book

Index 14

Part - 14

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode
ကြယ်ပွင့်အဆင့်များကိုတိုင်းတာရာတွင်

၁ပွင့်မှ၉ပွင့်အထိ ကြယ်၁ပွင့်၊ ကြယ်၂ပွင့်မှသည် ကြယ်၉ပွင့်ဟု ခေါ်ဝေါ်သတ်မှတ်ချေ၏။

ဒသမမြောက်ကြယ်ပွင့်အဆင့်ရောက်လျှင် ထိုအဆင့်ရှိ လူဖြစ်စေ၊ မကောင်းဆိုးဝါး(မှော်ဝင်သားရဲ) ဖြစ်စေ သူတို့သည် နတ်ဆိုးနှင့်နတ်ဘုရားများအတိုင်း သန်မာသည်ဟု ဆိုကြသည်။

ထိုအဆင့်သည် ကြယ်၁ပွင့်မှကြယ်၉ပွင့်အဆင့်ထက် စွမ်းအားပေါင်းများစွာ ကွာခြား၏။

ဒသမမြောက်ကြယ်ပွင့်နှင့် ဧကာဒသမမြောက်ကြယ်ပွင့်၏ စွမ်းအားကွာခြားမှုသည် ကြယ် ၁ ပွင့်နှင့် ကြယ် ၄ ပွင့်ကြားမှ ကွာခြားမှုလောက်ရှိ၏။

အပိုင်း - ၁၄ : ဧကာဒသမ။

‘အင်အားကြီးခြင်း၊ အင်အားနည်းခြင်းသည် အရေးမဟုတ်ပေ။ ကိုယ့်အတွက် အန္တရာယ်များခြင်း၊ နည်းခြင်းသည်သာ အရေးဖြစ်သည်။’

မေရီသည် သူမခုတင်ထက်တွင် အိပ်မောကျနေသည့် ကောင်ကလေးကို ကြည့်၏။ သူမ၏ ခုတင်ခြေရင်းတွင် ကြောင်တစ်ကောင်၊ လူအသွင်ယူထားသည့် မြွေတစ်ကောင်နှင့် ကျီးနက်တစ်ကောင်သည် ဦးညွှတ်နေခဲ့ကြသည်။

“သူက အချိန်တခဏလေးပဲ နေနိုင်သေးတာပဲ…”

မေရီသည် ထိုကောင်လေး၏ နဖူးကို လက်ချောင်းထိပ်ဖြင့်အသာထိထားပြီးနောက် ရေရွတ်လေသည်။

“အပြစ်ပေးရမယ်ဆိုပေမဲ့…”

မေရီသည် တောင့်ခနဲဖြစ်သွားကြသည့် လူတစ်ယောက်နှင့်တိရိစ္ဆာန်နှစ်ကောင်ကို ဝေ့ကြည့်သည်။ အဲရစ်၏ နဖူးထက်မှ လက်ကိုရုတ်ကာ ဆက်၍ပြောသည်။

“ငါ သိချင်တာကို သိလို့ရလိုက်တဲ့အတွက် ဒီတစ်ကြိမ်ကတော့ လွှတ်ပေးလိုက်လို့ရပါတယ်…”

“သခင်မ…”

ကျူးဒိုစ့်သည် ရိုကျိုးစွာဖြင့် ခေါ်ကာ အရှေ့သို့ထွက်လာလေသည်။ အဲရစ်ဆုတ်ကိုင်ထားခဲ့သည့် သူ့အမြီးသည် လောင်ကျွမ်းဒဏ်ရာရှိနေသေးဆဲ။

မေရီသည် ကျူးဒိုစ့်အမြီးမှ လောင်ကျွမ်းဒဏ်ရာကိုမြင်လိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်စွန်းများသည် မသိမသာကော့တက်သွားခဲ့လေသည်။

“ကျူးဒိုစ့်… နင် တော်တာပဲ…”

မေရီသည် ခုတင်ပေါ်ခုန်တက်လာသည့် ကျူးဒိုစ့်၏ ခေါင်းကိုအသာပွတ်သပ်ပေးလေသည်။ ရေဗင်နှင့်ဗေဒါသည် ကျူးဒိုစ့်ကို မနာလိုသည့်မျက်လုံးများဖြင့်သာ ကြည့်နိုင်ကြ၏။

“ငါတို့သွားရအောင်…”

မေရီသည် ကျူးဒိုစ့်ကိုပိုက်ထွေးကာ အခန်းထဲမှ ထွက်လာလေသည်။ ရေဗင်နှင့်ဗေဒါမှာတော့ သတိလစ်နေသည့် အဲရစ်ကို စောင့်၍သာ ကျန်ခဲ့ရရှာ၏။ တိတ်ဆိတ်သွားသည့် အခန်းထဲတွင် ဗေဒါသည် ခုတင်ဘေးတွင် ခုံတစ်လုံးဖြင့်ထိုင်နေခဲ့ပြီး ရေဗင်သည် ခုံလက်တန်းပေါ်တွင် ခိုနားနေခဲ့သည်။

“ရေဗင်…”

ဗေဒါသည် အသိလစ်နေသည့် ကောင်ကလေး၏ မျက်နှာကိုကြည့်ရင်းခပ်တိုးတိုးခေါ်၏။

“မင်းလေပွေကြောင့်ဖြစ်တဲ့ ပြတ်ရှရာတွေက လွယ်လွယ်နဲ့ပြန်ပျောက်ကင်းစရာအကြောင်းမရှိဘူးမဟုတ်လား…”

ချောမွေ့နေသည့် ကလေးမျက်နှာလေးကို သူသည် စိုက်ကြည့်နေခဲ့၏။

“နတ်ဆိုးဖြစ်နေတာတောင်မှ သူ့ဒဏ်ရာက အကျက်မမြန်ရဘူးလေ… မင်းက ကြယ်ကိုးပွင့်အဆင့်သားရဲပဲဟာကို…”

ရေဗင်၏ မျက်လုံးများသည် နီရဲနေခဲ့သည်။

“အဲ့ဒီအချိန်တုန်းက… သူက…”

ရေဗင်သည် သိထားသည်က ယုံကြည်ထားသည့်အသံမျိုးဖြင့်ဗေဒါကို

“သူက ဧကာဒသမမြောက်ကြယ်ပွင့်အဆင့်ရှိနေပြီ…”

ရေဗင်နှင့်ကျူးဒိုစ့်သည် တစ်ချိန်တည်းတွင် မေရီနှင့်ဗေဒါကို ပြောပြဖြစ်ခဲ့ကြသည်။

အိပ်ခန်းတွင်းရှိ ဗေဒါ၏ မျက်လုံးများသည် ဝိုင်းစက်သွားခဲ့ပြီး မေရီ၏ မျက်လုံးများသည် မှေးကျဉ်းသွားခဲ့၏။

ကျူးဒိုစ့်သည် မေရီ၏ မျက်လုံးများထဲကြည့်၏။

“ဒသမကြယ်ပွင့်သားရဲရဲ့ဒဏ်ရာကို မကျက်အောင်လုပ်နိုင်တာ သူ့ထက်အဆင့်မြင့်တဲ့သူတွေပဲ မဟုတ်လား…”

မေရီသည် အနည်းငယ်စဉ်းစားသည့်ဟန်ဖြင့်…

“သူ့ရဲ့အတွင်းမိစ္ဆာက အခုလောက်ထိစွမ်းနေမယ်လို့ ငါ မထင်ထားခဲ့မိတာတော့ အမှန်ပဲ…”

“ဒီတော့ မင်းဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ…”

အပြစ်လုပ်ထားသည့်အချိန်မျိုးနှင့် မေရီ့ကိုအလေးပေးရမည့်အချိန်မျိုးမဟုတ်လျှင် ကျူးဒိုစ့်သည် မေရီ့ကိုပုံမှန်သာ ဆက်ဆံဖြစ်သည်။ မေရီသည်လည်း သူ့ကို မဲလုံးဟုသာ ခေါ်လေ့ရှိ၏။

“ဘာလုပ်လို့ရမှာလဲ…”

မေရီသည် ခုံပေါ်တွင်မှီထိုင်ချလိုက်ကာ ပျင်းရိသည့်အသံမျိုးဖြင့် အဖြေတစ်ခုကိုပေးလေ၏။

“ဧကာဒသမမြောက်ကြယ်ပွင့်ရှိတာက သူ့ရဲ့အတွင်းစိတ်လေ သူမှမဟုတ်တာ… ငါက ဒသမမြောက်ကြယ်ပွင့်လို့ပဲ ထင်ခဲ့ပေမဲ့…”

မေရီသည် မျက်လုံးများကိုမှိတ်၏။ သူမ၏ အတွေးတွင် ကျူးဒိုစ့်ကိုရုန်းကန်နေသည့် ပထမအကြိမ်နတ်ဆိုးသွေးနိုးထသွားသည့် အဲရစ်ကို မြင်ယောင်လာခဲ့သည်။

“မဟုတ်သေးဘူး…”

သူမ မျက်လုံးများသည် ဖြတ်ခနဲပွင့်လာခဲ့သည်။ သူမ၏ စာအုပ်စင်ထံသို့ ခြေလှမ်းကျဲများဖြင့် ထသွားလေ၏။

“သူက ဝိညာဉ်နှစ်ခုနဲ့လာတာလား…”

မေရီသည် စာအုပ်များကို လှန်လှောရင်းရေရွတ်လေ၏။

“ဝိညာဉ်နှစ်ခု?”

မျက်မှန်ဝိုင်းတပ်လိုက်သည့် မေရီ၏ဟန်က လေးနက်နေခဲ့သည်။

“လူတစ်ယောက်မှာ ဝိညာဉ်နှစ်ခုမရှိနိုင်ဘူးလေ…”

ကျူးဒိုစ့်သည် မေရီ၏ စာဖတ်စားပွဲပေါ်တက်ကာ စာအုပ်ကို ခေါင်းပြူကြည့်ရင်းပြောလေသည်။

“သူက လူမဟုတ်ဘူးလေ…”

မေရီသည် အေးတိအေးစက်ပြောလေသည်။

“လူတွေမှာ ဝိညာဉ်တစ်ခုပဲရှိတယ်… ဝိညာဉ်ဆိုတာက တကယ်တော့ ခန္ဓာအခွံလှုပ်ရှားလာအောင် လုပ်ပေးတဲ့ မောင်းနှင်စေတဲ့အရာတစ်ခုပဲ… တကယ်လို့ အခြားဝိညာဉ်တစ်ခုက ခန္ဓာအခွံထဲဝင်ရောက်လာခဲ့ရင် ခန္ဓာအခွံကို ကြောင်သွားစေနိုင်တယ်… အာ လူတွေကတော့ ဒါကို ပူးကပ်မှုလို့ ခေါ်တာပေါ့…”

စာရွက်များကို လှန်နေရင်းမှ မေရီသည် ကျူးဒိုစ့်ကို ပြောပြလေသည်။

“ဆိုကြပါစို့ လူ့ခန္ဓာအခွံကယန္တရားဆိုရင် ယန္တရားကိုမောင်နှင်မဲ့ အရာက တုန်ခါလှိုင်းနှုန်းတူနေရမယ်… မဟုတ်ရင် ခန္ဓာအခွံဟာ ကမောက်ကမ လှုပ်ရှားလိမ့်မယ်… ဒါကြောင့်ပဲ ပူးကပ်ခံရတဲ့သူတွေက ပုံမှန်မဟုတ်တဲ့ အပြုအမူတွေပြုတတ်ကြတာပေါ့ ဒါက သူတို့အတွက်လုပ်ထားတဲ့ ခန္ဓာအခွံမဟုတ်ဘူးလေ…”

မေရီသည် မှတ်သားထားသည့် စာရွက်တစ်ရွက်တွင် ရပ်လိုက်လေသည်။

‘အသက်သွင်းမူနှင့်ပတ်သက်၍’

ထိုစာမျက်နှာ၏ ခေါင်းစဉ်သည် အထက်ပါအတိုင်းဖြစ်၏။

မေရီသည် စာမျက်နှာအတွင်းရှိ အကြောင်းအရာများကို သေချာဖတ်ရှုနေခဲ့သည်။

‘ခန္ဓာတစ်ခုတည်းတွင် ဝိညာဉ်နှစ်ခုသည် အတူမရှိနိုင်။ သေဆုံးပြီးသည့် ခန္ဓာကိုယ်သည် မောင်နှင်ခြင်းကင်းမဲ့သည့် ယန္တရားတစ်ခုသာဖြစ်သည်။ ထိုယန္တရားကိုအခြားသော ဝိညာဉ်တစ်ခုထည့်၍ ရှင်သန်စေနိုင်သည်။ သို့သော် ထိုခန္ဓာကိုယ်၏ ယခင်အပြုအမူ၊ အမူအကျင့်တို့သည် ပြောင်းလဲသွားချေလိမ့်မည်။’

‘အကယ်၍ ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် ညှိမရနိုင်သည့် လှိုင်းအမျိုးအစားဖြစ်ပါက ဝိညာဉ်မှအားကောင်းလျှင် ခန္ဓာသည်ပျက်စီးနိုင်ပြီး ခန္ဓာမှအားကောင်းလျှင် ဝိညာဉ်သည် ပျက်စီးပေလိမ့်မည်။’

မေရီသည် အချို့စကားလုံးများကို ကျော်သွားပြီးနောက်တွင်တော့ သူမ လိုချင်သည့် စာပိုဒ်ကိုတွေ့လေ၏။

‘ဝိညာဉ်နှစ်ခု အတူရှိနေနိုင်သည့် ခန္ဓာကိုယ်ဟူသည် ပိုင်ရှင်မဲ့ခန္ဓာကိုယ်ဖြစ်ပြီး မည်သည့်ဝိညာဉ်မဆို ထိုခန္ဓာထဲတွင် ရှင်သန်နိုင်၏။ ဝိညာဉ်မည်မျှရှိနေနိုင်သည်ဆိုသည်ကတော့ ထိုခန္ဓာကိုယ်၏ ခံနိုင်ရည်အရသာဖြစ်လိမ့်မည်။ မူရင်းဝိညာဉ်သည် အခြားသောဝိညာဉ်၏ လွှမ်းမိုးခြင်းကိုလည်း ခံရနိုင်သလို အခြားသောဝိညာဉ်သည် ပင်မဝိညာဉ်၏ အာဟာရလည်းဖြစ်သွားနိုင်ပေ၏။’

“သူ့ကို ငါတို့စမ်းသပ်လို့ရတယ်…”

အမြဲတမ်းမှိုင်းဖျော့နေသည့် မေရီ၏ မျက်လုံးများသည် အရောင်တောက်လာခဲ့သည်။

“မေရီ…”

“ငါတို့က ဧကာဒသမမြောက်ကြယ်ပွင့်ရှိနေတဲ့ ဝိညာဉ်ကို ယဉ်ပါးအောင်လုပ်ဖို့ခဲ့တယ်… နောက်ပြီးတော့…”

မေရီသည် စာအုပ်ကိုပိတ်ကာ နေရာတကျပြန်ထား၏။

“သူ့ရဲ့အဆင့်တက်မှုက မြန်ဆန်လွန်းတယ်… အဲရစ်က သူ့ကို လွှမ်းမိုးနိုင်မှဖြစ်လိမ့်မယ်…”

မေရီသည် ကျူးဒိုစ့်ကို လှည့်ကြည့်၍ပြောပြီးနောက် မျက်မှန်ဝိုင်းကို ချွတ်က ထရပ်လေ၏။

“ငါတို့ အခု သူ့နားမှာရှိနေတာ ပိုကောင်းလိမ့်မယ်…”

သူမ အခန်းထဲမှ ထွက်လာချိန်တွင် တစ်ဖက်လက်မှ ရေဗင်ကိုအတောင်မှကိုင်ဆွဲထားပြီး အခြားတစ်ဖက်တွင် မြွေတစ်ကောင်အသွင်ဖြင့်ရှိနေသည့် ဗေဒါကို ဆုတ်ကိုင်ထားသည့် အဲရစ်ကို တွေ့ရလေ၏။

“ဟဟ ငါ ထင်ခဲ့တယ်…”

“စုန်းမ…”

မေရီသည် ရှေ့ထွက်ပြီးတိုက်ခိုက်ရန်ပြင်နေသည့် ကျူးဒိုစ့်ကိုကာရပ်ကာ…

“မင်းကိုငါဘယ်လိုခေါ်ရမလဲ…”

“အဲရစ်… မင်းရဲ့ကောင်းမှုကြောင့် ငါက အဲရစ်ပဲဖြစ်နေရတယ်…”

“အာ မင်းငါ့ကို သတ်လို့မရဘူးပဲ သခင်နဲ့ကျွန်ချုပ်နှောင်မှုက ဒီခန္ဓာကိုယ်မှာသက်ရောက်နေတယ်…”

ထီမထင်ပြုံးဖြင့် မေရီသည် ခါးကိုကိုင်းညွှတ်ကာ အဲရစ်၏ လည်တိုင်မှ အရောင်ဖျော့ဖျော့တောက်နေသည့် လည်ပတ်သဖွယ်အရာကိုထိလေ၏။

“မေရီ… တကယ်လို့ မင်းသာ ငါ့ကို ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ငါ မင်းကို ပြန်ကူညီနိုင်တယ်…”

အဲရစ်၏ မျက်လုံးများသည်နီရဲနေခဲ့၏။ မေရီသည် မျက်လုံးနေသည့် ကောင်ကလေးကို ခပ်အေးအေးသာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမ၏ ဝိညာဉ်စွမ်းအားအရှိန်ကိုဖြန့်ထုတ်လေ၏။ သူမ၏ အနောက်ကို ကာကွယ်ထားသည်မို့ ကြီးမားခက်ထန်သည့် လှိုင်းလုံးတစ်ခုအလား လွင့်ထွက်လာသည့် ဝိညာဉ်စွမ်းအားသည် ကျူးဒိုစ့်ကို မထိခု အဲရစ်နှင့် အဲရစ်လက်ထဲမှ ဗေဒါနှင့်ရေဗင်ကို သက်ရောက်စေ၏။ ပြင်းထန်သည့်ထိုဖိအားသည် သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို ပေါက်ကွဲထွက်စေတော့မည့်အလားပင်။ သူတို့၏သွေးများသည်ပြောင်းပြန်စီးကာ နှလုံးတစ်ခုလုံးသည် ပြင်းထန်စွာခုန်ပေါက်နေခဲ့၏။

ဒူးညွှတ်ကျသွားသည့် မျက်လုံးနီနီနှင့်ကောင်စုတ်လေးကို ကြည့်ကာ မေရီသည် ထိုကောင်လေးရှေ့တွင် ထိုင်ချသည်။ အဲရစ်လက်မှ လွတ်ကျသွားသည့် ရေဗင်နှင့်ဗေဒါကို အသာကောက်ချီကာ အနောက်ဘက်သူမ အကာအကွယ်ပေးထားသည့် နယ်နိမိတ်ထဲသို့ ထည့်လိုက်လေ၏။

“ဒီသက်တမ်းနဲ့ ဧကာဒသမမြောက်ကြယ်ပွင့်အဆင့်ရောက်တာက တော်တယ်လို့တော့ ချီးကျူးရမှာအမှန်ပဲ… ဒါပေမဲ့... မင်းသိဖို့က…”

မေရီသည် သူမ၏ စွမ်းအားအမှန်ကိုထုတ်လွှတ်လေ၏။ ရဲတိုက်တစ်ခုလုံးသည် တသိမ့်သိမ့်တုန်လာတော့သည်။ ပြင်ပရှိနေကြာခင်းမှ နေကြာတို့သည်လည်း ယိမ်းနွဲ့ကုန်၏။ အယ်လမ်သစ်ပင်မှုသစ်ကိုင်းအချို့သည် ကျိုးကြကုန်ခဲ့သည်။

“တိအဆင့်ကြယ်ပွင့်စုန်းမတစ်ယောက်ကို မင်းနိုင်မှာတဲ့လား…”

ရဲတိုက်၏ နံရံသည် အက်ကွဲလာကာ ကြမ်းတို့သည်လည်း အက်ကြောင်းထင်လာ၏။ ထောက်ထားသည့်ဒူးသည် ကြမ်းပေါ်သို့ကျွံသွားတော့မှ မေရီသည် သူမ၏ ဝိညာဉ်စွမ်းအားကို ရုတ်သိမ်းလေသည်။ အဲရစ်၏ မျက်နှာကိုလက်တစ်ဖက်ဖြင့် ဖျစ်ဆုတ်ကိုင်ကာ သူမ ပင့်မော့တော့ ထိုကောင်လေး၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးစီးကြောင်းတစ်ခု။

“ငါ့ကို စိတ်အနှောင့်အယှက်မပေးဘဲ မင်းဘာသာပြန်အိပ်နေသင့်တယ်… နတ်ဆိုးလေး…”

သူမကို စူးရဲစွာကြည့်သည့် မျက်လုံးရဲရဲလေးများကို ကြည့်ကာ မေရီသည် အသံတိုးတိုးဖြင့်ရေရွတ်သည်။

“ငါ မျက်လုံးဝါတွေကို ပိုသဘောကျတယ်…”

သူမလက်ဖြင့် မျက်ခွံများကိုအသာပိတ်၏။ သူမပေါ်သို့ ခွေယိုင်လဲကျလာသည့် ခန္ဓာကိုယ်သေးသေးလေးကို မေရီအသာကောက်ပွေ့သည်။ မင်းသမီးလေးတစ်ပါးလို အဲရစ်ကိုကောက်ပွေ့ပြီးနောက် သူမကြောင့် နာကျင်ထားရသည့် သူများကို လှည့်ကြည့်လေ၏။

“ကျူးဒိုစ့် ငါ ဒီရက်ထဲ ငါ့ရဲ့တခြားနေရာမှာရှိနေမယ်…”

ပြောပြီးသည်နှင့် ကျူးဒိုစ့်ထံသို့ ဖန်ပုလင်းငယ်တစ်လုံးပစ်ပေးလေ၏။ အကြည်ရောင်ဖန်ပုလင်းငယ်လေးထဲအတွင်း စိမ်းလဲ့လဲ့အရည်ကြည်တစ်ချို့။

ကျူးဒိုစ့်သည် ပါးစပ်ဖြင့်ဖန်ပုလင်းငယ်ကို ကိုက်ပြီးနောက် ပျက်စီးမလိုဖြစ်နေသည့် ရဲတိုက်ထဲတွင် ကျန်နေဖြစ်ခဲ့သည်။ ရဲတိုက်၏ မည်သည့်နေရာပျက်စီးနေပါစေ နေရာတစ်ခုသည် မပျက်စီး။ မည်မျှပင် တိုက်ပွဲကြီးမားပါစေ ထိုနေရာထိ မည်သည့်ပျက်စီးခြင်းသည် မကူးစက်စေရ။

လှပသည့်အဖြူရောင်ပန်းမျိုးစုံပွင့်လန်းသည့် ခြံငယ်လေးတစ်ခု။ ထိုခြံငယ်လေးထဲတွင် သစ်လုံးအိမ်လေးတစ်လုံးရှိသည်။ ပိုင်ရှင်မလာသည်မှာကြာမြင့်သောကြောင့် သစ်လုံးအိမ်လေးကို နွယ်အချို့သည် ရစ်ခွေထားခဲ့၏။ ထိုရစ်ခွေနေမှုသည် လှပခြင်းကိုသာပံ့ပိုးပြီး သစ်လုံးအိမ်လေးကို မထိခိုက်စေ။

“မင်း ကံကောင်းလိုက်တာ သောက်ကလေး…”

ခုတင်တစ်လုံး၊ စာကြည့်စားပွဲတစ်လုံးနှင့် စာအုပ်စင်တစ်စင်ရှိသာရှိသည့် ထိုအိမ်လေးထဲသို့ ဝင်လာပြီးနောက် မေရီသည် ရေရွတ်၏။ သူမ နေထိုင်သည့် ခမ်းနားသည့်အဆင်အပြင်နှင့်ထိုနေရာလေးသည် လားလားမျှမတူသော်လည်း ထိုအိမ်လေးထဲတွင် ရှိနေသည့် မေရီ၏ မျက်နှာထက်တွင် အေးစက်မှုတို့ရှိမနေ။ သူမ၏ မျက်လုံးများသည် နူးညံ့နေခဲ့ပြီး အိမ်အတွင်းပိုင်းကို လွမ်းဆွတ်မှုတို့ဖြင့်ကြည့်၏။

မေရီသည် သူမပင် ရံဖန်ရံခါမှ အိပ်စက်တတ်သည့် အိပ်ရာတွင် ထိုကောင်လေးကို အသာချ၏။ ထို့နောက် သစ်လုံးအိမ်လေး၏ အနောက်ဘက်တံခါးပေါက်ကို ဖွင့်သည်။

သစ်လုံးအိမ်၏ အနောက်ဘက်တွင် မှန်ခေါင်းတလားတစ်ခုရှိ၏။ ထိုခေါင်းတလားဘေးတွင် ခုံတစ်ခုံရှိသည်။ မေရီသည် မှန်တလားခေါင်းအနီးရှိ ခုံတွင်ဝင်ထိုင်၏။

“ဒီတစ်ခါတော့ ငါ မမှားတော့ဘူးထင်တယ်…”

မေရီသည် မှန်တလားခေါင်းအထဲသို့ လှမ်းကြည့်ပြောသည်။ အသက်မဲ့နေသည့် အလောင်းတစ်ခုသည် သူမကို စကားမပြန်ခဲ့။

“ဒီတစ်ခါ… ဒီတစ်ခါတော့… ကျွန်မအနားကို ရှင်ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်…”

မေရီသည် လွမ်းဆွတ်နေသည့် အသံဖြင့် ရေရွတ်ရှာလေ၏။

>>>>><<<<<

“စင်း ဘာဖြစ်လို့လဲ…”

ကျီးနက်တစ်ကောင်နှင့် ဆော့ကစားနေသည့် ကောင်လေးတစ်ယောက်သည် ပန်းကန်ဆေးနေရင်းမှ တုံ့ခနဲရပ်သွားသည့် အမျိုးသားကို မေးလေ၏။

“ဟင့်အင်း… အေဘယ်လ် မင်း အိပ်နေပါလား…”

“စင်း အလုပ်ရှိလို့လား…”

Long Coat ရှည်ကိုဝတ်၊ မျက်နှာဖုံးကိုတပ်ကာ ဦးထုပ်ဆောင်းနေသည့် အမျိုးသားသည် ခေါင်းညိတ်ပြလေ၏။ ကျီးငှက်သည် သခင်ဖြစ်သူ၏ ပခုံးထက်တွင် နားခိုလိုက်လေသည်။

“ငါ သွားတော့မယ် အိမ်တံခါးကို လုံအောင်ပိတ်ထားပါ… နောက်ပြီး…”

“ဟုတ်… ဟုတ်… စင်းမှ မဟုတ်ရင်ဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးရဘူး…”

ကျီးကန်းမျက်နှာဖုံးနှင့်အမျိုးသားသည် ခေါင်းကိုသာ ဆတ်ပြလေ၏။

အပြင်ရောက်သည်နှင့် အမျိုးသား၏ ပခုံးထက်မှ ကျီးကန်းသည် စကားစပြောလေသည်။

“သခင့်ဆရာမရဲ့ စွမ်းအားကို ကျွန်တော်ခံစားလို့ရတယ်…”

“အင်း…”

ကျီးကန်းမျက်နှာဖုံးနှင့်အမျိုးသားသည် ထောက်ခံသံဖြင့်သာ တုံ့ပြန်ခဲ့သည်။

“တိအဆင့်ကြယ်ပွင့်အစွမ်းကို ထုတ်သုံးတယ်ဆိုတော့ သူက ကြီးမားတဲ့ရန်သူနဲ့တွေ့နေရတယ်လို့ သခင်ထင်လား…”

“စကားများလိုက်တာ…”

ထိုအမျိုးသားသည် ရဲတိုက်ရှိရာဆီသို့ ခပ်သွက်သွက်သွားလေသည်။ သူ စိုးရိမ်သည်က သူ့ဆရာမ မဟုတ်ပေ။ သူ စိုးရိမ်သည်က…

“အဆင်ပြေရဲ့လား…”

“ဟဟ ချာတိတ် မင်းရောက်လာပြီလား…”

ကျီးကန်းတစ်ကောင်နှင့်မြွေတစ်ကောင်ကို မရမက ဆေးတိုက်နေသည့် ကြောင်နက်သည် ပျက်စီးမလိုဖြစ်သည့် ရဲတိုက်ကို ဝေ့ကြည့်ကာ…

“ခင်ဗျားတို့အဆင်ပြေလားလို့ ကျွန်တော်လာကြည့်တာ…”

ကြောင်နက်သည် ကျီးကန်းမျက်နှာဖုံးနှင့်အမျိုးသားကို ကြည့်ကာ..

“ငါကတော့ အဆင်ပြေတယ်… ဟိုနှစ်ကောင်ကတော့…”

“ကျွန်တော်ကြည့်လိုက်မယ်…”

စင်းသည် ရေဗင်နှင့်ဗေဒါနှစ်ဦးလုံး၏ ဒဏ်ရာများကို စမ်းသပ်နေရင်းမှ…

“ဆရာမက ဘယ်လိုပြိုင်ဘက်မျိုးနဲ့မို့ အခုလိုမျိုး…”

“ဧကာဒသမမြောက်ကြယ်အဆင့်ရှိတဲ့ နတ်ဆိုးနဲ့…”

စမ်းသပ်နေသည့် စင်း၏ လက်များသည် တုံ့ခနဲဖြစ်သွားသလို ရေဗင်ကို ခြေထောက်နှင့်ကန်ရန်ပြင်နေသည့် စင်း၏ ကျီးနက်သည်လည်း တုံ့ခနဲရပ်သွား၏။

“ဒါက အဲရစ်လား…”

“သူ မဟုတ်ရင် ဘယ်သူရှိဦးမယ်လို့ မင်းထင်လို့လဲ…”

ကျူးဒိုစ့်သည် သူ့ကိုအံ့အားသင့်စွာလှည့်ကြည့်လာသည့် စင်းနှင့်ကျီးနက်ကို ခပ်တည်တည်သာ စိုက်ကြည့်ကာ ပြန်ဖြေဖြစ်ခဲ့သည်။ စင်း၏ စိတ်တစ်ခုလုံးသည် အေးခဲတင်းကြပ်သွားတော့သည်။

ဧကာဒသမမြောက်ကြယ်အဆင့်ရှိ နတ်ဆိုး…

ထိုကိစ္စသာ အပြင်သို့ ပျံ့သွားခဲ့ပါက မည်မျှပင် ပွက်လောရိုက်မည့် ကိစ္စလေလဲ။ မေရီဟာ ဘာလုပ်ဖို့များ အန္တရာယ်ရှိသည့် အရာတစ်ခုကို သူ့ဘေးနားတွင် ထားဖို့စဉ်းစားနေရတာလဲ။

------------

Zawgyi

ၾကယ္ပြင့္အဆင့္မ်ားကိုတုိင္းတာရာတြင္

၁ပြင့္မွ၉ပြင့္အထိ ၾကယ္၁ပြင့္၊ ၾကယ္၂ပြင့္မွသည္ ၾကယ္၉ပြင့္ဟု ေခၚေဝၚသတ္မွတ္ေခ်၏။

ဒသမေျမာက္ၾကယ္ပြင့္အဆင့္ေရာက္လွ်င္ ထိုအဆင့္ရွိ လူျဖစ္ေစ၊ မေကာင္းဆုိးဝါး(ေမွာ္ဝင္သားရဲ) ျဖစ္ေစ သူတုိ႔သည္ နတ္ဆုိးႏွင့္နတ္ဘုရားမ်ားအတုိင္း သန္မာသည္ဟု ဆုိၾကသည္။

ထိုအဆင့္သည္ ၾကယ္၁ပြင့္မွၾကယ္၉ပြင့္အဆင့္ထက္ စြမ္းအားေပါင္းမ်ားစြာ ကြာျခား၏။

ဒသမေျမာက္ၾကယ္ပြင့္ႏွင့္ ဧကာဒသမေျမာက္ၾကယ္ပြင့္၏ စြမ္းအားကြာျခားမႈသည္ ၾကယ္ ၁ ပြင့္ႏွင့္ ၾကယ္ ၄ ပြင့္ၾကားမွ ကြာျခားမႈေလာက္ရွိ၏။

အပိုင္း - ၁၄ : ဧကာဒသမ။

‘အင္အားႀကီးျခင္း၊ အင္အားနည္းျခင္းသည္ အေရးမဟုတ္ေပ။ ကိုယ့္အတြက္ အႏၱရာယ္မ်ားျခင္း၊ နည္းျခင္းသည္သာ အေရးျဖစ္သည္။’

ေမရီသည္ သူမခုတင္ထက္တြင္ အိပ္ေမာက်ေနသည့္ ေကာင္ကေလးကို ၾကည့္၏။ သူမ၏ ခုတင္ေျခရင္းတြင္ ေၾကာင္တစ္ေကာင္၊ လူအသြင္ယူထားသည့္ ေျမြတစ္ေကာင္ႏွင့္ က်ီးနက္တစ္ေကာင္သည္ ဦးညႊတ္ေနခဲ့ၾကသည္။

“သူက အခ်ိန္တခဏေလးပဲ ေနႏုိင္ေသးတာပဲ…”

ေမရီသည္ ထိုေကာင္ေလး၏ နဖူးကို လက္ေခ်ာင္းထိပ္ျဖင့္အသာထိထားၿပီးေနာက္ ေရရြတ္ေလသည္။

“အျပစ္ေပးရမယ္ဆုိေပမဲ့…”

ေမရီသည္ ေတာင့္ခနဲျဖစ္သြားၾကသည့္ လူတစ္ေယာက္ႏွင့္တိရိစၦာန္ႏွစ္ေကာင္ကို ေဝ့ၾကည့္သည္။ အဲရစ္၏ နဖူးထက္မွ လက္ကိုရုတ္ကာ ဆက္၍ေျပာသည္။

“ငါ သိခ်င္တာကို သိလုိ႔ရလုိက္တဲ့အတြက္ ဒီတစ္ႀကိမ္ကေတာ့ လႊတ္ေပးလုိက္လို႔ရပါတယ္…”

“သခင္မ…”

က်ဴးဒုိစ့္သည္ ရိုက်ိဳးစြာျဖင့္ ေခၚကာ အေရွ႕သို႔ထြက္လာေလသည္။ အဲရစ္ဆုတ္ကိုင္ထားခဲ့သည့္ သူ႔အၿမီးသည္ ေလာင္ကြ်မ္းဒဏ္ရာရွိေနေသးဆဲ။

ေမရီသည္ က်ဴးဒုိစ့္အၿမီးမွ ေလာင္ကြ်မ္းဒဏ္ရာကိုျမင္လုိက္ခ်ိန္တြင္ သူမ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ မသိမသာေကာ့တက္သြားခဲ့ေလသည္။

“က်ဴးဒုိစ့္… နင္ ေတာ္တာပဲ…”

ေမရီသည္ ခုတင္ေပၚခုန္တက္လာသည့္ က်ဴးဒုိစ့္၏ ေခါင္းကိုအသာပြတ္သပ္ေပးေလသည္။ ေရဗင္ႏွင့္ေဗဒါသည္ က်ဴးဒိုစ့္ကို မနာလိုသည့္မ်က္လံုးမ်ားျဖင့္သာ ၾကည့္ႏုိင္ၾက၏။

“ငါတုိ႔သြားရေအာင္…”

ေမရီသည္ က်ဴးဒိုစ့္ကိုပိုက္ေထြးကာ အခန္းထဲမွ ထြက္လာေလသည္။ ေရဗင္ႏွင့္ေဗဒါမွာေတာ့ သတိလစ္ေနသည့္ အဲရစ္ကို ေစာင့္၍သာ က်န္ခဲ့ရရွာ၏။ တိတ္ဆိတ္သြားသည့္ အခန္းထဲတြင္ ေဗဒါသည္ ခုတင္ေဘးတြင္ ခံုတစ္လံုးျဖင့္ထုိင္ေနခဲ့ၿပီး ေရဗင္သည္ ခံုလက္တန္းေပၚတြင္ ခုိနားေနခဲ့သည္။

“ေရဗင္…”

ေဗဒါသည္ အသိလစ္ေနသည့္ ေကာင္ကေလး၏ မ်က္ႏွာကိုၾကည့္ရင္းခပ္တိုးတိုးေခၚ၏။

“မင္းေလေပြေၾကာင့္ျဖစ္တဲ့ ျပတ္ရွရာေတြက လြယ္လြယ္နဲ႔ျပန္ေပ်ာက္ကင္းစရာအေၾကာင္းမရွိဘူးမဟုတ္လား…”

ေခ်ာေမြ႔ေနသည့္ ကေလးမ်က္ႏွာေလးကို သူသည္ စိုက္ၾကည့္ေနခဲ့၏။

“နတ္ဆိုးျဖစ္ေနတာေတာင္မွ သူ႔ဒဏ္ရာက အက်က္မျမန္ရဘူးေလ… မင္းက ၾကယ္ကိုးပြင့္အဆင့္သားရဲပဲဟာကို…”

ေရဗင္၏ မ်က္လံုးမ်ားသည္ နီရဲေနခဲ့သည္။

“အဲ့ဒီအခ်ိန္တုန္းက… သူက…”

ေရဗင္သည္ သိထားသည္က ယံုၾကည္ထားသည့္အသံမ်ိဳးျဖင့္ေဗဒါကို

“သူက ဧကာဒသမေျမာက္ၾကယ္ပြင့္အဆင့္ရွိေနၿပီ…”

ေရဗင္ႏွင့္က်ဴးဒိုစ့္သည္ တစ္ခ်ိန္တည္းတြင္ ေမရီႏွင့္ေဗဒါကို ေျပာျပျဖစ္ခဲ့ၾကသည္။

အိပ္ခန္းတြင္းရွိ ေဗဒါ၏ မ်က္လံုးမ်ားသည္ ဝိုင္းစက္သြားခဲ့ၿပီး ေမရီ၏ မ်က္လံုးမ်ားသည္ ေမွးက်ဥ္းသြားခဲ့၏။

က်ဴးဒိုစ့္သည္ ေမရီ၏ မ်က္လံုးမ်ားထဲၾကည့္၏။

“ဒသမၾကယ္ပြင့္သားရဲရဲ႕ဒဏ္ရာကို မက်က္ေအာင္လုပ္ႏိုင္တာ သူ႔ထက္အဆင့္ျမင့္တဲ့သူေတြပဲ မဟုတ္လား…”

ေမရီသည္ အနည္းငယ္စဥ္းစားသည့္ဟန္ျဖင့္…

“သူ႔ရဲ႕အတြင္းမိစၦာက အခုေလာက္ထိစြမ္းေနမယ္လို႔ ငါ မထင္ထားခဲ့မိတာေတာ့ အမွန္ပဲ…”

“ဒီေတာ့ မင္းဘယ္လုိလုပ္ဖို႔စဥ္းစားထားလဲ…”

အျပစ္လုပ္ထားသည့္အခ်ိန္မ်ိဳးႏွင့္ ေမရီ႕ကိုအေလးေပးရမည့္အခ်ိန္မ်ိဳးမဟုတ္လွ်င္ က်ဴးဒုိစ့္သည္ ေမရီ႕ကိုပံုမွန္သာ ဆက္ဆံျဖစ္သည္။ ေမရီသည္လည္း သူ႔ကို မဲလံုးဟုသာ ေခၚေလ့ရွိ၏။

“ဘာလုပ္လုိ႔ရမွာလဲ…”

ေမရီသည္ ခံုေပၚတြင္မီွထိုင္ခ်လိုက္ကာ ပ်င္းရိသည့္အသံမ်ိဳးျဖင့္ အေျဖတစ္ခုကိုေပးေလ၏။

“ဧကာဒသမေျမာက္ၾကယ္ပြင့္ရွိတာက သူ႔ရဲ႕အတြင္းစိတ္ေလ သူမွမဟုတ္တာ… ငါက ဒသမေျမာက္ၾကယ္ပြင့္လုိ႔ပဲ ထင္ခဲ့ေပမဲ့…”

ေမရီသည္ မ်က္လံုးမ်ားကိုမိွတ္၏။ သူမ၏ အေတြးတြင္ က်ဴးဒိုစ့္ကိုရုန္းကန္ေနသည့္ ပထမအႀကိမ္နတ္ဆိုးေသြးႏိုးထသြားသည့္ အဲရစ္ကို ျမင္ေယာင္လာခဲ့သည္။

“မဟုတ္ေသးဘူး…”

သူမ မ်က္လံုးမ်ားသည္ ျဖတ္ခနဲပြင့္လာခဲ့သည္။ သူမ၏ စာအုပ္စင္ထံသို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ထသြားေလ၏။

“သူက ဝိညာဥ္ႏွစ္ခုနဲ႔လာတာလား…”

ေမရီသည္ စာအုပ္မ်ားကို လွန္ေလွာရင္းေရရြတ္ေလ၏။

“ဝိညာဥ္ႏွစ္ခု?”

မ်က္မွန္ဝိုင္းတပ္လုိက္သည့္ ေမရီ၏ဟန္က ေလးနက္ေနခဲ့သည္။

“လူတစ္ေယာက္မွာ ဝိညာဥ္ႏွစ္ခုမရွိႏုိင္ဘူးေလ…”

က်ဴးဒုိစ့္သည္ ေမရီ၏ စာဖတ္စားပြဲေပၚတက္ကာ စာအုပ္ကို ေခါင္းျပဴၾကည့္ရင္းေျပာေလသည္။

“သူက လူမဟုတ္ဘူးေလ…”

ေမရီသည္ ေအးတိေအးစက္ေျပာေလသည္။

“လူေတြမွာ ဝိညာဥ္တစ္ခုပဲရွိတယ္… ဝိညာဥ္ဆုိတာက တကယ္ေတာ့ ခႏၶာအခြံလႈပ္ရွားလာေအာင္ လုပ္ေပးတဲ့ ေမာင္းႏွင္ေစတဲ့အရာတစ္ခုပဲ… တကယ္လုိ႔ အျခားဝိညာဥ္တစ္ခုက ခႏၶာအခြံထဲဝင္ေရာက္လာခဲ့ရင္ ခႏၶာအခြံကို ေၾကာင္သြားေစႏိုင္တယ္… အာ လူေတြကေတာ့ ဒါကို ပူးကပ္မႈလုိ႔ ေခၚတာေပါ့…”

စာရြက္မ်ားကို လွန္ေနရင္းမွ ေမရီသည္ က်ဴးဒုိစ့္ကို ေျပာျပေလသည္။

“ဆုိၾကပါစို႔ လူ႔ခႏၶာအခြံကယႏၱရားဆိုရင္ ယႏၱရားကိုေမာင္ႏွင္မဲ့ အရာက တုန္ခါလိႈင္းႏႈန္းတူေနရမယ္… မဟုတ္ရင္ ခႏၶာအခြံဟာ ကေမာက္ကမ လႈပ္ရွားလိမ့္မယ္… ဒါေၾကာင့္ပဲ ပူးကပ္ခံရတဲ့သူေတြက ပံုမွန္မဟုတ္တဲ့ အျပဳအမူေတြျပဳတတ္ၾကတာေပါ့ ဒါက သူတုိ႔အတြက္လုပ္ထားတဲ့ ခႏၶာအခြံမဟုတ္ဘူးေလ…”

ေမရီသည္ မွတ္သားထားသည့္ စာရြက္တစ္ရြက္တြင္ ရပ္လုိက္ေလသည္။

‘အသက္သြင္းမူႏွင့္ပတ္သက္၍’

ထိုစာမ်က္ႏွာ၏ ေခါင္းစဥ္သည္ အထက္ပါအတုိင္းျဖစ္၏။

ေမရီသည္ စာမ်က္ႏွာအတြင္းရွိ အေၾကာင္းအရာမ်ားကို ေသခ်ာဖတ္ရႈေနခဲ့သည္။

‘ခႏၶာတစ္ခုတည္းတြင္ ဝိညာဥ္ႏွစ္ခုသည္ အတူမရွိႏုိင္။ ေသဆံုးၿပီးသည့္ ခႏၶာကိုယ္သည္ ေမာင္ႏွင္ျခင္းကင္းမဲ့သည့္ ယႏၱရားတစ္ခုသာျဖစ္သည္။ ထိုယႏၱရားကိုအျခားေသာ ဝိညာဥ္တစ္ခုထည့္၍ ရွင္သန္ေစႏုိင္သည္။ သို႔ေသာ္ ထိုခႏၶာကိုယ္၏ ယခင္အျပဳအမူ၊ အမူအက်င့္တုိ႔သည္ ေျပာင္းလဲသြားေခ်လိမ့္မည္။’

‘အကယ္၍ ဝိညာဥ္ႏွင့္ခႏၶာကိုယ္သည္ ညိွမရႏုိင္သည့္ လိႈင္းအမ်ိဳးအစားျဖစ္ပါက ဝိညာဥ္မွအားေကာင္းလွ်င္ ခႏၶာသည္ပ်က္စီးႏုိင္ၿပီး ခႏၶာမွအားေကာင္းလွ်င္ ဝိညာဥ္သည္ ပ်က္စီးေပလိမ့္မည္။’

ေမရီသည္ အခ်ိဳ႕စကားလံုးမ်ားကို ေက်ာ္သြားၿပီးေနာက္တြင္ေတာ့ သူမ လိုခ်င္သည့္ စာပိုဒ္ကိုေတြ႔ေလ၏။

‘ဝိညာဥ္ႏွစ္ခု အတူရွိေနႏုိင္သည့္ ခႏၶာကိုယ္ဟူသည္ ပိုင္ရွင္မဲ့ခႏၶာကိုယ္ျဖစ္ၿပီး မည္သည့္ဝိညာဥ္မဆုိ ထိုခႏၶာထဲတြင္ ရွင္သန္ႏုိင္၏။ ဝိညာဥ္မည္မွ်ရွိေနႏိုင္သည္ဆိုသည္ကေတာ့ ထိုခႏၶာကိုယ္၏ ခံႏုိင္ရည္အရသာျဖစ္လိမ့္မည္။ မူရင္းဝိညာဥ္သည္ အျခားေသာဝိညာဥ္၏ လႊမ္းမိုးျခင္းကိုလည္း ခံရႏုိင္သလို အျခားေသာဝိညာဥ္သည္ ပင္မဝိညာဥ္၏ အာဟာရလည္းျဖစ္သြားႏိုင္ေပ၏။’

“သူ႔ကို ငါတုိ႔စမ္းသပ္လုိ႔ရတယ္…”

အၿမဲတမ္းမိႈင္းေဖ်ာ့ေနသည့္ ေမရီ၏ မ်က္လံုးမ်ားသည္ အေရာင္ေတာက္လာခဲ့သည္။

“ေမရီ…”

“ငါတုိ႔က ဧကာဒသမေျမာက္ၾကယ္ပြင့္ရွိေနတဲ့ ဝိညာဥ္ကို ယဥ္ပါးေအာင္လုပ္ဖို႔ခဲ့တယ္… ေနာက္ၿပီးေတာ့…”

ေမရီသည္ စာအုပ္ကိုပိတ္ကာ ေနရာတက်ျပန္ထား၏။

“သူ႔ရဲ႕အဆင့္တက္မႈက ျမန္ဆန္လြန္းတယ္… အဲရစ္က သူ႔ကို လႊမ္းမိုးႏိုင္မွျဖစ္လိမ့္မယ္…”

ေမရီသည္ က်ဴးဒုိစ့္ကို လွည့္ၾကည့္၍ေျပာၿပီးေနာက္ မ်က္မွန္ဝိုင္းကို ခြ်တ္က ထရပ္ေလ၏။

“ငါတုိ႔ အခု သူ႔နားမွာရွိေနတာ ပိုေကာင္းလိမ့္မယ္…”

သူမ အခန္းထဲမွ ထြက္လာခ်ိန္တြင္ တစ္ဖက္လက္မွ ေရဗင္ကိုအေတာင္မွကိုင္ဆြဲထားၿပီး အျခားတစ္ဖက္တြင္ ေျမြတစ္ေကာင္အသြင္ျဖင့္ရွိေနသည့္ ေဗဒါကို ဆုတ္ကိုင္ထားသည့္ အဲရစ္ကို ေတြ႔ရေလ၏။

“ဟဟ ငါ ထင္ခဲ့တယ္…”

“စုန္းမ…”

ေမရီသည္ ေရွ႕ထြက္ၿပီးတုိက္ခိုက္ရန္ျပင္ေနသည့္ က်ဴးဒုိစ့္ကိုကာရပ္ကာ…

“မင္းကိုငါဘယ္လုိေခၚရမလဲ…”

“အဲရစ္… မင္းရဲ႕ေကာင္းမႈေၾကာင့္ ငါက အဲရစ္ပဲျဖစ္ေနရတယ္…”

“အာ မင္းငါ့ကို သတ္လုိ႔မရဘူးပဲ သခင္နဲ႔ကြ်န္ခ်ဳပ္ေႏွာင္မႈက ဒီခႏၶာကိုယ္မွာသက္ေရာက္ေနတယ္…”

ထီမထင္ျပံဳးျဖင့္ ေမရီသည္ ခါးကုိကိုင္းညႊတ္ကာ အဲရစ္၏ လည္တုိင္မွ အေရာင္ေဖ်ာ့ေဖ်ာ့ေတာက္ေနသည့္ လည္ပတ္သဖြယ္အရာကိုထိေလ၏။

“ေမရီ… တကယ္လုိ႔ မင္းသာ ငါ့ကို ေကာင္းေကာင္းဆက္ဆံမယ္ဆုိရင္ ငါ မင္းကို ျပန္ကူညီႏုိင္တယ္…”

အဲရစ္၏ မ်က္လံုးမ်ားသည္နီရဲေနခဲ့၏။ ေမရီသည္ မ်က္လံုးေနသည့္ ေကာင္ကေလးကို ခပ္ေအးေအးသာ စိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သူမ၏ ဝိညာဥ္စြမး္အားအရွိန္ကိုျဖန္႔ထုတ္ေလ၏။ သူမ၏ အေနာက္ကို ကာကြယ္ထားသည္မုိ႔ ႀကီးမားခက္ထန္သည့္ လိႈင္းလံုးတစ္ခုအလား လြင့္ထြက္လာသည့္ ဝိညာဥ္စြမ္းအားသည္ က်ဴးဒိုစ့္ကို မထိခု အဲရစ္ႏွင့္ အဲရစ္လက္ထဲမွ ေဗဒါႏွင့္ေရဗင္ကို သက္ေရာက္ေစ၏။ ျပင္းထန္သည့္ထိုဖိအားသည္ သူတုိ႔ခႏၶာကိုယ္တစ္ခုလံုးကို ေပါက္ကြဲထြက္ေစေတာ့မည့္အလားပင္။ သူတုိ႔၏ေသြးမ်ားသည္ေျပာင္းျပန္စီးကာ ႏွလံုးတစ္ခုလုံးသည္ ျပင္းထန္စြာခုန္ေပါက္ေနခ့ဲ၏။

ဒူးညႊတ္က်သြားသည့္ မ်က္လံုးနီနီႏွင့္ေကာင္စုတ္ေလးကို ၾကည့္ကာ ေမရီသည္ ထိုေကာင္ေလးေရွ႕တြင္ ထုိင္ခ်သည္။ အဲရစ္လက္မွ လြတ္က်သြားသည့္ ေရဗင္ႏွင့္ေဗဒါကို အသာေကာက္ခ်ီကာ အေနာက္ဘက္သူမ အကာအကြယ္ေပးထားသည့္ နယ္နိမိတ္ထဲသို႔ ထည့္လိုက္ေလ၏။

“ဒီသက္တမ္းနဲ႔ ဧကာဒသမေျမာက္ၾကယ္ပြင့္အဆင့္ေရာက္တာက ေတာ္တယ္လုိ႔ေတာ့ ခ်ီးက်ဴးရမွာအမွန္ပဲ… ဒါေပမဲ့... မင္းသိဖုိ႔က…”

ေမရီသည္ သူမ၏ စြမ္းအားအမွန္ကုိထုတ္လႊတ္ေလ၏။ ရဲတိုက္တစ္ခုလံုးသည္ တသိမ့္သိမ့္တုန္လာေတာ့သည္။ ျပင္ပရွိေနၾကာခင္းမွ ေနၾကာတုိ႔သည္လည္း ယိမ္းႏြဲ႔ကုန္၏။ အယ္လမ္သစ္ပင္မႈသစ္ကိုင္းအခ်ိဳ႕သည္ က်ိဳးၾကကုန္ခဲ့သည္။

“တိအဆင့္ၾကယ္ပြင့္စုန္းမတစ္ေယာက္ကို မင္းႏိုင္မွာတဲ့လား…”

ရဲတုိက္၏ နံရံသည္ အက္ကြဲလာကာ ၾကမ္းတုိ႔သည္လည္း အက္ေၾကာင္းထင္လာ၏။ ေထာက္ထားသည့္ဒူးသည္ ၾကမ္းေပၚသို႔ကြ်ံသြားေတာ့မွ ေမရီသည္ သူမ၏ ဝိညာဥ္စြမ္းအားကုိ ရုတ္သိမ္းေလသည္။ အဲရစ္၏ မ်က္ႏွာကိုလက္တစ္ဖက္ျဖင့္ ဖ်စ္ဆုတ္ကိုင္ကာ သူမ ပင့္ေမာ့ေတာ့ ထိုေကာင္ေလး၏ ႏႈတ္ခမ္းေထာင့္စြန္းတြင္ ေသြးစီးေၾကာင္းတစ္ခု။

“ငါ့ကို စိတ္အေႏွာင့္အယွက္မေပးဘဲ မင္းဘာသာျပန္အိပ္ေနသင့္တယ္… နတ္ဆိုးေလး…”

သူမကို စူးရဲစြာၾကည့္သည့္ မ်က္လံုးရဲရဲေလးမ်ားကို ၾကည့္ကာ ေမရီသည္ အသံတုိးတုိးျဖင့္ေရရြတ္သည္။

“ငါ မ်က္လံုးဝါေတြကို ပိုသေဘာက်တယ္…”

သူမလက္ျဖင့္ မ်က္ခြံမ်ားကိုအသာပိတ္၏။ သူမေပၚသို႔ ေခြယိုင္လဲက်လာသည့္ ခႏၶာကိုယ္ေသးေသးေလးကို ေမရီအသာေကာက္ေပြ႔သည္။ မင္းသမီးေလးတစ္ပါးလို အဲရစ္ကိုေကာက္ေပြ႔ၿပီးေနာက္ သူမေၾကာင့္ နာက်င္ထားရသည့္ သူမ်ားကို လွည့္ၾကည့္ေလ၏။

“က်ဴးဒုိစ့္ ငါ ဒီရက္ထဲ ငါ့ရဲ႕တျခားေနရာမွာရွိေနမယ္…”

ေျပာၿပီးသည္ႏွင့္ က်ဴးဒုိစ့္ထံသို႔ ဖန္ပုလင္းငယ္တစ္လံုးပစ္ေပးေလ၏။ အၾကည္ေရာင္ဖန္ပုလင္းငယ္ေလးထဲအတြင္း စိမ္းလဲ့လဲ့အရည္ၾကည္တစ္ခ်ိဳ႕။

က်ဴးဒိုစ့္သည္ ပါးစပ္ျဖင့္ဖန္ပုလင္းငယ္ကို ကိုုက္ၿပီးေနာက္ ပ်က္စီးမလုိျဖစ္ေနသည့္ ရဲတုိက္ထဲတြင္ က်န္ေနျဖစ္ခဲ့သည္။ ရဲတုိက္၏ မည္သည့္ေနရာပ်က္စီးေနပါေစ ေနရာတစ္ခုသည္ မပ်က္စီး။ မည္မွ်ပင္ တုိက္ပြဲႀကီးမားပါေစ ထိုေနရာထိ မည္သည့္ပ်က္စီးျခင္းသည္ မကူးစက္ေစရ။

လွပသည့္အျဖဴေရာင္ပန္းမ်ိဳးစံုပြင့္လန္းသည့္ ျခံငယ္ေလးတစ္ခု။ ထိုျခံငယ္ေလးထဲတြင္ သစ္လံုးအိမ္ေလးတစ္လံုးရွိသည္။ ပိုင္ရွင္မလာသည္မွာၾကာျမင့္ေသာေၾကာင့္ သစ္လံုးအိမ္ေလးကို ႏြယ္အခ်ိဳ႕သည္ ရစ္ေခြထားခဲ့၏။ ထုိရစ္ေခြေနမႈသည္ လွပျခင္းကိုသာပံ့ပိုးၿပီး သစ္လံုးအိမ္ေလးကို မထိခိုက္ေစ။

“မင္း ကံေကာင္းလုိက္တာ ေသာက္ကေလး…”

ခုတင္တစ္လံုး၊ စာၾကည့္စားပြဲတစ္လံုးႏွင့္ စာအုပ္စင္တစ္စင္ရွိသာရွိသည့္ ထိုအိမ္ေလးထဲသို႔ ဝင္လာၿပီးေနာက္ ေမရီသည္ ေရရြတ္၏။ သူမ ေနထုိင္သည့္ ခမ္းနားသည့္အဆင္အျပင္ႏွင့္ထိုေနရာေလးသည္ လားလားမွ်မတူေသာ္လည္း ထိုအိမ္ေလးထဲတြင္ ရွိေနသည့္ ေမရီ၏ မ်က္ႏွာထက္တြင္ ေအးစက္မႈတို႔ရွိမေန။ သူမ၏ မ်က္လံုးမ်ားသည္ ႏူးညံ့ေနခဲ့ၿပီး အိမ္အတြင္းပိုင္းကို လြမ္းဆြတ္မႈတုိ႔ျဖင့္ၾကည့္၏။

ေမရီသည္ သူမပင္ ရံဖန္ရံခါမွ အိပ္စက္တတ္သည့္ အိပ္ရာတြင္ ထိုေကာင္ေလးကို အသာခ်၏။ ထို႔ေနာက္ သစ္လံုးအိမ္ေလး၏ အေနာက္ဘက္တံခါးေပါက္ကို ဖြင့္သည္။

သစ္လံုးအိမ္၏ အေနာက္ဘက္တြင္ မွန္ေခါင္းတလားတစ္ခုရွိ၏။ ထိုေခါင္းတလားေဘးတြင္ ခံုတစ္ခုံရွိသည္။ ေမရီသည္ မွန္တလားေခါင္းအနီးရွိ ခံုတြင္ဝင္ထုိင္၏။

“ဒီတစ္ခါေတာ့ ငါ မမွားေတာ့ဘူးထင္တယ္…”

ေမရီသည္ မွန္တလားေခါင္းအထဲသို႔ လွမ္းၾကည့္ေျပာသည္။ အသက္မဲ့ေနသည့္ အေလာင္းတစ္ခုသည္ သူမကို စကားမျပန္ခဲ့။

“ဒီတစ္ခါ… ဒီတစ္ခါေတာ့… ကြ်န္မအနားကို ရွင္ျပန္လာႏိုင္လိမ့္မယ္လုိ႔ ကြ်န္မ ထင္တယ္…”

ေမရီသည္ လြမ္းဆြတ္ေနသည့္ အသံျဖင့္ ေရရြတ္ရွာေလ၏။

>>>>><<<<<

“စင္း ဘာျဖစ္လုိ႔လဲ…”

က်ီးနက္တစ္ေကာင္ႏွင့္ ေဆာ့ကစားေနသည့္ ေကာင္ေလးတစ္ေယာက္သည္ ပန္းကန္ေဆးေနရင္းမွ တံု႔ခနဲရပ္သြားသည့္ အမ်ိဳးသားကို ေမးေလ၏။

“ဟင့္အင္း… ေအဘယ္လ္ မင္း အိပ္ေနပါလား…”

“စင္း အလုပ္ရွိလို႔လား…”

Long Coat ရွည္ကိုဝတ္၊ မ်က္ႏွာဖံုးကိုတပ္ကာ ဦးထုပ္ေဆာင္းေနသည့္ အမ်ိဳးသားသည္ ေခါင္းညိတ္ျပေလ၏။ က်ီးငွက္သည္ သခင္ျဖစ္သူ၏ ပခံုးထက္တြင္ နားခုိလုိက္ေလသည္။

“ငါ သြားေတာ့မယ္ အိမ္တံခါးကို လံုေအာင္ပိတ္ထားပါ… ေနာက္ၿပီး…”

“ဟုတ္… ဟုတ္… စင္းမွ မဟုတ္ရင္ဘယ္သူ႔ကိုမွ တံခါးမဖြင့္ေပးရဘူး…”

က်ီးကန္းမ်က္ႏွာဖံုးႏွင့္အမ်ိဳးသားသည္ ေခါင္းကိုသာ ဆတ္ျပေလ၏။

အျပင္ေရာက္သည္ႏွင့္ အမ်ိဳးသား၏ ပခံုးထက္မွ က်ီးကန္းသည္ စကားစေျပာေလသည္။

“သခင့္ဆရာမရဲ႕ စြမ္းအားကို ကြ်န္ေတာ္ခံစားလုိ႔ရတယ္…”

“အင္း…”

က်ီးကန္းမ်က္ႏွာဖံုးႏွင့္အမ်ိဳးသားသည္ ေထာက္ခံသံျဖင့္သာ တံု႔ျပန္ခဲ့သည္။

“တိအဆင့္ၾကယ္ပြင့္အစြမ္းကို ထုတ္သံုးတယ္ဆုိေတာ့ သူက ႀကီးမားတဲ့ရန္သူနဲ႔ေတြ႔ေနရတယ္လို႔ သခင္ထင္လား…”

“စကားမ်ားလုိက္တာ…”

ထိုအမ်ိဳးသားသည္ ရဲတုိက္ရွိရာဆီသုိ႔ ခပ္သြက္သြက္သြားေလသည္။ သူ စိုးရိမ္သည္က သူ႔ဆရာမ မဟုတ္ေပ။ သူ စိုးရိမ္သည္က…

“အဆင္ေျပရဲ႕လား…”

“ဟဟ ခ်ာတိတ္ မင္းေရာက္လာၿပီလား…”

က်ီးကန္းတစ္ေကာင္ႏွင့္ေျမြတစ္ေကာင္ကို မရမက ေဆးတုိက္ေနသည့္ ေၾကာင္နက္သည္ ပ်က္စီးမလုိျဖစ္သည့္ ရဲတုိက္ကို ေဝ့ၾကည့္ကာ…

“ခင္ဗ်ားတုိ႔အဆင္ေျပလားလုိ႔ ကြ်န္ေတာ္လာၾကည့္တာ…”

ေၾကာင္နက္သည္ က်ီးကန္းမ်က္ႏွာဖံုးႏွင့္အမ်ိဳးသားကို ၾကည့္ကာ..

“ငါကေတာ့ အဆင္ေျပတယ္… ဟိုႏွစ္ေကာင္ကေတာ့…”

“ကြ်န္ေတာ္ၾကည့္လုိက္မယ္…”

စင္းသည္ ေရဗင္ႏွင့္ေဗဒါႏွစ္ဦးလံုး၏ ဒဏ္ရာမ်ားကို စမ္းသပ္ေနရင္းမွ…

“ဆရာမက ဘယ္လုိၿပိဳင္ဘက္မ်ိဳးနဲ႔မုိ႔ အခုလိုမ်ိဳး…”

“ဧကာဒသမေျမာက္ၾကယ္အဆင့္ရွိတဲ့ နတ္ဆိုးနဲ႔…”

စမ္းသပ္ေနသည့္ စင္း၏ လက္မ်ားသည္ တံု႔ခနဲျဖစ္သြားသလုိ ေရဗင္ကို ေျခေထာက္ႏွင့္ကန္ရန္ျပင္ေနသည့္ စင္း၏ က်ီးနက္သည္လည္း တံု႔ခနဲရပ္သြား၏။

“ဒါက အဲရစ္လား…”

“သူ မဟုတ္ရင္ ဘယ္သူရွိဦးမယ္လို႔ မင္းထင္လုိ႔လဲ…”

က်ဴးဒိုစ့္သည္ သူ႔ကိုအံ့အားသင့္စြာလွည့္ၾကည့္လာသည့္ စင္းႏွင့္က်ီးနက္ကို ခပ္တည္တည္သာ စိုက္ၾကည့္ကာ ျပန္ေျဖျဖစ္ခဲ့သည္။ စင္း၏ စိတ္တစ္ခုလံုးသည္ ေအးခဲတင္းၾကပ္သြားေတာ့သည္။

ဧကာဒသမေျမာက္ၾကယ္အဆင့္ရွိ နတ္ဆိုး…

ထိုကိစၥသာ အျပင္သို႔ ပ်ံ႕သြားခဲ့ပါက မည္မွ်ပင္ ပြက္ေလာရိုက္မည့္ ကိစၥေလလဲ။ ေမရီဟာ ဘာလုပ္ဖို႔မ်ား အႏၱရာယ္ရွိသည့္ အရာတစ္ခုကို သူ႔ေဘးနားတြင္ ထားဖို႔စဥ္းစားေနရတာလဲ။

------------





rate now:

1 Reviews
  • reader Yun Ji 26.02.2020, 04:09 5

    💜

    reply