Unicode
သူမရဲ့ ပိုင်နက်ကကျယ်ပြန့်တယ်။
သူမက တစ်ကိုယ်တည်းနေတဲ့ သူတစ်ယောက်။
တစ်ကိုယ်တည်း...
အကယ်၍ သူမပိုင်နက်ထဲတွင် ရှိနေသည့် လူမဟုတ်သည့် အရာများကို
ထည့်မတွက်ကြဘူးဆိုလျှင်ပေါ့။
အပိုင်း - ၃ : အတူယှဉ်တွဲနေထိုင်ခြင်း။
'သက်ရှိတိုင်းတွင် အတွေးကိုယ်စီရှိကြသည်။ အတွေးတစ်ခုနှင့်တစ်ခုသည် မတူညီကြ။ သို့သော် ရံဖန်ရံခါတွင်တော့ သူတို့၏ ပန်းတိုင်များသည် နီးစပ်ခြင်းနှင့်ထပ်တူညီခြင်းရှိတတ်ကြသည်။ ထိုအခါမျိုးတွင် သူတို့သည် ယှဉ်တွဲနေထိုင်ခြင်းကို ပြုကျင့်တတ်ကြ၏။'
"အဲ့ဒီကောင်လေး မရောက်သေးဘူးလား..."
မေရီသည် ညအိပ်ဂါဝန်အဖြူအရှည်ဖြင့် အောက်ထပ်သို့ ပြန်ဆင်းလာရင်းမေးသည်။ လှေကားထစ်တွင် ခင်းထားသည့် နီတောက်နေသည့် အိစက်နေသည့် ကော်ဇောပေါ်သို့ သူမသည် ခြေဗလာဖြင့် နင်းလျှောက်လာ၏။ နီရဲနေသည့် ကော်ဇောသည် သူမ၏ ဖြူဝင်းသည့် ခြေထောက်ကို ပို၍ကျော့ရှင်းအောင် ပံ့ပိုးပေးထားသည်။
လက်ကိုမြှောက်၍သူမသည် သမ်းဝေနေခဲ့သည်။
လှေကား၏ လက်ရမ်းပေါ်သို့ ကြောင်မည်းဝတုတ်သည် ခုန်တက်ထိုင်လိုက်ရင်း...
"သူ အစားတော့မခံရလောက်ဘူးမဟုတ်လား..."
"အာ ဟုတ်သားပဲ...."
သူမသည် ပါးစပ်ကို လက်ချောင်းလေးများဖြင့် အုပ်၏။ အပြစ်လုပ်ထားသော်လည်း ကိုယ့်အပြစ်ကို နည်းနည်းလေးမှ နောင်တမရသူတစ်ယောက်၏ အပြုံးမျိုးဖြင့်...
"ငါ သူ့ကို သတိမပေးခဲ့မိဘူး..."
ထိုအချိန်တွင် ပန်းခင်းထဲရှိ တစ်စုံတစ်ဦးမှာတော့...
အစိမ်းရောင်နွယ်ပင်တစ်ခုသည် သူ့အသားစိုင်ပေါ်မှ ရွှတ်ခနဲဖြတ်သန်းသွား၏။ အစိမ်းရောင်ကျာပွတ်နှင့်ရိုက်လိုက်သည့်နှယ် သူ့လက်မောင်းသားသည် ပဲ့ပါသွားခဲ့သည်။
အောက်နှုတ်ခမ်းကို သူ အသာဖိကိုက်၏။ လက်တစ်ဖက်က သွေးထွက်နေသည့် လက်မောင်းကို ကိုင်ထား၍ ပြုတ်ကျမသွားစေရန် ခြေထောက်များက မြေပြင်ကို အားပြုထောက်ထားခဲ့သည်။ မိုးမခပင်တွေက ဝင်ခွင့်ပေးလိုက်လည်း ဒီပန်းပင်တွေက အသားစားတယ်ဆိုတာ ဘာကြောင့်များ စုန်းမ အစုတ်အပြတ်သည် မပြောခဲ့ရတာလဲ!
"ဒီအဖွားကြီးကတော့!"
သူ ဒေါသဖြစ်စွာ ရေရွတ်သည်။ ကိုယ်ထူကိုယ်ထကြီးပြင်းခဲ့ရသည်မို့ အမှန်ပြောလျှင် သူ့အနေနှင့် ကိုယ့်အသက်အန္တရာယ်ကိုကိုယ် ကောင်းကောင်းကာကွယ်နိုင်ပေ၏။
သူ့ခြေထောက်များကို ရစ်နှောင်ရန်ကြိုးစားလာသည့် နွယ်ပင်များမှ လွတ်အောင်မြင့်မြင့်ခုန်ရင်း သူ ရှောင်တိမ်းသည်။ မြေပြင်နှင့် ခြေထောက်ထိသည်နှင့် နွယ်ပင်များသည် သူ့ကို ရစ်နှောင်ရန် ကြိုးစားနေသေးဆဲ။
နေကြာပန်းပင်လယ်ကြီးဟာ အန္တရာယ်များလိမ့်မယ်လို့တော့ မည်သူမျှ ထင်လိမ့်မည်မဟုတ်။ သူ့လက်သည် နေကြာပန်းများထဲမှ တစ်ပွင့်ကို လက်သည်းရှည်များဖြင့် ခုတ်ချလိုက်လေသည်။
နေကြာပန်းပွင့်သည် မြေသို့ပြုတ်ကျသွားသည့်အခါ အပင်၏ လှုပ်ရှားမှုသည်လည်း ရပ်တန့်သွား၏။ နေကြာပန်းပွင့်အနည်းငယ်ကို သူ သုတ်သင်ပြီးသည့်အချိန်တွင် နေကြာပန်းပင်များသည် သူ့ကို ရန်မပြုကြတော့ချေ။
သားရဲတို့၏ သဘာဝအရ အင်အားကြီးသည့် သားရဲကို အင်အားနည်းသည့် သားရဲက နာခံသည့် အလေ့ရှိသည်။ မကောင်းဆိုးဝါးများ၊ နတ်ဆိုးများနှင့်လူတို့သည်လည်း ထိုအတိုင်းသာ ရှိသည်။
အနောက်သို့လှည့်ကာ သူ့လက်မှ သွေးများကို သူ လျက်၏။ ယခုလိုအနေအထားက အချိန်တခဏလောက်သာ သူ့အတွက် အသုံးဝင်လောက်သည်။ နေကြာပန်းသားရဲများသည် သူတို့ကို ပြန်လည်တုံ့ပြန်သည့် ရန်သူတစ်ယောက်ကို မြင်ဖူးသေးပုံမပေါ်။ ထို့အတွက် အံ့အားသင့်မှုဖြင့် သူတို့ ငြိမ်ကျနေခြင်းဖြစ်လောက်သည်။ ထိုအတိုင်းသာ ဆက်သွားနေလျှင် သူကတော့ မောပန်း၍ နေကြာပန်းသားရဲများအောက်တွင် အသက်ပျောက်သွားလိမ့်မည်။ အခွင့်ရေးကို လက်လွှတ်မခံဘဲ သူ ထိုနေရာမှ သုတ်ခြေတင်ကာ မြန်မြန်ထွက်ပြေး၏။
အချိန်ကြာလျှင် သူ့ဘက်က အဆိုးကိုသာ ရင်ဆိုင်ရပေလိမ့်မည်။
ထိုအဖြစ်အပျက်များဖြစ်နေသည့်အချိန်ရဲတိုက်ထဲတွင်တော့...
တောက်ပြောင်သန့်ရှင်းနေသည့် ဧည့်ခန်းတစ်ခု။ ခမ်းနားသည့် မီးဆိုင်းအောက်တွင် အိစက်နေသည့် လေးယောက်ထိုင် ဆိုဖာခုံတစ်ခုရှိသည်။ ထိုဆိုဖာခုံရှေ့တွင် ရွှေရောင်စားပွဲဝိုင်းတစ်ခုရှိ၏။ စားပွဲဝိုင်းပေါ်တွင် ဖန်ပြဒါးလုံးတစ်ခုသည် လေပေါ်တွင်ရှိနေခဲ့ပြီး ပုံရိပ်ယောင်တစ်ခုကို ထုတ်လွှင့်နေခဲ့သည်။
လေးယောက်ထိုင်ဆိုဖာခုံပေါ်တွင် ခြေတင်ထိုင်နေသည့် မိန်းမပျိုတစ်ဦးရှိ၏။ သူမသည် လျဲလျောင်းနေသည့်ဟန်ဖြင့် ခြေထောက်ကို တင်ထားပြီး လက်တစ်ဖက်သည် လက်တန်းပေါ်တွင်ထောက်တင်ကာ ခေါင်းကို သူမသည် လက်ပေါ်မှီထားခဲ့သည်။ အခြားလက်တစ်ဖက်ကတော့ လက်ဖက်ရည်ကြမ်းထည့်ထားသည့် ကြွေခွက်တစ်ခွက်ကို ကိုင်ထားလေသည်။
"ဟားဟားဟား! ဒီကောင်လေးက မင်းကို ဘယ်လိုခေါ်လိုက်တယ် အဖွားကြီး!! ဒီကလေးက မင်းကို အဖွားကြီးလို့ခေါ်လိုက်တယ်!!"
ခြေရင်းတွင် ရှိနေသည့် ကြောင်ဝတုတ်သည် ပက်လက်လှန်ကာရယ်လေတော့သည်။ မိန်းမပျို၏ မျက်ခုံးများသည် တွန့်ချိုးသွားကာ နားထင်မှ သွေးကြောများသည်လည်း ထောင်ထလာခဲ့၏။ သူမသည် ခြေရင်းတွင် ရှိနေသည့် ကြောင်ဝတုတ်ကို မျက်လုံးစွေကြည့်ပြီးနောက် ခြေထောက်ကိုအသာမြှောက်ကာ ဘောလုံးတစ်လုံးလို ထိုကြောင်မည်းဝတုတ်ကို ပိတ်ကန်လိုက်လေသည်။
ကြောင်မည်းဝတုတ်သည် အရှိန်ဖြင့် လွင့်စင်သွားခဲ့ပြီး မျက်နှာချင်းဆိုင်နံရံတွင် ပြေးကပ်သွားလေ၏။ နံရံသည် အက်သွားခဲ့ပြီး နံရံပေါ်တွင် ကြောင်မည်းဝတုတ်အရာသည် ထင်သွားခဲ့ချေသည်။
"ဟမ့်..."
နံရံမှကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်းပြန်လျှောကျသွားသည့် ကြောင်မည်းဝတုတ်ကို မျက်စောင်းတစ်ချက်ရွယ်ပြီးနောက် သူမသည် ထထိုင်လေ၏။
မည်သူမျှ ထိန်းစရာမပါသည့် တံမြက်စည်းနှင့်ဂေါ်ပြားသည် ကြောင်မည်းဝတုတ်ကြောင့် ပွသွားသည့် ကြမ်းပြင်ကို ပြန်လည်သန့်ရှင်းရေးလုပ်နေချေ၏။ အက်နေသည့် နံရံကိုတော့ မှော်တုတ်တံတစ်ချောင်းသည် ပကတိအတိုင်းပြန်လည်ကောင်းမွန်အောင် လုပ်နေခဲ့သည်။
မိန်းမပျိုသည် ထိုမြင်ကွင်းကို အေးစက်စွာကြည့်သည်။ ထို့နောက် လက်ထဲရှိ ကြွေလက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ကြမ်းကို အရသာခံသောက်သုံးပြီးနောက် ဖန်ပြဒါးလုံးကို ပြန်ကြည့်လေ၏။
"သောက်ကလေး ရောက်ရောက်ချင်း မင်းကတော့ သေဖို့ကို တောင်းဆိုထားတာပဲ..."
သူမသည် လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ကာ ရေရွတ်ခဲ့သည်။ ကြောင်မည်းလုံးသည်လည်း အကန်ခံလိုက်ရသည်ကို ညည်းတွားပြီးနောက် သူမ ရှိနေရာသို့ တစ်လှိမ့်လှိမ့်ဖြင့် ရောက်ရှိလာခြေ၏။ ခြေချိတ်ထိုင်နေသည့် သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ အကန်ခံလိုက်ရသည့် အဖြစ်အပျက်က မရှိခဲ့သည့် ဟန်မျိုးဖြင့်...
"သူက ဉာဏ်လေးတော့ကောင်းသားပဲ..."
"နတ်ဆိုးတွေက အသက်ပြင်းပါတယ်..."
သူမသည် စကားကို ခဏရပ်၏။ အပင်များအကြား ပြေးလွှားနေသည့် ကောင်ကလေးကို မမှိတ်မသုန်ကြည့်ပြီးနောက် လက်ထဲမှ အကြမ်းရည်ပန်းကန်လုံးကို စားပွဲပေါ်ရှိ အောက်ခံပန်းကန်ပြားပေါ်တွင်ချ၏။ ထို့နောက် သွားတော့ဟူသည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းမောင်းထုတ်လိုက်ချိန်တွင် လက်ဖက်ရည်ပန်းကန်လုံးနှင့်အကြမ်းရည်ပန်းကန်သည် တစ်တွဲတည်း သူမ မျက်စိရှေ့မှ ထွက်သွားလေခဲ့သည်။
"ငါ အထဲဝင် တရေးပြန်အိပ်တော့မယ်... ဒီပုံတိုင်းဆို သူ ညနေစောင်းလောက်ဆိုရင် ရောက်လောက်ရောပေါ့..."
ပျင်းရိစွာ သမ်းဝေပြီးနောက် သူမ ခပ်တိုးတိုးပြော၏။
"မင်းကို ဖမ်းဖို့ သူတို့တွေ လှုပ်ရှားနေကြပြန်ပြီ..."
ကြောင်နက်ဝတုတ်သည် အပြင်ပြတင်းပေါက်ရှိ သစ်ပင်မှသစ်ရွက်အချို့လှုပ်ခတ်မှုကို ကြည့်ရင်းပြောသည်။ မေရီသည်လည်း လှုပ်ခတ်သွားသည့် သစ်ရွက်များကိုကြည့်ပြီးနောက် သူမ၏ ဆံနွယ်များကို လက်ချောင်းများဖြင့် လှပစွာရစ်ခွေစေရင်း...
"အသက်တွေ ပေါနေတဲ့သူတွေနေမှာပေါ့..."
အရေးမစိုက်သည့် ဟန်မျိုးဖြင့် သူမသည် အပေါ်ထပ်ဆီသို့ ပြန်တက်သွားလေ၏။ ကြောင်မည်းဝတုတ်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ ဖန်ပြဒါးလုံးထဲမှ ကောင်ကလေးကိုသာ ကြည့်နေလိုက်တော့သည်။ ပြင်ပရှိ သူတို့ကြည့်သည့် လှုပ်ခတ်နေသည့် သစ်ပင်၏ ပင်စည်မှ မျက်နှာသည် ခံတွင်းထဲမှ အရိုးစုတစ်ခုကို ထွေးထုတ်လိုက်လေ၏။ ထိုအရိုးစုသည် သူ့အလျင်ရှိနှင့်ပြီးသား တိရိစ္ဆာန်ငယ်လေးများ၏ အရိုးစုများကြားထဲသို့ ရောက်သွားခဲ့သည်။ ထိုအရိုးစုပုံတွင် တိရိစ္ဆာန်ငယ်လေးများ၏ အရိုးစုပေါင်းများစွာရှိသည်။ ထိုတိရိစ္ဆာန်ငယ်လေးများသည် စုန်းများ၏ Familiar ဟု ခေါ်သည့် ကျေးကျွန်များ။
ညနေစောင်းချိန်တွင် သူသည် ရဲတိုက်၏ တံခါးဝရှေ့တွင် ရပ်နေခဲ့၏။
"ကလေးလေးရောက်လာပြီ!"
တံခါးဝရှိ တံခါးခေါက်ကွင်းနှစ်ခုတွင် ရှိနေသည့် ခြင်္သေ့ခေါင်းနှစ်ခုအနက် တစ်ခုသည် အသံထွက်လာ၏။
"သူက မသေသွားဘူးပေါ့..."
မျက်နှာတစ်ခုလုံးပေါ်ရှိသွေးများကို သုတ်နေသည့် သူ့လက်တို့သည် ရပ်သွား၏။ ခြင်္သေ့ခေါင်းများသည် တံခါးကို မဖွင့်သေးဘဲ သူတို့အချင်းချင်း စကားဆိုနေကြသေးသည်။
"ငါ့ကို မင်းစားတဲ့ စိတ်စွမ်းအားကျောက်တုံးတွေပေးလိုက်တော့..."
ခြင်္သေ့တွေက သူ့ကိုလောင်းကြေးထပ်ထားကြတာလား။ သူ ရန်လိုစွာဖြင့် ခြင်္သေ့ခေါင်းများကို ကြည့်လေ၏။
"နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းက ဒီပန်းပင်ကောင်တွေအတွက် ဘယ်လောက်အားရှိမလဲ သိချင်တာကို... သူက မြေသြဇာမဖြစ်သွားခဲ့ဘူး..."
မကျေနပ်သည့်အသံဖြင့် လောင်းကြေးရှုံးသည့် ခြင်္သေ့ခေါင်းသည် ရေရွတ်လေ၏။ သဘောထားသေးသိမ်သည့် နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းကောင်လေးသည် သူသာ အစွမ်းနိုးကြားလာလျှင် ထိုခြင်္သေ့ခေါင်းများကို လဲပစ်မည်ဟု စိတ်တွင် တေးမှတ်ထားလိုက်တော့သည်။
"အထဲကို ဝင်တော့..."
ရွှေရောင်ကနုတ်ခြင်္သေ့ခေါင်းနှစ်ခုသည် အခြေအတင်စိတ်ကြိုက်ပြောပြီးနောက် တံခါးကို ဖွင့်ပေးလာခဲ့၏။ ညနေစောင်းပြီမို့ အိမ်သည် အလင်းရောင်ဖြင့်။ ခမ်းနားထည်ဝါသည့် အိမ်ဧည့်ခန်းတစ်ခုက သူ့ကို ကြိုနေခဲ့သည်။ သူက သုဿန်တစပြင်လို အိမ်ဟူသည်ကို မမြင်ဖူးခဲ့သည့် ကောင်လေးတစ်ဦးမို့ သူ ပထမဆုံးမြင်ရသည့်အိမ်အတိုင်း အခြားသော အိမ်များသည် ဖြစ်သင့်သည်ဟု သူ့စိတ်ထဲတွင် စွဲမှတ်သွားချေတော့၏။ သူ အသက်အရွယ်ကြီးပြင်းလာသည့်အချိန်တွင် ဖျောက်ဖျက်ချင်သည့် မှတ်ဉာဏ်များတွင် ထိုအိမ်ကိုအထင်ကြီးခြင်းလည်း ပါသည်။
"သြော် မင်းရောက်လာပြီပဲ..."
တိတ်ဆိတ်သည့်ရဲတိုက်ထဲတွင် မည်သူမျှမရှိ။ ကြောင်နက်ဝတုတ်ကသာ သူ့ကို ခရီးဦးကြိုပြုလေသည်။ ကြောင်နက်သည် သူ့ရှေ့တွင် ထိုင်ရင်း သူ့လက်ဖြင့်သူ မျက်နှာကို သန့်ရှင်းရေးလုပ်ရင်း ကြိုလေ၏။
"မေရီပြောတဲ့အချိန်ထက် မင်း နည်းနည်းတောင် နောက်ကျနေသေးတယ်..."
ကြောင်နက်သည် နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းကောင်လေးကို ဆိုလေ၏။
အဲ့ဒီနေကြာပန်းတွေသာ သူ့ကို ဇွဲကြီးကြီးနဲ့စားဖို့မကြိုးစားရင်၊ နောက်ပြီး ခြင်္သေ့ခေါင်းနှစ်ခေါင်းသာ စကားတွေများမနေရင် သူ ရောက်တာကြာလှပြီ!
ဒေါသထွက်နေသော်လည်း သူ့ကို ပြောလာသည့် ကြောင်နက်ဝတုတ်ကို သူ စကားတစ်ခွန်းမျှမဆို။ နှုတ်ခမ်းများ တင်းတင်းစေ့၍သာ ကြည့်နေလိုက်သည်။ ကြောင်နက်သည် ကိုယ့်ကိုယ်ကို သန့်ရှင်းရေးအကြိုက်လုပ်ပြီးနောက် ညစ်ပတ်ပေရေနေသည့် သူ့ကို ကြည့်ကာ...
"မင်းကိုယ်မင်း သန့်ရှင်းရေးလုပ်လိုက်ဦး... မေရီက သူ့အိမ်ညစ်ပတ်ရင် ကြိုက်တာမဟုတ်ဘူး..."
သူ ခြေလှမ်းမည့်အချိန်တွင် ခန်းမပေါ်တွင် ကော်ဇောလိပ်တစ်ခုသည် ကျလာခဲ့၏။
"........."
ကြောင်နက်သည် မပြောဘူးလားဆိုသည့် ရုပ်မျိုးနှင့်ကြည့်ကာ...
"မေရီက သူ့အိမ်ညစ်ပတ်တာ မကြိုက်ဘူး..."
ဒါဆို အခု သူက တစ်ကိုယ်လုံးညစ်ပတ်နေလို့ ခြေတောင် မချနဲ့ဆိုတဲ့သဘောလား?!
ပြောလိုသည့် စကားတို့ကို သူ ထုတ်မပြော။ ဒီအထိရောက်လာပြီးပြီ။ မေရီ့အရိပ်အောက်တွင် ခိုလှုံရန်ဟူသည့် ရည်ရွယ်ချက်သည် ပြည့်လုဆဲဆဲဖြစ်နေပြီကို ဒီအချိန်ရောက်မှတော့ သူ မဖျက်ဆီးချင်ဘူး။
"ကော်ဇောနောက်လိုက်သွားလိုက်... မင်းကို သန့်စင်ရမဲ့အခန်းကို ကော်ဇောက ပြလိမ့်မယ်..."
ကြောင်ဝတုတ်ပြောသည့်အတိုင်း သူ ကော်ဇောခင်းထားသည့်အတိုင်းသာ နင်းလျှောက်သွားလိုက်သည်။ ကော်ဇောကလည်း သက်ရှိပဲလား။ နင်းလျှောက်နေရင်းမှ သူ စဉ်းစားဖြစ်၏။ မေရီ... ထိုစုန်းမသည် သူ့ကိုပြောပြခဲ့သည့် ဝိညာဉ်ဆိုးများပြောသလို အစွမ်းထက်ဆုံးသော စုန်းမလား။ လောကတစ်ခုလုံးမှာ သူ့ကိုယှဉ်နိုင်တဲ့ စုန်းမ မရှိဘူးဆိုတာက အမှန်ပဲလား။ သူ စဉ်းစားနေခဲ့၏။
ထိုအချိန်တွင် အိပ်ခန်းတစ်ခုအတွင်းတွင် မိန်းမပျိုတစ်ဦးသည် အိပ်နေရာမှ မျက်လုံးများပွင့်လာခဲ့သည်။ မေရီသည် မျက်တောင်များကို ဖြည်းညှင်းစွာခပ်ပြီးနောက် ထထိုင်လာလေ၏။ ထို့နောက် ကိုယ်လက်သန့်စင်ရန် အခန်းတွင်းသို့ဝင်ပြီးနောက် အနက်ရောင်ဂါဝန်တစ်ထည်ဖြင့် ထွက်လာခဲ့သည်။
"ကောင်လေး ရောက်နေပြီ..."
အိပ်ခန်းမှ ထွက်လာလာချင်း ကြောင်နက်သည် သူမကို သတင်းပို့လာလေ၏။ သူ့အိမ်ထဲ အခြားသူတစ်ယောက် ရောက်နေခြင်းက အရေးမပါသည့် ဟန်မျိုးဖြင့် သူမသည် ခေါင်းညိတ်လာခဲ့သည်။ အနက်ရောင်ပိုးသားပျော့ဂါဝန်နှင့် ဦးထုပ်ချွန်ဆောင်းထားသည့် သူမကို ကြည့်ပြီး ကြောင်နက်၏ မျက်လုံးများသည် အရောင်တောက်သွား၏။
"မေရီ မင်း အပြင်ထွက်မလို့လား..."
"သေလမ်းရှာတဲ့ သူတွေကငါ့ပိုင်နက်က ငါ့သတ္တဝါလေးတွေကို အနိုင်ကျင့်ချင်နေကြတယ်..."
သူမ အောက်သို့ ဆင်းလာချိန်တွင် အဖြူရောင်ရှပ်အကျီ ၤအဖြူ၊ ဘောင်းဘီတိုအနက်လေးဖြင့် ကောင်ကလေးတစ်ယောက်ကို တွေ့ရလေ၏။ သန့်ပြန့်သွားသည့် ကောင်ကလေးက ယခုလိုကျတော့လည်း ကြည့်ကောင်းနေသား။
မေရီသည် မျက်ခုံးပင့်၍...
"သြော်..."
ထိုကောင်လေး၏ မျက်နှာမှ ပြတ်ရှဒဏ်ရာများကို ကြည်ကာ သူမ ရေရွတ်သည်။
အပေါ်ထပ်မှ ဆင်းလာသည့် မေရီကို မြင်သည်နှင့် သူ ချက်ချင်းခေါင်းငုံ့ထားလိုက်၏။ မေရီ၏ အနက်ရောင်ဂါဝန်သည် သူမ၏ ခန္ဓာကိုယ်နှင့်ချပ်လျက်ရှိနေခဲ့ပြီး ပိုးသားကဲ့သို့ပျော့ပျောင်းသည်မို့ လှပသည့် ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြထားသည့် ထို့အပြင် ဂါဝန်ရှည်တွင် ခွဲကြောင်းရှည်နေသဖြင့် မေရီ၏ ဖွေးဆွတ်နေသည့် ပေါင်များကိုလည်း မြင်ရချေ၏။ မေရီသည်လှသည်။ ဝိညာဉ်ဆိုးများသည် ထိုသို့လည်း သူ့ကိုပြောပြဖူးသည်။ ပုရိသတို့သည် မေရီ၏ အလှကို မက်မော၍လည်း သေဆုံးကြသေးသည်ဟု သူတို့သည် ပြောပြသေး၏။
"ငါက မင်း အစားခံလိုက်ရပြီထင်နေတာ..."
ခေါင်းဆတ်ခနဲ ထောင်လာချိန်တွင် မေရီသည် သူ့ရှေ့ရောက်နေခဲ့ပြီ။ သူ့မျက်နှာကို လက်တစ်ဖက်နှင့်ဖျစ်ကာ ကိုင်လေ၏။ ပြတ်ရှဒဏ်ရာများကို ကြည့်ကာ သူမသည် နှုတ်ခမ်းဖြင့် လေအသာမှုတ်ပေးလာခဲ့သည်။
သင်းပျံ့သည့် ဆေးဖက်ဝင်အပင်နံ့တစ်ခုကို ရရှိပြီးနောက် သူ့မျက်နှာမှ ဒဏ်ရာများသည် ချက်ချင်းပျောက်သွားလေ၏။ မေရီသည် အညစ်အကြေးများရော၊ ဒဏ်ရာများပါ မရှိတော့သည့် ကောင်ကလေးကို ကျေနပ်စွာကြည့်ပြီးနောက်...
"ငါ့ကျွန်တွေက မလှမပမဖြစ်ရဘူး... ငါက ရုပ်ဆိုးတဲ့အရာတွေကို မကြိုက်ဘူးလေ..."
သူ့အကြည့်များသည် ကြောင်မည်းလုံးထံသို့ ရောက်သွား၏။ ကြောင်မည်းလုံးက ဝက်တစ်ကောင်လိုဝတယ်လေ။ သူက လှလို့လား။ ကောင်လေး၏ စကားများကို နားလည်သည့်ဟန်ဖြင့် ကြောင်မည်းလုံးသည် သူ့ အကြည့်များကို အမွှေးများထောင်ကာ ရန်ပြုခြင်းဖြင့် တုံ့ပြန်လာသည်။ မေရီသည် ရောက်တာဖြင့် နာရီပိုင်းလောက်ရှိသေး သူမရဲ့ စကားကို စောဒကတက်ရဲနေသည့် ကောင်စုတ်လေးကို ကြည့်ကာ ခပ်တိုးတိုးရယ်၏။ ထို့နောက် သူမ စကားကို ထပ်ဖြည့်ပြောသည်။
"အားနည်းတဲ့သူတွေက ရုပ်ဆိုးလို့မရဘူး..."
သူမသည် ထိုကောင်လေးကို ငုံ့မိုးကြည့်ရင်းဆိုသည်။
"အနည်းဆုံးတော့ ကြည့်လိုက်ရင် ချောနေဖို့လိုတယ်လေ... မင်းက ကြည့်လို့ကောင်းရင်ကောင်း မဟုတ်ရင် မည်းလုံးလို ဒီပိုင်နက်ထဲမှာ အသန်မာဆုံးဖြစ်..."
မေရီသည် သူ့အတွေးများကို ထွင်းဖောက်မြင်နိုင်သည့် မျက်လုံးများဖြင့် ကြည့်ကာ... သွေးသောက်ထားသည့် သွေးစုတ်ဖုတ်ကောင်များ၏ နှုတ်ခမ်းများကဲ့သို့ နီရဲနေသည့် နှုတ်ခမ်းများဖြင့်...
"သောက်ကလေး မင်းလုပ်ချင်တာတွေကို ငါသိတယ်... ငါအရမ်းကိုအချိန်ပိုနေတာကြောင့် မင်းကို ကူညီပေးလိုက်မယ်..."
ငါတို့ရဲ့ပန်းတိုင်တွေက တူညီနေတာကြောင့်ဟုတော့ မေရီမပြော။ မေရီသည် သူမ တစ်ယောက်သာ သွားနိုင်သည့် ပိုင်နက်နယ်မြေထဲမှ အုတ်ဂူတစ်ခုကိုမြင်ယောင်လိုက်၏။ ထိုကောင်လေးကိုပြန်ကြည့်၍...
"ဒီတော့ လောလောဆယ် ငါနဲ့အတူ အပြင်ကို ခဏလိုက်ခဲ့လိုက် မင်းက ငါ့အပိုင်ဖြစ်ကြောင်း တချို့သူတွေကို ကြေငြာပြီးသားဖြစ်အောင်..."
ဟု သူမသည် ဆိုလေသည်။
-----------
Zawgyi
သူမရဲ႕ ပိုင္နက္ကက်ယ္ျပန္႔တယ္။
သူမက တစ္ကိုယ္တည္းေနတဲ့ သူတစ္ေယာက္။
တစ္ကိုယ္တည္း...
အကယ္၍ သူမပိုင္နက္ထဲတြင္ ရွိေနသည့္ လူမဟုတ္သည့္ အရာမ်ားကို
ထည့္မတြက္ၾကဘူးဆုိလွ်င္ေပါ့။
အပိုင္း - ၃ : အတူယွဥ္တြဲေနထိုင္ျခင္း။
'သက္ရွိတုိင္းတြင္ အေတြးကိုယ္စီရွိၾကသည္။ အေတြးတစ္ခုႏွင့္တစ္ခုသည္ မတူညီၾက။ သို႔ေသာ္ ရံဖန္ရံခါတြင္ေတာ့ သူတုိ႔၏ ပန္းတုိင္မ်ားသည္ နီးစပ္ျခင္းႏွင့္ထပ္တူညီျခင္းရွိတတ္ၾကသည္။ ထိုအခါမ်ိဳးတြင္ သူတုိ႔သည္ ယွဥ္တြဲေနထုိင္ျခင္းကို ျပဳက်င့္တတ္ၾက၏။'
"အ့ဲဒီေကာင္ေလး မေရာက္ေသးဘူးလား..."
ေမရီသည္ ညအိပ္ဂါဝန္အျဖဴအရွည္ျဖင့္ ေအာက္ထပ္သို႔ ျပန္ဆင္းလာရင္းေမးသည္။ ေလွကားထစ္တြင္ ခင္းထားသည့္ နီေတာက္ေနသည့္ အိစက္ေနသည့္ ေကာ္ေဇာေပၚသို႔ သူမသည္ ေျခဗလာျဖင့္ နင္းေလွ်ာက္လာ၏။ နီရဲေနသည့္ ေကာ္ေဇာသည္ သူမ၏ ျဖဴဝင္းသည့္ ေျခေထာက္ကို ပို၍ေက်ာ့ရွင္းေအာင္ ပံ့ပိုးေပးထားသည္။
လက္ကိုေျမွာက္၍သူမသည္ သမ္းေဝေနခဲ့သည္။
ေလွကား၏ လက္ရမ္းေပၚသို႔ ေၾကာင္မည္းဝတုတ္သည္ ခုန္တက္ထိုင္လုိက္ရင္း...
"သူ အစားေတာ့မခံရေလာက္ဘူးမဟုတ္လား..."
"အာ ဟုတ္သားပဲ...."
သူမသည္ ပါးစပ္ကို လက္ေခ်ာင္းေလးမ်ားျဖင့္ အုပ္၏။ အျပစ္လုပ္ထားေသာ္လည္း ကိုယ့္အျပစ္ကို နည္းနည္းေလးမွ ေနာင္တမရသူတစ္ေယာက္၏ အျပံဳးမ်ိဳးျဖင့္...
"ငါ သူ႔ကို သတိမေပးခဲ့မိဘူး..."
ထိုအခ်ိန္တြင္ ပန္းခင္းထဲရွိ တစ္စံုတစ္ဦးမွာေတာ့...
အစိမ္းေရာင္ႏြယ္ပင္တစ္ခုသည္ သူ႔အသားစိုင္ေပၚမွ ရႊတ္ခနဲျဖတ္သန္းသြား၏။ အစိမ္းေရာင္က်ာပြတ္ႏွင့္ရိုက္လုိက္သည့္ႏွယ္ သူ႔လက္ေမာင္းသားသည္ ပဲ့ပါသြားခဲ့သည္။
ေအာက္ႏႈတ္ခမ္းကို သူ အသာဖိကိုက္၏။ လက္တစ္ဖက္က ေသြးထြက္ေနသည့္ လက္ေမာင္းကို ကိုင္ထား၍ ျပဳတ္က်မသြားေစရန္ ေျခေထာက္မ်ားက ေျမျပင္ကို အားျပဳေထာက္ထားခဲ့သည္။ မိုးမခပင္ေတြက ဝင္ခြင့္ေပးလုိက္လည္း ဒီပန္းပင္ေတြက အသားစားတယ္ဆိုတာ ဘာေၾကာင့္မ်ား စုန္းမ အစုတ္အျပတ္သည္ မေျပာခဲ့ရတာလဲ!
"ဒီအဖြားႀကီးကေတာ့!"
သူ ေဒါသျဖစ္စြာ ေရရြတ္သည္။ ကိုယ္ထူကိုယ္ထႀကီးျပင္းခဲ့ရသည္မို႔ အမွန္ေျပာလွ်င္ သူ႔အေနႏွင့္ ကိုယ့္အသက္အႏၱရာယ္ကိုကိုယ္ ေကာင္းေကာင္းကာကြယ္ႏိုင္ေပ၏။
သူ႔ေျခေထာက္မ်ားကို ရစ္ေႏွာင္ရန္ႀကိဳးစားလာသည့္ ႏြယ္ပင္မ်ားမွ လြတ္ေအာင္ျမင့္ျမင့္ခုန္ရင္း သူ ေရွာင္တိမ္းသည္။ ေျမျပင္ႏွင့္ ေျခေထာက္ထိသည္ႏွင့္ ႏြယ္ပင္မ်ားသည္ သူ႔ကို ရစ္ေႏွာင္ရန္ ႀကိဳးစားေနေသးဆဲ။
ေနၾကာပန္းပင္လယ္ႀကီးဟာ အႏၱရာယ္မ်ားလိမ့္မယ္လုိ႔ေတာ့ မည္သူမွ် ထင္လိမ့္မည္မဟုတ္။ သူ႔လက္သည္ ေနၾကာပန္းမ်ားထဲမွ တစ္ပြင့္ကို လက္သည္းရွည္မ်ားျဖင့္ ခုတ္ခ်လိုက္ေလသည္။
ေနၾကာပန္းပြင့္သည္ ေျမသို႔ျပဳတ္က်သြားသည့္အခါ အပင္၏ လႈပ္ရွားမႈသည္လည္း ရပ္တန္႔သြား၏။ ေနၾကာပန္းပြင့္အနည္းငယ္ကို သူ သုတ္သင္ၿပီးသည့္အခ်ိန္တြင္ ေနၾကာပန္းပင္မ်ားသည္ သူ႔ကို ရန္မျပဳၾကေတာ့ေခ်။
သားရဲတုိ႔၏ သဘာဝအရ အင္အားႀကီးသည့္ သားရဲကို အင္အားနည္းသည့္ သားရဲက နာခံသည့္ အေလ့ရွိသည္။ မေကာင္းဆိုးဝါးမ်ား၊ နတ္ဆိုးမ်ားႏွင့္လူတုိ႔သည္လည္း ထိုအတိုင္းသာ ရွိသည္။
အေနာက္သို႔လွည့္ကာ သူ႔လက္မွ ေသြးမ်ားကို သူ လ်က္၏။ ယခုလိုအေနအထားက အခ်ိန္တခဏေလာက္သာ သူ႔အတြက္ အသံုးဝင္ေလာက္သည္။ ေနၾကာပန္းသားရဲမ်ားသည္ သူတုိ႔ကို ျပန္လည္တံု႔ျပန္သည့္ ရန္သူတစ္ေယာက္ကို ျမင္ဖူးေသးပံုမေပၚ။ ထို႔အတြက္ အံ့အားသင့္မႈျဖင့္ သူတုိ႔ ၿငိမ္က်ေနျခင္းျဖစ္ေလာက္သည္။ ထိုအတုိင္းသာ ဆက္သြားေနလွ်င္ သူကေတာ့ ေမာပန္း၍ ေနၾကာပန္းသားရဲမ်ားေအာက္တြင္ အသက္ေပ်ာက္သြားလိမ့္မည္။ အခြင့္ေရးကို လက္လႊတ္မခံဘဲ သူ ထိုေနရာမွ သုတ္ေျခတင္ကာ ျမန္ျမန္ထြက္ေျပး၏။
အခ်ိန္ၾကာလွ်င္ သူ႔ဘက္က အဆိုးကိုသာ ရင္ဆုိင္ရေပလိမ့္မည္။
ထိုအျဖစ္အပ်က္မ်ားျဖစ္ေနသည့္အခ်ိန္ရဲတိုက္ထဲတြင္ေတာ့...
ေတာက္ေျပာင္သန္႔ရွင္းေနသည့္ ဧည့္ခန္းတစ္ခု။ ခမ္းနားသည့္ မီးဆိုင္းေအာက္တြင္ အိစက္ေနသည့္ ေလးေယာက္ထုိင္ ဆိုဖာခံုတစ္ခုရွိသည္။ ထိုဆိုဖာခံုေရွ႕တြင္ ေရႊေရာင္စားပြဲဝုိင္းတစ္ခုရွိ၏။ စားပြဲဝိုင္းေပၚတြင္ ဖန္ျပဒါးလံုးတစ္ခုသည္ ေလေပၚတြင္ရွိေနခဲ့ၿပီး ပံုရိပ္ေယာင္တစ္ခုကို ထုတ္လႊင့္ေနခဲ့သည္။
ေလးေယာက္ထိုင္ဆိုဖာခံုေပၚတြင္ ေျခတင္ထိုင္ေနသည့္ မိန္းမပ်ိဳတစ္ဦးရွိ၏။ သူမသည္ လ်ဲေလ်ာင္းေနသည့္ဟန္ျဖင့္ ေျခေထာက္ကို တင္ထားၿပီး လက္တစ္ဖက္သည္ လက္တန္းေပၚတြင္ေထာက္တင္ကာ ေခါင္းကို သူမသည္ လက္ေပၚမီွထားခဲ့သည္။ အျခားလက္တစ္ဖက္ကေတာ့ လက္ဖက္ရည္ၾကမ္းထည့္ထားသည့္ ေၾကြခြက္တစ္ခြက္ကို ကိုင္ထားေလသည္။
"ဟားဟားဟား! ဒီေကာင္ေလးက မင္းကို ဘယ္လိုေခၚလုိက္တယ္ အဖြားႀကီး!! ဒီကေလးက မင္းကို အဖြားႀကီးလို႔ေခၚလုိက္တယ္!!"
ေျခရင္းတြင္ ရွိေနသည့္ ေၾကာင္ဝတုတ္သည္ ပက္လက္လွန္ကာရယ္ေလေတာ့သည္။ မိန္းမပ်ိဳ၏ မ်က္ခံုးမ်ားသည္ တြန္႔ခ်ိဳးသြားကာ နားထင္မွ ေသြးေၾကာမ်ားသည္လည္း ေထာင္ထလာခဲ့၏။ သူမသည္ ေျခရင္းတြင္ ရွိေနသည့္ ေၾကာင္ဝတုတ္ကို မ်က္လံုးေစြၾကည့္ၿပီးေနာက္ ေျခေထာက္ကိုအသာေျမွာက္ကာ ေဘာလံုးတစ္လံုးလို ထိုေၾကာင္မည္းဝတုတ္ကို ပိတ္ကန္လိုက္ေလသည္။
ေၾကာင္မည္းဝတုတ္သည္ အရွိန္ျဖင့္ လြင့္စင္သြားခဲ့ၿပီး မ်က္ႏွာခ်င္းဆုိင္နံရံတြင္ ေျပးကပ္သြားေလ၏။ နံရံသည္ အက္သြားခဲ့ၿပီး နံရံေပၚတြင္ ေၾကာင္မည္းဝတုတ္အရာသည္ ထင္သြားခဲ့ေခ်သည္။
"ဟမ့္..."
နံရံမွၾကမ္းျပင္ေပၚသို႔ တျဖည္းျဖည္းျပန္ေလွ်ာက်သြားသည့္ ေၾကာင္မည္းဝတုတ္ကို မ်က္ေစာင္းတစ္ခ်က္ရြယ္ၿပီးေနာက္ သူမသည္ ထထိုင္ေလ၏။
မည္သူမွ် ထိန္းစရာမပါသည့္ တံျမက္စည္းႏွင့္ေဂၚျပားသည္ ေၾကာင္မည္းဝတုတ္ေၾကာင့္ ပြသြားသည့္ ၾကမ္းျပင္ကို ျပန္လည္သန္႔ရွင္းေရးလုပ္ေနေခ်၏။ အက္ေနသည့္ နံရံကိုေတာ့ ေမွာ္တုတ္တံတစ္ေခ်ာင္းသည္ ပကတိအတုိင္းျပန္လည္ေကာင္းမြန္ေအာင္ လုပ္ေနခဲ့သည္။
မိန္းမပ်ိဳသည္ ထိုျမင္ကြင္းကို ေအးစက္စြာၾကည့္သည္။ ထို႔ေနာက္ လက္ထဲရွိ ေၾကြလက္ဖက္ရည္ခြက္ထဲမွ လက္ဖက္ရည္ၾကမ္းကို အရသာခံေသာက္သံုးၿပီးေနာက္ ဖန္ျပဒါးလံုးကို ျပန္ၾကည့္ေလ၏။
"ေသာက္ကေလး ေရာက္ေရာက္ခ်င္း မင္းကေတာ့ ေသဖို႔ကို ေတာင္းဆိုထားတာပဲ..."
သူမသည္ လက္ဖက္ရည္ၾကမ္းခြက္ကို ကိုင္ကာ ေရရြတ္ခ့ဲသည္။ ေၾကာင္မည္းလံုးသည္လည္း အကန္ခံလုိက္ရသည္ကို ညည္းတြားၿပီးေနာက္ သူမ ရွိေနရာသို႔ တစ္လိွမ့္လိွမ့္ျဖင့္ ေရာက္ရွိလာေျခ၏။ ေျခခ်ိတ္ထိုင္ေနသည့္ သူမ၏ ေဘးတြင္ ဝင္ထိုင္လုိက္ကာ အကန္ခံလိုက္ရသည့္ အျဖစ္အပ်က္က မရွိခဲ့သည့္ ဟန္မ်ိဳးျဖင့္...
"သူက ဥာဏ္ေလးေတာ့ေကာင္းသားပဲ..."
"နတ္ဆိုးေတြက အသက္ျပင္းပါတယ္..."
သူမသည္ စကားကို ခဏရပ္၏။ အပင္မ်ားအၾကား ေျပးလႊားေနသည့္ ေကာင္ကေလးကို မမိွတ္မသုန္ၾကည့္ၿပီးေနာက္ လက္ထဲမွ အၾကမ္းရည္ပန္းကန္လံုးကို စားပြဲေပၚရွိ ေအာက္ခံပန္းကန္ျပားေပၚတြင္ခ်၏။ ထို႔ေနာက္ သြားေတာ့ဟူသည့္ဟန္ျဖင့္ လက္ကို ေဝွ႔ယမ္းေမာင္းထုတ္လုိက္ခ်ိန္တြင္ လက္ဖက္ရည္ပန္းကန္လံုးႏွင့္အၾကမ္းရည္ပန္းကန္သည္ တစ္တြဲတည္း သူမ မ်က္စိေရွ႕မွ ထြက္သြားေလခဲ့သည္။
"ငါ အထဲဝင္ တေရးျပန္အိပ္ေတာ့မယ္... ဒီပံုတုိင္းဆုိ သူ ညေနေစာင္းေလာက္ဆုိရင္ ေရာက္ေလာက္ေရာေပါ့..."
ပ်င္းရိစြာ သမ္းေဝၿပီးေနာက္ သူမ ခပ္တိုးတိုးေျပာ၏။
"မင္းကို ဖမ္းဖို႔ သူတုိ႔ေတြ လႈပ္ရွားေနၾကျပန္ၿပီ..."
ေၾကာင္နက္ဝတုတ္သည္ အျပင္ျပတင္းေပါက္ရွိ သစ္ပင္မွသစ္ရြက္အခ်ိဳ႕လႈပ္ခတ္မႈကို ၾကည့္ရင္းေျပာသည္။ ေမရီသည္လည္း လႈပ္ခတ္သြားသည့္ သစ္ရြက္မ်ားကိုၾကည့္ၿပီးေနာက္ သူမ၏ ဆံႏြယ္မ်ားကို လက္ေခ်ာင္းမ်ားျဖင့္ လွပစြာရစ္ေခြေစရင္း...
"အသက္ေတြ ေပါေနတဲ့သူေတြေနမွာေပါ့..."
အေရးမစိုက္သည့္ ဟန္မ်ိဳးျဖင့္ သူမသည္ အေပၚထပ္ဆီသုိ႔ ျပန္တက္သြားေလ၏။ ေၾကာင္မည္းဝတုတ္သည္ မည္သည့္စကားမွ် ဆက္မေျပာေတာ့ဘဲ ဖန္ျပဒါးလံုးထဲမွ ေကာင္ကေလးကိုသာ ၾကည့္ေနလုိက္ေတာ့သည္။ ျပင္ပရွိ သူတုိ႔ၾကည့္သည့္ လႈပ္ခတ္ေနသည့္ သစ္ပင္၏ ပင္စည္မွ မ်က္ႏွာသည္ ခံတြင္းထဲမွ အရိုးစုတစ္ခုကို ေထြးထုတ္လုိက္ေလ၏။ ထိုအရိုးစုသည္ သူ႔အလ်င္ရွိႏွင့္ၿပီးသား တိရိစၦာန္ငယ္ေလးမ်ား၏ အရိုးစုမ်ားၾကားထဲသို႔ ေရာက္သြားခဲ့သည္။ ထိုအရိုးစုပံုတြင္ တိရိစၦာန္ငယ္ေလးမ်ား၏ အရိုးစုေပါင္းမ်ားစြာရိွသည္။ ထိုတိရိစၦာန္ငယ္ေလးမ်ားသည္ စုန္းမ်ား၏ Familiar ဟု ေခၚသည့္ ေက်းကြ်န္မ်ား။
ညေနေစာင္းခ်ိန္တြင္ သူသည္ ရဲတိုက္၏ တံခါးဝေရွ႕တြင္ ရပ္ေနခဲ့၏။
"ကေလးေလးေရာက္လာၿပီ!"
တံခါးဝရွိ တံခါးေခါက္ကြင္းႏွစ္ခုတြင္ ရွိေနသည့္ ျခေသၤ့ေခါင္းႏွစ္ခုအနက္ တစ္ခုသည္ အသံထြက္လာ၏။
"သူက မေသသြားဘူးေပါ့..."
မ်က္ႏွာတစ္ခုလံုးေပၚရွိေသြးမ်ားကို သုတ္ေနသည့္ သူ႔လက္တုိ႔သည္ ရပ္သြား၏။ ျခေသၤ့ေခါင္းမ်ားသည္ တံခါးကို မဖြင့္ေသးဘဲ သူတုိ႔အခ်င္းခ်င္း စကားဆုိေနၾကေသးသည္။
"ငါ့ကို မင္းစားတဲ့ စိတ္စြမ္းအားေက်ာက္တံုးေတြေပးလုိက္ေတာ့..."
ျခေသၤ့ေတြက သူ႔ကိုေလာင္းေၾကးထပ္ထားၾကတာလား။ သူ ရန္လိုစြာျဖင့္ ျခေသၤ့ေခါင္းမ်ားကို ၾကည့္ေလ၏။
"နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းက ဒီပန္းပင္ေကာင္ေတြအတြက္ ဘယ္ေလာက္အားရွိမလဲ သိခ်င္တာကို... သူက ေျမၾသဇာမျဖစ္သြားခဲ့ဘူး..."
မေက်နပ္သည့္အသံျဖင့္ ေလာင္းေၾကးရံႈးသည့္ ျခေသၤ့ေခါင္းသည္ ေရရြတ္ေလ၏။ သေဘာထားေသးသိမ္သည့္ နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းေကာင္ေလးသည္ သူသာ အစြမ္းႏိုးၾကားလာလွ်င္ ထိုျခေသၤ့ေခါင္းမ်ားကို လဲပစ္မည္ဟု စိတ္တြင္ ေတးမွတ္ထားလိုက္ေတာ့သည္။
"အထဲကို ဝင္ေတာ့..."
ေရႊေရာင္ကႏုတ္ျခေသၤ့ေခါင္းႏွစ္ခုသည္ အေျခအတင္စိတ္ႀကိဳက္ေျပာၿပီးေနာက္ တံခါးကို ဖြင့္ေပးလာခဲ့၏။ ညေနေစာင္းၿပီမို႔ အိမ္သည္ အလင္းေရာင္ျဖင့္။ ခမ္းနားထည္ဝါသည့္ အိမ္ဧည့္ခန္းတစ္ခုက သူ႔ကို ႀကိဳေနခဲ့သည္။ သူက သုႆန္တစျပင္လုိ အိမ္ဟူသည္ကို မျမင္ဖူးခဲ့သည့္ ေကာင္ေလးတစ္ဦးမို႔ သူ ပထမဆံုးျမင္ရသည့္အိမ္အတုိင္း အျခားေသာ အိမ္မ်ားသည္ ျဖစ္သင့္သည္ဟု သူ႔စိတ္ထဲတြင္ စြဲမွတ္သြားေခ်ေတာ့၏။ သူ အသက္အရြယ္ႀကီးျပင္းလာသည့္အခ်ိန္တြင္ ေဖ်ာက္ဖ်က္ခ်င္သည့္ မွတ္ဥာဏ္မ်ားတြင္ ထိုအိမ္ကိုအထင္ႀကီးျခင္းလည္း ပါသည္။
"ေၾသာ္ မင္းေရာက္လာၿပီပဲ..."
တိတ္ဆိတ္သည့္ရဲတုိက္ထဲတြင္ မည္သူမွ်မရွိ။ ေၾကာင္နက္ဝတုတ္ကသာ သူ႔ကို ခရီးဦးႀကိဳျပဳေလသည္။ ေၾကာင္နက္သည္ သူ႔ေရွ႕တြင္ ထိုင္ရင္း သူ႔လက္ျဖင့္သူ မ်က္ႏွာကို သန္႔ရွင္းေရးလုပ္ရင္း ႀကိဳေလ၏။
"ေမရီေျပာတဲ့အခ်ိန္ထက္ မင္း နည္းနည္းေတာင္ ေနာက္က်ေနေသးတယ္..."
ေၾကာင္နက္သည္ နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းေကာင္ေလးကို ဆုိေလ၏။
အဲ့ဒီေနၾကာပန္းေတြသာ သူ႔ကို ဇြဲႀကီးႀကီးနဲ႔စားဖို႔မႀကိဳးစားရင္၊ ေနာက္ၿပီး ျခေသၤ့ေခါင္းႏွစ္ေခါင္းသာ စကားေတြမ်ားမေနရင္ သူ ေရာက္တာၾကာလွၿပီ!
ေဒါသထြက္ေနေသာ္လည္း သူ႔ကို ေျပာလာသည့္ ေၾကာင္နက္ဝတုတ္ကို သူ စကားတစ္ခြန္းမွ်မဆုိ။ ႏႈတ္ခမ္းမ်ား တင္းတင္းေစ့၍သာ ၾကည့္ေနလိုက္သည္။ ေၾကာင္နက္သည္ ကိုယ့္ကိုယ္ကို သန္႔ရွင္းေရးအႀကိဳက္လုပ္ၿပီးေနာက္ ညစ္ပတ္ေပေရေနသည့္ သူ႔ကို ၾကည့္ကာ...
"မင္းကိုယ္မင္း သန္႔ရွင္းေရးလုပ္လုိက္ဦး... ေမရီက သူ႔အိမ္ညစ္ပတ္ရင္ ႀကိဳက္တာမဟုတ္ဘူး..."
သူ ေျခလွမ္းမည့္အခ်ိန္တြင္ ခန္းမေပၚတြင္ ေကာ္ေဇာလိပ္တစ္ခုသည္ က်လာခဲ့၏။
"........."
ေၾကာင္နက္သည္ မေျပာဘူးလားဆုိသည့္ ရုပ္မ်ိဳးႏွင့္ၾကည့္ကာ...
"ေမရီက သူ႔အိမ္ညစ္ပတ္တာ မႀကိဳက္ဘူး..."
ဒါဆုိ အခု သူက တစ္ကိုယ္လံုးညစ္ပတ္ေနလုိ႔ ေျခေတာင္ မခ်နဲ႔ဆုိတဲ့သေဘာလား?!
ေျပာလုိသည့္ စကားတုိ႔ကို သူ ထုတ္မေျပာ။ ဒီအထိေရာက္လာၿပီးၿပီ။ ေမရီ႕အရိပ္ေအာက္တြင္ ခိုလံႈရန္ဟူသည့္ ရည္ရြယ္ခ်က္သည္ ျပည့္လုဆဲဆဲျဖစ္ေနၿပီကို ဒီအခ်ိန္ေရာက္မွေတာ့ သူ မဖ်က္ဆီးခ်င္ဘူး။
"ေကာ္ေဇာေနာက္လုိက္သြားလိုက္... မင္းကို သန္႔စင္ရမဲ့အခန္းကို ေကာ္ေဇာက ျပလိမ့္မယ္..."
ေၾကာင္ဝတုတ္ေျပာသည့္အတုိင္း သူ ေကာ္ေဇာခင္းထားသည့္အတုိင္းသာ နင္းေလွ်ာက္သြားလိုက္သည္။ ေကာ္ေဇာကလည္း သက္ရွိပဲလား။ နင္းေလွ်ာက္ေနရင္းမွ သူ စဥ္းစားျဖစ္၏။ ေမရီ... ထိုစုန္းမသည္ သူ႔ကိုေျပာျပခဲ့သည့္ ဝိညာဥ္ဆိုးမ်ားေျပာသလို အစြမ္းထက္ဆံုးေသာ စုန္းမလား။ ေလာကတစ္ခုလံုးမွာ သူ႔ကိုယွဥ္ႏိုင္တဲ့ စုန္းမ မရွိဘူးဆိုတာက အမွန္ပဲလား။ သူ စဥ္းစားေနခဲ့၏။
ထိုအခ်ိန္တြင္ အိပ္ခန္းတစ္ခုအတြင္းတြင္ မိန္းမပ်ိဳတစ္ဦးသည္ အိပ္ေနရာမွ မ်က္လံုးမ်ားပြင့္လာခဲ့သည္။ ေမရီသည္ မ်က္ေတာင္မ်ားကို ျဖည္းညွင္းစြာခပ္ၿပီးေနာက္ ထထိုင္လာေလ၏။ ထို႔ေနာက္ ကိုယ္လက္သန္႔စင္ရန္ အခန္းတြင္းသို႔ဝင္ၿပီးေနာက္ အနက္ေရာင္ဂါဝန္တစ္ထည္ျဖင့္ ထြက္လာခဲ့သည္။
"ေကာင္ေလး ေရာက္ေနၿပီ..."
အိပ္ခန္းမွ ထြက္လာလာခ်င္း ေၾကာင္နက္သည္ သူမကို သတင္းပို႔လာေလ၏။ သူ႔အိမ္ထဲ အျခားသူတစ္ေယာက္ ေရာက္ေနျခင္းက အေရးမပါသည့္ ဟန္မ်ိဳးျဖင့္ သူမသည္ ေခါင္းညိတ္လာခဲ့သည္။ အနက္ေရာင္ပိုးသားေပ်ာ့ဂါဝန္ႏွင့္ ဦးထုပ္ခြ်န္ေဆာင္းထားသည့္ သူမကို ၾကည့္ၿပီး ေၾကာင္နက္၏ မ်က္လံုးမ်ားသည္ အေရာင္ေတာက္သြား၏။
"ေမရီ မင္း အျပင္ထြက္မလို႔လား..."
"ေသလမ္းရွာတဲ့ သူေတြကငါ့ပိုင္နက္က ငါ့သတၱဝါေလးေတြကို အႏုိင္က်င့္ခ်င္ေနၾကတယ္..."
သူမ ေအာက္သို႔ ဆင္းလာခ်ိန္တြင္ အျဖဴေရာင္ရွပ္အက်ီ ၤအျဖဴ၊ ေဘာင္းဘီတိုအနက္ေလးျဖင့္ ေကာင္ကေလးတစ္ေယာက္ကို ေတြ႔ရေလ၏။ သန္႔ျပန္႔သြားသည့္ ေကာင္ကေလးက ယခုလုိက်ေတာ့လည္း ၾကည့္ေကာင္းေနသား။
ေမရီသည္ မ်က္ခံုးပင့္၍...
"ေၾသာ္..."
ထိုေကာင္ေလး၏ မ်က္ႏွာမွ ျပတ္ရွဒဏ္ရာမ်ားကို ၾကည္ကာ သူမ ေရရြတ္သည္။
အေပၚထပ္မွ ဆင္းလာသည့္ ေမရီကို ျမင္သည္ႏွင့္ သူ ခ်က္ခ်င္းေခါင္းငံု႔ထားလိုက္၏။ ေမရီ၏ အနက္ေရာင္ဂါဝန္သည္ သူမ၏ ခႏၶာကိုယ္ႏွင့္ခ်ပ္လ်က္ရွိေနခဲ့ၿပီး ပိုးသားကဲ့သို႔ေပ်ာ့ေပ်ာင္းသည္မုိ႔ လွပသည့္ ခႏၶာကိုယ္အခ်ိဳးအစားကို ေဖာ္ျပထားသည့္ ထို႔အျပင္ ဂါဝန္ရွည္တြင္ ခြဲေၾကာင္းရွည္ေနသျဖင့္ ေမရီ၏ ေဖြးဆြတ္ေနသည့္ ေပါင္မ်ားကိုလည္း ျမင္ရေခ်၏။ ေမရီသည္လွသည္။ ဝိညာဥ္ဆိုးမ်ားသည္ ထိုသို႔လည္း သူ႔ကိုေျပာျပဖူးသည္။ ပုရိသတို႔သည္ ေမရီ၏ အလွကို မက္ေမာ၍လည္း ေသဆံုးၾကေသးသည္ဟု သူတုိ႔သည္ ေျပာျပေသး၏။
"ငါက မင္း အစားခံလုိက္ရၿပီထင္ေနတာ..."
ေခါင္းဆတ္ခနဲ ေထာင္လာခ်ိန္တြင္ ေမရီသည္ သူ႔ေရွ႕ေရာက္ေနခဲ့ၿပီ။ သူ႔မ်က္ႏွာကို လက္တစ္ဖက္ႏွင့္ဖ်စ္ကာ ကိုင္ေလ၏။ ျပတ္ရွဒဏ္ရာမ်ားကို ၾကည့္ကာ သူမသည္ ႏႈတ္ခမ္းျဖင့္ ေလအသာမႈတ္ေပးလာခဲ့သည္။
သင္းပ်ံ႕သည့္ ေဆးဖက္ဝင္အပင္နံ႔တစ္ခုကို ရရွိၿပီးေနာက္ သူ႔မ်က္ႏွာမွ ဒဏ္ရာမ်ားသည္ ခ်က္ခ်င္းေပ်ာက္သြားေလ၏။ ေမရီသည္ အညစ္အေၾကးမ်ားေရာ၊ ဒဏ္ရာမ်ားပါ မရွိေတာ့သည့္ ေကာင္ကေလးကို ေက်နပ္စြာၾကည့္ၿပီးေနာက္...
"ငါ့ကြ်န္ေတြက မလွမပမျဖစ္ရဘူး... ငါက ရုပ္ဆိုးတဲ့အရာေတြကို မႀကိဳက္ဘူးေလ..."
သူ႔အၾကည့္မ်ားသည္ ေၾကာင္မည္းလံုးထံသို႔ ေရာက္သြား၏။ ေၾကာင္မည္းလံုးက ဝက္တစ္ေကာင္လိုဝတယ္ေလ။ သူက လွလို႔လား။ ေကာင္ေလး၏ စကားမ်ားကို နားလည္သည့္ဟန္ျဖင့္ ေၾကာင္မည္းလံုးသည္ သူ႔ အၾကည့္မ်ားကို အေမႊးမ်ားေထာင္ကာ ရန္ျပဳျခင္းျဖင့္ တံု႔ျပန္လာသည္။ ေမရီသည္ ေရာက္တာျဖင့္ နာရီပိုင္းေလာက္ရွိေသး သူမရဲ႕ စကားကို ေစာဒကတက္ရဲေနသည့္ ေကာင္စုတ္ေလးကို ၾကည့္ကာ ခပ္တုိးတုိးရယ္၏။ ထို႔ေနာက္ သူမ စကားကုိ ထပ္ျဖည့္ေျပာသည္။
"အားနည္းတ့ဲသူေတြက ရုပ္ဆိုးလုိ႔မရဘူး..."
သူမသည္ ထိုေကာင္ေလးကို ငံု႔မိုးၾကည့္ရင္းဆုိသည္။
"အနည္းဆံုးေတာ့ ၾကည့္လုိက္ရင္ ေခ်ာေနဖို႔လိုတယ္ေလ... မင္းက ၾကည့္လို႔ေကာင္းရင္ေကာင္း မဟုတ္ရင္ မည္းလံုးလုိ ဒီပိုင္နက္ထဲမွာ အသန္မာဆံုးျဖစ္..."
ေမရီသည္ သူ႔အေတြးမ်ားကို ထြင္းေဖာက္ျမင္ႏိုင္သည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္ကာ... ေသြးေသာက္ထားသည့္ ေသြးစုတ္ဖုတ္ေကာင္မ်ား၏ ႏႈတ္ခမ္းမ်ားကဲ့သို႔ နီရဲေနသည့္ ႏႈတ္ခမ္းမ်ားျဖင့္...
"ေသာက္ကေလး မင္းလုပ္ခ်င္တာေတြကို ငါသိတယ္... ငါအရမ္းကိုအခ်ိန္ပိုေနတာေၾကာင့္ မင္းကို ကူညီေပးလိုက္မယ္..."
ငါတုိ႔ရဲ႕ပန္းတုိင္ေတြက တူညီေနတာေၾကာင့္ဟုေတာ့ ေမရီမေျပာ။ ေမရီသည္ သူမ တစ္ေယာက္သာ သြားႏုိင္သည့္ ပိုင္နက္နယ္ေျမထဲမွ အုတ္ဂူတစ္ခုကိုျမင္ေယာင္လုိက္၏။ ထိုေကာင္ေလးကိုျပန္ၾကည့္၍...
"ဒီေတာ့ ေလာေလာဆယ္ ငါနဲ႔အတူ အျပင္ကို ခဏလုိက္ခဲ့လုိက္ မင္းက ငါ့အပိုင္ျဖစ္ေၾကာင္း တခ်ိဳ႕သူေတြကို ေၾကျငာၿပီးသားျဖစ္ေအာင္..."
ဟု သူမသည္ ဆိုေလသည္။
-----------