book

Index 5

Part - 5

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode

စုန်းတို့၏ အစွမ်းကို သူတို့ရွတ်ဖတ်သည့် မန္တန်တွင်ပါဝင်သည့် စကားလုံးအရေအတွက်နှင့် တိုင်းတာသည်။

မေရီသည် စကားလုံးတစ်ခွန်းတည်းဖြင့် ဂါထာများကို အသက်သွင်းနိုင်သည့် စုန်းပျိုမလေးတစ်ယောက်ဖြစ်သည်။

သူမသာ ဂါထာမရွတ်ချင်ဘူးဆိုလျှင် သူမသည် စိတ်ဖြင့်လည်း ဂါထာကို အသက်သွင်းနိုင်သေးသည်။

စုန်းလိုက်မုဆိုးတို့သည် စုန်းများကို သုတ်သင်သည့် အဖွဲ့အစည်းတစ်ခုရှိသူများဖြစ်ကြပြီး ထိုသူတို့သည်လည်း စုန်းအသက်ကို တတ်ကျွမ်းကြ၏။

သူတို့၏ စွမ်းအားသည် လူတို့ကိုကာကွယ်စောင့်ရှောက်ရန် ချမှတ်ထားသည့် အက်ဥပဒေအမှတ်များကိုစိတ်စွမ်းအင်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းပေါ်တွင် မူတည်သည်။

အပိုင်း - ၅ : ငရဲဧကရာဇ်

‘လူတို့၏ အသွင်အမှန်သည် အချိန်တစ်ခုတွင် တွေ့ရတတ်၏။ ထိုသည်က အသက်ဟူသည်နှင့်တော့မဆိုင် သူ့အတွက် အရေးကြီးသည်ဆိုသော အရာကို ဆုံးရှုံးလုဆဲဆဲတွင် လူတို့၏ အသွင်အမှန်ကို တွေ့ရတတ်သည်။ များသောအားဖြင့် လူတို့အတွက် အရေးကြီးဆုံးက အသက်မို့ အသက်အန္တရာယ်ကြုံလာနိုင်ချေများတွင် ကျွန်ုပ်တို့သည် သူတို့၏ စိတ်ရင်းအမှန်ကို မြင်ရတတ်ဟု ဆိုကြတာပေါ့။’

“သူတို့က ဒီနေ့တကယ်ကို သူသေကိုယ်သေချလောက်တယ်…”

ကြောင်နက်ဝတုတ်သည် မေရီကို လှမ်းပြောလေသည်။ မေရီသည် မျက်ခုံးကိုသာ ပင့်၍ တိရိစ္ဆာန်ရိုင်းလေးလို ရှိသမျှအကုန် ရန်ပြုတော့မည့် ကောင်စုတ်လေးကို ကြည့်၏။

“ငါပြောမလို့…”

ကြောင်နက်သည် မေရီ့ကို လှမ်းကြည့်၏။ မေရီသည် သွားဖြူဖြူလေးများပေါ်အောင် ရယ်ကာ…

“သူ့နှလုံးက ရပ်လုနီးနီးဖြစ်နေပြီ…”

ကြောင်နက်၏ မျက်လုံးများသည် ထွက်ကျမတတ် ပြူးထွက်လာတော့သည်။ ကြောင်နက်သည် မေရီကို ဒေါသတကြီးပြန်ကြည့်ကာ သူ့လက်သီးဆုတ်ကြီးများဖြင့် ပိတ်ခေါက်ချင်ဟန်ဖြင့်…

“မင်း… မင်း သူ့ကို ဒီတိုင်းလုပ်ချလိုက်တယ်ပေါ့…”

“မဟုတ်ရင် သူ နှလုံးရပ်သွားမှာပေါ့…”

“မေရီ!!”

ကြောင်နက်၏ အော်လာမှုကို မေရီသည် မကြားသယောင်ပြုကာ တစ်ဖက်သို့ လှည့်နေခဲ့သည်။ မကြားဘူး၊ မမြင်ဘူး၊ မသိဘူး။ သူမ လုပ်ချင်တာလုပ်ပြီးပြီ။ ဘာဖြစ်လဲ… မေရီသည် ကိုယ့်နှုတ်ခမ်းကိုယ်အသာကိုင်၏။

သေချင်းဆိုးလေးက ငါ့ရဲ့ အစွမ်းတွေအများကြီး ယူသွားသေးတယ်!

မေရီ၏ နည်းနည်းလေးမှ အရေးမစိုက်သည့် ဟန်ကြောင့် ကြောင်နက်သည် အရှေ့သို့ ကြည့်၏။

မေရီ… ဒီကောင်မစုတ်လေးဟာ တကယ်ကို ကိုက်သတ်ချင်စရာကောင်းတယ်။ သူ့မှာ မေရီ့ကို ကိုက်သတ်နိုင်လောက်တဲ့ စွမ်းအားမရှိရင်တောင် သူ စိတ်ကူးထဲမှာတော့ ကိုက်သတ်လို့ရတယ်မလား!

“နင် သူ့ကို အမြန်မတားဘူးဆိုရင်… ငါးတွေနဲ့ ဝေးပြီမှတ်လိုက်တော့…”

“မေရီ… နင်…”

မေရီသည် တံမြက်စည်းပျံပေါ်တွင် တက်ထိုင်ကာ ခပ်အေးအေး ပြောသည်။ ဟန်ကျကျ ထိုင်နေသည့် မေရီကို ကြောင်နက်သည် မျက်စောင်းလှမ်းထိုး၏။ ပြဿနာတွေ လုပ်ပြီးတိုင်း မေရီက အမြဲတမ်း သူ့ကျေးကျွန်တွေကိုပဲ ရှင်းခိုင်းလေ့ရှိသည် မဟုတ်လား။ သူ့ကျေးကျွန်…

ကြောင်နက်သည် စိတ်ထဲတွင် မတင်မကျဖြစ်သွားတော့သည်။

ဒီကောင်လေးဟာလည်း မေရီ့ကျေးကျွန်ဖြစ်နေခဲ့ပြီ။ မေရီက ဒီကောင်လေးကို အမည်ကိုယ်တိုင်ပေးသည် ဆိုကတည်းက…

ကြောင်နက်သည် အရှေ့တွင် တိုက်ခိုက်နေသည့် နတ်ဆိုးကောင်လေးနှင့် ခုခံနေသည့် လူအုပ်ကိုကြည့်၏။ အများနှင့်တစ်ယောက်တောင် အများက သေမလိုခုခံနေရတာပဲ။

ထိုကောင်လေး… အဲရစ်… အဲရစ်အမည်ရှိ ထိုကောင်လေးသည် သူတို့လို မေရီ၏ စစ်သူကြီးများထဲမှ တစ်ယောက်အဖြစ် သူမ သတ်မှတ်ပေးလိုက်ခြင်းပေ။

မေရီ…

သူမသည် ဘာတွေများစိတ်ကူးနေတာလဲ။ စစ်သူကြီး… သူမက လူသားအသွင်ဖန်ဆင်းနိုင်သည့် သတ္တဝါများကို မကြိုက်ဘူးလေ။ သူမက…

ထားလိုက်တော့… သူ အများကြီး မစဉ်းစားနေတော့ဘူး။

ကြောင်နက်၏ မျက်လုံးများသည် စိမ်းတောက်သွား၏။ သူ့အရွယ်အစားသည် ပို၍ကြီးမားလာခဲ့သည်။ နဂိုကတည်းက ဝဖိုင့်နေသည့် ခန္ဓာကိုယ်ကြီးသွားချိန်တွင် ကျူးဒိုစ့်၏ အရွယ်အစားသည် ရဲတိုက်တစ်ခုပမာ။ သူ့ အမြီးသုံးခွသည် ထွက်လာချေ၏။ နှာတစ်ချက်မှုတ်ကာ သန်မာသည့် ခြေသည်းများဖြင် သူ မြေကိုယက်သည်။ မြေသားစိုင်တို့သည် ပဲ့ကုန်ရ၏။

“သူတို့အဲ့လိုလုပ်နေရင် ငါ့တောကတော့ ပြုန်းတော့မှာပဲ…”

မေရီသည် တံမြက်စည်းပျံပေါ်တွင် ထိုင်နေရင်းဖြင့် သူမ၏ လက်သည်းများကို ကြည့်ရင်းဆိုသည်။

“မေရီ…”

တောင်ပံဖလတ်ဖလတ်နှင့် သူမထံ ပျံဝင်လာသည့် ဝတ်ရည်စုတ်ငှက်၏ အတောင်နှစ်ဖက်ကို ဆွဲကိုင်ကာ မေရီ ဖမ်းလိုက်၏။

“ဘာလဲ…”

“အဲ့ဒီနတ်ဆိုးလေးကို အသေသတ်ရမယ်လို့ တာဝန်ထုတ်ပြန်ထားတာ…”

“ဟုတ်လား…”

မေရီသည် မြေပြင်ပေါ်ရှိ တိုက်ပွဲကို မမှိတ်မသုန်ပြန်ကြည့်၏။

တစ်ဖက်စုန်းများကို သုတ်သင်သည့် သူများ၏ ဓားသည် ထိုကောင်လေးကိုသာ ပစ်မှတ်ထားကြသည်။ သို့သော်လည်း ထိုကောင်လေးသည် သတ်ရန် မလွယ်ကူတော့။ သူ့၏ နတ်ဆိုးသွေးသည် နိုးကြားသွားသည့်အပြင် သူသည် သိစိတ်က လွတ်နေသေးသည်။ အကယ်၍ ကြောင်နက်ကသာ အချိန်မှီမတားနိုင်ဘူးဆိုလျှင် သူတို့သည် နှစ်ဖက်လုံး အသေအကြေဖြစ်ကြမှာ အသေအချေပါပဲ။

ထိုကောင်လေး၏ လက်သည်းများသည် သူ့ထံပစ်ဝင်လာသည့် မီးလုံးများကို ထက်ခြမ်းခွဲနိုင်၏။ သူ့ကို ရစ်နှောင်ရန်ကြိုးစားသည့် နွယ်ကြိုးများကို ဖြတ်ပစ်နိုင်၏။ တောင်ပံများသည် လေပြင်းကို ဖန်တီးနိုင်၍ တစ်ဖက်ရှိ အကာအကွယ်များကို လွင့်ထွက်သွားစေနိုင်သည်။

“ဒီကောင်လေးက အလားအလာရှိတယ်နော်…”

မေရီသည် နှုတ်ခမ်းကို မဲ့ကာ ရေရွတ်သည်။ သူမ၏ ကျေးကျွန်တိုင်းသည် ဖျက်ဆီးနိုင်စွမ်းအား ကြီးလွန်းသည်။ တိုက်ပွဲတစ်ခါဖြစ်တိုင်း အပျက်အစီးသည် မနည်းမနေပင်။

“ဒါနဲ့ သူ့ကို ဘာလို့ သတ်ဖို့အတိအလင်းထုတ်ပြန်ထားတာလဲ…”

“အာ မေရီ မင်း သတင်းတွေမကြားဘူးလား…”

မေရီသည် မျက်ခုံးအသာပင့်ကာ ဝတ်ရည်စုတ်ငှက်ကို ကြည့်လေသည်။

“ငရဲမှာ အခုဖြစ်နေတာလေ…”

“ငရဲနယ်မြေလေးခုက ဘုရင်တွေက ငရဲဧကရာဇ်ဖြစ်ဖို့အတွက်… အပြင်းအထန်ကြိုးစားနေကြတယ်…”

မေရီသည် ဒါက ငါတို့လူတွေနဲ့ဘာဆိုင်လို့တုန်း ဆိုသည့် မျက်နှာမျိုးဖြင့် ဝတ်ရည်စုတ်ငှက်ကိုကြည့်လေသည်။ ဝတ်ရည်စုတ်ငှက်သည် မေရီ၏ မဆိုင်လိုက်တာဆိုသည့် မျက်နှာကြောင့် သွေးပွက်ပွက်အန်ချင်သွားသော်လည်း အန်ချင်နေသည့် သွေးကို သူ့ဘာသာ မြိုချကာ…

“ဒီကောင်လေးရဲ့အဖေက နတ်ဆိုးဘုရင်ဆိုတာတော့ နင် မမေ့ပါဘူးနော်…”

“အမ်း မည်းလုံးက အဲ့လိုတော့ပြောတာပဲ…”

ဝတ်ရည်စုတ်ငှက်သည် မေရီကို အသေထိုးဆိတ်ချင်သွား၏။

“အဲ့ဒီကောင်လေးက သူ့အဖေအတွက် အရေးကြီးနိုင်တယ်…”

“အင်း…”

“စုန်းလိုက်မုဆိုးတွေက ဒီကောင်လေးက လောကနှစ်ခုကို ပေါင်းကူးစေမှာ စိုးရိမ်ကြတယ်…”

“ဟမ်…”

ကြောင်နက်၏ လက်အောက်တွင် ယက်ကန်ကန်ဖြစ်နေသည့် ကောင်စုတ်လေးကို ကြည့်နေရင်းဖြင့် မေရီ ကြောင်အကာ ဝတ်ရည်စုတ်ငှက်ကို ပြန်ကြည့်သည်။ သူမ ပုံစံက ဇာတ်လမ်းကောင်းနေချိန်တွင် အရေးကြီးသည့် ကိစ္စတစ်ခုကို နားထောင်လိုက်ရသည့် လူတစ်ယောက်နှယ်။

“သူက လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းလေ…”

“အဲ့ဒီတော့…”

ကြောင်နက်လက်ကို ပုတ်ထုတ်ကာ လူများကို အန္တရာယ်ပြုရန် ခုန်ဝင်သွားသည့် ကောင်လေးကို ပြန်ကြည့်ရင်း မေရီ စကားထောက်၏။ ဝတ်ရည်စုတ်ငှက်သည်လည်း ကျူးဒိုစ့်ကို ခက်ခဲအောင်ပြုနိုင်သည့် ထိုကောင်လေးကို ကြည့်သည်။

“သူ့နာမည်က ဘာလဲ…”

“အဲရစ်…”

မေရီသည် ခပ်အေးအေးပြန်ဖြေ၏။ ထို့နောက် ဝတ်ရည်စုတ်ငှက်ဘက်သို့ လှည့်ကာ…

“ငါ ပေးထားတာလေ… ငါ ပေးလိုက်တာ..”

“သူက မင်းရဲ့အနီးဆုံးကျွန်ပေါ့…”

“အနီးဆုံးကျွန်?”

မေရီသည် လုံးထွေးနေကြသည့် ကြောင်နက်နှင့်နတ်ဆိုးကောင်လေးကို ကြည့်၏။ သူမ၏ နှုတ်ခမ်းများသည် မသိမသာ ကော့ညွှတ်သွားကာ…

“သူက ငါ့အနီးဆုံးကျွန်ဖြစ်ဖို့ အဝေးကြီးလိုသေးတယ်…”

“ဒါပေမဲ့ မင်းရဲ့အနီးဆုံးကျွန်တွေကိုပဲ မင်းကိုယ်တိုင်နာမည်ပေးတာမဟုတ်လား… ကျူးဒိုစ့်တို့လိုလေ…”

မေရီသည် ဝတ်ရည်စုတ်ငှက်ကလေးကို ကြည့်၏။

“စကားတွေ အများကြီးပြောတာက မကောင်းဘူး နင်သိလား…”

သူမသည် အေးတိအေးစက်ဖြေသည်။ ထို့နောက် လုံးထွေးသတ်ပုတ်နေကြသည့် နှစ်ကောင်နှင့် မြေပြင်ပေါ်မှ အလူးအလဲ ထရန်ကြိုးပမ်းနေကြသည့် သူများကို သူမ ပြန်ကြည့်သည်။

“နင်တို့ကိုငါ အလွတ်ပေးလိုက်မယ်…”

မေရီသည် ကြောင်နက်၏ လက်တစ်ဖက်ခတ်လိုက်လျှင်ပင် သေသွားနိုင်လောက်သည့် လူအုပ်စုကို ကြည့်ကာဆိုသည်။

“အလွတ်ပေးလိုက်မယ်ဆိုတာက နင်တို့ အငယ်ကောင်လေးတွေကိုပဲ…”

လုံးထွေးသတ်ပုတ်နေသည့် ကြောင်နက်နှင့်နတ်ဆိုးကောင်လေးကို ရှေ့တွင်သူမ ဆင်းလေ၏။ သူမကို ကြောက်လန့်တကြား ကြည့်နေသည့် စုန်းလိုက်မုဆိုးငယ်များကို သူမ မိုးကြည့်သည်။

“ဟေ့ ငါ့ရဲ့နာမည်ကို သိနေတဲ့ ကောင်စုတ်လေး…”

ကောင်ကလေးများအုပ်စုထဲမှ အကြီးဆုံးဖြစ်ဟန်တူသည့် ကောင်လေးကို မေရီ စိုက်ကြည့်၏။ ထိုကောင်လေးသည် သွေးပျက်သည့် မျက်နှာဖြင့် သူမကို မော့ကြည့်လာခဲ့သည်။

ဒီလိုပါပဲ လူတွေက ဘာမှ မကြောက်တတ်ဘူးလို့ ကြွေးကြော်ကြပေမဲ့… အသက်ဆိုတဲ့အရာကို ဆုံးရှုံးခါနီးဆိုရင် သူတို့ရဲ့ ယုံကြည်ချက်တွေက ပျက်ပြားတတ်ကြတာပါပဲ။

မေရီသည် သွေးပျက်နေသည့် မျက်လုံးများကို အေးစက်စွာစိုက်ကြည့်သည်။ သူမ၏ လက်ကိုဖြေးညှင်းစွာမြှောက်ချိန်တွင် သစ်မြစ်နှစ်ခုသည် မြောက်တက်လာလေ၏။ သစ်မြစ်များသည် ချွန်ထက်နေခဲ့သည်။

“ဒီဟာကို သေချာကြည့်ထား… မင်းမျက်လုံးများကို မမှိတ်လိုက်နဲ့… သေချာမှတ်ထား… မင်းပြန်ရောက်တာနဲ့ မေရီက သူ့ကျွန်နဲ့ သူ့ပိုင်နက်ကို လာအနှောင့်အယှက်ပေးတဲ့ သူတွေကိုဘယ်လိုမျိုး တုံ့ပြန်လဲဆိုတာကို သေချာပြန်ပြောပြလိုက်…”

သစ်မြစ်များသည် လူနှစ်ယောက်၏ ခန္ဓာကိုယ်ကို ဆတ်ခနဲ ထွင်းဖောက်သွားသည်။ သွေးတို့သည် နေရာတွင် ချင်းချင်းနီကုန်၏။ မေရီသည် သူမ၏ နှုတ်ခမ်းထောင့်နားကို စင်လာသည့် သွေးများအတွက် လျှာဖြင့် အသာသပ်သည်။ ဆွဲဆောင်မှုရှိစွာ ပြုံး၍ မေရီသည် ထိုကောင်လေးကို ကြည့်၏။

“မင်းရဲ့ဂျူနီယာလေးတွေလည်း သေရမယ်…”

သူမသည် ကောင်ကလေးများကိုလည်း အလွတ်မပေးခဲ့။ မြေပြင်တွင် အစိမ်းအရောင်အကွက်များသည် ချက်ချင်းထင်လာလေ၏။

“အ… အဆိပ်တွေ… အစ်ကိုကြီး ကျွန်တော်တို့ကို ကယ်ပါ!!”

စီနီယာကောင်လေးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်၏။ သူ့နောက်မှ ကောင်လေးများ၏ အသံကို သူ မျက်ကွယ်ပြုထားခဲ့သည်။ မေရီသည် သူ့ကို အသက်ရှင်ခွင့်ပေးထားသည်။ သူ တစ်ယောက်သာလျှင် အသက်ရှင်ရသည်။ အကုန်လုံးသည် သေကြရလိမ့်မည်။ ထိုသူများထဲ သူ မပါချင်လျှင် ကြားသမျှအကုန်ကို ဥပက္ခာပြုထားမှသာရလိမ့်မည်။

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရခြင်းကြောင့် သူ့ လက်သည်းများသည် လက်ဖဝါးကိုပင် ရှရာထင်လာစေတော့၏။

မေရီသည် ခေါင်းငုံ့နေသည့် ကောင်ကလေးကို ကြည့်ပြီး ခပ်တိုးတိုးရယ်လေသည်။

“အနောက်ကို ဘာလို့လှည့်မကြည့်တာလဲ ကြည့်ကြည့်ပါ… ဒါမှ နင်ပြန်ပြောလို့ရမှာပေါ့…”

သူမစကားကို ကြားတော့မှသာ ထိုစီနီယာကောင်လေးသည် အနောက်သို့ လှည့်ရဲတော့၏။ အဆိပ်အိုင်ကြားတွင် လူ့အရေခွံများပါ ပျော်ကျကာ သေဆုံးကြရသည်ကို မြင်ချိန်တွင် ဒူးမခိုင်နိုင်တော့ကာ သူ ပြုတ်ကျသွားခဲ့သည်။

“ဟဟ…”

မေရီသည် ထိုကောင်လေးကို ကြည့်ကာ သဘောကျစွာရယ်၏။

“ငါ့ကို မလွတ်စေရဘူးလို့ မင်းပြောခဲ့တာလားလို့…”

“တောင်း… တောင်းပန်ပါတယ်…”

သူမကို ပြားပြားဝပ်တောင်းပန်နေသည့် ကောင်လေးကို ကြည့်ကာ မေရီ၏ လှောင်ရယ်သံသည် ထပ်ထွက်လာခဲ့သည်။

“အဟ မင်း သေးတွေတောင် ထွက်ကျလာတာလား…”

“မေရီ!”

အနောက်မှ မည်းလုံး၏ အသံကြောင့် မေရီအနောက်သို့ လှည့်ကြည့်ချိန်တွင် ကြောင်နက်လက်မှ လွတ်ကာ သူမထံ အရှိန်နှင့် ပြေးဝင်လာသည့် နတ်ဆိုးကောင်လေး။ ထိုကောင်လေး၏ အကြည့်များသည် သူမ အနီးတွင်ရှိသည့် စုန်းလိုက်မုဆိုးကောင်စုတ်လေးထံတွင်။

“သူ့ကို မသတ်ရဘူး သောက်ကလေးလေးရဲ့… သူက ငါ့အတွက် သတင်းစကား ပါးပေးမဲ့သူလေ…”

မေရီသည် နတ်ဆိုးကောင်လေး၏ ခါးကို အသာလှမ်းဖက်ကာ သူမ၏ ရင်ခွင်ထဲအသာ ထွေးပွေ့၏။ သူမ၏ အပြုအမူများက ငြင်သာသော်လည်း ကျူးဒိုစ့်ပင် ထိန်း၍မနိုင်သည့် ကောင်ကလေးကို လွယ်ကူစွာသာ ထိန်းချုပ်နိုင်ခဲ့သည်။

“အိပ်တော့ သောက်ကလေးလေး… ငါ နင့်ကို နာကျင်အောင် မလုပ်ချင်ဘူး… ပထမဆုံးနေ့မှာ သခင်က ကျွန်လေးကို နာကျင်အောင်လုပ်တယ်ဆိုရင် first impression down နိုင်တယ်လေ…”

သူမရင်ခွင်ထဲမှ ကောင်လေး၏ မျက်လုံးများကို လက်ဖြင့်အသာပိတ်လိုက်ချိန်တွင် နတ်ဆိုးကောင်လေးသည် သူမ လက်ထဲတွင် ပျော့ခွေကျသွားလေတော့သည်။ မေရီသည် ထိုကောင်လေးကို ကလေးတစ်ယောက်လို အသာချီလိုက်ရင်း…

“သွားရအောင်… ဒီလောက်ဆိုရင် သူလည်း ဘာလုပ်ရမယ်ဆိုတာကို သိသွားပြီပဲ…”

ကြီးမားသည့်ကြောင်နက်သည် သူ့ယခင်အရွယ်အစားအတိုင်းပြန်ဖြစ်သွားကာ မေရီ၏ တံမြက်စည်းပျံပေါ်တွင် နေရာယူလိုက်လေ၏။ မေရီချီထားသေးသည့် ကောင်လေးကို သူ ကြည့်ကာ…

“ဒီကောင်လေးက တကယ်ကို အာရုံတော့ အာရုံလေးပဲ…”

“နင် သူ့ကို သင်ပေးသင့်တယ်…”

မေရီသည် ထိုကောင်လေး၏ ကျောပြင်ကို လက်ဖြင့်အသာပွတ်သပ်ပေးရင်းဖြင့် ပြောလေသည်။

“ငါတို့က စစ်ပွဲကို ကြုံရလောက်တယ်…”

“မင်း ဒီကောင်လေးကို စွန့်ပစ်လိုက်ရင်တော့ မကြုံရဘူးပေါ့…”

ကြောင်နက်သည် သူ့မျက်နှာသူ လက်ဖြင့်ပွတ်နေရင်းဖြင့် ပြောသည်။ သူမ၏ ပခုံးပေါ် မေးတင်ပြီး မေ့မြောနေသည့် ကောင်ကလေး၏ ကျောကို အသာပွတ်ရင်း မေရီသည် အဝေးသို့ငေးကာ ပြုံး၏။

“ငရဲဧကရာဇ်… ဒါကို ငါစိတ်ဝင်စားတယ်…”

သူမ ခပ်တိုးတိုးပြောသည်။

“ဒါက ငါ့ရဲ့မျှော်လင့်ချက်လည်းဖြစ်နိုင်လောက်တယ်…”

ဆက်ပြောသည့် မေရီကို ကြောင်နက်သည် လှမ်းကြည့်၏။

“မေရီ…”

ကြောင်နက်သည် စုန်းမလေး၏ အမည်ကို ခေါ်သော်လည်း သူ စကားတစ်ခွန်းမျှမပြောဖြစ်။ သူတို့သည် ပျက်စီးခဲ့သည့် တောအုပ်ကို ကျောခိုင်းထွက်လာပြီးနောက် မေရီ၏ ရဲတိုက်ရောက်ခါနီးတွင်မှ ကြောင်နက်သည် အသံပြန်ထွက်လာနိုင်ခဲ့သည်။

“မေရီ… ဒါက မဖြစ်နိုင်ဘူး… ငရဲဧကရာဇ်က ကူညီရင်တောင်…”

“ငါ ကြိုးစားကြည့်ချင်သေးတယ်…”

မေရီသည် ကြောင်နက်၏ စကားကို လေသံအေးအေးဖြင့်သာ ပြန်ဖြေခဲ့သည်။ ကြောင်နက်သည် သက်ပြင်းသာရှိုက်လေ၏။ ထို့နောက် သူ အဝေးသို့ငေးသည်။ ရဲတိုက်သည် အထီးကျန်ဆန်သည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

ရဲတိုက်ပိုင်ရှင်သည် တစ်စုံတစ်ယောက်ပြန်အလာကို စောင့်နေခဲ့သည်။

ရဲတိုက်ပိုင်ရှင် စောင့်နေသည့်တစ်စုံတစ်ယောက်သည် ပြန်မလာနိုင်ခဲ့။

ထိုအစား… အခြားသော သက်ရှိကောင်ကလေးတစ်ယောက်သည် ရဲတိုက်ပိုင်ရှင်၏ ဘဝထဲ ဝင်ရောက်လာခဲ့သည်။

-----------

Zawgyi

စုန္းတုိ႔၏ အစြမ္းကို သူတုိ႔ရြတ္ဖတ္သည့္ မႏၱန္တြင္ပါဝင္သည့္ စကားလံုးအေရအတြက္ႏွင့္ တုိင္းတာသည္။

ေမရီသည္ စကားလံုးတစ္ခြန္းတည္းျဖင့္ ဂါထာမ်ားကို အသက္သြင္းႏိုင္သည့္ စုန္းပ်ိဳမေလးတစ္ေယာက္ျဖစ္သည္။

သူမသာ ဂါထာမရြတ္ခ်င္ဘူးဆုိလွ်င္ သူမသည္ စိတ္ျဖင့္လည္း ဂါထာကို အသက္သြင္းႏိုင္ေသးသည္။

စုန္းလုိက္မုဆိုးတို႔သည္ စုန္းမ်ားကို သုတ္သင္သည့္ အဖြဲ႔အစည္းတစ္ခုရွိသူမ်ားျဖစ္ၾကၿပီး ထိုသူတို႔သည္လည္း စုန္းအသက္ကို တတ္ကြ်မ္းၾက၏။

သူတို႔၏ စြမ္းအားသည္ လူတုိ႔ကိုကာကြယ္ေစာင့္ေရွာက္ရန္ ခ်မွတ္ထားသည့္ အက္ဥပေဒအမွတ္မ်ားကိုစိတ္စြမ္းအင္ျဖင့္ ပူးေပါင္းေဆာင္ရြက္ႏုိင္ျခင္းေပၚတြင္ မူတည္သည္။

အပိုင္း - ၅ : ငရဲဧကရာဇ္

‘လူတုိ႔၏ အသြင္အမွန္သည္ အခ်ိန္တစ္ခုတြင္ ေတြ႔ရတတ္၏။ ထုိသည္က အသက္ဟူသည္ႏွင့္ေတာ့မဆုိင္ သူ႔အတြက္ အေရးႀကီးသည္ဆုိေသာ အရာကို ဆံုးရံႈးလုဆဲဆဲတြင္ လူတုိ႔၏ အသြင္အမွန္ကုိ ေတြ႔ရတတ္သည္။ မ်ားေသာအားျဖင့္ လူတုိ႔အတြက္ အေရးႀကီးဆံုးက အသက္မုိ႔ အသက္အႏၱရာယ္ၾကံဳလာႏိုင္ေခ်မ်ားတြင္ ကြ်ႏ္ုပ္တုိ႔သည္ သူတုိ႔၏ စိတ္ရင္းအမွန္ကုိ ျမင္ရတတ္ဟု ဆုိၾကတာေပါ့။’

“သူတုိ႔က ဒီေန႔တကယ္ကို သူေသကိုယ္ေသခ်ေလာက္တယ္…”

ေၾကာင္နက္ဝတုတ္သည္ ေမရီကို လွမ္းေျပာေလသည္။ ေမရီသည္ မ်က္ခံုးကိုသာ ပင့္၍ တိရိစၦာန္ရိုင္းေလးလို ရွိသမွ်အကုန္ ရန္ျပဳေတာ့မည့္ ေကာင္စုတ္ေလးကို ၾကည့္၏။

“ငါေျပာမလုိ႔…”

ေၾကာင္နက္သည္ ေမရီ႕ကို လွမ္းၾကည့္၏။ ေမရီသည္ သြားျဖဴျဖဴေလးမ်ားေပၚေအာင္ ရယ္ကာ…

“သူ႔ႏွလံုးက ရပ္လုနီးနီးျဖစ္ေနၿပီ…”

ေၾကာင္နက္၏ မ်က္လံုးမ်ားသည္ ထြက္က်မတတ္ ျပဴးထြက္လာေတာ့သည္။ ေၾကာင္နက္သည္ ေမရီကို ေဒါသတႀကီးျပန္ၾကည့္ကာ သူ႔လက္သီးဆုတ္ႀကီးမ်ားျဖင့္ ပိတ္ေခါက္ခ်င္ဟန္ျဖင့္…

“မင္း… မင္း သူ႔ကို ဒီတုိင္းလုပ္ခ်လိုက္တယ္ေပါ့…”

“မဟုတ္ရင္ သူ ႏွလံုးရပ္သြားမွာေပါ့…”

“ေမရီ!!”

ေၾကာင္နက္၏ ေအာ္လာမႈကို ေမရီသည္ မၾကားသေယာင္ျပဳကာ တစ္ဖက္သို႔ လွည့္ေနခဲ့သည္။ မၾကားဘူး၊ မျမင္ဘူး၊ မသိဘူး။ သူမ လုပ္ခ်င္တာလုပ္ၿပီးၿပီ။ ဘာျဖစ္လဲ… ေမရီသည္ ကိုယ့္ႏႈတ္ခမ္းကိုယ္အသာကိုင္၏။

ေသခ်င္းဆိုးေလးက ငါ့ရဲ႕ အစြမ္းေတြအမ်ားႀကီး ယူသြားေသးတယ္!

ေမရီ၏ နည္းနည္းေလးမွ အေရးမစိုက္သည့္ ဟန္ေၾကာင့္ ေၾကာင္နက္သည္ အေရွ႕သို႔ ၾကည့္၏။

ေမရီ… ဒီေကာင္မစုတ္ေလးဟာ တကယ္ကို ကိုက္သတ္ခ်င္စရာေကာင္းတယ္။ သူ႔မွာ ေမရီ႕ကို ကိုက္သတ္ႏိုင္ေလာက္တဲ့ စြမ္းအားမရွိရင္ေတာင္ သူ စိတ္ကူးထဲမွာေတာ့ ကိုက္သတ္လို႔ရတယ္မလား!

“နင္ သူ႔ကို အျမန္မတားဘူးဆုိရင္… ငါးေတြနဲ႔ ေဝးၿပီမွတ္လုိက္ေတာ့…”

“ေမရီ… နင္…”

ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ တက္ထိုင္ကာ ခပ္ေအးေအး ေျပာသည္။ ဟန္က်က် ထုိင္ေနသည့္ ေမရီကို ေၾကာင္နက္သည္ မ်က္ေစာင္းလွမ္းထိုး၏။ ျပႆနာေတြ လုပ္ၿပီးတိုင္း ေမရီက အၿမဲတမ္း သူ႔ေက်းကြ်န္ေတြကိုပဲ ရွင္းခုိင္းေလ့ရွိသည္ မဟုတ္လား။ သူ႔ေက်းကြ်န္…

ေၾကာင္နက္သည္ စိတ္ထဲတြင္ မတင္မက်ျဖစ္သြားေတာ့သည္။

ဒီေကာင္ေလးဟာလည္း ေမရီ႕ေက်းကြ်န္ျဖစ္ေနခဲ့ၿပီ။ ေမရီက ဒီေကာင္ေလးကို အမည္ကိုယ္တုိင္ေပးသည္ ဆုိကတည္းက…

ေၾကာင္နက္သည္ အေရွ႕တြင္ တုိက္ခိုက္ေနသည့္ နတ္ဆိုးေကာင္ေလးႏွင့္ ခုခံေနသည့္ လူအုပ္ကိုၾကည့္၏။ အမ်ားႏွင့္တစ္ေယာက္ေတာင္ အမ်ားက ေသမလုိခုခံေနရတာပဲ။

ထိုေကာင္ေလး… အဲရစ္… အဲရစ္အမည္ရွိ ထိုေကာင္ေလးသည္ သူတုိ႔လုိ ေမရီ၏ စစ္သူႀကီးမ်ားထဲမွ တစ္ေယာက္အျဖစ္ သူမ သတ္မွတ္ေပးလုိက္ျခင္းေပ။

ေမရီ…

သူမသည္ ဘာေတြမ်ားစိတ္ကူးေနတာလဲ။ စစ္သူႀကီး… သူမက လူသားအသြင္ဖန္ဆင္းႏိုင္သည့္ သတၱဝါမ်ားကို မႀကိဳက္ဘူးေလ။ သူမက…

ထားလုိက္ေတာ့… သူ အမ်ားႀကီး မစဥ္းစားေနေတာ့ဘူး။

ေၾကာင္နက္၏ မ်က္လံုးမ်ားသည္ စိမ္းေတာက္သြား၏။ သူ႔အရြယ္အစားသည္ ပို၍ႀကီးမားလာခဲ့သည္။ နဂိုကတည္းက ဝဖိုင့္ေနသည့္ ခႏၶာကိုယ္ႀကီးသြားခ်ိန္တြင္ က်ဴးဒိုစ့္၏ အရြယ္အစားသည္ ရဲတုိက္တစ္ခုပမာ။ သူ႔ အၿမီးသံုးခြသည္ ထြက္လာေခ်၏။ ႏွာတစ္ခ်က္မႈတ္ကာ သန္မာသည့္ ေျခသည္းမ်ားျဖင္ သူ ေျမကိုယက္သည္။ ေျမသားစိုင္တို႔သည္ ပဲ့ကုန္ရ၏။

“သူတုိ႔အဲ့လိုလုပ္ေနရင္ ငါ့ေတာကေတာ့ ျပဳန္းေတာ့မွာပဲ…”

ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ ထုိင္ေနရင္းျဖင့္ သူမ၏ လက္သည္းမ်ားကို ၾကည့္ရင္းဆုိသည္။

“ေမရီ…”

ေတာင္ပံဖလတ္ဖလတ္ႏွင့္ သူမထံ ပ်ံဝင္လာသည့္ ဝတ္ရည္စုတ္ငွက္၏ အေတာင္ႏွစ္ဖက္ကို ဆြဲကိုင္ကာ ေမရီ ဖမ္းလိုက္၏။

“ဘာလဲ…”

“အဲ့ဒီနတ္ဆိုးေလးကို အေသသတ္ရမယ္လုိ႔ တာဝန္ထုတ္ျပန္ထားတာ…”

“ဟုတ္လား…”

ေမရီသည္ ေျမျပင္ေပၚရွိ တုိက္ပြဲကို မမိွတ္မသုန္ျပန္ၾကည့္၏။

တစ္ဖက္စုန္းမ်ားကို သုတ္သင္သည့္ သူမ်ား၏ ဓားသည္ ထိုေကာင္ေလးကိုသာ ပစ္မွတ္ထားၾကသည္။ သို႔ေသာ္လည္း ထိုေကာင္ေလးသည္ သတ္ရန္ မလြယ္ကူေတာ့။ သူ႔၏ နတ္ဆိုးေသြးသည္ ႏိုးၾကားသြားသည့္အျပင္ သူသည္ သိစိတ္က လြတ္ေနေသးသည္။ အကယ္၍ ေၾကာင္နက္ကသာ အခ်ိန္မီွမတားႏုိင္ဘူးဆိုလွ်င္ သူတုိ႔သည္ ႏွစ္ဖက္လံုး အေသအေၾကျဖစ္ၾကမွာ အေသအေခ်ပါပဲ။

ထိုေကာင္ေလး၏ လက္သည္းမ်ားသည္ သူ႔ထံပစ္ဝင္လာသည့္ မီးလံုးမ်ားကို ထက္ျခမ္းခြဲႏုိင္၏။ သူ႔ကို ရစ္ေႏွာင္ရန္ႀကိဳးစားသည့္ ႏြယ္ႀကိဳးမ်ားကို ျဖတ္ပစ္ႏုိင္၏။ ေတာင္ပံမ်ားသည္ ေလျပင္းကို ဖန္တီးႏုိင္၍ တစ္ဖက္ရွိ အကာအကြယ္မ်ားကို လြင့္ထြက္သြားေစႏုိင္သည္။

“ဒီေကာင္ေလးက အလားအလာရွိတယ္ေနာ္…”

ေမရီသည္ ႏႈတ္ခမ္းကို မဲ့ကာ ေရရြတ္သည္။ သူမ၏ ေက်းကြ်န္တုိင္းသည္ ဖ်က္ဆီးႏိုင္စြမ္းအား ႀကီးလြန္းသည္။ တုိက္ပြဲတစ္ခါျဖစ္တုိင္း အပ်က္အစီးသည္ မနည္းမေနပင္။

“ဒါန႔ဲ သူ႔ကို ဘာလုိ႔ သတ္ဖို႔အတိအလင္းထုတ္ျပန္ထားတာလဲ…”

“အာ ေမရီ မင္း သတင္းေတြမၾကားဘူးလား…”

ေမရီသည္ မ်က္ခံုးအသာပင့္ကာ ဝတ္ရည္စုတ္ငွက္ကို ၾကည့္ေလသည္။

“ငရဲမွာ အခုျဖစ္ေနတာေလ…”

“ငရဲနယ္ေျမေလးခုက ဘုရင္ေတြက ငရဲဧကရာဇ္ျဖစ္ဖို႔အတြက္… အျပင္းအထန္ႀကိဳးစားေနၾကတယ္…”

ေမရီသည္ ဒါက ငါတုိ႔လူေတြနဲ႔ဘာဆုိင္လို႔တုန္း ဆုိသည့္ မ်က္ႏွာမ်ိဳးျဖင့္ ဝတ္ရည္စုတ္ငွက္ကိုၾကည့္ေလသည္။ ဝတ္ရည္စုတ္ငွက္သည္ ေမရီ၏ မဆုိင္လုိက္တာဆုိသည့္ မ်က္ႏွာေၾကာင့္ ေသြးပြက္ပြက္အန္ခ်င္သြားေသာ္လည္း အန္ခ်င္ေနသည့္ ေသြးကို သူ႔ဘာသာ ၿမိဳခ်ကာ…

“ဒီေကာင္ေလးရဲ႕အေဖက နတ္ဆိုးဘုရင္ဆုိတာေတာ့ နင္ မေမ့ပါဘူးေနာ္…”

“အမ္း မည္းလံုးက အဲ့လုိေတာ့ေျပာတာပဲ…”

ဝတ္ရည္စုတ္ငွက္သည္ ေမရီကို အေသထိုးဆိတ္ခ်င္သြား၏။

“အဲ့ဒီေကာင္ေလးက သူ႔အေဖအတြက္ အေရးႀကီးႏုိင္တယ္…”

“အင္း…”

“စုန္းလုိက္မုဆိုးေတြက ဒီေကာင္ေလးက ေလာကႏွစ္ခုကို ေပါင္းကူးေစမွာ စိုးရိမ္ၾကတယ္…”

“ဟမ္…”

ေၾကာင္နက္၏ လက္ေအာက္တြင္ ယက္ကန္ကန္ျဖစ္ေနသည့္ ေကာင္စုတ္ေလးကို ၾကည့္ေနရင္းျဖင့္ ေမရီ ေၾကာင္အကာ ဝတ္ရည္စုတ္ငွက္ကုိ ျပန္ၾကည့္သည္။ သူမ ပံုစံက ဇာတ္လမ္းေကာင္းေနခ်ိန္တြင္ အေရးႀကီးသည့္ ကိစၥတစ္ခုကို နားေထာင္လုိက္ရသည့္ လူတစ္ေယာက္ႏွယ္။

“သူက လူတစ္ပိုင္းနတ္ဆိုးတစ္ပိုင္းေလ…”

“အဲ့ဒီေတာ့…”

ေၾကာင္နက္လက္ကို ပုတ္ထုတ္ကာ လူမ်ားကို အႏၱရာယ္ျပဳရန္ ခုန္ဝင္သြားသည့္ ေကာင္ေလးကို ျပန္ၾကည့္ရင္း ေမရီ စကားေထာက္၏။ ဝတ္ရည္စုတ္ငွက္သည္လည္း က်ဴးဒုိစ့္ကို ခက္ခဲေအာင္ျပဳႏုိင္သည့္ ထိုေကာင္ေလးကို ၾကည့္သည္။

“သူ႔နာမည္က ဘာလဲ…”

“အဲရစ္…”

ေမရီသည္ ခပ္ေအးေအးျပန္ေျဖ၏။ ထို႔ေနာက္ ဝတ္ရည္စုတ္ငွက္ဘက္သို႔ လွည့္ကာ…

“ငါ ေပးထားတာေလ… ငါ ေပးလိုက္တာ..”

“သူက မင္းရဲ႕အနီးဆံုးကြ်န္ေပါ့…”

“အနီးဆံုးကြ်န္?”

ေမရီသည္ လံုးေထြးေနၾကသည့္ ေၾကာင္နက္ႏွင့္နတ္ဆိုးေကာင္ေလးကို ၾကည့္၏။ သူမ၏ ႏႈတ္ခမ္းမ်ားသည္ မသိမသာ ေကာ့ညႊတ္သြားကာ…

“သူက ငါ့အနီးဆံုးကြ်န္ျဖစ္ဖို႔ အေဝးႀကီးလိုေသးတယ္…”

“ဒါေပမဲ့ မင္းရဲ႕အနီးဆံုးကြ်န္ေတြကိုပဲ မင္းကိုယ္တိုင္နာမည္ေပးတာမဟုတ္လား… က်ဴးဒိုစ့္တုိ႔လုိေလ…”

ေမရီသည္ ဝတ္ရည္စုတ္ငွက္ကေလးကို ၾကည့္၏။

“စကားေတြ အမ်ားႀကီးေျပာတာက မေကာင္းဘူး နင္သိလား…”

သူမသည္ ေအးတိေအးစက္ေျဖသည္။ ထို႔ေနာက္ လံုးေထြးသတ္ပုတ္ေနၾကသည့္ ႏွစ္ေကာင္ႏွင့္ ေျမျပင္ေပၚမွ အလူးအလဲ ထရန္ႀကိဳးပမ္းေနၾကသည့္ သူမ်ားကို သူမ ျပန္ၾကည့္သည္။

“နင္တို႔ကိုငါ အလြတ္ေပးလုိက္မယ္…”

ေမရီသည္ ေၾကာင္နက္၏ လက္တစ္ဖက္ခတ္လိုက္လွ်င္ပင္ ေသသြားႏိုင္ေလာက္သည့္ လူအုပ္စုကို ၾကည့္ကာဆုိသည္။

“အလြတ္ေပးလိုက္မယ္ဆုိတာက နင္တုိ႔ အငယ္ေကာင္ေလးေတြကိုပဲ…”

လံုးေထြးသတ္ပုတ္ေနသည့္ ေၾကာင္နက္ႏွင့္နတ္ဆိုးေကာင္ေလးကို ေရွ႕တြင္သူမ ဆင္းေလ၏။ သူမကို ေၾကာက္လန္႔တၾကား ၾကည့္ေနသည့္ စုန္းလိုက္မုဆိုးငယ္မ်ားကို သူမ မိုးၾကည့္သည္။

“ေဟ့ ငါ့ရဲ႕နာမည္ကို သိေနတဲ့ ေကာင္စုတ္ေလး…”

ေကာင္ကေလးမ်ားအုပ္စုထဲမွ အႀကီးဆံုးျဖစ္ဟန္တူသည့္ ေကာင္ေလးကို ေမရီ စိုက္ၾကည့္၏။ ထိုေကာင္ေလးသည္ ေသြးပ်က္သည့္ မ်က္ႏွာျဖင့္ သူမကို ေမာ့ၾကည့္လာခဲ့သည္။

ဒီလိုပါပဲ လူေတြက ဘာမွ မေၾကာက္တတ္ဘူးလို႔ ေၾကြးေၾကာ္ၾကေပမဲ့… အသက္ဆုိတဲ့အရာကို ဆံုးရံႈးခါနီးဆုိရင္ သူတုိ႔ရဲ႕ ယံုၾကည္ခ်က္ေတြက ပ်က္ျပားတတ္ၾကတာပါပဲ။

ေမရီသည္ ေသြးပ်က္ေနသည့္ မ်က္လံုးမ်ားကို ေအးစက္စြာစိုက္ၾကည့္သည္။ သူမ၏ လက္ကိုေျဖးညွင္းစြာေျမွာက္ခ်ိန္တြင္ သစ္ျမစ္ႏွစ္ခုသည္ ေျမာက္တက္လာေလ၏။ သစ္ျမစ္မ်ားသည္ ခြ်န္ထက္ေနခဲ့သည္။

“ဒီဟာကို ေသခ်ာၾကည့္ထား… မင္းမ်က္လံုးမ်ားကို မမိွတ္လုိက္နဲ႔… ေသခ်ာမွတ္ထား… မင္းျပန္ေရာက္တာနဲ႔ ေမရီက သူ႔ကြ်န္နဲ႔ သူ႔ပိုင္နက္ကို လာအေႏွာင့္အယွက္ေပးတဲ့ သူေတြကိုဘယ္လုိမ်ိဳး တံု႔ျပန္လဲဆုိတာကို ေသခ်ာျပန္ေျပာျပလိုက္…”

သစ္ျမစ္မ်ားသည္ လူႏွစ္ေယာက္၏ ခႏၶာကိုယ္ကို ဆတ္ခနဲ ထြင္းေဖာက္သြားသည္။ ေသြးတုိ႔သည္ ေနရာတြင္ ခ်င္းခ်င္းနီကုန္၏။ ေမရီသည္ သူမ၏ ႏႈတ္ခမ္းေထာင့္နားကို စင္လာသည့္ ေသြးမ်ားအတြက္ လွ်ာျဖင့္ အသာသပ္သည္။ ဆြဲေဆာင္မႈရွိစြာ ျပံဳး၍ ေမရီသည္ ထိုေကာင္ေလးကို ၾကည့္၏။

“မင္းရဲ႕ဂ်ဴနီယာေလးေတြလည္း ေသရမယ္…”

သူမသည္ ေကာင္ကေလးမ်ားကိုလည္း အလြတ္မေပးခဲ့။ ေျမျပင္တြင္ အစိမ္းအေရာင္အကြက္မ်ားသည္ ခ်က္ခ်င္းထင္လာေလ၏။

“အ… အဆိပ္ေတြ… အစ္ကိုႀကီး ကြ်န္ေတာ္တုိ႔ကို ကယ္ပါ!!”

စီနီယာေကာင္ေလးသည္ လက္သီးကို က်စ္က်စ္ပါေအာင္ဆုတ္၏။ သူ႔ေနာက္မွ ေကာင္ေလးမ်ား၏ အသံကို သူ မ်က္ကြယ္ျပဳထားခဲ့သည္။ ေမရီသည္ သူ႔ကို အသက္ရွင္ခြင့္ေပးထားသည္။ သူ တစ္ေယာက္သာလွ်င္ အသက္ရွင္ရသည္။ အကုန္လံုးသည္ ေသၾကရလိမ့္မည္။ ထိုသူမ်ားထဲ သူ မပါခ်င္လွ်င္ ၾကားသမွ်အကုန္ကို ဥပကၡာျပဳထားမွသာရလိမ့္မည္။

လက္သီးကို က်စ္က်စ္ပါေအာင္ဆုတ္ထားရျခင္းေၾကာင့္ သူ႔ လက္သည္းမ်ားသည္ လက္ဖဝါးကိုပင္ ရွရာထင္လာေစေတာ့၏။

ေမရီသည္ ေခါင္းငံု႔ေနသည့္ ေကာင္ကေလးကို ၾကည့္ၿပီး ခပ္တုိးတုိးရယ္ေလသည္။

“အေနာက္ကို ဘာလုိ႔လွည့္မၾကည့္တာလဲ ၾကည့္ၾကည့္ပါ… ဒါမွ နင္ျပန္ေျပာလို႔ရမွာေပါ့…”

သူမစကားကို ၾကားေတာ့မွသာ ထိုစီနီယာေကာင္ေလးသည္ အေနာက္သို႔ လွည့္ရဲေတာ့၏။ အဆိပ္အုိင္ၾကားတြင္ လူ႔အေရခြံမ်ားပါ ေပ်ာ္က်ကာ ေသဆံုးၾကရသည္ကို ျမင္ခ်ိန္တြင္ ဒူးမခိုင္ႏိုင္ေတာ့ကာ သူ ျပဳတ္က်သြားခဲ့သည္။

“ဟဟ…”

ေမရီသည္ ထိုေကာင္ေလးကို ၾကည့္ကာ သေဘာက်စြာရယ္၏။

“ငါ့ကို မလြတ္ေစရဘူးလို႔ မင္းေျပာခဲ့တာလားလို႔…”

“ေတာင္း… ေတာင္းပန္ပါတယ္…”

သူမကို ျပားျပားဝပ္ေတာင္းပန္ေနသည့္ ေကာင္ေလးကို ၾကည့္ကာ ေမရီ၏ ေလွာင္ရယ္သံသည္ ထပ္ထြက္လာခဲ့သည္။

“အဟ မင္း ေသးေတြေတာင္ ထြက္က်လာတာလား…”

“ေမရီ!”

အေနာက္မွ မည္းလံုး၏ အသံေၾကာင့္ ေမရီအေနာက္သို႔ လွည့္ၾကည့္ခ်ိန္တြင္ ေၾကာင္နက္လက္မွ လြတ္ကာ သူမထံ အရွိန္ႏွင့္ ေျပးဝင္လာသည့္ နတ္ဆိုးေကာင္ေလး။ ထုိေကာင္ေလး၏ အၾကည့္မ်ားသည္ သူမ အနီးတြင္ရွိသည့္ စုန္းလိုက္မုဆိုးေကာင္စုတ္ေလးထံတြင္။

“သူ႔ကို မသတ္ရဘူး ေသာက္ကေလးေလးရဲ႕… သူက ငါ့အတြက္ သတင္းစကား ပါးေပးမဲ့သူေလ…”

ေမရီသည္ နတ္ဆိုးေကာင္ေလး၏ ခါးကို အသာလွမ္းဖက္ကာ သူမ၏ ရင္ခြင္ထဲအသာ ေထြးေပြ႔၏။ သူမ၏ အျပဳအမူမ်ားက ျငင္သာေသာ္လည္း က်ဴးဒိုစ့္ပင္ ထိန္း၍မႏိုင္သည့္ ေကာင္ကေလးကို လြယ္ကူစြာသာ ထိန္းခ်ဳပ္ႏုိင္ခဲ့သည္။

“အိပ္ေတာ့ ေသာက္ကေလးေလး… ငါ နင့္ကို နာက်င္ေအာင္ မလုပ္ခ်င္ဘူး… ပထမဆံုးေန႔မွာ သခင္က ကြ်န္ေလးကို နာက်င္ေအာင္လုပ္တယ္ဆုိရင္ first impression down ႏိုင္တယ္ေလ…”

သူမရင္ခြင္ထဲမွ ေကာင္ေလး၏ မ်က္လံုးမ်ားကို လက္ျဖင့္အသာပိတ္လုိက္ခ်ိန္တြင္ နတ္ဆိုးေကာင္ေလးသည္ သူမ လက္ထဲတြင္ ေပ်ာ့ေခြက်သြားေလေတာ့သည္။ ေမရီသည္ ထိုေကာင္ေလးကို ကေလးတစ္ေယာက္လုိ အသာခ်ီလိုက္ရင္း…

“သြားရေအာင္… ဒီေလာက္ဆုိရင္ သူလည္း ဘာလုပ္ရမယ္ဆုိတာကို သိသြားၿပီပဲ…”

ႀကီးမားသည့္ေၾကာင္နက္သည္ သူ႔ယခင္အရြယ္အစားအတုိင္းျပန္ျဖစ္သြားကာ ေမရီ၏ တံျမက္စည္းပ်ံေပၚတြင္ ေနရာယူလုိက္ေလ၏။ ေမရီခ်ီထားေသးသည့္ ေကာင္ေလးကို သူ ၾကည့္ကာ…

“ဒီေကာင္ေလးက တကယ္ကို အာရံုေတာ့ အာရံုေလးပဲ…”

“နင္ သူ႔ကို သင္ေပးသင့္တယ္…”

ေမရီသည္ ထိုေကာင္ေလး၏ ေက်ာျပင္ကို လက္ျဖင့္အသာပြတ္သပ္ေပးရင္းျဖင့္ ေျပာေလသည္။

“ငါတုိ႔က စစ္ပြဲကို ၾကံဳရေလာက္တယ္…”

“မင္း ဒီေကာင္ေလးကို စြန္႔ပစ္လုိက္ရင္ေတာ့ မၾကံဳရဘူးေပါ့…”

ေၾကာင္နက္သည္ သူ႔မ်က္ႏွာသူ လက္ျဖင့္ပြတ္ေနရင္းျဖင့္ ေျပာသည္။ သူမ၏ ပခံုးေပၚ ေမးတင္ၿပီး ေမ့ေျမာေနသည့္ ေကာင္ကေလး၏ ေက်ာကို အသာပြတ္ရင္း ေမရီသည္ အေဝးသို႔ေငးကာ ျပံဳး၏။

“ငရဲဧကရာဇ္… ဒါကို ငါစိတ္ဝင္စားတယ္…”

သူမ ခပ္တုိးတုိးေျပာသည္။

“ဒါက ငါ့ရဲ႕ေမွ်ာ္လင့္ခ်က္လည္းျဖစ္ႏုိင္ေလာက္တယ္…”

ဆက္ေျပာသည့္ ေမရီကို ေၾကာင္နက္သည္ လွမ္းၾကည့္၏။

“ေမရီ…”

ေၾကာင္နက္သည္ စုန္းမေလး၏ အမည္ကို ေခၚေသာ္လည္း သူ စကားတစ္ခြန္းမွ်မေျပာျဖစ္။ သူတုိ႔သည္ ပ်က္စီးခဲ့သည့္ ေတာအုပ္ကို ေက်ာခုိင္းထြက္လာၿပီးေနာက္ ေမရီ၏ ရဲတုိက္ေရာက္ခါနီးတြင္မွ ေၾကာင္နက္သည္ အသံျပန္ထြက္လာႏိုင္ခဲ့သည္။

“ေမရီ… ဒါက မျဖစ္ႏုိင္ဘူး… ငရဲဧကရာဇ္က ကူညီရင္ေတာင္…”

“ငါ ႀကိဳးစားၾကည့္ခ်င္ေသးတယ္…”

ေမရီသည္ ေၾကာင္နက္၏ စကားကို ေလသံေအးေအးျဖင့္သာ ျပန္ေျဖခဲ့သည္။ ေၾကာင္နက္သည္ သက္ျပင္းသာရိႈက္ေလ၏။ ထို႔ေနာက္ သူ အေဝးသို႔ေငးသည္။ ရဲတုိက္သည္ အထီးက်န္ဆန္သည္ဟု ရုတ္တရက္ခံစားလုိက္ရသည္။

ရဲတုိက္ပိုင္ရွင္သည္ တစ္စံုတစ္ေယာက္ျပန္အလာကို ေစာင့္ေနခဲ့သည္။

ရဲတုိက္ပိုင္ရွင္ ေစာင့္ေနသည့္တစ္စံုတစ္ေယာက္သည္ ျပန္မလာႏိုင္ခဲ့။

ထိုအစား… အျခားေသာ သက္ရွိေကာင္ကေလးတစ္ေယာက္သည္ ရဲတုိက္ပိုင္ရွင္၏ ဘဝထဲ ဝင္ေရာက္လာခဲ့သည္။

-----------




rate now:

3 Reviews
  • reader Hell flower 15.11.2021, 02:37 5

    ❣️❣️❣️❣️

    reply

  • reader Byul1485 16.02.2020, 05:54 5

    အြားးးးးး ႀကိဳက္တယ္ 😭😭😭🖤

    reply

  • reader Byul1485 16.02.2020, 05:54 5

    အြားးးးးး ႀကိဳက္တယ္ 😭😭😭🖤

    reply