Unicode
ဤလောကတွင် စာချုပ်ပေါင်းမြောက်မြားစွာရှိ၏။
စုန်းတို့သည် စာချုပ်များဖြင့် တစ်ဖက်၏ အသက်၊ တစ်ဖက်သူ၏ အစွမ်းကို ထိန်းချုပ်တတ်ကြသည်။
ရေပန်းစား၊ လူသုံးများသည့် စာချုပ်များသည် သခင်-ကျေးကျွန်စာချုပ်၊ ဆရာ-တပည့်စာချုပ်တို့ဖြစ်၏။
တစ်ယောက်၏အသက်ကိုတစ်ယောက်ပေးနိုင်လောက်သည်အထိ ယုံကြည်ပြီး ချစ်နိုင်သူများကတော့
အသက်နှောင်ကြိုးစာချုပ်ကို ချုပ်ဆိုကြသည်။
အသက်နှောင်ကြိုးစာချုပ်၏ အားနည်းချက်သည်ကား တစ်ယောက်သေဆုံးလျှင် စာချုပ်အတူချုပ်ဆိုသည့် နောက်တစ်ယောက်ပါ လိုက်ပါသေဆုံးရခြင်းဖြစ်၏။
ထို့အတွက် အတော်များများသည် ထိုစာချုပ်ကို ချုပ်ဆိုကြခြင်းမရှိပေ။
အပိုင်း - ၁၆ : တပည့်အဖြစ်လက်ခံခြင်း။
‘တစ်စုံတစ်ယောက်က မိမိကို ကယ်တင်ခြင်းသည် ကယ်တင်လိုစိတ်သက်သက်ကြောင့်တော့ အကြိမ်တိုင်းမဖြစ်တန်ရာ။’
“ဖိုခန္ဓာပိုင်ဆိုင်တဲ့သူတွေက သတိထားနေသင့်တယ်…”
ပြောပြီးနောက် မေရီသည် အဲရစ်ဖျော်ပေးသည့် လက်ဖက်ရည်ကို တစ်ငုံသောက်ကြည့်၏။
“ဒါက လက်ဖက်ရည်ရောဟုတ်ရဲ့လား…”
သူမကိုယောင်နနကြည့်နေသည့် အဲရစ်ကို လှမ်းမေးဖြစ်သည်။
“အရသာမရှိဘူး အသစ်သွားဖျော်…”
“ကျွန်တော်မှ လက်ဖက်ရည်တစ်ခါမှ မဖျော်ဖူးတာ…”
အဲရစ်၏ စောဒကတက်နေမှုကို မေရီသည် လှမ်းကြည့်၍…
“ဘယ်သူမှတော့ မွေးကတည်းက မလုပ်တတ်ဘူး အကုန်လုံးက သင်ယူရတာချည်းပဲလေ… နောက်ပြီး အရသာ ရှိတယ်မရှိဘူးဆိုတာက…”
အဲရစ်သည် ရေနွေးစပ်နေရင်းမှ အနောက်သို့လှည့်ကြည့်၏။ မေရီသည် သူ့အနားသို့လျှောက်လာကာ…
“သူများတွေကတော့ စေတနာဘာညာသာရကာပြောကြပေမဲ့…”
မေရီသည် အဲရစ်ကို ဘေးသို့တွန်းပို့ကာ မိမိဘာသာဖျော်လေ၏။
“ငါကတော့ ကိုယ့်အတွက်ကိုယ်အရသာရှိအောင် ဖျော်ရင် အလိုလိုအရသာရှိသွားမယ်လို့ထင်တယ်…”
ဖျော်ပြီးသည့် လက်ဖက်ရည်ကို ဇွန်းဖျားဖြင့် အသာမြည်းကြည့်ကာ စိတ်ကျေနပ်မှုဖြင့် ခေါင်းညိတ်၍ တစ်ဇွန်းခပ်ကာ အဲရစ်ဘက်သို့ လှည့်ခွံ့လေ၏။
အဲရစ်သည် ခုံခုကာ ရပ်နေသည်မို့ အဲရစ်ကိုခွံ့တိုက်ရာတွင် မေရီသည် ကိုယ်ကို သိပ်ညွှတ်ကိုင်းခြင်းမပြုလိုက်ရ။
“ကိုယ့်ရဲ့အရသာခံနိုင်မှုကို မူတည်ပြီး ကောင်းမကောင်းက ဆုံးဖြတ်လို့ရတယ်မဟုတ်လား…”
တစ်ဇွန်းစာ လက်ဖက်ရည်သည် အဲရစ်၏ ခံတွင်းထဲရောက်သွားသည်နှင့် မေရီသည် အဲရစ်ကို ပြုံး၍ကြည့်ကာ…
“ကောင်းတယ်မဟုတ်လား…”
အဲရစ်၏ ခေါင်းညိတ်ပြမှုကြောင့် မေရီတစ်ယောက် စိတ်ကျေနပ်သွားကာ…
“ကောင်းမှာပေါ့ ငါက အကောင်းပဲကြိုက်တာကိုး…”
ပြောပြီးနောက် မေရီသည် ထိုင်ခုံတွင် ထိုင်လိုက်လေ၏။ ရပ်နေသေးဆဲဖြစ်သည့် အဲရစ်ကို ကြည့်ကာ…
“ခုတင်ပေါ်မှာထိုင်…”
“ဟုတ်…”
ထိုသို့ဖြင့် သူမက ထိုင်ခုံပေါ်တွင် အဲရစ်က ခုတင်ပေါ်တွင် ခပ်ကျုံ့ကျုံ့ဖြင့် နှစ်ဦးသားရှိနေခဲ့ကြသည်။
“အစောက စကားကိုဆက်ရရင်တော့ မင်းက ဖိုခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်… ဖိုခန္ဓာကိုယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုထဲမှာ ဝိညာဉ်တစ်ခုထက်ပိုပြီး ထိန်းသိမ်းနိုင်တဲ့ ခန္ဓာကိုယ်လိုမျိုးပဲ…”
သူမ၏ စကားကိုနားထောင်နေသည့် အဲရစ်ကို မေရီသည် ဆက်ရှင်းပြ၏။
“လူ့ခန္ဓာကိုယ်ကို ထည့်စရာခွက်လို့သဘောထားမယ်ဆိုရင် ဝိညာဉ်ဆိုတာ ထည့်မဲ့ခန္ဓာကိုယ်နဲ့ကွက်တိ လုပ်ထားတဲ့ အရည်ပဲ… ထည့်စရာခွက်နဲ့အရည်က အမြဲကွက်တိကျတယ် လျှံလည်းမကျသလို ခွက်ထဲမှာလည်း နေရာလွတ်ဆိုတာမရှိဘူး…”
မေရီသည် ကိုယ်တိုင်ဖျော်ထားသည့် လက်ဖက်ရည်ကို ငုံ့သောက်လေသည်။ ထို့နောက် ဆက်၍…
“ဒါက ပုံမှန်ပဲပေါ့… ဒါကြောင့် ခန္ဓာတစ်ခုထဲမှာ အခြားဝိညာဉ်ရှိပြီဆိုရင် ငါတို့တွေက သိနိုင်ကြတာ… ဒါပေမဲ့ ဖိုခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့သူတွေကကျတော့ မတူဘူး…”
လက်ဖက်ရည်ခွက်ကို ခုတင်အနီးရှိ စားပွဲလေးတွင်တင်ကာ သူမ၏ လက်ကိုဆန့်တန်း၍ မေရီသည် အဲရစ်၏ ရင်ဘတ်ကို အသာလှမ်းကိုင်၏။ ရုတ်တရက် သူ့ ရင်ဘတ်သို့ ထိလိုက်သည့် မေရီ၏ လက်ချောင်းများကြောင့် အဲရစ်ကိုယ်လုံးသည် တောင့်သွားခဲ့သည်။
“ငါ မင်းကို ဘာမှမလုပ်ပါဘူး ဒါကြောင့် မကြောက်ပါနဲ့…”
ပြောသာပြောသော်လည်း လက်သည်မရုတ်သွားခဲ့။ သူမ၏ လက်ချောင်းများသည် သူ့ရင်ဘတ်ပေါ်တွင် ပြေးလွှားနေခဲ့သည်။
“ဖိုခန္ဓာကိုယ် ပိုင်ဆိုင်တဲ့သူတွေက ဝိညာဉ်တစ်ခုထက်ပိုပြီး ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းနိုင်တယ်…နောက်ပြီးတော့…”
မေရီ၏လက်ချောင်းများသည် အဲရစ်၏ ရင်ဘတ်ပေါ်မှတစ်ဆင့် နှုတ်ခမ်းများဆီတက်လာ၏။ အောက်နှုတ်ခမ်းများကို ခပ်ဖွဖွထိလာသည့် လက်ချောင်းများကြောင့် အဲရစ်၏ နှုတ်ခမ်းများသည် ခပ်ဟဟ ဖြစ်သွားရသည်။ အလိုက်သင့်နေပေးလာသည့် အဲရစ်ကြောင့် မေရီသည် စိတ်ကျေနပ်စွာ ပြုံးပြန်သည်။
“ဖိုခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားကိုလည်း မြန်မြန်တက်စေတယ်… ဒါကြောင့်အဲရစ်… မင်းမှာ ဖိုခန္ဓာရှိတယ်ဆိုတာ ငါကလွဲရင် တခြားသူ မသိစေနဲ့…”
သူမ၏ လက်ချောင်းများသည် အဲရစ်၏ မေးဖျားဆီသို့ ရောက်သွားလေသည်။ ထိုမေးဖျားများကို ပင့်ကာ သူမသည် အဲရစ်၏ မျက်လုံးများထဲစိုက်ကြည့်၏။
“ငါ၊ စင်းနဲ့ ကျူးဒိုစ့်ကလွဲပြီး အခြားသူတွေသိတယ်ဆိုရင် မင်းအနေနဲ့ တစ်ခါတည်း နှုတ်ပိတ်လို့ရတယ်…”
“ဗေဒါနဲ့ ရေဗင်ရောလား…”
“အင်းပေါ့… အယ်လိုဝင်းနဲ့တခြားသူတွေအကုန်လုံးပါတယ်…”
မေရီသည် မထီတရီအပြုံးဖြင့် သူ့မေးခွန်းကို ပြန်ဖြေခဲ့သည်။
“ကျွန်တော့်မှာ ဖိုခန္ဓာကိုယ်ရှိမှန်းမေရီ ဘယ်လိုသိခဲ့တာလဲ…”
အဲရစ်သည် သူ့ခန္ဓာကိုယ်အကြောင်းကို စိတ်ဝင်တစားမေး၏။
“အစပိုင်းတုန်းက ငါက မင်းကို ဝိညာဉ်နှစ်ခုကွဲနေတယ်လို့ သုံးသပ်ခဲ့တာ…”
မေရီသည် အဲရစ်ကိုထိနေသည့် သူမ၏ လက်ကိုရုတ်ကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြန်သည်။ အနည်းငယ် အေးသွားသည့် လက်ဖက်ရည်ကို ငုံ့ကြည့်ကာ စားပွဲဝိုင်းလေးတွင် ပြန်တင်လေ၏။
အဲရစ်၏ မျက်လုံးများသည် လက်ဖက်ရည်ခွက်ထံသို့ရောက်သွားခဲ့သည်။
“အေးတာကို မကြိုက်ဘူးလား…”
“အေးနေတဲ့ လက်ဖက်ရည်က အရသာမကောင်းဘူး…”
“ကျွန်တော် ထပ်ဖျော်ပေးမယ်လေ…”
“တော်ပါပြီ…”
မေရီသည် ခေါင်းကိုယမ်း၏။ ထို့နောက် ရှင်းပြနေသည့် အကြောင်းအရာကို ပြန်ဆက်လေသည်။
“မင်းက လူတစ်ယောက်နဲ့နတ်ဆိုးက မွေးဖွားလာတာကြောင့် မင်းမှာဝိညာဉ်နှစ်ခုရှိတယ်လို့ ငါ ထင်ခဲ့တယ်… ဒါပေမဲ့…”
သေချာအာရုံစူးစိုက်ကြည့်နေသည့် အဲရစ်ကို မေရီကြည့်၏။
“နတ်ဆိုးတွေက ဝိညာဉ်မရှိဘူးလေ…”
အခန်းသည် ရုတ်တရက်တိတ်သွားလေ၏။ အဲရစ်သည် မေရီ၏ လှိုင်းမထနိုင်လောက်အောင်ပင် ငြိမ်သက်သည်ဟု ဆိုရလောက်သည့် မျက်ဝန်းများထဲ စိုက်ကြည့်သည်။ နတ်ဆိုးတွေက ဝိညာဉ်မရှိဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဝိညာဉ်တစ်ခုထက်ပိုပြီး ထည့်လို့ရတယ်လို့လည်း မေရီကပြောသေးတယ်။
“ဒီတော့ မင်း ငါ့ရဲ့တပည့်လုပ်မလား…”
ထိုစကားက ငြိမ်သက်နေသည့် ရေပြင်ထဲ ခဲကြီးကြီးတစ်လုံးလွှတ်ချလိုက်သလိုပင်။ အံသြပြီးရင်းအံ့သြရသည်မို့ အဲရစ်သည် အသံပင်မထွက်နိုင်တော့။
“လူသားတစ်ယောက်ဖြစ်တာကြောင့် မင်းက စုန်းကဝေအတတ်ကို သင်ယူလို့ရတယ်…”
မေရီသည် အဲရစ်ကို တည့်တည့်စိုက်ကြည့်၏။
“မင်း ငါ့အတွက်တော့ တစ်ခုပြန်လုပ်ပေးရမယ်…”
“ကျွန်တော် ဘာမဆိုပြန်လုပ်ပေးနိုင်ပါတယ်…”
“ကောင်းပြီလေ…”
မေရီသည် ကျေနပ်စွာပြုံးကာ ခေါင်းညိတ်သည်။
“ဒီတော့ မင်းက ငါ့ရဲ့တပည့်ပဲပေါ့… အဲ့ဒီတော့…”
မေရီ၏ လက်ဖဝါးပေါ်တွင် စာရွက်လိပ်တစ်ခုသည် ပေါ်လာချေ၏။ ချည်ကြိုးနီနီဖြင့် ချည်ထားသည့်စာရွက်လိပ်ကို အဲရစ် ကြည့်နေခဲ့သည်။ ထိုစာရွက်လိပ်သည် မေရီ့လက်ဖဝါးပေါ်မှ သူ့ရှေ့ရောက်လာခဲ့၏။ သူ့ရှေ့တွင် ချည်ကြိုးသည် အလိုလိုဖြည်လာ၍ စာချုပ်တစ်ခုသည် ပေါ်လာခဲ့သည်။
“စာချုပ်နှစ်ခုရဲ့ အစွမ်းကို မင်းရဲ့ဒီခန္ဓာကိုယ်က သိုလှောင်နိုင်မလား ငါ မသိပေမဲ့လည်းပေါ့ မင်း အဆင်ပြေတယ်ဆိုရင်တော့ လွယ်လွယ်ပါပဲ မင်းလက်မကို မင်းရဲ့သွေးနဲ့လက်ဗွေနှိပ်လိုက်ရုံပဲ…”
မေရီသည် အလွန်ပင်သက်တောင့်သက်သာရှိစွာ ပြောပြနေသော်လည်း ထိုကိစ္စက ထိုမျှထိ မရိုးရှင်းဘူးဆိုသည်ကို အဲရစ်ခံစားနေရသည်။ သို့သော်လည်း သူ့တွင် ရွေးချယ်စရာက တစ်ခုတည်းသာ ရှိသည်။ သူ မေရီ့တပည့်အဖြစ်နေရမည်။ မဟုတ်လျှင် သူ့အနေနှင့်မည်သို့မျှ ဖခင်ကို ကူညီနိုင်လိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ…”
သူ့လက်မကို သွေးထွက်အောင်ကိုက်ပြီးနောက် မေရီ၏ စာချုပ်ကို သူ အနည်းငယ်ဖတ်ပြီး သူ့အတွက် အန္တရာယ်ရှိနိုင်မရှိနိုင်ကို လေ့လာပြီးနောက် လက်ဗွေဖိနှိပ်၏။
အဲရစ်၏ မျက်နှာနားတွင် ပျံဝဲနေသည့်စာချုပ်ထက်ရှိ စာလုံးများသည် အဲရစ်လက်ဗွေရာထင်သွားချိန်တွင် လင်းလာခဲ့သည်။
“အ!”
အဲရစ်သည် နေရာတွင်ခွေကျသွားလေ၏။ သူ့ ကိုယ်လုံးထဲတွင် အကောင်ပေါင်းမြောက်မြားစွာက ထိုးထွက်နေသည်ဟု သူခံစားလိုက်ရသည်။ မေရီသည် သူ့ကို မမှိတ်မသုန်ကြည့်နေရာမှ တစ်ခုခုကို သတိရဟန်ဖြင့်…
“အိုး ငါပြောဖို့ကျန်သွားလို့…”
ကြမ်းခင်းပေါ်တွင် လူးလိမ့်နေရင်းမှ အဲရစ်သည် မေရီ့ကို ဒေါသမျက်လုံးများဖြင့် ကြည့်သည်။ မေရီသည် ပခုံးတွန့်ကာ ရယ်၍…
“ငါ တမင်လုပ်တာတော့မဟုတ်ပါဘူး တပည့်သိပ်လက်ခံလေ့မရှိတာကြောင့် တပည့်အနေနဲ့လက်ခံဖို့ဆိုရင် ကျော်ဖြတ်ရမဲ့ စည်းတွေကို ငါသတ်မှတ်ထားတာကို ငါ မေ့နေပြီပေါ့… ဒါကိုတော့မင်း အပြစ်မတင်သင့်ဘူးနော် စင်း ငါ့တပည့်ဖြစ်တာတောင် နှစ်သုံးရာနီးပါးလောက်ရှိနေပြီပဲဟာ…”
ခန္ဓာကိုယ်သွေးကြောထဲတွင် အကောင်များထိုးထွက်ချင်နေသည့်အလားဖြင့် နာကျင်ယားယံနေခြင်းကို ချုပ်ထိန်းကာ အဲရစ်သည် မေရီ့စကားကို အာရုံစိုက်နားထောင်နေခဲ့သည်။
“ငါ့ကိုအနီးကပ်စောင့်ကြည့်ရတဲ့ မကောင်းဆိုးဝါးသုံးကောင်ရှိတယ်… သူတို့ထဲက အနက်ရောင်ပင့်ကူက တပည့်ရွေးချယ်တဲ့နေရာမှာ တာဝန်ယူတယ်… အာ… သိပ်တော့စိတ်မပူပါနဲ့ စင်းတောင် ကျော်ဖြတ်နိုင်သေးရင် မင်းလည်း ကျော်ဖြတ်နိုင်မှာပေါ့… ကံကောင်းပါစေ… ငါ အပြင်မှာ နေနေလိုက်မယ်… မတော်တဆ မင်းတစ်ခုခုဖြစ်သွားရင် ကောင်းကောင်းမွန်မွန်ဖြစ်မှာမဟုတ်ဘူးလေ… ငါ အဲ့လိုတွေကြည့်ရတာ သိပ်သဘောမကျဘူး…”
ပြောပြီးသည်နှင့် မေရီသည် အိမ်ရှေ့တံခါးလေးဖွင့်ကာ ခြံထဲသို့ ဆင်းသွားလေ၏။ ခြံဝန်းငယ်လေးသည် နေရောင်ခြည်အောက်တွင် နွေးထွေးစွာ လှပနေခဲ့သည်။ ထိုခြံကိုပျိုးပေးခဲ့သည့် တစ်စုံတစ်ယောက်အလား နွေးထွေးနေသေးဆဲ။ သက်ပြင်းရှိုက်ကာ သူမ ပန်းတစ်ပွင့်ကို လက်ဖြင့်အသာထိ၏။
“နိုအာ…”
အမည်တစ်ခုကို သူမ ခပ်တိုးတိုးရွတ်ဆိုသည်။
“ငါနဲ့သာ မဆုံတွေ့ဖြစ်ခဲ့ရင် မင်း အခုလိုမျိုးမဖြစ်လာဘူးမဟုတ်လား…”
ပန်းပွင့်ငယ်ကို အသာကိုင်ရင်း သူမ တစ်ကိုယ်တည်းပြောနေဖြစ်ခဲ့၏။
>>>>><<<<<
“စင်း…”
စင်းသည် ဆေးရွက်များကိုထောင်းနေရင်းမှ ရပ်သွားသည်မို့ သူ့နံဘေးရှိ အဲရစ်နှင့်ရွယ်တူခန့်ကောင်ကလေးသည် မော့ကြည့်ကာ မေးလေ၏။
“အေဘယ်လ် ဆက်လုပ်နေ…”
“စင်းက ကျွန်တော့်ကို ဖယ်ထားပြန်ပြီ…”
ထိုကောင်လေး၏ မကျေမနပ်ပြောမှုကို အရေးမလုပ်ဘဲ ပြတင်းပေါက်ဘောင်တွင် နားနေသည့် ကျီးကန်းကိုသာ သူ ကြည့်၏။
“သခင်မက အဲ့ကောင်လေးကို သတိပေးမှာမဟုတ်ဘူး…”
စင်ပေါ်ရှိ လက်မတစ်ချောင်းစာလောက်သာရှိသည့် ဆေးပုလင်းငယ်လေးတစ်ခုကို သူ ယူသည်။
“သူ့ကို ဒါပေးလိုက်…”
ကျီးကန်းသည် စင်းလက်ဖဝါးပေါ်ရှိ ဖန်ပုလင်းပေါက်စလေးကို ကုတ်ချီ၏။
“သူလက်လှမ်းနိုင်တဲ့အနားမှာ ချပေးလိုက်ပါ…”
“နောက်တပည့်တစ်ယောက် တိုးလာတာနဲ့ပတ်သက်ပြီးတော့ သခင်က အဆင်ပြေတယ်ပေါ့…”
“ဘာမပြေစရာရှိလို့လဲ…”
စင်းသည် သူ့ကျီးနက်ကိုပြန်ပြောလေသည်။
“ငါ အဲ့လောက်ထိ အကျင့်မကောင်းတဲ့ကောင်တစ်ကောင်မဟုတ်ပါဘူး…”
သူ ထပ်၍ပြော၏။
“နောက်ပြီး ဒီကောင်လေးကို တပည့်အဖြစ်ရွေးချယ်တယ်ဆိုတာက…”
စင်းသည် သိမ်မွေ့အေးဆေးသည့်အပြုံး၊ ငြင်သာသည့်အသံမျိုးဖြင့်…
“ဆရာမက ငါ့အစား ဒီကောင်လေးကို ပေးဖို့လေ… ဒီတော့ ငါ ဒီကောင်လေးကို ကူညီသင့်တာပေါ့…”
စင်းအနားရှိ အေဘယ်လ်သည် စင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့၏။ ကျီးနက်ထွက်သွားပြီးမှ ထိုကောင်လေးသည် စင်း၏ ဘောင်းဘီစကို ဆွဲလေသည်။ သူ့ကို ငုံ့ကြည့်လာသည့် စင်း၏ မျက်လုံးများသည် နွေးထွေးခြင်းများဖြင့်။
“စင်း…”
ကလေးငယ်လေး အေဘယ်လ်သည် နတ်ဆေးသမားတော်လေး၏ အမည်ကို အလျင်ခေါ်သည်။
“ခင်ဗျား… ကိုယ့်ဆရာမကို သဘောကျနေတာလား…”
ထို့နောက် သူ ထိုမေးခွန်းကို ဆက်၍မေးလေ၏။
>>>>><<<<<
“မင်းကို ဘာလို့ ငါ့သခင်က ကူညီလိုက်လဲ ငါ မသိဘူး… ငါကတော့ မင်းကို သဘောမကျဘူး…”
သစ်လုံးငယ်လေး၏ ကြမ်းပေါ်တွင် လူးလိမ့်နေသည့် ကောင်ကလေးကိုကြည့်ကာ ကျီးနက်သည် စကားဆိုသည်။
“မင်းလို ဒီလောက် မကောင်းတဲ့အငွေ့အသက်တွေများနေတဲ့သူကိုမှ ဘာလို့ငါ့သခင်က သူ့အဖိုးတန်ဆေးကို ပေးတာလဲ မသိဘူး…”
အဲရစ်သည် အနောက်ဘက်မှန်တံခါးမှ ပျံဝင်လာသည့် ကျီးနက်၏ စကားကို နားထောင်နေခဲ့ရသည်။ နာကျင်နေသည်က တစ်ဖက်၊ သူ့မျက်နှာတည့်တည့်ကြည့်ကာ သူ့ကို မကောင်းပြောနေသည့်ကျီးနက်၏ စကားကို နားထောင်နေရသည်က တစ်ဖက်။ သူ့ဒုက္ခမှာလည်း မသေးလှ။ သေချာသည်က ထိုကျီးနက်သည်လည်း သူ့ရည်မှန်းချက်ပြည့်မြောက်သည့်နေ့တွင် သေရမည့်သူများထဲမှ တစ်ယောက်ပေ။
“မင်း လက်လှမ်းမီတဲ့နေရာမှာထားလို့ သခင်ကပြောလိုက်တာကြောင့် ငါ ထားထားပေးတယ်…”
ကျီးနက်သည် သူ့ကိုမုန်းသော်လည်း သခင်စကားကိုတော့ ပယ်ရှားသည့်ပုံမပေါ်။
“ငါ့ သခင်နဲ့ဟိုသောက်ကလေးကို စိတ်မချတာကြောင့် ငါ ပြန်တော့မယ်… မင်းတို့လို အလောင်းကနေမွေးဖွားလာတဲ့ သောက်ကလေးတွေက တစ်ကောင်မှ အကျင့်ကိုမကောင်းဘူး…”
ကျီးနက်သည် ပြောချင်ရာပြောပြီးနောက် ပုလင်းကိုချကာ ပျံထွက်သွားခဲ့သည်။ ကျီးနက်ထွက်သွားသည်နှင့် အဲရစ်သည် သူ့လက်ကို ပုလင်းထံလှမ်း၏။ သူ့လက်များသည် တဆတ်ဆတ်တုန်နေခဲ့သည်။ ဆေးသည် နည်း၏။ မှောက်သွားလျှင် သူ အစားရဖို့မရှိ။ ထို့အတွက် သတိကြီးစွာဖြင့် သူသည် အဖုံးကို ဖွင့်လေသည်။ ထိုဆေးသည် ယခုအချိန်တွင် သူ့အသက်တမျှအရေးကြီးပေသည်။
“သြော်… စင်းက ကူညီပေးတာပဲ…”
မေရီသည် ပျံထွက်သွားသည့် ကျီးနက်ကို ကြည့်ပြီး သစ်ရွက်တချို့ကို ကပ်ကြေးအသေးလေးဖြင့် ညှပ်ရင်း ရေရွတ်သည်။ တပည့်လေးတွေဟာတစ်ယောက်နဲ့တစ်ယောက် အခုထဲက ကူညီပေးနေကြတာပဲ။ ဒီလိုသင့်မြတ်မှုရှိတာတွေကို သူမ သဘောကျတယ်။ ဘာကြောင့်ဆို တပည့်က နှစ်ယောက်တည်းရှိတာလေ။ အချင်းချင်း မသင့်မြတ်ကြဘူးဆိုလျှင် ဆရာဖြစ်သည့် သူမက သိက္ခာကျပေမပေါ့။ မေရီသည် ပန်းပင်များကို သစ်ရွက်ညှပ်နေရင်းမှ တွေးနေခဲ့ချေ၏။
----------
Zawgyi
ဤေလာကတြင္ စာခ်ဳပ္ေပါင္းေျမာက္ျမားစြာရွိ၏။
စုန္းတုိ႔သည္ စာခ်ဳပ္မ်ားျဖင့္ တစ္ဖက္၏ အသက္၊ တစ္ဖက္သူ၏ အစြမ္းကို ထိန္းခ်ဳပ္တတ္ၾကသည္။
ေရပန္းစား၊ လူသံုးမ်ားသည့္ စာခ်ဳပ္မ်ားသည္ သခင္-ေက်းကြ်န္စာခ်ဳပ္၊ ဆရာ-တပည့္စာခ်ဳပ္တုိ႔ျဖစ္၏။
တစ္ေယာက္၏အသက္ကိုတစ္ေယာက္ေပးႏုိင္ေလာက္သည္အထိ ယံုၾကည္ၿပီး ခ်စ္ႏိုင္သူမ်ားကေတာ့
အသက္ေႏွာင္ႀကိဳးစာခ်ဳပ္ကို ခ်ဳပ္ဆိုၾကသည္။
အသက္ေႏွာင္ႀကိဳးစာခ်ဳပ္၏ အားနည္းခ်က္သည္ကား တစ္ေယာက္ေသဆံုးလွ်င္ စာခ်ဳပ္အတူခ်ဳပ္ဆုိသည့္ ေနာက္တစ္ေယာက္ပါ လုိက္ပါေသဆံုးရျခင္းျဖစ္၏။
ထုိ႔အတြက္ အေတာ္မ်ားမ်ားသည္ ထုိစာခ်ဳပ္ကို ခ်ဳပ္ဆုိၾကျခင္းမရွိေပ။
အပိုင္း - ၁၆ : တပည့္အျဖစ္လက္ခံျခင္း။
‘တစ္စံုတစ္ေယာက္က မိမိကို ကယ္တင္ျခင္းသည္ ကယ္တင္လုိစိတ္သက္သက္ေၾကာင့္ေတာ့ အႀကိမ္တုိင္းမျဖစ္တန္ရာ။’
“ဖိုခႏၶာပိုင္ဆုိင္တဲ့သူေတြက သတိထားေနသင့္တယ္…”
ေျပာၿပီးေနာက္ ေမရီသည္ အဲရစ္ေဖ်ာ္ေပးသည့္ လက္ဖက္ရည္ကို တစ္ငံုေသာက္ၾကည့္၏။
“ဒါက လက္ဖက္ရည္ေရာဟုတ္ရဲ႕လား…”
သူမကုိေယာင္နနၾကည့္ေနသည့္ အဲရစ္ကို လွမ္းေမးျဖစ္သည္။
“အရသာမရွိဘူး အသစ္သြားေဖ်ာ္…”
“ကြ်န္ေတာ္မွ လက္ဖက္ရည္တစ္ခါမွ မေဖ်ာ္ဖူးတာ…”
အဲရစ္၏ ေစာဒကတက္ေနမႈကို ေမရီသည္ လွမ္းၾကည့္၍…
“ဘယ္သူမွေတာ့ ေမြးကတည္းက မလုပ္တတ္ဘူး အကုန္လံုးက သင္ယူရတာခ်ည္းပဲေလ… ေနာက္ၿပီး အရသာ ရွိတယ္မရွိဘူးဆိုတာက…”
အဲရစ္သည္ ေရေႏြးစပ္ေနရင္းမွ အေနာက္သို႔လွည့္ၾကည့္၏။ ေမရီသည္ သူ႔အနားသို႔ေလွ်ာက္လာကာ…
“သူမ်ားေတြကေတာ့ ေစတနာဘာညာသာရကာေျပာၾကေပမဲ့…”
ေမရီသည္ အဲရစ္ကို ေဘးသို႔တြန္းပို႔ကာ မိမိဘာသာေဖ်ာ္ေလ၏။
“ငါကေတာ့ ကိုယ့္အတြက္ကိုယ္အရသာရွိေအာင္ ေဖ်ာ္ရင္ အလုိလုိအရသာရွိသြားမယ္လုိ႔ထင္တယ္…”
ေဖ်ာ္ၿပီးသည့္ လက္ဖက္ရည္ကို ဇြန္းဖ်ားျဖင့္ အသာျမည္းၾကည့္ကာ စိတ္ေက်နပ္မႈျဖင့္ ေခါင္းညိတ္၍ တစ္ဇြန္းခပ္ကာ အဲရစ္ဘက္သို႔ လွည့္ခြံ႔ေလ၏။
အဲရစ္သည္ ခုံခုကာ ရပ္ေနသည္မုိ႔ အဲရစ္ကိုခြံ႔တိုက္ရာတြင္ ေမရီသည္ ကိုယ္ကို သိပ္ညႊတ္ကိုင္းျခင္းမျပဳလုိက္ရ။
“ကိုယ့္ရဲ႕အရသာခံႏုိင္မႈကို မူတည္ၿပီး ေကာင္းမေကာင္းက ဆုံးျဖတ္လုိ႔ရတယ္မဟုတ္လား…”
တစ္ဇြန္းစာ လက္ဖက္ရည္သည္ အဲရစ္၏ ခံတြင္းထဲေရာက္သြားသည္ႏွင့္ ေမရီသည္ အဲရစ္ကို ျပံဳး၍ၾကည့္ကာ…
“ေကာင္းတယ္မဟုတ္လား…”
အဲရစ္၏ ေခါင္းညိတ္ျပမႈေၾကာင့္ ေမရီတစ္ေယာက္ စိတ္ေက်နပ္သြားကာ…
“ေကာင္းမွာေပါ့ ငါက အေကာင္းပဲႀကိဳက္တာကိုး…”
ေျပာၿပီးေနာက္ ေမရီသည္ ထိုင္ခံုတြင္ ထိုင္လုိက္ေလ၏။ ရပ္ေနေသးဆဲျဖစ္သည့္ အဲရစ္ကို ၾကည့္ကာ…
“ခုတင္ေပၚမွာထုိင္…”
“ဟုတ္…”
ထိုသို႔ျဖင့္ သူမက ထိုင္ခံုေပၚတြင္ အဲရစ္က ခုတင္ေပၚတြင္ ခပ္က်ံဳ႕က်ံဳ႕ျဖင့္ ႏွစ္ဦးသားရွိေနခဲ့ၾကသည္။
“အေစာက စကားကိုဆက္ရရင္ေတာ့ မင္းက ဖိုခႏၶာကိုယ္ကို ပိုင္ဆိုင္တယ္… ဖိုခႏၶာကိုယ္ဆုိတာက ခႏၶာကိုယ္တစ္ခုထဲမွာ ဝိညာဥ္တစ္ခုထက္ပိုၿပီး ထိန္းသိမ္းႏုိင္တဲ့ ခႏၶာကိုယ္လုိမ်ိဳးပဲ…”
သူမ၏ စကားကိုနားေထာင္ေနသည့္ အဲရစ္ကို ေမရီသည္ ဆက္ရွင္းျပ၏။
“လူ႔ခႏၶာကိုယ္ကို ထည့္စရာခြက္လုိ႔သေဘာထားမယ္ဆုိရင္ ဝိညာဥ္ဆိုတာ ထည့္မဲ့ခႏၶာကိုယ္နဲ႔ကြက္တိ လုပ္ထားတဲ့ အရည္ပဲ… ထည့္စရာခြက္နဲ႔အရည္က အၿမဲကြက္တိက်တယ္ လွ်ံလည္းမက်သလို ခြက္ထဲမွာလည္း ေနရာလြတ္ဆုိတာမရွိဘူး…”
ေမရီသည္ ကိုယ္တုိင္ေဖ်ာ္ထားသည့္ လက္ဖက္ရည္ကို ငံု႔ေသာက္ေလသည္။ ထို႔ေနာက္ ဆက္၍…
“ဒါက ပံုမွန္ပဲေပါ့… ဒါေၾကာင့္ ခႏၶာတစ္ခုထဲမွာ အျခားဝိညာဥ္ရွိၿပီဆုိရင္ ငါတုိ႔ေတြက သိႏိုင္ၾကတာ… ဒါေပမဲ့ ဖိုခႏၶာကိုယ္ကို ပိုင္ဆိုင္တဲ့သူေတြကက်ေတာ့ မတူဘူး…”
လက္ဖက္ရည္ခြက္ကို ခုတင္အနီးရွိ စားပြဲေလးတြင္တင္ကာ သူမ၏ လက္ကိုဆန္႔တန္း၍ ေမရီသည္ အဲရစ္၏ ရင္ဘတ္ကို အသာလွမ္းကိုင္၏။ ရုတ္တရက္ သူ႔ ရင္ဘတ္သို႔ ထိလုိက္သည့္ ေမရီ၏ လက္ေခ်ာင္းမ်ားေၾကာင့္ အဲရစ္ကိုယ္လံုးသည္ ေတာင့္သြားခဲ့သည္။
“ငါ မင္းကို ဘာမွမလုပ္ပါဘူး ဒါေၾကာင့္ မေၾကာက္ပါနဲ႔…”
ေျပာသာေျပာေသာ္လည္း လက္သည္မရုတ္သြားခ့ဲ။ သူမ၏ လက္ေခ်ာင္းမ်ားသည္ သူ႔ရင္ဘတ္ေပၚတြင္ ေျပးလႊားေနခဲ့သည္။
“ဖိုခႏၶာကိုယ္ ပိုင္ဆုိင္တဲ့သူေတြက ဝိညာဥ္တစ္ခုထက္ပိုၿပီး ခႏၶာကိုယ္ထဲမွာ ထိန္းသိမ္းႏိုင္တယ္…ေနာက္ၿပီးေတာ့…”
ေမရီ၏လက္ေခ်ာင္းမ်ားသည္ အဲရစ္၏ ရင္ဘတ္ေပၚမွတစ္ဆင့္ ႏႈတ္ခမ္းမ်ားဆီတက္လာ၏။ ေအာက္ႏႈတ္ခမ္းမ်ားကို ခပ္ဖြဖြထိလာသည့္ လက္ေခ်ာင္းမ်ားေၾကာင့္ အဲရစ္၏ ႏႈတ္ခမ္းမ်ားသည္ ခပ္ဟဟ ျဖစ္သြားရသည္။ အလိုက္သင့္ေနေပးလာသည့္ အဲရစ္ေၾကာင့္ ေမရီသည္ စိတ္ေက်နပ္စြာ ျပံဳးျပန္သည္။
“ဖိုခႏၶာကိုယ္က ဝိညာဥ္စြမ္းအားကိုလည္း ျမန္ျမန္တက္ေစတယ္… ဒါေၾကာင့္အဲရစ္… မင္းမွာ ဖိုခႏၶာရွိတယ္ဆိုတာ ငါကလြဲရင္ တျခားသူ မသိေစနဲ႔…”
သူမ၏ လက္ေခ်ာင္းမ်ားသည္ အဲရစ္၏ ေမးဖ်ားဆီသို႔ ေရာက္သြားေလသည္။ ထိုေမးဖ်ားမ်ားကို ပင့္ကာ သူမသည္ အဲရစ္၏ မ်က္လံုးမ်ားထဲစိုက္ၾကည့္၏။
“ငါ၊ စင္းနဲ႔ က်ဴးဒိုစ့္ကလြဲၿပီး အျခားသူေတြသိတယ္ဆိုရင္ မင္းအေနနဲ႔ တစ္ခါတည္း ႏႈတ္ပိတ္လုိ႔ရတယ္…”
“ေဗဒါနဲ႔ ေရဗင္ေရာလား…”
“အင္းေပါ့… အယ္လိုဝင္းနဲ႔တျခားသူေတြအကုန္လံုးပါတယ္…”
ေမရီသည္ မထီတရီအျပံဳးျဖင့္ သူ႔ေမးခြန္းကုိ ျပန္ေျဖခဲ့သည္။
“ကြ်န္ေတာ့္မွာ ဖိုခႏၶာကိုယ္ရွိမွန္းေမရီ ဘယ္လိုသိခဲ့တာလဲ…”
အဲရစ္သည္ သူ႔ခႏၶာကိုယ္အေၾကာင္းကို စိတ္ဝင္တစားေမး၏။
“အစပိုင္းတုန္းက ငါက မင္းကို ဝိညာဥ္ႏွစ္ခုကြဲေနတယ္လုိ႔ သံုးသပ္ခဲ့တာ…”
ေမရီသည္ အဲရစ္ကိုထိေနသည့္ သူမ၏ လက္ကိုရုတ္ကာ လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္ျပန္သည္။ အနည္းငယ္ ေအးသြားသည့္ လက္ဖက္ရည္ကို ငံု႔ၾကည့္ကာ စားပြဲဝိုင္းေလးတြင္ ျပန္တင္ေလ၏။
အဲရစ္၏ မ်က္လံုးမ်ားသည္ လက္ဖက္ရည္ခြက္ထံသုိ႔ေရာက္သြားခဲ့သည္။
“ေအးတာကို မႀကိဳက္ဘူးလား…”
“ေအးေနတဲ့ လက္ဖက္ရည္က အရသာမေကာင္းဘူး…”
“ကြ်န္ေတာ္ ထပ္ေဖ်ာ္ေပးမယ္ေလ…”
“ေတာ္ပါၿပီ…”
ေမရီသည္ ေခါင္းကိုယမ္း၏။ ထို႔ေနာက္ ရွင္းျပေနသည့္ အေၾကာင္းအရာကို ျပန္ဆက္ေလသည္။
“မင္းက လူတစ္ေယာက္နဲ႔နတ္ဆိုးက ေမြးဖြားလာတာေၾကာင့္ မင္းမွာဝိညာဥ္ႏွစ္ခုရွိတယ္လို႔ ငါ ထင္ခဲ့တယ္… ဒါေပမဲ့…”
ေသခ်ာအာရံုစူးစိုက္ၾကည့္ေနသည့္ အဲရစ္ကို ေမရီၾကည့္၏။
“နတ္ဆိုးေတြက ဝိညာဥ္မရွိဘူးေလ…”
အခန္းသည္ ရုတ္တရက္တိတ္သြားေလ၏။ အဲရစ္သည္ ေမရီ၏ လိႈင္းမထႏိုင္ေလာက္ေအာင္ပင္ ၿငိမ္သက္သည္ဟု ဆုိရေလာက္သည့္ မ်က္ဝန္းမ်ားထဲ စိုက္ၾကည့္သည္။ နတ္ဆိုးေတြက ဝိညာဥ္မရွိဘူး။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္က ဝိညာဥ္တစ္ခုထက္ပိုၿပီး ထည့္လုိ႔ရတယ္လုိ႔လည္း ေမရီကေျပာေသးတယ္။
“ဒီေတာ့ မင္း ငါ့ရဲ႕တပည့္လုပ္မလား…”
ထိုစကားက ၿငိမ္သက္ေနသည့္ ေရျပင္ထဲ ခဲႀကီးႀကီးတစ္လံုးလႊတ္ခ်လုိက္သလုိပင္။ အံၾသၿပီးရင္းအံ့ၾသရသည္မုိ႔ အဲရစ္သည္ အသံပင္မထြက္ႏုိင္ေတာ့။
“လူသားတစ္ေယာက္ျဖစ္တာေၾကာင့္ မင္းက စုန္းကေဝအတတ္ကို သင္ယူလုိ႔ရတယ္…”
ေမရီသည္ အဲရစ္ကို တည့္တည့္စိုက္ၾကည့္၏။
“မင္း ငါ့အတြက္ေတာ့ တစ္ခုျပန္လုပ္ေပးရမယ္…”
“ကြ်န္ေတာ္ ဘာမဆုိျပန္လုပ္ေပးႏုိင္ပါတယ္…”
“ေကာင္းၿပီေလ…”
ေမရီသည္ ေက်နပ္စြာျပံဳးကာ ေခါင္းညိတ္သည္။
“ဒီေတာ့ မင္းက ငါ့ရဲ႕တပည့္ပဲေပါ့… အဲ့ဒီေတာ့…”
ေမရီ၏ လက္ဖဝါးေပၚတြင္ စာရြက္လိပ္တစ္ခုသည္ ေပၚလာေခ်၏။ ခ်ည္ႀကိဳးနီနီျဖင့္ ခ်ည္ထားသည့္စာရြက္လိပ္ကို အဲရစ္ ၾကည့္ေနခဲ့သည္။ ထိုစာရြက္လိပ္သည္ ေမရီ႕လက္ဖဝါးေပၚမွ သူ႔ေရွ႕ေရာက္လာခဲ့၏။ သူ႔ေရွ႕တြင္ ခ်ည္ႀကိဳးသည္ အလုိလုိျဖည္လာ၍ စာခ်ဳပ္တစ္ခုသည္ ေပၚလာခဲ့သည္။
“စာခ်ဳပ္ႏွစ္ခုရဲ႕ အစြမ္းကို မင္းရဲ႕ဒီခႏၶာကိုယ္က သိုေလွာင္ႏုိင္မလား ငါ မသိေပမဲ့လည္းေပါ့ မင္း အဆင္ေျပတယ္ဆိုရင္ေတာ့ လြယ္လြယ္ပါပဲ မင္းလက္မကို မင္းရဲ႕ေသြးနဲ႔လက္ေဗြႏိွပ္လုိက္ရံုပဲ…”
ေမရီသည္ အလြန္ပင္သက္ေတာင့္သက္သာရွိစြာ ေျပာျပေနေသာ္လည္း ထုိကိစၥက ထိုမွ်ထိ မရိုးရွင္းဘူးဆိုသည္ကို အဲရစ္ခံစားေနရသည္။ သို႔ေသာ္လည္း သူ႔တြင္ ေရြးခ်ယ္စရာက တစ္ခုတည္းသာ ရွိသည္။ သူ ေမရီ႕တပည့္အျဖစ္ေနရမည္။ မဟုတ္လွ်င္ သူ႔အေနႏွင့္မည္သို႔မွ် ဖခင္ကို ကူညီႏိုင္လိမ့္မည္မဟုတ္ေပ။
“ေကာင္းၿပီ…”
သူ႔လက္မကို ေသြးထြက္ေအာင္ကိုက္ၿပီးေနာက္ ေမရီ၏ စာခ်ဳပ္ကို သူ အနည္းငယ္ဖတ္ၿပီး သူ႔အတြက္ အႏၱရာယ္ရွိႏိုင္မရွိႏိုင္ကို ေလ့လာၿပီးေနာက္ လက္ေဗြဖိႏိွပ္၏။
အဲရစ္၏ မ်က္ႏွာနားတြင္ ပ်ံဝဲေနသည့္စာခ်ဳပ္ထက္ရွိ စာလံုးမ်ားသည္ အဲရစ္လက္ေဗြရာထင္သြားခ်ိန္တြင္ လင္းလာခဲ့သည္။
“အ!”
အဲရစ္သည္ ေနရာတြင္ေခြက်သြားေလ၏။ သူ႔ ကိုယ္လံုးထဲတြင္ အေကာင္ေပါင္းေျမာက္ျမားစြာက ထိုးထြက္ေနသည္ဟု သူခံစားလုိက္ရသည္။ ေမရီသည္ သူ႔ကို မမိွတ္မသုန္ၾကည့္ေနရာမွ တစ္ခုခုကို သတိရဟန္ျဖင့္…
“အိုး ငါေျပာဖို႔က်န္သြားလို႔…”
ၾကမ္းခင္းေပၚတြင္ လူးလိမ့္ေနရင္းမွ အဲရစ္သည္ ေမရီ႕ကို ေဒါသမ်က္လံုးမ်ားျဖင့္ ၾကည့္သည္။ ေမရီသည္ ပခံုးတြန္႔ကာ ရယ္၍…
“ငါ တမင္လုပ္တာေတာ့မဟုတ္ပါဘူး တပည့္သိပ္လက္ခံေလ့မရွိတာေၾကာင့္ တပည့္အေနနဲ႔လက္ခံဖို႔ဆုိရင္ ေက်ာ္ျဖတ္ရမဲ့ စည္းေတြကို ငါသတ္မွတ္ထားတာကို ငါ ေမ့ေနၿပီေပါ့… ဒါကိုေတာ့မင္း အျပစ္မတင္သင့္ဘူးေနာ္ စင္း ငါ့တပည့္ျဖစ္တာေတာင္ ႏွစ္သံုးရာနီးပါးေလာက္ရွိေနၿပီပဲဟာ…”
ခႏၶာကိုယ္ေသြးေၾကာထဲတြင္ အေကာင္မ်ားထိုးထြက္ခ်င္ေနသည့္အလားျဖင့္ နာက်င္ယားယံေနျခင္းကို ခ်ဳပ္ထိန္းကာ အဲရစ္သည္ ေမရီ႕စကားကို အာရံုစိုက္နားေထာင္ေနခဲ့သည္။
“ငါ့ကိုအနီးကပ္ေစာင့္ၾကည့္ရတဲ့ မေကာင္းဆိုးဝါးသံုးေကာင္ရွိတယ္… သူတုိ႔ထဲက အနက္ေရာင္ပင့္ကူက တပည့္ေရြးခ်ယ္တဲ့ေနရာမွာ တာဝန္ယူတယ္… အာ… သိပ္ေတာ့စိတ္မပူပါနဲ႔ စင္းေတာင္ ေက်ာ္ျဖတ္ႏိုင္ေသးရင္ မင္းလည္း ေက်ာ္ျဖတ္ႏုိင္မွာေပါ့… ကံေကာင္းပါေစ… ငါ အျပင္မွာ ေနေနလုိက္မယ္… မေတာ္တဆ မင္းတစ္ခုခုျဖစ္သြားရင္ ေကာင္းေကာင္းမြန္မြန္ျဖစ္မွာမဟုတ္ဘူးေလ… ငါ အဲ့လုိေတြၾကည့္ရတာ သိပ္သေဘာမက်ဘူး…”
ေျပာၿပီးသည္ႏွင့္ ေမရီသည္ အိမ္ေရွ႕တံခါးေလးဖြင့္ကာ ျခံထဲသို႔ ဆင္းသြားေလ၏။ ျခံဝန္းငယ္ေလးသည္ ေနေရာင္ျခည္ေအာက္တြင္ ေႏြးေထြးစြာ လွပေနခဲ့သည္။ ထိုျခံကိုပ်ိဳးေပးခဲ့သည့္ တစ္စံုတစ္ေယာက္အလား ေႏြးေထြးေနေသးဆဲ။ သက္ျပင္းရိႈက္ကာ သူမ ပန္းတစ္ပြင့္ကို လက္ျဖင့္အသာထိ၏။
“ႏိုအာ…”
အမည္တစ္ခုကို သူမ ခပ္တုိးတုိးရြတ္ဆိုသည္။
“ငါနဲ႔သာ မဆံုေတြ႔ျဖစ္ခဲ့ရင္ မင္း အခုလိုမ်ိဳးမျဖစ္လာဘူးမဟုတ္လား…”
ပန္းပြင့္ငယ္ကို အသာကိုင္ရင္း သူမ တစ္ကိုယ္တည္းေျပာေနျဖစ္ခဲ့၏။
>>>>><<<<<
“စင္း…”
စင္းသည္ ေဆးရြက္မ်ားကိုေထာင္းေနရင္းမွ ရပ္သြားသည္မုိ႔ သူ႔နံေဘးရွိ အဲရစ္ႏွင့္ရြယ္တူခန္႔ေကာင္ကေလးသည္ ေမာ့ၾကည့္ကာ ေမးေလ၏။
“ေအဘယ္လ္ ဆက္လုပ္ေန…”
“စင္းက ကြ်န္ေတာ့္ကို ဖယ္ထားျပန္ၿပီ…”
ထိုေကာင္ေလး၏ မေက်မနပ္ေျပာမႈကို အေရးမလုပ္ဘဲ ျပတင္းေပါက္ေဘာင္တြင္ နားေနသည့္ က်ီးကန္းကိုသာ သူ ၾကည့္၏။
“သခင္မက အဲ့ေကာင္ေလးကို သတိေပးမွာမဟုတ္ဘူး…”
စင္ေပၚရွိ လက္မတစ္ေခ်ာင္းစာေလာက္သာရွိသည့္ ေဆးပုလင္းငယ္ေလးတစ္ခုကို သူ ယူသည္။
“သူ႔ကို ဒါေပးလိုက္…”
က်ီးကန္းသည္ စင္းလက္ဖဝါးေပၚရွိ ဖန္ပုလင္းေပါက္စေလးကို ကုတ္ခ်ီ၏။
“သူလက္လွမ္းႏိုင္တဲ့အနားမွာ ခ်ေပးလုိက္ပါ…”
“ေနာက္တပည့္တစ္ေယာက္ တုိးလာတာနဲ႔ပတ္သက္ၿပီးေတာ့ သခင္က အဆင္ေျပတယ္ေပါ့…”
“ဘာမေျပစရာရွိလုိ႔လဲ…”
စင္းသည္ သူ႔က်ီးနက္ကိုျပန္ေျပာေလသည္။
“ငါ အဲ့ေလာက္ထိ အက်င့္မေကာင္းတဲ့ေကာင္တစ္ေကာင္မဟုတ္ပါဘူး…”
သူ ထပ္၍ေျပာ၏။
“ေနာက္ၿပီး ဒီေကာင္ေလးကို တပည့္အျဖစ္ေရြးခ်ယ္တယ္ဆိုတာက…”
စင္းသည္ သိမ္ေမြ႔ေအးေဆးသည့္အျပံဳး၊ ျငင္သာသည့္အသံမ်ိဳးျဖင့္…
“ဆရာမက ငါ့အစား ဒီေကာင္ေလးကို ေပးဖို႔ေလ… ဒီေတာ့ ငါ ဒီေကာင္ေလးကို ကူညီသင့္တာေပါ့…”
စင္းအနားရွိ ေအဘယ္လ္သည္ စင္းကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနခဲ့၏။ က်ီးနက္ထြက္သြားၿပီးမွ ထိုေကာင္ေလးသည္ စင္း၏ ေဘာင္းဘီစကို ဆြဲေလသည္။ သူ႔ကို ငံု႔ၾကည့္လာသည့္ စင္း၏ မ်က္လံုးမ်ားသည္ ေႏြးေထြးျခင္းမ်ားျဖင့္။
“စင္း…”
ကေလးငယ္ေလး ေအဘယ္လ္သည္ နတ္ေဆးသမားေတာ္ေလး၏ အမည္ကို အလ်င္ေခၚသည္။
“ခင္ဗ်ား… ကိုယ့္ဆရာမကို သေဘာက်ေနတာလား…”
ထို႔ေနာက္ သူ ထိုေမးခြန္းကို ဆက္၍ေမးေလ၏။
>>>>><<<<<
“မင္းကို ဘာလုိ႔ ငါ့သခင္က ကူညီလုိက္လဲ ငါ မသိဘူး… ငါကေတာ့ မင္းကို သေဘာမက်ဘူး…”
သစ္လံုးငယ္ေလး၏ ၾကမ္းေပၚတြင္ လူးလိမ့္ေနသည့္ ေကာင္ကေလးကိုၾကည့္ကာ က်ီးနက္သည္ စကားဆိုသည္။
“မင္းလုိ ဒီေလာက္ မေကာင္းတဲ့အေငြ႔အသက္ေတြမ်ားေနတဲ့သူကိုမွ ဘာလုိ႔ငါ့သခင္က သူ႔အဖိုးတန္ေဆးကို ေပးတာလဲ မသိဘူး…”
အဲရစ္သည္ အေနာက္ဘက္မွန္တံခါးမွ ပ်ံဝင္လာသည့္ က်ီးနက္၏ စကားကို နားေထာင္ေနခဲ့ရသည္။ နာက်င္ေနသည္က တစ္ဖက္၊ သူ႔မ်က္ႏွာတည့္တည့္ၾကည့္ကာ သူ႔ကို မေကာင္းေျပာေနသည့္က်ီးနက္၏ စကားကို နားေထာင္ေနရသည္က တစ္ဖက္။ သူ႔ဒုကၡမွာလည္း မေသးလွ။ ေသခ်ာသည္က ထိုက်ီးနက္သည္လည္း သူ႔ရည္မွန္းခ်က္ျပည့္ေျမာက္သည့္ေန႔တြင္ ေသရမည့္သူမ်ားထဲမွ တစ္ေယာက္ေပ။
“မင္း လက္လွမ္းမီတဲ့ေနရာမွာထားလုိ႔ သခင္ကေျပာလုိက္တာေၾကာင့္ ငါ ထားထားေပးတယ္…”
က်ီးနက္သည္ သူ႔ကိုမုန္းေသာ္လည္း သခင္စကားကိုေတာ့ ပယ္ရွားသည့္ပံုမေပၚ။
“ငါ့ သခင္နဲ႔ဟိုေသာက္ကေလးကို စိတ္မခ်တာေၾကာင့္ ငါ ျပန္ေတာ့မယ္… မင္းတုိ႔လို အေလာင္းကေနေမြးဖြားလာတဲ့ ေသာက္ကေလးေတြက တစ္ေကာင္မွ အက်င့္ကိုမေကာင္းဘူး…”
က်ီးနက္သည္ ေျပာခ်င္ရာေျပာၿပီးေနာက္ ပုလင္းကိုခ်ကာ ပ်ံထြက္သြားခဲ့သည္။ က်ီးနက္ထြက္သြားသည္ႏွင့္ အဲရစ္သည္ သူ႔လက္ကို ပုလင္းထံလွမ္း၏။ သူ႔လက္မ်ားသည္ တဆတ္ဆတ္တုန္ေနခဲ့သည္။ ေဆးသည္ နည္း၏။ ေမွာက္သြားလွ်င္ သူ အစားရဖို႔မရွိ။ ထို႔အတြက္ သတိႀကီးစြာျဖင့္ သူသည္ အဖံုးကို ဖြင့္ေလသည္။ ထိုေဆးသည္ ယခုအခ်ိန္တြင္ သူ႔အသက္တမွ်အေရးႀကီးေပသည္။
“ေၾသာ္… စင္းက ကူညီေပးတာပဲ…”
ေမရီသည္ ပ်ံထြက္သြားသည့္ က်ီးနက္ကို ၾကည့္ၿပီး သစ္ရြက္တခ်ိဳ႕ကို ကပ္ေၾကးအေသးေလးျဖင့္ ညွပ္ရင္း ေရရြတ္သည္။ တပည့္ေလးေတြဟာတစ္ေယာက္နဲ႔တစ္ေယာက္ အခုထဲက ကူညီေပးေနၾကတာပဲ။ ဒီလုိသင့္ျမတ္မႈရွိတာေတြကို သူမ သေဘာက်တယ္။ ဘာေၾကာင့္ဆုိ တပည့္က ႏွစ္ေယာက္တည္းရွိတာေလ။ အခ်င္းခ်င္း မသင့္ျမတ္ၾကဘူးဆိုလွ်င္ ဆရာျဖစ္သည့္ သူမက သိကၡာက်ေပမေပါ့။ ေမရီသည္ ပန္းပင္မ်ားကို သစ္ရြက္ညွပ္ေနရင္းမွ ေတြးေနခဲ့ေခ်၏။
----------