Unicode
စုန်းလိုက်မုဆိုးများ။
စုန်းလိုက်မုဆိုးများသည် စုန်းကဝေအတတ်ကို တတ်မြောက်သည်။
သူတို့၏ အစွမ်းသည် လူတို့စောင့်ကြပ်သည့် အက်ဥပဒေအမှတ်များပေါ်တွင် မူတည်၏။
စုန်းလိုက်မုဆိုးများသည် လက်ဝါးကပ်တိုင်ပုံဓားရှည်ကို လက်နက်အဖြစ်ကိုင်ဆောင်လေ့ရှိပြီး
သူတို့၏ လက်ထဲတွင် လူတို့ကိုစောင့်ကြပ်သည့် ဥပဒေစာအုပ်ကို ကိုင်ဆောင်ထားတတ်သည်။
သူတို့သည် အဖြူရောင်နှင့်အနက်ရောင်နှစ်မျိုးတည်းကိုသာ ဝတ်ဆင်လေ့ရှိကြသည်။
အဖြူရောင်ဝတ်ဆင်သည့် သူများသည် သင်ယူနေဆဲကျောင်းသားများဖြစ်ပြီး
အနက်ရောင်ဝတ်ဆင်သူများသည် စုန်းလိုက်မုဆိုးများဖြစ်ပေ၏။
စုန်းလိုက်မုဆိုးများကို စောင့်ကြပ်သူများ (Guardian) ဟုလည်း ခေါ်ကြသေးသည်။
အပိုင်း - ၆ : ကျေးကျွန်စာချုပ်။
'အရေးကြီးရှေ့တန်းတင်ရမည့် အရာများရှိလာချိန်တွင် မာနနှင့်ခေါင်းမာမှုများကို ကျွန်ုပ်တို့သည် ဘေးချိတ်ထားကြရသည်။ ကျွနု်ပ်တို့ပန်းတိုင်သို့ရောက်လျှင် ကျွန်ုပ်တို့ကို အရှက်ရစေသည့် အရာများကို ဖယ်ရှားနိုင်သည့် ခွန်အားမျိုး ကျွနု်ပ်တို့တွင် ရှိလာမည် မဟုတ်လား။'
“လာပြန်ပြီလား သူတို့တွေက…”
မေရီသည် လင်းနို့တစ်ကောင်မှ ပေးပို့လာသည့် စာကို ဖွင့်ဖတ်ပြီးနောက် စိတ်ရှုပ်စွာရေရွတ်သည်။ စာကို သူမ လွှင့်ပစ်လိုက်ချိန်တွင် ကြောင်နက်သည် သူမလက်ထဲမှစာကို မီးတောက်တစ်ခုမှုတ်ထုတ်၍ ဖျက်ဆီးပစ်လိုက်၏။
လက်ထဲတွင် ဆေးတံရှည်ကိုကိုင်လျက်၊ ခရမ်းရင့်ရောင်ပိုးသားဂါဝန်ပျော့ဖြင့် ခုံရှည်တွင်ခြေထောက်တင်ကာ မှီထိုင်နေသည့် သူမဟန်က ကြောင်တစ်ကောင်မှ ပျင်းရိစွာတစ်နေ့တာကိုဖြတ်သန်းနေသည့်နှယ်။
“သူတို့က မင်းကို အဖွဲ့အစည်းထဲဝင်စေချင်တယ်…”
မေရီသည် ပခုံးအသာတွန့်၍…
“ဝင်လိုက်ရင် အဲ့ဒီ ငါ့ရဲ့မရှိတော့အမေကိုပေးရမဲ့ လူကြီးတွေက ငါ့ကိုထိန်းချုပ်ဖို့ကြိုးစားတော့မှာလေ…”
“ဒါတော့အမှန်ပဲ…”
ကြောင်နက်သည် တွေးဆသည့် ဟန်မျိုးဖြင့်…
“တကယ်လို့ မင်း တစ်ဖက်ဖက်နဲ့မပူးပေါင်းဘူးဆိုရင်တော့ ရေရှည်ဆို မင်းအခက်အခဲရှိနိုင်တယ်…”
“ကျူးဒိုစ့် နင်က မေ့နေတာလား…”
မေရီ၏ ထီမထင်ဟန်ဖြင့် မျက်နှာထားကို ကြောင်နက်သည် ကြည့်လေ၏။
“ငါ တစ်ညမှာ အစုလိုက်အပြုံလိုက်လူတွေကိုသတ်ခဲ့တဲ့ နှစ်က သိပ်ကြာနေခဲ့တာမို့လို့လား…”
ပြန်လှည့်ကာ ဆေးတံဖွာနေသည့် မေရီကို ကြောင်နက်သည် စိတ်ပျက်လက်ပျက်ကြည့်ပေသည်။
“အဲ့ဒီတုန်းက…”
“ဘာပဲဖြစ်ဖြစ် ငါ ဒီကောင်တွေကို ကြောက်မနေဘူး… အဲ့ဒီ ကောင်စုတ်လေးကို နင်သေချာသင်ပေးလိုက်…”
ကြောင်နက်သည် မေရီ့ကို ကြည့်နေဆဲ။ မေရီသည် ဆေးတံကို နှုတ်ခမ်းမှခွာပြီးနောက် ကြောင်နက်ဘက်ကို လှည့်လာကာ…
“ကောင်စုတ်လေးက နင့်ရဲ့ သွန်သင်မှုအောက်မှာ ရှိနေလိမ့်မယ်…”
မေရီသည် သူ့သခင်ဖြစ်သည်မို့ ကြောင်နက်သည် မေရီ့ကို မည်သည့်စကားမျှမဆိုတော့။
“သူ့ရဲ့ စွမ်းအားက ဘာဆိုတာတောင် မင်းမလေ့လာဘဲ ငါ့ကို ထည့်လိုက်တော့မှာလား…”
“နင်တို့က စွမ်းအားရင်းမြစ်မတူကြရင်တောင်မှ နင်က ငါ့ကျေးကျွန်တွေထဲမှာ သက်တမ်းအရင့်ဆုံးပဲလေ…”
မေရီသည် မျက်ခုံးပင့်၍…
“ဒါမှမဟုတ် နင်က ဒီကောင်စုတ်လေးကို မသင်ချင်လို့များလား…”
“မသင်ချင်ဘူးဆိုရင်ရော…”
မေရီသည် လက်ထဲမှ ဆေးတံကို လက်ချောင်းသွယ်လေးများဖြင့် အသာခေါက်၍…
“နင့်အစာကို လျှော့လိုက်ကြတာပေါ့…”
“မေရီ!”
မေရီသည် ရယ်မောကာ အပေါ်သို့ တက်သွားလေ၏။
ကြောင်နက်သည် အောက်ထပ်တွင် ကျန်ခဲ့ရင်း စာလာပို့သည့် လင်းနို့ကိုကြည့်သည်။ ထို့နောက် လင်းနို့ကို ခုတ်ချလိုက်လေတော့၏။ သေသွားသည့် လင်းနို့ကို သန့်ရှင်းရန်အတွက် တံမြက်စည်းတစ်ချောင်းနှင့်ဂေါ်ပြားတစ်ခုသည် အလိုအလျောက်ရောက်လာခဲ့လေသည်။ လင်းနို့အသေကို သူတို့သည် အပြင်ကို ပစ်ထုတ်လိုက်ကြ၏။ သစ်ပင်တစ်ပင်သည် ထိုလင်းနို့ကို စားသောက်ကာ အရိုးကို အပြင်သို့ ထွေးထုတ်လိုက်လေ၏။
ကြောင်နက်သည် ပြတင်းပေါက်ဘောင်ပေါ်တက်ကာ သစ်ပင်ကို လှမ်းကြည့်၍…
“အယ်လိုဝင်…”
သစ်ပင်၏ အရွက်များသည်လှုပ်ယမ်းသွား၏။
“အဲရစ်တဲ့ နောက်ဝင်လာတဲ့ စစ်သူကြီးတစ်ယောက်နာမည်က…”
ကြောင်နက်သည် သစ်ပင်ကို လှမ်းပြောလေ၏။
သစ်ပင်သည် အယ်လမ်သစ်ပင်မျိုးဖြစ်ပြီး ‘မ’ ဓာတ်သဘာဝကို ကိုယ်စားပြုကာ သန်မာပြီး၊ မြေဓာတ်အစွမ်းရှိသည့် သဘာဝသစ်မျိုးဖြစ်၏။ အယ်လမ်သစ်သည် အကာအကွယ်နှင့် ပြုစားခြင်းများတွင် အသုံးပြု၍ရသည့် သစ်ဖြစ်သည်။ အယ်လမ်သစ်သည် အဖော်အပေါင်းလိုအပ်ပြီး သူသည် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် ဖျက်ဆီးမှုများတွင် အသုံးပြုနိုင်သည့် သစ်ဖြစ်သည်။
သစ်ပင်၏ အမည်သည် အယ်လိုဝင်း။ စစ်သူကြီးများထဲတွင်ရှိသည့် အမသတ္တိကိုဖော်ညွှန်းသည့် စစ်သူကြီးတစ်ဦး။ လူစကားနှင့်ပြောရမည်ဆိုလျှင်တော့ အယ်လိုဝင်းသည် ကောင်မလေးတစ်ဦးပေါ့။ သစ်ကိုင်းတစ်ခုသည် ကြောင်နက်ရှိရာဆီသို့ ရောက်လာလေ၏။ ကြောင်နက်သည် သူ တက်၍ရအောင် ကမ်းပေးသည့် သစ်ကိုင်းပေါ်သို့ ခုန်တက်သည်။
“မေရီက ဒီကောင်လေးကို ငါ့တပည့်အဖြစ်ထားပြီး သင်ကြားစေချင်တယ်…”
ကြောင်နက်သည် သစ်ကိုင်းပေါ်တွင် ထိုင်ရင်း မြေအောက်ရှိ ကျေးကျွန်တို့၏အရိုးစုများကို ကြည့်၍ဆို၏။
“ငါ မသင်ချင်ဘူး…”
ကြောင်နက်သည် ခပ်အေးအေးပြော၏။
“မေရီ့ကို လူတွေနဲ့ မပတ်သက်စေချင်ဘူး… နောက်ပြီး ငါ သူ့ကို အေးအေးဆေးဆေးပဲ နားစေချင်တယ်…”
ကြောင်နက်သည် အဝေးကိုငေး၍ပြောလေ၏။
“မေရီက အေးအေးဆေးဆေးနေသင့်နေပြီ… မဟုတ်ရင် သူ ပိုပြီးအားနည်းလာလိမ့်မယ်…”
ကြောင်နက်သည် အသံတိုးတိုးဖြင့်ဆိုလေ၏။ သစ်ပင်သည် အရွက်များကို လှုပ်ခတ်ခြင်းဖြင့်သာ ကြောင်နက်စကားကို တုံ့ပြန်ခဲ့သည်။
>>>>><<<<<
သူ မျက်စိနှစ်လုံးပွင့်ချိန်တွင် မြင်ရသည်က မေရီ့မျက်နှာ။ မေရီ၏ နှုတ်ခမ်းအိအိသည် သူ့နှုတ်ခမ်းများဖြင့် ထိကပ်ထားခဲ့သည်။ သူ့မျက်လုံးတို့သည် ဝိုင်းစက်သွား၏။ တစ်ဆက်တည်း သူ့တစ်ကိုယ်လုံးသည် တောင့်သွားခဲ့သည်။
“အိုး မင်းနိုးလာပြီလား…”
မေရီသည် ခပ်အေးအေးပြောလေ၏။
သူ့ပါးစပ်ကိုသူ လက်ဖြင့်အုပ်ကာ ကြက်ပေါက်လေးမှ ဆန်စိတ်နေသလို သူ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြသည်။
“ဒါ ငါ့အိပ်ခန်း…”
မေရီသည် ကိုယ်ကိုပြန်မတ်ကာ ခပ်အေးအေးပြော၏။
သူ အိပ်နေရာမှ ထထိုင်၏။ ကျယ်ဝန်းသည့် အခန်းကို သူကြည့်သည်။ မေရီ၏ အခန်းသည် ခမ်းနား၏။ အနီရောင်ကော်ဇောနှင့် ခုတင်ကျယ်သည် သူလိုအရွယ် ဆယ်ယောက်လောက်ကောင်းကောင်းဆန့်နိုင်သည်။ ထို့နောက် စာအုပ်စင်ကြီးတစ်ခု၊ စာကြည့်စားပွဲတစ်ခု၊ ပြတင်းပေါက်နားတွင် စားပွဲဝိုင်းလေးတစ်လုံးဖြင့်။
ချက်ချင်းထထိုင်ကာ သူ မေရီ့ကို ကြည့်သည်။ မေရီက သူ့ကိုနမ်းတယ်။ ဒါပေမဲ့ သူ အဲ့ဒီကိစ္စကို ထုတ်ပြောဖို့လည်း အဆင်မပြေဘူး။ မေရီက ဘာလို့ သူ့ကိုနမ်းတာလဲ။
“သောက်ကလေး…”
မေရီသည် သူ့ကို ကောင်စုတ်လေး၊ သို့မဟုတ် သောက်ကလေး နှစ်မျိုးသာ ခေါ်လိုပုံရသည်။ အမည်တစ်ခုမရှိသည်မို့ ထိုသို့ခေါ်ခြင်းနှင့်ပတ်သက်ပြီး သူ စိတ်မနာပါဘူး။
“မင်းနာမည် မင်း သတိရသေးလား…”
နာမည်? သူ့မှာ အမည်ရယ်လို့မရှိခဲ့ဘူး။ ဝိညာဉ်ဆိုးတွေက နတ်ဆိုးဘုရင်ရဲ့သားကို အမည်နာမတစ်ခုသတ်မှတ် မပေးရဲဘူးလေ။ ထို့အတွက် အသက်စရှင်ကတည်းက သူ့တွင် အမည်ဟူ၍ မရှိပေ။ ခေါင်းယမ်းပြမလို လုပ်ပြီးမှ သူ့မှတ်ဉာဏ်သည် တဖြည်းဖြည်းအလုပ်ပြန်လုပ်လာ၏။
မေရီ၏ တံမြက်စည်းပျံပေါ်တွင် သူ ရှိနေစဉ် အရံအတားကို ထွင်းဖောက်ကာ ကြီးမားသည့် အလင်းတန်းသည် ဓားတစ်စင်းကဲ့သို့ သူ့ကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။ ထို့နောက် မေရီသည် သူ့ကို ကြည့်ခဲ့သည်။ စကားလုံးအချို့ရွတ်ဆိုပြီးနောက် မေရီသည် သူ့ကို နှုတ်ခမ်းချင်းတေ့ကာ သွေးကို တိုက်ခဲ့သည်။
သူ့မျက်နှာသည် ပူလာသလို ခံစားရ၏။ မေရီက သူ့ကို နှစ်ကြိမ်တိတိနမ်းခဲ့တာမဟုတ်လား။ ပထမတစ်ကြိမ်ကတော့ သွေးတိုက်ဖို့ထားပါတော့… နေပါဦး သွေးတိုက်တာလည်း ဒီတိုင်းတိုက်လို့တာပဲ ဘာလို့သူ့ကို ပလိန်းကြီး…
“အံမယ်… နင်က အသားယူခံရတဲ့ ငတိဒီဇိုင်းနဲ့ငါ့ကို လာကြည့်နေသေးတယ်…”
မေရီသည် ခုတင်စပ်နားတွင် ထိုင်နေရင်းဖြင့် ကောင်စုတ်လေးကို ကြည့်ကာပြောသည်။ ကောင်စုတ်လေးသည် ပါးစပ်ကို လက်ဝါးသေးသေးလေးဖြင့် အုပ်ထားကာ သူမကို မဟုတ်လို့လားဆိုသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“ပထမတစ်ကြိမ်က မင်း နှလုံးရပ်လုဆဲဆဲဖြစ်သွားတယ်…”
မေရီ့လက်ထဲမှ ဆေးတံသည် သူ့နှလုံးနေရာကို ထောက်လာ၏။ နှလုံးရပ်သွားမလိုဖြစ်သွားသည် ဆိုသည့်အကြောင်းက သူ့ရင်ကို တဒိတ်ဒိတ်ခုန်သွားစေသည်။
“နှလုံးရပ်တဲ့သူကို ငါက ဘယ်လိုလုပ်ပြီး သွေးစက်ချပေးလို့ရမလဲ မင်းမှာ သိစိတ်မှမရှိတော့တာ…”
မေရီသည် သူမကို အသက်ကြီးပြီးကလေးကို အသားယူသည့် သူဟု မထင်စေရန်အတွက် ရှင်းပြလေ၏။ သူမက အရမ်းကို လှပတဲ့စုန်းမတစ်ယောက်ဖြစ်ပြီး သူမကို လိုချင်တဲ့ယောကျာ်းတွေ၊ မိန်းမတွေ အမြောက်အမြားရှိနေတာကို အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို အသားယူတယ်လို့ အထင်ခံရမဲ့ကိစ္စက သူမရဲ့ဂုဏ်သိက္ခာကိုထိပါးစေတယ်လေ။
“ငါ့နှုတ်ခမ်းတွေကို အသုံးပြုရတာပေါ့… သောက်ကလေး မင်းက အသိလေးလည်းရလာရော ငါ့အစွမ်းတွေကို စုတ်သွားသေးတယ် နောက်တော့ ဒီတိုင်းကြီးမေ့သွားတယ်…”
သူ ခေါင်းကိုသာ ငုံ့ထား၏။ မေရီက သူ့ကို ကန်ထုတ်တော့မှာလား။ တွေးကြည့်ရုံနဲ့တင် ကန်ထုတ်ခံရလောက်တဲ့ ပုံမျိုးဖြစ်နေတာပဲ…
“ငါ့အစွမ်းတွေကို ငါ ပြန်စုတ်ယူတာလေ…”
သူ စောဒကတက်ချင်သော်လည်း စကားလည်းရှာမရ။ ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်ရတော့သည်။
မေရီသည် သူမကို အရှုံးပေးကာ ငြိမ်ကျသွားသည့် ကောင်စုတ်လေးကို ကျေနပ်စွာကြည့်၏။ ထို့နောက် ထိုင်နေရာမှ ထရပ်ကာ…
“မင်း နာမည်ကို သတိရသေးလား…”
သူ့ခေါင်းသည် ဆတ်ခနဲထောင်လာ၏။ မေရီကို သူကြည့်သည်။ မေရီ၏ မျက်လုံးများသည် သူ့ထံတွင် စူးနစ်နေခဲ့သည်။ အေးစက်ပြီးခံစားချက်မဲ့သည့် မျက်လုံးများသည် သူ့ နှလုံးခုန်သံကို တဒိတ်ဒိတ်ခုန်စေ၏။ သူ့စိတ်ထဲတွင် သခင်ဖြစ်သူကို ရဲတင်းစွာ မော်ဖူးကြည့်နေသည့် ကျွန်တစ်ယောက်၏ ခံစားချက်ဖြင့် သူ့ရင်ခုန်သံသည် ကျယ်လောင်နေခဲ့သည်။ သူ ခုတင်ပေါ်မှ ချက်ချင်းဆင်းကာ ကော်ဇောပေါ်သို့ ခြေချ၏။ ဒူးတစ်ဖက်ကိုထောက်ထိုင်ချကာ မေရီရှေ့တွင် ခေါင်းငုံ့သည်။ ထိုအခါမှသာ ကျယ်လောင်နေသည့် ရင်ခုန်သံများသည် ငြိမ်ကျလာလေ၏။
“အဲရစ်… ကျွန်တော့်နာမည်က အဲရစ်…”
သူ အသံတိုးတိုးဖြင့် သူ့အမည်ကို ရွတ်ပြလေ၏။
“ကျွန်တော် အဲရစ်က သခင်မအပေါ်မှာ သေသည်အထိ အလုပ်အကျွေးပြုသွားပါ့မယ်…”
စကားဆုံးချိန်တွင် ဆေးတံကိုကိုင်ကာ ရပ်နေသည့် မေရီ့ရှေ့မှ ကောင်ကလေး၏ လည်တိုင်ဖွေးဖွေးတွင် အနက်ရောင် ကနုတ်ခြယ်သထားသည့် မျဉ်းတစ်ကြောင်းသည် လည်ပတ်တစ်ခုအလား ပေါ်လာခဲ့လေ၏။
မေရီ့ နှုတ်ခမ်းများသည် ကော့ညွှတ်လာချေသည်။
“ငါတို့ရဲ့ ကျေးကျွန်စာချုပ်က နှစ်ဦးနှစ်ဖက်သဘောတူညီချက်နဲ့ အသက်ဝင်သွားပြီပဲ…”
မေရီသည် ခုတင်ကို ကြည့်လိုက်ချိန်တွင် အိပ်ယာခင်းအသစ်နှင့် ခေါင်းအုံးအသစ်များသည် အလိုလိုရောက်လာကာ အိပ်ယာကို ပြင်ဆင်နေခဲ့သည်။
“ကျေးကျွန်စာချုပ်တွေက သခင်ကသာဖျက်သိမ်းမှဖြစ်မယ်ဆိုတာ မင်းသိတယ်မဟုတ်လား…”
မေရီသည် အဲရစ်ကို အနိမ့်အမြင့်မရှိသည့် တသမတ်ထဲအသံမျိုးနှင့်မေးလေသည်။ အဲရစ်သည် ခေါင်းသာ ညိတ်ပြလေ၏။
“အဲရစ်…”
မေရီသည် ငုတ်တုတ်ထိုင်ချကာ ဆေးတံဖြင့် ခေါင်းငုံ့နေသည့် ကောင်ကလေး၏ မေးဖျားကို ပင့်မော့စေသည်။ နုနယ်သေးသည့် ခုနစ်နှစ်အရွယ်ကောင်ကလေး၏ မျက်လုံးဝါဝါလေးများထဲစိုက်ကြည့်ကာ…
“မင်းက ရည်မှန်းချက်ကြီးတဲ့ ကောင်ကလေးမှန်းငါသိတယ်…”
သူ ရင်ထိတ်စွာသူမကို ကြည့်သည်။
“ကျေးကျွန်စာချုပ်တွေက သခင်ဘက်က ဖျက်သိမ်းမှဖြစ်မယ်ဆိုပေမဲ့ ချွင်းချက်အနေနဲ့ ကျွန်က သခင့်ထက် စွမ်းအားသာလွန်သွားတဲ့အချိန်မျိုးမှာဆိုရင် ကျေးကျွန်ဘက်က သခင်ကို သတ်ပြီး စာချုပ်ကို ပျက်ပြယ်စေလို့ရတယ်…”
မေရီသည် သူမကို အကြည့်လွှဲသွားသည့် ကောင်ကလေးကိုကြည့်ကာ ရယ်၏။
“စိတ်ဝင်စားစရာကောင်းတာပဲ…”
အကြည့်လွှဲထားသည့် ကောင်လေးသည် သူမကို နည်းနည်းလေးမှ ကြည့်ခြင်းမပြု။ သူမက သူ့အတွေးသေးသေးလေးကို ဖော်ထုတ်နိုင်လိုက်ခဲ့သည်လေ။
“ငါ့ကို သတ်ဖို့အတွက် မင်းက စိတ်ကူးထားရဲတယ်ပေါ့…”
“ကျွန်တော်က သခင်မကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ…”
အဲရစ်သည် ခပ်သွက်သွက်သာ ဖြေကြားသည်။ နှလုံးသားမည်းညစ်နေသည့် ကောင်ကလေးသည် သူ့အသက်မသေအောင် အလျင်အားထုတ်ရ၏။ ယခုအချိန်တွင် သူသည် ခွန်အားနည်းလွန်းသည်။ မေရီသည် နတ်ဆိုးများထက်ပင် အစွမ်းထက်သည်ဟု ဝိညာဉ်ဆိုးများက ဆိုကြသည်။
“သခင်မပြောသလို ကျေးကျွန်က သခင့်ကိုပြန်သတ်နိုင်တဲ့အခြေအနေမျိုးမှာဆိုရင် ကျေးကျွန်ရဲ့အစွမ်းကို သခင်ကလည်း စာချုပ်နဲ့ထိန်းချုပ်ထားလို့ရတယ်လေ…”
မေရီ၏ မျက်လုံးများထဲ သူ စိုက်ကြည့်ကာ ပြောသည်။ ပြောပြီးသည်နှင့် ချက်ချင်းခေါင်းကိုငုံ့ကာ အကြည့်လွှဲလေသည်။
“နောက်ပြီး ကျွန်တော်က အခုမှ နတ်ဆိုးပေါက်စလေးတစ်ယောက်ရှိသေးတာ သခင်မထက် အစွမ်းသာလွန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး… နှစ်တွေအများကြီး ကြာသွားရင်တောင် မဖြစ်နိုင်ပါဘူး…”
“အပြောကောင်းတဲ့ ကောင်စုတ်လေး…”
မေရီသည် ကောင်စုတ်လေး၏ မေးဖျားတွင် ထောက်ထားသည့် ဆေးတံကို ရုတ်သိမ်းကာ ရယ်သံစွက်၍ပြောသည်။ အဲရစ်… ထိုနတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းလေးသည် စိတ်ဝင်စားစရာကောင်းသည်။ လည်လွန်းတယ်… မေရီသည်ထိုကောင်လေးကိုကြည့်၍ ထိုသို့သာ တွေးနိုင်လေ၏။
“မင်းရဲ့ အဖေက မင်းရှိတာကို သိလား…”
“ဟုတ်…”
အဲရစ်သည် မထသေးဘဲ ခေါင်းကို ငုံ့ထားရင်းဖြင့်သာ ဖြေ၏။ မေရီသည် ဆေးတံဖွာနေရင်းမှ မျက်ခုံးပင့်သည်။ အိုး… ဒါက မိသားစုဒရာမာလေးပေါ့။ မေရီသည် ထိုကောင်လေးကိုကြည့်လေသည်။
“ဒါပေမဲ့ အခုချိန်မှာ အဖေက ကျွန်တော့်ကို မကြည့်နိုင်သေးဘူး…”
“သြော်… မင်းက မွေးကတည်းက တော်ဝင်သွေးအနေနဲ့မွေးလာတာပေါ့…”
ထိုကောင်လေးသည် သူမကို ခေါင်းညိတ်ပြလေ၏။ မေရီသည် ခပ်အေးအေးသာ ခေါင်းညိတ်ကာ ထိုကောင်လေးကို ကြည့်သည်။ တော်ဝင်သွေးပါသည့် နတ်ဆိုးများသည် သူတို့၏ မိဘများနှင့် သွေးမှတစ်ဆင့် ဆက်သွယ်နိုင်ခြင်းရှိ၏။ မေရီ၏ နှုတ်ခမ်းများသည် ကော့ညွှတ်သွားရပြန်သည်။
“ဒါပေမဲ့ ကောင်စုတ်လေး…”
အဲရစ်သည် မေရီ့ကိုမော့ကြည့်လာ၏။ မေရီသည် သူ့ကို ပြုံးနေသော်လည်း အေးစက်နေသည့် မျက်နှာထားဖြင့် ကြည့်ကာ…
“ငါ့သွေးက မင်းခန္ဓာထဲမှာမို့ မင်းက ငါ့ကို သတ်ရင် မင်းပါ သေသွားလောက်တယ်…”
အဲရစ်၏ ဖြူဆုတ်သွားသည့် မျက်နှာကိုကြည့်ကာ သူမ ခပ်တိုးတိုးရယ်သည်။
“ငါက အချိန်မရွေး မင်းဘယ်မှာလဲ ဆိုတာကိုလည်း သိနိုင်သလို မင်းကိုလည်း သတ်လို့ရတယ်… ငါ့သွေးက မင်းကို အဆိပ်လည်းဖြစ်စေနိုင်သလို မင်းရဲ့တည်နေရာကို လိုက်လို့ရတဲ့ အရာတစ်ခုလည်းဖြစ်လို့ရတယ်လေ…”
မေရီသည် သူမကို စိုက်ကြည့်နေသည့် ကောင်လေးကို ပြုံး၍…
“ငါ နောက်ရတာ ဝါသနာမပါဘူး…”
သူမသည် ခပ်အေးအေးဆိုလေသည်။ အဲရစ်သည် ခေါင်းပြန်ငုံ့ကာ အောက်နှုတ်ခမ်းကို ဖိကိုက်၏။ မေရီ့ရှေ့တွင် သူ ငြိမ်ငြိမ်လေးသာ ဒူးထောက်ထိုင်နေသေးဆဲ။
“ထတော့…”
သူမသည် အဲရစ်ကို ပြော၏။ အမိန့်ရလာချိန်မှသာ အဲရစ်သည် ထရပ်လေသည်။ ခေါင်းငုံ့နေသည့် ကောင်လေးကို ကြည့်ကာ မေရီသည် ဆက်ပြောလေသည်။
“ကျူးဒိုစ့်က မင်းဆရာဖြစ်လာလိမ့်မယ်…”
မေရီသည် အိပ်ယာခင်းအသစ်ပြင်ပြီးသည့် ခုတင်ပေါ်တွင် ပစ်လှဲချလိုက်ရင်း ပြောလေသည်။
“မင်းက ငါ့ရဲ့စစ်သူကြီးတွေထဲက တစ်ယောက်ဖြစ်နေပြီ…”
အဲရစ်သည် မေရီ့ကို လှမ်းကြည့်၏။ စောင်သည် မေရီ၏ ကိုယ်ပေါ်သို့ သူ့အလိုလို လွှမ်းခြုံလာလေသည်။ မေရီသည် မျက်လုံးများကို မှိတ်ကာ…
“ငါ့စစ်သူကြီးတွေကိုပဲ ငါကိုယ်တိုင် နာမည်ပေးတယ်… ငါ့သွေးကို မင်းတို့ကပဲ သောက်ခွင့်ရတယ်… မင်းတို့က ငါ့ကို သေသည်အထိ အလုပ်အကျွေးပြုရလိမ့်မယ်… ငါသေတာ ဒါမှမဟုတ် မင်းတို့သေတာ နှစ်ခုထဲက တစ်ခုဖြစ်မှပဲ မင်းတို့နဲ့ငါက ခွဲခွာရလိမ့်မယ်…”
မေရီ့စကားကို ဆုံးအောင်နားထောင်ပြီးချိန်တွင် အဲရစ်သည် အခန်းထဲမှ ထွက်လာလေ၏။ အခန်းအပြင်ဝတွင် ကြောင်မည်းလုံးသည် အဆင်သင့်စောင့်နေခဲ့၏။
သူနှင့်ကြောင်မည်းလုံးသည် အချိန်အတော်ကြာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့သည်။ ကြောင်မည်းလုံးသည် သူ့ကို သဘောကျခြင်းမရှိသည်ကို အဲရစ်သည် ကောင်းစွာသိသည်။
“ကျေးကျွန်တွေက အမည်ကို ရလေ့မရှိဘူး…”
ကြောင်မည်းလုံးသည် အနောက်သို့ လှည့်သွားကာ ပြောသည်။
“မင်းလို အစွမ်းတောင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့…”
အဲရစ်သည် လက်သီးကို တင်းတင်းဆုတ်၏။
“မင်း ဘယ်လိုစိတ်ကူးထားလဲတော့မသိဘူး…”
ကြောင်မည်းလုံးသည် အနောက်သို့ လှည့်ကြည့်လာသည်။ သူ့ မျက်လုံးစိမ်းများသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့်…
“မင်းက သစ္စာမခံဘဲ မေရီ့ရဲ့စစ်သူကြီးဖြစ်လာပေမဲ့ မေရီ့မှာ စစ်သူကြီးလေးယောက်ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့…”
အဲရစ်သည် ကြောင်မည်းလုံးကို မျက်နှာသေဖြင့်သာ ကြည့်သည်။ မေရီရှေ့တွင်သာ သူက သိုးငယ်လေးတစ်ယောက်လို အန္တရာယ်ကင်းသည့် ဟန်မျိုးဖြစ်နေတာ အခြားသူများနှင့်ဆိုလျှင်တော့ အဲရစ်သည် မျက်နှာကြောတင်းသည့် ကောင်ကလေးတစ်ယောက်ပေ။
“ငါက အခု မင်းရဲ့ဆရာပဲ…”
အဲရစ်သည် အသက်ကို အလျင်ဝအောင်ရှူ၏။ ထို့နောက် ရိုကျိုးသည့်ဟန်မျိုးဖြင့် သူ ဦးညွှတ်ကာ…
“ကျူးဒိုစ့် ကြောင်မိစ္ဆာဘုရင်က ကျွန်တော့်ကို တပည့်အဖြစ်လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ကြောင်မည်းလုံးသည် မည်သည့်စကားမှမပြောဘဲ အရှေ့သို့ပြန်လှည့်သွားလေ၏။ အဲရစ်သည် ကြောင်နက်နောက်မှသာ လိုက်သွားခဲ့လေသည်။
----------
Zawgyi
စုန္းလုိက္မုဆိုးမ်ား။
စုန္းလုိက္မုဆိုးမ်ားသည္ စုန္းကေဝအတတ္ကို တတ္ေျမာက္သည္။
သူတုိ႔၏ အစြမ္းသည္ လူတုိ႔ေစာင့္ၾကပ္သည့္ အက္ဥပေဒအမွတ္မ်ားေပၚတြင္ မူတည္၏။
စုန္းလုိက္မုဆိုးမ်ားသည္ လက္ဝါးကပ္တုိင္ပံုဓားရွည္ကို လက္နက္အျဖစ္ကိုင္ေဆာင္ေလ့ရွိၿပီး
သူတုိ႔၏ လက္ထဲတြင္ လူတုိ႔ကိုေစာင့္ၾကပ္သည့္ ဥပေဒစာအုပ္ကို ကိုင္ေဆာင္ထားတတ္သည္။
သူတုိ႔သည္ အျဖဴေရာင္ႏွင့္အနက္ေရာင္ႏွစ္မ်ိဳးတည္းကိုသာ ဝတ္ဆင္ေလ့ရွိၾကသည္။
အျဖဴေရာင္ဝတ္ဆင္သည့္ သူမ်ားသည္ သင္ယူေနဆဲေက်ာင္းသားမ်ားျဖစ္ၿပီး
အနက္ေရာင္ဝတ္ဆင္သူမ်ားသည္ စုန္းလုိုက္မုဆိုးမ်ားျဖစ္ေပ၏။
စုန္းလုိက္မုဆိုးမ်ားကို ေစာင့္ၾကပ္သူမ်ား (Guardian) ဟုလည္း ေခၚၾကေသးသည္။
အပိုင္း - ၆ : ေက်းကြ်န္စာခ်ဳပ္။
'အေရးႀကီးေရွ႕တန္းတင္ရမည့္ အရာမ်ားရွိလာခ်ိန္တြင္ မာနႏွင့္ေခါင္းမာမႈမ်ားကို ကြ်ႏ္ုပ္တုိ႔သည္ ေဘးခ်ိတ္ထားၾကရသည္။ ကြ်ႏု္ပ္တုိ႔ပန္းတုိင္သို႔ေရာက္လွ်င္ ကြ်ႏ္ုပ္တုိ႔ကို အရွက္ရေစသည့္ အရာမ်ားကို ဖယ္ရွားႏုိင္သည့္ ခြန္အားမ်ိဳး ကြ်ႏု္ပ္တို႔တြင္ ရွိလာမည္ မဟုတ္လား။'
“လာျပန္ၿပီလား သူတုိ႔ေတြက…”
ေမရီသည္ လင္းႏို႔တစ္ေကာင္မွ ေပးပို႔လာသည့္ စာကို ဖြင့္ဖတ္ၿပီးေနာက္ စိတ္ရႈပ္စြာေရရြတ္သည္။ စာကို သူမ လႊင့္ပစ္လုိက္ခ်ိန္တြင္ ေၾကာင္နက္သည္ သူမလက္ထဲမွစာကို မီးေတာက္တစ္ခုမႈတ္ထုတ္၍ ဖ်က္ဆီးပစ္လုိက္၏။
လက္ထဲတြင္ ေဆးတံရွည္ကိုကိုင္လ်က္၊ ခရမ္းရင့္ေရာင္ပိုးသားဂါဝန္ေပ်ာ့ျဖင့္ ခံုရွည္တြင္ေျခေထာက္တင္ကာ မီွထိုင္ေနသည့္ သူမဟန္က ေၾကာင္တစ္ေကာင္မွ ပ်င္းရိစြာတစ္ေန႔တာကိုျဖတ္သန္းေနသည့္ႏွယ္။
“သူတုိ႔က မင္းကို အဖြဲ႔အစည္းထဲဝင္ေစခ်င္တယ္…”
ေမရီသည္ ပခံုးအသာတြန္႔၍…
“ဝင္လုိက္ရင္ အဲ့ဒီ ငါ့ရဲ႕မရွိေတာ့အေမကိုေပးရမဲ့ လူႀကီးေတြက ငါ့ကိုထိန္းခ်ဳပ္ဖုိ႔ႀကိဳးစားေတာ့မွာေလ…”
“ဒါေတာ့အမွန္ပဲ…”
ေၾကာင္နက္သည္ ေတြးဆသည့္ ဟန္မ်ိဳးျဖင့္…
“တကယ္လုိ႔ မင္း တစ္ဖက္ဖက္နဲ႔မပူးေပါင္းဘူးဆုိရင္ေတာ့ ေရရွည္ဆုိ မင္းအခက္အခဲရွိႏိုင္တယ္…”
“က်ဴးဒိုစ့္ နင္က ေမ့ေနတာလား…”
ေမရီ၏ ထီမထင္ဟန္ျဖင့္ မ်က္ႏွာထားကို ေၾကာင္နက္သည္ ၾကည့္ေလ၏။
“ငါ တစ္ညမွာ အစုလုိက္အျပံဳလုိက္လူေတြကိုသတ္ခဲ့တဲ့ ႏွစ္က သိပ္ၾကာေနခဲ့တာမို႔လုိ႔လား…”
ျပန္လွည့္ကာ ေဆးတံဖြာေနသည့္ ေမရီကို ေၾကာင္နက္သည္ စိတ္ပ်က္လက္ပ်က္ၾကည့္ေပသည္။
“အဲ့ဒီတုန္းက…”
“ဘာပဲျဖစ္ျဖစ္ ငါ ဒီေကာင္ေတြကို ေၾကာက္မေနဘူး… အဲ့ဒီ ေကာင္စုတ္ေလးကို နင္ေသခ်ာသင္ေပးလုိက္…”
ေၾကာင္နက္သည္ ေမရီ႕ကို ၾကည့္ေနဆဲ။ ေမရီသည္ ေဆးတံကို ႏႈတ္ခမ္းမွခြာၿပီးေနာက္ ေၾကာင္နက္ဘက္ကို လွည့္လာကာ…
“ေကာင္စုတ္ေလးက နင့္ရဲ႕ သြန္သင္မႈေအာက္မွာ ရွိေနလိမ့္မယ္…”
ေမရီသည္ သူ႔သခင္ျဖစ္သည္မုိ႔ ေၾကာင္နက္သည္ ေမရီ႕ကို မည္သည့္စကားမွ်မဆိုေတာ့။
“သူ႔ရဲ႕ စြမ္းအားက ဘာဆုိတာေတာင္ မင္းမေလ့လာဘဲ ငါ့ကို ထည့္လုိက္ေတာ့မွာလား…”
“နင္တုိ႔က စြမ္းအားရင္းျမစ္မတူၾကရင္ေတာင္မွ နင္က ငါ့ေက်းကြ်န္ေတြထဲမွာ သက္တမ္းအရင့္ဆံုးပဲေလ…”
ေမရီသည္ မ်က္ခံုးပင့္၍…
“ဒါမွမဟုတ္ နင္က ဒီေကာင္စုတ္ေလးကို မသင္ခ်င္လုိ႔မ်ားလား…”
“မသင္ခ်င္ဘူးဆုိရင္ေရာ…”
ေမရီသည္ လက္ထဲမွ ေဆးတံကို လက္ေခ်ာင္းသြယ္ေလးမ်ားျဖင့္ အသာေခါက္၍…
“နင့္အစာကို ေလွ်ာ့လုိက္ၾကတာေပါ့…”
“ေမရီ!”
ေမရီသည္ ရယ္ေမာကာ အေပၚသို႔ တက္သြားေလ၏။
ေၾကာင္နက္သည္ ေအာက္ထပ္တြင္ က်န္ခဲ့ရင္း စာလာပို႔သည့္ လင္းႏို႔ကိုၾကည့္သည္။ ထုိ႔ေနာက္ လင္းႏို႔ကို ခုတ္ခ်လိုက္ေလေတာ့၏။ ေသသြားသည့္ လင္းႏို႔ကို သန္႔ရွင္းရန္အတြက္ တံျမက္စည္းတစ္ေခ်ာင္းႏွင့္ေဂၚျပားတစ္ခုသည္ အလုိအေလ်ာက္ေရာက္လာခဲ့ေလသည္။ လင္းႏို႔အေသကို သူတုိ႔သည္ အျပင္ကို ပစ္ထုတ္လုိက္ၾက၏။ သစ္ပင္တစ္ပင္သည္ ထုိလင္းႏို႔ကို စားေသာက္ကာ အရိုးကို အျပင္သို႔ ေထြးထုတ္လုိက္ေလ၏။
ေၾကာင္နက္သည္ ျပတင္းေပါက္ေဘာင္ေပၚတက္ကာ သစ္ပင္ကို လွမ္းၾကည့္၍…
“အယ္လုိဝင္…”
သစ္ပင္၏ အရြက္မ်ားသည္လႈပ္ယမ္းသြား၏။
“အဲရစ္တဲ့ ေနာက္ဝင္လာတဲ့ စစ္သူႀကီးတစ္ေယာက္နာမည္က…”
ေၾကာင္နက္သည္ သစ္ပင္ကို လွမ္းေျပာေလ၏။
သစ္ပင္သည္ အယ္လမ္သစ္ပင္မ်ိဳးျဖစ္ၿပီး ‘မ’ ဓာတ္သဘာဝကို ကိုယ္စားျပဳကာ သန္မာၿပီး၊ ေျမဓာတ္အစြမ္းရွိသည့္ သဘာဝသစ္မ်ိဳးျဖစ္၏။ အယ္လမ္သစ္သည္ အကာအကြယ္ႏွင့္ ျပဳစားျခင္းမ်ားတြင္ အသံုးျပဳ၍ရသည့္ သစ္ျဖစ္သည္။ အယ္လမ္သစ္သည္ အေဖာ္အေပါင္းလုိအပ္ၿပီး သူသည္ တုိက္ခုိက္ျခင္း၊ ကာကြယ္ျခင္းႏွင့္ ဖ်က္ဆီးမႈမ်ားတြင္ အသံုးျပဳႏုိင္သည့္ သစ္ျဖစ္သည္။
သစ္ပင္၏ အမည္သည္ အယ္လုိဝင္း။ စစ္သူႀကီးမ်ားထဲတြင္ရွိသည့္ အမသတၱိကိုေဖာ္ညႊန္းသည့္ စစ္သူႀကီးတစ္ဦး။ လူစကားႏွင့္ေျပာရမည္ဆုိလွ်င္ေတာ့ အယ္လုိဝင္းသည္ ေကာင္မေလးတစ္ဦးေပါ့။ သစ္ကိုင္းတစ္ခုသည္ ေၾကာင္နက္ရွိရာဆီသို႔ ေရာက္လာေလ၏။ ေၾကာင္နက္သည္ သူ တက္၍ရေအာင္ ကမ္းေပးသည့္ သစ္ကိုင္းေပၚသို႔ ခုန္တက္သည္။
“ေမရီက ဒီေကာင္ေလးကို ငါ့တပည့္အျဖစ္ထားၿပီး သင္ၾကားေစခ်င္တယ္…”
ေၾကာင္နက္သည္ သစ္ကိုင္းေပၚတြင္ ထုိင္ရင္း ေျမေအာက္ရွိ ေက်းကြ်န္တုိ႔၏အရိုးစုမ်ားကို ၾကည့္၍ဆုိ၏။
“ငါ မသင္ခ်င္ဘူး…”
ေၾကာင္နက္သည္ ခပ္ေအးေအးေျပာ၏။
“ေမရီ႕ကို လူေတြနဲ႔ မပတ္သက္ေစခ်င္ဘူး… ေနာက္ၿပီး ငါ သူ႔ကို ေအးေအးေဆးေဆးပဲ နားေစခ်င္တယ္…”
ေၾကာင္နက္သည္ အေဝးကိုေငး၍ေျပာေလ၏။
“ေမရီက ေအးေအးေဆးေဆးေနသင့္ေနၿပီ… မဟုတ္ရင္ သူ ပိုၿပီးအားနည္းလာလိမ့္မယ္…”
ေၾကာင္နက္သည္ အသံတုိးတုိးျဖင့္ဆိုေလ၏။ သစ္ပင္သည္ အရြက္မ်ားကို လႈပ္ခတ္ျခင္းျဖင့္သာ ေၾကာင္နက္စကားကို တံု႔ျပန္ခဲ့သည္။
>>>>><<<<<
သူ မ်က္စိႏွစ္လံုးပြင့္ခ်ိန္တြင္ ျမင္ရသည္က ေမရီ႕မ်က္ႏွာ။ ေမရီ၏ ႏႈတ္ခမ္းအိအိသည္ သူ႔ႏႈတ္ခမ္းမ်ားျဖင့္ ထိကပ္ထားခဲ့သည္။ သူ႔မ်က္လံုးတုိ႔သည္ ဝိုင္းစက္သြား၏။ တစ္ဆက္တည္း သူ႔တစ္ကိုယ္လံုးသည္ ေတာင့္သြားခဲ့သည္။
“အိုး မင္းႏိုးလာၿပီလား…”
ေမရီသည္ ခပ္ေအးေအးေျပာေလ၏။
သူ႔ပါးစပ္ကိုသူ လက္ျဖင့္အုပ္ကာ ၾကက္ေပါက္ေလးမွ ဆန္စိတ္ေနသလုိ သူ ေခါင္းကိုသာ တဆတ္ဆတ္ၿငိမ့္ျပသည္။
“ဒါ ငါ့အိပ္ခန္း…”
ေမရီသည္ ကိုယ္ကိုျပန္မတ္ကာ ခပ္ေအးေအးေျပာ၏။
သူ အိပ္ေနရာမွ ထထိုင္၏။ က်ယ္ဝန္းသည့္ အခန္းကို သူၾကည့္သည္။ ေမရီ၏ အခန္းသည္ ခမ္းနား၏။ အနီေရာင္ေကာ္ေဇာႏွင့္ ခုတင္က်ယ္သည္ သူလိုအရြယ္ ဆယ္ေယာက္ေလာက္ေကာင္းေကာင္းဆန္႔ႏုိင္သည္။ ထို႔ေနာက္ စာအုပ္စင္ႀကီးတစ္ခု၊ စာၾကည့္စားပြဲတစ္ခု၊ ျပတင္းေပါက္နားတြင္ စားပြဲဝိုင္းေလးတစ္လံုးျဖင့္။
ခ်က္ခ်င္းထထိုင္ကာ သူ ေမရီ႕ကို ၾကည့္သည္။ ေမရီက သူ႔ကိုနမ္းတယ္။ ဒါေပမဲ့ သူ အဲ့ဒီကိစၥကို ထုတ္ေျပာဖို႔လည္း အဆင္မေျပဘူး။ ေမရီက ဘာလုိ႔ သူ႔ကိုနမ္းတာလဲ။
“ေသာက္ကေလး…”
ေမရီသည္ သူ႔ကို ေကာင္စုတ္ေလး၊ သို႔မဟုတ္ ေသာက္ကေလး ႏွစ္မ်ိဳးသာ ေခၚလုိပံုရသည္။ အမည္တစ္ခုမရွိသည္မို႔ ထိုသို႔ေခၚျခင္းႏွင့္ပတ္သက္ၿပီး သူ စိတ္မနာပါဘူး။
“မင္းနာမည္ မင္း သတိရေသးလား…”
နာမည္? သူ႔မွာ အမည္ရယ္လို႔မရွိခဲ့ဘူး။ ဝိညာဥ္ဆိုးေတြက နတ္ဆိုးဘုရင္ရဲ႕သားကို အမည္နာမတစ္ခုသတ္မွတ္ မေပးရဲဘူးေလ။ ထို႔အတြက္ အသက္စရွင္ကတည္းက သူ႔တြင္ အမည္ဟူ၍ မရွိေပ။ ေခါင္းယမ္းျပမလို လုပ္ၿပီးမွ သူ႔မွတ္ဥာဏ္သည္ တျဖည္းျဖည္းအလုပ္ျပန္လုပ္လာ၏။
ေမရီ၏ တံျမက္စည္းပ်ံေပၚတြင္ သူ ရွိေနစဥ္ အရံအတားကို ထြင္းေဖာက္ကာ ႀကီးမားသည့္ အလင္းတန္းသည္ ဓားတစ္စင္းကဲ့သို႔ သူ႔ကိုယ္ထဲသို႔ စိုက္ဝင္သြားခဲ့သည္။ ထို႔ေနာက္ ေမရီသည္ သူ႔ကို ၾကည့္ခဲ့သည္။ စကားလံုးအခ်ိဳ႕ရြတ္ဆုိၿပီးေနာက္ ေမရီသည္ သူ႔ကို ႏႈတ္ခမ္းခ်င္းေတ့ကာ ေသြးကို တုိက္ခဲ့သည္။
သူ႔မ်က္ႏွာသည္ ပူလာသလုိ ခံစားရ၏။ ေမရီက သူ႔ကို ႏွစ္ႀကိမ္တိတိနမ္းခဲ့တာမဟုတ္လား။ ပထမတစ္ႀကိမ္ကေတာ့ ေသြးတိုက္ဖို႔ထားပါေတာ့… ေနပါဦး ေသြးတုိက္တာလည္း ဒီတုိင္းတုိက္လုိ႔တာပဲ ဘာလို႔သူ႔ကို ပလိန္းႀကီး…
“အံမယ္… နင္က အသားယူခံရတဲ့ ငတိဒီဇိုင္းနဲ႔ငါ့ကို လာၾကည့္ေနေသးတယ္…”
ေမရီသည္ ခုတင္စပ္နားတြင္ ထုိင္ေနရင္းျဖင့္ ေကာင္စုတ္ေလးကို ၾကည့္ကာေျပာသည္။ ေကာင္စုတ္ေလးသည္ ပါးစပ္ကို လက္ဝါးေသးေသးေလးျဖင့္ အုပ္ထားကာ သူမကို မဟုတ္လို႔လားဆိုသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနခဲ့သည္။
“ပထမတစ္ႀကိမ္က မင္း ႏွလံုးရပ္လုဆဲဆဲျဖစ္သြားတယ္…”
ေမရီ႕လက္ထဲမွ ေဆးတံသည္ သူ႔ႏွလံုးေနရာကို ေထာက္လာ၏။ ႏွလံုးရပ္သြားမလိုျဖစ္သြားသည္ ဆုိသည့္အေၾကာင္းက သူ႔ရင္ကို တဒိတ္ဒိတ္ခုန္သြားေစသည္။
“ႏွလံုးရပ္တဲ့သူကို ငါက ဘယ္လိုလုပ္ၿပီး ေသြးစက္ခ်ေပးလို႔ရမလဲ မင္းမွာ သိစိတ္မွမရွိေတာ့တာ…”
ေမရီသည္ သူမကို အသက္ႀကီးၿပီးကေလးကို အသားယူသည့္ သူဟု မထင္ေစရန္အတြက္ ရွင္းျပေလ၏။ သူမက အရမ္းကို လွပတဲ့စုန္းမတစ္ေယာက္ျဖစ္ၿပီး သူမကို လိုခ်င္တဲ့ေယာက်ာ္းေတြ၊ မိန္းမေတြ အေျမာက္အျမားရွိေနတာကို အသက္မျပည့္ေသးတဲ့ ကေလးတစ္ေယာက္ကို အသားယူတယ္လို႔ အထင္ခံရမဲ့ကိစၥက သူမရဲ႕ဂုဏ္သိကၡာကိုထိပါးေစတယ္ေလ။
“ငါ့ႏႈတ္ခမ္းေတြကို အသံုးျပဳရတာေပါ့… ေသာက္ကေလး မင္းက အသိေလးလည္းရလာေရာ ငါ့အစြမ္းေတြကို စုတ္သြားေသးတယ္ ေနာက္ေတာ့ ဒီတုိင္းႀကီးေမ့သြားတယ္…”
သူ ေခါင္းကိုသာ ငံု႔ထား၏။ ေမရီက သူ႔ကို ကန္ထုတ္ေတာ့မွာလား။ ေတြးၾကည့္ရံုနဲ႔တင္ ကန္ထုတ္ခံရေလာက္တဲ့ ပံုမ်ိဳးျဖစ္ေနတာပဲ…
“ငါ့အစြမ္းေတြကို ငါ ျပန္စုတ္ယူတာေလ…”
သူ ေစာဒကတက္ခ်င္ေသာ္လည္း စကားလည္းရွာမရ။ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေနလုိက္ရေတာ့သည္။
ေမရီသည္ သူမကို အရံႈးေပးကာ ၿငိမ္က်သြားသည့္ ေကာင္စုတ္ေလးကို ေက်နပ္စြာၾကည့္၏။ ထုိ႔ေနာက္ ထိုင္ေနရာမွ ထရပ္ကာ…
“မင္း နာမည္ကို သတိရေသးလား…”
သူ႔ေခါင္းသည္ ဆတ္ခနဲေထာင္လာ၏။ ေမရီကို သူၾကည့္သည္။ ေမရီ၏ မ်က္လံုးမ်ားသည္ သူ႔ထံတြင္ စူးနစ္ေနခဲ့သည္။ ေအးစက္ၿပီးခံစားခ်က္မဲ့သည့္ မ်က္လံုးမ်ားသည္ သူ႔ ႏွလံုးခုန္သံကို တဒိတ္ဒိတ္ခုန္ေစ၏။ သူ႔စိတ္ထဲတြင္ သခင္ျဖစ္သူကို ရဲတင္းစြာ ေမာ္ဖူးၾကည့္ေနသည့္ ကြ်န္တစ္ေယာက္၏ ခံစားခ်က္ျဖင့္ သူ႔ရင္ခုန္သံသည္ က်ယ္ေလာင္ေနခဲ့သည္။ သူ ခုတင္ေပၚမွ ခ်က္ခ်င္းဆင္းကာ ေကာ္ေဇာေပၚသို႔ ေျခခ်၏။ ဒူးတစ္ဖက္ကိုေထာက္ထိုင္ခ်ကာ ေမရီေရွ႕တြင္ ေခါင္းငံု႔သည္။ ထိုအခါမွသာ က်ယ္ေလာင္ေနသည့္ ရင္ခုန္သံမ်ားသည္ ၿငိမ္က်လာေလ၏။
“အဲရစ္… ကြ်န္ေတာ့္နာမည္က အဲရစ္…”
သူ အသံတိုးတုိးျဖင့္ သူ႔အမည္ကို ရြတ္ျပေလ၏။
“ကြ်န္ေတာ္ အဲရစ္က သခင္မအေပၚမွာ ေသသည္အထိ အလုပ္အေကြ်းျပဳသြားပါ့မယ္…”
စကားဆံုးခ်ိန္တြင္ ေဆးတံကိုကိုင္ကာ ရပ္ေနသည့္ ေမရီ႕ေရွ႕မွ ေကာင္ကေလး၏ လည္တုိင္ေဖြးေဖြးတြင္ အနက္ေရာင္ ကႏုတ္ျခယ္သထားသည့္ မ်ဥ္းတစ္ေၾကာင္းသည္ လည္ပတ္တစ္ခုအလား ေပၚလာခဲ့ေလ၏။
ေမရီ႕ ႏႈတ္ခမ္းမ်ားသည္ ေကာ့ညႊတ္လာေခ်သည္။
“ငါတုိ႔ရဲ႕ ေက်းကြ်န္စာခ်ဳပ္က ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္နဲ႔ အသက္ဝင္သြားၿပီပဲ…”
ေမရီသည္ ခုတင္ကို ၾကည့္လုိက္ခ်ိန္တြင္ အိပ္ယာခင္းအသစ္ႏွင့္ ေခါင္းအံုးအသစ္မ်ားသည္ အလုိလုိေရာက္လာကာ အိပ္ယာကို ျပင္ဆင္ေနခဲ့သည္။
“ေက်းကြ်န္စာခ်ဳပ္ေတြက သခင္ကသာဖ်က္သိမ္းမွျဖစ္မယ္ဆိုတာ မင္းသိတယ္မဟုတ္လား…”
ေမရီသည္ အဲရစ္ကို အနိမ့္အျမင့္မရွိသည့္ တသမတ္ထဲအသံမ်ိဳးႏွင့္ေမးေလသည္။ အဲရစ္သည္ ေခါင္းသာ ညိတ္ျပေလ၏။
“အဲရစ္…”
ေမရီသည္ ငုတ္တုတ္ထုိင္ခ်ကာ ေဆးတံျဖင့္ ေခါင္းငံု႔ေနသည့္ ေကာင္ကေလး၏ ေမးဖ်ားကို ပင့္ေမာ့ေစသည္။ ႏုနယ္ေသးသည့္ ခုနစ္ႏွစ္အရြယ္ေကာင္ကေလး၏ မ်က္လံုးဝါဝါေလးမ်ားထဲစိုက္ၾကည့္ကာ…
“မင္းက ရည္မွန္းခ်က္ႀကီးတဲ့ ေကာင္ကေလးမွန္းငါသိတယ္…”
သူ ရင္ထိတ္စြာသူမကို ၾကည့္သည္။
“ေက်းကြ်န္စာခ်ဳပ္ေတြက သခင္ဘက္က ဖ်က္သိမ္းမွျဖစ္မယ္ဆုိေပမဲ့ ခြ်င္းခ်က္အေနနဲ႔ ကြ်န္က သခင့္ထက္ စြမ္းအားသာလြန္သြားတဲ့အခ်ိန္မ်ိဳးမွာဆုိရင္ ေက်းကြ်န္ဘက္က သခင္ကို သတ္ၿပီး စာခ်ဳပ္ကို ပ်က္ျပယ္ေစလုိ႔ရတယ္…”
ေမရီသည္ သူမကို အၾကည့္လႊဲသြားသည့္ ေကာင္ကေလးကိုၾကည့္ကာ ရယ္၏။
“စိတ္ဝင္စားစရာေကာင္းတာပဲ…”
အၾကည့္လႊဲထားသည့္ ေကာင္ေလးသည္ သူမကို နည္းနည္းေလးမွ ၾကည့္ျခင္းမျပဳ။ သူမက သူ႔အေတြးေသးေသးေလးကို ေဖာ္ထုတ္ႏိုင္လုိက္ခဲ့သည္ေလ။
“ငါ့ကို သတ္ဖို႔အတြက္ မင္းက စိတ္ကူးထားရဲတယ္ေပါ့…”
“ကြ်န္ေတာ္က သခင္မကို ဘယ္လိုလုပ္ၿပီး သတ္ႏိုင္မွာလဲ…”
အဲရစ္သည္ ခပ္သြက္သြက္သာ ေျဖၾကားသည္။ ႏွလံုးသားမည္းညစ္ေနသည့္ ေကာင္ကေလးသည္ သူ႔အသက္မေသေအာင္ အလ်င္အားထုတ္ရ၏။ ယခုအခ်ိန္တြင္ သူသည္ ခြန္အားနည္းလြန္းသည္။ ေမရီသည္ နတ္ဆိုးမ်ားထက္ပင္ အစြမ္းထက္သည္ဟု ဝိညာဥ္ဆိုးမ်ားက ဆုိၾကသည္။
“သခင္မေျပာသလို ေက်းကြ်န္က သခင့္ကိုျပန္သတ္ႏုိင္တဲ့အေျခအေနမ်ိဳးမွာဆုိရင္ ေက်းကြ်န္ရဲ႕အစြမ္းကို သခင္ကလည္း စာခ်ဳပ္နဲ႔ထိန္းခ်ဳပ္ထားလို႔ရတယ္ေလ…”
ေမရီ၏ မ်က္လံုးမ်ားထဲ သူ စိုက္ၾကည့္ကာ ေျပာသည္။ ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းေခါင္းကိုငံု႔ကာ အၾကည့္လႊဲေလသည္။
“ေနာက္ၿပီး ကြ်န္ေတာ္က အခုမွ နတ္ဆိုးေပါက္စေလးတစ္ေယာက္ရွိေသးတာ သခင္မထက္ အစြမ္းသာလြန္ဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး… ႏွစ္ေတြအမ်ားႀကီး ၾကာသြားရင္ေတာင္ မျဖစ္ႏုိင္ပါဘူး…”
“အေျပာေကာင္းတဲ့ ေကာင္စုတ္ေလး…”
ေမရီသည္ ေကာင္စုတ္ေလး၏ ေမးဖ်ားတြင္ ေထာက္ထားသည့္ ေဆးတံကို ရုတ္သိမ္းကာ ရယ္သံစြက္၍ေျပာသည္။ အဲရစ္… ထိုနတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းေလးသည္ စိတ္ဝင္စားစရာေကာင္းသည္။ လည္လြန္းတယ္… ေမရီသည္ထိုေကာင္ေလးကိုၾကည့္၍ ထိုသို႔သာ ေတြးႏိုင္ေလ၏။
“မင္းရဲ႕ အေဖက မင္းရွိတာကို သိလား…”
“ဟုတ္…”
အဲရစ္သည္ မထေသးဘဲ ေခါင္းကို ငံု႔ထားရင္းျဖင့္သာ ေျဖ၏။ ေမရီသည္ ေဆးတံဖြာေနရင္းမွ မ်က္ခုံးပင့္သည္။ အိုး… ဒါက မိသားစုဒရာမာေလးေပါ့။ ေမရီသည္ ထိုေကာင္ေလးကိုၾကည့္ေလသည္။
“ဒါေပမဲ့ အခုခ်ိန္မွာ အေဖက ကြ်န္ေတာ့္ကို မၾကည့္ႏိုင္ေသးဘူး…”
“ေၾသာ္… မင္းက ေမြးကတည္းက ေတာ္ဝင္ေသြးအေနနဲ႔ေမြးလာတာေပါ့…”
ထိုေကာင္ေလးသည္ သူမကို ေခါင္းညိတ္ျပေလ၏။ ေမရီသည္ ခပ္ေအးေအးသာ ေခါင္းညိတ္ကာ ထိုေကာင္ေလးကို ၾကည့္သည္။ ေတာ္ဝင္ေသြးပါသည့္ နတ္ဆိုးမ်ားသည္ သူတို႔၏ မိဘမ်ားႏွင့္ ေသြးမွတစ္ဆင့္ ဆက္သြယ္ႏုိင္ျခင္းရွိ၏။ ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ေကာ့ညႊတ္သြားရျပန္သည္။
“ဒါေပမဲ့ ေကာင္စုတ္ေလး…”
အဲရစ္သည္ ေမရီ႕ကိုေမာ့ၾကည့္လာ၏။ ေမရီသည္ သူ႔ကို ျပံဳးေနေသာ္လည္း ေအးစက္ေနသည့္ မ်က္ႏွာထားျဖင့္ ၾကည့္ကာ…
“ငါ့ေသြးက မင္းခႏၶာထဲမွာမုိ႔ မင္းက ငါ့ကို သတ္ရင္ မင္းပါ ေသသြားေလာက္တယ္…”
အဲရစ္၏ ျဖဴဆုတ္သြားသည့္ မ်က္ႏွာကိုၾကည့္ကာ သူမ ခပ္တိုးတုိးရယ္သည္။
“ငါက အခ်ိန္မေရြး မင္းဘယ္မွာလဲ ဆုိတာကိုလည္း သိႏိုင္သလို မင္းကိုလည္း သတ္လုိ႔ရတယ္… ငါ့ေသြးက မင္းကို အဆိပ္လည္းျဖစ္ေစႏိုင္သလုိ မင္းရဲ႕တည္ေနရာကို လုိက္လို႔ရတဲ့ အရာတစ္ခုလည္းျဖစ္လို႔ရတယ္ေလ…”
ေမရီသည္ သူမကို စိုက္ၾကည့္ေနသည့္ ေကာင္ေလးကို ျပံဳး၍…
“ငါ ေနာက္ရတာ ဝါသနာမပါဘူး…”
သူမသည္ ခပ္ေအးေအးဆိုေလသည္။ အဲရစ္သည္ ေခါင္းျပန္ငံု႔ကာ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္၏။ ေမရီ႕ေရွ႕တြင္ သူ ၿငိမ္ၿငိမ္ေလးသာ ဒူးေထာက္ထိုင္ေနေသးဆဲ။
“ထေတာ့…”
သူမသည္ အဲရစ္ကို ေျပာ၏။ အမိန္႔ရလာခ်ိန္မွသာ အဲရစ္သည္ ထရပ္ေလသည္။ ေခါင္းငံု႔ေနသည့္ ေကာင္ေလးကို ၾကည့္ကာ ေမရီသည္ ဆက္ေျပာေလသည္။
“က်ဴးဒိုစ့္က မင္းဆရာျဖစ္လာလိမ့္မယ္…”
ေမရီသည္ အိပ္ယာခင္းအသစ္ျပင္ၿပီးသည့္ ခုတင္ေပၚတြင္ ပစ္လွဲခ်လုိက္ရင္း ေျပာေလသည္။
“မင္းက ငါ့ရဲ႕စစ္သူႀကီးေတြထဲက တစ္ေယာက္ျဖစ္ေနၿပီ…”
အဲရစ္သည္ ေမရီ႕ကို လွမ္းၾကည့္၏။ ေစာင္သည္ ေမရီ၏ ကိုယ္ေပၚသုိ႔ သူ႔အလုိလုိ လႊမ္းျခံဳလာေလသည္။ ေမရီသည္ မ်က္လံုးမ်ားကို မိွတ္ကာ…
“ငါ့စစ္သူႀကီးေတြကိုပဲ ငါကိုယ္တုိင္ နာမည္ေပးတယ္… ငါ့ေသြးကို မင္းတုိ႔ကပဲ ေသာက္ခြင့္ရတယ္… မင္းတို႔က ငါ့ကို ေသသည္အထိ အလုပ္အေကြ်းျပဳရလိမ့္မယ္… ငါေသတာ ဒါမွမဟုတ္ မင္းတုိ႔ေသတာ ႏွစ္ခုထဲက တစ္ခုျဖစ္မွပဲ မင္းတုိ႔နဲ႔ငါက ခြဲခြာရလိမ့္မယ္…”
ေမရီ႕စကားကို ဆံုးေအာင္နားေထာင္ၿပီးခ်ိန္တြင္ အဲရစ္သည္ အခန္းထဲမွ ထြက္လာေလ၏။ အခန္းအျပင္ဝတြင္ ေၾကာင္မည္းလံုးသည္ အဆင္သင့္ေစာင့္ေနခဲ့၏။
သူႏွင့္ေၾကာင္မည္းလံုးသည္ အခ်ိန္အေတာ္ၾကာ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနခဲ့သည္။ ေၾကာင္မည္းလံုးသည္ သူ႔ကို သေဘာက်ျခင္းမရွိသည္ကို အဲရစ္သည္ ေကာင္းစြာသိသည္။
“ေက်းကြ်န္ေတြက အမည္ကို ရေလ့မရွိဘူး…”
ေၾကာင္မည္းလံုးသည္ အေနာက္သို႔ လွည့္သြားကာ ေျပာသည္။
“မင္းလုိ အစြမ္းေတာင္မရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဆုိရင္ ပိုဆိုးတာေပါ့…”
အဲရစ္သည္ လက္သီးကို တင္းတင္းဆုတ္၏။
“မင္း ဘယ္လုိစိတ္ကူးထားလဲေတာ့မသိဘူး…”
ေၾကာင္မည္းလံုးသည္ အေနာက္သို႔ လွည့္ၾကည့္လာသည္။ သူ႔ မ်က္လံုးစိမ္းမ်ားသည္ သတ္ျဖတ္လုိသည့္ အေငြ႔အသက္မ်ားျဖင့္…
“မင္းက သစၥာမခံဘဲ ေမရီ႕ရဲ႕စစ္သူႀကီးျဖစ္လာေပမဲ့ ေမရီ႕မွာ စစ္သူႀကီးေလးေယာက္ရွိေသးတယ္ဆုိတာ မေမ့ပါနဲ႔…”
အဲရစ္သည္ ေၾကာင္မည္းလံုးကို မ်က္ႏွာေသျဖင့္သာ ၾကည့္သည္။ ေမရီေရွ႕တြင္သာ သူက သိုးငယ္ေလးတစ္ေယာက္လုိ အႏၱရာယ္ကင္းသည့္ ဟန္မ်ိဳးျဖစ္ေနတာ အျခားသူမ်ားႏွင့္ဆုိလွ်င္ေတာ့ အဲရစ္သည္ မ်က္ႏွာေၾကာတင္းသည့္ ေကာင္ကေလးတစ္ေယာက္ေပ။
“ငါက အခု မင္းရဲ႕ဆရာပဲ…”
အဲရစ္သည္ အသက္ကို အလ်င္ဝေအာင္ရွဴ၏။ ထို႔ေနာက္ ရိုက်ိဳးသည့္ဟန္မ်ိဳးျဖင့္ သူ ဦးညႊတ္ကာ…
“က်ဴးဒိုစ့္ ေၾကာင္မိစၦာဘုရင္က ကြ်န္ေတာ့္ကို တပည့္အျဖစ္လက္ခံတဲ့အတြက္ ေက်းဇူးတင္ပါတယ္…”
ေၾကာင္မည္းလံုးသည္ မည္သည့္စကားမွမေျပာဘဲ အေရွ႕သို႔ျပန္လွည့္သြားေလ၏။ အဲရစ္သည္ ေၾကာင္နက္ေနာက္မွသာ လုိက္သြားခဲ့ေလသည္။
----------