book

Index 15

Part - 15

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode


‘ဖို’ (မီးဖို၏ဖို) ခန္ဓာကိုယ်ဟု သတ်မှတ်၍ရသည့် ခန္ဓာကိုယ်တစ်ခုရှိ၏။

ထိုခန္ဓာကိုယ်သည် ဝိညာဉ်များကို သိုလှောင်နိုင်ပြီး ဝိညာဉ်စွမ်းအား အစွမ်းကို လျင်မြန်စွာတိုးမြှင့်နိုင်သည့် အစွမ်းရှိသည်။

မှော်ဝင်ခြင်းနှင့်စုန်းကဝေအတတ်ကို လေ့ကြသည့်သူအားလုံးသည် ထိုခန္ဓာကိုယ်ရှိသူကို လိုလားကြသည်။

ထိုခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အမျိုးမျိုးသည် ဝင်ထွက်သွားလာနိုင်ချေ၏။

အပိုင်း - ၁၅ : လျှို့ဝှက်ချက်တွေများတဲ့ စုန်းမ။

‘လောကသည်မျှတ၏။ အရာအားလုံးပြည့်စုံသူဟူ၍ မရှိရအောင် ချုပ်ထိန်းမှုများဖြင့် စည်းကမ်းချက် ချမှတ်ထားခြင်းကြောင့်ပေ။ ထို့အတွက် လောကသည် မျှတ၏။ မတရားခြင်းဟူ၍ မရှိ။ မတရားခြင်းသည် လူတို့က ဖန်တီးသည့် အမှုသာ ဖြစ်သည်။’

အဲရစ်၏ မျက်လုံးများသည် ဝိုင်းစက်နေခဲ့သည်။ အလန့်တကြားအော်မိမည့်အချိန်တွင် သူ့ပါးစပ်ကိုသူ အလျင်အမြန် ထိန်းလိုက်နိုင်ခဲ့၏။ သူ့ဘေးတွင် အိပ်ပျော်နေသည်က မေရီ။

နံဘေးတွင် အိပ်မောကျနေသည့် မေရီထံမှ အကြည့်လွှဲကာ သူ့ အကြည့်များကို စိမ်းသက်သည့် ပတ်ဝန်းကျင်ထံသို့ ပို့လိုက်၏။ စိမ်းသက်သည့် ထိုပတ်ဝန်းကျင်သည် သစ်လုံးအိမ်တစ်ခုဖြစ်သည်။ မေရီ့၏ ခမ်းနားသည့်ရဲတိုက်နှင့်လားလားမျှ မသက်ဆိုင်သော်လည်း ထိုအိမ်ထဲတွင် နွေးထွေးခြင်းဆိုသည့် အငွေ့အသက်ကို သူ ခံစား၍ရသည်။

ဒါက ဘယ်နေရာမို့ အိမ်က မခမ်းနားပေမဲ့ နေရတာနွေးနွေးထွေးထွေးဖြစ်နေရတာလဲ…

နံနက်ခင်းနေသည် ပြတင်းလိုက်ကာအဟမှတစ်ဆင့် အိပ်ယာထက်သို့ကျနေခဲ့၏။

အဲရစ်၏ မျက်လုံးများသည် နံဘေးရှိ အိပ်ပျော်နေသည့် တစ်စုံတစ်ဦးထံသို့ ပြန်ရောက်သွားခဲ့သည်။

မေရီ…

ထိုတစ်စုံတစ်ဦး၏ အမည်သည် မေရီ။

မေရီသည် သူ့မျှော်လင့်ချက်ဖြစ်သည်။

ထိုစွမ်းအားကြီး စုန်းကဝေသည် အမြဲတစေခံစားချက်မဲ့သည့် မျက်နှာမျိုးဖြင့်သာ နေတတ်ချေ၏။ ယခုအိပ်နေချိန်တွင်...

အဲရစ် လေပူသာမှုတ်ထုတ်သည်။

ငါ့ကိုနိုးအောင်လုပ်တဲ့သူကတော့ နေရာမှာချက်ချင်းသေမှာပဲ ဆိုတဲ့ခံစားချက်မျိုးရအောင် ဘယ်လိုများ သူက အိပ်နိုင်တာလဲ…

အဲရစ်သည် စိတ်ပျက်လက်ပျက်သာ တွေးနိုင်ခဲ့သည်။

“အာ မင်းနိုးနေပြီလား…”

သူ ကြာကြာစိုက်ကြည့်မိ၍လား ကိုယ့်နိုးချိန်ဖြစ်၍လားတော့မသိ မေရီ၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။ အိပ်ယာနိုးစဖြစ်၍ သူမ၏ အေးစက်သည့်အသံသည် အနည်းငယ်ခပ်ရှရှဖြစ်နေခဲ့ပြီး ရေခဲငွေ့များရိုက်ခတ်နေသည်ဟု ခံစားရလောက်သည့် မျက်လုံးများသည် ရီဝေဝေဖြစ်နေခဲ့သည်။

သူ့မျက်နှာ အနည်းငယ်ပူသွားသယောင် ခံစားလိုက်ရ၏။

ဟိုအရွယ်ရောက်ပြီးတဲ့သူတွေက မေရီ့အလှကိုလိုချင်လို့ မေရီ့ထံပါး အသက်ကိုစွန့်နိုင်ကြသည်ဆိုသည်က မှန်ကန်လောက်တာပဲ…

“ဘာတွေဖြစ်နေတာလဲ…”

အိပ်ယာနိုးစဖြစ်သည့် မေရီသည် ပင်ကိုယ် ‘ငါ့နဲ့ဆယ်မီတာအကွာနေစမ်း’ ‘ငါ့နားမကပ်နဲ့စမ်း’ ဟူသည့် အဝတ်ကိုဆင်မြန်းမထားသေးသည်မို့လားမပြောတတ် သူမသည် ခပ်ဆိုးဆိုး တိရိစ္ဆာန်လေးတစ်ကောင်ကဲ့သို့ပြုမူနေခဲ့သည်။

“ဘာလုပ်တာလဲ…”

သူ့ကို ဖက်ခေါင်းအုံးတစ်လုံးလို ဆွဲဖက်ကာ အတောင်များကို လက်နှစ်ဖက်ဖြင့် ခပ်ယွယွကိုင်လာသည့် မေရီကြောင့် အဲရစ်တစ်ယောက် ထွန့်ထွန့်လူးလေတော့သည်။ အတောင်များက နတ်ဆိုးများ၏ ထိရှလွယ်သည့်နေရာဆိုတာကို မေရီဟာ သိသိကြီးနဲ့!

“မရုန်းစမ်းပါနဲ့ ငါ မင်းကို ထမင်းကျွေး၊ သင်ပေးထားရတာ မင်းရဲ့ အတောင်တွေလောက်တော့ ပေးကိုင်သင့်တယ်မဟုတ်လား…”

“ဘာဆိုင်လို့လဲ…”

“ငါ မင်းရဲ့အတောင်တွေကို ကိုင်ရတာသဘောကျတယ်…”

မျက်နှာတစ်ခုလုံးပူထူကာ မေရီ့ကို သူအတင်းရုန်းကန်သည်။ ရုန်းကန်လေ မေရီ့လက်များက သူ့အတောင်များကို ပို၍ကိုင်လေ။

“မေရီ! နတ်ဆိုးအတောင်တွေက လူတွေမှာဆို ခန္ဓာကိုယ်ရဲ့မထိသင့်တဲ့ အစိတ်အပိုင်းတွေနဲ့ တူတယ်ဆို ခင်ဗျားသိရဲ့သားနဲ့!”

သူ ထအော်တော့မှ မေရီသည် လွှတ်ပေးလေတော့၏။

“မင်း အတောင်တွေက ငှက်မွှေးတောင်တွေ ဖြစ်လာနိုင်တယ်…”

ခုတင်ပေါ်မှ ချက်ချင်းပြေးဆင်းသည့် အဲရစ်ကို ကြည့်ပြီး မေရီ လှမ်းပြောလေ၏။

“ငှက်မွှေးတောင်…”

ပြန်လှည့်မေးသည့် အဲရစ်ကို ကြည့်ကာ ခေါင်းညိတ်၍…

“အင်း ဟုတ်တယ်… ငှက်မွှေးတောင်… တော်ဝင်နတ်ဆိုးတွေအကုန်လုံးက ငှက်မွှေးတောင်တွေရှိတယ်လို့ ပြောကြတယ်…”

“အာ… ဒါကပြောင်းလဲနိုင်တယ်ပေါ့…”

မေရီသည် ခပ်တိုးတိုးရယ်၏။ သူ့အတောင်သူ ပြန်ကြည့်နေရင်းမှ ရယ်သံရှိရာဘက်သို့ သူ ပြန်ကြည့်လေသည်။ နေရောင်အောက်တွင် သူ့ပါးစပ်သူလက်သီးဆုတ်လေးအုပ်ကာ ရယ်နေသည့် မေရီ့ကိုကြည့်ရသည်မှာ ခပ်နွေးနွေးရှိလှသည်။

“ဒီတော့ ငါတို့အရင်ဆုံး မင်းခန္ဓာအကြောင်း သိအောင်အရင်လုပ်ရမယ်…”

“ကျွန်တော့် ခန္ဓာအကြောင်း…”

“အင်း…”

သူ့ကို စိုက်ကြည့်ကာပြောသည့် မေရီကြောင့် အဲရစ် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လေ၏။ သူ့ခန္ဓာကိုယ်က ဘာတွေများ ထူးခြားနေလို့လဲ။

>>>>>><<<<<<

“တောင်း… တောင်းပန်ပါတယ်…”

ဖြစ်ကြောင်းကုန်စင် သိပြီးချိန်တွင် အဲရစ်တစ်ယောက် ခေါင်းပင်မထောင်နိုင်တော့။ မေရီက ဒီတစ်ခါတော့ သူ့ကို တကယ်ကြီးနှင်ထုတ်တော့မယ် ထင်ပါရဲ့။

“ရေဗင်နဲ့ဗေဒါ နှစ်ယောက်က သူတို့ရဲ့စွမ်းအားပြည့်ဖို့အချိန်လိုပါလိမ့်မယ်…”

ကျီးခေါင်းမျက်နှာဖုံးဖြင့် အမျိုးသားသည် မေရီကို လှမ်းပြောလေသည်။

“အင်း…”

“ဒီကလေးက ‘ဖို’ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပေါ့…”

“အင်း…”

မေရီသည် ခပ်အေးအေးသာ ‘အင်း’ တစ်လုံးဆို၏။ ခေါင်းမထောင်သည့် အဲရစ်၏ ခြေရင်းတွင် ကျူးဒိုစ့်သည် ရပ်လာခဲ့သည်။

“ကျူး… ကျူးဒိုစ့်…”

စိတ်လှုပ်ရှားမှုဖြင့် ဘောင်းဘီကို ကုတ်ခြစ်နေသည့် အဲရစ်ကိုကြည့်ကာ ကျူးဒိုစ့် သက်ပြင်းရှိုက်သည်။

“ပထမဆုံး ရေဗင်နဲ့ဗေဒါကို မင်းတောင်းပန်ရမယ်…”

အဲရစ်ခေါင်းကိုညိတ်၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်နေကြသော်လည်း ထိုသူများသည် သူ့ကိုအမှန်တကယ်ပင် သတ်ဖြတ်ကြခြင်းမဟုတ်။ အကယ်၍ ဒီစစ်သူကြီးလေးယောက်သာ သူ့ကို အမှန်သတ်ချင်ကြသည်ဆိုလျှင် သူသည် ဤနေရာတွင်ပင်ရှိနေစရာအကြောင်းမရှိပေ။

“ဟုတ်…”

“နောက်ပြီး မင်း မေရီ့ကို စောင့်ရှောက်ရမယ်…”

ခေါင်းငုံ့ထားရာမှ သူ့ခေါင်းသည် ဆတ်ခနဲထောင်လာလေ၏။ စင်းနှင့်စကားပြောနေသည့် မေရီ့ဘက်သို့ ကျူးဒိုစ့်သည် အသာလည်ပြန်လှည့်ကြည့်၍…

“မေရီက တိအဆင့်ကြယ်ပွင့်စုန်းကဝေတစ်ယောက်… သူ့ စွမ်းအားနဲ့ ဖိနှိပ်လိုက်တဲ့အတွက် တော်တော်များများက ထိခိုက်သွားကြတယ်…”

“တော်တော်များများ…”

“အယ်လိုဝင်း၊ ဗေဒါ၊ ရေဗင်အပါအဝင် မေရီရဲ့ရဲတိုက်နဲ့အပြင်မှာရှိတဲ့ စက်ကွင်းမိတဲ့ သူတော်တော်များများပေါ့ ငါက ကံကောင်းပြီး သူ့အနောက်မှာ ရှိနေခဲ့လို့ မထိခိုက်ခဲ့ဘူး…”

“တောင်းပန်ပါတယ်…”

“မင်း တောင်းပန်ရမှာပဲလေ…”

အဲရစ်၏ အတောင်လေးများသည် ကုတ်ကျသွားခဲ့ပြီး ခေါင်းလည်းပြန်ငုံ့သွားခဲ့၏။ သူ ဘယ်လိုလုပ်ရမလဲ… ဒါတွေအကုန်လုံးကို သူ ဘယ်လိုများပြန်ပြီးတော့ ကောင်းမွန်အောင် လုပ်ပေးရမလဲ။ သူက ကြယ်ငါးပွင့်အဆင့်နတ်ဆိုးလေးတစ်ကောင်ပဲကို။

“မေရီက အမြဲတမ်း သူ့ရဲ့ အစွမ်းကိုသိုဝှက်ပြီးနေခဲ့တယ်… အခုမင်းကောင်းမှုနဲ့ သူက တိအဆင့်ဆိုတာကို တချို့တွေ သိကုန်ကြပြီ…”

“တိအဆင့်!”

အဲရစ်သည် ခေါင်းထောင်ကာ မေရီ့ဘက်ကြည့်၏။ စင်းမှ တစ်ခုခုပြောလိုက်ခြင်းကြောင့် သူ့ဘက်သို့ ကြည့်လာသည့် မေရီနှင့်သူ အကြည့်ချင်းဆုံသွားခဲ့သည်။ မေရီ၏ နှုတ်ခမ်းများသည် ခပ်ယောင်ယောင်သာ ကော့တက်သွားရင်း စင်းကို စကားပြန်ပြောလေသည်။

ကျူးဒိုစ့်မှအဲရစ်ကိုယ်တိုင်လုပ်ခဲ့သော်လည်း အဲရစ်မသိလိုက်သည့် ကိစ္စများကို ပြန်ပြောပြနေချိန်တွင် မေရီနှင့်စင်းသည်လည်း…

“ဧကာဒသမအဆင့်နတ်ဆိုးဝိညာဉ်က သူ့ကိုယ်ထဲရှိနေတာ… ဒါက အန္တရာယ်များတယ်မဟုတ်လား…”

စင်းသည် မေရီနှင့်အဲရစ်နှစ်ဦးတည်း ထိုအိမ်လေးထဲတွင် နေမည်ကို သဘောမကျစွာဖြင့် ပြောလေသည်။

“တိအဆင့်ကြယ်ပွင့်ဖြစ်လည်း ဆရာမ… ဒါကအချိန်တိုင်းထုတ်လို့မရဘူးလေ…”

စင်း၏ စိုးရိမ်မှုကို မေရီသည်ကောင်းစွာနားလည်သည်။

လူတစ်ဦး၏ ခန္ဓာကိုယ်သည် ဒသမမြောက်ကြယ်ပွင့်အဆင့်စွမ်းအင်ကိုသာ သိုလှောင်နိုင်ခြင်းရှိသည်။ ထို့အတွက် ဒသမြောက်ကြယ်ပွင့်အဆင့်ထက်သာလွန်သည့် စွမ်းအင်ရရှိနေသည့် သူအားလုံးသည် မိမိတို့၏ ကြယ်ပွင့်အဆင့်ကို ချုပ်ထိန်းထားရ၏။ အခြားသူများက သူတို့ကို ကြောက်လန့်နေကြသော်လည်း သူတို့သည် မိမိအစွမ်းကိုပင် မိမိထုတ်သုံးနိုင်ခြင်းမရှိ။ အရေးပေါ်အခြေအနေမျိုးတွင်သာ ထုတ်သုံးတတ်ကြသည်။

အကြောင်းသည်ကား…

“ဒသမမြောက်ကြယ်ပွင့်အဆင့် စွမ်းအားကို ထုတ်သုံးတာနဲ့ လူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးတယ်…”

ကျူးဒိုစ့်သည် အဲရစ်၏ မျက်နှာကိုစိုက်ကြည့်ကာ ပြော၏။

“တိအဆင့်ထိထုတ်သုံးလိုက်တယ်ဆိုတာက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အမှုန့်ဖြစ်လောက်အောင်ကို ပြင်းထန်တယ်…”

မေရီ့ဘက်လှမ်းကြည့်သည့် အဲရစ်ကိုကြည့်ကာ ကျူးဒိုစ့်သည်…

“သူအခုနေ အကောင်းတိုင်းရှိသေးတယ်ဆိုတာ သူ့ရဲ့ ကျိန်စာကြောင့်ပဲ…”

“ကျိန်စာ…”

အဲရစ်သည် မေရီ့ကို ထပ်ကြည့်ပြန်၏။ မေရီဟာ တကယ်ကို လျှို့ဝှက်နက်နဲပြီး နားလည်ရခက်တဲ့ စုန်းမလေးပါလား။ သူ့မှာ ဘယ်လိုမှတွေးမထားနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိတတ်တယ်။

စင်းသည် မေရီ့ကိုကြည့်၍ သက်ပြင်းရှိုက်သည်။ မေရီ… သူ့ဆရာမဟာ ဘာကြောင့်များ မဆင်မခြင်လုပ်ရတာလဲ။

“တိအဆင့်အစွမ်းကို ထိန်းချုပ်တဲ့ ကျိန်စာက အကြိမ်ပေါင်းမြောက်မြားစွာ ဒဏ်မခံနိုင်ဘူးလေ…”

“ငါ မခြောက်ထားရင် အဲ့ဒီနတ်ဆိုးကောင်လေးက ကလန်ကဆန်လုပ်လိမ့်မယ်…”

အခြားသူများကို ပြန်လည်ရှင်းပြရခြင်းကို မနှစ်သက်သော်လည်း စင်းသည် မေရီ၏ ချွင်းချက်ဖြစ်သည်။ ထိုကောင်လေးက သူမ၏ တပည့်ဖြစ်ပြီး သူမ၏ စွဲလမ်းမှုနှင့် သူမ၏ လက်မလွှတ်နိုင်မှုတို့ကို သိသည့် သူဖြစ်သည်။

“ဒါပေမဲ့လည်း…”

စင်းသည် စိတ်ညစ်ညူးစွာရေရွတ်သည်။ ထို့နောက်…

“ခဏလှဲလိုက် ကျွန်တော် ဆရာမကို စမ်းသပ်ချင်တယ်…”

“အင်း…”

နာခံစွာလှဲလျောင်းလိုက်သည့် မေရီကိုကြည့်ကာ စင်းသည် သက်ပြင်းရှိုက်၏။

“ချာတိတ်… သခင်မက ဘယ်လိုအခြေအနေရှိလဲ…”

မေရီ၏ သွေးကြောများထဲတွင် တိအဆင့်အစွမ်းသုံးလိုက်ခြင်းကြောင့် အဆိပ်သင့်ခြင်းဖြစ်နေမဖြစ်နေ သူ စမ်းသပ်ပြီးချိန်တွင် ကျူးဒိုစ့်သည် သူ့အနားသို့ရောက်လာလေ၏။ ကျူးဒိုစ့်၏ အနောက်တွင်တော့ မေရီ့ကို တိအဆင့်အစွမ်းထုတ်သုံးစေသည့် တရားခံကောင်လေး အဲရစ်။

“ခန္ဓာကိုယ်ကတော့ ဘာမျှမဖြစ်ဘူး… ကျိန်စာကိုပဲ ကျွန်တော် ကြည့်ပေးဖို့ကျန်တာ…”

“ကျိန်စာ…”

မေရီသည် မှောက်လျက်လှဲနေခဲ့သည်။ သူမ၏ မြီးညောင့်ရိုးနားမှစတက်လာသည့် ကျိန်စာသည် သူမ၏ လည်ကုတ်နားမရောက်ခင်တွင် အဆုံးသတ်၏။ ထိုကျိန်စာသည်သစ်မြစ်များအသွင်ရှိပြီး အနက်ရောင်တောက်နေခဲ့သည်။ မေရီ၏ အောက်ပိုင်းကို စောင်ဖြင့် ဖုံးအုပ်ထားခဲ့၏။

အနည်းငယ်အနီရောင်သန်းနေသည့် နေရာများကို ကြည့်ပြီးနောက် စင်းသည် မေရီ၏ ကျောကို ပြန်ဖုံးပေးလိုက်လေသည်။ မေရီသည် မှောက်လျက်အနေအထားအတိုင်းပင် စင်းဘက်သို့ ခေါင်းလှည့်ကြည့်၏။

“ဆရာမ ကျိန်စာကြောရဲ့ တချို့အကြောတွေက ပျောက်ဆုံးကုန်ပြီ…”

စင်းသည် လက်ကိုသေချာသန့်စင်ပြီးနောက် ပျင်း၍မထလိုသေးသည့် မေရီ့ဘက်သို့ ပြန်လျှောက်လာကာ ခုတင်အနီးတွင် ခုံတစ်လုံးဆွဲ၍ ထိုင်လိုက်လေသည်။

“တိအဆင့်အစွမ်းကို ဒီကျိန်စာက နောက်ထပ် သုံးကြိမ်ပဲ လက်ခံပေးနိုင်တယ်… သခင်မအနေနဲ့ အခြားအဆင့်အစွမ်းတွေ ထုတ်သုံးရင်လည်း ဒီကျိန်စာက သခင်မကို နာကျင်စေလိမ့်မယ်…”

စင်း၏ လေးနက်နေမှုကြောင့် မေရီသည် ပြုံး၍…

“အင်း ငါ သိပြီ… သုံးကြိမ်တော့ ငါ တိအစွမ်းကို ထုတ်သုံးစရာအကြောင်းမရှိပါဘူး…”

“ဖြစ်နိုင်ရင် မန္တန်တွေလည်း သိပ်မသုံးပါနဲ့…”

စင်း၏ အကြည့်များသည် အဲရစ်ထံရောက်သွား၏။ အဲရစ်တစ်ကိုယ်လုံးတောင့်သွားခဲ့သည်။ ယောင်ယောင်မှားမှားဖြင့် ကျူးဒိုစ့်၏ ထောင်နေသည့် အမြီးကို သူ ဆုတ်ကိုင်ဖြစ်၏။ ကျူးဒိုစ့်ကို အားကိုးပုံရသည့်အဲရစ်၏ အပြုအမူကြောင့် မေရီ့မျက်နှာသည် နူးညံ့သွားခဲ့သည်။ ဘယ်လောက်ပဲ မတည့်ကြပါစေ သူတို့တွေက တစ်ယောက်ကိုတစ်ယောက်တော့ အသိအမှတ်ပြုကြရှာသား။

“တပည့်ရဲ့ အကြံပေးမှုကို ဗွေမယူပါနဲ့…”

စင်းသည် စကားပလ္လင်အလျင်ခံ၏။ မေရီဟာ သူမကို ဆရာလုပ်ခြင်းများကို သိပ်မုန်းတာ မဟုတ်ပါလား။ သူမက သူမရဲ့ ဘဝနှင့်ကိုယ်ရေးကိုယ်တာကို စွက်ဖက်ခြင်းများကိုလည်း မနှစ်သက်ပေ။

“အဲရစ်က စုန်းကဝေဖြစ်ဖို့ရာအတွက် သင့်တော်ပါတယ်… သူ့ရဲ့ ခန္ဓာကိုယ်က အဆုံးမဲ့စွမ်းအားတွေကိုလည်း ထိန်းချုပ်နိုင်တယ်လေ… သခင်မအနေနဲ့ သူ့ကို တပည့်အဖြစ်လက်ခံချင်စိတ်ရှိရင် လက်ခံလိုက်တာက ကောင်းပါတယ်…”

“အင်း ငါ စဉ်းစားလိုက်မယ်…”

အဲရစ်သည် စင်းကို စူးစမ်းကြည့်၏။ မေရီဟာ ဒီလူရဲ့စကားတွေကိုတော့ အရေးတယူရှိသား။ သူ့ နှလုံးသားသေးသေးလေးထဲတွင် စင်းကို မနာလိုလည်း ဖြစ်သွားရသေးသည်။ စစ်သူကြီးတွေဟာ မေရီနှင့်အနီးဆုံးသူများဆို ဘာကြောင့် စင်းဆိုတဲ့ ဒီတပည့်လေးက စစ်သူကြီးတွေထက်တောင် မေရီနဲ့ပိုနီးနေရသေးတာလဲ။

ကျူးဒိုစ့်သည် သူ့အမြီးကို တင်းနေအောင် ဆုတ်ကိုင်လိုက်သည့် အဲရစ်ကို လှည့်၍ကုတ်လေ၏။

“အ…”

ရုတ်တရက်မို့ လန့်ကာ ကျူးဒိုစ့်အမြီးကို လွှတ်ပြီး သူ အော်မိတော့ စင်းသည် သူ့ကို ကြည့်လာခဲ့သည်။ ဘာကြောင့်များ ကျူးဒိုစ့်က လှည့်ကုတ်သလဲဆိုသည့် မျက်ဝန်းများဖြင့် မေရီမှ ကျူးဒိုစ့်ကို မှောက်လှဲနေရင်းမှ အနည်းငယ်ကိုယ်ကိုမတ်၍ အနောက်သို့လှည့်ကာ လှမ်းကြည့်ချိန်တွင် အဲရစ်သည် ခြစ်ရာသုံးရာထင်သွားသည့် သူ့လက်ကိုသူ အနောက်သို့ဝှက်ကာ…

“မဟုတ်ဘူး ကျွန်တော်က ကျူးဒိုစ့်ရဲ့အမြီးကို အားနဲ့ကိုင်လိုက်မိလို့…”

ခုတင်နှင့်အနည်းငယ်ဟသွားသောကြောင့် ထွက်လာသည့် ခန္ဓာအလှကို စင်းသည် အကြည့်လွှဲ၏။ သူ့ဆရာမဟာ သူတို့ကို တကယ်သောက်ကလေးတွေလို သဘောထားပြီးနည်းနည်းလေးမှ ဆန့်ကျင်ဘက်လိင်လို့သဘောမထားဘူး။ သူက အသက်ရာချီနေတဲ့ စုန်းကဝေတစ်ယောက်ဖြစ်နေပေမဲ့လည်း… အင်း မေရီလောက်တော့ သက်တမ်းမရှိသေးဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက ယောကျာ်းလေးပါပဲ။

“အင်း…”

စင်းသည် ကျူးဒိုစ့်ကိုခေါ်၍ နှုတ်ဆက်ပြီးပြန်သွားချိန်တွင် မေရီနှင့်အဲရစ်နှစ်ဦးသာ အိမ်လေးထဲတွင် ကျန်ခဲ့လေ၏။

“အဲရစ်…”

တိတ်ဆိတ်နေသည့် အိမ်ထဲတွင် မေရီ၏ အသံအေးအေးထွက်လာချိန်တွင် အဲရစ်တစ်ယောက်တုန်သွားတော့သည်။

“ငါတို့စကားပြောလို့ရအောင် အရင်ဆုံး ငါ့အဝတ်ယူပေးပါလား…”

အိမ်ထဲရှိ ဘီဒိုတစ်လုံးကိုလက်ညှိုးညွှန်ကာ မေရီပြောလေသည်။ ထိုအခါကျမှ မေရီသည် အဝတ်ဗလာဖြင့် စောင်အောက်တွင်ရှိနေသည်ကို သတိရကာ အဲရစ် ခပ်သွက်သွက်ဖြင့် ဘီဒိုထံပြေးသွားလေ၏။

“ငါတို့ မင်းရဲ့ ခန္ဓာကိုယ်အကြောင်း ပြောရအောင်…”

မေရီ့ဘီဒိုကို ဖွင့်နေသည့်လက်များသည် အနောက်မှကပ်ပါလာသည့် စကားသံကြောင့် တုံ့ခနဲရပ်သွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်အကြောင်း… သူ့ခန္ဓာကိုယ်က ဘာဖြစ်လို့လဲ။

----------

Zawgyi


‘ဖို’ (မီးဖို၏ဖို) ခႏၶာကိုယ္ဟု သတ္မွတ္၍ရသည့္ ခႏၶာကိုယ္တစ္ခုရွိ၏။

ထိုခႏၶာကိုယ္သည္ ဝိညာဥ္မ်ားကို သိုေလွာင္ႏုိင္ၿပီး ဝိညာဥ္စြမ္းအား အစြမ္းကို လ်င္ျမန္စြာတိုးျမွင့္ႏုိင္သည့္ အစြမ္းရွိသည္။

ေမွာ္ဝင္ျခင္းႏွင့္စုန္းကေဝအတတ္ကို ေလ့ၾကသည့္သူအားလံုးသည္ ထိုခႏၶာကိုယ္ရွိသူကို လုိလားၾကသည္။

ထိုခႏၶာကိုယ္ထဲသို႔ ဝိညာဥ္အမ်ိဳးမ်ိဳးသည္ ဝင္ထြက္သြားလာႏုိင္ေခ်၏။

အပိုင္း - ၁၅ : လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားတဲ့ စုန္းမ။

‘ေလာကသည္မွ်တ၏။ အရာအားလံုးျပည့္စံုသူဟူ၍ မရွိရေအာင္ ခ်ဳပ္ထိန္းမႈမ်ားျဖင့္ စည္းကမ္းခ်က္ ခ်မွတ္ထားျခင္းေၾကာင့္ေပ။ ထို႔အတြက္ ေလာကသည္ မွ်တ၏။ မတရားျခင္းဟူ၍ မရွိ။ မတရားျခင္းသည္ လူတုိ႔က ဖန္တီးသည့္ အမႈသာ ျဖစ္သည္။’


အဲရစ္၏ မ်က္လံုးမ်ားသည္ ဝိုင္းစက္ေနခဲ့သည္။ အလန္႔တၾကားေအာ္မိမည့္အခ်ိန္တြင္ သူ႔ပါးစပ္ကိုသူ အလ်င္အျမန္ ထိန္းလုိက္ႏိုင္ခဲ့၏။ သူ႔ေဘးတြင္ အိပ္ေပ်ာ္ေနသည္က ေမရီ။

နံေဘးတြင္ အိပ္ေမာက်ေနသည့္ ေမရီထံမွ အၾကည့္လႊဲကာ သူ႔ အၾကည့္မ်ားကို စိမ္းသက္သည့္ ပတ္ဝန္းက်င္ထံသို႔ ပို႔လုိက္၏။ စိမ္းသက္သည့္ ထိုပတ္ဝန္းက်င္သည္ သစ္လံုးအိမ္တစ္ခုျဖစ္သည္။ ေမရီ႕၏ ခမ္းနားသည့္ရဲတုိက္ႏွင့္လားလားမွ် မသက္ဆုိင္ေသာ္လည္း ထိုအိမ္ထဲတြင္ ေႏြးေထြးျခင္းဆုိသည့္ အေငြ႔အသက္ကို သူ ခံစား၍ရသည္။

ဒါက ဘယ္ေနရာမို႔ အိမ္က မခမ္းနားေပမဲ့ ေနရတာေႏြးေႏြးေထြးေထြးျဖစ္ေနရတာလဲ…

နံနက္ခင္းေနသည္ ျပတင္းလုိက္ကာအဟမွတစ္ဆင့္ အိပ္ယာထက္သို႔က်ေနခဲ့၏။

အဲရစ္၏ မ်က္လံုးမ်ားသည္ နံေဘးရွိ အိပ္ေပ်ာ္ေနသည့္ တစ္စံုတစ္ဦးထံသို႔ ျပန္ေရာက္သြားခဲ့သည္။

ေမရီ…

ထိုတစ္စံုတစ္ဦး၏ အမည္သည္ ေမရီ။

ေမရီသည္ သူ႔ေမွ်ာ္လင့္ခ်က္ျဖစ္သည္။

ထိုစြမ္းအားႀကီး စုန္းကေဝသည္ အၿမဲတေစခံစားခ်က္မဲ့သည့္ မ်က္ႏွာမ်ိဳးျဖင့္သာ ေနတတ္ေခ်၏။ ယခုအိပ္ေနခ်ိန္တြင္...

အဲရစ္ ေလပူသာမႈတ္ထုတ္သည္။

ငါ့ကိုႏိုးေအာင္လုပ္တဲ့သူကေတာ့ ေနရာမွာခ်က္ခ်င္းေသမွာပဲ ဆုိတဲ့ခံစားခ်က္မ်ိဳးရေအာင္ ဘယ္လုိမ်ား သူက အိပ္ႏုိင္တာလဲ…

အဲရစ္သည္ စိတ္ပ်က္လက္ပ်က္သာ ေတြးႏိုင္ခဲ့သည္။

“အာ မင္းႏိုးေနၿပီလား…”

သူ ၾကာၾကာစိုက္ၾကည့္မိ၍လား ကိုယ့္ႏုိးခ်ိန္ျဖစ္၍လားေတာ့မသိ ေမရီ၏ မ်က္လံုးမ်ားသည္ ပြင့္လာခဲ့သည္။ အိပ္ယာႏိုးစျဖစ္၍ သူမ၏ ေအးစက္သည့္အသံသည္ အနည္းငယ္ခပ္ရွရွျဖစ္ေနခဲ့ၿပီး ေရခဲေငြ႔မ်ားရိုက္ခတ္ေနသည္ဟု ခံစားရေလာက္သည့္ မ်က္လံုးမ်ားသည္ ရီေဝေဝျဖစ္ေနခဲ့သည္။

သူ႔မ်က္ႏွာ အနည္းငယ္ပူသြားသေယာင္ ခံစားလိုက္ရ၏။

ဟိုအရြယ္ေရာက္ၿပီးတဲ့သူေတြက ေမရီ႕အလွကိုလိုခ်င္လို႔ ေမရီ႕ထံပါး အသက္ကိုစြန္႔ႏုိင္ၾကသည္ဆုိသည္က မွန္ကန္ေလာက္တာပဲ…

“ဘာေတြျဖစ္ေနတာလဲ…”

အိပ္ယာႏုိးစျဖစ္သည့္ ေမရီသည္ ပင္ကိုယ္ ‘ငါ့နဲ႔ဆယ္မီတာအကြာေနစမ္း’ ‘ငါ့နားမကပ္နဲ႔စမ္း’ ဟူသည့္ အဝတ္ကိုဆင္ျမန္းမထားေသးသည္မို႔လားမေျပာတတ္ သူမသည္ ခပ္ဆုိးဆုိး တိရိစၦာန္ေလးတစ္ေကာင္ကဲ့သို႔ျပဳမူေနခဲ့သည္။

“ဘာလုပ္တာလဲ…”

သူ႔ကို ဖက္ေခါင္းအံုးတစ္လံုးလို ဆြဲဖက္ကာ အေတာင္မ်ားကို လက္ႏွစ္ဖက္ျဖင့္ ခပ္ယြယြကိုင္လာသည့္ ေမရီေၾကာင့္ အဲရစ္တစ္ေယာက္ ထြန္႔ထြန္႔လူးေလေတာ့သည္။ အေတာင္မ်ားက နတ္ဆိုးမ်ား၏ ထိရွလြယ္သည့္ေနရာဆုိတာကို ေမရီဟာ သိသိႀကီးနဲ႔!

“မရုန္းစမ္းပါနဲ႔ ငါ မင္းကို ထမင္းေကြ်း၊ သင္ေပးထားရတာ မင္းရဲ႕ အေတာင္ေတြေလာက္ေတာ့ ေပးကိုင္သင့္တယ္မဟုတ္လား…”

“ဘာဆုိင္လို႔လဲ…”

“ငါ မင္းရဲ႕အေတာင္ေတြကို ကိုင္ရတာသေဘာက်တယ္…”

မ်က္ႏွာတစ္ခုလံုးပူထူကာ ေမရီ႕ကို သူအတင္းရုန္းကန္သည္။ ရုန္းကန္ေလ ေမရီ႕လက္မ်ားက သူ႔အေတာင္မ်ားကို ပို၍ကိုင္ေလ။

“ေမရီ! နတ္ဆိုးအေတာင္ေတြက လူေတြမွာဆုိ ခႏၶာကိုယ္ရဲ႕မထိသင့္တဲ့ အစိတ္အပိုင္းေတြနဲ႔ တူတယ္ဆုိ ခင္ဗ်ားသိရဲ႕သားနဲ႔!”

သူ ထေအာ္ေတာ့မွ ေမရီသည္ လႊတ္ေပးေလေတာ့၏။

“မင္း အေတာင္ေတြက ငွက္ေမႊးေတာင္ေတြ ျဖစ္လာႏိုင္တယ္…”

ခုတင္ေပၚမွ ခ်က္ခ်င္းေျပးဆင္းသည့္ အဲရစ္ကို ၾကည့္ၿပီး ေမရီ လွမ္းေျပာေလ၏။

“ငွက္ေမႊးေတာင္…”

ျပန္လွည့္ေမးသည့္ အဲရစ္ကို ၾကည့္ကာ ေခါင္းညိတ္၍…

“အင္း ဟုတ္တယ္… ငွက္ေမႊးေတာင္… ေတာ္ဝင္နတ္ဆိုးေတြအကုန္လံုးက ငွက္ေမႊးေတာင္ေတြရွိတယ္လုိ႔ ေျပာၾကတယ္…”

“အာ… ဒါကေျပာင္းလဲႏုိင္တယ္ေပါ့…”

ေမရီသည္ ခပ္တုိးတုိးရယ္၏။ သူ႔အေတာင္သူ ျပန္ၾကည့္ေနရင္းမွ ရယ္သံရွိရာဘက္သို႔ သူ ျပန္ၾကည့္ေလသည္။ ေနေရာင္ေအာက္တြင္ သူ႔ပါးစပ္သူလက္သီးဆုတ္ေလးအုပ္ကာ ရယ္ေနသည့္ ေမရီ႕ကိုၾကည့္ရသည္မွာ ခပ္ေႏြးေႏြးရွိလွသည္။

“ဒီေတာ့ ငါတုိ႔အရင္ဆံုး မင္းခႏၶာအေၾကာင္း သိေအာင္အရင္လုပ္ရမယ္…”

“ကြ်န္ေတာ့္ ခႏၶာအေၾကာင္း…”

“အင္း…”

သူ႔ကို စိုက္ၾကည့္ကာေျပာသည့္ ေမရီေၾကာင့္ အဲရစ္ ကိုယ့္ကိုယ္ကိုယ္ ျပန္ငံု႔ၾကည့္ေလ၏။ သူ႔ခႏၶာကိုယ္က ဘာေတြမ်ား ထူးျခားေနလို႔လဲ။

>>>>>><<<<<<

“ေတာင္း… ေတာင္းပန္ပါတယ္…”

ျဖစ္ေၾကာင္းကုန္စင္ သိၿပီးခ်ိန္တြင္ အဲရစ္တစ္ေယာက္ ေခါင္းပင္မေထာင္ႏိုင္ေတာ့။ ေမရီက ဒီတစ္ခါေတာ့ သူ႔ကို တကယ္ႀကီးႏွင္ထုတ္ေတာ့မယ္ ထင္ပါရဲ႕။

“ေရဗင္နဲ႔ေဗဒါ ႏွစ္ေယာက္က သူတို႔ရဲ႕စြမ္းအားျပည့္ဖုိ႔အခ်ိန္လုိပါလိမ့္မယ္…”

က်ီးေခါင္းမ်က္ႏွာဖံုးျဖင့္ အမ်ိဳးသားသည္ ေမရီကို လွမ္းေျပာေလသည္။

“အင္း…”

“ဒီကေလးက ‘ဖို’ ခႏၶာကိုယ္ကုိ ပိုင္ဆုိင္ထားတာေပါ့…”

“အင္း…”

ေမရီသည္ ခပ္ေအးေအးသာ ‘အင္း’ တစ္လံုးဆုိ၏။ ေခါင္းမေထာင္သည့္ အဲရစ္၏ ေျခရင္းတြင္ က်ဴးဒိုစ့္သည္ ရပ္လာခဲ့သည္။

“က်ဴး… က်ဴးဒိုစ့္…”

စိတ္လႈပ္ရွားမႈျဖင့္ ေဘာင္းဘီကို ကုတ္ျခစ္ေနသည့္ အဲရစ္ကိုၾကည့္ကာ က်ဴးဒိုစ့္ သက္ျပင္းရိႈက္သည္။

“ပထမဆံုး ေရဗင္နဲ႔ေဗဒါကို မင္းေတာင္းပန္ရမယ္…”

အဲရစ္ေခါင္းကိုညိတ္၏။ သူတုိ႔သည္ တစ္ေယာက္ကိုတစ္ေယာက္သတ္ျဖတ္ေနၾကေသာ္လည္း ထိုသူမ်ားသည္ သူ႔ကိုအမွန္တကယ္ပင္ သတ္ျဖတ္ၾကျခင္းမဟုတ္။ အကယ္၍ ဒီစစ္သူႀကီးေလးေယာက္သာ သူ႔ကို အမွန္သတ္ခ်င္ၾကသည္ဆိုလွ်င္ သူသည္ ဤေနရာတြင္ပင္ရွိေနစရာအေၾကာင္းမရွိေပ။

“ဟုတ္…”

“ေနာက္ၿပီး မင္း ေမရီ႕ကို ေစာင့္ေရွာက္ရမယ္…”

ေခါင္းငံု႔ထားရာမွ သူ႔ေခါင္းသည္ ဆတ္ခနဲေထာင္လာေလ၏။ စင္းႏွင့္စကားေျပာေနသည့္ ေမရီ႕ဘက္သို႔ က်ဴးဒိုစ့္သည္ အသာလည္ျပန္လွည့္ၾကည့္၍…

“ေမရီက တိအဆင့္ၾကယ္ပြင့္စုန္းကေဝတစ္ေယာက္… သူ႔ စြမ္းအားနဲ႔ ဖိႏိွပ္လုိက္တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားက ထိခုိက္သြားၾကတယ္…”

“ေတာ္ေတာ္မ်ားမ်ား…”

“အယ္လုိဝင္း၊ ေဗဒါ၊ ေရဗင္အပါအဝင္ ေမရီရဲ႕ရဲတုိက္နဲ႔အျပင္မွာရွိတဲ့ စက္ကြင္းမိတဲ့ သူေတာ္ေတာ္မ်ားမ်ားေပါ့ ငါက ကံေကာင္းၿပီး သူ႔အေနာက္မွာ ရွိေနခဲ့လို႔ မထိခုိက္ခဲ့ဘူး…”

“ေတာင္းပန္ပါတယ္…”

“မင္း ေတာင္းပန္ရမွာပဲေလ…”

အဲရစ္၏ အေတာင္ေလးမ်ားသည္ ကုတ္က်သြားခဲ့ၿပီး ေခါင္းလည္းျပန္ငံု႔သြားခဲ့၏။ သူ ဘယ္လုိလုပ္ရမလဲ… ဒါေတြအကုန္လံုးကို သူ ဘယ္လိုမ်ားျပန္ၿပီးေတာ့ ေကာင္းမြန္ေအာင္ လုပ္ေပးရမလဲ။ သူက ၾကယ္ငါးပြင့္အဆင့္နတ္ဆိုးေလးတစ္ေကာင္ပဲကို။

“ေမရီက အၿမဲတမ္း သူ႔ရဲ႕ အစြမ္းကုိသိုဝွက္ၿပီးေနခဲ့တယ္… အခုမင္းေကာင္းမႈနဲ႔ သူက တိအဆင့္ဆိုတာကို တခ်ိဳ႕ေတြ သိကုန္ၾကၿပီ…”

“တိအဆင့္!”

အဲရစ္သည္ ေခါင္းေထာင္ကာ ေမရီ႕ဘက္ၾကည့္၏။ စင္းမွ တစ္ခုခုေျပာလုိက္ျခင္းေၾကာင့္ သူ႔ဘက္သို႔ ၾကည့္လာသည့္ ေမရီႏွင့္သူ အၾကည့္ခ်င္းဆံုသြားခဲ့သည္။ ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ခပ္ေယာင္ေယာင္သာ ေကာ့တက္သြားရင္း စင္းကို စကားျပန္ေျပာေလသည္။

က်ဴးဒိုစ့္မွအဲရစ္ကိုယ္တုိင္လုပ္ခဲ့ေသာ္လည္း အဲရစ္မသိလုိက္သည့္ ကိစၥမ်ားကို ျပန္ေျပာျပေနခ်ိန္တြင္ ေမရီႏွင့္စင္းသည္လည္း…

“ဧကာဒသမအဆင့္နတ္ဆိုးဝိညာဥ္က သူ႔ကိုယ္ထဲရွိေနတာ… ဒါက အႏၱရာယ္မ်ားတယ္မဟုတ္လား…”

စင္းသည္ ေမရီႏွင့္အဲရစ္ႏွစ္ဦးတည္း ထိုအိမ္ေလးထဲတြင္ ေနမည္ကို သေဘာမက်စြာျဖင့္ ေျပာေလသည္။

“တိအဆင့္ၾကယ္ပြင့္ျဖစ္လည္း ဆရာမ… ဒါကအခ်ိန္တုိင္းထုတ္လုိ႔မရဘူးေလ…”

စင္း၏ စိုးရိမ္မႈကို ေမရီသည္ေကာင္းစြာနားလည္သည္။

လူတစ္ဦး၏ ခႏၶာကိုယ္သည္ ဒသမေျမာက္ၾကယ္ပြင့္အဆင့္စြမ္းအင္ကိုသာ သိုေလွာင္ႏုိင္ျခင္းရွိသည္။ ထုိ႔အတြက္ ဒသေျမာက္ၾကယ္ပြင့္အဆင့္ထက္သာလြန္သည့္ စြမ္းအင္ရရွိေနသည့္ သူအားလံုးသည္ မိမိတို႔၏ ၾကယ္ပြင့္အဆင့္ကို ခ်ဳပ္ထိန္းထားရ၏။ အျခားသူမ်ားက သူတုိ႔ကုိ ေၾကာက္လန္႔ေနၾကေသာ္လည္း သူတုိ႔သည္ မိမိအစြမ္းကိုပင္ မိမိထုတ္သံုးႏိုင္ျခင္းမရိွ။ အေရးေပၚအေျခအေနမ်ိဳးတြင္သာ ထုတ္သုံးတတ္ၾကသည္။

အေၾကာင္းသည္ကား…

“ဒသမေျမာက္ၾကယ္ပြင့္အဆင့္ စြမ္းအားကို ထုတ္သံုးတာနဲ႔ လူ႔ရဲ႕ခႏၶာကိုယ္က ပ်က္စီးတယ္…”

က်ဴးဒိုစ့္သည္ အဲရစ္၏ မ်က္ႏွာကိုစိုက္ၾကည့္ကာ ေျပာ၏။

“တိအဆင့္ထိထုတ္သံုးလုိက္တယ္ဆုိတာက သူ႔ရဲ႕ခႏၶာကိုယ္တစ္ခုလံုးကို အမႈန္႔ျဖစ္ေလာက္ေအာင္ကို ျပင္းထန္တယ္…”

ေမရီ႕ဘက္လွမ္းၾကည့္သည့္ အဲရစ္ကိုၾကည့္ကာ က်ဴးဒိုစ့္သည္…

“သူအခုေန အေကာင္းတုိင္းရွိေသးတယ္ဆုိတာ သူ႔ရဲ႕ က်ိန္စာေၾကာင့္ပဲ…”

“က်ိန္စာ…”

အဲရစ္သည္ ေမရီ႕ကို ထပ္ၾကည့္ျပန္၏။ ေမရီဟာ တကယ္ကို လွ်ိဳ႕ဝွက္နက္နဲၿပီး နားလည္ရခက္တဲ့ စုန္းမေလးပါလား။ သူ႔မွာ ဘယ္လုိမွေတြးမထားႏုိင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြရွိတတ္တယ္။

စင္းသည္ ေမရီ႕ကိုၾကည့္၍ သက္ျပင္းရိႈက္သည္။ ေမရီ… သူ႔ဆရာမဟာ ဘာေၾကာင့္မ်ား မဆင္မျခင္လုပ္ရတာလဲ။

“တိအဆင့္အစြမ္းကို ထိန္းခ်ဳပ္တဲ့ က်ိန္စာက အႀကိမ္ေပါင္းေျမာက္ျမားစြာ ဒဏ္မခံႏိုင္ဘူးေလ…”

“ငါ မေျခာက္ထားရင္ အဲ့ဒီနတ္ဆိုးေကာင္ေလးက ကလန္ကဆန္လုပ္လိမ့္မယ္…”

အျခားသူမ်ားကို ျပန္လည္ရွင္းျပရျခင္းကို မႏွစ္သက္ေသာ္လည္း စင္းသည္ ေမရီ၏ ခြ်င္းခ်က္ျဖစ္သည္။ ထိုေကာင္ေလးက သူမ၏ တပည့္ျဖစ္ၿပီး သူမ၏ စြဲလမ္းမႈႏွင့္ သူမ၏ လက္မလႊတ္ႏုိင္မႈတုိ႔ကို သိသည့္ သူျဖစ္သည္။

“ဒါေပမဲ့လည္း…”

စင္းသည္ စိတ္ညစ္ညဴးစြာေရရြတ္သည္။ ထို႔ေနာက္…

“ခဏလွဲလုိက္ ကြ်န္ေတာ္ ဆရာမကို စမ္းသပ္ခ်င္တယ္…”

“အင္း…”

နာခံစြာလွဲေလ်ာင္းလုိက္သည့္ ေမရီကိုၾကည့္ကာ စင္းသည္ သက္ျပင္းရိႈက္၏။

“ခ်ာတိတ္… သခင္မက ဘယ္လုိအေျခအေနရွိလဲ…”

ေမရီ၏ ေသြးေၾကာမ်ားထဲတြင္ တိအဆင့္အစြမ္းသံုးလုိက္ျခင္းေၾကာင့္ အဆိပ္သင့္ျခင္းျဖစ္ေနမျဖစ္ေန သူ စမ္းသပ္ၿပီးခ်ိန္တြင္ က်ဴးဒိုစ့္သည္ သူ႔အနားသို႔ေရာက္လာေလ၏။ က်ဴးဒိုစ့္၏ အေနာက္တြင္ေတာ့ ေမရီ႕ကို တိအဆင့္အစြမ္းထုတ္သံုးေစသည့္ တရားခံေကာင္ေလး အဲရစ္။

“ခႏၶာကိုယ္ကေတာ့ ဘာမွ်မျဖစ္ဘူး… က်ိန္စာကိုပဲ ကြ်န္ေတာ္ ၾကည့္ေပးဖို႔က်န္တာ…”

“က်ိန္စာ…”

ေမရီသည္ ေမွာက္လ်က္လွဲေနခဲ့သည္။ သူမ၏ ၿမီးေညာင့္ရိုးနားမွစတက္လာသည့္ က်ိန္စာသည္ သူမ၏ လည္ကုတ္နားမေရာက္ခင္တြင္ အဆံုးသတ္၏။ ထိုက်ိန္စာသည္သစ္ျမစ္မ်ားအသြင္ရွိၿပီး အနက္ေရာင္ေတာက္ေနခဲ့သည္။ ေမရီ၏ ေအာက္ပိုင္းကို ေစာင္ျဖင့္ ဖံုးအုပ္ထားခဲ့၏။

အနည္းငယ္အနီေရာင္သန္းေနသည့္ ေနရာမ်ားကို ၾကည့္ၿပီးေနာက္ စင္းသည္ ေမရီ၏ ေက်ာကို ျပန္ဖံုးေပးလုိက္ေလသည္။ ေမရီသည္ ေမွာက္လ်က္အေနအထားအတုိင္းပင္ စင္းဘက္သို႔ ေခါင္းလွည့္ၾကည့္၏။

“ဆရာမ က်ိန္စာေၾကာရဲ႕ တခ်ိဳ႕အေၾကာေတြက ေပ်ာက္ဆံုးကုန္ၿပီ…”

စင္းသည္ လက္ကိုေသခ်ာသန္႔စင္ၿပီးေနာက္ ပ်င္း၍မထလိုေသးသည့္ ေမရီ႕ဘက္သို႔ ျပန္ေလွ်ာက္လာကာ ခုတင္အနီးတြင္ ခံုတစ္လံုးဆြဲ၍ ထုိင္လုိက္ေလသည္။

“တိအဆင့္အစြမ္းကို ဒီက်ိန္စာက ေနာက္ထပ္ သံုးႀကိမ္ပဲ လက္ခံေပးႏိုင္တယ္… သခင္မအေနနဲ႔ အျခားအဆင့္အစြမ္းေတြ ထုတ္သံုးရင္လည္း ဒီက်ိန္စာက သခင္မကို နာက်င္ေစလိမ့္မယ္…”

စင္း၏ ေလးနက္ေနမႈေၾကာင့္ ေမရီသည္ ျပံဳး၍…

“အင္း ငါ သိၿပီ… သံုးႀကိမ္ေတာ့ ငါ တိအစြမ္းကို ထုတ္သံုးစရာအေၾကာင္းမရွိပါဘူး…”

“ျဖစ္ႏိုင္ရင္ မႏၱန္ေတြလည္း သိပ္မသုံးပါနဲ႔…”

စင္း၏ အၾကည့္မ်ားသည္ အဲရစ္ထံေရာက္သြား၏။ အဲရစ္တစ္ကိုယ္လံုးေတာင့္သြားခဲ့သည္။ ေယာင္ေယာင္မွားမွားျဖင့္ က်ဴးဒိုစ့္၏ ေထာင္ေနသည့္ အၿမီးကို သူ ဆုတ္ကိုင္ျဖစ္၏။ က်ဴးဒိုစ့္ကို အားကိုးပံုရသည့္အဲရစ္၏ အျပဳအမူေၾကာင့္ ေမရီ႕မ်က္ႏွာသည္ ႏူးည့ံသြားခဲ့သည္။ ဘယ္ေလာက္ပဲ မတည့္ၾကပါေစ သူတုိ႔ေတြက တစ္ေယာက္ကိုတစ္ေယာက္ေတာ့ အသိအမွတ္ျပဳၾကရွာသား။

“တပည့္ရဲ႕ အၾကံေပးမႈကို ေဗြမယူပါနဲ႔…”

စင္းသည္ စကားပလႅင္အလ်င္ခံ၏။ ေမရီဟာ သူမကို ဆရာလုပ္ျခင္းမ်ားကို သိပ္မုန္းတာ မဟုတ္ပါလား။ သူမက သူမရဲ႕ ဘဝႏွင့္ကိုယ္ေရးကိုယ္တာကို စြက္ဖက္ျခင္းမ်ားကိုလည္း မႏွစ္သက္ေပ။

“အဲရစ္က စုန္းကေဝျဖစ္ဖို႔ရာအတြက္ သင့္ေတာ္ပါတယ္… သူ႔ရဲ႕ ခႏၶာကိုယ္က အဆံုးမဲ့စြမ္းအားေတြကိုလည္း ထိန္းခ်ဳပ္ႏုိင္တယ္ေလ… သခင္မအေနနဲ႔ သူ႔ကို တပည့္အျဖစ္လက္ခံခ်င္စိတ္ရွိရင္ လက္ခံလုိက္တာက ေကာင္းပါတယ္…”

“အင္း ငါ စဥ္းစားလုိက္မယ္…”

အဲရစ္သည္ စင္းကို စူးစမ္းၾကည့္၏။ ေမရီဟာ ဒီလူရဲ႕စကားေတြကိုေတာ့ အေရးတယူရွိသား။ သူ႔ ႏွလံုးသားေသးေသးေလးထဲတြင္ စင္းကို မနာလုိလည္း ျဖစ္သြားရေသးသည္။ စစ္သူႀကီးေတြဟာ ေမရီႏွင့္အနီးဆံုးသူမ်ားဆုိ ဘာေၾကာင့္ စင္းဆိုတဲ့ ဒီတပည့္ေလးက စစ္သူႀကီးေတြထက္ေတာင္ ေမရီနဲ႔ပိုနီးေနရေသးတာလဲ။

က်ဴးဒိုစ့္သည္ သူ႔အၿမီးကို တင္းေနေအာင္ ဆုတ္ကိုင္လိုက္သည့္ အဲရစ္ကုိ လွည့္၍ကုတ္ေလ၏။

“အ…”

ရုတ္တရက္မုိ႔ လန္႔ကာ က်ဴးဒိုစ့္အၿမီးကို လႊတ္ၿပီး သူ ေအာ္မိေတာ့ စင္းသည္ သူ႔ကို ၾကည့္လာခဲ့သည္။ ဘာေၾကာင့္မ်ား က်ဴးဒိုစ့္က လွည့္ကုတ္သလဲဆုိသည့္ မ်က္ဝန္းမ်ားျဖင့္ ေမရီမွ က်ဴးဒုိစ့္ကို ေမွာက္လွဲေနရင္းမွ အနည္းငယ္ကိုယ္ကိုမတ္၍ အေနာက္သို႔လွည့္ကာ လွမ္းၾကည့္ခ်ိန္တြင္ အဲရစ္သည္ ျခစ္ရာသံုးရာထင္သြားသည့္ သူ႔လက္ကိုသူ အေနာက္သို႔ဝွက္ကာ…

“မဟုတ္ဘူး ကြ်န္ေတာ္က က်ဴးဒိုစ့္ရဲ႕အၿမီးကုိ အားနဲ႔ကိုင္လိုက္မိလို႔…”

ခုတင္ႏွင့္အနည္းငယ္ဟသြားေသာေၾကာင့္ ထြက္လာသည့္ ခႏၶာအလွကို စင္းသည္ အၾကည့္လႊဲ၏။ သူ႔ဆရာမဟာ သူတုိ႔ကို တကယ္ေသာက္ကေလးေတြလုိ သေဘာထားၿပီးနည္းနည္းေလးမွ ဆန္႔က်င္ဘက္လိင္လုိ႔သေဘာမထားဘူး။ သူက အသက္ရာခ်ီေနတဲ့ စုန္းကေဝတစ္ေယာက္ျဖစ္ေနေပမဲ့လည္း… အင္း ေမရီေလာက္ေတာ့ သက္တမ္းမရွိေသးဘူးေပါ့။ ဘယ္လုိပဲျဖစ္ျဖစ္ သူက ေယာက်ာ္းေလးပါပဲ။

“အင္း…”

စင္းသည္ က်ဴးဒုိစ့္ကိုေခၚ၍ ႏႈတ္ဆက္ၿပီးျပန္သြားခ်ိန္တြင္ ေမရီႏွင့္အဲရစ္ႏွစ္ဦးသာ အိမ္ေလးထဲတြင္ က်န္ခဲ့ေလ၏။

“အဲရစ္…”

တိတ္ဆိတ္ေနသည့္ အိမ္ထဲတြင္ ေမရီ၏ အသံေအးေအးထြက္လာခ်ိန္တြင္ အဲရစ္တစ္ေယာက္တုန္သြားေတာ့သည္။

“ငါတုိ႔စကားေျပာလို႔ရေအာင္ အရင္ဆံုး ငါ့အဝတ္ယူေပးပါလား…”

အိမ္ထဲရွိ ဘီဒိုတစ္လံုးကိုလက္ညိွဳးညႊန္ကာ ေမရီေျပာေလသည္။ ထိုအခါက်မွ ေမရီသည္ အဝတ္ဗလာျဖင့္ ေစာင္ေအာက္တြင္ရွိေနသည္ကို သတိရကာ အဲရစ္ ခပ္သြက္သြက္ျဖင့္ ဘီဒိုထံေျပးသြားေလ၏။

“ငါတုိ႔ မင္းရဲ႕ ခႏၶာကိုယ္အေၾကာင္း ေျပာရေအာင္…”

ေမရီ႕ဘီဒိုကို ဖြင့္ေနသည့္လက္မ်ားသည္ အေနာက္မွကပ္ပါလာသည့္ စကားသံေၾကာင့္ တံု႔ခနဲရပ္သြားခဲ့ရသည္။ သူ႔ခႏၶာကိုယ္အေၾကာင္း… သူ႔ခႏၶာကိုယ္က ဘာျဖစ္လို႔လဲ။

----------





rate now:

2 Reviews
  • reader ChenBaiLian610099 26.02.2020, 09:56 5

    💕

    reply

  • reader Yun Ji 26.02.2020, 04:12 5

    ​သောက်က​လေး​လေး​တွေ lol

    reply