book

Index 4

Part - 4

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode

သူက သဘောထားသေးသိမ်တဲ့သူတစ်ယောက်ဖြစ်တယ်။

သူက လက်စားချေလိုစိတ်ပြင်းပြတယ်။

သူက ခွန်အားကြီးချင်တယ်။

ဒါကြောင့်ပဲ မေရီဆိုတဲ့ စုန်းမကို သူ စောင့်နေခဲ့တာ။

မေရီ မလာမချင်း သူ စောင့်နေဦးမှာပဲ။

ဒါပေမဲ့ မေရီက စောစောရောက်လာဖြစ်ခဲ့တယ်။

အပိုင်း - ၄ : သူက မြင့်မြတ်လှတဲ့ ငါ့ရဲ့ကျေးကျွန်ပဲ!

'လူတို့သည် မိမိကိုယ်မိမိကာကွယ်ဖို့နှင့် မိမိမြတ်နိုးသည့် အရာတို့ကို ကာကွယ်ဖို့ရာအတွက် သန်မာလိုကြခြင်းဖြစ်သည်။'

တံမြက်စည်းပျံပေါ်တွင် ထိုင်နေရင်းဖြင့် သူ အောက်မှ ပန်းခင်းဝါဝါကို ကြည့်မိသည်။ ဒီပန်းတွေက မေရီကိုပါ အန္တရာယ်ပြုလား။ ဒါကြောင့်များ မေရီက တံမြက်စည်းပျံနဲ့သွားနေတာလား။

"ငါ့ကို ဒီကောင်တွေလား အန္တရာယ်ပေးရဲမှာ... သောက်ကလေး မင်းရဲ့အတွေးတိမ်တိမ်လေးတွေနဲ့ လျှောက်မတွေးစမ်းပါနဲ့..."

"ဒါဆို ခင်ဗျားက ဘာလို့အောက်မဆင်းတာလဲ..."

မေရီသည် ထိုကောင်လေးကို စွေ့ခနဲဂုတ်ကဆွဲမ၏။ ကြောင်ပေါက်ကလေးလို ခပ်ကုတ်ကုတ်ဖြစ်သွားသည့် ကောင်စုတ်လေးကို သူမ ခနဲ့ပြုံးဖြင့်ကြည့်သည်။

"သောက်ကလေးလေး ငါ မင်းကို အောက်ပစ်ချပြီး ပန်းတွေရဲ့ မြေဆီလွှာဖြစ်စေလိုက်ရမလား..."

သူ့ တစ်ကိုယ်လုံး တောင့်ခနဲဖြစ်သွားသည်။

မေရီသည် သူမ၏ လက်တွင်တောင့်တောင့်လေးဖြစ်သွားသည့် ကောင်စုတ်လေးကို ကြည့်ပြီး ကျေနပ်သွားကာ နေရာတွင် ပြန်ချထားလိုက်၏။ တံမြက်စည်းပျံပေါ်တွင် တင်ပလွှဲထိုင် ဟန်ပါပါ ခြေချိတ်ထားရင်းမှ သူမသည် အောက်ကို ကြည့်သည်။

"လှတယ်ဆိုတိုင်း အန္တရာယ်မရှိဘူးလို့ မထင်သင့်ဘူး ဒီနေကြာခင်းကြီးအောက်မှာ အလောင်းတွေက မနည်းမနောဘဲ..."

အေးတိအေးစက် သူမ ဆိုသည်။

"မင်းကို ဘယ်သူတွေက ငါ့နောက်ကို လိုက်ရမယ်လို့ သင်ထားတာလဲ..."

မေရီသည် ပျံသန်းနေသည့် ခရီးတွင် ပျင်းရိသဖြင့် စကားဆိုလေ၏။ အရင် ထိုကောင်လေး မရှိခင်တွင် သူမနှင့်ကြောင်မည်းလုံးသည် ရောက်ရာပေါက်ရာပြောတတ်သော်လည်း ယခုတော့ ခေါင်းစဉ်အသစ်များပြောနိုင်သည့် လူတစ်ယောက် ရှိနေမှတော့ သူမတို့ဘာကြောင့်များ ခေါင်းစဉ်အသစ်ကို မပြောဘဲ နေလိမ့်မည်လဲ။

"ဝိညာဉ်ဆိုးတွေက..."

"သြော်... ဒီအကောင်တွေကို နှုတ်ပိတ်ထားသင့်တာ..."

မေရီသည် ခပ်အေးအေးပြောသည်။ သူ စကားတစ်ခွန်းမှ မဆိုဘဲ မေရီကိုကြည့်နေခဲ့၏။

"ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်း ဒီပုံတိုင်းတော့ ဖြစ်မှာမဟုတ်ဘူး..."

"ကျွန်တော် သန်မာချင်တယ်..."

မေရီသည် ခေါင်းကိုအသာညိတ်၍...

"ဒါက လူတိုင်းဖြစ်ချင်တာပါပဲ..."

သူမသည် အဝေးသို့ငေးနေခဲ့၏။ ဦးထုပ်အောက်မှ သူမ၏ ဆံပင်ရှည်သည် တလွင့်လွင့်ဖြင့်...

"သန်မာမှ ငါတို့က အနိုင်ကျင့်မခံရမှာလေ... သန်မာမှ ငါတို့က ကာကွယ်ချင်တဲ့ အရာတွေကို ကာကွယ်ခွင့်ရှိမှာ..."

သူမ၏ အသံထဲတွင် အတိတ်ကိုတမ်းတခြင်းတို့ပါနေသယောင်။ တစ်ချိန်လုံးအိပ်နေသည့် ကြောင်နက်မည်းလုံးသည် မျက်လုံးတစ်ဖက်ဖွင့်ကာ စိမ်းတောက်သည့် မျက်လုံးများဖြင့် မေရီကို လှမ်းကြည့်၏။ တစ်ချက်လှမ်းကြည့်ပြီးနောက် ကြောင်နက်သည် မျက်လုံးများ ပိတ်ကာ ပြန်ပြီး အိပ်သွားတော့သည်။ ဒီ အစုတ်အပြတ် စုန်းမလေးဟာ အခုချိန်ထိကို...

ကောင်ကလေးသည် သူမကိုသာ ကြည့်နေခဲ့၏။ မေရီ... လူတိုင်းက ကြောက်ကြသလို သူမဟာ အမှန်တကယ်ပဲ ကြောက်စရာကောင်းလို့လား။ အခု သူ ကြည့်တာတော့ သူမက သိပ်လည်းကြောက်ဖို့ကောင်းမနေပါဘူး။

ထိုအတွေးသည် မှားယွင်းကြောင်းကို တောစပ်သို့ ရောက်သွားချိန်တွင် သူ သိလိုက်ရလေသည်။

"မေရီ!"

သူမကို မြင်သည်နှင့် လှမ်းအော်လာသည့် ယောကျာ်းပျိုတစ်ဦးကို ကြည့်၏။ လက်ဝါးကပ်တိုင်ပုံဓားရှည်သဖွယ် လက်နက်ကို ကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ်ရုံတိုအောက်မှ ကုတ်ဝတ်ရုံရှည်အဖြူနှင့် ယောကျာ်းပျိုကို သူမကြည့်သည်။

"သြော်... သူတို့တွေလား..."

သူမသည် ခပ်အေးအေးရေရွတ်၏။ လူတစ်စု၊ အမျိုးသမီးတစ်ယောက်နှင့်အမျိုးသားတစ်ယောက်သည် လူငယ်အသင်လေးများကို ဦးဆောင်လာဟန်ရှိသည်။ သူမသိနေပြီးသား အမျိုးသားနှင့်အမျိုးသမီးကိုကြည့်၊ ရေရွတ်ပြီးသည်နှင့် တံမြက်စည်းပျံပေါ်မှ ကြောင်မည်းလုံးကို သူမ မေးတစ်ချက်ဆတ်ပြ၏။ ကြောင်မည်းလုံးသည် ကောင်းကင်ထက်တွင် ပျံဝဲနေသည့် တံမြက်စည်းပျံပေါ်မှ ဂျွမ်းတစ်ပတ်လိမ့်ပြီး ခုန်ဆင်းသွားခဲ့သည်။

မေရီသည် ကြောင်မည်းလုံး ခုန်ဆင်းသွားသည်နှင့် သူမ၏ တံမြက်စည်းပျံကို အရံအတာတစ်ခုဖန်ဆင်းလိုက်လေသည်။

"မူးရူပ်စ်..."

ထွင်းဖောက်မြင်ရသည့် နံရံကဲ့သို့သော စက်ဝိုင်းသဏ္ဍန် အရံအတားတစ်ခုသည် ပေါ်လာခဲ့၏။ အံ့သြတကြီးဖြင့် သူ လက်ချောင်းများဖြင့် ထိကြည့်လိုက်သေးသည်။ ဆပ်ပြာပူဖောင်းကဲ့သို့ ပျော့အိအိနိုင်သော်လည်း ဆပ်ပြာပူဖောင်းများလိုတော့ ထိုအရံအတာသည် ဆတ်ခနဲပေါက်မလွယ်ခဲ့။

"ဘာလို့ ကျွန်တော်တို့က အကာအကွယ်လို..."

သူ့စကားမဆုံးလိုက်ခဲ့။ မြေပြင်တွင် ဝုန်းခနဲကျသံနှင့်အတူ မြေမှုန်များသည် လွင့်စင်လာတော့သည်။ သူ့မျက်လုံးများသည် ဝိုင်းစက်သွားခဲ့၏။ ကြောင်တစ်ကောင်ကျတာက ကြီးမားပြင်းထန်သည့် ရိုက်ခတ်မှုကို ပေးနိုင်သည်တဲ့လား။

"ဘာကြီး ကျလာတာလဲ!!!"

ဝတ်စုံဆင်တူဝတ်ထားသည့် လူစုထဲမှ ကောင်လေးတစ်ယောက်၏ အသံထွက်လာခဲ့သည်။

ထိုအထဲမှ အဝါရောင်ဆံပင်ဖြင့် အသက်အနည်းငယ်ကြီးသော မျက်မှန်ဝိုင်းတစ်ဖက်တည်းသာ တပ်ဆင်ထားသည့် မိန်းမပျိုသည် လေးနက်သည့် မျက်နှာဖြင့်...

"ကျူးဒိုစ့်... မေရီရဲ့ အသန်မာဆုံးသော စစ်သူကြီးပဲ..."

ဖုန်လုံးများထဲမှ ကြောင်နက်၏ မျက်လုံးများသည် စိမ်းတောက်နေခဲ့၏။ ကြောင်နက်သည် သူ့ ခြေထောက်များကို ခပ်ဖွဖွသပ်၏။ သူ သပ်လိုက်တိုင်း မြေပြင်သည် ကွဲအက်နေခဲ့သည်။

တူညီဝတ်စုံများဝတ်ထားသည့် ကောင်ကလေးများသည် အံ့အားသင့်စွာဖြင့် ဖုန်လုံးထဲမှ မျက်လုံးများကို အံ့အားသင့်စွာ ကြည့်နေကြသည်။

မေရီသည် မမှိတ်မသုန်ကြည့်နေရာမှ လှပစွာပြုံးလေ၏။

"ဒီမကောင်းဆိုးဝါးက ဘယ်လောက်ထိတောင် ဝိညာဉ်စွမ်းအား ကောင်းနေရတာလဲ..."

ပြင်းထန်လှသည့် ဖိအားကို တောင့်ခံထားရင်း အဖြူဝတ်ကောင်လေးများသည် ကိုယ်စီရေရွတ်နေခဲ့သည်။

"မေရီရဲ့ အောင်မြင်မှုဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားတဲ့ ကျူးဒိုစ့်ကို မင်းတို့က ဘာများထင်နေတာလဲ..."

အငယ်ကောင်လေးများကို ငေါက်ငမ်းသည့် အမျိုးသမီးသည် ဖုန်လုံးထဲသို့ လေးနက်စွာကြည့်ကာ ပြောလေ၏။ သူမ၏ မသက်မသာဖြစ်နေပြီး သတိကြီးစွာထားနေသည့် ဟန်ကြောင့် ကောင်လေးများသည် လက်ထဲမှ သူတို့၏ လက်နက်များကို တင်းတင်းဆုတ်ကိုင်ဖြစ်ကြလေ၏။

ကောင်းကင်ပေါ်မှ ဘာမှန်းမသိသည့် အရာပြုတ်ကျလာပြီး အချိန်အတန်ကြာချိန်တွင် ဖုန်လုံးကြီးသည် ကင်းရှင်းသွားတော့၏။ ထိုအခါကျတော့မှသာ သူတို့သည် မျက်လုံးစိမ်းများ၏ ပိုင်ရှင်ကို မြင်ရလေတော့၏။

မျက်လုံးစိမ်းများ၏ ပိုင်ရှင်သည်ကား...

ကြောင်... ကြောင်ဝတုတ်တစ်ကောင်?!!!!

ဘုရားစူးမိုးကြိုးပစ် ကြောင်နက်ဝတုတ်တစ်ကောင်?!!!

နောက်ပြီးဘာလို့ ပန်းရောင်လည်ပတ်နဲ့လဲ?!!! အမြီးတုတ်တုတ်ကြီးမှာ ပန်းရောင်ဖဲပြားလေးတောင် ရှိလိုက်သေးတယ်!!

ဘုရားသခင် ကြောင်နက်ဟာဘယ်လောက်များဝလိုက်သလဲ သူပြုတ်ကျလာတာနဲ့ မြေပြင်တစ်ခုလုံးတောင် သိမ့်ခနဲတုန်သွားသေးတယ်!

နောက်ပြီး ကြည့်ပါဦး မြေကြီးတောင် သူ့အလေးချိန်ကို မခံနိုင်ဘူး! အက်နေတယ်!

ပြီး...ပြီးတော့ ဒီကြောင်... ကြောင်နက်က ဝက်တစ်ကောင်လိုပဲ ဝတယ်!

မဟုတ်သေးဘူး... ကြောင်နက်မည်းလုံးက... ကျူးဒိုစ့်လား... မေရီရဲ့ စစ်သူကြီးလေးယောက်ထဲက ကျူးဒိုစ့် မေရီရဲ့ ဂုဏ်ရောင်ဂုဏ်ဝါကို ကိုယ်စားပြုတဲ့ ကျူးဒိုစ့်????? ဒီ ဝက်တစ်ကောင်လို ဝနေတဲ့ကြောင်နက်မည်းလုံးကလေ???? ပန်းရောင်ဖဲကြိုးတွေနဲ့ ကြောင်နက်ကလေ???

"ခွိ..."

မေရီသည် ကြက်သေသေသွားသည့် ဝတ်စုံဆင်တူဖြင့် ကောင်ကလေးများကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်မိတော့၏။ ထို့နောက် သူမသည် ကြောင်နက်ကို လှမ်းပြော၏။

"ငါ နင့်ကို ဝိတ်ချပါလို့ ပြောသားပဲ..."

"တိတ်စမ်း ငါက အခုချိန်ထိခန့်ညားနေတုန်းပဲ..."

"ဝက်တစ်ကောင်လို ခန့်ညားတာလား..."

မေရီ၏ ခပ်ရွှတ်ရွှတ်ပြောသံက ကြောင်မည်းလုံးကို ဒေါသအမျက်ချောင်းချောင်းထွက်သွားစေ၏။

ကြောင်ခြေထောက်လေးများကို ဆောင့်နင်းချလိုက်ကာ ကြောင်မည်းလုံးသည် မေရီ့ကို ပြန်အော်ခဲ့သည်။

"ငါ့ရဲ့ ခန္ဓာကိုယ်ကြီးမားနေတာက အစွမ်းတွေကို သိုလှောင်ထားတာ! ငါ ဝနေတာမဟုတ်ဘူး!"

ကြောင်မည်းလုံး၏ အော်သံသည် သစ်ပင်များကို လဲစေလောက်အောင်ပင် လေဒဏ်ပြင်းစေ၍ သူ့ခြေဆောင့်မှုသည် မြေငလျင်ကို လှုပ်သွားစေ၏။

ဝတ်ရုံဆင်တူဖြင့် ကောင်ကလေးများသည် ကြောင်နက်ဝတုတ်ကို ကြောက်လန့်တကြား ကြည့်ခဲ့ကြသည်။

သူတို့ ဒီကြောင်မည်းတူးကို ဝလိုက်တာလို့ လုံးဝ ပြောလို့မဖြစ်ဘူး! ဒါက ကိုယ့်သေလမ်းကိုယ်ရှာတာပဲ!

"ဟယ်လို... ဝင်ဒီ..."

မေရီသည် မျက်မှန်ဝိုင်းဖြင့် အမျိုးသမီးကို လှမ်း၍နှုတ်ဆက်လေသည်။

"လူတို့ကို ကာကွယ်တဲ့အက်ဥပဒေ ၃၁၂ အရ မမွေးဖွားလာရမည့် သန္ဓေသားအား မွေးဖွားစေမှုနှင့် ကျွနု်ပ် စုန်းသုတ်သင်သူ ဝင်ဒီဟေး သင့်ကို ဌာနချုပ်အမိန့်ဖြင့် သုတ်သင်မည်"

မေရီ၏ နှုတ်ခမ်းများသည် ကွေးညွှတ်သွား၏။

"သောက်ကလေး မင်း တံမြက်စည်းပျံပေါ်နေနေလိုက်တော့..."

သူ စကားတစ်ခွန်းမှ မဆိုနိုင်ခင် မေရီသည် တံမြက်စည်းပျံပေါ်မှ အောက်သို့ ခုန်ဆင်းသွားခဲ့၏။ သူမ၏ ခုန်ဆင်းသွားမှုက ကြောင်မည်းလုံးကဲ့သို့တော့မဟုတ်။ သူမသည် ကျားသစ်ပျိုမလေးသဖွယ် မြေပြင်သို့ လှပစွာ ကျသွားခဲ့သည်။

ဥပဒေအမှတ်ကို ရေရွတ်ပြီးသည်နှင့် ဝင်ဒီဟေးဟုခေါ်သည့် အမျိုးသမီး၏ လက်ထဲမှ လက်ဝါးကပ်တိုင်ပုံ ဓားရှည်လက်နက်သည် ရွှေရောင်ဝင်းတောက်သွား၏။ ရွှေဝါရောင်အလင်းတန်းသည် သူမကို လွှမ်းခြုံသွားခဲ့လေသည်။

"သြော်..."

မေရီသည် ခပ်အေးအေးသာ ရွှေရောင်အလင်းတန်းလွှမ်းခြုံပြီးသည်ကို စောင့်ကြည့်နေခဲ့သည်။

"သူတို့က သေချာပြင်ဆင်ပြီးမှ လာခဲ့တာပဲ..."

"မေရီ! ဒီတစ်ခါတော့ ခင်ဗျားကို ကျွန်တော်တို့ အမိဖမ်းမှာ!"

သူမကို လှမ်းအော်သည့် စီနီယာသဖွယ်ကောင်လေးကို မေရီသည် လှမ်းကြည့်လေ၏။ နှုတ်ခမ်းများသည် တစ်ချက်တွန့်သွားပြီးနောက် သူမသည် ထိုကောင်လေးကို လှမ်း၍မေးသည်။

"ငါ့အိမ်ကို လာပြီး ငါ့ကို အမိဖမ်းချင်တယ်ပေါ့... မည်းလုံး... နင် အဲ့ကောင်စုတ်လေးတွေ အကုန်လုံးကို ရှင်းလိုက်..."

"အာဗ့်အင်စပက်တိုနီအိုအောက်..."

မိုးပေါ်မှ မီးလုံးများသည် မေရီရှိရာသို့ မိုးသီးမိုးပေါက်များသဖွယ် အရှိန်ပြင်းစွာ ရွာသွန်းချလာ၏။

"စကားလုံးသုံးလုံး..."

မေရီသည် ခပ်တိုးတိုးရေရွတ်၏။ မီးလုံးများ ရွာသွားကျလာစေရန် ရွတ်ဆိုသည့် မန္တန်ကို စကားလုံးသုံးလုံးဖြင့် ဖွဲ့စည်းထားခဲ့သည်။ ဝင်ဒီဟေးဆိုသည့် စုန်းလိုက်မုဆိုးမလေး၏ အဆင့်များဟာ တက်လာပါရောလား။

"မူးရူပ်စ်..."

မေရီသည် စကားလုံးတစ်လုံးကိုသာ ရေရွတ်၏။

ကြောင်မည်းလုံးနှင့် တိုက်ခိုက်နေသည့် ကောင်လေးများအနက် စီနီယာကောင်လေးတစ်ယောက်၏ မျက်လုံးများသည် ဝိုင်းစက်သွားခဲ့သည်။ မေရီရွတ်ဆိုခဲ့သည်က စကားလုံးတစ်လုံးတည်း။ မေရီ၏ စွမ်းအားသည် ဘယ်လောက်များ ကြီးမားနေတာလဲ။ စုန်းလိုက်မုဆိုးများ၏ ခေါင်းဆောင်နှင့် စုန်းကဝေအဖွဲ့အစည်း၏ စွမ်းအားအမြင့်ဆုံးသော ကဝေသည်ပင် မန္တန်ကိုစကားလုံး နှစ်လုံးဖြင့် ရွတ်ဆိုအသက်သွင်းရသည်။ မေရီက စကားလုံးတစ်လုံးဖြင့် အသက်သွင်းနိုင်သည်။

မီးလုံးများသည် မေရီကို ကွေကွင်းကာ မြေသို့ သက်ဆင်းကြကုန်၏။ မြေပြင်သည် ချက်ချင်းပင် မီးဟုန်းဟုန်းတောက်လောင်ချေတော့သည်။ မေရီ၏ နှုတ်ခမ်းများသည် ကော့ညွှတ်သွား၏။

"လူတို့ကို စောင့်ကြပ်သည့် အက်ဥပဒေ ၆၆၆ အရ မမွေးဖွားရမည့် သန္ဓေသားအား ကျွနု်ပ် ဝီလီယံသည် အဖ၏ နာမတော်ဖြင့် သုတ်သင်သတ်ဖြတ်ပါ၏။"

မေရီသည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လေ၏။ ဓားရှည်သဏ္ဍာန်ငွေမင်ရောင် အလင်းတန်းသည် သူမ၏ အရံအတားကိုဖြတ်ကျော်ကာ တံမြက်စည်းပျံပေါ်ရှိ ကောင်ကလေးဆီသို့ ထွင်းဖောက်သွား၏။ မေရီ မျက်နှာတည်သွားတော့သည်။

"ကျူးဒိုစ့်!"

အမည်အခေါ်ခံလိုက်ရသည့် ကြောင်နက်သည် တွန့်ခနဲဖြစ်သွားရ၏။ မေရီတစ်ယောက် စိတ်တိုသွားချေပြီ။

ကြောင်နက်သည် ကိုယ်အလေးချိန်နှင့်မလိုက်ဖက်စွာ အမြီးတုတ်တုတ်ကို တစ်ချက်ယမ်း၍ သူတိုက်ခိုက်နေသည့် ကောင်ကလေးများ လွင့်စင်သွားအောင် ခါယမ်းပြီးနောက် ငွေမင်ရောင် အလင်းတန်းဆီသို့ ပြေးဝင်သွားလိုက်၏။

"ဟဟဟ ငါတို့ ဒီ သန္ဓေယုတ်လေးကိုပါ သတ်မှာ..."

စကားမဆုံးခင် မေရီ၏ လက်သည် နေရောင်ကဲ့သို့နွေးထွေးသည့် ရွှေဝါရောင်အလင်းတန်းလွှမ်းခြုံထားသည့် ဝင်ဒီဟေး၏ ဗိုက်ကို ထုတ်ချင်းပေါက် ဝင်သွားခဲ့၏။

"အစက ငါနည်းနည်းဆော့ပေးမလို့ ဒါပေမဲ့ နင်တို့က ငါ့ရဲ့ အတိုးအများကြီးရနိုင်မဲ့ လက်မှတ်လေးကို ထိခိုက်စေတာကြောင့် ငါ မပျော်တော့ဘူး..."

"နင်ဘယ်လို..."

မေရီသည် မည်သည့်စကားမျှမပြောဘဲ သူမကို အံ့သြတကြီး မော့ကြည့်လာသည့် အမျိုးသမီးကို နှုတ်ခမ်းများတွန့်ကွေးရုံသာ ပြုံးပြခဲ့သည်။

"မဖြစ်နိုင်ဘူး!"

နာကျင်သည့်ကြားထဲမှ ထိုအမျိုးသမီးသည် အော်ဟစ်လေ၏။ မဖြစ်နိုင်ဘူး! ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး! စုန်းတွေက ဂါထာမန္တန်ကို အသက်သွင်းဖို့အတွက် အသံထွက်ပြီး ရွတ်ဆိုရတယ်။ မေရီက စကားတစ်ခွန်းနဲ့ ဂါထာအသက်သွင်းနိုင်နေရာကနေ အသံမထွက်ဘဲနဲ့ သူမက ဂါထာကို အသက်သွင်းနိုင်ခဲ့ပြီလား။ မေရီကို နိုမ်နင်းဖို့က ပိုပြီးခက်ခဲတော့မှာလား။

ကြောင်နက်သည် သွေးအလူးလူးဖြင့် ဖြစ်နေသည့် ကောင်ကလေးကို ကိုက်ချီကာ မေရီအနားသို့လျှောက်လာလေ၏။ မေရီသည် ကြောင်နက်နှင့် တိုက်ခိုက်ထားပြီး လဲကျနေသည့် အသားညိုညိုထောင်ထောင်မောင်းမောင်းဖြင့် လူကို ကြည့်ပြီးနောက် တစ်ဖက်သို့ ပြန်လှည့်လေ၏။

မေရီတစ်ဖက်သို့ ပြန်လှည့်သွားချိန်တွင် မြေပြင်မှ နွယ်ရှင်အချို့သည်ထွက်လာပြီးနောက် အမျိုးသား၏ ခန္ဓာကိုယ်ကို ပင့်မသည်။ ထို့နောက် မေရီ့ရှေ့တွင် ရှိနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ကိုလည်း ပင့်မ၏။

"ဟေ့ သောက်ကလေးတွေ!"

မေရီသည် မရပ်နိုင်ရပ်နိုင်ဖြင့် ကြိုးစားရပ်နေကြသည့် ကောင်စုတ်လေးတစ်သိုက်ကို ကြည့်ကာ အော်လေ၏။ သူမ၏ အသံကြားသည်နှင့် ကောင်ကလေးများသည် သူမဘက်သို့ လှည့်ကြည့်လာခဲ့သည်။

"သေချာကြည့်ပြီး အကြောင်းပြန်လိုက်... ဒီ သူတို့သတ်ဖို့ ကြိုးစားနေတဲ့ ကောင်ကလေးက ငါ့ရဲ့ ကျေးကျွန်ဆိုတာကို..."

မေရီသည် ကောင်ကလေးများ၏ အံ့သြနေမှုကိုကြည့်၍ သူမလက်ထဲတွင် သွေးအလိမ်းလိမ်းဖြင့် သတိမေးနေသည့် ကောင်ကလေးကို အသာထွေးပွေ့သည်။ သူမ၏ အောက်နှုတ်ခမ်းကိုအားဖြင့် ဖိကိုက်၍သွေးကို ထွက်စေ၏။ ကိုယ်ကိုကိုင်းညွှတ်သည်။ နွယ်ရှင်များ၏ ချုပ်နှောင်ခြင်းကို ခံထားရသည့် ဝင်ဒီဟေးသည် မျက်လုံးများဝိုင်းစက်ကာ ရုန်းကန်၏။

"သူ့ကိုတား! သူက ဒီကောင်လေးကို သူ့ရဲ့ ကျေးကျွန်အဖြစ်လုပ်ဖို့ကြိုးစားနေတာ! ဒီကောင်လေးက သူ့ရဲ့ ကျေးကျွန်ဖြစ်သွားရင် ဒီကောင်လေးကို သတ်ဖို့ခက်သွားလိမ့်မယ်!"

သူတို့၏ ခေါင်းဆောင်တွေတောင် ဖမ်းချုပ်ခံနေရတာကို သူတို့က ဘာများတတ်နိုင်မှာလဲ?! ဘယ်လိုသွားတားရမှာလဲ?

ကောင်ကလေးများသည် စိတ်ညစ်ညူးစွာတွေးလေ၏။

မေရီသည် အသိလစ်နေသည့် ကောင်ကလေးကို ငုံ့မိုးကြည့်သည်။

"သောက်ကလေး မင်းသိဖို့က ငါ့ရဲ့သွေးကို လူပေါင်းများစွာ လိုချင်နေကြတာ..."

သူမသည် ထိုကောင်လေး၏ နဖူးဖြင့် သူမ၏ နဖူးကို ထိကပ်၏။ ထိုကောင်လေး၏ အသက်ရှူသံသည် အလွန်ကို အားနည်းနေချေပြီ။ ဒီကောင်စုတ်တွေက သူမရဲ့ ထီလက်မှတ်လေးကို လုပ်ချင်နေတာပဲ။

"ငါမြင့်မြတ်လှတဲ့... မေရီရဲ့ စစ်သူကြီးတွေထဲက မြင့်မြတ်ခြင်းနဲ့အုပ်စိုးခြင်းကို ကိုယ်စားပြုတဲ့ စစ်သူကြီးအဖြစ် ယနေ့မှာ ငါ ဖွားမြင်ခွင့်ပေးတယ်..."

ကြောင်နက်၏ မျက်လုံးများသည် အရောင်တောက်သွား၏။ မမြင်ရသည့် ဖိအားသည် အကုန်လုံးအပေါ်တွင် သက်ဆင်းလာခဲ့သည်။ တစ်ယောက်မှသည် လှုပ်ရှား၍မရကြ။ သူတို့သည် မေရီ့ကိုသာ ကြည့်နေခဲ့ကြ၏။

"အဲရစ်... သင့်ကိုငါ အမည်နာမကို ပေးအပ်၏ ငါ့ကို ခစားရန်အတွက် သင်သည် နိုးထလေရော့..."

သူမ၏ သွေးစွန်းနေသည့် နှုတ်ခမ်းများဖြင့် ထိုကောင်လေး၏ နှုတ်ခမ်းများကို ဖိကပ်၏။

စွမ်းအားစုတစ်ခုနိုးထသွားသည့် အလားပင် မေရီ၏ ဆံပင်များသည် လေထဲတွင် ထောင်မတ်လွင့်သွားလေတော့သည်။ အကုန်လုံးသည် တိတ်ဆိတ်စွာကြည့်လေ၏။ မေရီ့လက်ထဲမှကောင်ကလေးသည် လေထဲသို့မြောက်တက်လာခဲ့၏။ ထိုကောင်လေး၏ ကျောပြင်မှ တောင်ပံသည်ရှည်ထွက်လာခဲ့သည်။ အမြီးတစ်ချောင်းသည်လည်း ထွက်လာသေး၏။ နဖူးထက်တွင် ဦးချိုအတိုလေးနှစ်ခု။ ထိုကောင်လေး၏ မျက်လုံးများသည် ခပ်ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

"နတ်ဆိုးသွေးက နိုးထသွားပြီ!"

ဝင်ဒီဟေးသည် စိတ်တိုဒေါသထွက်သည့် အသံဖြင့် အော်ဟစ်လိုက်ခဲ့တော့၏။ မေရီသည် မျက်လုံးနီနီဖြင့် ကောင်ကလေးကို ကျေနပ်စွာကြည့်နေခဲ့ချေသည်။

-----------

Zawgyi

သူက သေဘာထားေသးသိမ္တဲ့သူတစ္ေယာက္ျဖစ္တယ္။

သူက လက္စားေခ်လုိစိတ္ျပင္းျပတယ္။

သူက ခြန္အားႀကီးခ်င္တယ္။

ဒါေၾကာင့္ပဲ ေမရီဆိုတဲ့ စုန္းမကို သူ ေစာင့္ေနခဲ့တာ။

ေမရီ မလာမခ်င္း သူ ေစာင့္ေနဦးမွာပဲ။

ဒါေပမဲ့ ေမရီက ေစာေစာေရာက္လာျဖစ္ခဲ့တယ္။

အပိုင္း - ၄ : သူက ျမင့္ျမတ္လွတဲ့ ငါ့ရဲ႕ေက်းကြ်န္ပဲ!

'လူတုိ႔သည္ မိမိကိုယ္မိမိကာကြယ္ဖို႔ႏွင့္ မိမိျမတ္ႏိုးသည့္ အရာတုိ႔ကို ကာကြယ္ဖို႔ရာအတြက္ သန္မာလိုၾကျခင္းျဖစ္သည္။'

တံျမက္စည္းပ်ံေပၚတြင္ ထုိင္ေနရင္းျဖင့္ သူ ေအာက္မွ ပန္းခင္းဝါဝါကို ၾကည့္မိသည္။ ဒီပန္းေတြက ေမရီကိုပါ အႏၱရာယ္ျပဳလား။ ဒါေၾကာင့္မ်ား ေမရီက တံျမက္စည္းပ်ံနဲ႔သြားေနတာလား။

"ငါ့ကို ဒီေကာင္ေတြလား အႏၱရာယ္ေပးရဲမွာ... ေသာက္ကေလး မင္းရဲ႕အေတြးတိမ္တိမ္ေလးေတြနဲ႔ ေလွ်ာက္မေတြးစမ္းပါနဲ႔..."

"ဒါဆို ခင္ဗ်ားက ဘာလို႔ေအာက္မဆင္းတာလဲ..."

ေမရီသည္ ထိုေကာင္ေလးကို ေစြ႔ခနဲဂုတ္ကဆြဲမ၏။ ေၾကာင္ေပါက္ကေလးလုိ ခပ္ကုတ္ကုတ္ျဖစ္သြားသည့္ ေကာင္စုတ္ေလးကို သူမ ခနဲ႔ျပံဳးျဖင့္ၾကည့္သည္။

"ေသာက္ကေလးေလး ငါ မင္းကို ေအာက္ပစ္ခ်ၿပီး ပန္းေတြရဲ႕ ေျမဆီလႊာျဖစ္ေစလိုက္ရမလား..."

သူ႔ တစ္ကိုယ္လံုး ေတာင့္ခနဲျဖစ္သြားသည္။

ေမရီသည္ သူမ၏ လက္တြင္ေတာင့္ေတာင့္ေလးျဖစ္သြားသည့္ ေကာင္စုတ္ေလးကို ၾကည့္ၿပီး ေက်နပ္သြားကာ ေနရာတြင္ ျပန္ခ်ထားလိုက္၏။ တံျမက္စည္းပ်ံေပၚတြင္ တင္ပလႊဲထုိင္ ဟန္ပါပါ ေျခခ်ိတ္ထားရင္းမွ သူမသည္ ေအာက္ကို ၾကည့္သည္။

"လွတယ္ဆိုတိုင္း အႏၱရာယ္မရွိဘူးလို႔ မထင္သင့္ဘူး ဒီေနၾကာခင္းႀကီးေအာက္မွာ အေလာင္းေတြက မနည္းမေနာဘဲ..."

ေအးတိေအးစက္ သူမ ဆိုသည္။

"မင္းကို ဘယ္သူေတြက ငါ့ေနာက္ကို လုိက္ရမယ္လုိ႔ သင္ထားတာလဲ..."

ေမရီသည္ ပ်ံသန္းေနသည့္ ခရီးတြင္ ပ်င္းရိသျဖင့္ စကားဆုိေလ၏။ အရင္ ထိုေကာင္ေလး မရွိခင္တြင္ သူမႏွင့္ေၾကာင္မည္းလံုးသည္ ေရာက္ရာေပါက္ရာေျပာတတ္ေသာ္လည္း ယခုေတာ့ ေခါင္းစဥ္အသစ္မ်ားေျပာႏုိင္သည့္ လူတစ္ေယာက္ ရွိေနမွေတာ့ သူမတုိ႔ဘာေၾကာင့္မ်ား ေခါင္းစဥ္အသစ္ကို မေျပာဘဲ ေနလိမ့္မည္လဲ။

"ဝိညာဥ္ဆိုးေတြက..."

"ေၾသာ္... ဒီအေကာင္ေတြကို ႏႈတ္ပိတ္ထားသင့္တာ..."

ေမရီသည္ ခပ္ေအးေအးေျပာသည္။ သူ စကားတစ္ခြန္းမွ မဆိုဘဲ ေမရီကိုၾကည့္ေနခဲ့၏။

"ငါ့ေနာက္ကို လုိက္မယ္ဆုိရင္ မင္း ဒီပံုတုိင္းေတာ့ ျဖစ္မွာမဟုတ္ဘူး..."

"ကြ်န္ေတာ္ သန္မာခ်င္တယ္..."

ေမရီသည္ ေခါင္းကိုအသာညိတ္၍...

"ဒါက လူတုိင္းျဖစ္ခ်င္တာပါပဲ..."

သူမသည္ အေဝးသို႔ေငးေနခဲ့၏။ ဦးထုပ္ေအာက္မွ သူမ၏ ဆံပင္ရွည္သည္ တလြင့္လြင့္ျဖင့္...

"သန္မာမွ ငါတုိ႔က အႏိုင္က်င့္မခံရမွာေလ... သန္မာမွ ငါတုိ႔က ကာကြယ္ခ်င္တဲ့ အရာေတြကို ကာကြယ္ခြင့္ရွိမွာ..."

သူမ၏ အသံထဲတြင္ အတိတ္ကိုတမ္းတျခင္းတို႔ပါေနသေယာင္။ တစ္ခ်ိန္လံုးအိပ္ေနသည့္ ေၾကာင္နက္မည္းလံုးသည္ မ်က္လံုးတစ္ဖက္ဖြင့္ကာ စိမ္းေတာက္သည့္ မ်က္လံုးမ်ားျဖင့္ ေမရီကို လွမ္းၾကည့္၏။ တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ေၾကာင္နက္သည္ မ်က္လံုးမ်ား ပိတ္ကာ ျပန္ၿပီး အိပ္သြားေတာ့သည္။ ဒီ အစုတ္အျပတ္ စုန္းမေလးဟာ အခုခ်ိန္ထိကို...

ေကာင္ကေလးသည္ သူမကိုသာ ၾကည့္ေနခဲ့၏။ ေမရီ... လူတုိင္းက ေၾကာက္ၾကသလုိ သူမဟာ အမွန္တကယ္ပဲ ေၾကာက္စရာေကာင္းလုိ႔လား။ အခု သူ ၾကည့္တာေတာ့ သူမက သိပ္လည္းေၾကာက္ဖို႔ေကာင္းမေနပါဘူး။

ထိုအေတြးသည္ မွားယြင္းေၾကာင္းကို ေတာစပ္သို႔ ေရာက္သြားခ်ိန္တြင္ သူ သိလုိက္ရေလသည္။

"ေမရီ!"

သူမကို ျမင္သည္ႏွင့္ လွမ္းေအာ္လာသည့္ ေယာက်ာ္းပ်ိဳတစ္ဦးကို ၾကည့္၏။ လက္ဝါးကပ္တိုင္ပံုဓားရွည္သဖြယ္ လက္နက္ကို ကိုင္ေဆာင္ထားသည့္ အျဖဴေရာင္ဝတ္ရံုတုိေအာက္မွ ကုတ္ဝတ္ရံုရွည္အျဖဴႏွင့္ ေယာက်ာ္းပ်ိဳကို သူမၾကည့္သည္။

"ေၾသာ္... သူတုိ႔ေတြလား..."

သူမသည္ ခပ္ေအးေအးေရရြတ္၏။ လူတစ္စု၊ အမ်ိဳးသမီးတစ္ေယာက္ႏွင့္အမ်ိဳးသားတစ္ေယာက္သည္ လူငယ္အသင္ေလးမ်ားကို ဦးေဆာင္လာဟန္ရွိသည္။ သူမသိေနၿပီးသား အမ်ိဳးသားႏွင့္အမ်ိဳးသမီးကိုၾကည့္၊ ေရရြတ္ၿပီးသည္ႏွင့္ တံျမက္စည္းပ်ံေပၚမွ ေၾကာင္မည္းလံုးကို သူမ ေမးတစ္ခ်က္ဆတ္ျပ၏။ ေၾကာင္မည္းလံုးသည္ ေကာင္းကင္ထက္တြင္ ပ်ံဝဲေနသည့္ တံျမက္စည္းပ်ံေပၚမွ ဂြ်မ္းတစ္ပတ္လိမ့္ၿပီး ခုန္ဆင္းသြားခဲ့သည္။

ေမရီသည္ ေၾကာင္မည္းလံုး ခုန္ဆင္းသြားသည္ႏွင့္ သူမ၏ တံျမက္စည္းပ်ံကို အရံအတာတစ္ခုဖန္ဆင္းလုိက္ေလသည္။

"မူးရူပ္စ္..."

ထြင္းေဖာက္ျမင္ရသည့္ နံရံကဲ့သို႔ေသာ စက္ဝုိင္းသ႑န္ အရံအတားတစ္ခုသည္ ေပၚလာခဲ့၏။ အံ့ၾသတႀကီးျဖင့္ သူ လက္ေခ်ာင္းမ်ားျဖင့္ ထိၾကည့္လိုက္ေသးသည္။ ဆပ္ျပာပူေဖာင္းကဲ့သို႔ ေပ်ာ့အိအိႏိုင္ေသာ္လည္း ဆပ္ျပာပူေဖာင္းမ်ားလိုေတာ့ ထိုအရံအတာသည္ ဆတ္ခနဲေပါက္မလြယ္ခဲ့။

"ဘာလုိ႔ ကြ်န္ေတာ္တုိ႔က အကာအကြယ္လုိ..."

သူ႔စကားမဆံုးလိုက္ခဲ့။ ေျမျပင္တြင္ ဝုန္းခနဲက်သံႏွင့္အတူ ေျမမႈန္မ်ားသည္ လြင့္စင္လာေတာ့သည္။ သူ႔မ်က္လံုးမ်ားသည္ ဝိုင္းစက္သြားခဲ့၏။ ေၾကာင္တစ္ေကာင္က်တာက ႀကီးမားျပင္းထန္သည့္ ရိုက္ခတ္မႈကို ေပးႏိုင္သည္တဲ့လား။

"ဘာႀကီး က်လာတာလဲ!!!"

ဝတ္စံုဆင္တူဝတ္ထားသည့္ လူစုထဲမွ ေကာင္ေလးတစ္ေယာက္၏ အသံထြက္လာခဲ့သည္။

ထိုအထဲမွ အဝါေရာင္ဆံပင္ျဖင့္ အသက္အနည္းငယ္ႀကီးေသာ မ်က္မွန္ဝိုင္းတစ္ဖက္တည္းသာ တပ္ဆင္ထားသည့္ မိန္းမပ်ိဳသည္ ေလးနက္သည့္ မ်က္ႏွာျဖင့္...

"က်ဴးဒိုစ့္... ေမရီရဲ႕ အသန္မာဆံုးေသာ စစ္သူႀကီးပဲ..."

ဖုန္လံုးမ်ားထဲမွ ေၾကာင္နက္၏ မ်က္လံုးမ်ားသည္ စိမ္းေတာက္ေနခဲ့၏။ ေၾကာင္နက္သည္ သူ႔ ေျခေထာက္မ်ားကို ခပ္ဖြဖြသပ္၏။ သူ သပ္လုိက္တိုင္း ေျမျပင္သည္ ကြဲအက္ေနခဲ့သည္။

တူညီဝတ္စံုမ်ားဝတ္ထားသည့္ ေကာင္ကေလးမ်ားသည္ အံ့အားသင့္စြာျဖင့္ ဖုန္လံုးထဲမွ မ်က္လံုးမ်ားကို အံ့အားသင့္စြာ ၾကည့္ေနၾကသည္။

ေမရီသည္ မမိွတ္မသုန္ၾကည့္ေနရာမွ လွပစြာျပံဳးေလ၏။

"ဒီမေကာင္းဆုိးဝါးက ဘယ္ေလာက္ထိေတာင္ ဝိညာဥ္စြမ္းအား ေကာင္းေနရတာလဲ..."

ျပင္းထန္လွသည့္ ဖိအားကို ေတာင့္ခံထားရင္း အျဖဴဝတ္ေကာင္ေလးမ်ားသည္ ကိုယ္စီေရရြတ္ေနခဲ့သည္။

"ေမရီရဲ႕ ေအာင္ျမင္မႈဆိုတဲ့ ဂုဏ္ပုဒ္ကို ရထားတဲ့ က်ဴးဒိုစ့္ကို မင္းတုိ႔က ဘာမ်ားထင္ေနတာလဲ..."

အငယ္ေကာင္ေလးမ်ားကို ေငါက္ငမ္းသည့္ အမ်ိဳးသမီးသည္ ဖုန္လံုးထဲသို႔ ေလးနက္စြာၾကည့္ကာ ေျပာေလ၏။ သူမ၏ မသက္မသာျဖစ္ေနၿပီး သတိႀကီးစြာထားေနသည့္ ဟန္ေၾကာင့္ ေကာင္ေလးမ်ားသည္ လက္ထဲမွ သူတို႔၏ လက္နက္မ်ားကို တင္းတင္းဆုတ္ကိုင္ျဖစ္ၾကေလ၏။

ေကာင္းကင္ေပၚမွ ဘာမွန္းမသိသည့္ အရာျပဳတ္က်လာၿပီး အခ်ိန္အတန္ၾကာခ်ိန္တြင္ ဖုန္လံုးႀကီးသည္ ကင္းရွင္းသြားေတာ့၏။ ထိုအခါက်ေတာ့မွသာ သူတုိ႔သည္ မ်က္လံုးစိမ္းမ်ား၏ ပိုင္ရွင္ကို ျမင္ရေလေတာ့၏။

မ်က္လံုးစိမ္းမ်ား၏ ပိုင္ရွင္သည္ကား...

ေၾကာင္... ေၾကာင္ဝတုတ္တစ္ေကာင္?!!!!

ဘုရားစူးမိုးႀကိဳးပစ္ ေၾကာင္နက္ဝတုတ္တစ္ေကာင္?!!!

ေနာက္ၿပီးဘာလို႔ ပန္းေရာင္လည္ပတ္နဲ႔လဲ?!!! အၿမီးတုတ္တုတ္ႀကီးမွာ ပန္းေရာင္ဖဲျပားေလးေတာင္ ရွိလုိက္ေသးတယ္!!

ဘုရားသခင္ ေၾကာင္နက္ဟာဘယ္ေလာက္မ်ားဝလိုက္သလဲ သူျပဳတ္က်လာတာနဲ႔ ေျမျပင္တစ္ခုလံုးေတာင္ သိမ့္ခနဲတုန္သြားေသးတယ္!

ေနာက္ၿပီး ၾကည့္ပါဦး ေျမႀကီးေတာင္ သူ႔အေလးခ်ိန္ကို မခံႏုိင္ဘူး! အက္ေနတယ္!

ၿပီး...ၿပီးေတာ့ ဒီေၾကာင္... ေၾကာင္နက္က ဝက္တစ္ေကာင္လုိပဲ ဝတယ္!

မဟုတ္ေသးဘူး... ေၾကာင္နက္မည္းလံုးက... က်ဴးဒိုစ့္လား... ေမရီရဲ႕ စစ္သူႀကီးေလးေယာက္ထဲက က်ဴးဒိုစ့္ ေမရီရဲ႕ ဂုဏ္ေရာင္ဂုဏ္ဝါကို ကိုယ္စားျပဳတဲ့ က်ဴးဒိုစ့္????? ဒီ ဝက္တစ္ေကာင္လုိ ဝေနတဲ့ေၾကာင္နက္မည္းလံုးကေလ???? ပန္းေရာင္ဖဲႀကိဳးေတြနဲ႔ ေၾကာင္နက္ကေလ???

"ခြိ..."

ေမရီသည္ ၾကက္ေသေသသြားသည့္ ဝတ္စံုဆင္တူျဖင့္ ေကာင္ကေလးမ်ားကို ၾကည့္ကာ မေအာင့္ႏိုင္ဘဲ ရယ္မိေတာ့၏။ ထို႔ေနာက္ သူမသည္ ေၾကာင္နက္ကို လွမ္းေျပာ၏။

"ငါ နင့္ကို ဝိတ္ခ်ပါလုိ႔ ေျပာသားပဲ..."

"တိတ္စမ္း ငါက အခုခ်ိန္ထိခန္႔ညားေနတုန္းပဲ..."

"ဝက္တစ္ေကာင္လို ခန္႔ညားတာလား..."

ေမရီ၏ ခပ္ရႊတ္ရႊတ္ေျပာသံက ေၾကာင္မည္းလံုးကို ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္သြားေစ၏။

ေၾကာင္ေျခေထာက္ေလးမ်ားကို ေဆာင့္နင္းခ်လိုက္ကာ ေၾကာင္မည္းလံုးသည္ ေမရီ႕ကို ျပန္ေအာ္ခဲ့သည္။

"ငါ့ရဲ႕ ခႏၶာကိုယ္ႀကီးမားေနတာက အစြမ္းေတြကို သိုေလွာင္ထားတာ! ငါ ဝေနတာမဟုတ္ဘူး!"

ေၾကာင္မည္းလံုး၏ ေအာ္သံသည္ သစ္ပင္မ်ားကို လဲေစေလာက္ေအာင္ပင္ ေလဒဏ္ျပင္းေစ၍ သူ႔ေျခေဆာင့္မႈသည္ ေျမငလ်င္ကို လႈပ္သြားေစ၏။

ဝတ္ရံုဆင္တူျဖင့္ ေကာင္ကေလးမ်ားသည္ ေၾကာင္နက္ဝတုတ္ကို ေၾကာက္လန္႔တၾကား ၾကည့္ခဲ့ၾကသည္။

သူတုိ႔ ဒီေၾကာင္မည္းတူးကို ဝလုိက္တာလုိ႔ လံုးဝ ေျပာလို႔မျဖစ္ဘူး! ဒါက ကိုယ့္ေသလမ္းကိုယ္ရွာတာပဲ!

"ဟယ္လို... ဝင္ဒီ..."

ေမရီသည္ မ်က္မွန္ဝုိင္းျဖင့္ အမ်ိဳးသမီးကို လွမ္း၍ႏႈတ္ဆက္ေလသည္။

"လူတုိ႔ကို ကာကြယ္တဲ့အက္ဥပေဒ ၃၁၂ အရ မေမြးဖြားလာရမည့္ သေႏၶသားအား ေမြးဖြားေစမႈႏွင့္ ကြ်ႏု္ပ္ စုန္းသုတ္သင္သူ ဝင္ဒီေဟး သင့္ကို ဌာနခ်ဳပ္အမိန္႔ျဖင့္ သုတ္သင္မည္"

ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ေကြးညႊတ္သြား၏။

"ေသာက္ကေလး မင္း တံျမက္စည္းပ်ံေပၚေနေနလုိက္ေတာ့..."

သူ စကားတစ္ခြန္းမွ မဆုိႏုိင္ခင္ ေမရီသည္ တံျမက္စည္းပ်ံေပၚမွ ေအာက္သို႔ ခုန္ဆင္းသြားခဲ့၏။ သူမ၏ ခုန္ဆင္းသြားမႈက ေၾကာင္မည္းလံုးကဲ့သို႔ေတာ့မဟုတ္။ သူမသည္ က်ားသစ္ပ်ိဳမေလးသဖြယ္ ေျမျပင္သို႔ လွပစြာ က်သြားခဲ့သည္။

ဥပေဒအမွတ္ကို ေရရြတ္ၿပီးသည္ႏွင့္ ဝင္ဒီေဟးဟုေခၚသည့္ အမ်ိဳးသမီး၏ လက္ထဲမွ လက္ဝါးကပ္တုိင္ပံု ဓားရွည္လက္နက္သည္ ေရႊေရာင္ဝင္းေတာက္သြား၏။ ေရႊဝါေရာင္အလင္းတန္းသည္ သူမကို လႊမ္းျခံဳသြားခဲ့ေလသည္။

"ေၾသာ္..."

ေမရီသည္ ခပ္ေအးေအးသာ ေရႊေရာင္အလင္းတန္းလႊမ္းျခံဳၿပီးသည္ကို ေစာင့္ၾကည့္ေနခဲ့သည္။

"သူတုိ႔က ေသခ်ာျပင္ဆင္ၿပီးမွ လာခဲ့တာပဲ..."

"ေမရီ! ဒီတစ္ခါေတာ့ ခင္ဗ်ားကို ကြ်န္ေတာ္တုိ႔ အမိဖမ္းမွာ!"

သူမကို လွမ္းေအာ္သည့္ စီနီယာသဖြယ္ေကာင္ေလးကို ေမရီသည္ လွမ္းၾကည့္ေလ၏။ ႏႈတ္ခမ္းမ်ားသည္ တစ္ခ်က္တြန္႔သြားၿပီးေနာက္ သူမသည္ ထိုေကာင္ေလးကို လွမ္း၍ေမးသည္။

"ငါ့အိမ္ကို လာၿပီး ငါ့ကို အမိဖမ္းခ်င္တယ္ေပါ့... မည္းလံုး... နင္ အဲ့ေကာင္စုတ္ေလးေတြ အကုန္လံုးကို ရွင္းလုိက္..."

"အာဗ့္အင္စပက္တုိနီအိုေအာက္..."

မိုးေပၚမွ မီးလံုးမ်ားသည္ ေမရီရွိရာသို႔ မိုးသီးမိုးေပါက္မ်ားသဖြယ္ အရွိန္ျပင္းစြာ ရြာသြန္းခ်လာ၏။

"စကားလံုးသံုးလံုး..."

ေမရီသည္ ခပ္တုိးတိုးေရရြတ္၏။ မီးလံုးမ်ား ရြာသြားက်လာေစရန္ ရြတ္ဆိုသည့္ မႏၱန္ကို စကားလုံးသံုးလံုးျဖင့္ ဖြဲ႔စည္းထားခဲ့သည္။ ဝင္ဒီေဟးဆိုသည့္ စုန္းလုိက္မုဆိုးမေလး၏ အဆင့္မ်ားဟာ တက္လာပါေရာလား။

"မူးရူပ္စ္..."

ေမရီသည္ စကားလံုးတစ္လံုးကိုသာ ေရရြတ္၏။

ေၾကာင္မည္းလံုးႏွင့္ တုိက္ခုိက္ေနသည့္ ေကာင္ေလးမ်ားအနက္ စီနီယာေကာင္ေလးတစ္ေယာက္၏ မ်က္လံုးမ်ားသည္ ဝုိင္းစက္သြားခဲ့သည္။ ေမရီရြတ္ဆိုခဲ့သည္က စကားလံုးတစ္လံုးတည္း။ ေမရီ၏ စြမ္းအားသည္ ဘယ္ေလာက္မ်ား ႀကီးမားေနတာလဲ။ စုန္းလုိက္မုဆိုးမ်ား၏ ေခါင္းေဆာင္ႏွင့္ စုန္းကေဝအဖြဲ႔အစည္း၏ စြမ္းအားအျမင့္ဆံုးေသာ ကေဝသည္ပင္ မႏၱန္ကိုစကားလံုး ႏွစ္လုံးျဖင့္ ရြတ္ဆုိအသက္သြင္းရသည္။ ေမရီက စကားလံုးတစ္လံုးျဖင့္ အသက္သြင္းႏုိင္သည္။

မီးလံုးမ်ားသည္ ေမရီကို ေကြကြင္းကာ ေျမသို႔ သက္ဆင္းၾကကုန္၏။ ေျမျပင္သည္ ခ်က္ခ်င္းပင္ မီးဟုန္းဟုန္းေတာက္ေလာင္ေခ်ေတာ့သည္။ ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ေကာ့ညႊတ္သြား၏။

"လူတို႔ကို ေစာင့္ၾကပ္သည့္ အက္ဥပေဒ ၆၆၆ အရ မေမြးဖြားရမည့္ သေႏၶသားအား ကြ်ႏု္ပ္ ဝီလီယံသည္ အဖ၏ နာမေတာ္ျဖင့္ သုတ္သင္သတ္ျဖတ္ပါ၏။"

ေမရီသည္ မ်က္ေမွာင္ၾကဳတ္ကာ ေကာင္းကင္ယံသို႔ ေမာ့ၾကည့္ေလ၏။ ဓားရွည္သ႑ာန္ေငြမင္ေရာင္ အလင္းတန္းသည္ သူမ၏ အရံအတားကိုျဖတ္ေက်ာ္ကာ တံျမက္စည္းပ်ံေပၚရွိ ေကာင္ကေလးဆီသို႔ ထြင္းေဖာက္သြား၏။ ေမရီ မ်က္ႏွာတည္သြားေတာ့သည္။

"က်ဴးဒိုစ့္!"

အမည္အေခၚခံလုိက္ရသည့္ ေၾကာင္နက္သည္ တြန္႔ခနဲျဖစ္သြားရ၏။ ေမရီတစ္ေယာက္ စိတ္တုိသြားေခ်ၿပီ။

ေၾကာင္နက္သည္ ကိုယ္အေလးခ်ိန္ႏွင့္မလုိက္ဖက္စြာ အၿမီးတုတ္တုတ္ကို တစ္ခ်က္ယမ္း၍ သူတုိက္ခိုက္ေနသည့္ ေကာင္ကေလးမ်ား လြင့္စင္သြားေအာင္ ခါယမ္းၿပီးေနာက္ ေငြမင္ေရာင္ အလင္းတန္းဆီသို႔ ေျပးဝင္သြားလုိက္၏။

"ဟဟဟ ငါတုိ႔ ဒီ သေႏၶယုတ္ေလးကိုပါ သတ္မွာ..."

စကားမဆံုးခင္ ေမရီ၏ လက္သည္ ေနေရာင္ကဲ့သို႔ေႏြးေထြးသည့္ ေရႊဝါေရာင္အလင္းတန္းလႊမ္းျခံဳထားသည့္ ဝင္ဒီေဟး၏ ဗိုက္ကို ထုတ္ခ်င္းေပါက္ ဝင္သြားခဲ့၏။

"အစက ငါနည္းနည္းေဆာ့ေပးမလို႔ ဒါေပမဲ့ နင္တုိ႔က ငါ့ရဲ႕ အတုိးအမ်ားႀကီးရႏိုင္မဲ့ လက္မွတ္ေလးကို ထိခိုက္ေစတာေၾကာင့္ ငါ မေပ်ာ္ေတာ့ဘူး..."

"နင္ဘယ္လို..."

ေမရီသည္ မည္သည့္စကားမွ်မေျပာဘဲ သူမကို အံ့ၾသတႀကီး ေမာ့ၾကည့္လာသည့္ အမ်ိဳးသမီးကို ႏႈတ္ခမ္းမ်ားတြန္႔ေကြးရံုသာ ျပံဳးျပခဲ့သည္။

"မျဖစ္ႏုိင္ဘူး!"

နာက်င္သည့္ၾကားထဲမွ ထိုအမ်ိဳးသမီးသည္ ေအာ္ဟစ္ေလ၏။ မျဖစ္ႏိုင္ဘူး! ဒါက ဘယ္လုိမွမျဖစ္ႏုိင္ဘူး! စုန္းေတြက ဂါထာမႏၱန္ကို အသက္သြင္းဖို႔အတြက္ အသံထြက္ၿပီး ရြတ္ဆုိရတယ္။ ေမရီက စကားတစ္ခြန္းနဲ႔ ဂါထာအသက္သြင္းႏိုင္ေနရာကေန အသံမထြက္ဘဲနဲ႔ သူမက ဂါထာကို အသက္သြင္းႏုိင္ခဲ့ၿပီလား။ ေမရီကို ႏိုမ္နင္းဖို႔က ပိုၿပီးခက္ခဲေတာ့မွာလား။

ေၾကာင္နက္သည္ ေသြးအလူးလူးျဖင့္ ျဖစ္ေနသည့္ ေကာင္ကေလးကို ကိုက္ခ်ီကာ ေမရီအနားသို႔ေလွ်ာက္လာေလ၏။ ေမရီသည္ ေၾကာင္နက္ႏွင့္ တုိက္ခိုက္ထားၿပီး လဲက်ေနသည့္ အသားညိဳညိဳေထာင္ေထာင္ေမာင္းေမာင္းျဖင့္ လူကို ၾကည့္ၿပီးေနာက္ တစ္ဖက္သုိ႔ ျပန္လွည့္ေလ၏။

ေမရီတစ္ဖက္သို႔ ျပန္လွည့္သြားခ်ိန္တြင္ ေျမျပင္မွ ႏြယ္ရွင္အခ်ိဳ႕သည္ထြက္လာၿပီးေနာက္ အမ်ိဳးသား၏ ခႏၶာကိုယ္ကို ပင့္မသည္။ ထို႔ေနာက္ ေမရီ႕ေရွ႕တြင္ ရွိေနသည့္ အမ်ိဳးသမီး၏ ခႏၶာကိုယ္ကိုလည္း ပင့္မ၏။

"ေဟ့ ေသာက္ကေလးေတြ!"

ေမရီသည္ မရပ္ႏိုင္ရပ္ႏိုင္ျဖင့္ ႀကိဳးစားရပ္ေနၾကသည့္ ေကာင္စုတ္ေလးတစ္သိုက္ကို ၾကည့္ကာ ေအာ္ေလ၏။ သူမ၏ အသံၾကားသည္ႏွင့္ ေကာင္ကေလးမ်ားသည္ သူမဘက္သုိ႔ လွည့္ၾကည့္လာခဲ့သည္။

"ေသခ်ာၾကည့္ၿပီး အေၾကာင္းျပန္လိုက္... ဒီ သူတုိ႔သတ္ဖို႔ ႀကိဳးစားေနတဲ့ ေကာင္ကေလးက ငါ့ရဲ႕ ေက်းကြ်န္ဆိုတာကို..."

ေမရီသည္ ေကာင္ကေလးမ်ား၏ အံ့ၾသေနမႈကိုၾကည့္၍ သူမလက္ထဲတြင္ ေသြးအလိမ္းလိမ္းျဖင့္ သတိေမးေနသည့္ ေကာင္ကေလးကို အသာေထြးေပြ႔သည္။ သူမ၏ ေအာက္ႏႈတ္ခမ္းကိုအားျဖင့္ ဖိကိုက္၍ေသြးကို ထြက္ေစ၏။ ကိုယ္ကိုကိုင္းညႊတ္သည္။ ႏြယ္ရွင္မ်ား၏ ခ်ဳပ္ေႏွာင္ျခင္းကို ခံထားရသည့္ ဝင္ဒီေဟးသည္ မ်က္လံုးမ်ားဝိုင္းစက္ကာ ရုန္းကန္၏။

"သူ႔ကိုတား! သူက ဒီေကာင္ေလးကို သူ႔ရဲ႕ ေက်းကြ်န္အျဖစ္လုပ္ဖို႔ႀကိဳးစားေနတာ! ဒီေကာင္ေလးက သူ႔ရဲ႕ ေက်းကြ်န္ျဖစ္သြားရင္ ဒီေကာင္ေလးကို သတ္ဖို႔ခက္သြားလိမ့္မယ္!"

သူတုိ႔၏ ေခါင္းေဆာင္ေတြေတာင္ ဖမ္းခ်ဳပ္ခံေနရတာကို သူတုိ႔က ဘာမ်ားတတ္ႏုိင္မွာလဲ?! ဘယ္လိုသြားတားရမွာလဲ?

ေကာင္ကေလးမ်ားသည္ စိတ္ညစ္ညဴးစြာေတြးေလ၏။

ေမရီသည္ အသိလစ္ေနသည့္ ေကာင္ကေလးကို ငံု႔မိုးၾကည့္သည္။

"ေသာက္ကေလး မင္းသိဖို႔က ငါ့ရဲ႕ေသြးကို လူေပါင္းမ်ားစြာ လိုခ်င္ေနၾကတာ..."

သူမသည္ ထိုေကာင္ေလး၏ နဖူးျဖင့္ သူမ၏ နဖူးကို ထိကပ္၏။ ထိုေကာင္ေလး၏ အသက္ရွဴသံသည္ အလြန္ကုိ အားနည္းေနေခ်ၿပီ။ ဒီေကာင္စုတ္ေတြက သူမရဲ႕ ထီလက္မွတ္ေလးကို လုပ္ခ်င္ေနတာပဲ။

"ငါျမင့္ျမတ္လွတဲ့... ေမရီရဲ႕ စစ္သူႀကီးေတြထဲက ျမင့္ျမတ္ျခင္းနဲ႔အုပ္စိုးျခင္းကို ကိုယ္စားျပဳတဲ့ စစ္သူႀကီးအျဖစ္ ယေန႔မွာ ငါ ဖြားျမင္ခြင့္ေပးတယ္..."

ေၾကာင္နက္၏ မ်က္လံုးမ်ားသည္ အေရာင္ေတာက္သြား၏။ မျမင္ရသည့္ ဖိအားသည္ အကုန္လံုးအေပၚတြင္ သက္ဆင္းလာခဲ့သည္။ တစ္ေယာက္မွသည္ လႈပ္ရွား၍မရၾက။ သူတုိ႔သည္ ေမရီ႕ကိုသာ ၾကည့္ေနခဲ့ၾက၏။

"အဲရစ္... သင့္ကိုငါ အမည္နာမကို ေပးအပ္၏ ငါ့ကို ခစားရန္အတြက္ သင္သည္ ႏိုးထေလေရာ့..."

သူမ၏ ေသြးစြန္းေနသည့္ ႏႈတ္ခမ္းမ်ားျဖင့္ ထုိေကာင္ေလး၏ ႏႈတ္ခမ္းမ်ားကို ဖိကပ္၏။

စြမ္းအားစုတစ္ခုႏိုးထသြားသည့္ အလားပင္ ေမရီ၏ ဆံပင္မ်ားသည္ ေလထဲတြင္ ေထာင္မတ္လြင့္သြားေလေတာ့သည္။ အကုန္လံုးသည္ တိတ္ဆိတ္စြာၾကည့္ေလ၏။ ေမရီ႕လက္ထဲမွေကာင္ကေလးသည္ ေလထဲသို႔ေျမာက္တက္လာခဲ့၏။ ထိုေကာင္ေလး၏ ေက်ာျပင္မွ ေတာင္ပံသည္ရွည္ထြက္လာခဲ့သည္။ အၿမီးတစ္ေခ်ာင္းသည္လည္း ထြက္လာေသး၏။ နဖူးထက္တြင္ ဦးခ်ိဳအတိုေလးႏွစ္ခု။ ထိုေကာင္ေလး၏ မ်က္လံုးမ်ားသည္ ခပ္ျဖည္းျဖည္းခ်င္း ပြင့္လာခဲ့သည္။

"နတ္ဆိုးေသြးက ႏိုးထသြားၿပီ!"

ဝင္ဒီေဟးသည္ စိတ္တုိေဒါသထြက္သည့္ အသံျဖင့္ ေအာ္ဟစ္လိုက္ခ့ဲေတာ့၏။ ေမရီသည္ မ်က္လံုးနီနီျဖင့္ ေကာင္ကေလးကို ေက်နပ္စြာၾကည့္ေနခဲ့ေခ်သည္။

-----------

Zawgyi

သူက သဘောထားသေးသိမ်တဲ့သူတစ်ယောက်ဖြစ်တယ်။

သူက လက်စားချေလိုစိတ်ပြင်းပြတယ်။

သူက ခွန်အားကြီးချင်တယ်။

ဒါကြောင့်ပဲ မေရီဆိုတဲ့ စုန်းမကို သူ စောင့်နေခဲ့တာ။

မေရီ မလာမချင်း သူ စောင့်နေဦးမှာပဲ။

ဒါပေမဲ့ မေရီက စောစောရောက်လာဖြစ်ခဲ့တယ်။

အပိုင်း - ၄ : သူက မြင့်မြတ်လှတဲ့ ငါ့ရဲ့ကျေးကျွန်ပဲ!

'လူတို့သည် မိမိကိုယ်မိမိကာကွယ်ဖို့နှင့် မိမိမြတ်နိုးသည့် အရာတို့ကို ကာကွယ်ဖို့ရာအတွက် သန်မာလိုကြခြင်းဖြစ်သည်။'

တံမြက်စည်းပျံပေါ်တွင် ထိုင်နေရင်းဖြင့် သူ အောက်မှ ပန်းခင်းဝါဝါကို ကြည့်မိသည်။ ဒီပန်းတွေက မေရီကိုပါ အန္တရာယ်ပြုလား။ ဒါကြောင့်များ မေရီက တံမြက်စည်းပျံနဲ့သွားနေတာလား။

"ငါ့ကို ဒီကောင်တွေလား အန္တရာယ်ပေးရဲမှာ... သောက်ကလေး မင်းရဲ့အတွေးတိမ်တိမ်လေးတွေနဲ့ လျှောက်မတွေးစမ်းပါနဲ့..."

"ဒါဆို ခင်ဗျားက ဘာလို့အောက်မဆင်းတာလဲ..."

မေရီသည် ထိုကောင်လေးကို စွေ့ခနဲဂုတ်ကဆွဲမ၏။ ကြောင်ပေါက်ကလေးလို ခပ်ကုတ်ကုတ်ဖြစ်သွားသည့် ကောင်စုတ်လေးကို သူမ ခနဲ့ပြုံးဖြင့်ကြည့်သည်။

"သောက်ကလေးလေး ငါ မင်းကို အောက်ပစ်ချပြီး ပန်းတွေရဲ့ မြေဆီလွှာဖြစ်စေလိုက်ရမလား..."

သူ့ တစ်ကိုယ်လုံး တောင့်ခနဲဖြစ်သွားသည်။

မေရီသည် သူမ၏ လက်တွင်တောင့်တောင့်လေးဖြစ်သွားသည့် ကောင်စုတ်လေးကို ကြည့်ပြီး ကျေနပ်သွားကာ နေရာတွင် ပြန်ချထားလိုက်၏။ တံမြက်စည်းပျံပေါ်တွင် တင်ပလွှဲထိုင် ဟန်ပါပါ ခြေချိတ်ထားရင်းမှ သူမသည် အောက်ကို ကြည့်သည်။

"လှတယ်ဆိုတိုင်း အန္တရာယ်မရှိဘူးလို့ မထင်သင့်ဘူး ဒီနေကြာခင်းကြီးအောက်မှာ အလောင်းတွေက မနည်းမနောဘဲ..."

အေးတိအေးစက် သူမ ဆိုသည်။

"မင်းကို ဘယ်သူတွေက ငါ့နောက်ကို လိုက်ရမယ်လို့ သင်ထားတာလဲ..."

မေရီသည် ပျံသန်းနေသည့် ခရီးတွင် ပျင်းရိသဖြင့် စကားဆိုလေ၏။ အရင် ထိုကောင်လေး မရှိခင်တွင် သူမနှင့်ကြောင်မည်းလုံးသည် ရောက်ရာပေါက်ရာပြောတတ်သော်လည်း ယခုတော့ ခေါင်းစဉ်အသစ်များပြောနိုင်သည့် လူတစ်ယောက် ရှိနေမှတော့ သူမတို့ဘာကြောင့်များ ခေါင်းစဉ်အသစ်ကို မပြောဘဲ နေလိမ့်မည်လဲ။

"ဝိညာဉ်ဆိုးတွေက..."

"သြော်... ဒီအကောင်တွေကို နှုတ်ပိတ်ထားသင့်တာ..."

မေရီသည် ခပ်အေးအေးပြောသည်။ သူ စကားတစ်ခွန်းမှ မဆိုဘဲ မေရီကိုကြည့်နေခဲ့၏။

"ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်း ဒီပုံတိုင်းတော့ ဖြစ်မှာမဟုတ်ဘူး..."

"ကျွန်တော် သန်မာချင်တယ်..."

မေရီသည် ခေါင်းကိုအသာညိတ်၍...

"ဒါက လူတိုင်းဖြစ်ချင်တာပါပဲ..."

သူမသည် အဝေးသို့ငေးနေခဲ့၏။ ဦးထုပ်အောက်မှ သူမ၏ ဆံပင်ရှည်သည် တလွင့်လွင့်ဖြင့်...

"သန်မာမှ ငါတို့က အနိုင်ကျင့်မခံရမှာလေ... သန်မာမှ ငါတို့က ကာကွယ်ချင်တဲ့ အရာတွေကို ကာကွယ်ခွင့်ရှိမှာ..."

သူမ၏ အသံထဲတွင် အတိတ်ကိုတမ်းတခြင်းတို့ပါနေသယောင်။ တစ်ချိန်လုံးအိပ်နေသည့် ကြောင်နက်မည်းလုံးသည် မျက်လုံးတစ်ဖက်ဖွင့်ကာ စိမ်းတောက်သည့် မျက်လုံးများဖြင့် မေရီကို လှမ်းကြည့်၏။ တစ်ချက်လှမ်းကြည့်ပြီးနောက် ကြောင်နက်သည် မျက်လုံးများ ပိတ်ကာ ပြန်ပြီး အိပ်သွားတော့သည်။ ဒီ အစုတ်အပြတ် စုန်းမလေးဟာ အခုချိန်ထိကို...

ကောင်ကလေးသည် သူမကိုသာ ကြည့်နေခဲ့၏။ မေရီ... လူတိုင်းက ကြောက်ကြသလို သူမဟာ အမှန်တကယ်ပဲ ကြောက်စရာကောင်းလို့လား။ အခု သူ ကြည့်တာတော့ သူမက သိပ်လည်းကြောက်ဖို့ကောင်းမနေပါဘူး။

ထိုအတွေးသည် မှားယွင်းကြောင်းကို တောစပ်သို့ ရောက်သွားချိန်တွင် သူ သိလိုက်ရလေသည်။

"မေရီ!"

သူမကို မြင်သည်နှင့် လှမ်းအော်လာသည့် ယောကျာ်းပျိုတစ်ဦးကို ကြည့်၏။ လက်ဝါးကပ်တိုင်ပုံဓားရှည်သဖွယ် လက်နက်ကို ကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ်ရုံတိုအောက်မှ ကုတ်ဝတ်ရုံရှည်အဖြူနှင့် ယောကျာ်းပျိုကို သူမကြည့်သည်။

"သြော်... သူတို့တွေလား..."

သူမသည် ခပ်အေးအေးရေရွတ်၏။ လူတစ်စု၊ အမျိုးသမီးတစ်ယောက်နှင့်အမျိုးသားတစ်ယောက်သည် လူငယ်အသင်လေးများကို ဦးဆောင်လာဟန်ရှိသည်။ သူမသိနေပြီးသား အမျိုးသားနှင့်အမျိုးသမီးကိုကြည့်၊ ရေရွတ်ပြီးသည်နှင့် တံမြက်စည်းပျံပေါ်မှ ကြောင်မည်းလုံးကို သူမ မေးတစ်ချက်ဆတ်ပြ၏။ ကြောင်မည်းလုံးသည် ကောင်းကင်ထက်တွင် ပျံဝဲနေသည့် တံမြက်စည်းပျံပေါ်မှ ဂျွမ်းတစ်ပတ်လိမ့်ပြီး ခုန်ဆင်းသွားခဲ့သည်။

မေရီသည် ကြောင်မည်းလုံး ခုန်ဆင်းသွားသည်နှင့် သူမ၏ တံမြက်စည်းပျံကို အရံအတာတစ်ခုဖန်ဆင်းလိုက်လေသည်။

"မူးရူပ်စ်..."

ထွင်းဖောက်မြင်ရသည့် နံရံကဲ့သို့သော စက်ဝိုင်းသဏ္ဍန် အရံအတားတစ်ခုသည် ပေါ်လာခဲ့၏။ အံ့သြတကြီးဖြင့် သူ လက်ချောင်းများဖြင့် ထိကြည့်လိုက်သေးသည်။ ဆပ်ပြာပူဖောင်းကဲ့သို့ ပျော့အိအိနိုင်သော်လည်း ဆပ်ပြာပူဖောင်းများလိုတော့ ထိုအရံအတာသည် ဆတ်ခနဲပေါက်မလွယ်ခဲ့။

"ဘာလို့ ကျွန်တော်တို့က အကာအကွယ်လို..."

သူ့စကားမဆုံးလိုက်ခဲ့။ မြေပြင်တွင် ဝုန်းခနဲကျသံနှင့်အတူ မြေမှုန်များသည် လွင့်စင်လာတော့သည်။ သူ့မျက်လုံးများသည် ဝိုင်းစက်သွားခဲ့၏။ ကြောင်တစ်ကောင်ကျတာက ကြီးမားပြင်းထန်သည့် ရိုက်ခတ်မှုကို ပေးနိုင်သည်တဲ့လား။

"ဘာကြီး ကျလာတာလဲ!!!"

ဝတ်စုံဆင်တူဝတ်ထားသည့် လူစုထဲမှ ကောင်လေးတစ်ယောက်၏ အသံထွက်လာခဲ့သည်။

ထိုအထဲမှ အဝါရောင်ဆံပင်ဖြင့် အသက်အနည်းငယ်ကြီးသော မျက်မှန်ဝိုင်းတစ်ဖက်တည်းသာ တပ်ဆင်ထားသည့် မိန်းမပျိုသည် လေးနက်သည့် မျက်နှာဖြင့်...

"ကျူးဒိုစ့်... မေရီရဲ့ အသန်မာဆုံးသော စစ်သူကြီးပဲ..."

ဖုန်လုံးများထဲမှ ကြောင်နက်၏ မျက်လုံးများသည် စိမ်းတောက်နေခဲ့၏။ ကြောင်နက်သည် သူ့ ခြေထောက်များကို ခပ်ဖွဖွသပ်၏။ သူ သပ်လိုက်တိုင်း မြေပြင်သည် ကွဲအက်နေခဲ့သည်။

တူညီဝတ်စုံများဝတ်ထားသည့် ကောင်ကလေးများသည် အံ့အားသင့်စွာဖြင့် ဖုန်လုံးထဲမှ မျက်လုံးများကို အံ့အားသင့်စွာ ကြည့်နေကြသည်။

မေရီသည် မမှိတ်မသုန်ကြည့်နေရာမှ လှပစွာပြုံးလေ၏။

"ဒီမကောင်းဆိုးဝါးက ဘယ်လောက်ထိတောင် ဝိညာဉ်စွမ်းအား ကောင်းနေရတာလဲ..."

ပြင်းထန်လှသည့် ဖိအားကို တောင့်ခံထားရင်း အဖြူဝတ်ကောင်လေးများသည် ကိုယ်စီရေရွတ်နေခဲ့သည်။

"မေရီရဲ့ အောင်မြင်မှုဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားတဲ့ ကျူးဒိုစ့်ကို မင်းတို့က ဘာများထင်နေတာလဲ..."

အငယ်ကောင်လေးများကို ငေါက်ငမ်းသည့် အမျိုးသမီးသည် ဖုန်လုံးထဲသို့ လေးနက်စွာကြည့်ကာ ပြောလေ၏။ သူမ၏ မသက်မသာဖြစ်နေပြီး သတိကြီးစွာထားနေသည့် ဟန်ကြောင့် ကောင်လေးများသည် လက်ထဲမှ သူတို့၏ လက်နက်များကို တင်းတင်းဆုတ်ကိုင်ဖြစ်ကြလေ၏။

ကောင်းကင်ပေါ်မှ ဘာမှန်းမသိသည့် အရာပြုတ်ကျလာပြီး အချိန်အတန်ကြာချိန်တွင် ဖုန်လုံးကြီးသည် ကင်းရှင်းသွားတော့၏။ ထိုအခါကျတော့မှသာ သူတို့သည် မျက်လုံးစိမ်းများ၏ ပိုင်ရှင်ကို မြင်ရလေတော့၏။

မျက်လုံးစိမ်းများ၏ ပိုင်ရှင်သည်ကား...

ကြောင်... ကြောင်ဝတုတ်တစ်ကောင်?!!!!

ဘုရားစူးမိုးကြိုးပစ် ကြောင်နက်ဝတုတ်တစ်ကောင်?!!!

နောက်ပြီးဘာလို့ ပန်းရောင်လည်ပတ်နဲ့လဲ?!!! အမြီးတုတ်တုတ်ကြီးမှာ ပန်းရောင်ဖဲပြားလေးတောင် ရှိလိုက်သေးတယ်!!

ဘုရားသခင် ကြောင်နက်ဟာဘယ်လောက်များဝလိုက်သလဲ သူပြုတ်ကျလာတာနဲ့ မြေပြင်တစ်ခုလုံးတောင် သိမ့်ခနဲတုန်သွားသေးတယ်!

နောက်ပြီး ကြည့်ပါဦး မြေကြီးတောင် သူ့အလေးချိန်ကို မခံနိုင်ဘူး! အက်နေတယ်!

ပြီး...ပြီးတော့ ဒီကြောင်... ကြောင်နက်က ဝက်တစ်ကောင်လိုပဲ ဝတယ်!

မဟုတ်သေးဘူး... ကြောင်နက်မည်းလုံးက... ကျူးဒိုစ့်လား... မေရီရဲ့ စစ်သူကြီးလေးယောက်ထဲက ကျူးဒိုစ့် မေရီရဲ့ ဂုဏ်ရောင်ဂုဏ်ဝါကို ကိုယ်စားပြုတဲ့ ကျူးဒိုစ့်????? ဒီ ဝက်တစ်ကောင်လို ဝနေတဲ့ကြောင်နက်မည်းလုံးကလေ???? ပန်းရောင်ဖဲကြိုးတွေနဲ့ ကြောင်နက်ကလေ???

"ခွိ..."

မေရီသည် ကြက်သေသေသွားသည့် ဝတ်စုံဆင်တူဖြင့် ကောင်ကလေးများကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်မိတော့၏။ ထို့နောက် သူမသည် ကြောင်နက်ကို လှမ်းပြော၏။

"ငါ နင့်ကို ဝိတ်ချပါလို့ ပြောသားပဲ..."

"တိတ်စမ်း ငါက အခုချိန်ထိခန့်ညားနေတုန်းပဲ..."

"ဝက်တစ်ကောင်လို ခန့်ညားတာလား..."

မေရီ၏ ခပ်ရွှတ်ရွှတ်ပြောသံက ကြောင်မည်းလုံးကို ဒေါသအမျက်ချောင်းချောင်းထွက်သွားစေ၏။

ကြောင်ခြေထောက်လေးများကို ဆောင့်နင်းချလိုက်ကာ ကြောင်မည်းလုံးသည် မေရီ့ကို ပြန်အော်ခဲ့သည်။

"ငါ့ရဲ့ ခန္ဓာကိုယ်ကြီးမားနေတာက အစွမ်းတွေကို သိုလှောင်ထားတာ! ငါ ဝနေတာမဟုတ်ဘူး!"

ကြောင်မည်းလုံး၏ အော်သံသည် သစ်ပင်များကို လဲစေလောက်အောင်ပင် လေဒဏ်ပြင်းစေ၍ သူ့ခြေဆောင့်မှုသည် မြေငလျင်ကို လှုပ်သွားစေ၏။

ဝတ်ရုံဆင်တူဖြင့် ကောင်ကလေးများသည် ကြောင်နက်ဝတုတ်ကို ကြောက်လန့်တကြား ကြည့်ခဲ့ကြသည်။

သူတို့ ဒီကြောင်မည်းတူးကို ဝလိုက်တာလို့ လုံးဝ ပြောလို့မဖြစ်ဘူး! ဒါက ကိုယ့်သေလမ်းကိုယ်ရှာတာပဲ!

"ဟယ်လို... ဝင်ဒီ..."

မေရီသည် မျက်မှန်ဝိုင်းဖြင့် အမျိုးသမီးကို လှမ်း၍နှုတ်ဆက်လေသည်။

"လူတို့ကို ကာကွယ်တဲ့အက်ဥပဒေ ၃၁၂ အရ မမွေးဖွားလာရမည့် သန္ဓေသားအား မွေးဖွားစေမှုနှင့် ကျွနု်ပ် စုန်းသုတ်သင်သူ ဝင်ဒီဟေး သင့်ကို ဌာနချုပ်အမိန့်ဖြင့် သုတ်သင်မည်"

မေရီ၏ နှုတ်ခမ်းများသည် ကွေးညွှတ်သွား၏။

"သောက်ကလေး မင်း တံမြက်စည်းပျံပေါ်နေနေလိုက်တော့..."

သူ စကားတစ်ခွန်းမှ မဆိုနိုင်ခင် မေရီသည် တံမြက်စည်းပျံပေါ်မှ အောက်သို့ ခုန်ဆင်းသွားခဲ့၏။ သူမ၏ ခုန်ဆင်းသွားမှုက ကြောင်မည်းလုံးကဲ့သို့တော့မဟုတ်။ သူမသည် ကျားသစ်ပျိုမလေးသဖွယ် မြေပြင်သို့ လှပစွာ ကျသွားခဲ့သည်။

ဥပဒေအမှတ်ကို ရေရွတ်ပြီးသည်နှင့် ဝင်ဒီဟေးဟုခေါ်သည့် အမျိုးသမီး၏ လက်ထဲမှ လက်ဝါးကပ်တိုင်ပုံ ဓားရှည်လက်နက်သည် ရွှေရောင်ဝင်းတောက်သွား၏။ ရွှေဝါရောင်အလင်းတန်းသည် သူမကို လွှမ်းခြုံသွားခဲ့လေသည်။

"သြော်..."

မေရီသည် ခပ်အေးအေးသာ ရွှေရောင်အလင်းတန်းလွှမ်းခြုံပြီးသည်ကို စောင့်ကြည့်နေခဲ့သည်။

"သူတို့က သေချာပြင်ဆင်ပြီးမှ လာခဲ့တာပဲ..."

"မေရီ! ဒီတစ်ခါတော့ ခင်ဗျားကို ကျွန်တော်တို့ အမိဖမ်းမှာ!"

သူမကို လှမ်းအော်သည့် စီနီယာသဖွယ်ကောင်လေးကို မေရီသည် လှမ်းကြည့်လေ၏။ နှုတ်ခမ်းများသည် တစ်ချက်တွန့်သွားပြီးနောက် သူမသည် ထိုကောင်လေးကို လှမ်း၍မေးသည်။

"ငါ့အိမ်ကို လာပြီး ငါ့ကို အမိဖမ်းချင်တယ်ပေါ့... မည်းလုံး... နင် အဲ့ကောင်စုတ်လေးတွေ အကုန်လုံးကို ရှင်းလိုက်..."

"အာဗ့်အင်စပက်တိုနီအိုအောက်..."

မိုးပေါ်မှ မီးလုံးများသည် မေရီရှိရာသို့ မိုးသီးမိုးပေါက်များသဖွယ် အရှိန်ပြင်းစွာ ရွာသွန်းချလာ၏။

"စကားလုံးသုံးလုံး..."

မေရီသည် ခပ်တိုးတိုးရေရွတ်၏။ မီးလုံးများ ရွာသွားကျလာစေရန် ရွတ်ဆိုသည့် မန္တန်ကို စကားလုံးသုံးလုံးဖြင့် ဖွဲ့စည်းထားခဲ့သည်။ ဝင်ဒီဟေးဆိုသည့် စုန်းလိုက်မုဆိုးမလေး၏ အဆင့်များဟာ တက်လာပါရောလား။

"မူးရူပ်စ်..."

မေရီသည် စကားလုံးတစ်လုံးကိုသာ ရေရွတ်၏။

ကြောင်မည်းလုံးနှင့် တိုက်ခိုက်နေသည့် ကောင်လေးများအနက် စီနီယာကောင်လေးတစ်ယောက်၏ မျက်လုံးများသည် ဝိုင်းစက်သွားခဲ့သည်။ မေရီရွတ်ဆိုခဲ့သည်က စကားလုံးတစ်လုံးတည်း။ မေရီ၏ စွမ်းအားသည် ဘယ်လောက်များ ကြီးမားနေတာလဲ။ စုန်းလိုက်မုဆိုးများ၏ ခေါင်းဆောင်နှင့် စုန်းကဝေအဖွဲ့အစည်း၏ စွမ်းအားအမြင့်ဆုံးသော ကဝေသည်ပင် မန္တန်ကိုစကားလုံး နှစ်လုံးဖြင့် ရွတ်ဆိုအသက်သွင်းရသည်။ မေရီက စကားလုံးတစ်လုံးဖြင့် အသက်သွင်းနိုင်သည်။

မီးလုံးများသည် မေရီကို ကွေကွင်းကာ မြေသို့ သက်ဆင်းကြကုန်၏။ မြေပြင်သည် ချက်ချင်းပင် မီးဟုန်းဟုန်းတောက်လောင်ချေတော့သည်။ မေရီ၏ နှုတ်ခမ်းများသည် ကော့ညွှတ်သွား၏။

"လူတို့ကို စောင့်ကြပ်သည့် အက်ဥပဒေ ၆၆၆ အရ မမွေးဖွားရမည့် သန္ဓေသားအား ကျွနု်ပ် ဝီလီယံသည် အဖ၏ နာမတော်ဖြင့် သုတ်သင်သတ်ဖြတ်ပါ၏။"

မေရီသည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လေ၏။ ဓားရှည်သဏ္ဍာန်ငွေမင်ရောင် အလင်းတန်းသည် သူမ၏ အရံအတားကိုဖြတ်ကျော်ကာ တံမြက်စည်းပျံပေါ်ရှိ ကောင်ကလေးဆီသို့ ထွင်းဖောက်သွား၏။ မေရီ မျက်နှာတည်သွားတော့သည်။

"ကျူးဒိုစ့်!"

အမည်အခေါ်ခံလိုက်ရသည့် ကြောင်နက်သည် တွန့်ခနဲဖြစ်သွားရ၏။ မေရီတစ်ယောက် စိတ်တိုသွားချေပြီ။

ကြောင်နက်သည် ကိုယ်အလေးချိန်နှင့်မလိုက်ဖက်စွာ အမြီးတုတ်တုတ်ကို တစ်ချက်ယမ်း၍ သူတိုက်ခိုက်နေသည့် ကောင်ကလေးများ လွင့်စင်သွားအောင် ခါယမ်းပြီးနောက် ငွေမင်ရောင် အလင်းတန်းဆီသို့ ပြေးဝင်သွားလိုက်၏။

"ဟဟဟ ငါတို့ ဒီ သန္ဓေယုတ်လေးကိုပါ သတ်မှာ..."

စကားမဆုံးခင် မေရီ၏ လက်သည် နေရောင်ကဲ့သို့နွေးထွေးသည့် ရွှေဝါရောင်အလင်းတန်းလွှမ်းခြုံထားသည့် ဝင်ဒီဟေး၏ ဗိုက်ကို ထုတ်ချင်းပေါက် ဝင်သွားခဲ့၏။

"အစက ငါနည်းနည်းဆော့ပေးမလို့ ဒါပေမဲ့ နင်တို့က ငါ့ရဲ့ အတိုးအများကြီးရနိုင်မဲ့ လက်မှတ်လေးကို ထိခိုက်စေတာကြောင့် ငါ မပျော်တော့ဘူး..."

"နင်ဘယ်လို..."

မေရီသည် မည်သည့်စကားမျှမပြောဘဲ သူမကို အံ့သြတကြီး မော့ကြည့်လာသည့် အမျိုးသမီးကို နှုတ်ခမ်းများတွန့်ကွေးရုံသာ ပြုံးပြခဲ့သည်။

"မဖြစ်နိုင်ဘူး!"

နာကျင်သည့်ကြားထဲမှ ထိုအမျိုးသမီးသည် အော်ဟစ်လေ၏။ မဖြစ်နိုင်ဘူး! ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး! စုန်းတွေက ဂါထာမန္တန်ကို အသက်သွင်းဖို့အတွက် အသံထွက်ပြီး ရွတ်ဆိုရတယ်။ မေရီက စကားတစ်ခွန်းနဲ့ ဂါထာအသက်သွင်းနိုင်နေရာကနေ အသံမထွက်ဘဲနဲ့ သူမက ဂါထာကို အသက်သွင်းနိုင်ခဲ့ပြီလား။ မေရီကို နိုမ်နင်းဖို့က ပိုပြီးခက်ခဲတော့မှာလား။

ကြောင်နက်သည် သွေးအလူးလူးဖြင့် ဖြစ်နေသည့် ကောင်ကလေးကို ကိုက်ချီကာ မေရီအနားသို့လျှောက်လာလေ၏။ မေရီသည် ကြောင်နက်နှင့် တိုက်ခိုက်ထားပြီး လဲကျနေသည့် အသားညိုညိုထောင်ထောင်မောင်းမောင်းဖြင့် လူကို ကြည့်ပြီးနောက် တစ်ဖက်သို့ ပြန်လှည့်လေ၏။

မေရီတစ်ဖက်သို့ ပြန်လှည့်သွားချိန်တွင် မြေပြင်မှ နွယ်ရှင်အချို့သည်ထွက်လာပြီးနောက် အမျိုးသား၏ ခန္ဓာကိုယ်ကို ပင့်မသည်။ ထို့နောက် မေရီ့ရှေ့တွင် ရှိနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ကိုလည်း ပင့်မ၏။

"ဟေ့ သောက်ကလေးတွေ!"

မေရီသည် မရပ်နိုင်ရပ်နိုင်ဖြင့် ကြိုးစားရပ်နေကြသည့် ကောင်စုတ်လေးတစ်သိုက်ကို ကြည့်ကာ အော်လေ၏။ သူမ၏ အသံကြားသည်နှင့် ကောင်ကလေးများသည် သူမဘက်သို့ လှည့်ကြည့်လာခဲ့သည်။

"သေချာကြည့်ပြီး အကြောင်းပြန်လိုက်... ဒီ သူတို့သတ်ဖို့ ကြိုးစားနေတဲ့ ကောင်ကလေးက ငါ့ရဲ့ ကျေးကျွန်ဆိုတာကို..."

မေရီသည် ကောင်ကလေးများ၏ အံ့သြနေမှုကိုကြည့်၍ သူမလက်ထဲတွင် သွေးအလိမ်းလိမ်းဖြင့် သတိမေးနေသည့် ကောင်ကလေးကို အသာထွေးပွေ့သည်။ သူမ၏ အောက်နှုတ်ခမ်းကိုအားဖြင့် ဖိကိုက်၍သွေးကို ထွက်စေ၏။ ကိုယ်ကိုကိုင်းညွှတ်သည်။ နွယ်ရှင်များ၏ ချုပ်နှောင်ခြင်းကို ခံထားရသည့် ဝင်ဒီဟေးသည် မျက်လုံးများဝိုင်းစက်ကာ ရုန်းကန်၏။

"သူ့ကိုတား! သူက ဒီကောင်လေးကို သူ့ရဲ့ ကျေးကျွန်အဖြစ်လုပ်ဖို့ကြိုးစားနေတာ! ဒီကောင်လေးက သူ့ရဲ့ ကျေးကျွန်ဖြစ်သွားရင် ဒီကောင်လေးကို သတ်ဖို့ခက်သွားလိမ့်မယ်!"

သူတို့၏ ခေါင်းဆောင်တွေတောင် ဖမ်းချုပ်ခံနေရတာကို သူတို့က ဘာများတတ်နိုင်မှာလဲ?! ဘယ်လိုသွားတားရမှာလဲ?

ကောင်ကလေးများသည် စိတ်ညစ်ညူးစွာတွေးလေ၏။

မေရီသည် အသိလစ်နေသည့် ကောင်ကလေးကို ငုံ့မိုးကြည့်သည်။

"သောက်ကလေး မင်းသိဖို့က ငါ့ရဲ့သွေးကို လူပေါင်းများစွာ လိုချင်နေကြတာ..."

သူမသည် ထိုကောင်လေး၏ နဖူးဖြင့် သူမ၏ နဖူးကို ထိကပ်၏။ ထိုကောင်လေး၏ အသက်ရှူသံသည် အလွန်ကို အားနည်းနေချေပြီ။ ဒီကောင်စုတ်တွေက သူမရဲ့ ထီလက်မှတ်လေးကို လုပ်ချင်နေတာပဲ။

"ငါမြင့်မြတ်လှတဲ့... မေရီရဲ့ စစ်သူကြီးတွေထဲက မြင့်မြတ်ခြင်းနဲ့အုပ်စိုးခြင်းကို ကိုယ်စားပြုတဲ့ စစ်သူကြီးအဖြစ် ယနေ့မှာ ငါ ဖွားမြင်ခွင့်ပေးတယ်..."

ကြောင်နက်၏ မျက်လုံးများသည် အရောင်တောက်သွား၏။ မမြင်ရသည့် ဖိအားသည် အကုန်လုံးအပေါ်တွင် သက်ဆင်းလာခဲ့သည်။ တစ်ယောက်မှသည် လှုပ်ရှား၍မရကြ။ သူတို့သည် မေရီ့ကိုသာ ကြည့်နေခဲ့ကြ၏။

"အဲရစ်... သင့်ကိုငါ အမည်နာမကို ပေးအပ်၏ ငါ့ကို ခစားရန်အတွက် သင်သည် နိုးထလေရော့..."

သူမ၏ သွေးစွန်းနေသည့် နှုတ်ခမ်းများဖြင့် ထိုကောင်လေး၏ နှုတ်ခမ်းများကို ဖိကပ်၏။

စွမ်းအားစုတစ်ခုနိုးထသွားသည့် အလားပင် မေရီ၏ ဆံပင်များသည် လေထဲတွင် ထောင်မတ်လွင့်သွားလေတော့သည်။ အကုန်လုံးသည် တိတ်ဆိတ်စွာကြည့်လေ၏။ မေရီ့လက်ထဲမှကောင်ကလေးသည် လေထဲသို့မြောက်တက်လာခဲ့၏။ ထိုကောင်လေး၏ ကျောပြင်မှ တောင်ပံသည်ရှည်ထွက်လာခဲ့သည်။ အမြီးတစ်ချောင်းသည်လည်း ထွက်လာသေး၏။ နဖူးထက်တွင် ဦးချိုအတိုလေးနှစ်ခု။ ထိုကောင်လေး၏ မျက်လုံးများသည် ခပ်ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

"နတ်ဆိုးသွေးက နိုးထသွားပြီ!"

ဝင်ဒီဟေးသည် စိတ်တိုဒေါသထွက်သည့် အသံဖြင့် အော်ဟစ်လိုက်ခဲ့တော့၏။ မေရီသည် မျက်လုံးနီနီဖြင့် ကောင်ကလေးကို ကျေနပ်စွာကြည့်နေခဲ့ချေသည်။

-----------




rate now:

1 Reviews
  • reader Hell flower 15.11.2021, 02:31 5

    ❣️❣️❣️❣️❣️

    reply