နေကြာပင်များကို ရှင်အောင်လုပ်နေခဲ့ပြီး အဲရစ်မှာတော့ အဆုံးမသတ်နိုင်သည့် နေကြာများကို တစ်ပင်ပြီးတစ်ပင် ပန်းပွင့်နှင့်ရိုးတံကွဲအောင် ခုတ်ဖြတ်နေလေ၏။

“တကယ်လို့ မင်း အဲ့လိုခုတ်ဖြတ်နေရင် ကြာရင်သေလိမ့်မယ်…”

“ကျွန်တော် သေမှာမဟုတ်ပါဘူး…”

အဲရစ်သည် သူ့ကို တိုက်ခိုက်နေသည့် နေကြာပင်များကိုသာ ခေါင်းမာမာဖြင့် လက်များဖြင့် ပြန်လည်ခုခံနေရင်း ပြန်ခံပြောလေသည်။

“ခင်ဗျား ကျွန်တော့်ကို အသေခံမှာမဟုတ်ဘူး…”

သူ စိတ်တိုတိုဖြင့် ပြောလေ၏။ ဒီ နေကြာပင်တွေက သူ့ကို တော်တော်အာရုံနောက်တာပဲ! သူတို့က မဆုံးနိုင်ဘူး!

“ဘာလို့ငါက မင်းကို အသေမခံရမှာလဲ…”

မေရီသည် အဲရစ် ဖျက်ဆီးသမျှ နေကြာပင်များကို ပြန်လည်အသက်သွင်းနေရင်းမှ ပျင်းရိစွာမေးလေ၏။

“ကျွန်တော့်ကို လက်ခံထားတဲ့တစ်ခုတည်းသော အကြောင်းရင်းက ကျွန်တော့်အဖေကြောင့်မဟုတ်လား…”

မှော်တုတ်တံကို ပျင်းပျင်းနှင့်ဝှေ့ယမ်းနေသည့် မေရီ့လက်များသည် ရပ်သွား၏။ နေကြာပင်များသည် သူတို့သခင်မ၏ ခန္ဓာကိုယ်မှ အေးစိမ့်စိမ့်အငွေ့အသက်ကို ခံစားရသဖြင့် တောင့်ခနဲရပ်သွားကြသည်။

နေသာနေသော်လည်း ရေခဲပြင်တစ်ခုပေါ်သို့ ရောက်နေသည်ဟု အဲရစ်ခံစားလိုက်ရသည်။ ပြင်းထန်သည့် ဖိအားသည် သူ့ကို အသံတစ်ခွန်းပင် မထွက်နိုင်စေ။

“ကောင်စုတ်လေး… မင်းက တအားကို သိတတ်နေတာပဲ…”

မေရီသည် အေးစက်စွာပြောလေ၏။ သူ့ကို ကြီးမားသည့် မြွေတစ်ကောင်မှ ရစ်ခွေထားသည့်အလား သူ့တစ်ကိုယ်လုံးသည် တောင့်နေခဲ့သည်။

“ငါ ဉာဏ်ကောင်းတဲ့ ကျွန်တွေကို သဘောမကျဘူး…”

မေရီ၏ အသံသည် ရေခဲတစ်မျှ အေးစက်နေသေးဆဲ။

“ကျေးကျွန်တွေက သခင်ကို သူတို့တော်ကြောင်း မပြသသင့်ဘူး… ဘာကြောင့်လဲ မင်းသိလား…”

သူ တောင့်တောင့်လေးသာ မေရီကို ကြည့်နေနိုင်ခဲ့သည်။

“သခင်ဆိုတဲ့သူတွေက မကောင်းကြဘူးလေ… သူတို့က ကျေးကျွန်တွေက သိပ်တော်ထက်မြက်နေရင် အဲ့ဒီကျေးကျွန်တွေကို သတ်ပစ်လိုက်ကြတတ်တယ်… တော်လှန်ရေးဆိုတဲ့အရာ မရှိလာအောင်ပေါ့… ဒါက အခြားသော ကိစ္စရပ်တွေမှာလည်း အလားတူပါပဲ… တတ်သိလိမ္မာရင် ဆိတ်ဆိတ်နေတတ်ရတယ်… မနေတတ်ရင် မင်းက ဖယ်ရှားခံရလိမ့်မယ်…”

သူမ၏ မျက်လုံးများသည် သူ့တစ်ကိုယ်လုံးကို ခဲသွားစေလောက်သည်အထိ အေးစက်နေခဲ့သည်။

“ဒါကြောင့်အဲရစ် သင်ခန်းစာယူရမှာက မင်းသိနေရင်တောင် မပြောပါနဲ့…”

တံမြက်စည်းပျံသည် သူနှင့်ခပ်နီးနီးသို့ရောက်အောင် နိမ့်ဆင်းလာခဲ့သည်။ သူမသည် လက်ထဲမှ မှော်တုတ်တံဖြင့် သူ့မေးကို ပင့်မ၏။ သူတို့နှစ်ဦးအချိန်အတန်ကြာ တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေပြီးမှ မေရီသည် ခပ်ဖြည်းဖြည်းပြောလေသည်။

“တိတ်တိတ်လေးနေလို့ အသက်ရှင်သွားတဲ့သူတွေက အသံထွက်လို့ အသက်ရှင်တဲ့လူဦးရေထက် ပိုများတယ်…”

ပြောပြီးသည်နှင့် သူမသည် နေကြာပန်းခင်းဘက်သို့ လှည့်၏။ နေကြာပင်များကို ကြည့်ကာ…

“ဒီနေ့တော့ တော်လိုက်တော့…”

အဲရစ်ကို တိုက်ခိုက်ရန်ပြင်နေသည့် နေကြာပင်များသည် ချက်ချင်းငြိမ်ကျသွား၏။

ပုံမှန်နေကြာပန်းခင်းတစ်ခုလို အေးချမ်းသွားသည့် အနေအထားကို အဲရစ်တအံ့တသြကြည့်သည်။ မေရီက များပြားစွာသော နေကြာပန်းများကို ပုံမှန်အသံမျိုးဖြင့်ပင် ထိန်းချုပ်နိုင်သည်တဲ့လား။ ဒီစုန်းမဟာ ဘယ်လောက်များ အစွမ်းထက်လိုက်လဲ။ သူမ၏ တပည့်ဖြစ်ကိုဖြစ်အောင် သူ အားထုတ်ရလိမ့်မည်။

သူ့ဖခင်ကို ကူညီရန်အတွက်… အမှန်ပြောရလျှင်တော့ သူ့ ဖခင်၏ နေရာကို ယူနိုင်လောက်အောင် သူ ခွန်အားရှိရန်အတွက်။ မည်မျှပင် သူသည် တော်ဝင်သွေးရှိသည့် နတ်ဆိုးတစ်ပါးဖြစ်နေပါစေ။ အခြားသော နတ်ဆိုးများဖြင့် ယှဉ်လျှင်သူက သွေးနှောတစ်ယောက်သာ။ ထို့အတွက် အစွမ်းအရာတွင် သူသည် နိမ့်ပါးနိုင်၏။ သွေးနှောများက မည်သည့်မျိုးနွယ်စုတွင်မဆို အနှိမ်ခံရသည့် မျိုးနွယ်စုများမဟုတ်ပါလား။ သို့သော်သူသည် လူသားတစ်ပိုင်းဖြစ်သည်။ ထို့အတွက် မှော်အစွမ်းကို အသုံးပြုနိုင်ချေ၏။

ရဲတိုက်ထဲ ပြန်ဝင်လာသည့် မေရီ့ကိုမည်သူတစ်ယောက်မျှမတားဆီးရဲကြ။ မေရီသည် လူအသွင်ဖြင့်ရှိနေသည့် ဗေဒါနှင့် ဗေဒါ့ပေါင်ပေါ်တွင် ထိုင်ကာဇိမ်ခံနေသည့် ကျူးဒိုစ့်ကို တစ်ချက်ငဲ့ကြည့်ပြီးနောက် မိမိအိပ်ခန်းရှိရာသို့သာ တက်သွားခဲ့၏။ ကြက်သွေးရောင်အရိပ်ပျောက်သွားတော့မှ ကလေးငယ်တစ်ယောက်သည် ဧည့်ခန်းထဲဝင်လာလေသည်။

“မင်းနဲ့ မေရီ ရန်ဖြစ်လာတာလား…”

သူ့လည်ပင်းကို ဗေဒါပွတ်ပေးခြင်းကို မျက်လုံးများမှေးရင်းငြိမ်ခံနေရာမှ ကျူးဒိုစ့်သည် လှမ်းမေးလေ၏။ အဲရစ်သည် လူသစ်ကို စူးစမ်းသည့် မျက်လုံးများဖြင့်ကြည့်သည်။

“သံသယတွေများလိုက်တာ…”

ဗေဒါသည် ပြုံးတုံ့တုံ့နှုတ်ခမ်းများဖြင့် အဲရစ်ဆိုသည့် ကောင်ကလေးကို နှုတ်ဆက်ခြင်းလည်းမပြု စကားဆိုခြင်းလည်းမမည်သည့် စကားခွန်းကို ဆိုလေ၏။

“မင်း ငါ့အစားသူ့ကို သင်ပေးမယ်လို့ပြောထားတယ်မဟုတ်လား…”

ကျူးဒိုစ့်သည် ဗေဒါကို ခပ်တည်တည်ဆိုလေသည်။ အဲရစ်၏ မျက်နှာသည် မကောင်းနိုင်တော့။ မေရီက ဘာကြောင့်မှန်းမသိ သူ့ကို စိတ်တိုသွားတယ်။ အဲ့ဒါကို ဆရာကပါ သူက ထပ်ပြောင်းရဦးမယ်။ ကဲ ဒီနေ့ထက်သူ့ကံဆိုးတာက ရှိပါဦးမလား။

----------

Zawgyi

စုန္းမ်ားတြင္ Familiar ဟု ေခၚေသာ ေက်းကြ်န္မ်ားရွိၾက၏။

ေက်းကြ်န္မ်ားသည္ သူတုိ႔ကိုယ္ပိုင္အမည္မ်ားရွိႏွင့္ၿပီးသားျဖစ္တတ္ၾကသည္။

ေက်းကြ်န္မ်ားကို သခင္ျဖစ္သူသည္ အမည္ေပးႏုိင္၏။

သို႔ရာတြင္ ထိုသို႔အမည္ေပးႏုိင္ဖို႔အတြက္ စုန္းတစ္ေယာက္သည္ ၾကယ္ငါးပြင့္ႏွင့္အထက္စုန္းတစ္ေယာက္ ျဖစ္ရန္လုိအပ္သည္။

ေက်းကြ်န္မ်ားကို အမည္ေပးျခင္းသည္ သခင္ႏွင့္ေက်းကြ်န္စာခ်ဳပ္ထက္ ေလးနက္သည့္ ခ်ယ္ေႏွာင္မႈတစ္ခုလည္းျဖစ္သည္။

သခင္မွအမည္ေပးျခင္းခံရသည့္ ေက်းကြ်န္သည္ သခင္ေသဆံုးသြားလွ်င္ေတာင္မွ အျခားသခင္တစ္ေယာက္ကို ထပ္မံအလုပ္အေကြ်းျပဳ၍မရႏုိင္ေပ။

အပိုင္း - ၈ : သခင္မက ခန္႔မွန္းရသိပ္ခက္တယ္။

‘တိတ္ဆိတ္ေနျခင္းသည္ ခ်မ္းသာျခင္းကို ေဆာင္က်ဥ္းေပးတတ္၏။ တိတ္ဆိတ္ျခင္းသည္ ပါးနပ္ျခင္းတစ္မ်ိဳးလည္းျဖစ္သည္။ ေလာကတြင္ အသံက်ယ္သည့္သူမ်ားသည္ အလ်င္ေသဆံုးတတ္ၾက၏။’

“အ! ကြ်တ္ ကြ်တ္! နာတယ္… နာတယ္ က်ဴးဒိုစ့္!”

ေယာင္ကိုင္းေနသည့္ပါးကို ကိုင္ကာ သူ႔ကို လက္ျဖင့္အသာဖြဖြပြတ္ေပးေနသည့္ ေၾကာင္နက္ကို သူ ညည္းတြား၏။

“နာမွာေပါ့ မင္းက မျဖစ္ႏိုင္တာကို သြားလုပ္တာကိုး…”

“အ!”

ညိဳမည္းေနသည့္ ပါးဖူးဖူးကို အားျဖင့္ဖိလုိက္ရင္း က်ဴးဒိုစ့္သည္ ပြစိပြစိလုပ္သည္။

ေမရီ႕ရဲ႕တပည့္ျဖစ္ခ်င္တယ္… ဒီေကာင္စုတ္ေလးက… ႏွစ္တစ္ရာေလာက္ႀကိဳးစားလုိက္ဦး!

“ေမရီက တကယ္ႀကီးလုပ္တယ္…”

ကိုယ့္ပါးကိုယ္လက္ျဖင့္ကိုင္ထားရင္းျဖင့္ အဲရစ္သည္ မ်က္လႊာခ်ကာ ေရရြတ္သည္။ သူ႔ပံုစံက ကေလးတစ္ေယာက္မွ စားခ်င္သည့္မုန္႔ကို မစားရသျဖင့္ စိတ္ညစ္ေနသည့္ ဟန္မ်ိဳးျဖင့္။ အဲရစ္၏ ကုတ္က်ေနသည့္ အေတာင္ေလးမ်ားကို ၾကည့္ၿပီး အဲရစ္တစ္ေယာက္ အမွန္တကယ္ပင္ စိတ္ဓာတ္က်ေနသည္ဟု က်ဴးဒိုစ့္သည္ တြက္ဆလုိက္၏။

“အဲ့ဒီ စင္း… စင္း ဆုိတဲ့ တပည့္က ေမရီ႕တပည့္ျဖစ္ဖို႔အတြက္ အရမ္းအားထုတ္ခဲ့ရတာ…”

ေမရီက သူ႔ကိုသင္ေပးရန္ထိုေကာင္ေလးကို ဝကြက္အပ္ထားေသာ္လည္း ထိုေကာင္ေလးက ေမရီ႕ကိုသာ ဆရာတင္ခ်င္ေနပံုရသည္။ သူ႔တာဝန္လည္းေက်၊ ေမရီ႕ကိုလည္း ျပန္အမႈပတ္မည့္ နည္းကို က်ဴးဒိုစ့္သည္ ေၾကာင္ၾကံၾကံေနေတာ့၏။ ထိုေကာင္ေလးက ေမရီ႕တပည့္ျဖစ္ဖို႔က မျဖစ္ႏုိင္ပါဘူး။ ေမရီက တပည့္လက္ခံျခင္းႏွင့္ပတ္သက္လွ်င္ အလြန္ကို စည္းကမ္းတင္းၾကပ္သည္ေလ။

“နားေထာင္…”

အၾကံဆုိးႀကီးၾကံၿပီးေနာက္ က်ဴးဒိုစ့္သည္ စိတ္ေက်နပ္စြာ သူ႔အၿမီးကို ေဝွ႔ယမ္းေလ၏။ အယ္လမ္သစ္ပင္ေအာက္ထိုင္ေနသည့္ ေကာင္စုတ္ေလးကို သူ ၾကည့္ကာ…

“ေမရီ႕ရဲ႕တပည့္ျဖစ္ဖို႔က ခက္ခဲၾကမ္းတမ္းတယ္ဆုိေပမဲ့ မင္းမွာ ဇြဲရွိရင္ေတာ့ ျဖစ္ႏုိင္ပါတယ္… ဟို ငခြ်တ္ေလး စင္း ေတာင္ျဖစ္ခဲ့ေသးတာပဲ…”

“စင္း…”

မ်က္လံုးဝိုင္းဝိုင္းေလးျဖင့္ နားေထာင္ေနသည့္ အဲရစ္ကိုၾကည့္ၿပီး က်ဴးဒိုစ့္သည္ ေခါင္းညိတ္သည္။ စင္း ဟူသည့္ ေကာင္ကေလးၾကံဳေတြ႔ခဲ့ရမႈမ်ားကို စီကာပတ္ကံုးျဖင့္ သူ ပိုပိုသာသာေျပာျပလိုက္ေလ၏။ စင္း သည္အမွန္တကယ္ ဇြဲရွိသည့္ ေကာင္ကေလးတစ္ေယာက္ျဖစ္သည့္တုိင္ က်ဴးဒိုစ့္၏ ပါးစပ္ပံုျပင္ေၾကာင္ သူသည္ အလြန္ပင္ အားတက္သေရာရွိသည့္ ေကာင္ေလးအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။

အယ္လိုဝင္းသည္ သစ္ရြက္မ်ားကို လႈပ္ခပ္ရင္းသာ သက္ျပင္းရိႈက္ေလ၏။ ထိုသို႔ျဖင့္ က်ဴးဒုိစ့္၏ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ အစီအစဥ္သည္ စခဲ့ေလသည္။

>>>>><<<<<

“ငါ သတင္းေတြရခဲ့တယ္…”

မ်က္မွန္ဝိုင္းကို ခြ်တ္ကာ ေမရီသည္ သူမ ပခံုးေပၚတြယ္တက္လာသည့္ ေျမြတစ္ေကာင္ကို ေမးေငါ့ျပ၏။ အဝါေရာင္ဖဲႀကိဳးေပၚတြင္ အနက္ေပ်ာက္ေလးမ်ားထင္ေနသည္ဟု ထင္ရေလာက္သည္ ေျမြသည္ ပခံုးေပၚမွတစ္ဆင့္ ေမရီ၏ စာၾကည့္စားပြဲေပၚသို႔ ဆင္းလာေလသည္။

ေရးသူမပါဘဲ အလုိအေလ်ာက္ စာေရးေနသည့္ ငွက္ေမႊးတံသည္ အေၾကာင္းအရာအခ်ိဳ႕ကို မွတ္တမ္းတင္ေနခဲ့၏။

“ငရဲမွာ ဆူပူမႈေတြျဖစ္ေနတယ္… အဲ့ဒါက ေျမေပၚကို သက္ေရာက္မႈရွိေစလိမ့္မယ္…”

“ငရဲဧကရာဇ္ေရြးခ်ယ္မယ္ဆိုကတည္းက ဒါက ျဖစ္လာမွာပါပဲ…”

ေမရီသည္ စိတ္မဝင္စားသည့္ဟန္ျဖင့္ စာမ်ားေရးမွတ္ေနသည္ကို ျပန္စစ္ရင္းျပန္ေျဖေလသည္။

“သူတုိ႔က လူေတြကို ဘယ္ေလာက္မ်ားမ်ား သတ္ႏုိင္လဲဆုိတာနဲ႔ လူေတြပ်က္စီးေအာင္ ဘယ္ေလာက္မ်ားမ်ား လုပ္ႏုိင္လဲ ဆိုတာနဲ႔ တိုင္းတာလိမ့္မယ္ေလ…”

“လူေတြရဲ႕ ဝိညာဥ္က အဖိုးတန္တယ္ေလ…”

ေျမြသည္ျပန္ေျဖေလ၏။

“ေနာက္ၿပီး ဟိုအဖိုးႀကီးက ေသေတာ့မယ္…”

ေျမြစကားေၾကာင့္ တိရိစၦာန္တစ္ခု၏သားေရေပၚတြင္ ေရးမွတ္ေနသည့္ ငွက္ေမႊးတံေလးသည္ တံု႔ခနဲရပ္သြား၏။

“သူတုိ႔ စုန္းအဖြဲ႔အစည္းရဲ႕အႀကီးအကဲျပန္ေရြးရေတာ့မယ္… သူတုိ႔က…”

“စုန္းေတြၾကား အားၿပိဳင္မႈေတြရွိလာေတာ့မွာေပါ့…”

“အင္း… ေတာ္ေတာ္မ်ားမ်ားက မင္းက အခုဒီအားၿပိဳင္မႈမွာ ပါလာလိမ့္မယ္လုိ႔ ထင္ေနၾကတယ္…”

ေျမြသည္ စကားကိုခဏရပ္၏။ ေျပာသင့္မေျပာသင့္ စဥ္းစားၿပီးေနာက္မွ သူ ဆက္ေျပာေလသည္။

“မင္းက နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းကုိ မင္းလက္ေအာက္ထဲ ေခၚထားတာက အာဏာကို စိတ္ဝင္စားေနလို႔လို႔ သူတုိ႔က သတင္းျဖန္႔ၾကတယ္…”

ေမရီသည္ မည္သည့္စကားမွ်မဆို။ စာေရးျခင္းရပ္သြားသည့္ ငွက္ေမႊးတံေလးသည္လည္း ဆက္၍ ေရးမွတ္ေနခဲ့သည္။

“မင္းက တဖန္ျပန္လည္ဝင္ေရာက္လာၿပီလုိ႔ သူတို႔ကေျပာၾကတယ္…”

ေျမြသည္ ေမရီ႕ကိုတည့္တည့္ၾကည့္၍ စကားကို ဆက္ေျပာေလသည္။

“လွည့္လည္သြားလာသူ ေမရီ… ေလာကထဲကို တဖန္ျပန္ေျခခ်ၿပီလို႔ သူတုိ႔က သတင္းျဖန္႔ၾကတယ္…”

“ေၾသာ္…”

ေရးမွတ္ေနသည့္ ငွက္ေမႊးတံသည္ မင္အိုးေဘးနားသို႔ ေနရာယူေလ၏။ ေမရီသည္ သားေရစာရြက္ကို ေကာက္ဖတ္ၿပီးေနာက္ ေက်နပ္မႈျဖင့္ ျပံဳးသည္။

“သူ႔ရဲ႕နီေနတဲ့မ်က္လံုးေတြက ဒါေၾကာင့္ကိုး…”

ထို႔ေနာက္ ေျမြကို သူမ ျပန္ၾကည့္၏။

“လွည့္လည္သြားလာသူ ေမရီ တဖန္ျပန္ေျခခ်တယ္ ဟုတ္စ…”

သူမသည္ ခပ္တိုးတုိးရယ္၏။

“သူတုိ႔ရဲ႕အာဏာကျဖင့္ ငါ တစ္ခ်က္နင္းေခ်လုိက္ရံုနဲ႔ ေၾကပ်က္သြားႏုိင္တာကိုမ်ား…”

ေမရီ၏ အသံသည္ ေအးစက္ေနခဲ့သည္။

>>>>><<<<<

“အ!”

ေနၾကာပန္းခင္းထဲ သူ႔ကို လြင့္ထြက္ေအာင္လုပ္သည့္ ေမရီကို အဲရစ္ သနားစဖြယ္မ်က္လံုးမ်ားျဖင့္ ၾကည့္၏။

“ငါ့တပည့္ျဖစ္ခ်င္တယ္… မင္းက… မင္းရဲ႕ေတာင္ပံေတြကိုပဲ အရင္ႀကီးေအာင္ လုပ္စမ္းပါဦး…”

ေမရီသည္ ေနၾကာပန္းခင္းထဲ ဆင္းေလွ်ာက္လာ၏။ သူမဝတ္ဆင္ထားသည့္ ၾကက္ေသြးေရာင္ဂါဝန္ရွည္သည္ ေနၾကာပန္းကို ေသြးတုိ႔စြန္းလုိက္ေစသည့္အလား။

ေနၾကာပန္းမ်ားသည္ သူတုိ႔ပိုင္နက္ထဲသို႔ သားေကာင္ေရာက္လာသည္ႏွင့္ စတင္တိုက္ခုိက္လာေတာ့သည္။ လက္သည္းခြ်န္မ်ားျဖင့္ ျပန္လည္ခုခံေနရင္းျဖင့္ အဲရစ္သည္ အေရွ႕သို႔ အကဲခတ္ေလ၏။ သူ႔ ေျခေထာက္မ်ားကို အားျပဳကာ ေမရီ႕ေနာက္သို႔ သူ ခုန္ဝင္ေလသည္။

အဲရစ္ကို လိုက္လံတုိက္ခိုက္သည့္ ႏြယ္ပင္တုိ႔သည္ ေမရီ႕မ်က္ႏွာနားေရာက္သည့္အခ်ိန္တြင္ ခ်က္ခ်င္း ေျမသို႔ညိွဳးက်သြားၾကေလ၏။ သခင္ကို အႏၱရာယ္မျပဳရဲသည့္ ေခြးေပါက္ေလးလို ေမရီ႕ေရွ႕တြင္ ေနၾကာပင္တုိ႔၏ ႏြယ္မ်ားသည္ လႈပ္လီလႈပ္လဲ့သာ ေျမတြင္တရြတ္တုိက္ဆြဲေနခဲ့သည္။

“ေတာ္ေတာ္ အတင့္ရဲတာပဲ…”

ေမရီသည္ အေနာက္သို႔လွည့္ကာ သူမကို တံတုိင္းတစ္ခုသဖြယ္ အသံုးျပဳထားသည့္ ေကာင္စုတ္ေလးကို ဂုတ္မွ ဆြဲမ၏။

“ကြ်န္ေတာ့္ကို ဒီအခင္းထဲ ပစ္ခ်တာ ေသေၾကာင္းၾကံစည္ေနတာပဲ!”

အဲရစ္သည္ ေျခေထာက္တုိေလးမ်ားကို ရုန္းကန္ေနရင္းျဖင့္ ေအာ္ဟစ္ေလသည္။ ခုနစ္ႏွစ္အရြယ္ေကာင္ကေလးမ်ားထက္ သူသည္ ေသးညွပ္ေနေခ်၏။ ထို႔အတြက္ ေမရီ႕လက္တြင္ သူ႔ပံုစံက မာန္ဖီေနသည့္ ေၾကာင္ေပါက္စေလးတစ္ေကာင္ သဖြယ္။

ေမရီသည္ သူမႏွင့္ခပ္ေဝးေဝး ေနၾကာခင္းထဲသို႔ အဲရစ္ကို ျပန္ပစ္ခ်ေလသည္။ ထို႔ေနာက္ သူမကို အရံသင့္ေစာင့္ေနသည့္ တံျမက္စည္းပ်ံေပၚသို႔ တက္ထုိင္ကာ သူမသည္ အဲရစ္ႏွင့္မလွမ္းမကမ္းေခါင္းေပၚတြင္သာ ပ်ံဝဲေနလုိက္၏။ သို႔ဆုိလွ်င္ ထိုငတိေကာင္ေလးက သူမကို အကာအကြယ္အျဖစ္ အသံုးျပဳလုိ႔မရေတာ့ဘူးမဟုတ္လား။

“မင္းရဲ႕အေတာင္ပံကို အသံုးျပဳၾကည့္ေလ… ဒီေကာင္ေတြကို မင္းဘယ္ေလာက္ၾကာၾကာ ျဖတ္ႏုိင္မွာလဲ…”

ေမရီသည္ အဲရစ္ ျဖတ္ထားသည့္ ပန္းမ်ားကို ျပန္ဆက္သြားေအာင္ ေမွာ္တုတ္တံေလးေဝွ႔ကာ အသံုးျပဳ၍ အသက္သြင္းရင္း ဆုိသည္။ အဲရစ္တစ္ေယာက္ ေသြးတက္ခ်င္သြားေတာ့၏။

ထိုအခ်ိန္တြင္ က်ဴးဒိုစ့္သည္ ရဲတုိက္ေလသာေဆာင္မွသာ ေမရီႏွင့္အဲရစ္ကို ၾကည့္ေနခဲ့သည္။ ေနာက္ဆံုးေတာ့ ေမရီက ဒီေကာင္ေလးကို သူမလက္နဲ႔ေလ့က်င့္ေပးေနၿပီ! သူ႔ အၾကံေအာင္တယ္!

“ဒါက ေမရီအသစ္ေရြးထားတဲ့ စစ္သူႀကီးအသစ္ေလးလား…”

“မင္း ဘယ္တုန္းကျပန္ေရာက္ေနတာလဲ…”

သူ႔ေဘးတြင္ ေထာင္မတ္လာသည့္ အဝါေရာင္ေျမြေၾကာင့္ က်ဴးဒိုစ့္တစ္ေယာက္ ရုတ္တရက္လန္႔ျဖတ္သြား၏။

“ေဗဒါ မင္းဘယ္တုန္းက ျပန္ေရာက္ေနတာလဲ…”

အဝါေရာင္ေျမြသည္ မလွမ္းမကမ္းမွ အလဲအကြဲျဖစ္ေနသည့္ ေကာင္စုတ္ေလးကို ၾကည့္၏။

“စစ္ပြဲကလာေတာ့မယ္…”

သူ ခပ္ေအးေအးေျပာေလသည္။

“စစ္ပြဲက ငါတုိ႔နဲ႔ မဆုိင္ပါဘူး…”

က်ဴးဒိုစ့္သည္ ခပ္သြက္သြက္ျပန္ေျပာ၏။

“မင္းေမ့ေနတာလား ငါက အနာဂတ္ကို ၾကည့္ႏုိင္တဲ့ သူဆုိတာ…”

ေကာင္စုတ္ေလးကို ေမရီမွ ေကာင္းေကာင္းႀကီး ပညာျပေနမွကို ၾကည့္ေနရာမွ က်ဴးဒုိစ့္သည္ အဝါေရာင္ေျမြဘက္သို႔ မ်က္ႏွာမူ၏။ သူ႔မ်က္လံုးမ်ားသည္ အႏၱရာယ္ရွိစြာ ေမွးက်ဥ္းသြားၿပီး ရန္လုိမႈမ်ားလွ်ံထြက္ေနသည့္ မ်က္လံုးမ်ားျဖင့္ သူသည္ အဝါေရာင္ေျမြကို ၾကည့္သည္။

“ေမရီ႕ကို ငါ မၾကည့္ေပးပါဘူး… ဒါေပမဲ့ ဒါက ေမရီ႕ကို မၾကည့္ေပးတာနဲ႔ပဲ အျခားသူေတြကို ငါ မၾကည့္ေပးဘူးလို႔ မဆုိလုိဘူး မဟုတ္လား…”

“ေဗဒါ မင္းက ေမရီ႕ရဲ႕ စစ္သူႀကီးဆုိတာကို မေမ့ပါနဲ႔…”

အဝါေရာင္ေျမြသည္ ဖဲႀကိဳးအရြယ္အစားမွ တျဖည္းျဖည္းႀကီးမားလာ၏။ စပါးႀကီးေျမႊတုတ္တုတ္တစ္ေကာင္ေလာက္နီးနီး ႀကီးမားလာၿပီးေနာက္ အဝါေရာင္ေျမြ၏ အေရခြံမ်ားသည္ ကြာက်လာေတာ့သည္။ က်ိခြ်ဲေနသည့္ ၾကမ္းေပၚရွိအေရခြံမ်ားၾကားမွ လူတစ္ေယာက္သည္ ထရပ္လာ၏။ သန္႔ရွင္းေရးကိရိယာမ်ားသည္ အလ်င္အျမန္ ေျမြေရခြံရွိေနသည့္ ေနရာသို႔ ေရာက္လာခဲ့ၾကသည္။ သူတုိ႔၏ သခင္မသာ ဒါကိုျမင္လွ်င္ သူတုိ႔ေတာ့ ေသပါလိမ့္မည္။ ေမရီဟာ အသန္႔အျပန္႔အလြန္ႀကိဳက္သူမဟုတ္လား။ သူမက အစီအစဥ္တက်မရွိတာေတြနဲ႔ ရႈပ္ပြတာေတြကို မုန္းတယ္ေလ။

က်ဴးဒုိစ့္သည္ မိေမြးတုိင္းဖေမြးတုိင္းခႏၶာကိုယ္ျဖင့္ ရပ္ေနသည့္ ငယ္ရြယ္သည့္ ေကာင္ကေလးကို မႏွစ္ၿမိဳ႕စြာၾကည့္၏။ ေမရီ႕၏ စစ္သူႀကီးမ်ားတြင္ ေဗဒါဟူသည့္ ထုိငနဲတစ္ေကာင္သာလွ်င္ လူ႔အသြင္ရွိသည့္သူ။

“စိတ္ဝင္စားစရာ ကံၾကမၼာက အဲ့ဒီ နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းေလးေၾကာင့္ စစ္ပြဲက စမွာ…”

ေဗဒါသည္ ခပ္ေအးေအးေရရြတ္၏။ အဝါေရာင္ဆံပင္တြင္အနက္ေဖာက္ထားသည့္ ဆံပင္ရွည္မ်ားက ေျမထိလုနီးပါး။

“ငါ ၾကည့္ၿပီးသေလာက္ ျပန္ေျပာရမလား…”

“ေမရီက မင္းရဲ႕ ကိုယ္တုံးလံုးႀကီးမျမင္ေအာင္ဘဲ အဝတ္သြားလဲစမ္းပါ မဟုတ္ရင္ သူ႔ေနၾကာခင္းရဲ႕ ေျမၾသဇာက ဟိုငခြ်တ္ေလးထက္အရင္ မင္းျဖစ္သြားလိမ့္မယ္…”

“တပည့္အျဖစ္ လက္မခံမခ်င္း သူ႔ကို သြားေႏွာင့္ယွက္ဖို႔ အၾကံေပးထားတာက မင္းဆိုတာ သူသိရင္ေရာ မင္းလည္း ငါနဲ႔အတူ အေဖာ္လုပ္ရမယ္ထင္တယ္…”

က်ဴးဒိုစ့္သည္ ေျမြစုတ္ဟု ဆဲေရးၿပီးေနာက္ အႏီွသေကာင့္သား ဝင္သြားသည့္ ေနာက္မွလုိက္သြားရေလ၏။

ေနၾကာပန္းခင္းအေပၚတြင္ ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ထုိင္လ်က္ရွိေနခဲ့ၿပီး အဲရစ္ခုတ္ျဖတ္ထားသည့္ ေနၾကာပင္မ်ားကို ရွင္ေအာင္လုပ္ေနခဲ့ၿပီး အဲရစ္မွာေတာ့ အဆံုးမသတ္ႏိုင္သည့္ ေနၾကာမ်ားကို တစ္ပင္ၿပီးတစ္ပင္ ပန္းပြင့္ႏွင့္ရိုးတံကြဲေအာင္ ခုတ္ျဖတ္ေနေလ၏။

“တကယ္လုိ႔ မင္း အဲ့လုိခုတ္ျဖတ္ေနရင္ ၾကာရင္ေသလိမ့္မယ္…”

“ကြ်န္ေတာ္ ေသမွာမဟုတ္ပါဘူး…”

အဲရစ္သည္ သူ႔ကို တုိက္ခုိက္ေနသည့္ ေနၾကာပင္မ်ားကိုသာ ေခါင္းမာမာျဖင့္ လက္မ်ားျဖင့္ ျပန္လည္ခုခံေနရင္း ျပန္ခံေျပာေလသည္။

“ခင္ဗ်ား ကြ်န္ေတာ့္ကို အေသခံမွာမဟုတ္ဘူး…”

သူ စိတ္တိုတိုျဖင့္ ေျပာေလ၏။ ဒီ ေနၾကာပင္ေတြက သူ႔ကို ေတာ္ေတာ္အာရံုေနာက္တာပဲ! သူတုိ႔က မဆံုးႏိုင္ဘူး!

“ဘာလုိ႔ငါက မင္းကို အေသမခံရမွာလဲ…”

ေမရီသည္ အဲရစ္ ဖ်က္ဆီးသမွ် ေနၾကာပင္မ်ားကို ျပန္လည္အသက္သြင္းေနရင္းမွ ပ်င္းရိစြာေမးေလ၏။

“ကြ်န္ေတာ့္ကို လက္ခံထားတဲ့တစ္ခုတည္းေသာ အေၾကာင္းရင္းက ကြ်န္ေတာ့္အေဖေၾကာင့္မဟုတ္လား…”

ေမွာ္တုတ္တံကို ပ်င္းပ်င္းႏွင့္ေဝွ႔ယမ္းေနသည့္ ေမရီ႕လက္မ်ားသည္ ရပ္သြား၏။ ေနၾကာပင္မ်ားသည္ သူတုိ႔သခင္မ၏ ခႏၶာကိုယ္မွ ေအးစိမ့္စိမ့္အေငြ႔အသက္ကို ခံစားရသျဖင့္ ေတာင့္ခနဲရပ္သြားၾကသည္။

ေနသာေနေသာ္လည္း ေရခဲျပင္တစ္ခုေပၚသို႔ ေရာက္ေနသည္ဟု အဲရစ္ခံစားလုိက္ရသည္။ ျပင္းထန္သည့္ ဖိအားသည္ သူ႔ကို အသံတစ္ခြန္းပင္ မထြက္ႏုိင္ေစ။

“ေကာင္စုတ္ေလး… မင္းက တအားကို သိတတ္ေနတာပဲ…”

ေမရီသည္ ေအးစက္စြာေျပာေလ၏။ သူ႔ကို ႀကီးမားသည့္ ေျမြတစ္ေကာင္မွ ရစ္ေခြထားသည့္အလား သူ႔တစ္ကိုယ္လံုးသည္ ေတာင့္ေနခဲ့သည္။

“ငါ ဥာဏ္ေကာင္းတဲ့ ကြ်န္ေတြကို သေဘာမက်ဘူး…”

ေမရီ၏ အသံသည္ ေရခဲတစ္မွ် ေအးစက္ေနေသးဆဲ။

“ေက်းကြ်န္ေတြက သခင္ကို သူတုိ႔ေတာ္ေၾကာင္း မျပသသင့္ဘူး… ဘာေၾကာင့္လဲ မင္းသိလား…”

သူ ေတာင့္ေတာင့္ေလးသာ ေမရီကို ၾကည့္ေနႏိုင္ခဲ့သည္။

“သခင္ဆုိတဲ့သူေတြက မေကာင္းၾကဘူးေလ… သူတုိ႔က ေက်းကြ်န္ေတြက သိပ္ေတာ္ထက္ျမက္ေနရင္ အဲ့ဒီေက်းကြ်န္ေတြကို သတ္ပစ္လုိက္ၾကတတ္တယ္… ေတာ္လွန္ေရးဆုိတဲ့အရာ မရွိလာေအာင္ေပါ့… ဒါက အျခားေသာ ကိစၥရပ္ေတြမွာလည္း အလားတူပါပဲ… တတ္သိလိမၼာရင္ ဆိတ္ဆိတ္ေနတတ္ရတယ္… မေနတတ္ရင္ မင္းက ဖယ္ရွားခံရလိမ့္မယ္…”

သူမ၏ မ်က္လံုးမ်ားသည္ သူ႔တစ္ကိုယ္လံုးကို ခဲသြားေစေလာက္သည္အထိ ေအးစက္ေနခဲ့သည္။

“ဒါေၾကာင့္အဲရစ္ သင္ခန္းစာယူရမွာက မင္းသိေနရင္ေတာင္ မေျပာပါနဲ႔…”

တံျမက္စည္းပ်ံသည္ သူႏွင့္ခပ္နီးနီးသို႔ေရာက္ေအာင္ နိမ့္ဆင္းလာခဲ့သည္။ သူမသည္ လက္ထဲမွ ေမွာ္တုတ္တံျဖင့္ သူ႔ေမးကို ပင့္မ၏။ သူတုိ႔ႏွစ္ဦးအခ်ိန္အတန္ၾကာ တစ္ဦးႏွင့္တစ္ဦး စိုက္ၾကည့္ေနၿပီးမွ ေမရီသည္ ခပ္ျဖည္းျဖည္းေျပာေလသည္။

“တိတ္တိတ္ေလးေနလို႔ အသက္ရွင္သြားတဲ့သူေတြက အသံထြက္လုိ႔ အသက္ရွင္တဲ့လူဦးေရထက္ ပိုမ်ားတယ္…”

ေျပာၿပီးသည္ႏွင့္ သူမသည္ ေနၾကာပန္းခင္းဘက္သို႔ လွည့္၏။ ေနၾကာပင္မ်ားကို ၾကည့္ကာ…

“ဒီေန႔ေတာ့ ေတာ္လုိက္ေတာ့…”

အဲရစ္ကို တုိက္ခိုက္ရန္ျပင္ေနသည့္ ေနၾကာပင္မ်ားသည္ ခ်က္ခ်င္းၿငိမ္က်သြား၏။

ပံုမွန္ေနၾကာပန္းခင္းတစ္ခုလို ေအးခ်မ္းသြားသည့္ အေနအထားကို အဲရစ္တအ့ံတၾသၾကည့္သည္။ ေမရီက မ်ားျပားစြာေသာ ေနၾကာပန္းမ်ားကို ပံုမွန္အသံမ်ိဳးျဖင့္ပင္ ထိန္းခ်ဳပ္ႏုိင္သည္တဲ့လား။ ဒီစုန္းမဟာ ဘယ္ေလာက္မ်ား အစြမ္းထက္လုိက္လဲ။ သူမ၏ တပည့္ျဖစ္ကိုျဖစ္ေအာင္ သူ အားထုတ္ရလိမ့္မည္။

သူ႔ဖခင္ကို ကူညီရန္အတြက္… အမွန္ေျပာရလွ်င္ေတာ့ သူ႔ ဖခင္၏ ေနရာကို ယူႏိုင္ေလာက္ေအာင္ သူ ခြန္အားရွိရန္အတြက္။ မည္မွ်ပင္ သူသည္ ေတာ္ဝင္ေသြးရွိသည့္ နတ္ဆိုးတစ္ပါးျဖစ္ေနပါေစ။ အျခားေသာ နတ္ဆိုးမ်ားျဖင့္ ယွဥ္လွ်င္သူက ေသြးေႏွာတစ္ေယာက္သာ။ ထို႔အတြက္ အစြမ္းအရာတြင္ သူသည္ နိမ့္ပါးႏုိင္၏။ ေသြးေႏွာမ်ားက မည္သည့္မ်ိဳးႏြယ္စုတြင္မဆုိ အႏိွမ္ခံရသည့္ မ်ိဳးႏြယ္စုမ်ားမဟုတ္ပါလား။ သို႔ေသာ္သူသည္ လူသားတစ္ပိုင္းျဖစ္သည္။ ထို႔အတြက္ ေမွာ္အစြမ္းကို အသံုးျပဳႏုိင္ေခ်၏။

ရဲတိုက္ထဲ ျပန္ဝင္လာသည့္ ေမရီ႕ကိုမည္သူတစ္ေယာက္မွ်မတားဆီးရဲၾက။ ေမရီသည္ လူအသြင္ျဖင့္ရွိေနသည့္ ေဗဒါႏွင့္ ေဗဒါ့ေပါင္ေပၚတြင္ ထိုင္ကာဇိမ္ခံေနသည့္ က်ဴးဒိုစ့္ကို တစ္ခ်က္ငဲ့ၾကည့္ၿပီးေနာက္ မိမိအိပ္ခန္းရွိရာသို႔သာ တက္သြားခဲ့၏။ ၾကက္ေသြးေရာင္အရိပ္ေပ်ာက္သြားေတာ့မွ ကေလးငယ္တစ္ေယာက္သည္ ဧည့္ခန္းထဲဝင္လာေလသည္။

“မင္းနဲ႔ ေမရီ ရန္ျဖစ္လာတာလား…”

သူ႔လည္ပင္းကို ေဗဒါပြတ္ေပးျခင္းကို မ်က္လံုးမ်ားေမွးရင္းၿငိမ္ခံေနရာမွ က်ဴးဒုိစ့္သည္ လွမ္းေမးေလ၏။ အဲရစ္သည္ လူသစ္ကို စူးစမ္းသည့္ မ်က္လံုးမ်ားျဖင့္ၾကည့္သည္။

“သံသယေတြမ်ားလုိက္တာ…”

ေဗဒါသည္ ျပံဳးတံု႔တံု႔ႏႈတ္ခမ္းမ်ားျဖင့္ အဲရစ္ဆုိသည့္ ေကာင္ကေလးကို ႏႈတ္ဆက္ျခင္းလည္းမျပဳ စကားဆုိျခင္းလည္းမမည္သည့္ စကားခြန္းကို ဆုိေလ၏။

“မင္း ငါ့အစားသူ႔ကို သင္ေပးမယ္လုိ႔ေျပာထားတယ္မဟုတ္လား…”

က်ဴးဒိုစ့္္သည္ ေဗဒါကို ခပ္တည္တည္ဆုိေလသည္။ အဲရစ္၏ မ်က္ႏွာသည္ မေကာင္းႏုိင္ေတာ့။ ေမရီက ဘာေၾကာင့္မွန္းမသိ သူ႔ကို စိတ္တိုသြားတယ္။ အဲ့ဒါကို ဆရာကပါ သူက ထပ္ေျပာင္းရဦးမယ္။ ကဲ ဒီေန႔ထက္သူ႔ကံဆိုးတာက ရွိပါဦးမလား။

----------





rate now:

2 Reviews
  • reader ChenBaiLian610099 19.02.2020, 07:25 5

    💖

    reply

  • reader ChenBaiLian610099 18.02.2020, 03:34 5

    💖

    reply