Unicode
ထိုခေတ်အခါက လူတို့သည် စုန်းကဝေများကိုကြောက်လန့်ကြ၏။
သာမန်လူများမဟုတ်သည့် အစွမ်းရှိသည့် စုန်းကဝေများကို စုန်းကဝေပညာရှင်အဖွဲ့အစည်းက အုပ်စိုးသည်။
လူတို့ကိုအကျိုးပြုသည့် စုန်းကဝေများကို အဖြူရောင်စုန်းကဝေများဟုခေါ်၏။
လူတို့ကိုအန္တရာယ်ပေးပြီး တိုက်ခိုက်သူများသည် အနက်ရောင်စုန်းကဝေများဖြစ်ကြပြီး
မိမိစိတ်လိုရာအတိုင်းလုပ်သည့် သူတို့သည် မီးခိုရောင်စုန်းကဝေများဖြစ်ကြသည်။
စုန်းပညာရှင်အဖွဲ့အစည်း (သို့) စုန်းပညာရှင် အစည်းအရုံးသည် စုန်းလိုက်မုဆိုးများဖြင့် ပူးပေါင်းမှုရှိ၏။
စုန်းကဝေများကို သူတို့၏ မန္တန်အသက်သွင်းမှုစကားလုံးအရေအတွက်နှင့် အဆင့်ခွဲခြားသည်။
စုန်းကဝေများ၏ ကျွမ်းကျင်မှုသည် ကွဲပြားမှုအမြောက်အမြားရှိ၏။
ထိုထဲမှ တစ်ခုသည်ကား…
အပိုင်း - ၇ : အသက်သွင်းသူ။
‘လူတို့တွင် ဘယ်သောအခါမှ မေ့လျော့ခြင်း၊ စွန့်ပစ်ခြင်းမပြုနိုင်သည့် စွဲလမ်းမှုတစ်ခု ရှိတတ်ကြ၏။’
“စုန်းလိုက်မုဆိုးတွေမှာ အဆင့်သတ်မှတ်ချက်တွေရှိတယ်… သူတို့ကို ကြယ်ပွင့်တွေနဲ့တိုင်းတာတယ်…”
သစ်ပင်တစ်ပင်အောက်တွင် ကြောင်နက်သည် ဆံပင်ရွှေဝါရောင်ဖြင့် ကောင်ကလေးကို သင်ကြားပေးနေလေ၏။
“စုန်းလိုက်မုဆိုးတွေက စုန်းတွေကို သတ်ဖြတ်ကြတယ်… သူတို့က အဖြူရောင်စုန်းကဝေတွေကပဲ အသက်ရှင်ခွင့်ရှိတယ်လို့ သတ်မှတ်ပေးကြတယ်… စုန်းအဖွဲ့အစည်းကလည်း ဒါကို လက်ခံတယ်…”
ကြောင်နက်သည် ထိုကောင်လေးကို ဆက်ရှင်းပြ၏။ အယ်လမ်သစ်ပင်သည်လည်း ကြောင်နက်၏ စကားက အမှန်ဖြစ်ကြောင်း သစ်ရွက်များကို လှုပ်ယမ်းကာထောက်ခံသည်။
အဲရစ်၏ မျက်လုံးများသည် ကြောင်နက်ဆီမှတစ်ဆင့် အယ်လမ်သစ်ပင်ဆီသို့ရောက်သွား၏။
အယ်လမ်သစ်ပင်။ အယ်လမ်သစ်ပင်သည် မေရီ၏ စစ်သူကြီးများထဲမှတစ်ဦး။ မေရီ၏ တံတိုင်းဟူသည့် အမည်နာမကို ခံယူပြီး မေရီ့၏ မြေပိုင်နက်ကို ကာကွယ်ထားသည့် သစ်ပင်။ အယ်လိုဝင်းသည် အယ်လမ်သစ်ပင်အတွက် မေရီပေးထားသည့် အမည်ဖြစ်သည်။
“စုန်းအဖွဲ့အစည်းက တကယ်တော့ သူတု့ိမလိုချင်တဲ့သူတွေကို ရှင်းထုတ်လိုက်တာပဲ… အဲ့ဒီကောက်ကျစ်တဲ့ သူတွေကို ငါ တအားမုန်းတယ်…”
ကြောင်နက်သည် စုန်းလိုက်မုဆိုးအဖွဲ့အစည်းအကြောင်းကို ရှင်းပြနေချေ၏။
“မေရီသတ်လိုက်တဲ့ ဝင်ဒီဟေးနဲ့ အယ်လ်ဖာက ကြယ်လေးပွင့်အဆင့်ရှိတဲ့ စုန်းလိုက်မုဆိုးတွေပဲ… ဝင်ဒီဟေးကတော့ ကြယ်ငါးပွင့်အဆင့်ကို တက်ခါနီးဖြစ်လောက်တယ်… သူက စကားလုံးသုံးလုံးနဲ့ မန္တန်ကို အသက်သွင်းတာဆိုတော့…”
အဲရစ်သည် ခေါင်းကိုသာညိတ်၏။ သူ့ မျက်လုံးများသည် အယ်လမ်သစ်ပင်၏ သစ်ကိုင်းများတွင်သာ ရှိသည်။ အယ်လမ်သစ်ပင်မှပြုသည့် မှော်တုတ်တံသည် အားကောင်းသည်ဟု ဆိုကြသည်။
“မင်းကို ငါ ပြောပြနေတာကို နားထောင်ရဲ့လား…”
“အယ်လမ်သစ်ပင်ကနေ ကျွန်တော် မှော်တုတ်တံရနိုင်မလား…”
အဲရစ်မေးခွန်းကြောင့် ကျူးဒိုစ့်သည် ပါးစပ်အဟောင်းသားဖြင့် အဲရစ်ကို ကြည့်သည်။ ဒီကောင်လေးက သူ ပြောနေတာကို နားမထောင်ဘဲ အယ်လိုဝင်းဆီကနေ အမြတ်ထုတ်ဖို့စဉ်းစားနေတာလား။
“နတ်ဆိုးတွေက မှော်အတတ်ကို အသုံးမပြုဘူး… သူက မကောင်းဆိုးဝါးပဲ…”
“ဒါပေမဲ့ ကျွန်တော်က လူတစ်ယောက်လည်းဖြစ်တယ်လေ…”
အဲရစ်ဟူသည့် ကောင်ကလေးသည် နာခံသည့် တပည့်လေးတစ်ယောက်မဟုတ်။ ကြောင်နက်သည် အဲရစ်ကိုကြည့်၏။
“တကယ်လို့ မေရီက မင်းကို လူသားတစ်ယောက်အနေနဲ့ သဘောထားမယ်ဆိုရင် သူကိုယ်တိုင် မင်းကို မှော်အတတ်ကို သင်ပေးမှာပေါ့…”
အဲရစ်သည် ခေါင်းလေးအသာဆောင်း၏ သစ်ကိုင်းပေါ်တွင် တွဲလွဲကျနေသည့် သူ့ခြေထောက်တိုတိုလေးများကို လှုပ်ယမ်းကာ…
“သခင်မမှာ… တပည့်တွေအများကြီးရှိလား…”
ကြောင်နက်သည် အဲရစ်ကို ကြည့်သည်။ ဒီကောင်စုတ်လေးကို အဲလိုဝင်းပေါ်မှ သူ ပုတ်ချလိုက်ချင်သော်လည်း အရိုးပုံထဲ ဒီငပိန်ရိုးလေးပြုတ်ကျသွားလျှင် သူ လိုက်ကောက်နေရဦးမည်။ မေရီ့ကိုတော့ မနာခံလို့ ဒီကောင်လေးကို အပြစ်ပေးတဲ့အနေနဲ့ တွန်းချလိုက်လို့ရတယ်လို့ အကြောင်းပြလို့ရပေမဲ့လည်း မေရီက အရိုးပုံထဲနစ်နေမည့် ထိုကောင်လေးကို ရှာဖို့ အမိန့်ကို သူ့ကိုသာ ပေးလိမ့်မည်။
ထားလိုက်တော့ သူ မလုပ်တော့ဘူး… အလုပ်ပိုမှာစိုးလို့…
“မေရီ့မှာ တပည့်တစ်ယောက်ပဲ ရှိတယ်…”
အဲရစ်သည်လည်း သူတို့ထဲမှ တစ်ယောက်မို့ ကျူးဒိုစ့်သည် ဖြေလေ၏။ မေရီတွင် စစ်သူကြီးလေးဦးရှိသည်။ ယခု အဲရစ်ကိုပါ ထည့်တွက်မည်ဆိုလျှင်တော့ စစ်သူကြီးငါးဦးဖြစ်သွားချေပြီ။ ထိုကောင်လေးက လောလောလတ်လတ်တွင် အသုံးမဝင်သေးဘူး ဆိုပေမဲ့လည်းပေါ့။
“လူသားတပည့်တစ်ယောက်…”
ကျူးဒိုစ့်သည် ဆက်ပြောလေ၏။
“သူ့ကို နတ်ဆေးသမားတော်လို့ ခေါ်ကြတယ်… ဒါပေမဲ့ အဲ့ဒီချာတိတ်က အသက်သွင်းသူပါ… သူက သေတဲ့သူတွေကို ပြန်လည်ရှင်သန်ထမြောက်စေနိုင်တယ်…”
အဲရစ်သည်လည်း မေရီ့တပည့်ဖြစ်သူနှင့် တစ်ချိန်တွင် တွေ့မှာပဲမို့ ကျူးဒိုစ့်သည် ကွယ်ဝှက်ထားမနေဘဲ ပြောပြလာခဲ့သည်။
“သမားတော်ဖြစ်တဲ့အတွက် သူက မေရီ့အတွက်ဆေးဝါးတချို့လာပို့ရတယ်… မင်းတစ်နေ့မဟုတ်တစ်နေ့တော့ သူနဲ့တိုးလိမ့်မယ်…”
ကျူးဒိုစ့်သည် အဲရစ်ကို တိုတိုတုတ်တုတ်သာ ပြောပြလေ၏။
“သြော်…”
“အခု ငါတို့သင်ခန်းစာဆက်လို့ရပြီလား…”
“ကျွန်တော်ရော မေရီ့ရဲ့တပည့်လုပ်လို့ရနိုင်လား…”
လက်ကလေးမြှောက်ကာ အဲရစ်မေး၏။ အဲရစ်၏ ကုတ်ထိမညီမညာ ရှည်နေသည့် ဆံပင်များကို ကြည့်ကာ ကြောင်နက်သည် လက်သည်းများကို ထုတ်သည်။
“ငါမင်းဆံပင်ကို မျက်စိနောက်လိုက်တာ… ဆံပင်ကို အရင်လုပ်ကြရအောင်…”
လက်သည်းချွန်များဖြင့် ကြောင်နက်၏ လက်တုတ်တုတ်ကိုကြည့်ကာ အဲရစ်၏ မျက်နှာဖြူလျော့သွားသည်။ ကြောင်နက်ရဲ့ လက်တွေက တုတ်သလိုပဲ သူ့ရဲ့ လက်သည်းတွေကလည်း ချွန်ချွန်တုတ်တုတ်ကြီးတွေ…
အဲရစ်သည် တံတွေးကို မြိုချကာ…
“သင်… သင်ခန်းစာပဲ ဆက်ရအောင်…”
“ဆံပင်ကို အရင်လုပ်ကြရအောင်… အယ်လိုဝင်း မင်းသူ့ကို ချုပ်ထားစမ်း…”
အဲရစ်၏ လက်များခြေချားကို အယ်လိုဝင်း၏ သစ်ကိုင်းများသည် နွယ်များပမာချုပ်ထားလေ၏။
“အစ်… အစ်မ အယ်လိုဝင်း ကယ်ပါ… ကျူး… ကျူးဒိုစ့် မ. မလုပ်နဲ့!”
အယ်လိုဝင်း၏ နွယ်များပေါ်မှ ရုန်းကန်နေသည့် အဲရစ်ကို ကျူးဒိုစ့်သည် တဟင်းဟင်းရယ်၍ သူ့ လက်သည်းများကို ကျေနပ်စွာ ကြည့်လေသည်။
“အား!!! မေရီ ကျွန်တော့်ကိုကယ်ပါ!!!”
>>>>><<<<<
“သူတို့က တည့်နေကြသားပဲ…”
မေရီသည် လက်ဖက်ရည်ကြမ်းခွက်ကို အသာအနံ့ခံရင်း အပြင်မှ အသံများကို နားထောင်ရင်း ရေရွတ်လေ၏။
“ဆရာမ…”
မေရီ့ကို ကျီးကန်းမျက်နှာဖုံးဖြင့် လူတစ်ယောက်သည် စကားစလေ၏။
“ကြယ်လေးပွင့်အဆင့်ရှိတဲ့ စုန်းလိုက်မုဆိုးနှစ်ယောက်၊ တစ်ယောက်က ကြယ်ငါးပွင့်အဆင့်ကို တက်လုနီးနီး၊ နောက်ပြီး သူတို့ရဲ့ ကြယ်တစ်ပွင့်အဆင့် အသင်ကလေးတွေကို သတ်လိုက်တာက စောင့်ကြပ်သူတွေကို ဆရာမအနေနဲ့စစ်ကြေငြာတဲ့အဓိပ္ပာယ်သက်ရောက်နေခဲ့တယ်…”
ထိုအမျိုးသားသည် လေးနက်သည့် အသံမျိုးဖြင့် ပြောလေ၏။
“စင်း(Sin)…”
မေရီသည် ထိုအမျိုးသား၏ အမည်ကို ခေါ်လေသည်။
“တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ဆရာမဆီကို အပြေးလာခဲ့မှာပါ… ဆရာမအနေနဲ့ ကျွန်တော့်ရဲ့ အကူအညီကို မလိုဘူးဆိုရင်တောင်မှ…”
“ဒါက အဆင်ပြေနေပါသေးတယ်…”
“ဆရာမ…”
ကျီးကန်းမျက်နှာဖုံးနှင့်အမျိုးသားသည် ဒူးတစ်ဖက်ထောက်ကာ ခုံဖြူ၏ လက်တန်းပေါ်တွင် တင်ထားသည့် မေရီ့လက်သွယ်သွယ်ကို ကိုင်လေ၏။ မျက်နှာဖုံးကို ချွတ်ကာ သူ့နဖူးဖြင့် မေရီ့လက်ဖမိုးကို ထိသည်။
“ကျွန်တော် အသက်သွင်းသူတစ်ယောက်လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် ဆရာမကို မျက်နှာတောင် မပြဝံ့ပါဘူး…”
“ငါ မင်းကို အပြစ်မတင်ပါဘူး…”
မေရီသည် ညင်သာစွာပြန်ပြောသည်။ ထိုအမျိုးသားလေးသည် မိမိ၏အောက်နှုတ်ခမ်းကိုသာဖိကိုက်၏။
“နတ်ဆိုးတွေက ဝိညာဉ်တွေကို သိမ်းဆည်းတယ်မဟုတ်လား…”
လက်ကိုရုတ်ကာ သူမ ရေရွတ်၏။
“ငါ နတ်ဆိုးဘုရင်ရဲ့ သားနဲ့ အပေးအယူလုပ်လို့ရတယ်လေ…”
သူမ အသံတိုးတိုးဖြင့်ပြောသည်။
“ဒီတစ်ခါ… ဒီတစ်ခါ အစီအရင်က အောင်မြင်စေရပါမယ်…”
မေရီသည် မျက်နှာဖုံးအောက်ရှိ မျက်လုံးအောက်တွင်ရှိသော ကန့်လန့်ဖြတ်အမာရွတ်နှင့် အမျိုးသားငယ်ကို ကြည့်ကာ ပြုံးသည်။
“ငါ ပြောပါတယ်… ငါ မင်းကို အပြစ်မတင်ပါဘူးလို့… အစီအရင် မအောင်မြင်လည်း ငါ မင်းကိုအပြစ်မတင်ပါဘူး… ငါ ထပ်ခါတလဲလဲပဲ ကြိုးစားသွားမှာပါ…”
သူမ၏ မျက်နှာသည် နူးညံ့နေခဲ့ပြီး သူမ၏ မျက်ဝန်းများသည် နွေးထွေးနေခဲ့သည်။ မေရီ၏ပုံစံသည် နေအလင်းရောင်ကြောင့် ပျောက်ကွယ်လုဆဲဆဲဖြစ်နေသည့် နှင်းပွင့်ငယ်တစ်ပေါက်လို။
အမျိုးသားငယ်သည် ခေါင်းကိုငုံ့ကာ လက်သီးကို တင်းတင်းဆုတ်၏။
“ကျွန်တော်… ကြိုးစားသွားပါမယ်…”
“အင်း…”
မေရီသည် အသံတိုးတိုးပြု၍ ခေါင်းဆတ်ပြလေ၏။ သူမသည် ပြတင်းအပြင်ကို ငေးကြည့်နေခဲ့သည်။ ပြင်ပရှိ ရာသီဥတုသည် သာယာနေခဲ့၏။
>>>>><<<<<
“တောင်ပံတွေ! မင်းရဲ့တောင်ပံတွေကို အရွယ်အစားကြီးအောင် လုပ်ကြည့်လေ!”
သူကန်ချလိုက်သည်နှင့် မြေပေါ်သို့ ဖုတ်ခနဲပြုတ်ကျသွားသည့် အဲရစ်ကို ကြည့်ကာ ကြောင်နက်သည် အော်ဟစ်လေ၏။ အဲရစ်သည် ကြောင်နက်ကို မျက်နှာငယ်လေးဖြင့် ကြည့်ကာ သူ့အတောင်သေးသေးလေးများကို ခတ်၍…
“ကျွန်တော့် အတောင်တွေက ကျွန်တော့်ကိုမှ မနိုင်တာ…”
“မင်းအတောင်တွေကို အရွယ်အစားကြီးလို့ရတယ်လေ…”
“ကျွန်တော်မှ မကြီးတတ်တာ…”
“အယ်လိုဝင်း…”
ကြောင်နက်သည် စောဒကတက်နေသည့် အဲရစ်စကားကို ဥပက္ခာပြုကာ အယ်လမ်သစ်ပင်ကို အသံပြုလေးသည်။ အချက်ပြသည်ကို နားလည်စွာဖြင့် အယ်လမ်သစ်ပင်၏ အမြစ်သည် ထွက်လာကာ အဲရစ်ကို အမြင့်သို့ မြှောက်လေ၏။ မြေပေါ်တွင် ထိုင်နေရင်းမှ မြောက်တက်သွားမှုကြောင့် အဲရစ်ကြောက်အားလန့်အားဖြင့် သစ်မြစ်ကို တွယ်ဖက်ထားလေသည်။ သို့သော်လည်း အယ်လိုဝင်း၏ အမြစ်များသည် တဖြည်းဖြည်းတိုသွားကာ အဲရစ်တစ်ယောက် မြေပေါ်သို့ ပြုတ်ကျလာတော့လေ၏။
“မင်းတောင်ပံတွေကို ခတ်လေ!!”
အဲရစ်သည် အတောင်သေးသေးလေးများကို တဖြတ်ဖြတ်ခတ်သော်လည်း အတောင်နှင့်ခန္ဓာကိုယ်မမျှသဖြင့် ပြုတ်ကျတော့ပြန်၏။
ကြောင်နက်သည် သူ့မျက်နှာသူသာ လက်ဖြင့် အုပ်လိုက်တော့လေသည်။ စိတ်ပျက်စရာ တပည့်လေးပဲ… သူ့တောင်ပံသူတောင် မကြီးတတ်ဘူး…
သူ့ကိုယ်သူ မြေပေါ်သို့ ထပ်ကျပြီထင်တာ တော်တော်နှင့် မနာသဖြင့် အဲရစ်မှိတ်ထားသည့် မျက်လုံးများကို မှိတ်လိုက်လေ၏။ အနံ့ခပ်သင်းသင်းကိုပါ ရလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး တောင့်သွားခဲ့သည်။
“သ… သခင်မ…”
မော့ကြည့်လိုက်သည်နှင့် မေရီ၏ ခံစားချက်မဲ့သည့် မျက်လုံးများကို သူ ရင်ဆိုင်လိုက်ရ၏။ မေရီသည် အဲရစ်ကို အေးအေးဆေးဆေးပင်ကြည့်ကာ အယ်လမ်သစ်ပင်ကို ကြည့်လေ၏။ အယ်လမ်သစ်ပင်မှ အမြစ်တစ်ခုထုတ်ပေးချိန်တွင် အဲရစ်ကို ထိုအမြစ်ပေါ်တင်ပေးလိုက်ရင်း အဲရစ်ရှေ့တွင် ရပ်ကာ…
“မင်းရဲ့ စွမ်းအားကို အတောင်ရဲ့အကြောတွေမှာ စီးဆင်းစေလိုက်လေ…”
မေရီသည် အဲရစ်၏ အတောင်များကို လက်ဖြင့် အသာယွယွကိုင်ရင်းဆို၏။ မေရီ၏ လက်များက မထိတထိဖြင့် သူ့အတောင်များကို ထိချိန်တွင် အဲရစ်တစ်ယောက် တွန့်လိမ်နေတော့သည်။ တောင်ပံများက သူတို့နတ်ဆိုးများ၏ ခံစားလွယ်သည့်နေရာမဟုတ်လား။
“နတ်ဆိုးတွေက သူတို့ရဲ့ပင်ကိုယ်အတွင်းစွမ်းအားက ကောင်းကြတယ်… မင်းရဲ့စွမ်းအားတည်နေရာကို အလည်မှာပဲ စုမထားဘဲ မင်းတစ်ကိုယ်လုံးကို စီးဆင်းစေရတာ… ဒါက မင်းတို့ကို မာကြောမှု၊ လျင်မြန်မှုနှင့် ဖျက်ဆီးနိုင်စွမ်းကို ပေးလိမ့်မယ်… ဒါပေမဲ့ လောလောဆယ် မင်းက အာရုံစိုက်တာ မလုပ်ဖူးဘူးဆိုတော့ တောင်ပံတွေကိုပဲ အရင်စီးဆင်းကြည့်ပေါ့…”
မေရီသည် အဲရစ်၏ အတောင်များကို ငှက်မွေးဖြင့် ပွတ်သပ်သည့်အလား ညင်သာစွာ လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ကာ…
“မင်းရဲ့အတောင်ပံမှာ သွေးကြောတွေရှိတယ်… ဒါကလည်း မင်းရဲ့အစိတ်အပိုင်းတစ်ခုပဲ မင်း ထိန်းချုပ်လို့ရတယ်… မင်းရဲ့အလိုကျ… ကြီးရင်လည်း ကြီးလာနိုင်သလို သေးချင်လည်းသေးသွားလို့ရတယ်… နောက်… မင်းအဲ့ဒါတွေကို ဖျောက်ချင်လည်း ဖျောက်လို့ရတယ်…”
မေရီသည် တောင်ပံများကိုပြီးနောက် အဲရစ်၏ လက်သေးသေးလေးကို ကိုင်လာလေ၏။
“ပိန်လိုက်တာ မင်း အစာကောင်းကောင်းစားသင့်တယ်…”
သူမ ထိုစကားကိုအရင်ပြောလေသည်။ ထို့နောက်ဆက်၍…
“မင်းရဲ့လက်သည်းတွေရောပဲ… သူတို့ကို မင်းအလိုကျ ရှည်တာနဲ့ သာမန်ကို ညှိလို့ရတယ်… နောက်ပြီး…”
မေရီ၏ လက်တစ်ဖက်သည် သူ့ သွားစွယ်လေးများကို ထိလာ၏။ လက်ချောင်းထိပ်သည် ဝါဂွမ်းသဖွယ်။
“အစွယ်တွေကိုလည်း မင်း ဖွက်လို့ရတယ်…”
မေရီသည် ရှင်းပြပြီးနောက် လူချင်းခွာလေ၏။ မျက်နှာတစ်ခုလုံး နီရဲနေသည့် အဲရစ်ကို သူမ အသာ ခေါင်းစောင်းကြည့်ကာ…
“မင်းက ဘာဖြစ်နေရတာလဲ…”
“တောင်ပံတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်ဆိုတာခင်ဗျားသိသိနဲ့!”
“အိုး…”
အသားယူခံထားရသည့် ကောင်ငယ်လေးဟန်ဖြင့် ရန်တွေ့လာသည့် အဲရစ်ကို မေရီမျက်နှာသေဖြင့်ကြည့်ကာ…
“မင်းက လူတစ်ပိုင်းဖြစ်လည်း ခံစားရတာပဲလား…”
အဲရစ်၏ ခင်ဗျားလား မသိဘဲနေမှာဆိုသည့် ပြစ်တင်စွပ်စွဲကြည့်များကြောင့် မေရီသည် မထီတရီပြုံးကာ…
“လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းတစ်ကောင်ကို အခုမှ ငါ ပထမဆုံး အနီးကပ်မြင်ဖူးတာ… မင်းတို့လိုဟာလေးတွေက အများကြီးရှိကြတယ်ဆိုပေမဲ့ နီးနီးကပ်ကပ်က ငါ အခုမှ မြင်ဖူးတာ… များသောအားဖြင့်က ငါ သတ်လိုက်တတ်တယ်လေ… သူတို့တွေရဲ့ ဝိညာဉ်အမြုတေက ငါ့အတွက်အများကြီးအသုံးဝင်တယ်…”
မေရီ့စကားကြောင့် အဲရစ်သည် အယ်လမ်သစ်မြစ်ကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်မိ၏။ ကြောင်နက်သည် အဲရစ်ထိုင်နေသည့် သစ်မြစ်ပေါ်သို့ ခုန်ဆင်းလာခဲ့သည်။ အဲရစ်သည် အယ်လမ်သစ်ပင်ကို တအံ့တသြမော့ကြည့်လေ၏။
ဒီကြောင်နက်ဆင်းလာတုန်းက မြေကြီးတောင် အက်ကွဲတယ်… အခုသစ်ပင်က ဘယ်လိုမှမနေဘူး… ဒီသစ်ပင်က ဘယ်လောက်များ တောင့်တင်းလိုက်သလဲ!
အယ်လမ်သစ်ပင်သည် ဘာကြောင့် ပေါက်စကောင်ကလေး သူမကို အထင်ကြီးလေးစားသည့် မျက်လုံးများဖြင့် ကြည့်သည်ကို နားမလည်နိုင်ခဲ့။ သို့သော်လည်း ထိုကောင်လေး၏ အကြည့်များကို အရွက်များ လှုပ်ခတ်ခြင်းဖြင့် သူမသည် တုံ့ပြန်ခဲ့သည်။
“မေရီ… စင်း လာသွားတာလား…”
မေရီသည် ခေါင်းသာဆတ်ပြလေ၏။ ထို့နောက် သူမနှင့်မဆိုင်သလို ကြောင်တစ်ကောင်၊ သစ်ပင်တစ်ပင်နှင့်ကောင်ကလေးတစ်ယောက်ကို ကျောခိုင်းကာလှည့်ထွက်လေသည်။
“မေရီ!”
သူမအမည်ကို ကောင်စုတ်လေးမှ လှမ်းခေါ်သည်မို့ မေရီသည် ပြန်လှည့်ကြည့်လေ၏။
“ကျွန်တော်… ကျွန်တော် မှော်ပညာကို သင်ခွင့်ရှိမလား… မေရီ့ဆီမှာ တပည့်ခံလို့ဖြစ်မလား…”
ထိုကောင်လေးသည် မျှော်လင့်တကြီး မျက်လုံးများဖြင့် သူမကို မေးလာလေသည်။ မေရီသည် မျက်နှာသေဖြစ်သာ ထိုကောင်လေးကို လှည့်ကြည့်ဖြစ်ခဲ့၏။
---------
Zawgyi
ထိုေခတ္အခါက လူတုိ႔သည္ စုန္းကေဝမ်ားကိုေၾကာက္လန္႔ၾက၏။
သာမန္လူမ်ားမဟုတ္သည့္ အစြမ္းရွိသည့္ စုန္းကေဝမ်ားကို စုန္းကေဝပညာရွင္အဖြဲ႔အစည္းက အုပ္စိုးသည္။
လူတုိ႔ကိုအက်ိဳးျပဳသည့္ စုန္းကေဝမ်ားကို အျဖဴေရာင္စုန္းကေဝမ်ားဟုေခၚ၏။
လူတို႔ကိုအႏၱရာယ္ေပးၿပီး တုိက္ခိုက္သူမ်ားသည္ အနက္ေရာင္စုန္းကေဝမ်ားျဖစ္ၾကၿပီး
မိမိစိတ္လိုရာအတုိင္းလုပ္သည့္ သူတုိ႔သည္ မီးခိုေရာင္စုန္းကေဝမ်ားျဖစ္ၾကသည္။
စုန္းပညာရွင္အဖြဲ႔အစည္း (သို႔) စုန္းပညာရွင္ အစည္းအရံုးသည္ စုန္းလုိက္မုဆိုးမ်ားျဖင့္ ပူးေပါင္းမႈရွိ၏။
စုန္းကေဝမ်ားကို သူတုိ႔၏ မႏၱန္အသက္သြင္းမႈစကားလံုးအေရအတြက္ႏွင့္ အဆင့္ခြဲျခားသည္။
စုန္းကေဝမ်ား၏ ကြ်မ္းက်င္မႈသည္ ကြဲျပားမႈအေျမာက္အျမားရွိ၏။
ထိုထဲမွ တစ္ခုသည္ကား…
အပိုင္း - ၇ : အသက္သြင္းသူ။
‘လူတုိ႔တြင္ ဘယ္ေသာအခါမွ ေမ့ေလ်ာ့ျခင္း၊ စြန္႔ပစ္ျခင္းမျပဳႏုိင္သည့္ စြဲလမ္းမႈတစ္ခု ရွိတတ္ၾက၏။’
“စုန္းလိုက္မုဆိုးေတြမွာ အဆင့္သတ္မွတ္ခ်က္ေတြရွိတယ္… သူတုိ႔ကို ၾကယ္ပြင့္ေတြနဲ႔တုိင္းတာတယ္…”
သစ္ပင္တစ္ပင္ေအာက္တြင္ ေၾကာင္နက္သည္ ဆံပင္ေရႊဝါေရာင္ျဖင့္ ေကာင္ကေလးကို သင္ၾကားေပးေနေလ၏။
“စုန္းလိုက္မုဆိုးေတြက စုန္းေတြကို သတ္ျဖတ္ၾကတယ္… သူတုိ႔က အျဖဴေရာင္စုန္းကေဝေတြကပဲ အသက္ရွင္ခြင့္ရွိတယ္လုိ႔ သတ္မွတ္ေပးၾကတယ္… စုန္းအဖြဲ႔အစည္းကလည္း ဒါကို လက္ခံတယ္…”
ေၾကာင္နက္သည္ ထိုေကာင္ေလးကို ဆက္ရွင္းျပ၏။ အယ္လမ္သစ္ပင္သည္လည္း ေၾကာင္နက္၏ စကားက အမွန္ျဖစ္ေၾကာင္း သစ္ရြက္မ်ားကို လႈပ္ယမ္းကာေထာက္ခံသည္။
အဲရစ္၏ မ်က္လံုးမ်ားသည္ ေၾကာင္နက္ဆီမွတစ္ဆင့္ အယ္လမ္သစ္ပင္ဆီသို႔ေရာက္သြား၏။
အယ္လမ္သစ္ပင္။ အယ္လမ္သစ္ပင္သည္ ေမရီ၏ စစ္သူႀကီးမ်ားထဲမွတစ္ဦး။ ေမရီ၏ တံတုိင္းဟူသည့္ အမည္နာမကို ခံယူၿပီး ေမရီ႕၏ ေျမပိုင္နက္ကို ကာကြယ္ထားသည့္ သစ္ပင္။ အယ္လိုဝင္းသည္ အယ္လမ္သစ္ပင္အတြက္ ေမရီေပးထားသည့္ အမည္ျဖစ္သည္။
“စုန္းအဖြဲ႔အစည္းက တကယ္ေတာ့ သူတု႔ိမလုိခ်င္တဲ့သူေတြကို ရွင္းထုတ္လုိက္တာပဲ… အဲ့ဒီေကာက္က်စ္တဲ့ သူေတြကို ငါ တအားမုန္းတယ္…”
ေၾကာင္နက္သည္ စုန္းလုိက္မုဆိုးအဖြဲ႔အစည္းအေၾကာင္းကို ရွင္းျပေနေခ်၏။
“ေမရီသတ္လုိက္တဲ့ ဝင္ဒီေဟးနဲ႔ အယ္လ္ဖာက ၾကယ္ေလးပြင့္အဆင့္ရွိတဲ့ စုန္းလုိက္မုဆိုးေတြပဲ… ဝင္ဒီေဟးကေတာ့ ၾကယ္ငါးပြင့္အဆင့္ကို တက္ခါနီးျဖစ္ေလာက္တယ္… သူက စကားလံုးသံုးလံုးနဲ႔ မႏၱန္ကို အသက္သြင္းတာဆုိေတာ့…”
အဲရစ္သည္ ေခါင္းကိုသာညိတ္၏။ သူ႔ မ်က္လံုးမ်ားသည္ အယ္လမ္သစ္ပင္၏ သစ္ကိုင္းမ်ားတြင္သာ ရွိသည္။ အယ္လမ္သစ္ပင္မွျပဳသည့္ ေမွာ္တုတ္တံသည္ အားေကာင္းသည္ဟု ဆုိၾကသည္။
“မင္းကို ငါ ေျပာျပေနတာကို နားေထာင္ရဲ႕လား…”
“အယ္လမ္သစ္ပင္ကေန ကြ်န္ေတာ္ ေမွာ္တုတ္တံရႏုိင္မလား…”
အဲရစ္ေမးခြန္းေၾကာင့္ က်ဴးဒိုစ့္သည္ ပါးစပ္အေဟာင္းသားျဖင့္ အဲရစ္ကို ၾကည့္သည္။ ဒီေကာင္ေလးက သူ ေျပာေနတာကို နားမေထာင္ဘဲ အယ္လိုဝင္းဆီကေန အျမတ္ထုတ္ဖို႔စဥ္းစားေနတာလား။
“နတ္ဆိုးေတြက ေမွာ္အတတ္ကို အသံုးမျပဳဘူး… သူက မေကာင္းဆုိးဝါးပဲ…”
“ဒါေပမဲ့ ကြ်န္ေတာ္က လူတစ္ေယာက္လည္းျဖစ္တယ္ေလ…”
အဲရစ္ဟူသည့္ ေကာင္ကေလးသည္ နာခံသည့္ တပည့္ေလးတစ္ေယာက္မဟုတ္။ ေၾကာင္နက္သည္ အဲရစ္ကိုၾကည့္၏။
“တကယ္လုိ႔ ေမရီက မင္းကို လူသားတစ္ေယာက္အေနနဲ႔ သေဘာထားမယ္ဆုိရင္ သူကိုယ္တုိင္ မင္းကို ေမွာ္အတတ္ကို သင္ေပးမွာေပါ့…”
အဲရစ္သည္ ေခါင္းေလးအသာေဆာင္း၏ သစ္ကိုင္းေပၚတြင္ တြဲလြဲက်ေနသည့္ သူ႔ေျခေထာက္တုိတုိေလးမ်ားကို လႈပ္ယမ္းကာ…
“သခင္မမွာ… တပည့္ေတြအမ်ားႀကီးရွိလား…”
ေၾကာင္နက္သည္ အဲရစ္ကို ၾကည့္သည္။ ဒီေကာင္စုတ္ေလးကို အဲလုိဝင္းေပၚမွ သူ ပုတ္ခ်လုိက္ခ်င္ေသာ္လည္း အရုိးပံုထဲ ဒီငပိန္ရိုးေလးျပဳတ္က်သြားလွ်င္ သူ လုိက္ေကာက္ေနရဦးမည္။ ေမရီ႕ကိုေတာ့ မနာခံလုိ႔ ဒီေကာင္ေလးကို အျပစ္ေပးတဲ့အေနနဲ႔ တြန္းခ်လုိက္လို႔ရတယ္လုိ႔ အေၾကာင္းျပလို႔ရေပမဲ့လည္း ေမရီက အရိုးပံုထဲနစ္ေနမည့္ ထိုေကာင္ေလးကို ရွာဖို႔ အမိန္႔ကို သူ႔ကိုသာ ေပးလိမ့္မည္။
ထားလုိက္ေတာ့ သူ မလုပ္ေတာ့ဘူး… အလုပ္ပိုမွာစိုးလို႔…
“ေမရီ႕မွာ တပည့္တစ္ေယာက္ပဲ ရွိတယ္…”
အဲရစ္သည္လည္း သူတုိ႔ထဲမွ တစ္ေယာက္မုိ႔ က်ဴးဒိုစ့္သည္ ေျဖေလ၏။ ေမရီတြင္ စစ္သူႀကီးေလးဦးရိွသည္။ ယခု အဲရစ္ကိုပါ ထည့္တြက္မည္ဆုိလွ်င္ေတာ့ စစ္သူႀကီးငါးဦးျဖစ္သြားေခ်ၿပီ။ ထိုေကာင္ေလးက ေလာေလာလတ္လတ္တြင္ အသံုးမဝင္ေသးဘူး ဆိုေပမဲ့လည္းေပါ့။
“လူသားတပည့္တစ္ေယာက္…”
က်ဴးဒိုစ့္သည္ ဆက္ေျပာေလ၏။
“သူ႔ကို နတ္ေဆးသမားေတာ္လုိ႔ ေခၚၾကတယ္… ဒါေပမဲ့ အဲ့ဒီခ်ာတိတ္က အသက္သြင္းသူပါ… သူက ေသတဲ့သူေတြကို ျပန္လည္ရွင္သန္ထေျမာက္ေစႏိုင္တယ္…”
အဲရစ္သည္လည္း ေမရီ႕တပည့္ျဖစ္သူႏွင့္ တစ္ခ်ိန္တြင္ ေတြ႔မွာပဲမို႔ က်ဴးဒိုစ့္သည္ ကြယ္ဝွက္ထားမေနဘဲ ေျပာျပလာခဲ့သည္။
“သမားေတာ္ျဖစ္တဲ့အတြက္ သူက ေမရီ႕အတြက္ေဆးဝါးတခ်ိဳ႕လာပို႔ရတယ္… မင္းတစ္ေန႔မဟုတ္တစ္ေန႔ေတာ့ သူနဲ႔တိုးလိမ့္မယ္…”
က်ဴးဒိုစ့္သည္ အဲရစ္ကို တုိတုိတုတ္တုတ္သာ ေျပာျပေလ၏။
“ေၾသာ္…”
“အခု ငါတုိ႔သင္ခန္းစာဆက္လို႔ရၿပီလား…”
“ကြ်န္ေတာ္ေရာ ေမရီ႕ရဲ႕တပည့္လုပ္လုိ႔ရႏိုင္လား…”
လက္ကေလးေျမွာက္ကာ အဲရစ္ေမး၏။ အဲရစ္၏ ကုတ္ထိမညီမညာ ရွည္ေနသည့္ ဆံပင္မ်ားကို ၾကည့္ကာ ေၾကာင္နက္သည္ လက္သည္းမ်ားကို ထုတ္သည္။
“ငါမင္းဆံပင္ကို မ်က္စိေနာက္လုိက္တာ… ဆံပင္ကို အရင္လုပ္ၾကရေအာင္…”
လက္သည္းခြ်န္မ်ားျဖင့္ ေၾကာင္နက္၏ လက္တုတ္တုတ္ကိုၾကည့္ကာ အဲရစ္၏ မ်က္ႏွာျဖဴေလ်ာ့သြားသည္။ ေၾကာင္နက္ရဲ႕ လက္ေတြက တုတ္သလုိပဲ သူ႔ရဲ႕ လက္သည္းေတြကလည္း ခြ်န္ခြ်န္တုတ္တုတ္ႀကီးေတြ…
အဲရစ္သည္ တံေတြးကို ၿမိဳခ်ကာ…
“သင္… သင္ခန္းစာပဲ ဆက္ရေအာင္…”
“ဆံပင္ကုိ အရင္လုပ္ၾကရေအာင္… အယ္လုိဝင္း မင္းသူ႔ကို ခ်ဳပ္ထားစမ္း…”
အဲရစ္၏ လက္မ်ားေျခခ်ားကို အယ္လိုဝင္း၏ သစ္ကိုင္းမ်ားသည္ ႏြယ္မ်ားပမာခ်ဳပ္ထားေလ၏။
“အစ္… အစ္မ အယ္လိုဝင္း ကယ္ပါ… က်ဴး… က်ဴးဒိုစ့္ မ. မလုပ္နဲ႔!”
အယ္လုိဝင္း၏ ႏြယ္မ်ားေပၚမွ ရုန္းကန္ေနသည့္ အဲရစ္ကို က်ဴးဒိုစ့္သည္ တဟင္းဟင္းရယ္၍ သူ႔ လက္သည္းမ်ားကို ေက်နပ္စြာ ၾကည့္ေလသည္။
“အား!!! ေမရီ ကြ်န္ေတာ့္ကိုကယ္ပါ!!!”
>>>>><<<<<
“သူတုိ႔က တည့္ေနၾကသားပဲ…”
ေမရီသည္ လက္ဖက္ရည္ၾကမ္းခြက္ကို အသာအနံ႔ခံရင္း အျပင္မွ အသံမ်ားကို နားေထာင္ရင္း ေရရြတ္ေလ၏။
“ဆရာမ…”
ေမရီ႕ကို က်ီးကန္းမ်က္ႏွာဖံုးျဖင့္ လူတစ္ေယာက္သည္ စကားစေလ၏။
“ၾကယ္ေလးပြင့္အဆင့္ရွိတဲ့ စုန္းလုိက္မုဆိုးႏွစ္ေယာက္၊ တစ္ေယာက္က ၾကယ္ငါးပြင့္အဆင့္ကို တက္လုနီးနီး၊ ေနာက္ၿပီး သူတုိ႔ရဲ႕ ၾကယ္တစ္ပြင့္အဆင့္ အသင္ကေလးေတြကို သတ္လုိက္တာက ေစာင့္ၾကပ္သူေတြကို ဆရာမအေနနဲ႔စစ္ေၾကျငာတဲ့အဓိပၸာယ္သက္ေရာက္ေနခဲ့တယ္…”
ထိုအမ်ိဳးသားသည္ ေလးနက္သည့္ အသံမ်ိဳးျဖင့္ ေျပာေလ၏။
“စင္း(Sin)…”
ေမရီသည္ ထိုအမ်ိဳးသား၏ အမည္ကို ေခၚေလသည္။
“တစ္ခုခုျဖစ္တယ္ဆုိတာနဲ႔ ကြ်န္ေတာ္ ဆရာမဆီကို အေျပးလာခဲ့မွာပါ… ဆရာမအေနနဲ႔ ကြ်န္ေတာ့္ရဲ႕ အကူအညီကို မလုိဘူးဆုိရင္ေတာင္မွ…”
“ဒါက အဆင္ေျပေနပါေသးတယ္…”
“ဆရာမ…”
က်ီးကန္းမ်က္ႏွာဖံုးႏွင့္အမ်ိဳးသားသည္ ဒူးတစ္ဖက္ေထာက္ကာ ခံုျဖဴ၏ လက္တန္းေပၚတြင္ တင္ထားသည့္ ေမရီ႕လက္သြယ္သြယ္ကို ကိုင္ေလ၏။ မ်က္ႏွာဖံုးကို ခြ်တ္ကာ သူ႔နဖူးျဖင့္ ေမရီ႕လက္ဖမိုးကို ထိသည္။
“ကြ်န္ေတာ္ အသက္သြင္းသူတစ္ေယာက္လုပ္ခဲ့ေပမဲ့ မေအာင္ျမင္ခဲ့တဲ့အတြက္ ဆရာမကို မ်က္ႏွာေတာင္ မျပဝ့ံပါဘူး…”
“ငါ မင္းကို အျပစ္မတင္ပါဘူး…”
ေမရီသည္ ညင္သာစြာျပန္ေျပာသည္။ ထိုအမ်ိဳးသားေလးသည္ မိမိ၏ေအာက္ႏႈတ္ခမ္းကိုသာဖိကိုက္၏။
“နတ္ဆိုးေတြက ဝိညာဥ္ေတြကို သိမ္းဆည္းတယ္မဟုတ္လား…”
လက္ကိုရုတ္ကာ သူမ ေရရြတ္၏။
“ငါ နတ္ဆိုးဘုရင္ရဲ႕ သားနဲ႔ အေပးအယူလုပ္လုိ႔ရတယ္ေလ…”
သူမ အသံတုိးတိုးျဖင့္ေျပာသည္။
“ဒီတစ္ခါ… ဒီတစ္ခါ အစီအရင္က ေအာင္ျမင္ေစရပါမယ္…”
ေမရီသည္ မ်က္ႏွာဖံုးေအာက္ရွိ မ်က္လံုးေအာက္တြင္ရွိေသာ ကန္႔လန္႔ျဖတ္အမာရြတ္ႏွင့္ အမ်ိဳးသားငယ္ကို ၾကည့္ကာ ျပံဳးသည္။
“ငါ ေျပာပါတယ္… ငါ မင္းကို အျပစ္မတင္ပါဘူးလို႔… အစီအရင္ မေအာင္ျမင္လည္း ငါ မင္းကိုအျပစ္မတင္ပါဘူး… ငါ ထပ္ခါတလဲလဲပဲ ႀကိဳးစားသြားမွာပါ…”
သူမ၏ မ်က္ႏွာသည္ ႏူးညံ့ေနခဲ့ၿပီး သူမ၏ မ်က္ဝန္းမ်ားသည္ ေႏြးေထြးေနခဲ့သည္။ ေမရီ၏ပံုစံသည္ ေနအလင္းေရာင္ေၾကာင့္ ေပ်ာက္ကြယ္လုဆဲဆဲျဖစ္ေနသည့္ ႏွင္းပြင့္ငယ္တစ္ေပါက္လုိ။
အမ်ိဳးသားငယ္သည္ ေခါင္းကိုငံု႔ကာ လက္သီးကို တင္းတင္းဆုတ္၏။
“ကြ်န္ေတာ္… ႀကိဳးစားသြားပါမယ္…”
“အင္း…”
ေမရီသည္ အသံတိုးတုိးျပဳ၍ ေခါင္းဆတ္ျပေလ၏။ သူမသည္ ျပတင္းအျပင္ကို ေငးၾကည့္ေနခဲ့သည္။ ျပင္ပရွိ ရာသီဥတုသည္ သာယာေနခဲ့၏။
>>>>><<<<<
“ေတာင္ပံေတြ! မင္းရဲ႕ေတာင္ပံေတြကို အရြယ္အစားႀကီးေအာင္ လုပ္ၾကည့္ေလ!”
သူကန္ခ်လိုက္သည္ႏွင့္ ေျမေပၚသို႔ ဖုတ္ခနဲျပဳတ္က်သြားသည့္ အဲရစ္ကို ၾကည့္ကာ ေၾကာင္နက္သည္ ေအာ္ဟစ္ေလ၏။ အဲရစ္သည္ ေၾကာင္နက္ကို မ်က္ႏွာငယ္ေလးျဖင့္ ၾကည့္ကာ သူ႔အေတာင္ေသးေသးေလးမ်ားကို ခတ္၍…
“ကြ်န္ေတာ့္ အေတာင္ေတြက ကြ်န္ေတာ့္ကိုမွ မႏိုင္တာ…”
“မင္းအေတာင္ေတြကို အရြယ္အစားႀကီးလို႔ရတယ္ေလ…”
“ကြ်န္ေတာ္မွ မႀကီးတတ္တာ…”
“အယ္လိုဝင္း…”
ေၾကာင္နက္သည္ ေစာဒကတက္ေနသည့္ အဲရစ္စကားကို ဥပကၡာျပဳကာ အယ္လမ္သစ္ပင္ကို အသံျပဳေလးသည္။ အခ်က္ျပသည္ကို နားလည္စြာျဖင့္ အယ္လမ္သစ္ပင္၏ အျမစ္သည္ ထြက္လာကာ အဲရစ္ကို အျမင့္သို႔ ေျမွာက္ေလ၏။ ေျမေပၚတြင္ ထုိင္ေနရင္းမွ ေျမာက္တက္သြားမႈေၾကာင့္ အဲရစ္ေၾကာက္အားလန္႔အားျဖင့္ သစ္ျမစ္ကို တြယ္ဖက္ထားေလသည္။ သို႔ေသာ္လည္း အယ္လုိဝင္း၏ အျမစ္မ်ားသည္ တျဖည္းျဖည္းတုိသြားကာ အဲရစ္တစ္ေယာက္ ေျမေပၚသို႔ ျပဳတ္က်လာေတာ့ေလ၏။
“မင္းေတာင္ပံေတြကို ခတ္ေလ!!”
အဲရစ္သည္ အေတာင္ေသးေသးေလးမ်ားကို တျဖတ္ျဖတ္ခတ္ေသာ္လည္း အေတာင္ႏွင့္ခႏၶာကိုယ္မမွ်သျဖင့္ ျပဳတ္က်ေတာ့ျပန္၏။
ေၾကာင္နက္သည္ သူ႔မ်က္ႏွာသူသာ လက္ျဖင့္ အုပ္လုိက္ေတာ့ေလသည္။ စိတ္ပ်က္စရာ တပည့္ေလးပဲ… သူ႔ေတာင္ပံသူေတာင္ မႀကီးတတ္ဘူး…
သူ႔ကိုယ္သူ ေျမေပၚသို႔ ထပ္က်ၿပီထင္တာ ေတာ္ေတာ္ႏွင့္ မနာသျဖင့္ အဲရစ္မိွတ္ထားသည့္ မ်က္လံုးမ်ားကို မိွတ္လိုက္ေလ၏။ အနံ႔ခပ္သင္းသင္းကိုပါ ရလုိက္ခ်ိန္တြင္ သူ႔တစ္ကိုယ္လံုး ေတာင့္သြားခဲ့သည္။
“သ… သခင္မ…”
ေမာ့ၾကည့္လုိက္သည္ႏွင့္ ေမရီ၏ ခံစားခ်က္မဲ့သည့္ မ်က္လံုးမ်ားကို သူ ရင္ဆုိင္လုိက္ရ၏။ ေမရီသည္ အဲရစ္ကို ေအးေအးေဆးေဆးပင္ၾကည့္ကာ အယ္လမ္သစ္ပင္ကို ၾကည့္ေလ၏။ အယ္လမ္သစ္ပင္မွ အျမစ္တစ္ခုထုတ္ေပးခ်ိန္တြင္ အဲရစ္ကို ထိုအျမစ္ေပၚတင္ေပးလုိက္ရင္း အဲရစ္ေရွ႕တြင္ ရပ္ကာ…
“မင္းရဲ႕ စြမ္းအားကို အေတာင္ရဲ႕အေၾကာေတြမွာ စီးဆင္းေစလိုက္ေလ…”
ေမရီသည္ အဲရစ္၏ အေတာင္မ်ားကို လက္ျဖင့္ အသာယြယြကိုင္ရင္းဆုိ၏။ ေမရီ၏ လက္မ်ားက မထိတထိျဖင့္ သူ႔အေတာင္မ်ားကို ထိခ်ိန္တြင္ အဲရစ္တစ္ေယာက္ တြန္႔လိမ္ေနေတာ့သည္။ ေတာင္ပံမ်ားက သူတုိ႔နတ္ဆိုးမ်ား၏ ခံစားလြယ္သည့္ေနရာမဟုတ္လား။
“နတ္ဆိုးေတြက သူတုိ႔ရဲ႕ပင္ကုိယ္အတြင္းစြမ္းအားက ေကာင္းၾကတယ္… မင္းရဲ႕စြမ္းအားတည္ေနရာကို အလည္မွာပဲ စုမထားဘဲ မင္းတစ္ကိုယ္လံုးကို စီးဆင္းေစရတာ… ဒါက မင္းတုိ႔ကို မာေၾကာမႈ၊ လ်င္ျမန္မႈႏွင့္ ဖ်က္ဆီးႏုိင္စြမ္းကို ေပးလိမ့္မယ္… ဒါေပမဲ့ ေလာေလာဆယ္ မင္းက အာရံုစိုက္တာ မလုပ္ဖူးဘူးဆုိေတာ့ ေတာင္ပံေတြကိုပဲ အရင္စီးဆင္းၾကည့္ေပါ့…”
ေမရီသည္ အဲရစ္၏ အေတာင္မ်ားကို ငွက္ေမြးျဖင့္ ပြတ္သပ္သည့္အလား ညင္သာစြာ လက္ေခ်ာင္းထိပ္မ်ားျဖင့္ ပြတ္သပ္ကာ…
“မင္းရဲ႕အေတာင္ပံမွာ ေသြးေၾကာေတြရွိတယ္… ဒါကလည္း မင္းရဲ႕အစိတ္အပိုင္းတစ္ခုပဲ မင္း ထိန္းခ်ဳပ္လုိ႔ရတယ္… မင္းရဲ႕အလုိက်… ႀကီးရင္လည္း ႀကီးလာႏိုင္သလို ေသးခ်င္လည္းေသးသြားလို႔ရတယ္… ေနာက္… မင္းအဲ့ဒါေတြကို ေဖ်ာက္ခ်င္လည္း ေဖ်ာက္လုိ႔ရတယ္…”
ေမရီသည္ ေတာင္ပံမ်ားကိုၿပီးေနာက္ အဲရစ္၏ လက္ေသးေသးေလးကို ကိုင္လာေလ၏။
“ပိန္လုိက္တာ မင္း အစာေကာင္းေကာင္းစားသင့္တယ္…”
သူမ ထိုစကားကိုအရင္ေျပာေလသည္။ ထို႔ေနာက္ဆက္၍…
“မင္းရဲ႕လက္သည္းေတြေရာပဲ… သူတုိ႔ကို မင္းအလုိက် ရွည္တာနဲ႔ သာမန္ကို ညိွလုိ႔ရတယ္… ေနာက္ၿပီး…”
ေမရီ၏ လက္တစ္ဖက္သည္ သူ႔ သြားစြယ္ေလးမ်ားကို ထိလာ၏။ လက္ေခ်ာင္းထိပ္သည္ ဝါဂြမ္းသဖြယ္။
“အစြယ္ေတြကုိလည္း မင္း ဖြက္လို႔ရတယ္…”
ေမရီသည္ ရွင္းျပၿပီးေနာက္ လူခ်င္းခြာေလ၏။ မ်က္ႏွာတစ္ခုလံုး နီရဲေနသည့္ အဲရစ္ကို သူမ အသာ ေခါင္းေစာင္းၾကည့္ကာ…
“မင္းက ဘာျဖစ္ေနရတာလဲ…”
“ေတာင္ပံေတြက ကြ်န္ေတာ္တုိ႔ရဲ႕ အားနည္းခ်က္ဆိုတာခင္ဗ်ားသိသိနဲ႔!”
“အိုး…”
အသားယူခံထားရသည့္ ေကာင္ငယ္ေလးဟန္ျဖင့္ ရန္ေတြ႔လာသည့္ အဲရစ္ကို ေမရီမ်က္ႏွာေသျဖင့္ၾကည့္ကာ…
“မင္းက လူတစ္ပိုင္းျဖစ္လည္း ခံစားရတာပဲလား…”
အဲရစ္၏ ခင္ဗ်ားလား မသိဘဲေနမွာဆိုသည့္ ျပစ္တင္စြပ္စြဲၾကည့္မ်ားေၾကာင့္ ေမရီသည္ မထီတရီျပံဳးကာ…
“လူတစ္ပိုင္းနတ္ဆိုးတစ္ပိုင္းတစ္ေကာင္ကို အခုမွ ငါ ပထမဆုံး အနီးကပ္ျမင္ဖူးတာ… မင္းတုိ႔လုိဟာေလးေတြက အမ်ားႀကီးရွိၾကတယ္ဆိုေပမဲ့ နီးနီးကပ္ကပ္က ငါ အခုမွ ျမင္ဖူးတာ… မ်ားေသာအားျဖင့္က ငါ သတ္လုိက္တတ္တယ္ေလ… သူတုိ႔ေတြရဲ႕ ဝိညာဥ္အျမဳေတက ငါ့အတြက္အမ်ားႀကီးအသံုးဝင္တယ္…”
ေမရီ႕စကားေၾကာင့္ အဲရစ္သည္ အယ္လမ္သစ္ျမစ္ကို ခပ္တင္းတင္းဆုတ္ကိုင္လုိက္မိ၏။ ေၾကာင္နက္သည္ အဲရစ္ထုိင္ေနသည့္ သစ္ျမစ္ေပၚသို႔ ခုန္ဆင္းလာခ့ဲသည္။ အဲရစ္သည္ အယ္လမ္သစ္ပင္ကို တအံ့တၾသေမာ့ၾကည့္ေလ၏။
ဒီေၾကာင္နက္ဆင္းလာတုန္းက ေျမႀကီးေတာင္ အက္ကြဲတယ္… အခုသစ္ပင္က ဘယ္လိုမွမေနဘူး… ဒီသစ္ပင္က ဘယ္ေလာက္မ်ား ေတာင့္တင္းလုိက္သလဲ!
အယ္လမ္သစ္ပင္သည္ ဘာေၾကာင့္ ေပါက္စေကာင္ကေလး သူမကို အထင္ႀကီးေလးစားသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္သည္ကို နားမလည္ႏုိင္ခဲ့။ သို႔ေသာ္လည္း ထုိေကာင္ေလး၏ အၾကည့္မ်ားကို အရြက္မ်ား လႈပ္ခတ္ျခင္းျဖင့္ သူမသည္ တံု႔ျပန္ခဲ့သည္။
“ေမရီ… စင္း လာသြားတာလား…”
ေမရီသည္ ေခါင္းသာဆတ္ျပေလ၏။ ထို႔ေနာက္ သူမႏွင့္မဆုိင္သလို ေၾကာင္တစ္ေကာင္၊ သစ္ပင္တစ္ပင္ႏွင့္ေကာင္ကေလးတစ္ေယာက္ကို ေက်ာခုိင္းကာလွည့္ထြက္ေလသည္။
“ေမရီ!”
သူမအမည္ကို ေကာင္စုတ္ေလးမွ လွမ္းေခၚသည္မုိ႔ ေမရီသည္ ျပန္လွည့္ၾကည့္ေလ၏။
“ကြ်န္ေတာ္… ကြ်န္ေတာ္ ေမွာ္ပညာကို သင္ခြင့္ရွိမလား… ေမရီ႕ဆီမွာ တပည့္ခံလုိ႔ျဖစ္မလား…”
ထိုေကာင္ေလးသည္ ေမွ်ာ္လင့္တႀကီး မ်က္လံုးမ်ားျဖင့္ သူမကို ေမးလာေလသည္။ ေမရီသည္ မ်က္ႏွာေသျဖစ္သာ ထိုေကာင္ေလးကို လွည့္ၾကည့္ျဖစ္ခဲ့၏။
---------