book

Index 2

Part - 2

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode

သူက အလောင်းကောင်တစ်ခုမှ မွေးလာသည့် ကောင်ကလေးတစ်ယောက်ဖြစ်တယ်။

သူက လူအများရဲ့ မုန်းတီးခြင်းကို ခံရတဲ့ ကောင်ကလေးတစ်ယောက်လည်းဖြစ်တယ်။

ဘာကြောင့်ဆို သူ့ဖခင်က နတ်ဆိုးတစ်ပါးဖြစ်ပြီး၊ သူ့မိခင်သည် မြို့စားသမီးဖြစ်တာကြောင့်။

ဘယ်သူကမှ ကိုယ့်ရဲ့မွေးဖွားလာခြင်းကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။

သူလည်း နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းအဖြစ် မွေးလာပါလို့ ဆုတောင်းခဲ့တာမှမဟုတ်တာ။

ဒီလိုပါပဲ အကုန်လုံးက သူ့ဟာနဲ့သူ ဖြစ်လာကြတာ။

အပိုင်း - ၂ : မေရီ

'လူတို့သည် ကိုယ်မတတ်သာသည့် အရာတို့ကြောင့်ဖြစ်လာသည့် ကိုယ့်စိတ်ဝန်ထုတ်သက်သာစေရန်အလို့ငှာ အခြားသူများအပေါ်တွင် အပြစ်ပုံချတတ်ကြ၏။'

"ဟဟ မင်း ဒါလေးတောင်လန့်နေတယ်ဆိုရင် ငါနဲ့အတူနေရင် အသက်တိုမှာပဲ..."

တံမြက်စည်းပျံပေါ်မှ မြင်ကွင်းကြောင့် သူသည် တံမြက်စည်းပျံ၏ အရိုးတံကို တင်းကြပ်စွာကုတ်တွယ်ထားခဲ့သည်။ ပြုတ်သာကျလိုက်လျှင် သူတော့ တန်းသေမှာပါပဲ။

မေရီသည် သူ့ကို ခေါ်သွားသည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူသည် မေရီနှင့်အတူ ရှိနေခွင့်ရပြီ။ မေရီသည် သူ့ကို ကာကွယ်နိုင်မည့်တစ်ဦးတည်းသောသူ။ မေရီ့အကြောင်းကို သူ အများကြီးကြားဖူးသည်။

မီးခိုးရောင်စုန်းကဝေတစ်ဦး။ လှပသည့် ကော်ဖီရောင်လှိုင်းတွန့်ဆံပင်များဖြင့်၊ သူမသည် အနက်ရောင်နှင့်ရွှေဝါရောင်ဂါဝန်ရှည်ကိုသာ ဆင်မြန်းတတ်သည်။ ရံဖန်ရံခါတွင် စုန်းမဦးထုပ်ရှည်ဆောင်းလာတတ်သော်လည်း များသောအားဖြင့်တော့ သူမသည် ခြင်းတောင်းတစ်လုံးဖြင့်သာ လာတတ်၏။ မေရီဘယ်ဆီတွင်နေမှန်း မည်သူမျှမသိ။ သို့သော် မေရီသည် ထိုမြို့လေးသို့ လာတတ်၏။ သူမ လာတိုင်း လူတို့က တစ်ခုမဟုတ်တစ်ခု သူမကို အန္တရာယ်ပြုမူတတ်ကြသည်။

သို့သော်လည်း မေရီသည် မြို့ထဲတွင် သူမကို မည်သူက ဘာလုပ်လုပ်၊ ဘာပြောပြော တုံ့ပြန်ခြင်းမပြု။

သူမသည် ဘယ်အချိန်ကတည်းက ရှိနေသည်လဲ မသိ။ လူတို့သည် အစဉ်အဆက်သူမကို ကြောက်ရွံ့ကြသည်။ သူမကို လူတို့သည် ပစ်ပယ်ကြသည်။ သို့သော် မေရီသည် သန်မာသည်။ မေရီသည် မည်သူကိုမျှမကြောက်ရွံ့။ မေရီ့ကိုသာ အကုန်လုံးက ကြောက်ရွံ့ကြသည်။

သူ့မိခင်သည် သူ့ကို သုံးနှစ်တိတိကိုယ်ဝန်လွယ်ခဲ့ရ၏။ မေရီသည် သူ့မိခင်နှင့်ပတ်သက်သည့် အချိန်ကိုပင် မမှတ်မိ။ ဒါကလည်းသူ့ရဲ့မွေးဖွားခြင်းဆိုတာက မေရီ့အတွက်နည်းနည်းလေးပင် အရေးမပါတာကြောင့်လည်း ဖြစ်နိုင်ပါသည်။

သူသည် မွေးစကတည်းက ယခု အသက်ခုနစ်နှစ်အထိ အမည်လေးပင် မရှိသည့် လူသားတစ်ပိုင်းနတ်ဆိုးတစ်ပိုင်း ကောင်ကလေးတစ်ယောက်သာဖြစ်သည်။ သူသည် မွေးစကတည်းက အာရုံငါးပါး အလုပ်လုပ်ခဲ့သည်။ မွေးစကတည်းက သူသည် စကားပြောတတ်ပြီ။ သူ့တွင် ခပ်ချွန်ချွန်နားရွက်များရှိ၏။ မှင်စာနားရွက်ဟု လူတို့ကခေါ်ကြသော်လည်း နတ်ဆိုးများသည်လည်း ထိုသို့သော နားရွက်များရှိသည်ဟု သူထင်သည်။ ဘာကြောင့်ဆို သူ့ဖခင်က နတ်ဆိုးတစ်ပါးလေ။ သူ့မိခင်ကလူမို့ သူ့တွင် နားရွက်ဝိုင်းမရှိဘဲ နားရွက်ချွန်နေကတည်းက သေချာပေါက် သူ့ဖခင်တွင် ထိုသို့သော နားရွက်များရှိနေလို့ပေါ့။ ထို့အပြင် သူ့တွင် မညီညာသည့် သွားများလည်းရှိသည်။ ခပ်ချွန်ချွန်သွားများက ကောင်းကောင်းအမဲလိုက်၍ရသည်။ သူ့တွင် အနက်ရောင်လင်းနို့တောင်ပံသေးသေးလေးများလည်းရှိသေး၏။ ထိုတောင်ပံများက သူ့ရဲ့အစွမ်းပေါ်မူတည်ပြီး ပြောင်းသွားလိမ့်မည်ဟု သချိုၤင်းတွင်းမှ ဝိညာဉ်အချို့က ဆိုကြသည်။ နောက်တော့ သူ့မျက်လုံးများက အဝါရောင်။ ဒါက နတ်ဆိုးအဆင့်ပေါ်မူတည်သည့် မျက်လုံးများဟုလည်း ထိုဝိညာဉ်များက ပြောကြသေးသည်။

သူ့မိခင်သည် သူ့ကို မမွေးဖွားခင်တွင် သေဆုံးခဲ့ရ၏။ မွေးဖွားလုနီးနီးအချိန်ဟု သူ ပြောရလိမ့်မည်။ သုံးနှစ်ကြာသည့်တိုင် မမွေးဖွားနိုင်သည့် သူ့ကို မြို့ထဲရှိလူတို့သည် မြို့ပြင်သချိုၤင်းသို့ ထုတ်ကာ ပစ်ထားခဲ့ကြ၏။ သူ့အဖိုး... အင်း သူ တစ်ကြိမ်လေးတောင် မမြင်ဖူးခဲ့သည့် သူ့အဖိုးသည်လည်း အများနှင့်တစ်ယောက်ဖြစ်သွားပုံရကာ သူ့မိခင်ကို လက်လျှော့လိုက်ပုံရသည်။

အကုန်လုံး... အပြစ်အကုန်လုံးကို သူ့အဖေဆီကို ပုံချလိုက်ခဲ့၏။ ဘာကြောင့်များ ဖခင်ဖြစ်သူဟာ နတ်ဆိုးတစ်ပါးဖြစ်ပါလျက်နှင့် မိခင်ဖြစ်သည့် လူသားတစ်ပါးကို ချစ်ခဲ့ပါလိမ့်ပေါ့။ သမီးဖြစ်သူ သူ့ရဲ့မိခင်ဟာလည်း ဘာကြောင့်များ နတ်ဆိုးတစ်ပါးကို တွယ်တာသွားရလေလဲပေါ့။

လူတို့၏ စိတ်နှလုံးသည် ထိုသို့ထူးဆန်းသည်။ လူတို့သည် အလွန်လည်းချစ်တတ်ကြသလို၊ အလွန်လည်း ရက်စက်တတ်ကြသည်။

ထိုသို့ဖြင့် သူ့မိခင်သည် သေဆုံးခဲ့ရသည်။ သူ့ဖခင်ကတော့ ဘယ်ဆီနေမှန်း မသိ။ သူ့မိခင်သေဆုံးသည်နှင့် သူသည် သူ့မိခင်၏ ကိုယ်ထဲမှ တိုးထွက်လာနိုင်ခဲ့သည်။

စင်စစ်သူသည် မမွေးဖွားရမည့် ဇာတာပိုင်ရှင်ပေ။ စုန်းအဖွဲ့အစည်းနှင့် လူတို့မသိသည့်အရာများကို စောင့်ကြပ်ရသည့် စောင့်ကြပ်သူများသည် သူ့မွေးဖွားခြင်းကို စောင့်ကြည့်နေခဲ့ကြသည်။

ဝိညာဉ်များ၏ ပြောပြချက်အရဆိုလျှင်...

မေရီသည် သူ့မိခင်သေအံ့ဆဲဆဲဖြစ်နေချိန်တွင် တိုက်ဆိုင်စွာရောက်ရှိခဲ့ပြီး မိခင်ဖြစ်သူက သူ့ကိုမွေးဖွားနိုင်ရန် ကူညီဖို့ တောင်းပန်ခဲ့၏။ မေရီသည် ထူးဆန်းသည်။ သူမသည် မည်သည့်အရာကိုမျှဂရုမစိုက်။ သို့သော် သူမသည် ကြောင်တစ်ကောင်ကဲ့သို့ တောက်ပြောင်သည့် အရာများကို နှစ်သက်သည်။ ထို့အတွက် ရွှေဒင်္ဂါးများနှင့်ရတနာများသည် သူမတွင် အမြောက်အမြားရှိသည်။ အချို့က သူမသည် ရတနာများကို စုဆောင်းသည့် နဂါးများထက်ပင် ကြွယ်ဝသေးသည်ဟု ဆိုကြသေး၏။

မိခင်၏ ရွှေဒင်္ဂါးများအကုန်ယူ၍ရသည်ဟူသည့် ကမ်းလှမ်းချက်ကို မေရီသည် လက်ခံခဲ့ပြီး သူ့ကို မွေးဖွားနိုင်ရန် ကူညီပေးခဲ့သည်။ တိုတိုတုတ်တုတ်ပြောရလျှင်တော့ သူ့အသက်က မေရီပေးခဲ့သည်ဟု ဆိုရမည်ပေါ့။

မေရီသည် သူ မွေးဖွားရအောင် ကူညီပေးပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့၏။ မေရီ့အတွေးက ထိုသို့ ဖြစ်လောက်သည်။

'ငါတာဝန်ရှိတာက အဲ့ဒီ ကောင်စုတ်ကလေး မင်းဗိုက်ထဲကထွက်လာဖို့ပဲ... သူအသက်ရှင်တာမရှင်တာက ငါနဲ့မဆိုင်ဘူး'

တကယ်လည်း ထိုသို့သာဖြစ်သည်။ မေရီသည် သူ့ကို လူ့လောကထဲ ရောက်လာဖို့အတွက် လုပ်ပေးခဲ့တာကိုပင် မေ့သွားခဲ့ပြီ။ အချိန်က ခုနစ်နှစ်လောက်လေးရှိသေးသည်ကို မေရီသည် လုံးလုံးထိုကိစ္စကို မေ့သွားခဲ့ပြီ။ သူမနှင့်ကြောင်နက်က သူတို့ဆုံခဲ့ဖူးသည့် အချိန်ကိုပင် ကပေါက်တိကပေါက်ချာပြောနေကြသေးသည်။ သေချာပေါက် မေရီက အဖြစ်အပျက်ကိုမှတ်မိပြီး အချိန်ကိုတော့ မေ့နေချေပြီ။

သူ အပြင်ရောက်လာချိန်တွင် အန္တရာယ်တစ်စုံတစ်ရာမှ မကြုံတွေ့ခဲ့ရ။ သူ့ကို သုဿန်မှ ဝိညာဉ်ဆိုးများက စောင့်ရှောက်ကြသည်။ သူက လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းဖြစ်သော်လည်း သူ့ဖခင်က နတ်ဆိုးများအကြားတွင် အင်အားကြီးမားသည့် နတ်ဆိုးတစ်ပါးဖြစ်သည်မို့ သူ့ကို တော်တော်များများက ကောင်းပေးကြသည်။ အရှေ့တွင် ဘာဖြစ်လာမည်ဆိုသည်ကို မည်သူမျှ မသိနိုင်ဘူးလေ။ မတော်တဆ သူက မသေခဲ့ဘဲ သူ့အပေါ် မကောင်းခဲ့သည့် သူများကို သူ့အစွမ်းများ နိုးကြားလာပါက ပြန်လည် လက်စားချေမည်ဆိုလျှင် မည်သို့များလုပ်ကြမလဲ။ ထိုအတွေးဖြင့် ဝိညာဉ်ဆိုးများနှင့်အခြားသော သတ္တဝါများသည် သူ့အပေါ် ကောင်းကြသည်။

တကယ်လည်း ထိုသူတို့သည် ထိုသို့တွေးထားခြင်းက မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် သူ အစွမ်းများ နိုးကြားလာပါက သူ့ကို အနိုင်ကျင့်ခဲ့၊ သူ့အပေါ်ကို မကောင်းကြံသည့် သူ အားလုံးကို ပြန်လည် လက်စားချေရန် ရည်ရွယ်ထားသည်။ သူက ထိုသို့ သဘောထားသေးသိမ်သည့် ကလေးလေးတစ်ယောက်ပါချေ။ သူ့ကို သဘောထားကြီးရန်၊ အခြားသူများကို ခွင့်လွှတ်ရန် သင်ကြားပေးမည့်သူကလည်း မရှိဘူးလေ။

မေရီကရော...

သူ စဉ်းစားကြည့်၏။ လေပူတစ်ချက်သာမှုတ်ထုတ်ပြီး ခပ်လှမ်းလှမ်းကို ငေးကြည့်ကာ သူ ဆက်တွေးသည်။

မေရီ့ကိုကြည့်ရတာ သူ့ကို အရေးလုပ်မဲ့ပုံလည်းမပေါ်ပါဘူး။

"ငါတို့ ရောက်ပြီ..."

မေရီ့အသံကြားချိန်တွင် သူ့အတွေးသည် ပြတ်တောက်သွားရ၏။ စိမ်းစိုသည့် တောင်ကုန်းတစ်ခု။ အဝါရောင်ပန်းခင်းကို သူ တအံ့တသြကြည့်၏။ နေကြာပန်းများ။ မေရီသည် နေကြာပန်းများကို နှစ်သက်သည်လား။ နေကြာပန်းခင်းကြီး၏ အဆုံးတွင်တော့ ကြီးမားသည့် ရဲတိုက်တစ်ခု။ ထိုရဲတိုက်တွင် မေရီတစ်ယောက်တည်း နေပုံရသည်။ ကြီးမားသည့် ရဲတိုက်ထဲတွင် မေရီဆိုသည့် စုန်းမလေးတစ်ယောက်သာ နေသည်လား။ ဘယ်လောက်များ အထီးကျန်လိုက်သလဲ။

အကယ်၍ ထိုသို့တွေးသည်ဆိုလျှင်တော့ သင် အမှားကြီး မှားခဲ့ပေလိမ့်မည်။

"သခင်မ ပြန်လာပြီ..."

မေရီ၏ တံမြက်စည်းပျံသည် နေကြာပန်းခင်းအစပ်တွင် ရပ်လိုက်သည်နှင့် ခြံဝန်းတံခါးသည် ပွင့်လာခဲ့ပြီး မိုးမခပင်နှစ်ပင်သည် ယိမ်းနွဲ့ကာ ခရီးဦးကြိုပြုကြ၏။ မေရီသည် မိုးမခပင် နှစ်ပင်ကို ကြည့်ကာ...

"ငါ မရှိတုန်း ဘာတွေဖြစ်သွားသေးလဲ..."

"ဘယ်သူမှ မလာရဲပါဘူး သခင်မ..."

"အင်း..."

မိုးမခပင်၏ ပင်စည်များတွင် မျက်နှာပုံစံတစ်ခုရှိလေ၏။ စကားပြောတတ်သည့် မိုးမခပင်ကို သူကြည့်ဖြစ်သည်။ စကားပြောတတ်သည့် သစ်ပင်များက သူ့အတွက် အထူးအဆန်းတော့လည်း မဟုတ်။ သူက လူများနှင့်ကြီးပြင်းခဲ့သည့် သူမှ မဟုတ်တာ။

"ဒီကလေးက..."

မိုးမခင်ပင်နှစ်ပင်အနက်မှ ဘယ်ဘက်တွင်ရှိသည့် မိုးမခပင်သည် မေးခွန်းထုတ်လာလေ၏။

ထိုမိုးမခင်ပင်နှစ်ပင်သည် မေရီ၏ ပိုင်နက်ကို စောင့်ရှောက်ရသည့် စောင့်ကြပ်သူနှစ်ပါးဖြစ်သည်။ သူတို့သည် မေရီ့အခွင့်ရှိသည့် သူများကိုသာ မေရီ့ပိုင်နက်ထဲကို ဝင်ခွင့်ပေးကြ၏။ မေရီသည် သူမ အခွင့်ပေးသည့်သူများကို မိုးမခပင်များကို အလျင်ပြသလေ့ရှိသည်။ မဟုတ်လျှင်...

မိုးမခပင်များ၏ သစ်ကိုင်းများတွင် စွန်းနေသည့်သွေးများက မနည်းလှ။

မေရီသည် ရန်သူများသည် စုန်းမလေးတစ်ယောက်လည်းဖြစ်သည်။ သူမကို သူမ၏ မျိုးနွယ်တူ စုန်းများကလည်း မုန်းတီးကြသလို၊ စောင့်ကြပ်သူများကလည်း မုန်းတီးကြသည်။ နောက်ပြီး... လူသားများကလည်း ကြောက်ရွံ့မုန်းတီးကြသည်။

သူမသည် တစ်ကိုယ်တည်းနေထိုင်၏။ သူမ တစ်ကိုယ်တည်းနေထိုင်ခဲ့တာ ဘယ်အချိန်ကတည်းကမှန်း မသိ။ သူမသည် သာမန်စုန်းမလေးတစ်ယောက်သာ ဖြစ်သည်။ သူမကိုယ်သူမကတော့ သာမန်စုန်းမလေးဟု အမြဲတမ်းသတ်မှတ်ထားတာပေါ့။ အခြားသူတို့ကတော့ ထိုသို့မသတ်မှတ်ထားတာ အသေအချာပါလေ။

"ငါ ကောက်လာတာ... သူက နင်တို့လိုပဲ ငါ့ကျွန်ဖြစ်လာလိမ့်မယ်..."

မေရီသည် ခပ်အေးအေးပြော၏။

"ဟုတ်..."

သခင်မ၏ စကားကို မိုးမခပင်များသည် နာခံ၏။ သူတို့သည် ကိုယ်ကိုယိမ်း၍ မေရီ မြေပေါ်တွင် ပစ်ချလိုက်သည့် ကောင်ကလေး၏ အနံ့ကို မှတ်သားလေ၏။

ကောင်ကလေးသည် တံမြက်စည်းပျံပေါ်မှ မြေပေါ်သို့ ပစ်ချခံလိုက်ရမှုကြောင့် ချက်ချင်းပြန်မထနိုင်သေး။ သူ့ကိုယ်သူ ပစ်ချခံလိုက်ရသည်ကိုတောင် မသိလိုက်။ သူ သတိဝင်လာချိန်တွင် မိုးမခပင် နှစ်ပင်သည် သူ့ဆီသို့ ယိမ်းလာနေချေပြီ။ ခေါင်းပေါ်တွင် လက်ကလေးတင်ကာ သူသည် သူ့ကိုယ်သူ ဘောလုံးတစ်လုံးလို လုံးနေ၏။

ကြောင်မည်းဝတုတ်သည် ထိုအပြုအမူကို ကြည့်ပြီး တဟားဟားရယ်နေခဲ့သည်။ မေရီကတော့ သူမနှင့်မဆိုင်သလို ခပ်အေးအေးကြည့်နေခဲ့ပြီး...

"သောက်ကလေး..."

သူမ၏ လှမ်းခေါ်မှုကြောင့် သူ့အနံ့ကို မှတ်နေသည့် မိုးမခပင်များသည် ပြန်ထောင်မတ်သွား၏။ မြေပေါ်တွင် ဝပ်နေသည့် သူသည်လည်း ခေါင်းထောင်ကာ သူမကို ကြည့်လေသည်။

မေရီသည် တံမြက်စည်းပျံပေါ်တွင် ပြန်ထိုင်နေခဲ့ပြီ။ အနက်ရောင် သံပန်းတံခါးသည်လည်း သူမ ဝင်၍ရအောင် ဖွင့်ပေးထားခဲ့ပြီ။ သူမက သူ့ကို ကြည့်ကာ တိရိစ္ဆာန်ငယ်လေးတစ်ကောင်ကို အနိုင်ကျင့်တော့မည့် သခင်တစ်ဦး၏ မျက်နှာမျိုးဖြင့်...

"ဒီခြံထဲကို ကိုယ့်ဘာသာ လမ်းလျှောက်ဝင်ခဲ့တော့ ငါ အိမ်ထဲက စောင့်နေမယ်..."

ပြောပြီးသည်နှင့် သူမသည် တံမြက်စည်းပျံကို စည်းရင်း ဝင်သွားခဲ့သည်။ သူသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထွက်သွားသည့် မေရီ့ကိုသာ ကြည့်နိုင်ခဲ့၏။ သူ့ မျက်နှာသည် ဖြူလျော့နေခဲ့သည်။

ဒီ ခြံအကျယ်ကြီးကို သူ ဘယ်လိုလုပ်ပြီး လမ်းလျှောက်ဝင်ရမှာလဲ! အနည်းဆုံး ဒါက နေ့တစ်ဝက်လောက် လျှောက်ရမှာလေ! သူ နေ့ခင်းလောက်မှ အဲ့ဒီရဲတိုက်ဆီကို ရောက်မှာပေါ့!

မေရီသည် တံမြက်စည်းပျံပေါ်တွင် ထိုင်နေရင်းမှ သဘောကျစွာ ရယ်လေ၏။ ကြောင်မည်းဝတုတ်ကို သူမ ကြည့်ကာ...

"မည်းလုံး... သူ့အဖေက နတ်ဆိုးဘုရင်မဟုတ်လား..."

"အင်း..."

"ငါ နတ်ဆိုးတွေနဲ့ အဆက်အဆံတော့ သိပ်မလုပ်ချင်ဘူး ဒါပေမဲ့..."

မေရီသည် ညစ်ကျယ်ကျယ်ပြုံး၏။

"နတ်ဆိုးတွေက ငါ့အပေါ်အကြွေးတင်ထားလည်း မဆိုးလှပါဘူး..."

သူမသည် ခပ်တိုးတိုးရယ်ပြန်သည်။ လေအဝေ့တွင် နေကြာပန်းခင်းများသည် ယိမ်းနွဲ့လျက်။ ထိုနေ့က လပြည့်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံးသည် လရောင်ဖြင့် မြင်ကွင်းအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ခွင့်ကိုပေးသည်။

ဝိုင်းစက်စက်ထိန်လင်းနေသည့်လတစ်စင်း၊ ဆုံးစမဲ့ကျယ်ပြန့်သည်ဟု ထင်ရသည့် နေကြာပန်းခင်းတစ်ခု၊ ထိုနေကြာပန်းခင်းအပေါ်တွင် တံမြက်စည်းပျံတစ်ချောင်းပေါ်တွင် ထိုင်နေသည့် လှပပျိုမြစ်သည့် စုန်းမတစ်ဦး။ တံမြက်စည်းမွှေးများပေါ်တွင် ထိုင်နေသည့် ကြောင်နက်ဝတုတ်တစ်ကောင်၊ နေကြာပန်းခင်းစပ်တွင် ရှိနေသည့် အနက်ရောင်သတ္တုဖြင့်လုပ်ထားသည့် သံပန်းတံရှေ့တွင် လူတစ်ပိုင်း၊နတ်ဆိုးတစ်ပိုင်း ကောင်ကလေးတစ်ဦးနှင့် မိုးမခပင်နှစ်ပင်။

ထိုနေရာသည် လူတိုင်းရောက်ခွင့်ရှိသည့် နေရာမဟုတ်။ ထိုနေရာကို ပြန်လမ်းမဲ့တောအုပ်ဟုခေါ်သည်။ ထိုတောအုပ်တွင် စုန်းကဝေများနေကြ၏။ ပြန်လမ်းမဲ့တောအုပ်ဟု အမည်တွင်ရခြင်းသည် ထိုတောအုပ်တွင် နေထိုင်သူသာ မဟုတ်လျှင် ထိုတောအုပ်သည် အန္တရာယ်များသည့်အပြင် ကျူးကျော်ဝင်ရောက်လာသူတိုင်းကို တွေ့ရှိသည့် စုန်းနှင့် သားရဲတို့က သတ်ဖြတ်တတ်ကြ၍ပင်။ ထိုတောအုပ်ကို လူတို့သည် ရှိမှန်းသိသော်လည်း မည်သူမျှ တောအုပ်ထဲ မဝင်ရဲ။ ဝင်သည့်သူတိုင်းသည်လည်း ပြန်ထွက်လာနိုင်ခြင်းမရှိ။

ထိုတောအုပ်သည် အလွန်ကျယ်ပြန့်၏။ ထိုတောအုပ်သည် အလွန်နက်ရှိုင်းသည်။ ထိုတောအုပ်၏ အတွင်းပိုင်းသည် အလွန်လှပပြီး ထိုတောအုပ်ထဲတွင် မေရီအပါအဝင် အခြားသော စုန်းကဝေများလည်း နေထိုင်ကြသည်။ သို့သော် မေရီနေထိုင်သည်က တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင်ဖြစ်ပြီး တောအုပ်၏ တစ်ဝက်ခန့်ကို မေရီ ပိုင်ဆိုင်သည်။ မေရီသည် ကြီးမားသည့် တောအုပ်ထဲတွင် တစ်ယောက်တည်းနေထိုင်ပြီး ကြွယ်ဝသည့် စုန်းမလေးတစ်ယောက်ပင်။ ယခုတော့ သူမ၏ ပိုင်နက်ထဲသော အခြားသော သက်ရှိလေးတစ်ယောက်သည် ရောက်လာခဲ့ပြီ။ ထိုသက်ရှိလေးက ပထမဆုံးမဟုတ်သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးချိန်တွင် မေရီ့ပိုင်နက်ထဲသို့ ခြေချခွင့်ရှိသည့် သက်ရှိကောင်ကလေးပေါ့။

----------

Zawgyi

သူက အေလာင္းေကာင္တစ္ခုမွ ေမြးလာသည့္ ေကာင္ကေလးတစ္ေယာက္ျဖစ္တယ္။

သူက လူအမ်ားရဲ႕ မုန္းတီးျခင္းကို ခံရတဲ့ ေကာင္ကေလးတစ္ေယာက္လည္းျဖစ္တယ္။

ဘာေၾကာင့္ဆို သူ႔ဖခင္က နတ္ဆိုးတစ္ပါးျဖစ္ၿပီး၊ သူ႔မိခင္သည္ ၿမိဳ႕စားသမီးျဖစ္တာေၾကာင့္။

ဘယ္သူကမွ ကိုယ့္ရဲ႕ေမြးဖြားလာျခင္းကို ေရြးခ်ယ္ပိုင္ခြင့္မရွိပါဘူး။

သူလည္း နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္းအျဖစ္ ေမြးလာပါလုိ႔ ဆုေတာင္းခဲ့တာမွမဟုတ္တာ။

ဒီလုိပါပဲ အကုန္လံုးက သူ႔ဟာနဲ႔သူ ျဖစ္လာၾကတာ။

အပိုင္း - ၂ : ေမရီ

'လူတုိ႔သည္ ကိုယ္မတတ္သာသည့္ အရာတုိ႔ေၾကာင့္ျဖစ္လာသည့္ ကိုယ့္စိတ္ဝန္ထုတ္သက္သာေစရန္အလုိ႔ငွာ အျခားသူမ်ားအေပၚတြင္ အျပစ္ပံုခ်တတ္ၾက၏။'

"ဟဟ မင္း ဒါေလးေတာင္လန္႔ေနတယ္ဆုိရင္ ငါနဲ႔အတူေနရင္ အသက္တိုမွာပဲ..."

တံျမက္စည္းပ်ံေပၚမွ ျမင္ကြင္းေၾကာင့္ သူသည္ တံျမက္စည္းပ်ံ၏ အရိုးတံကို တင္းၾကပ္စြာကုတ္တြယ္ထားခဲ့သည္။ ျပဳတ္သာက်လိုက္လွ်င္ သူေတာ့ တန္းေသမွာပါပဲ။

ေမရီသည္ သူ႔ကို ေခၚသြားသည္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သူသည္ ေမရီႏွင့္အတူ ရွိေနခြင့္ရၿပီ။ ေမရီသည္ သူ႔ကို ကာကြယ္ႏိုင္မည့္တစ္ဦးတည္းေသာသူ။ ေမရီ႕အေၾကာင္းကို သူ အမ်ားႀကီးၾကားဖူးသည္။

မီးခိုးေရာင္စုန္းကေဝတစ္ဦး။ လွပသည့္ ေကာ္ဖီေရာင္လိႈင္းတြန္႔ဆံပင္မ်ားျဖင့္၊ သူမသည္ အနက္ေရာင္ႏွင့္ေရႊဝါေရာင္ဂါဝန္ရွည္ကိုသာ ဆင္ျမန္းတတ္သည္။ ရံဖန္ရံခါတြင္ စုန္းမဦးထုပ္ရွည္ေဆာင္းလာတတ္ေသာ္လည္း မ်ားေသာအားျဖင့္ေတာ့ သူမသည္ ျခင္းေတာင္းတစ္လံုးျဖင့္သာ လာတတ္၏။ ေမရီဘယ္ဆီတြင္ေနမွန္း မည္သူမွ်မသိ။ သို႔ေသာ္ ေမရီသည္ ထိုၿမိဳ႕ေလးသို႔ လာတတ္၏။ သူမ လာတုိင္း လူတုိ႔က တစ္ခုမဟုတ္တစ္ခု သူမကို အႏၱရာယ္ျပဳမူတတ္ၾကသည္။

သို႔ေသာ္လည္း ေမရီသည္ ၿမိဳ႕ထဲတြင္ သူမကို မည္သူက ဘာလုပ္လုပ္၊ ဘာေျပာေျပာ တံု႔ျပန္ျခင္းမျပဳ။

သူမသည္ ဘယ္အခ်ိန္ကတည္းက ရွိေနသည္လဲ မသိ။ လူတုိ႔သည္ အစဥ္အဆက္သူမကို ေၾကာက္ရြံ႕ၾကသည္။ သူမကို လူတုိ႔သည္ ပစ္ပယ္ၾကသည္။ သို႔ေသာ္ ေမရီသည္ သန္မာသည္။ ေမရီသည္ မည္သူကိုမွ်မေၾကာက္ရြံ႕။ ေမရီ႕ကိုသာ အကုန္လံုးက ေၾကာက္ရြံ႕ၾကသည္။

သူ႔မိခင္သည္ သူ႔ကို သံုးႏွစ္တိတိကိုယ္ဝန္လြယ္ခဲ့ရ၏။ ေမရီသည္ သူ႔မိခင္ႏွင့္ပတ္သက္သည့္ အခ်ိန္ကိုပင္ မမွတ္မိ။ ဒါကလည္းသူ႔ရဲ႕ေမြးဖြားျခင္းဆုိတာက ေမရီ႕အတြက္နည္းနည္းေလးပင္ အေရးမပါတာေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။

သူသည္ ေမြးစကတည္းက ယခု အသက္ခုနစ္ႏွစ္အထိ အမည္ေလးပင္ မရွိသည့္ လူသားတစ္ပိုင္းနတ္ဆိုးတစ္ပိုင္း ေကာင္ကေလးတစ္ေယာက္သာျဖစ္သည္။ သူသည္ ေမြးစကတည္းက အာရံုငါးပါး အလုပ္လုပ္ခဲ့သည္။ ေမြးစကတည္းက သူသည္ စကားေျပာတတ္ၿပီ။ သူ႔တြင္ ခပ္ခြ်န္ခြ်န္နားရြက္မ်ားရွိ၏။ မွင္စာနားရြက္ဟု လူတုိ႔ကေခၚၾကေသာ္လည္း နတ္ဆိုးမ်ားသည္လည္း ထိုသို႔ေသာ နားရြက္မ်ားရွိသည္ဟု သူထင္သည္။ ဘာေၾကာင့္ဆုိ သူ႔ဖခင္က နတ္ဆိုးတစ္ပါးေလ။ သူ႔မိခင္ကလူမုိ႔ သူ႔တြင္ နားရြက္ဝိုင္းမရွိဘဲ နားရြက္ခြ်န္ေနကတည္းက ေသခ်ာေပါက္ သူ႔ဖခင္တြင္ ထိုသို႔ေသာ နားရြက္မ်ားရွိေနလုိ႔ေပါ့။ ထို႔အျပင္ သူ႔တြင္ မညီညာသည့္ သြားမ်ားလည္းရွိသည္။ ခပ္ခြ်န္ခြ်န္သြားမ်ားက ေကာင္းေကာင္းအမဲလုိက္၍ရသည္။ သူ႔တြင္ အနက္ေရာင္လင္းႏို႔ေတာင္ပံေသးေသးေလးမ်ားလည္းရွိေသး၏။ ထိုေတာင္ပံမ်ားက သူ႔ရဲ႕အစြမ္းေပၚမူတည္ၿပီး ေျပာင္းသြားလိမ့္မည္ဟု သခ်ိဳၤင္းတြင္းမွ ဝိညာဥ္အခ်ိဳ႕က ဆိုၾကသည္။ ေနာက္ေတာ့ သူ႔မ်က္လံုးမ်ားက အဝါေရာင္။ ဒါက နတ္ဆိုးအဆင့္ေပၚမူတည္သည့္ မ်က္လံုးမ်ားဟုလည္း ထိုဝိညာဥ္မ်ားက ေျပာၾကေသးသည္။

သူ႔မိခင္သည္ သူ႔ကို မေမြးဖြားခင္တြင္ ေသဆံုးခဲ့ရ၏။ ေမြးဖြားလုနီးနီးအခ်ိန္ဟု သူ ေျပာရလိမ့္မည္။ သံုးႏွစ္ၾကာသည့္တုိင္ မေမြးဖြားႏိုင္သည့္ သူ႔ကို ၿမိဳ႕ထဲရိွလူတုိ႔သည္ ၿမိဳ႕ျပင္သခ်ိဳၤင္းသို႔ ထုတ္ကာ ပစ္ထားခဲ့ၾက၏။ သူ႔အဖိုး... အင္း သူ တစ္ႀကိမ္ေလးေတာင္ မျမင္ဖူးခဲ့သည့္ သူ႔အဖိုးသည္လည္း အမ်ားႏွင့္တစ္ေယာက္ျဖစ္သြားပံုရကာ သူ႔မိခင္ကို လက္ေလွ်ာ့လုိက္ပံုရသည္။

အကုန္လံုး... အျပစ္အကုန္လံုးကို သူ႔အေဖဆီကို ပံုခ်လုိက္ခဲ့၏။ ဘာေၾကာင့္မ်ား ဖခင္ျဖစ္သူဟာ နတ္ဆိုးတစ္ပါးျဖစ္ပါလ်က္ႏွင့္ မိခင္ျဖစ္သည့္ လူသားတစ္ပါးကို ခ်စ္ခဲ့ပါလိမ့္ေပါ့။ သမီးျဖစ္သူ သူ႔ရဲ႕မိခင္ဟာလည္း ဘာေၾကာင့္မ်ား နတ္ဆိုးတစ္ပါးကို တြယ္တာသြားရေလလဲေပါ့။

လူတုိ႔၏ စိတ္ႏွလံုးသည္ ထိုသို႔ထူးဆန္းသည္။ လူတုိ႔သည္ အလြန္လည္းခ်စ္တတ္ၾကသလုိ၊ အလြန္လည္း ရက္စက္တတ္ၾကသည္။

ထိုသို႔ျဖင့္ သူ႔မိခင္သည္ ေသဆံုးခဲ့ရသည္။ သူ႔ဖခင္ကေတာ့ ဘယ္ဆီေနမွန္း မသိ။ သူ႔မိခင္ေသဆံုးသည္ႏွင့္ သူသည္ သူ႔မိခင္၏ ကိုယ္ထဲမွ တိုးထြက္လာႏိုင္ခဲ့သည္။

စင္စစ္သူသည္ မေမြးဖြားရမည့္ ဇာတာပိုင္ရွင္ေပ။ စုန္းအဖြဲ႕အစည္းႏွင့္ လူတုိ႔မသိသည့္အရာမ်ားကို ေစာင့္ၾကပ္ရသည့္ ေစာင့္ၾကပ္သူမ်ားသည္ သူ႔ေမြးဖြားျခင္းကို ေစာင့္ၾကည့္ေနခဲ့ၾကသည္။

ဝိညာဥ္မ်ား၏ ေျပာျပခ်က္အရဆိုလွ်င္...

ေမရီသည္ သူ႔မိခင္ေသအံ့ဆဲဆဲျဖစ္ေနခ်ိန္တြင္ တုိက္ဆုိင္စြာေရာက္ရွိခဲ့ၿပီး မိခင္ျဖစ္သူက သူ႔ကိုေမြးဖြားႏိုင္ရန္ ကူညီဖို႔ ေတာင္းပန္ခဲ့၏။ ေမရီသည္ ထူးဆန္းသည္။ သူမသည္ မည္သည့္အရာကိုမွ်ဂရုမစိုက္။ သို႔ေသာ္ သူမသည္ ေၾကာင္တစ္ေကာင္ကဲ့သုိ႔ ေတာက္ေျပာင္သည့္ အရာမ်ားကို ႏွစ္သက္သည္။ ထို႔အတြက္ ေရႊဒဂၤါးမ်ားႏွင့္ရတနာမ်ားသည္ သူမတြင္ အေျမာက္အျမားရွိသည္။ အခ်ိဳ႕က သူမသည္ ရတနာမ်ားကို စုေဆာင္းသည့္ နဂါးမ်ားထက္ပင္ ၾကြယ္ဝေသးသည္ဟု ဆုိၾကေသး၏။

မိခင္၏ ေရႊဒဂၤါးမ်ားအကုန္ယူ၍ရသည္ဟူသည့္ ကမ္းလွမ္းခ်က္ကို ေမရီသည္ လက္ခံခဲ့ၿပီး သူ႔ကို ေမြးဖြားႏိုင္ရန္ ကူညီေပးခဲ့သည္။ တုိတုိတုတ္တုတ္ေျပာရလွ်င္ေတာ့ သူ႔အသက္က ေမရီေပးခဲ့သည္ဟု ဆုိရမည္ေပါ့။

ေမရီသည္ သူ ေမြးဖြားရေအာင္ ကူညီေပးၿပီးသည္ႏွင့္ ေပ်ာက္ကြယ္သြားခဲ့၏။ ေမရီ႕အေတြးက ထိုသို႔ ျဖစ္ေလာက္သည္။

'ငါတာဝန္ရွိတာက အဲ့ဒီ ေကာင္စုတ္ကေလး မင္းဗိုက္ထဲကထြက္လာဖို႔ပဲ... သူအသက္ရွင္တာမရွင္တာက ငါနဲ႔မဆုိင္ဘူး'

တကယ္လည္း ထုိသို႔သာျဖစ္သည္။ ေမရီသည္ သူ႔ကို လူ႔ေလာကထဲ ေရာက္လာဖို႔အတြက္ လုပ္ေပးခဲ့တာကိုပင္ ေမ့သြားခဲ့ၿပီ။ အခ်ိန္က ခုနစ္ႏွစ္ေလာက္ေလးရွိေသးသည္ကို ေမရီသည္ လံုးလံုးထိုကိစၥကို ေမ့သြားခဲ့ၿပီ။ သူမႏွင့္ေၾကာင္နက္က သူတုိ႔ဆံုခဲ့ဖူးသည့္ အခ်ိန္ကိုပင္ ကေပါက္တိကေပါက္ခ်ာေျပာေနၾကေသးသည္။ ေသခ်ာေပါက္ ေမရီက အျဖစ္အပ်က္ကိုမွတ္မိၿပီး အခ်ိန္ကိုေတာ့ ေမ့ေနေခ်ၿပီ။

သူ အျပင္ေရာက္လာခ်ိန္တြင္ အႏၱရာယ္တစ္စံုတစ္ရာမွ မၾကံဳေတြ႔ခဲ့ရ။ သူ႔ကို သုႆန္မွ ဝိညာဥ္ဆိုးမ်ားက ေစာင့္ေရွာက္ၾကသည္။ သူက လူတစ္ပိုင္းနတ္ဆိုးတစ္ပိုင္းျဖစ္ေသာ္လည္း သူ႔ဖခင္က နတ္ဆိုးမ်ားအၾကားတြင္ အင္အားႀကီးမားသည့္ နတ္ဆိုးတစ္ပါးျဖစ္သည္မုိ႔ သူ႔ကို ေတာ္ေတာ္မ်ားမ်ားက ေကာင္းေပးၾကသည္။ အေရွ႕တြင္ ဘာျဖစ္လာမည္ဆုိသည္ကို မည္သူမွ် မသိႏုိင္ဘူးေလ။ မေတာ္တဆ သူက မေသခဲ့ဘဲ သူ႔အေပၚ မေကာင္းခ့ဲသည့္ သူမ်ားကို သူ႔အစြမ္းမ်ား ႏိုးၾကားလာပါက ျပန္လည္ လက္စားေခ်မည္ဆိုလွ်င္ မည္သို႔မ်ားလုပ္ၾကမလဲ။ ထိုအေတြးျဖင့္ ဝိညာဥ္ဆိုးမ်ားႏွင့္အျခားေသာ သတၱဝါမ်ားသည္ သူ႔အေပၚ ေကာင္းၾကသည္။

တကယ္လည္း ထိုသူတုိ႔သည္ ထိုသို႔ေတြးထားျခင္းက မွန္ကန္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ အစြမ္းမ်ား ႏိုးၾကားလာပါက သူ႔ကို အႏုိင္က်င့္ခဲ့၊ သူ႔အေပၚကို မေကာင္းၾကံသည့္ သူ အားလံုးကို ျပန္လည္ လက္စားေခ်ရန္ ရည္ရြယ္ထားသည္။ သူက ထိုသို႔ သေဘာထားေသးသိမ္သည့္ ကေလးေလးတစ္ေယာက္ပါေခ်။ သူ႔ကို သေဘာထားႀကီးရန္၊ အျခားသူမ်ားကို ခြင့္လႊတ္ရန္ သင္ၾကားေပးမည့္သူကလည္း မရွိဘူးေလ။

ေမရီကေရာ...

သူ စဥ္းစားၾကည့္၏။ ေလပူတစ္ခ်က္သာမႈတ္ထုတ္ၿပီး ခပ္လွမ္းလွမ္းကို ေငးၾကည့္ကာ သူ ဆက္ေတြးသည္။

ေမရီ႕ကိုၾကည့္ရတာ သူ႔ကို အေရးလုပ္မဲ့ပံုလည္းမေပၚပါဘူး။

"ငါတုိ႔ ေရာက္ၿပီ..."

ေမရီ႕အသံၾကားခ်ိန္တြင္ သူ႔အေတြးသည္ ျပတ္ေတာက္သြားရ၏။ စိမ္းစိုသည့္ ေတာင္ကုန္းတစ္ခု။ အဝါေရာင္ပန္းခင္းကို သူ တအံ့တၾသၾကည့္၏။ ေနၾကာပန္းမ်ား။ ေမရီသည္ ေနၾကာပန္းမ်ားကို ႏွစ္သက္သည္လား။ ေနၾကာပန္းခင္းႀကီး၏ အဆံုးတြင္ေတာ့ ႀကီးမားသည့္ ရဲတုိက္တစ္ခု။ ထိုရဲတိုက္တြင္ ေမရီတစ္ေယာက္တည္း ေနပံုရသည္။ ႀကီးမားသည့္ ရဲတိုက္ထဲတြင္ ေမရီဆုိသည့္ စုန္းမေလးတစ္ေယာက္သာ ေနသည္လား။ ဘယ္ေလာက္မ်ား အထီးက်န္လိုက္သလဲ။

အကယ္၍ ထိုသို႔ေတြးသည္ဆုိလွ်င္ေတာ့ သင္ အမွားႀကီး မွားခဲ့ေပလိမ့္မည္။

"သခင္မ ျပန္လာၿပီ..."

ေမရီ၏ တံျမက္စည္းပ်ံသည္ ေနၾကာပန္းခင္းအစပ္တြင္ ရပ္လိုက္သည္ႏွင့္ ျခံဝန္းတံခါးသည္ ပြင့္လာခဲ့ၿပီး မိုးမခပင္ႏွစ္ပင္သည္ ယိမ္းႏြဲ႔ကာ ခရီးဦးႀကိဳျပဳၾက၏။ ေမရီသည္ မိုးမခပင္ ႏွစ္ပင္ကုိ ၾကည့္ကာ...

"ငါ မရွိတုန္း ဘာေတြျဖစ္သြားေသးလဲ..."

"ဘယ္သူမွ မလာရဲပါဘူး သခင္မ..."

"အင္း..."

မိုးမခပင္၏ ပင္စည္မ်ားတြင္ မ်က္ႏွာပံုစံတစ္ခုရွိေလ၏။ စကားေျပာတတ္သည့္ မိုးမခပင္ကို သူၾကည့္ျဖစ္သည္။ စကားေျပာတတ္သည့္ သစ္ပင္မ်ားက သူ႔အတြက္ အထူးအဆန္းေတာ့လည္း မဟုတ္။ သူက လူမ်ားႏွင့္ႀကီးျပင္းခဲ့သည့္ သူမွ မဟုတ္တာ။

"ဒီကေလးက..."

မိုးမခင္ပင္ႏွစ္ပင္အနက္မွ ဘယ္ဘက္တြင္ရွိသည့္ မိုးမခပင္သည္ ေမးခြန္းထုတ္လာေလ၏။

ထိုမိုးမခင္ပင္ႏွစ္ပင္သည္ ေမရီ၏ ပိုင္နက္ကို ေစာင့္ေရွာက္ရသည့္ ေစာင့္ၾကပ္သူႏွစ္ပါးျဖစ္သည္။ သူတို႔သည္ ေမရီ႕အခြင့္ရွိသည့္ သူမ်ားကုိသာ ေမရီ႕ပိုင္နက္ထဲကို ဝင္ခြင့္ေပးၾက၏။ ေမရီသည္ သူမ အခြင့္ေပးသည့္သူမ်ားကို မိုးမခပင္မ်ားကို အလ်င္ျပသေလ့ရွိသည္။ မဟုတ္လွ်င္...

မိုးမခပင္မ်ား၏ သစ္ကိုင္းမ်ားတြင္ စြန္းေနသည့္ေသြးမ်ားက မနည္းလွ။

ေမရီသည္ ရန္သူမ်ားသည္ စုန္းမေလးတစ္ေယာက္လည္းျဖစ္သည္။ သူမကို သူမ၏ မ်ိဳးႏြယ္တူ စုန္းမ်ားကလည္း မုန္းတီးၾကသလုိ၊ ေစာင့္ၾကပ္သူမ်ားကလည္း မုန္းတီးၾကသည္။ ေနာက္ၿပီး... လူသားမ်ားကလည္း ေၾကာက္ရြံ႕မုန္းတီးၾကသည္။

သူမသည္ တစ္ကိုယ္တည္းေနထိုင္၏။ သူမ တစ္ကိုယ္တည္းေနထိုင္ခဲ့တာ ဘယ္အခ်ိန္ကတည္းကမွန္း မသိ။ သူမသည္ သာမန္စုန္းမေလးတစ္ေယာက္သာ ျဖစ္သည္။ သူမကိုယ္သူမကေတာ့ သာမန္စုန္းမေလးဟု အၿမဲတမ္းသတ္မွတ္ထားတာေပါ့။ အျခားသူတုိ႔ကေတာ့ ထိုသို႔မသတ္မွတ္ထားတာ အေသအခ်ာပါေလ။

"ငါ ေကာက္လာတာ... သူက နင္တုိ႔လုိပဲ ငါ့ကြ်န္ျဖစ္လာလိမ့္မယ္..."

ေမရီသည္ ခပ္ေအးေအးေျပာ၏။

"ဟုတ္..."

သခင္မ၏ စကားကို မိုးမခပင္မ်ားသည္ နာခံ၏။ သူတုိ႔သည္ ကိုယ္ကိုယိမ္း၍ ေမရီ ေျမေပၚတြင္ ပစ္ခ်လိုက္သည့္ ေကာင္ကေလး၏ အနံ႔ကို မွတ္သားေလ၏။

ေကာင္ကေလးသည္ တံျမက္စည္းပ်ံေပၚမွ ေျမေပၚသို႔ ပစ္ခ်ခံလုိက္ရမႈေၾကာင့္ ခ်က္ခ်င္းျပန္မထႏိုင္ေသး။ သူ႔ကိုယ္သူ ပစ္ခ်ခံလိုက္ရသည္ကိုေတာင္ မသိလုိက္။ သူ သတိဝင္လာခ်ိန္တြင္ မိုးမခပင္ ႏွစ္ပင္သည္ သူ႔ဆီသို႔ ယိမ္းလာေနေခ်ၿပီ။ ေခါင္းေပၚတြင္ လက္ကေလးတင္ကာ သူသည္ သူ႔ကိုယ္သူ ေဘာလံုးတစ္လံုးလုိ လံုးေန၏။

ေၾကာင္မည္းဝတုတ္သည္ ထိုအျပဳအမူကို ၾကည့္ၿပီး တဟားဟားရယ္ေနခဲ့သည္။ ေမရီကေတာ့ သူမႏွင့္မဆုိင္သလို ခပ္ေအးေအးၾကည့္ေနခဲ့ၿပီး...

"ေသာက္ကေလး..."

သူမ၏ လွမ္းေခၚမႈေၾကာင့္ သူ႔အနံ႔ကို မွတ္ေနသည့္ မိုးမခပင္မ်ားသည္ ျပန္ေထာင္မတ္သြား၏။ ေျမေပၚတြင္ ဝပ္ေနသည့္ သူသည္လည္း ေခါင္းေထာင္ကာ သူမကို ၾကည့္ေလသည္။

ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ ျပန္ထိုင္ေနခဲ့ၿပီ။ အနက္ေရာင္ သံပန္းတံခါးသည္လည္း သူမ ဝင္၍ရေအာင္ ဖြင့္ေပးထားခဲ့ၿပီ။ သူမက သူ႔ကို ၾကည့္ကာ တိရိစၦာန္ငယ္ေလးတစ္ေကာင္ကို အႏုိင္က်င့္ေတာ့မည့္ သခင္တစ္ဦး၏ မ်က္ႏွာမ်ိဳးျဖင့္...

"ဒီျခံထဲကို ကိုယ့္ဘာသာ လမ္းေလွ်ာက္ဝင္ခဲ့ေတာ့ ငါ အိမ္ထဲက ေစာင့္ေနမယ္..."

ေျပာၿပီးသည္ႏွင့္ သူမသည္ တံျမက္စည္းပ်ံကို စည္းရင္း ဝင္သြားခဲ့သည္။ သူသည္ စကားတစ္ခြန္းမွ မေျပာႏုိင္ဘဲ ထြက္သြားသည့္ ေမရီ႕ကိုသာ ၾကည့္ႏိုင္ခဲ့၏။ သူ႔ မ်က္ႏွာသည္ ျဖဴေလ်ာ့ေနခဲ့သည္။

ဒီ ျခံအက်ယ္ႀကီးကို သူ ဘယ္လုိလုပ္ၿပီး လမ္းေလွ်ာက္ဝင္ရမွာလဲ! အနည္းဆံုး ဒါက ေန႔တစ္ဝက္ေလာက္ ေလွ်ာက္ရမွာေလ! သူ ေန႔ခင္းေလာက္မွ အဲ့ဒီရဲတိုက္ဆီကို ေရာက္မွာေပါ့!

ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ ထုိင္ေနရင္းမွ သေဘာက်စြာ ရယ္ေလ၏။ ေၾကာင္မည္းဝတုတ္ကို သူမ ၾကည့္ကာ...

"မည္းလံုး... သူ႔အေဖက နတ္ဆိုးဘုရင္မဟုတ္လား..."

"အင္း..."

"ငါ နတ္ဆိုးေတြနဲ႔ အဆက္အဆံေတာ့ သိပ္မလုပ္ခ်င္ဘူး ဒါေပမဲ့..."

ေမရီသည္ ညစ္က်ယ္က်ယ္ျပံဳး၏။

"နတ္ဆိုးေတြက ငါ့အေပၚအေၾကြးတင္ထားလည္း မဆိုးလွပါဘူး..."

သူမသည္ ခပ္တိုးတိုးရယ္ျပန္သည္။ ေလအေဝ့တြင္ ေနၾကာပန္းခင္းမ်ားသည္ ယိမ္းႏြဲ႔လ်က္။ ထိုေန႔က လျပည့္ညမို႔ ပတ္ဝန္းက်င္တစ္ခုလံုးသည္ လေရာင္ျဖင့္ ျမင္ကြင္းအားလံုးကို ရွင္းလင္းစြာ ျမင္ႏုိင္ခြင့္ကိုေပးသည္။

ဝိုင္းစက္စက္ထိန္လင္းေနသည့္လတစ္စင္း၊ ဆံုးစမဲ့က်ယ္ျပန္႔သည္ဟု ထင္ရသည့္ ေနၾကာပန္းခင္းတစ္ခု၊ ထိုေနၾကာပန္းခင္းအေပၚတြင္ တံျမက္စည္းပ်ံတစ္ေခ်ာင္းေပၚတြင္ ထိုင္ေနသည့္ လွပပ်ိဳျမစ္သည့္ စုန္းမတစ္ဦး။ တံျမက္စည္းေမႊးမ်ားေပၚတြင္ ထုိင္ေနသည့္ ေၾကာင္နက္ဝတုတ္တစ္ေကာင္၊ ေနၾကာပန္းခင္းစပ္တြင္ ရွိေနသည့္ အနက္ေရာင္သတၱဳျဖင့္လုပ္ထားသည့္ သံပန္းတံေရွ႕တြင္ လူတစ္ပိုင္း၊နတ္ဆိုးတစ္ပိုင္း ေကာင္ကေလးတစ္ဦးႏွင့္ မိုးမခပင္ႏွစ္ပင္။

ထိုေနရာသည္ လူတုိင္းေရာက္ခြင့္ရွိသည့္ ေနရာမဟုတ္။ ထိုေနရာကို ျပန္လမ္းမဲ့ေတာအုပ္ဟုေခၚသည္။ ထိုေတာအုပ္တြင္ စုန္းကေဝမ်ားေနၾက၏။ ျပန္လမ္းမ့ဲေတာအုပ္ဟု အမည္တြင္ရျခင္းသည္ ထိုေတာအုပ္တြင္ ေနထိုင္သူသာ မဟုတ္လွ်င္ ထိုေတာအုပ္သည္ အႏၱရာယ္မ်ားသည့္အျပင္ က်ဴးေက်ာ္ဝင္ေရာက္လာသူတုိင္းကို ေတြ႔ရွိသည့္ စုန္းႏွင့္ သားရဲတုိ႔က သတ္ျဖတ္တတ္ၾက၍ပင္။ ထိုေတာအုပ္ကို လူတုိ႔သည္ ရွိမွန္းသိေသာ္လည္း မည္သူမွ် ေတာအုပ္ထဲ မဝင္ရဲ။ ဝင္သည့္သူတုိင္းသည္လည္း ျပန္ထြက္လာႏိုင္ျခင္းမရွိ။

ထိုေတာအုပ္သည္ အလြန္က်ယ္ျပန္႔၏။ ထိုေတာအုပ္သည္ အလြန္နက္ရိႈင္းသည္။ ထိုေတာအုပ္၏ အတြင္းပိုင္းသည္ အလြန္လွပၿပီး ထိုေတာအုပ္ထဲတြင္ ေမရီအပါအဝင္ အျခားေသာ စုန္းကေဝမ်ားလည္း ေနထုိင္ၾကသည္။ သို႔ေသာ္ ေမရီေနထိုင္သည္က ေတာအုပ္၏ အနက္ရိႈင္းဆံုးအပိုင္းတြင္ျဖစ္ၿပီး ေတာအုပ္၏ တစ္ဝက္ခန္႔ကို ေမရီ ပိုင္ဆုိင္သည္။ ေမရီသည္ ႀကီးမားသည့္ ေတာအုပ္ထဲတြင္ တစ္ေယာက္တည္းေနထုိင္ၿပီး ၾကြယ္ဝသည့္ စုန္းမေလးတစ္ေယာက္ပင္။ ယခုေတာ့ သူမ၏ ပိုင္နက္ထဲေသာ အျခားေသာ သက္ရွိေလးတစ္ေယာက္သည္ ေရာက္လာခဲ့ၿပီ။ ထိုသက္ရွိေလးက ပထမဆံုးမဟုတ္ေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးခ်ိန္တြင္ ေမရီ႕ပိုင္နက္ထဲသို႔ ေျခခ်ခြင့္ရွိသည့္ သက္ရွိေကာင္ကေလးေပါ့။

----------





rate now:

3 Reviews
  • reader Hell flower 15.11.2021, 02:15 5

    ❣️❣️❣️❣️❣️

    reply

  • reader ChenBaiLian610099 17.02.2020, 15:51 5

    🌟🌟🌟🌟🌟

    reply

  • reader ChanyeollieKhwarnyo912 15.02.2020, 14:08 5

    🌼

    reply