Unicode
စုန်းကဝေတို့အတွက် အရေးကြီးဆုံးလက်နက်သည် မှော်တုတ်တံများဖြစ်သည်။
မှော်တုတ်တံများမရှိဘဲနှင့် စုန်းကဝေများသည် မန္တန်ကို ရွတ်ဆိုနိုင်ခြင်းမရှိ။
ရွတ်ဆိုနိုင်သည့် စုန်းကဝေများသည် ပထမမျိုးဆက်စုန်းကဝေများသာဖြစ်ပြီး
သူတို့၏ သက်တမ်းသည် အနိမ့်ဆုံးကိုးရာကျော်ပင်။
အပိုင်း - ၁၃ : ချည်နှောင်မှု။
‘ချည်နှောင်မှုသည် ပုံစံအမျိုးမျိုးဖြင့်လာ၏။ ချစ်ခြင်း၊မုန်းခြင်း၊ တာဝန်ယူခြင်း၊ အစရှိသည့် အမျိုးမျိုးသော စိတ်ခံစားချက်များသည် ချည်နှောင်မှု၏ မရေတွက်နိုင်သည့် ပုံစံများဖြစ်ကြသည်။’
“အာ… မင်း မတားဘူးလား…”
ဗေဒါသည် ကျူးဒိုစ့်ဘက်လှည့်ကာမေးလေ၏။ အကျိအချွဲများကို သုတ်ပြီးသည်နှင့် အဲရစ်တစ်ကောင် ရေဗင်ကို ဝင်လုံးတော့သည်။
ဝင်လုံးသည်… အကျိအချွဲများမပြောင်မစင်နှင့် အဲရစ်သည် မြေပြင်ပေါ်နားနေသည့် ရေဗင်ကို ကြောင်ပေါက်စလေးတစ်ကောင်လို ခုန်အုပ်လိုက်ခြင်းဖြစ်သည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
“ဘာလို့တားရမှာလဲ…”
အဲရစ်၏ ခေါင်းပေါ်တွင် နားပြီး အဲရစ်နဖူးကို တတောက်တောက်ဆိတ်နေသည့် ရေဗင်ကိုကြည့်ကာ ကျူးဒိုစ့်သည် ပြောလေ၏။
“သူတို့ကို ဒီတိုင်းလွှတ်တာက…”
“အဲရစ်က နောက်တစ်ကြိမ်ထပ်ပြီး သူ့အစွမ်းကို မဆင့်ခေါ်နိုင်တော့ဘူး…”
ကျူးဒိုစ့်သည် မျက်လုံးထောင့်ကပ်ကြည့်ကာ ဆိုသည်။ အဲရစ်ကို တမင်မထိတထိ ရန်စနေသည့် ရေဗင်ကိုလှမ်းကြည့်၍ ဗေဒါသည် ပုံမှန်လေသံမျိုးဖြင့်…
“ရေဗင်က သူ့ကို လက်ခံလိုက်တယ်လို့ မင်းထင်လား…”
“လက်မခံရင် အဲ့ဒီကောင်စုတ်လေးကို ရေဗင်က အခုလိုမျိုးလုပ်နေမယ်ထင်လား…”
“ဘာပဲဖြစ်ဖြစ် မီလီတောင် သူ့ကို လန့်သွားတယ်ဆိုရင် သူက စွမ်းတယ်လို့တော့ လက်ခံသင့်ပါတယ်…”
ဗေဒါသည်ပြောနေရင်းဖြင့် ကျူးဒိုစ့်ဘက်ကြည့်ကာ…
“ဟေး… ကျူးဒိုစ့် မင်း သူ့ကို သေချာသင်ပေးမယ်မလား သူက အလားအလာရှိတယ်လေ…”
ကျူးဒိုစ့်သည် အမြီးကို တစ်ချက်ယမ်းကာ အနောက်သို့ကျောပေး၏။ ဆက်ကြည့်ချင်စရာ ပွဲမရှိတော့သည်မို့ သူ ပြန်ရန်စဉ်းစားနေချိန်တွင်…
“အဲ…”
ဂျိန်းခနဲမြည်သံနှင့်အတူ မိုးကြိုးသွားတစ်ခုသည် မြေပြင်သို့ ထိုးစိုက်ကျလာ၏။ ရေဗင်၏ အတောင်တချို့သည် ဖွာခနဲ…
“သူ့အစွမ်းတွေက ကုန်သေးပုံမပေါ်ဘူး…”
ရယ်သံစွက်၍ ဗေဒါသည် ပြောလေသည်။ ကျူးဒိုစ့်သည် စိတ်ဝင်စားသည့်ဟန်ဖြင့် အနောက်သို့လှည့်ကာ မည်းနက်သွားသည့်နေရာကို ကြည့်၏။
“ဟဟ ရေဗင်ရဲ့ အတောင်တချို့တော့ သွားရှာပြီ…”
“ရေဗင် မင်းဘာလို့ သူ့ကို တကယ်မလုပ်တာလဲ…”
ကျူးဒိုစ့်သည် အပင်ပေါ်တက်ကာ ရေဗင်ကို လှမ်းပြောလေသည်။ ကျွတ်သွားသည့်မိမိအတောင်များကို ကြည့်နေသည့် ရေဗင်သည် ကျူးဒိုစ့်ဘက်လှည့်လာလေ၏။ သူ့ဆီသို့ ပစ်လွှတ်သည့် မိုးကြိုးသွားအသေးလေးများကို ရှောင်လိုက်ရင်း…
“ငါ သူ့ကို တကယ်လုပ်လို့ရတယ်ပေါ့…”
အသံတွင် ပျော်ရွှင်ခြင်းသည် ဖုံးဖိ၍မနိုင်ခဲ့။ ကျူးဒိုစ့်သည် ရေဗင်ကို မပြောချင်တော့သည့် မျက်နှာမျိုးဖြင့်ကြည့်ကာ…
“မသေရင်တော့ ဘာမှမဖြစ်ပါဘူး…”
“အိုး…”
ရေဗင်၏ မျက်လုံးများသည် အရောင်တောက်သွားတော့သည်။ ဒီကောင်လေးကို သူ လုပ်ချင်ပေမဲ့ ကျူးဒိုစ့်က သေချာမပြောသေးတာကြောင့် လုပ်လို့မရဖြစ်နေခဲ့တာ…
“သူ့ဆရာရဲ့ ခွင့်ပြုချက်ရတယ်ဆိုတော့ ငါ အားနာစရာမလိုတော့ဘူးပေါ့…”
နဂိုကတည်းက လုပ်ချင်နေသည်နှင့်အတော်ဖြစ်သွားသည်မို့ ရေဗင်တစ်ကောင် ဝမ်းသာအားရဆိုလေတော့၏။
သူ့အတောင်များကို တဖြတ်ဖြတ်ခတ်လိုက်ချိန်တွင် လေပွေနှစ်ခုသည် မြေကွက်လပ်တွင် ပေါ်လာချေတော့သည်။
“မင်းဆရာက ငါ့ကိုအခွင့်ပေးခဲ့တာနော်…”
ရေဗင်သည် ပြောလည်းပြော၊ သူဖန်တီးထားသည့် လေပွေများကို အဲရစ်ထံသို့သွားစေ၏။
သူ့အရှေ့နှင့်အနောက်တွင် ဝန်းရံလာသည့် လေပွေကြီးကြီးနှစ်ခုကို အဲရစ်မျက်မှောင်ကြုတ်ကြည့်၏။ လေပြင်းတိုက်ခတ်မှုကြောင့် သူထိုလေပွေများထဲရောက်မသွားစေရန် သူ့ကိုယ်သူ အတင်းခြေကုတ်ထိန်းထားနေခဲ့သည်။ ဒါ ကြယ်ကိုးပွင့်အဆင့်မကောင်းဆိုးဝါးတစ်ကောင်ရဲ့စွမ်းအားလား။
အဲရစ်သည် မုန်းတီးစွာဖြင့် ပြင်ပသို့ လှမ်းကြည့်၏။ အရှေ့အနောက် အလှည့်ကျသွားနေသည့် လေပွေများကို သူ ကြည့်သည်။ သူ့စိတ်ကို စုစည်းကာ ထိုလေပွေများထဲသို့ မိုးကြိုးသွားများကို သူ သက်ဆင်းစေ၏။
“ဟဟ သူ့ရဲ့မိုးကြိုးပိစိလေးတွေနဲ့ ငါ့လေပွေကို ပျက်စီးအောင် သူက လုပ်ချင်သေးတယ်…”
“မင်းလေပွေထဲသူရောက်ရင်တော့ ရပ်လိုက်တော့နော်…”
ရေဗင်သည် ကျူးဒိုစ့်ကို ခေါင်းသာညိတ်ပြလေ၏။
“ဒီကောင်လေးက ခေါင်းတော်တော်မာတယ်…”
ရေဗင်သည် မကျေနပ်သည့်အသံဖြင့် ပြော၏။ ကျူးဒိုစ့်၏ မျက်လုံးထောင့်ကပ်ကြည့်ကာ ပြောဟူသည့် ဟန်ကြောင့် ရေဗင်သည် အနည်းငယ်ဆတ်တောက်တောက်နိုင်သည့် အသံမျိုးဖြင့်…
“တကယ်လို့ အသက်ချမ်းသာပေးဖို့ ငါ့ကိုတောင်းပန်မယ်ဆိုရင် သူ့ကိုငါ ပညာမပြတော့ဘူးလို့ ပြောသားပဲ…”
“တခြားအပေးအယူကရော…”
ရေဗင်သည် အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ…
“မေရီရဲ့ တပည့်ဖြစ်ချင်တာကို စွန့်လွှတ်ရမယ်…”
“ရေဗင်…”
ကျူးဒိုစ့်၏ အသံသည် အေးစက်နေခဲ့သည်။
“မင်း… ဘောင်မကျော်သင့်ဘူး…”
ရေဗင်သည် ကိုယ့်အမှားကိုယ်သိကာ ငြိမ်နေခဲ့၏။ ကျူးဒိုစ့်သည် သက်ပြင်းရှိုက်၍…
“ဘာကြောင့် ဒီကောင်လေးက အခုလိုမျိုး စွမ်းအားကို မက်မောဆာလောင်နေမှန်း ငါ မသိပေမဲ့ စွမ်းအားကို ရဖို့အတွက်ဆို သူ ဘာမဆိုလုပ်လိမ့်မယ်… နောက်ပြီး…”
ကျူးဒိုစ့်သည် ရေဗင်ကို ရှူတည်တည်နှင့်ကြည့်ကာ…
“သူ့ကိုထိန်းချုပ်ဖို့ ငါ တော်တော်လေးကို အခက်တွေ့ခဲ့တယ်… သူ့ရဲ့ တကယ့်စွမ်းအား အစစ်ကို မင်းမမြင်ဖူးသေးပါဘူး”
ရေဗင်သည် အံ့အားသင့်စွာ ကျူးဒိုစ့်ကို လှမ်းကြည့်လေ၏။ ရေဗင်တင်မက ဗေဒါဘာ ထိုစကားကိုကြားချိန်တွင် အလွန်အမင်းအံ့အားသင့်သွားခဲ့သည်။
ကျူးဒိုစ့်ကတောင် ဒီကောင်လေးကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတယ်… ကျူးဒိုစ့် သူတို့ချင်းယှဉ်ပြီး တိုက်ခိုက်ကျလျှင် ဘယ်တော့မှ သူတို့မနိုင်သည့် ကျူးဒိုစ့်က ထိုကောင်လေးကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့တယ်တဲ့။
“ဒါနဲ့…”
ဗေဒါသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည့်နှစ်ယောက်ကို ခေါ်လေသည်။
“သူ လေပွေထဲရောက်သွားပြီ…”
ကျူးဒို့စ်နှင့်ရေဗင်နှစ်ဦးသားသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေရာမှ အရှေ့သို့ ပြန်ကြည့်လေ၏။ ရေဗင်တစ်ကောင်ချက်ချင်း လေပွေအနားသို့ပျံထွက်သွားခဲ့လေသည်။ ဒီကောင်စုတ်လေးကတော့ သေကုန်တော့မှာပဲ…
ထိုအချိန်တွင် လေပွေထဲရှိတစ်စုံတစ်ယောက်မှာတော့…
သူ လေပွေထဲဘယ်လိုရောက်သွားလဲ…
ထိုသတ္တဝါသုံးကောင်စကားများနေချိန်တွင် လေပွေနှစ်ခု၏ အရှေ့အနောက်လည်ပတ်နေစဉ် အချိန်အပိုင်းအခြားအဟတွင် သူ ခြေလှမ်းလိုက်စဉ် လေပွေထဲရောက်သွားခဲ့ခြင်းဖြစ်သည်။
လေပွေထဲသို့ရောက်သွားချိန်တွင် သူ့ မျက်နှာနှင့်လက်တို့သည် ဓားများဖြင့်အမွှန်းခံရသည့်အလားပင်။ လေပွေသည် ဓားလက်နက်များလည်ပတ်နေသည့် စက်ယန္တရားတစ်ခုနှင့်ပင် တူနေသေးသည်။ လေသည် ဓားအသွားကဲ့သို့ ထက်မြိလှ၏။
သူ့ထံသို့ ရေဗင်ပျံသန်းလာသည်ကို သူ မြင်လိုက်ချိန်တွင် ချောက်နက်ထဲမှ ရေဘဝကဲ့သို့သော လက်တစ်ဖက်သည် ထွက်လာခဲ့ချေ၏။
“မီလီ!”
ကျူးဒိုစ့်၏ အော်သံ။
“ချီး… ဒီ မီလီက အခွင့်အရေးရတုန်း သကောင့်သားလေးကို သတ်ဖို့လုပ်နေတာပဲ…”
ရေဒါနှင့်ကျူးဒိုစ့်နှစ်ယောက်လုံးသည်လည်း မီလီ၏ ရေဘဝဲလိုလက်များ၏ ချုပ်နှောင်ခြင်းခံလိုက်ရလေတော့သည်။
“စကားတွေများမနေဘဲ အရင်ဆုံးမြန်မြန်ထွက်လို့ရအောင်လုပ်… အဲရစ်က အထဲမှာ ပိတ်မိနေရင် သေသွားလိမ့်မယ်…”
ကိုယ်တိုင်လည်းရုန်းနေရင်းမှ ကျူးဒိုစ့်သည် ဗေဒါကို လှမ်းအော်လေသည်။ မီလီ၏ လက်များသည် သူတို့ကို တင်းကြပ်စွာချုပ်နှောင်ထားခဲ့၏။
“ဒီရေဘဝဲကောင်စုတ်က ဒီတိုင်းမနေဘူးလို့ငါထင်ခဲ့သားပဲ…”
အဲရစ်သည် ဒေါသဖြစ်စွာရေရွတ်လေ၏။ သူ့အဝတ်များသည်ပြဲစုတ်ကာ သူ့တစ်ကိုယ်လုံးတွင်လည်း ပြတ်ရှရာများဖြင့် မိုးကြိုးသွားများကို လေပွေထဲအဆက်မပြတ်ပစ်လွှတ်သော်လည်း လေပွေသည် ရပ်တန့်မသွား…
သူတော့ ဒီထဲမှာသေရတော့မယ်ထင်ပါရဲ့…
အဲရစ်သည် ဒေါသဖြစ်စွာတွေးသည်။
သေလို့မရသေးဘူး!
သူ့စိတ်ထဲမှအသံတစ်ခုသည် ပြင်းထန်စွာအော်ဟစ်လေ၏။
ငါလုပ်စရာတွေရှိသေးတယ်!
ငါ ရှာဖွေရမှာတွေရှိသေးတယ်!
ကျယ်လောင်ပြင်းထန်စွာအော်ဟစ်နေသည့် အသံကို အဲရစ်သည် ခပ်လှောင်လှောင်ဖြင့်သာ တုံ့ပြန်ဖြစ်သည်။
“ဘာတွေရှာဖွေမှာလဲ… ငါတို့က ဒီအချုပ်အနှောင်လေးကိုတောင်မှ လွတ်အောင်မစွမ်းဘဲနဲ့…”
ဘာကိုမစွမ်းရမှာလဲ…
ငါက မွေးလာကတည်းက မင်းသားတစ်ယောက်ရဲ့အစွမ်းနဲ့မွေးလာခဲ့တာ…
ထိုအသံကိုကြားပြီးသည်နှင့် သူ့သိစိတ်တစ်ခုလုံးသည် အမှောင်ကျသွား၏။ သူ့ကို အခြားသောတစ်စုံတစ်ယောက်က ထိန်းချုပ်သွားသည်ဟု သူ ထင်သည်။ သို့သော်လည်း သူ မသေလျှင်ပြီးတာပဲမို့ အဲရစ်သည် သူ့စိတ်ကို လွှတ်ချလိုက်ခဲ့တော့၏။
သူတို့အကုန်လုံးရုန်း၍ရသွားချိန်တွင် လေပွေသည် အပြာရောင်မီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
“ဒသမကြယ်ပွင့်…”
ကျူးဒိုစ့်သည် သိပ်သည်းပြင်းထန်လာသည့် ဖိအားကို ကြံ့ကြံ့ခံရင်းရေရွတ်လေ၏။
“ငါ ဒီငှက်ကို မသတ်ရရင် မကျေနပ်နိုင်ဘူး…”
မီလီ၏ ရေဘဝဲလက်များကို လက်သေးသေးလေးသည် ဆုတ်ကိုင်လိုက်လေ၏။ အပြာရောင်မီးတောက်သည် ရေဘဝဲလက်များကို နေရာချင်းပင်လောင်ကျွမ်းပြာကျစေခဲ့သည်။
“အပြာရောင်မီးတောက်…”
ကျူးဒိုစ့်သည် ရေရွတ်လေ၏။ ရေဗင့်ထံလှမ်းနေသည့် လက်မရောက်နိုင်ခင် ကျူးဒိုစ့်သည် ခန္ဓာကိုယ်အရွယ်အစားကို မြန်မြန်သွက်သွက်ကြီးလိုက်ရကာ ရေဗင့်ရှေ့မှ ပိတ်ရပ်လိုက်ကာ အဲရစ်ကို လှမ်းပြောလေ၏။
“မင်းကို သူ ကယ်ဖို့လာတာပဲ…”
“ငါ့ရှေ့ကနေဖယ်…”
နီရဲသည့်မျက်လုံးများ၊ ကြီးမားသည့်လင်းနို့တောင်ပံများကို ဖြန့်ကာထိုကောင်လေးသည် အံကြိတ်ရေရွတ်၏။
“ငါ မင်းဆရာကပြောနေတာ အဲရစ်…”
“ငါ့ကို ဘယ်သူမှ ဆရာလာလုပ်လို့မရဘူး… ထားလိုက်တော့ မင်းကိုငါ အရင်သတ်ပြီးတော့ သူ့ကိုသတ်လို့ရတာပဲ…”
ကျူးဒိုစ့်သည် သူ့ထံဝင်လာသည့် လက်ကို ရှောင်တိမ်းလိုက်လေ၏။ ထိုကောင်လေး၏ ခန္ဓာကိုယ်မည်သည့်နေရာမှ မဆို အပြာရောင်မီးတောက်များသည် ထွက်ပေါ်လာနိုင်စွမ်းရှိပုံရသည်။ အကယ်၍ သူ့အသားကို ထိလိုက်ပါက သူသည်လည်း လောင်ကျွမ်းနိုင်သည်။
အပြာရောင်မီးတောက်…
ဝိညာဉ်များကိုပင် လောင်ကျွမ်းပြာကျစေနိုင်သည်ဟု သတ်မှတ်ထားသည့် မီးတောက်။ စွမ်းအားအဆင့်ပေါ်မူတည်ခြင်းမရှိဘဲ ထိုမီးတောက်သည် မည်သည့်အရာကိုမဆို လောင်မြိုက်စေနိုင်သည်။ တော်ဝင်နတ်ဆိုးများတွင်သာ ရှိသည့်အစွမ်းသတ္တိတစ်ခုလည်းဖြစ်ပြီး အပြာရောင်မီးတောက်ကိုသုံးစွဲခြင်းသည် သိစိတ်ကိုလှိုက်စားစေနိုင်သည်မို့ တော်ဝင်နတ်ဆိုးများသည်ပင် မလွှဲသာသည့်အချိန်မှ အသုံးပြုတတ်ကြသည်။
“ကျူးဒိုစ့်!”
ဗေဒါ၏ အထိတ်တလန့်အော်သံ။
ရှောင်တိမ်းနေရင်းဖြင့် တစ်ကွေ့တွင်သူ့အမြီးကို ထိုကောင်လေးသည် ဖမ်းမိသွားခဲ့သည်။
“မင်းလည်း သေသင့်တဲ့ထဲပါတယ်… ငါ့ကို အမြဲတမ်းရှေ့ကနေ ပိတ်ပိတ်ထားတယ်…”
“ဘာလို့ အရမ်းရိုင်းစိုင်းနေတာလဲ…”
ကျူးဒိုစ့်ကို မီးလောင်တိုက်သွင်းရန်ကြံရွယ်နေစဉ်တွင် အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။
ကြောင်အမြီးကိုလွှတ်ကာ သူ အပေါ်ကိုမော့ကြည့်လေ၏။ အဲရစ်နှင့်အတူ အခြားသူတို့သည်လည်း အသံလာရာဆီသို့ ကြည့်ဖြစ်ကြသည်။
ခရမ်းရင့်ရောင်ဂါဝန်ရှည်ဖြင့် တံမြက်စည်းပျံပေါ်တွင်ရှိနေသည့် မေရီ…
“မေရီ…”
“သခင်မ…”
အဲရစ်သည် မေရီ၏ အမည်ကို ရေရွတ်၍ အခြားသူများသည် မေရီ့ကို ဦးညွှတ်ခဲ့ကြသည်။ မေရီသည် အကုန်လုံးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် တံမြက်စည်းပျံကို မြေသို့နှိမ့်ပျံစေကာ ချောက်ကမ်းပါးဆီသို့ အလျင်သွားလေ၏။ ဥပက္ခာပြုခံလိုက်ရခြင်းက အဲရစ်ကို ပို၍ဒေါသထွက်စေသည်။
“မေရီ! မင်း င့ါကို မကြည့်ရင် အဲ့ဒီရေဘဝဲမကောင်းဆိုးဝါးကို ငါ အသေသတ်ပစ်မှာ…”
ကျယ်လောင်သည့် အသံဖြင့် သူမရှေ့သို့ ဝင်ရပ်သည့် အဲရစ်ကို မေရီကြည့်၏။
“အဲရစ်…”
မေရီသည် တည်ငြိမ်သည့်အသံဖြင့်ခေါ်သည်။
“မင်းသိစိတ်မကပ်နေလို့ဆိုပြီး ငါ ခွင့်လွှတ်လိုက်မယ်မထင်နဲ့နော်…”
သူမသည် မှော်တုတ်တံကိုအသာဝှေ့ယမ်းလေသည်။ လျင်မြန်သည့် အဲရစ်၏ လက်များသည် သူမလက်မှ မှော်တုတ်တံကို ဆွဲလုလေ၏။ ထို့နောက် မေရီ့၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်ထားခဲ့လေသည်။
မေရီသည် ချောက်ကမ်းပါးစွန်းနားတွင်ရပ်နေခဲ့ရပြီး အဲရစ်သည် အတောင်များကိုခတ်ကာ မေရီနှင့်မျက်နှာချင်းဆိုင်အထိ လေထဲတွင်ပျံဝဲနေခဲ့ပြီး တစ်ဖက်လက်သည် မေရီ့မှော်တုတ်တံကိုလုယူထားခဲ့ပြီး ကျန်တစ်ဖက်လက်သည် မေရီ၏ လက်ကောက်ဝတ်များကို ဆုတ်ကိုင်ထားခြင်းဖြစ်သည်။
ကျူးဒိုစ့်၊ ဗေဒါနှင့် ရေဗင်သုံးဦးလုံးသည် အသက်ပင်မရှူရဲတော့။
ဒီ… ဒီကောင်လေးဟာ သူ့သေတွင်းသူတူးတာတောင် တွင်းကြီးကြီးတူးနေတာပဲ!
“မှော်တုတ်တံသာ မရှိရင် စုန်းတွေက အသုံးမကျတော့ဘူးလေ…”
ဒီ… ဒီကောင်လေးက တကယ်ပဲသေချင်နေတာလား…
စစ်သူကြီးသုံးဦးသည် တံတွေးပင်မမြိုချရဲဘဲ ဆက်တွေးဖြစ်လေသည်။
“ငါ့အစွမ်းက ဒီတုတ်လေးတစ်ချောင်းပေါ်မူတည်တယ်လို့ မင်းထင်နေတယ်ပေါ့…”
မေရီသည် နှုတ်ခမ်းများကို ကော့ညွှတ်ကာ မေးသည်။ အဲရစ်၏ လက်ထဲမှ မှော်တုတ်တံသည် လောင်ကျွမ်းသွားခဲ့၏။ အဲရစ်မျက်လုံးများသည် ဝိုင်းစက်သွားခဲ့သည်။ အခု မေရီက သူကိုယ်တိုင်ဖျက်ဆီးလိုက်တာလား…
“ရေဗင် မင်း ကျူးဒိုစ့်ကိုချီပြီး မြန်မြန်ပျံလိုက်တော့…”
ဗေဒါ၏ သတိပေးမှုကြောင့် ရေဗင်သည် ခေါင်းကိုညိတ်၏။ ခန္ဓာကိုယ်အရွယ်အစားကိုကြီးကာ ကျူးဒိုစ့်လုံးနေသည့် ခန္ဓာကိုယ်ကြီးကိုသူ သုတ်ချီသည်။
“မင်း ဝိတ်လေးဘာလေးချလို့မရဘူးလား…”
ပျံသန်းနေရင်းဖြင့် ရေဗင်သည် အသံတိုးတိုးဖြင့်ပြောလေ၏။
“ငါဝတာမဟုတ်ဘူး! ငါ့ကိုယ်ထဲမှာ စွမ်းအားသိုလှောင်ထားတာလို့ ဘယ်နှစ်ခါပြောရမှာလဲ!”
ထိုအချိန်တွင် မေရီသည် အံ့အားသင့်နေသည့် အဲရစ်ကို ကြည့်၍ မန္တန်တစ်ခုကို ရွတ်ဆိုလေ၏။
“အင်ကူဆူစီ”
သူမ၏ လက်ကောက်ဝတ်များကို ကိုင်ထားသည့် အဲရစ်သည် တစ်စုံတစ်ယောက်မှခပ်ပြင်းပြင်းဆောင့်ကန်ခံလိုက်ရသည့်အလား သူမထံမှ လွင့်ထွက်သွားခဲ့သည်။
ပြင်းထန်သည့်အရှိန်ဖြင့် လွင့်ထွက်သွားရသည်မို့ အဲရစ်သည် မည်သို့မျှပင် မတုံ့ပြန်လိုက်နိုင်ခဲ့ မည်မျှဝေးဝေးသူ လွင့်သွားမည်ကို မသိနိုင်သလို သူ့ကိုယ်သူလည်း ထိန်းလို့မရ။ ယခုအချိန်တွင် အတောင်များကို ခတ်လိုက်ပါက သူ့အတောင်များသည် ကျိုးသွားပေလိမ့်မည်။ ထိုမျှထိပင် ဖိအားသည် ပြင်းထန်နေခဲ့၏။
ဘုန်းခနဲသူ့ခန္ဓာကိုယ်သည် ကြီးမားသည့်အသားစိုင်တစ်ခုပေါ်သို့ ကျသွားခဲ့၏။ အဲရစ်အနောက်ကို ကြည့်ချိန်တွင် အရွယ်အစားကြီးမားသည့် ကျူးဒိုစ့်သည် သူ့ကို ဆက်ပြီးလွင့်ထွက်မသွားစေရန် တားပေးထားသည်ကို မြင်လိုက်ရသည်။ ကျူးဒိုစ့်၏ နောက်တွင်တော့ ကျူးဒိုစ့်နှင့်အရွယ်အစားတူသည့်ကျီးကန်းတစ်ကောင်။ ထိုသည်တောင်မှ သူတို့သည် မြေပြင်ကို အနည်းငယ်ပွတ်ဆွဲကာ အနောက်သို့ ရောက်သွားခဲ့ကြသေးသည်။
မေရီသည် ထိုမြင်ကွင်းကို မမှိတ်မသုန်ကြည့်၏။ သူမ၏ မျက်နှာသည် အေးစက်နေခဲ့ပြီး နှုတ်ခမ်းများသည် တင်းတင်းစေ့ပိတ်နေခဲ့သည်။
“သခင်မ… ဒီကောင်လေးကို သွန်သင်ဖို့ ကျွန်တော်တို့ လိုအပ်ခဲ့တာပါ…”
ဗေဒါသည် မေရီ့ဘေးတွင် ရပ်ကာ ပြေရာပြေကြောင်းစတင်ဖြန်ဖြေလေတော့သည်။ မဟုတ်လျှင် အဲရစ်တစ်ကောင်တည်း မဟုတ်ဘဲ ရှိနေသည့် သူအကုန်လုံးဟာ မေရီ့ဒေါသစက်ကွင်းမှ လွတ်နိုင်မည်မဟုတ်ချေ။
“ဒါက ကျွန်တော်တို့အမှားမို့ သခင်မ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ…”
ဗေဒါသည် မြွေခေါင်းလေးကို ညွှတ်ကာ ဝပ်ဆင်းတောင်းပန်လိုက်ခဲ့၏။ မေရီသည် အေးစက်စွာဖြင့် သူမကို ကြည့်နေသည့် စစ်သူကြီးများကို ကြည့်ခဲ့၏။ သူမနှင့်ခပ်ဝေးဝေးတွင် ကျူးဒိုစ့်သည် အားနည်းနေပြီဖြစ်သည့် အဲရစ်ကို သူ့လက်များဖြင့် ဖိချကာ အတင်းဝပ်ဆင်းဦးညွှတ်စေခဲ့သည်။
ကြောင်တစ်ကောင်၊ ကျီးတစ်ကောင်နှင့် လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသည် ခပ်ဝေးဝေးတွင် မေရီကို ဒူးထောက်ဦးညွှတ်ခဲ့ကြပြီး မေရီ့နှင့်ခပ်နီးနီးတွင်တော့ မြွေတစ်ကောင်သည် သူမကို ဦးညွှတ်နေခဲ့ချေ၏။
----------
Zawgyi
စုန္းကေဝတုိ႔အတြက္ အေရးႀကီးဆံုးလက္နက္သည္ ေမွာ္တုတ္တံမ်ားျဖစ္သည္။
ေမွာ္တုတ္တံမ်ားမရွိဘဲႏွင့္ စုန္းကေဝမ်ားသည္ မႏၱန္ကို ရြတ္ဆုိႏုိင္ျခင္းမရွိ။
ရြတ္ဆုိႏုိင္သည့္ စုန္းကေဝမ်ားသည္ ပထမမ်ိဳးဆက္စုန္းကေဝမ်ားသာျဖစ္ၿပီး
သူတုိ႔၏ သက္တမ္းသည္ အနိမ့္ဆံုးကိုးရာေက်ာ္ပင္။
အပိုင္း - ၁၃ : ခ်ည္ေႏွာင္မႈ။
‘ခ်ည္ေႏွာင္မႈသည္ ပံုစံအမ်ိဳးမ်ိဳးျဖင့္လာ၏။ ခ်စ္ျခင္း၊မုန္းျခင္း၊ တာဝန္ယူျခင္း၊ အစရွိသည့္ အမ်ိဳးမ်ိဳးေသာ စိတ္ခံစားခ်က္မ်ားသည္ ခ်ည္ေႏွာင္မႈ၏ မေရတြက္ႏိုင္သည့္ ပံုစံမ်ားျဖစ္ၾကသည္။’
“အာ… မင္း မတားဘူးလား…”
ေဗဒါသည္ က်ဴးဒုိစ့္ဘက္လွည့္ကာေမးေလ၏။ အက်ိအခြ်ဲမ်ားကို သုတ္ၿပီးသည္ႏွင့္ အဲရစ္တစ္ေကာင္ ေရဗင္ကို ဝင္လံုးေတာ့သည္။
ဝင္လံုးသည္… အက်ိအခြ်ဲမ်ားမေျပာင္မစင္ႏွင့္ အဲရစ္သည္ ေျမျပင္ေပၚနားေနသည့္ ေရဗင္ကို ေၾကာင္ေပါက္စေလးတစ္ေကာင္လို ခုန္အုပ္လိုက္ျခင္းျဖစ္သည္ဟု ေျပာလွ်င္ ပိုမွန္ေပလိမ့္မည္။
“ဘာလို႔တားရမွာလဲ…”
အဲရစ္၏ ေခါင္းေပၚတြင္ နားၿပီး အဲရစ္နဖူးကို တေတာက္ေတာက္ဆိတ္ေနသည့္ ေရဗင္ကိုၾကည့္ကာ က်ဴးဒိုစ့္သည္ ေျပာေလ၏။
“သူတုိ႔ကို ဒီတုိင္းလႊတ္တာက…”
“အဲရစ္က ေနာက္တစ္ႀကိမ္ထပ္ၿပီး သူ႔အစြမ္းကို မဆင့္ေခၚႏုိင္ေတာ့ဘူး…”
က်ဴးဒုိစ့္သည္ မ်က္လံုးေထာင့္ကပ္ၾကည့္ကာ ဆုိသည္။ အဲရစ္ကို တမင္မထိတထိ ရန္စေနသည့္ ေရဗင္ကိုလွမ္းၾကည့္၍ ေဗဒါသည္ ပံုမွန္ေလသံမ်ိဳးျဖင့္…
“ေရဗင္က သူ႔ကို လက္ခံလုိက္တယ္လုိ႔ မင္းထင္လား…”
“လက္မခံရင္ အဲ့ဒီေကာင္စုတ္ေလးကို ေရဗင္က အခုလိုမ်ိဳးလုပ္ေနမယ္ထင္လား…”
“ဘာပဲျဖစ္ျဖစ္ မီလီေတာင္ သူ႔ကို လန္႔သြားတယ္ဆုိရင္ သူက စြမ္းတယ္လုိ႔ေတာ့ လက္ခံသင့္ပါတယ္…”
ေဗဒါသည္ေျပာေနရင္းျဖင့္ က်ဴးဒိုစ့္ဘက္ၾကည့္ကာ…
“ေဟး… က်ဴးဒုိစ့္ မင္း သူ႔ကို ေသခ်ာသင္ေပးမယ္မလား သူက အလားအလာရွိတယ္ေလ…”
က်ဴးဒိုစ့္သည္ အၿမီးကို တစ္ခ်က္ယမ္းကာ အေနာက္သို႔ေက်ာေပး၏။ ဆက္ၾကည့္ခ်င္စရာ ပြဲမရွိေတာ့သည္မို႔ သူ ျပန္ရန္စဥ္းစားေနခ်ိန္တြင္…
“အဲ…”
ဂ်ိန္းခနဲျမည္သံႏွင့္အတူ မိုးႀကိဳးသြားတစ္ခုသည္ ေျမျပင္သို႔ ထိုးစိုက္က်လာ၏။ ေရဗင္၏ အေတာင္တခ်ိဳ႕သည္ ဖြာခနဲ…
“သူ႔အစြမ္းေတြက ကုန္ေသးပံုမေပၚဘူး…”
ရယ္သံစြက္၍ ေဗဒါသည္ ေျပာေလသည္။ က်ဴးဒိုစ့္သည္ စိတ္ဝင္စားသည့္ဟန္ျဖင့္ အေနာက္သို႔လွည့္ကာ မည္းနက္သြားသည့္ေနရာကို ၾကည့္၏။
“ဟဟ ေရဗင္ရဲ႕ အေတာင္တခ်ိဳ႕ေတာ့ သြားရွာၿပီ…”
“ေရဗင္ မင္းဘာလုိ႔ သူ႔ကို တကယ္မလုပ္တာလဲ…”
က်ဴးဒုိစ့္သည္ အပင္ေပၚတက္ကာ ေရဗင္ကို လွမ္းေျပာေလသည္။ ကြ်တ္သြားသည့္မိမိအေတာင္မ်ားကို ၾကည့္ေနသည့္ ေရဗင္သည္ က်ဴးဒိုစ့္ဘက္လွည့္လာေလ၏။ သူ႔ဆီသို႔ ပစ္လႊတ္သည့္ မိုးႀကိဳးသြားအေသးေလးမ်ားကို ေရွာင္လုိက္ရင္း…
“ငါ သူ႔ကို တကယ္လုပ္လုိ႔ရတယ္ေပါ့…”
အသံတြင္ ေပ်ာ္ရႊင္ျခင္းသည္ ဖံုးဖိ၍မႏုိင္ခဲ့။ က်ဴးဒိုစ့္သည္ ေရဗင္ကို မေျပာခ်င္ေတာ့သည့္ မ်က္ႏွာမ်ိဳးျဖင့္ၾကည့္ကာ…
“မေသရင္ေတာ့ ဘာမွမျဖစ္ပါဘူး…”
“အုိး…”
ေရဗင္၏ မ်က္လံုးမ်ားသည္ အေရာင္ေတာက္သြားေတာ့သည္။ ဒီေကာင္ေလးကို သူ လုပ္ခ်င္ေပမဲ့ က်ဴးဒုိစ့္က ေသခ်ာမေျပာေသးတာေၾကာင့္ လုပ္လို႔မရျဖစ္ေနခဲ့တာ…
“သူ႔ဆရာရဲ႕ ခြင့္ျပဳခ်က္ရတယ္ဆိုေတာ့ ငါ အားနာစရာမလုိေတာ့ဘူးေပါ့…”
နဂိုကတည္းက လုပ္ခ်င္ေနသည္ႏွင့္အေတာ္ျဖစ္သြားသည္မုိ႔ ေရဗင္တစ္ေကာင္ ဝမ္းသာအားရဆိုေလေတာ့၏။
သူ႔အေတာင္မ်ားကို တျဖတ္ျဖတ္ခတ္လုိက္ခ်ိန္တြင္ ေလေပြႏွစ္ခုသည္ ေျမကြက္လပ္တြင္ ေပၚလာေခ်ေတာ့သည္။
“မင္းဆရာက ငါ့ကိုအခြင့္ေပးခဲ့တာေနာ္…”
ေရဗင္သည္ ေျပာလည္းေျပာ၊ သူဖန္တီးထားသည့္ ေလေပြမ်ားကို အဲရစ္ထံသို႔သြားေစ၏။
သူ႔အေရွ႕ႏွင့္အေနာက္တြင္ ဝန္းရံလာသည့္ ေလေပြႀကီးႀကီးႏွစ္ခုကို အဲရစ္မ်က္ေမွာင္ၾကဳတ္ၾကည့္၏။ ေလျပင္းတုိက္ခတ္မႈေၾကာင့္ သူထိုေလေပြမ်ားထဲေရာက္မသြားေစရန္ သူ႔ကိုယ္သူ အတင္းေျခကုတ္ထိန္းထားေနခဲ့သည္။ ဒါ ၾကယ္ကိုးပြင့္အဆင့္မေကာင္းဆုိးဝါးတစ္ေကာင္ရဲ႕စြမ္းအားလား။
အဲရစ္သည္ မုန္းတီးစြာျဖင့္ ျပင္ပသို႔ လွမ္းၾကည့္၏။ အေရွ႕အေနာက္ အလွည့္က်သြားေနသည့္ ေလေပြမ်ားကို သူ ၾကည့္သည္။ သူ႔စိတ္ကို စုစည္းကာ ထုိေလေပြမ်ားထဲသို႔ မိုးႀကိဳးသြားမ်ားကို သူ သက္ဆင္းေစ၏။
“ဟဟ သူ႔ရဲ႕မိုးႀကိဳးပိစိေလးေတြနဲ႔ ငါ့ေလေပြကို ပ်က္စီးေအာင္ သူက လုပ္ခ်င္ေသးတယ္…”
“မင္းေလေပြထဲသူေရာက္ရင္ေတာ့ ရပ္လုိက္ေတာ့ေနာ္…”
ေရဗင္သည္ က်ဴးဒုိစ့္ကို ေခါင္းသာညိတ္ျပေလ၏။
“ဒီေကာင္ေလးက ေခါင္းေတာ္ေတာ္မာတယ္…”
ေရဗင္သည္ မေက်နပ္သည့္အသံျဖင့္ ေျပာ၏။ က်ဴးဒိုစ့္၏ မ်က္လံုးေထာင့္ကပ္ၾကည့္ကာ ေျပာဟူသည့္ ဟန္ေၾကာင့္ ေရဗင္သည္ အနည္းငယ္ဆတ္ေတာက္ေတာက္ႏုိင္သည့္ အသံမ်ိဳးျဖင့္…
“တကယ္လုိ႔ အသက္ခ်မ္းသာေပးဖို႔ ငါ့ကိုေတာင္းပန္မယ္ဆုိရင္ သူ႔ကုိငါ ပညာမျပေတာ့ဘူးလို႔ ေျပာသားပဲ…”
“တျခားအေပးအယူကေရာ…”
ေရဗင္သည္ အနည္းငယ္တံု႔ဆုိင္းသြားၿပီးမွ…
“ေမရီရဲ႕ တပည့္ျဖစ္ခ်င္တာကို စြန္႔လႊတ္ရမယ္…”
“ေရဗင္…”
က်ဴးဒိုစ့္၏ အသံသည္ ေအးစက္ေနခဲ့သည္။
“မင္း… ေဘာင္မေက်ာ္သင့္ဘူး…”
ေရဗင္သည္ ကိုယ့္အမွားကိုယ္သိကာ ၿငိမ္ေနခဲ့၏။ က်ဴးဒိုစ့္သည္ သက္ျပင္းရိႈက္၍…
“ဘာေၾကာင့္ ဒီေကာင္ေလးက အခုလိုမ်ဳိး စြမ္းအားကို မက္ေမာဆာေလာင္ေနမွန္း ငါ မသိေပမဲ့ စြမ္းအားကို ရဖို႔အတြက္ဆို သူ ဘာမဆိုလုပ္လိမ့္မယ္… ေနာက္ၿပီး…”
က်ဴးဒိုစ့္သည္ ေရဗင္ကို ရွဴတည္တည္ႏွင့္ၾကည့္ကာ…
“သူ႔ကိုထိန္းခ်ဳပ္ဖို႔ ငါ ေတာ္ေတာ္ေလးကို အခက္ေတြ႔ခဲ့တယ္… သူ႔ရဲ႕ တကယ့္စြမ္းအား အစစ္ကို မင္းမျမင္ဖူးေသးပါဘူး”
ေရဗင္သည္ အံ့အားသင့္စြာ က်ဴးဒုိစ့္ကို လွမ္းၾကည့္ေလ၏။ ေရဗင္တင္မက ေဗဒါဘာ ထိုစကားကိုၾကားခ်ိန္တြင္ အလြန္အမင္းအံ့အားသင့္သြားခဲ့သည္။
က်ဴးဒိုစ့္ကေတာင္ ဒီေကာင္ေလးကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရတယ္… က်ဴးဒုိစ့္ သူတုိ႔ခ်င္းယွဥ္ၿပီး တုိက္ခုိက္က်လွ်င္ ဘယ္ေတာ့မွ သူတုိ႔မႏုိင္သည့္ က်ဴးဒိုစ့္က ထိုေကာင္ေလးကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့တယ္တဲ့။
“ဒါနဲ႔…”
ေဗဒါသည္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾကသည့္ႏွစ္ေယာက္ကို ေခၚေလသည္။
“သူ ေလေပြထဲေရာက္သြားၿပီ…”
က်ဴးဒို႔စ္ႏွင့္ေရဗင္ႏွစ္ဦးသားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္ေနရာမွ အေရွ႕သို႔ ျပန္ၾကည့္ေလ၏။ ေရဗင္တစ္ေကာင္ခ်က္ခ်င္း ေလေပြအနားသို႔ပ်ံထြက္သြားခဲ့ေလသည္။ ဒီေကာင္စုတ္ေလးကေတာ့ ေသကုန္ေတာ့မွာပဲ…
ထိုအခ်ိန္တြင္ ေလေပြထဲရွိတစ္စံုတစ္ေယာက္မွာေတာ့…
သူ ေလေပြထဲဘယ္လိုေရာက္သြားလဲ…
ထိုသတၱဝါသံုးေကာင္စကားမ်ားေနခ်ိန္တြင္ ေလေပြႏွစ္ခု၏ အေရွ႕အေနာက္လည္ပတ္ေနစဥ္ အခ်ိန္အပိုင္းအျခားအဟတြင္ သူ ေျခလွမ္းလုိက္စဥ္ ေလေပြထဲေရာက္သြားခဲ့ျခင္းျဖစ္သည္။
ေလေပြထဲသို႔ေရာက္သြားခ်ိန္တြင္ သူ႔ မ်က္ႏွာႏွင့္လက္တို႔သည္ ဓားမ်ားျဖင့္အမႊန္းခံရသည့္အလားပင္။ ေလေပြသည္ ဓားလက္နက္မ်ားလည္ပတ္ေနသည့္ စက္ယႏၱရားတစ္ခုႏွင့္ပင္ တူေနေသးသည္။ ေလသည္ ဓားအသြားကဲ့သို႔ ထက္ၿမိလွ၏။
သူ႔ထံသို႔ ေရဗင္ပ်ံသန္းလာသည္ကို သူ ျမင္လိုက္ခ်ိန္တြင္ ေခ်ာက္နက္ထဲမွ ေရဘဝကဲ့သို႔ေသာ လက္တစ္ဖက္သည္ ထြက္လာခဲ့ေခ်၏။
“မီလီ!”
က်ဴးဒုိစ့္၏ ေအာ္သံ။
“ခ်ီး… ဒီ မီလီက အခြင့္အေရးရတုန္း သေကာင့္သားေလးကို သတ္ဖို႔လုပ္ေနတာပဲ…”
ေရဒါႏွင့္က်ဴးဒုိစ့္ႏွစ္ေယာက္လံုးသည္လည္း မီလီ၏ ေရဘဝဲလုိလက္မ်ား၏ ခ်ဳပ္ေႏွာင္ျခင္းခံလိုက္ရေလေတာ့သည္။
“စကားေတြမ်ားမေနဘဲ အရင္ဆံုးျမန္ျမန္ထြက္လို႔ရေအာင္လုပ္… အဲရစ္က အထဲမွာ ပိတ္မိေနရင္ ေသသြားလိမ့္မယ္…”
ကိုယ္တုိင္လည္းရုန္းေနရင္းမွ က်ဴးဒုိစ့္သည္ ေဗဒါကို လွမ္းေအာ္ေလသည္။ မီလီ၏ လက္မ်ားသည္ သူတုိ႔ကို တင္းၾကပ္စြာခ်ဳပ္ေႏွာင္ထားခဲ့၏။
“ဒီေရဘဝဲေကာင္စုတ္က ဒီတုိင္းမေနဘူးလို႔ငါထင္ခဲ့သားပဲ…”
အဲရစ္သည္ ေဒါသျဖစ္စြာေရရြတ္ေလ၏။ သူ႔အဝတ္မ်ားသည္ျပဲစုတ္ကာ သူ႔တစ္ကိုယ္လံုးတြင္လည္း ျပတ္ရွရာမ်ားျဖင့္ မိုးႀကိဳးသြားမ်ားကို ေလေပြထဲအဆက္မျပတ္ပစ္လႊတ္ေသာ္လည္း ေလေပြသည္ ရပ္တန္႔မသြား…
သူေတာ့ ဒီထဲမွာေသရေတာ့မယ္ထင္ပါရဲ႕…
အဲရစ္သည္ ေဒါသျဖစ္စြာေတြးသည္။
ေသလို႔မရေသးဘူး!
သူ႔စိတ္ထဲမွအသံတစ္ခုသည္ ျပင္းထန္စြာေအာ္ဟစ္ေလ၏။
ငါလုပ္စရာေတြရွိေသးတယ္!
ငါ ရွာေဖြရမွာေတြရွိေသးတယ္!
က်ယ္ေလာင္ျပင္းထန္စြာေအာ္ဟစ္ေနသည့္ အသံကို အဲရစ္သည္ ခပ္ေလွာင္ေလွာင္ျဖင့္သာ တံု႔ျပန္ျဖစ္သည္။
“ဘာေတြရွာေဖြမွာလဲ… ငါတုိ႔က ဒီအခ်ဳပ္အေႏွာင္ေလးကိုေတာင္မွ လြတ္ေအာင္မစြမ္းဘဲနဲ႔…”
ဘာကိုမစြမ္းရမွာလဲ…
ငါက ေမြးလာကတည္းက မင္းသားတစ္ေယာက္ရဲ႕အစြမ္းနဲ႔ေမြးလာခဲ့တာ…
ထိုအသံကိုၾကားၿပီးသည္ႏွင့္ သူ႔သိစိတ္တစ္ခုလံုးသည္ အေမွာင္က်သြား၏။ သူ႔ကို အျခားေသာတစ္စံုတစ္ေယာက္က ထိန္းခ်ဳပ္သြားသည္ဟု သူ ထင္သည္။ သို႔ေသာ္လည္း သူ မေသလွ်င္ၿပီးတာပဲမို႔ အဲရစ္သည္ သူ႔စိတ္ကို လႊတ္ခ်လုိက္ခဲ့ေတာ့၏။
သူတုိ႔အကုန္လံုးရုန္း၍ရသြားခ်ိန္တြင္ ေလေပြသည္ အျပာေရာင္မီးတစ္ခုအျဖစ္ေျပာင္းလဲသြားခဲ့သည္။
“ဒသမၾကယ္ပြင့္…”
က်ဴးဒုိစ့္သည္ သိပ္သည္းျပင္းထန္လာသည့္ ဖိအားကို ၾကံ့ၾကံ့ခံရင္းေရရြတ္ေလ၏။
“ငါ ဒီငွက္ကို မသတ္ရရင္ မေက်နပ္ႏိုင္ဘူး…”
မီလီ၏ ေရဘဝဲလက္မ်ားကို လက္ေသးေသးေလးသည္ ဆုတ္ကိုင္လုိက္ေလ၏။ အျပာေရာင္မီးေတာက္သည္ ေရဘဝဲလက္မ်ားကို ေနရာခ်င္းပင္ေလာင္ကြ်မ္းျပာက်ေစခဲ့သည္။
“အျပာေရာင္မီးေတာက္…”
က်ဴးဒုိစ့္သည္ ေရရြတ္ေလ၏။ ေရဗင့္ထံလွမ္းေနသည့္ လက္မေရာက္ႏုိင္ခင္ က်ဴးဒိုစ့္သည္ ခႏၶာကိုယ္အရြယ္အစားကို ျမန္ျမန္သြက္သြက္ႀကီးလုိက္ရကာ ေရဗင့္ေရွ႕မွ ပိတ္ရပ္လုိက္ကာ အဲရစ္ကို လွမ္းေျပာေလ၏။
“မင္းကို သူ ကယ္ဖို႔လာတာပဲ…”
“ငါ့ေရွ႕ကေနဖယ္…”
နီရဲသည့္မ်က္လံုးမ်ား၊ ႀကီးမားသည့္လင္းႏို႔ေတာင္ပံမ်ားကို ျဖန္႔ကာထိုေကာင္ေလးသည္ အံႀကိတ္ေရရြတ္၏။
“ငါ မင္းဆရာကေျပာေနတာ အဲရစ္…”
“ငါ့ကို ဘယ္သူမွ ဆရာလာလုပ္လို႔မရဘူး… ထားလိုက္ေတာ့ မင္းကိုငါ အရင္သတ္ၿပီးေတာ့ သူ႔ကိုသတ္လုိ႔ရတာပဲ…”
က်ဴးဒုိစ့္သည္ သူ႔ထံဝင္လာသည့္ လက္ကုိ ေရွာင္တိမ္းလိုက္ေလ၏။ ထုိေကာင္ေလး၏ ခႏၶာကိုယ္မည္သည့္ေနရာမွ မဆို အျပာေရာင္မီးေတာက္မ်ားသည္ ထြက္ေပၚလာႏိုင္စြမ္းရွိပံုရသည္။ အကယ္၍ သူ႔အသားကို ထိလုိက္ပါက သူသည္လည္း ေလာင္ကြ်မ္းႏိုင္သည္။
အျပာေရာင္မီးေတာက္…
ဝိညာဥ္မ်ားကိုပင္ ေလာင္ကြ်မ္းျပာက်ေစႏိုင္သည္ဟု သတ္မွတ္ထားသည့္ မီးေတာက္။ စြမ္းအားအဆင့္ေပၚမူတည္ျခင္းမရွိဘဲ ထိုမီးေတာက္သည္ မည္သည့္အရာကိုမဆုိ ေလာင္ၿမိဳက္ေစႏိုင္သည္။ ေတာ္ဝင္နတ္ဆိုးမ်ားတြင္သာ ရွိသည့္အစြမ္းသတၱိတစ္ခုလည္းျဖစ္ၿပီး အျပာေရာင္မီးေတာက္ကိုသံုးစြဲျခင္းသည္ သိစိတ္ကိုလိႈက္စားေစႏိုင္သည္မုိ႔ ေတာ္ဝင္နတ္ဆိုးမ်ားသည္ပင္ မလႊဲသာသည့္အခ်ိန္မွ အသံုးျပဳတတ္ၾကသည္။
“က်ဴးဒိုစ့္!”
ေဗဒါ၏ အထိတ္တလန္႔ေအာ္သံ။
ေရွာင္တိမ္းေနရင္းျဖင့္ တစ္ေကြ႔တြင္သူ႔အၿမီးကို ထိုေကာင္ေလးသည္ ဖမ္းမိသြားခဲ့သည္။
“မင္းလည္း ေသသင့္တဲ့ထဲပါတယ္… ငါ့ကို အၿမဲတမ္းေရွ႕ကေန ပိတ္ပိတ္ထားတယ္…”
“ဘာလို႔ အရမ္းရိုင္းစိုင္းေနတာလဲ…”
က်ဴးဒုိစ့္ကို မီးေလာင္တုိက္သြင္းရန္ၾကံရြယ္ေနစဥ္တြင္ အသံတစ္သံသည္ ထြက္ေပၚလာခဲ့သည္။
ေၾကာင္အၿမီးကိုလႊတ္ကာ သူ အေပၚကိုေမာ့ၾကည့္ေလ၏။ အဲရစ္ႏွင့္အတူ အျခားသူတုိ႔သည္လည္း အသံလာရာဆီသို႔ ၾကည့္ျဖစ္ၾကသည္။
ခရမ္းရင့္ေရာင္ဂါဝန္ရွည္ျဖင့္ တံျမက္စည္းပ်ံေပၚတြင္ရွိေနသည့္ ေမရီ…
“ေမရီ…”
“သခင္မ…”
အဲရစ္သည္ ေမရီ၏ အမည္ကို ေရရြတ္၍ အျခားသူမ်ားသည္ ေမရီ႕ကို ဦးညႊတ္ခဲ့ၾကသည္။ ေမရီသည္ အကုန္လံုးကို တစ္ခ်က္ေဝ့ၾကည့္ၿပီးေနာက္ တံျမက္စည္းပ်ံကို ေျမသို႔ႏိွမ့္ပ်ံေစကာ ေခ်ာက္ကမ္းပါးဆီသို႔ အလ်င္သြားေလ၏။ ဥပကၡာျပဳခံလုိက္ရျခင္းက အဲရစ္ကို ပို၍ေဒါသထြက္ေစသည္။
“ေမရီ! မင္း င့ါကို မၾကည့္ရင္ အဲ့ဒီေရဘဝဲမေကာင္းဆိုးဝါးကို ငါ အေသသတ္ပစ္မွာ…”
က်ယ္ေလာင္သည့္ အသံျဖင့္ သူမေရွ႕သို႔ ဝင္ရပ္သည့္ အဲရစ္ကို ေမရီၾကည့္၏။
“အဲရစ္…”
ေမရီသည္ တည္ၿငိမ္သည့္အသံျဖင့္ေခၚသည္။
“မင္းသိစိတ္မကပ္ေနလို႔ဆုိၿပီး ငါ ခြင့္လႊတ္လိုက္မယ္မထင္နဲ႔ေနာ္…”
သူမသည္ ေမွာ္တုတ္တံကိုအသာေဝွ႔ယမ္းေလသည္။ လ်င္ျမန္သည့္ အဲရစ္၏ လက္မ်ားသည္ သူမလက္မွ ေမွာ္တုတ္တံကို ဆြဲလုေလ၏။ ထို႔ေနာက္ ေမရီ႕၏ လက္ေကာက္ဝတ္ကို ဆုတ္ကိုင္ထားခဲ့ေလသည္။
ေမရီသည္ ေခ်ာက္ကမ္းပါးစြန္းနားတြင္ရပ္ေနခဲ့ရၿပီး အဲရစ္သည္ အေတာင္မ်ားကိုခတ္ကာ ေမရီႏွင့္မ်က္ႏွာခ်င္းဆုိင္အထိ ေလထဲတြင္ပ်ံဝဲေနခဲ့ၿပီး တစ္ဖက္လက္သည္ ေမရီ႕ေမွာ္တုတ္တံကိုလုယူထားခဲ့ၿပီး က်န္တစ္ဖက္လက္သည္ ေမရီ၏ လက္ေကာက္ဝတ္မ်ားကို ဆုတ္ကိုင္ထားျခင္းျဖစ္သည္။
က်ဴးဒိုစ့္၊ ေဗဒါႏွင့္ ေရဗင္သုံးဦးလံုးသည္ အသက္ပင္မရွဴရဲေတာ့။
ဒီ… ဒီေကာင္ေလးဟာ သူ႔ေသတြင္းသူတူးတာေတာင္ တြင္းႀကီးႀကီးတူးေနတာပဲ!
“ေမွာ္တုတ္တံသာ မရွိရင္ စုန္းေတြက အသံုးမက်ေတာ့ဘူးေလ…”
ဒီ… ဒီေကာင္ေလးက တကယ္ပဲေသခ်င္ေနတာလား…
စစ္သူႀကီးသံုးဦးသည္ တံေတြးပင္မၿမိဳခ်ရဲဘဲ ဆက္ေတြးျဖစ္ေလသည္။
“ငါ့အစြမ္းက ဒီတုတ္ေလးတစ္ေခ်ာင္းေပၚမူတည္တယ္လုိ႔ မင္းထင္ေနတယ္ေပါ့…”
ေမရီသည္ ႏႈတ္ခမ္းမ်ားကို ေကာ့ညႊတ္ကာ ေမးသည္။ အဲရစ္၏ လက္ထဲမွ ေမွာ္တုတ္တံသည္ ေလာင္ကြ်မ္းသြားခဲ့၏။ အဲရစ္မ်က္လံုးမ်ားသည္ ဝိုင္းစက္သြားခဲ့သည္။ အခု ေမရီက သူကိုယ္တုိင္ဖ်က္ဆီးလုိက္တာလား…
“ေရဗင္ မင္း က်ဴးဒုိစ့္ကိုခ်ီၿပီး ျမန္ျမန္ပ်ံလုိက္ေတာ့…”
ေဗဒါ၏ သတိေပးမႈေၾကာင့္ ေရဗင္သည္ ေခါင္းကိုညိတ္၏။ ခႏၶာကိုယ္အရြယ္အစားကိုႀကီးကာ က်ဴးဒိုစ့္လံုးေနသည့္ ခႏၶာကိုယ္ႀကီးကုိသူ သုတ္ခ်ီသည္။
“မင္း ဝိတ္ေလးဘာေလးခ်လို႔မရဘူးလား…”
ပ်ံသန္းေနရင္းျဖင့္ ေရဗင္သည္ အသံတုိးတုိးျဖင့္ေျပာေလ၏။
“ငါဝတာမဟုတ္ဘူး! ငါ့ကုိယ္ထဲမွာ စြမ္းအားသိုေလွာင္ထားတာလုိ႔ ဘယ္ႏွစ္ခါေျပာရမွာလဲ!”
ထိုအခ်ိန္တြင္ ေမရီသည္ အံ့အားသင့္ေနသည့္ အဲရစ္ကို ၾကည့္၍ မႏၱန္တစ္ခုကို ရြတ္ဆုိေလ၏။
“အင္ကူဆူစီ”
သူမ၏ လက္ေကာက္ဝတ္မ်ားကို ကိုင္ထားသည့္ အဲရစ္သည္ တစ္စံုတစ္ေယာက္မွခပ္ျပင္းျပင္းေဆာင့္ကန္ခံလုိက္ရသည့္အလား သူမထံမွ လြင့္ထြက္သြားခဲ့သည္။
ျပင္းထန္သည့္အရွိန္ျဖင့္ လြင့္ထြက္သြားရသည္မို႔ အဲရစ္သည္ မည္သို႔မွ်ပင္ မတံု႔ျပန္လုိက္ႏုိင္ခဲ့ မည္မွ်ေဝးေဝးသူ လြင့္သြားမည္ကို မသိႏုိင္သလို သူ႔ကိုယ္သူလည္း ထိန္းလုိ႔မရ။ ယခုအခ်ိန္တြင္ အေတာင္မ်ားကို ခတ္လုိက္ပါက သူ႔အေတာင္မ်ားသည္ က်ိဳးသြားေပလိမ့္မည္။ ထိုမွ်ထိပင္ ဖိအားသည္ ျပင္းထန္ေနခဲ့၏။
ဘုန္းခနဲသူ႔ခႏၶာကိုယ္သည္ ႀကီးမားသည့္အသားစိုင္တစ္ခုေပၚသို႔ က်သြားခဲ့၏။ အဲရစ္အေနာက္ကို ၾကည့္ခ်ိန္တြင္ အရြယ္အစားႀကီးမားသည့္ က်ဴးဒုိစ့္သည္ သူ႔ကုိ ဆက္ၿပီးလြင့္ထြက္မသြားေစရန္ တားေပးထားသည္ကို ျမင္လုိက္ရသည္။ က်ဴးဒိုစ့္၏ ေနာက္တြင္ေတာ့ က်ဴးဒုိစ့္ႏွင့္အရြယ္အစားတူသည့္က်ီးကန္းတစ္ေကာင္။ ထိုသည္ေတာင္မွ သူတုိ႔သည္ ေျမျပင္ကို အနည္းငယ္ပြတ္ဆြဲကာ အေနာက္သို႔ ေရာက္သြားခဲ့ၾကေသးသည္။
ေမရီသည္ ထိုျမင္ကြင္းကို မမိွတ္မသုန္ၾကည့္၏။ သူမ၏ မ်က္ႏွာသည္ ေအးစက္ေနခဲ့ၿပီး ႏႈတ္ခမ္းမ်ားသည္ တင္းတင္းေစ့ပိတ္ေနခဲ့သည္။
“သခင္မ… ဒီေကာင္ေလးကို သြန္သင္ဖို႔ ကြ်န္ေတာ္တုိ႔ လိုအပ္ခဲ့တာပါ…”
ေဗဒါသည္ ေမရီ႕ေဘးတြင္ ရပ္ကာ ေျပရာေျပေၾကာင္းစတင္ျဖန္ေျဖေလေတာ့သည္။ မဟုတ္လွ်င္ အဲရစ္တစ္ေကာင္တည္း မဟုတ္ဘဲ ရွိေနသည့္ သူအကုန္လံုးဟာ ေမရီ႕ေဒါသစက္ကြင္းမွ လြတ္ႏုိင္မည္မဟုတ္ေခ်။
“ဒါက ကြ်န္ေတာ္တုိ႔အမွားမို႔ သခင္မ ကြ်န္ေတာ္တုိ႔ကို ခြင့္လႊတ္ေပးပါ…”
ေဗဒါသည္ ေျမြေခါင္းေလးကို ညႊတ္ကာ ဝပ္ဆင္းေတာင္းပန္လုိက္ခဲ့၏။ ေမရီသည္ ေအးစက္စြာျဖင့္ သူမကို ၾကည့္ေနသည့္ စစ္သူႀကီးမ်ားကို ၾကည့္ခဲ့၏။ သူမႏွင့္ခပ္ေဝးေဝးတြင္ က်ဴးဒိုစ့္သည္ အားနည္းေနၿပီျဖစ္သည့္ အဲရစ္ကို သူ႔လက္မ်ားျဖင့္ ဖိခ်ကာ အတင္းဝပ္ဆင္းဦးညႊတ္ေစခဲ့သည္။
ေၾကာင္တစ္ေကာင္၊ က်ီးတစ္ေကာင္ႏွင့္ လူတစ္ပိုင္းနတ္ဆိုးတစ္ပိုင္းေကာင္ေလးသည္ ခပ္ေဝးေဝးတြင္ ေမရီကို ဒူးေထာက္ဦးညႊတ္ခဲ့ၾကၿပီး ေမရီ႕ႏွင့္ခပ္နီးနီးတြင္ေတာ့ ေျမြတစ္ေကာင္သည္ သူမကုိ ဦးညႊတ္ေနခဲ့ေခ်၏။
----------