Unicode
စွမ်းအားတိုင်းတာမှုကို ကြယ်ပွင့်များဖြင့်ဆုံးဖြတ်၏။
လူတို့သည် စတင်လေ့ကျင့်လျှင် ကြယ်တစ်ပွင့်အဖြစ်သို့ အလျင်ရောက်အောင်လေ့ကျင့်ရ၏။
တစ်ဆင့်ချင်းတက်ရန်အတွက် ကနဦး၊ အလယ်အလတ်နှင့် နောက်ဆုံးသော အဆင့်သုံးဆင့်ကိုကျော်ဖြတ်ရသည်။
ကြယ်ပွင့်များလာလေ အဆင့်တက်ရခြင်းသည် ကြာလာလေပင်။
မကောင်းဆိုးဝါးများနှင့်မှော်ဝင်သားရဲများကမူ မိမိတို့၏ မျိုးရိုးကိုလိုက်၍ ကြယ်နှစ်ပွင့်အဆင့်မှ စတင်ပေါက်ဖွားလာကြ၏။
အပိုင်း - ၁၂ : စွမ်းအားနိုးကြားလာမှု။
‘အချို့သော အရည်အချင်းများနှင့်စွမ်းရည်များသည် အသက်အန္တရာယ်နှင့်နီးသည့်အချိန်တွင်မှ နိုးကြားတတ်ကြသည်။ ထိုသို့နိုးကြားခြင်းသည် နောက်မကျဖို့တော့ လိုအပ်သည်။’
ချောက်ထဲကျသည်မှာ လျင်မြန်သည့်အရှိန်ဖြင့်ကျသွားရမည်ဆိုသော်လည်း ချောက်နက်ထဲစတင်ဝင်ရောက်သွားချိန်တွင် အမှောင်ထု၊ အပေါ်မှအလင်းပျပျနှင့် သိပ်သည်းသည့်ဖိအားကိုသာ သူ ခံစားလိုက်ရသည်။ အရှိန်သည် နှေးလာ၏။ ရုန်း၍မရသည့် ဖိအားကိုသာ အဲရစ်ခံစားလိုက်ရသည်။
အံကိုသာ သူ တင်းတင်းကြိတ်၏။
ဒီချောက်က ပုံမှန်ချောက်တစ်ခုမဟုတ်ဘူး!
စိတ်ထဲတွင် တွေးမိသည်နှင့် အဲရစ်သည် ပတ်ဝန်းကျင်ကို စတင်စူးစမ်းတော့သည်။ ချောက်နံရံများတွင် မျက်လုံးပေါင်းမြောက်မြားစွာသည် သူ့ကိုကြည့်နေကြသည်။ ထိုမျက်လုံးများသည် သူ့ကျလာမှုကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေကြ၏။ သူတို့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေပုံရသည်။
အဲရစ်စိတ်ထဲတွင် တစ်ခုတည်းသာ တွေးနိုင်ခဲ့၏။
သူ ဒီချောက်ရဲ့အမှတ်တစ်နေရာရောက်ရင် သေဖို့သာရှိသည်။
>>>>><<<<<
“ဒီချောက်ကို ငပိန်းကောင်တွေက ချောက်လို့ပဲ ထင်နေကြတယ်…”
ရေဗင်သည် ချောက်နက်နက်ထဲစိုက်ကြည့်နေရင်းမှ အေးတိအေးစက်ပြောလေ၏။
“အဖြစ်မှန်ကို သူတို့ကမသိကြဘူးလေ…”
ကျူးဒိုစ့်သည် ခက်ထန်သည့်အသံဖြင့် တုံ့ပြန်ပြောလေသည်။
“တကယ်လို့ မေရီက ဒီကိစ္စကို သဘောမတူဘဲ အဲရစ်ကို ပစ်ချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးလာရင် မင်းတို့ ဘယ်လိုဖြေမယ်စိတ်ကူးထားလဲ…”
ဗေဒါကို ရေဗင်နှင့်ကျူးဒိုစ့်နှစ်ဦးလုံး လှည့်ကြည့်လေ၏။ အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ကျူးဒိုစ့်သည် ရေဗင်ကိုကြည့်၏။
ရေဗင်က…
“ဒါက အရမ်းကြီး ကြီးလေးမဲ့အပြစ်တစ်ခုတော့ မဖြစ်လာလောက်ပါဘူး…”
ပြောသာပြောသော်လည်း သူ့အသံတွင် ယုံကြည်မှုသည် သိပ်မပါ။ ဗေဒါသည် ခပ်အက်အက်သာရယ်၍…
“မင်း ပြန်ဆင်းပြီး သူ့ကို ကယ်လိုက်ပါလား…”
“ဘာလို့ မင်းကိုယ်တိုင်မဆင်းတာလဲ…”
ရေဗင်၏ ပြန်ပက်ပြောမှုကြောင့် ဗေဒါသည် အနောက်သို့ ဆုတ်သွားကာ…
“ဘယ်သူက သူများပါးစပ်ထဲ ဆင်းချင်မှာလဲ!”
“မင်းတောင် မလုပ်ချင်တာ ဘယ်သူကလုပ်ချင်မှာလဲ!”
အပြန်အလှန်ပြောနေသည့် ရေဗင်နှင့်ဗေဒါကို ကျူးဒိုစ့်သည် ခပ်တည်တည်ကြည့်သည်။ ထို့နောက်…
“ပစ်ချလိုက်တာက မင်းလေ…”
သူသည် အစာပိတ်စကားကိုဆိုလေ၏။ ရေဗင်သည် ကျူးဒိုစ့်ကို စိတ်မကြည်သည့် ရန်လိုသည့် မျက်နှာသေဖြင့်သာ ကြည့်လိုက်ခဲ့တော့သည်။ ဒီ ကျူးဒိုစ့်က တကယ်ကိုပြဿနာရှာတာပဲ။
“ငါတို့ နည်းနည်းစောင့်ကြည့်ကြတာပေါ့ သူ့ရဲ့ အရှိန်က နှေးသွားမှာပဲကို…”
ရေဗင်၏ မလုပ်ချင်သည့်အမှုကို ခေါင်းရှောင်နေခြင်းကို ကျူးဒိုစ့်သည် မည်သို့မျှတုံ့ပြန်မနေတော့။ ထားလိုက်တော့ အကယ်၍ ထိုကောင်လေးတစ်ခုခုဖြစ်လျှင်လည်း မေရီအပြစ်ပေးခြင်းကို သူတို့တခဏခံရဖို့သာ ရှိသည်။ အရမ်းကြီးကြီးမားမား အပြစ်ပေးခံရလိမ့်မယ်လို့တော့ သူ မထင်ပါဘူး။
အင်း… မခံရဖို့ကိုတော့ သူ မျှော်လင့်ပါတယ်။
နောက်ပြီး အဲရစ်… ဒီကောင်လေးရဲ့ စွမ်းအားက နောက်မကျဘဲ နိုးထဖို့ သူ မျှော်လင့်ပါတယ်။
>>>>><<<<<
ချောက်သည် မကောင်းဆိုးဝါးတစ်ကောင်းဖြစ်သည်။ ကြယ်ခုနစ်ပွင့် မြေဓာတ်ကို ကိုယ်စားပြုသည့် မကောင်းဆိုးဝါးဖြစ်၏။ ထိုမကောင်းဆိုးဝါး၏ အသွင်သည် ချောက်ကမ်းတစ်ခုနှင့်တူပြီး ကြီးမားသည့်ပါးစပ်တစ်ပေါက်သာ ပါရှိသည်။ ထိုမကောင်းဆိုးဝါး၏ ခံတွင်းနံရံများတွင်တော့ မျက်လုံးပေါင်းမြောက်မြားစွာပါရှိ၏။ အဆိုပါမကောင်းဆိုးဝါးကို မျက်လုံးတစ်သောင်းချောက်နက် မကောင်းဆိုးဝါးဟု ခေါ်တွင်ပြီး ထိုသို့သော မကောင်းဆိုးဝါးများသည် ရှားပါးချေသည်။
ထိုမကောင်းဆိုးဝါးသည် သားကောင်တစ်ကောင် သူ့ထဲပြုတ်ကျလာသည်နှင့် စတင်ဆော့ကစားတော့သည်။ ပထမဆုံး ချောက်ထဲမှကျသည့် အရှိန်ကိုသူသည် နှေးကွေးစေ၏။ သားကောင်မှ လေ့လာကာ ပုံမှန်ချောက်မဟုတ်တော့ဘူးဆိုသည်ကို သတိပြုမိသွားလျှင် သူ့မျက်လုံးများဖြင့် သားကောင်ကို စတင်ကြည့်ရှုတော့သည်။ သားကောင်၏ သွေးပျက်လာမှုက သူ့အတွက် သားကောင်၏ အရသာကို ပို၍ကောင်းမွန်စေ၏။
ထိုသားရဲသည် သူ့သားကောင်မှ အလွန်သွေးပျက်သွားလာတော့မှ သူ့သားကောင်ကို ဝါးမြိုလိုက်လေသည်။
မျက်လုံးတစ်သောင်းချောက်နက်မကောင်းဆိုးသည် သွေးပျက်ခြင်းနှင့်ကြောက်ရွံ့ခြင်းကို စားသုံးရသည်ကို နှစ်ခြိုက်၏။
သူသည် မေရီနှင့်ကြုံတွေ့ခဲ့ရပြီး မေရီ့၏ ကျေးကျွန်တစ်ယောက်ဖြစ်ခဲ့ရကာ ထိုတောအုပ်တွင် စောင့်ကြပ်ရသည့် အဆင့်နိမ့်အစောင့်တစ်ဦးဖြစ်လာခဲ့သည်။
ကြယ်ခုနစ်ပွင့်အဆင့်ရှိသော သားရဲဖြစ်သော်လည်း အချို့သော မကောင်းဆိုးဝါးများသည် သိစိတ်ဖြစ်လာနိုင်ခြင်းမရှိ။ ထို့အတွက် အဆိုပါ မျက်လုံးတစ်သောင်းချောက်နက် မကောင်းဆိုးဝါးသည် အဆင့်နိမ့်အစောင့်များထဲတွင်မှ အင်အားအကြီးဆုံး အစောင့်သာ ဖြစ်နေခဲ့ရသည်။
ထိုချောက်ကမ်းပါးကို လူတို့သည် အမည်အမျိုးမျိုးပေးကြသော်လည်း ထိုချောက်ကမ်းပါးသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ကိုတော့ မည်သူမျှမသိကြ။ အဘယ်ကြောင့်ဆိုသော် ထိုမကောင်းဆိုးဝါး၏ ဝမ်းထဲတွင် မရေတွက်နိုင်သည့် သာမန်လူများ၊ စုန်းလိုက်မုဆိုးများနှင့် စုန်းကဝေပေါင်းမြောက်မြားစွာသည် အစာဖြစ်ခဲ့ကြခြင်းကြောင့်ပေ။
>>>>>><<<<<
“ဒါက… ဘာတွေလဲ…”
အဲရစ်သည် ခပ်ဖြည်းဖြည်းအရှိန်ဖြင့် ကျနေခြင်းမှ မျက်မှောင်ကြုတ်၏။ အရှိန်သည် နှေးသွားလိုက်၊မြန်လာလိုက်။ ထို့အပြင် သိပ်သည်းမှုသည် လျော့သွားလိုက်၊လေးလံလာလိုက်ဖြင့်။ သူ့စိတ်ထဲတွင် တစ်ယောက်ယောက်က သူ့ကို ဆော့ကစားနေသည်ဟု ခံစားလိုက်ရသည်။
သူ့ကိုတောက်လျှောက်ကြည့်နေသည့် မျက်လုံးများကို အဲရစ်ပြန်ကြည့်၏။ မျက်လုံးများသည် သူ့ကို တောက်လျှောက်ကြည့်နေကြဆဲ။ အကယ်၍ မျက်လုံးများသည် ချောက်နံရံတွင်ခိုကပ်နေသည့် မကောင်းဆိုးဝါးများ၏ မျက်လုံးများဖြစ်ခဲ့လျှင် ထိုသတ္တဝါများက သူ့ကို ယခုလိုကြည့်နေကြမည်လား။ ကြည့်နေကြမည်ဆိုလျှင် ချောက်နက်ထဲတွင် သူတို့ကြောက်ရမည့် မကောင်းဆိုးဝါးတစ်ကောင်ရှိနေခြင်းကြောင့် ဖြစ်လိမ့်မည်။
“မင်းကိုငါ အရိပ်အမြွက်လေးတော့ပြောပြလိုက်မယ်…”
သူ့စိတ်အတွင်းမှ မေရီ၏ အသံသည်ထွက်လာခဲ့သည်။
“မေရီ…”
သူ့နှုတ်ဖျားမှ မေရီ့အမည်ကိုရေရွတ်ချိန်တွင် ချောက်နံရံများရှိမျက်လုံးများသည် ရွေ့လျားကုန်ကြသည်။ ဒါက မကောင်းဆိုးဝါးတွေမဟုတ်ဘူး! ဒါက ချောက်နံရံမှာ မျက်လုံးတွေရှိနေတာပဲ!
အဲရစ်သည် စိတ်ထဲတွင် ချောက်ခြားစွာတွေးလေ၏။
“ဒါက မကောင်းဆိုးဝါးတစ်ကောင်ပဲ… မှော်ဝင်သားရဲတစ်ကောင်လို့တော့ အပြင်က ခေါ်ကြတယ်… ဘာပဲဖြစ်ဖြစ်ပါ မှော်ဝင်သားရဲရော မကောင်းဆိုးဝါးရောက အတူတူပါပဲ…”
မေရီ၏အသံသည် သူ့စိတ်ထဲတွင် ထပ်ထွက်လာပြန်သည်။ မေရီက သူ့ကို စိတ်ချင်းဆက်သွယ်နေတာလား။
“အခုချိန်မှာ မင်းဒါကို တွေးနေရမယ်ထင်တာလား မီလီဆီကနေ အရင်ဆုံးလွတ်အောင် ကြိုးစားသင့်တယ်မဟုတ်ဘူးလား…”
“မီလီ…”
“အင်း… ဟုတ်တယ် မီလီလို့ခေါ်တယ် သူ့နာမည်အပြည့်အစုံက ခပ်ရှည်ရှည်ပဲ… ငါ မမှတ်မိတော့လို့ မီလီလို့ပဲ ထားလိုက်ပါတော့…”
“ဒါခင်ဗျားရဲ့ ကျေးကျွန်ပဲလား…”
ချက်ဆိုနားခွက်မှမီးထတောက်သည့် အဲရစ်တစ်ယောက်သည် လျှာရှည်စွာမေးခွန်းပြန်ထုတ်လေသည်။ မေရီ့ထံမှ ရယ်သံတိုးတိုးကို သူ ကြားရ၏။
“ငါ ပြန်မေးတာတွေကို မကြိုက်ဘူး… ဒီတော့ မင်းကို ရေဗင်ပြောထားတဲ့အတိုင်း သေချာလိုက်လုပ်ကြည့်ပေါ့… ရေဗင်ပြောတာကလည်း ငါ တစ်ခါပြောခဲ့ဖူးတာပါပဲ… မင်းရဲ့အလှတပ်တောင်ပံလေးနဲ့ ကံကောင်းပါစေပေါ့…”
မေရီ၏ အသံသည် သူ့စိတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ အဲရစ်တစ်ယောက်ဆဲချင်သော်လည်း မည်သူ့ကို ဆဲရမှန်း သူ မသိချေ။
ထိုအတိုင်းဆက်သွားနေလျှင်တော့ သူ သေဖွယ်သာရှိတော့သည်။ ထို့အတွက် အဲရစ်သည် သူ့စိတ်အာရုံတို့ကို စတင်စုစည်း၏။ သူ့ခန္ဓာထဲတွင်ရှိသည့် စွမ်းအားစု… ထိုစွမ်းအားစုက ဘာလဲ… မေရီကတော့ သူ့စွမ်းအားတွေကို သူ့အတောင်တွေဆီကို ဖြန့်ထုတ်ခိုင်းတယ်… အဲ့ဒီလို ဖြန့်နိုင်တယ်ဆိုရင် သူကျုံ့နိုင်ဆန့်နိုင်လိမ့်မယ်လို့ ဆိုတယ်…
သူ မျက်လုံးများကိုမှိတ်၏။ စွမ်းအားစု… သူ့ရဲ့စွမ်းအား… သူက နတ်ဆိုးဖြစ်တာကြောင့် လူတို့လို မိမိရဲ့စွမ်းအားကို ရှာဖွေကာ သေချာပျိုးထောင်စရာမလို။ သူ့မှာ အလုံးအရင်းနှင့်ရှိပြီးသားဖြစ်သည်။
သူ့တည်ငြိမ်မှုကို ခံစားရချိန်တွင် ချောက်ထဲသို့ သူ ကျသည့်အရှိန်သည်လည်း မြန်လာတော့၏။
“ချီး! ဒီ မကောင်းဆိုးဝါးဟာ!”
မှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကာ အဲရစ်ရေရွတ်သည်။
>>>>>><<<<<<
“သူတို့ကို သခင်မ အပြစ်ပေးချင်လား…”
မေရီသည် စာဖတ်ခန်းထဲတွင် စာအုပ်တစ်အုပ်ကို ရှာနေခဲ့၏။ ရဲတိုက်ထဲရှိ လှိုဏ်သံထွက်လာချိန်တွင် သူမ၏ နှုတ်ခမ်းများသည် ကော့ညွှတ်သွားသည်။
“ရေဗင်တို့ကိုလား…”
ရဲတိုက်ထဲရှိအသံသည် ဆက်၍ထွက်မလာ မေရီ၏ နှုတ်ခမ်းများသည် ပြုံးယောင်ယောင်ဖြစ်လာကာ…
“ထားလိုက်ပါ… သူတို့လုပ်ချင်တာလုပ်ပါစေ…”
သူမသည် ခပ်အေးအေးဆိုသည်။
“သူတို့က တိုက်ပွဲအတူဝင်ရမဲ့သူတွေဖြစ်တာကြောင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် လက်ခံနိုင်ဖို့လိုတယ်… ဒီနတ်ဆိုးကောင်လေးကို သူတို့တွေက ချက်ချင်းလက်မခံနိုင်လောက်သေးဘူးလေ…”
“ဒါပေမဲ့ စစ်သူကြီးအဲရစ်သာ မီလီ့အစာဖြစ်ခဲ့မယ်ဆိုရင် သခင်မရဲ့အကြံအစည်တွေက…”
“အဲရစ်နေရာမှာ တခြားအရာတွေကို အစားထိုးလို့ရတာပဲ…”
မေရီသည် စာအုပ်စင်မှ သူမ ရှာနေသည့်စာအုပ်ကို ဆွဲထုတ်ကာ အေးအေးသက်သာပြန်ပြောလေ၏။
“အဲရစ်က ငါ့အတွက် အရေးမကြီးပါဘူး…”
သူမသည် စာရွက်များကို လှန်နေရင်းမှ…
“အင်း… သူ့တန်ဖိုးသူပြနိုင်ရင်တော့ တစ်မျိုးပေါ့…”
မေရီသည် ခံစားချက်မဲ့သည့် အသံမျိုးဖြင့် ထပ်ပြောလေသည်။
>>>>><<<<<
“တကယ်လို့ သူ သေသွားရင် ငါတို့ကို မေရီက အပြစ်ပေးမှာလား…”
“မင်းအခုမှကြောက်နေတာလား…”
“သူ ကျသွားတာ တော်တော်ကြာနေပြီလေ…”
ရေဗင်နှင့်ဗေဒါ အပြန်အလှန်ပြောနေချိန်တွင် ကျူးဒိုစ့်သည် ချောက်ကမ်းပါးထဲသို့ ကြည့်နေခဲ့၏။ အဲရစ်၏ အနံ့ကို သူ ရနေသေးဆဲဖြစ်သည်။
“အဲရစ်က အခုထိတော့မသေသေးဘူး…”
“မီလီက သူ့ကို ကစားနေတာလား… အဲ့ငနဲသားက သူ့အစာတွေနဲ့သိပ်ကစားတာပဲ…”
ဗေဒါ၏ မေးခွန်းကြောင့် အမြီးကိုခပ်ဖြည်းဖြည်းယမ်းနေရင်း ကျူးဒိုစ့်သည် ချောက်ကမ်းပါးထဲကိုသာ အာရုံခံနေခဲ့သည်။ အဲရစ်၏ အသက်ရှူနှုန်းနှင့်မီလီ၏ အနည်းငယ်မြန်နေသည့် အသက်ရှူနှုန်းကို သူ ခံစားလာရ၏။
“အနောက်ကိုဆုတ်!”
စူးရှသည့် သူ့မျက်လုံးတွင် အပြာရောင်အလင်းတစ်ခုကို မြင်လိုက်ချိန်တွင် ကျူးဒိုစ့်သည် ဗေဒါနှင့်ရေဗင်ကိုပါ သတိပေးအော်ပြောလာလေ၏။
မြေငလျင်သည် သိမ့်ခနဲလှုပ်သွား၏။ ချောက်ကမ်းပါးနားရှိ မြေကြီးများသည် စုကျုံ့လာခဲ့သည်။ ထို့နောက် ချောက်ကမ်းပါးသည် မရှိတော့ဘဲ မြေပြင်သာ ကျန်တော့လေ၏။
ကျူးဒိုစ့်၊ဗေဒါနှင့်ရေဗင်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကြလေသည်။ မီလီဘွတ်စ်အော်ကုလာရွန်(မျက်လုံးပေါင်းတစ်သောင်း) အမည်ရှိ ထိုမကောင်းဆိုးဝါးသည် အစာစားချိန်တွင် တစ်ကြိမ်လေးပင် ထိုသို့မဖြစ်ဘူး။ သူ့ခံတွင်းသည် အမြဲတမ်းဖွင့်ထားခြင်းသာ ရှိသည်။ သို့သော် ယခု သူသည် ခံတွင်းကိုပိတ်လိုက်လေပြီ။
“အဲရစ်က ထွက်ပြေးဖို့နည်းလမ်းတွေ့သွားတာလား…”
ရေဗင်သည် သစ်ကိုင်းထက်တွင်နားနေရင်းမှ ကျူးဒိုစ့်ကို လှမ်းမေးလေ၏။
“အဲ့ဒီအဆင့်က ခက်ခဲတယ်… အတောင်တွေကို ထိန်းချုပ်ဖို့က…”
ကျူးဒိုစ့်သည် ခေါင်းကိုယမ်းကာ ဖြေသည်။
“မှန်တယ်… သူ့အတောင်တွေကိုအသုံးပြုလို့ရတယ်လို့တော့ ငါ မထင်ဘူး…”
ဗေဒါသည်လည်း ကျူးဒိုစ့်၏ ထင်မြင်ချက်ကိုထောက်ခံရင်း ဆိုလေ၏။
“ဖြစ်နိုင်ခြေက တစ်ခုပဲကျန်တော့တယ်…”
ကျူးဒိုစ့်သည် လေးနက်သည့်မျက်နှာဖြင့် ချောက်ကမ်းရှိဖူးသည့် အရပ်ကို မျှော်ကြည့်ကာ…
“ပိတ်လှောင်လိုက်တယ်ဆိုတော့ အဲရစ်က သူ့ကို အန္တရာယ်တစ်ခုခုကို ပေးနိုင်တယ်လို့ သူ ထင်လိုက်လို့ပဲ…”
>>>>><<<<<
“နတ်ဆိုးတွေက မွေးစကလေးဘဝတည်းက သူတို့က ကြယ်ငါးပွင့်အဆင့် မှော်ဝင်သားရဲတွေနဲ့ညီမျှတယ်…”
အဆောက်အဦတစ်ခုတွင်ဖြစ်သည်။ ထိုအဆောက်အဦသည် ကြီးမားကျယ်ဝန်းသည့်နေရာတွင်ရှိ၏။ ဧကမည်မျှဟု ပြောရန်ခက်ခဲသည့် ထိုနေရာသည် စင်စစ်တွင် တက္ကသိုလ်တစ်ခုဖြစ်သည်။
တက္ကသိုလ်…
မှန်သည်။ ထိုတက္ကသိုလ်သည် စုန်းလိုက်မုဆိုးများကို မွေးထုတ်ပေးသည့် ကျောင်းတစ်ခုဖြစ်၏။
“သူတို့တွေထဲမှာ မိုးကြိုးသတ္တိကိုပိုင်ဆိုင်တဲ့သူတွေနဲ့အပြာရောင်မီးတောက်ကို ပိုင်ဆိုင်တဲ့ သူတွေရှိတယ်…”
စာသင်ခန်းတွင် သင်ခန်းစာကို ပို့ချနေခဲ့၏။
“မိုးကြိုးကိုတော့ ခရမ်းရောင်နဲ့အပြာရောင်ဆိုပြီး နှစ်ခုခွဲခြားတယ်… ခရမ်းရောင်မိုးကြိုးအစွမ်းနဲ့အပြာရောင်မီးတောက်တွေက တော်ဝင်နတ်ဆိုးမျိုးနွယ်တွေသာ ရှိတဲ့သူတွေဖြစ်တယ်… သူတို့က လူတွေရဲ့ရန်သူတွေပဲ… စုန်းလိုက်မုဆိုးတွေရော၊ စုန်းတွေကရော သူတို့ကို ထိန်းချုပ်ဖို့ဆိုတာ ရေရှည်မှာမဖြစ်နိုင်ဘူး…”
“အပြာရောင်မီးတောက်နဲ့မိုးကြိုးကို ပိုင်ဆိုင်ခဲ့ရင်ရော…”
ကျောင်းသားတစ်ယောက်၏ မေးခွန်းသည် အတန်းထွက်ပေါ်လာခဲ့သည်။
“သူက နတ်ဆိုးဘုရင်တစ်ပါးဖြစ်နိုင်တဲ့ သူပဲလို့ ဆိုရမှာပေါ့…”
နို့နှစ်ရောင်ဆံပင်များကိုအပြောင်သိမ်းထားသည့် ကောင်ကလေးသည် သူ့မေးခွန်း၏ အဖြေကို ဖြေပေးလာသည့် ဆရာဖြစ်သူ၏ စကားကို ခေါင်းညိတ်လေ၏။
“လူးကပ်စ် အတန်းဆင်းရင် မင်းခဏလာခဲ့ဦး…”
အတန်းရှေ့ရှိသင်ကြားပို့ချနေသည့် ဆရာသည် ထိုကောင်လေး၏ မေးခွန်းကို ဖြေပြီးနောက် တစ်ဆက်တည်းပြောလေသည်။ နို့နှစ်ရောင်ဆံပင်များသည် ရွှေရောင်ဖျော့ဖျော့သမ်းနေသည့်အလားပင်။ ထိုကောင်လေး၏ စိမ်းဖျော့ဖျော့မျက်ဝန်းများသည် တခဏတောက်သွား၏။ တည်ငြိမ်တောက်ပသည့် အပြုံးဖြင့် ထိုကောင်လေးသည် ရွှင်ပြစွာပြန်ဖြေခဲ့သည်။
“ဟုတ်ကဲ့…”
>>>>><<<<<
မကောင်းဆိုးဝါးတစ်ကောင်၏ နာကျင်စွာအော်ဟစ်သံနှင့်အတူ မြေအောက်မှ အပြာရောင်မီးတောက်နှင့်မိုးကြိုးများရောယှက်နေသည့် ရှည်လျားသည့် မီးအလင်းတန်းတစ်ခုသည် ကောင်းကင်ရှိ တိမ်များသို့ ထိုးဖောက်တက်သွားလေ၏။
“ဒါက…”
ရေဗင်၊ ဗေဒါနှင့် ကျူးဒိုစ့်သည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြသည်။ ထို အန္တရာယ်များသည့် မီးတန်းရှည်ထွက်လာခြင်းက မီလီ၏ ခံတွင်းရှိရာနေရာမှ မဟုတ်ပါလား။
“ဒါ အဲရစ်ပဲ…”
ကျူးဒိုစ့်သည် တည်ငြိမ်သည့် အသံမျိုးဖြင့်ပြောလေ၏။
“ဒါပေါ့ သူ့အပြင်ဘယ်သူဖြစ်နိုင်သေးတာလဲ…”
ရေဗင်သည် သူ့အတောင်များကို ဖြန့်၍ပြောလေ၏။
“မီလီက မီးတောက်တွေမှ မပိုင်တာ…”
“မိုးကြိုးနဲ့မီးစွမ်းအင်ကိုပိုင်ဆိုင်တာက အဲရစ်ပဲဖြစ်နိုင်တာပဲကို…”
ဗေဒါသည် လေဆင်နှာမောင်းတစ်ခုအလား ကောင်းကင်သို့ထွင်းဖောက်နေသည့် မီးတောက်တွင်မိုးကြိုးများယှက်နေသည့် စွမ်းအင်စုကိုကြည့်သည်။
“ဒီကောင်လေးက တကယ်ကို နတ်ဆိုးဘုရင်တစ်ပါးရဲ့သားပဲ…”
ဗေဒါသည် ဆက်၍ပြောလေသည်။
“သူက စစ်သူကြီးတစ်ယောက်ဖြစ်ဖို့အတွက် ထိုက်တန်တယ်…”
ကျူးဒိုစ့်သည် အလင်းတန်းရှိနေသည့် နေရာကိုသာ မမှိတ်မသုန်ကြည့်နေခဲ့သည်။ စစ်သူကြီးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်… ဟမ့် ဒါပြောဖို့က အရမ်းစောသေးတယ်မထင်ဘူးလား…
“သူက အခုမှ ငယ်ငယ်လေးရှိသေးတာလေ… ဒီလိုကြီးမားတဲ့စွမ်းအားရှိနေတာ ဒါကြောင့် ထိုက်တန်တယ်လို့ ဆိုလို့ရတယ်မဟုတ်လား…”
ကျူးဒိုစ့်၏ အတွေးများကို ရိပ်မိသည့်ဟန်ဖြင့် ဗေဒါသည် ရယ်ဟဟ ပြောလေသည်။
“ပါးစပ်လေးပဲပိတ်ထားစမ်းပါ…”
ကျူးဒိုစ့်စကားကြောင့် ဗေဒါသည် ခပ်တိုးတိုးရယ်လေ၏။ သူ အရှေ့သို့ ကြည့်နေချိန်တွင် ပြင်ညီဖြစ်နေသည့် မြေပြင်သည် တဖြည်းဖြည်းအက်ကွဲလာ၏။ ချောက်နက်တစ်ခုပြန်ဖြစ်လာပြီးနောက် ထိုချောက်ထဲမှ အရာဝတ္ထုတစ်ခုသည် အရှိန်ဖြင့် မြေပေါ်သို့ပေါက်ထွက်လာခဲ့သည်။ ထိုအရာမြောက်တက်လာသည့်ဟန်က အရှိန်ပြင်းပြင်းမီးတောက်ပေါက်ကွဲထွက်လာသည့် အလားပင်။
ထိုအရာလေးသည်သူတို့နှင့်မလှမ်းမကမ်းမြေပြင်သို့ ကျလာလေ၏။
“ခင်ဗျားသေပြီ ရေဗင်!”
ကျလာသည့်အရာလေးသည် သူ့ကိုယ်ပေါ်မှ အကျိအချွဲများကိုသုတ်ကာ မြေပြင်ပေါ်မှ ကုန်းရုန်းထ၍ အော်ဟစ်လေ၏။
----------
Zawgyi
စြမ္းအားတုိင္းတာမႈကို ၾကယ္ပြင့္မ်ားျဖင့္ဆံုးျဖတ္၏။
လူတုိ႔သည္ စတင္ေလ့က်င့္လွ်င္ ၾကယ္တစ္ပြင့္အျဖစ္သို႔ အလ်င္ေရာက္ေအာင္ေလ့က်င့္ရ၏။
တစ္ဆင့္ခ်င္းတက္ရန္အတြက္ ကနဦး၊ အလယ္အလတ္ႏွင့္ ေနာက္ဆံုးေသာ အဆင့္သံုးဆင့္ကိုေက်ာ္ျဖတ္ရသည္။
ၾကယ္ပြင့္မ်ားလာေလ အဆင့္တက္ရျခင္းသည္ ၾကာလာေလပင္။
မေကာင္းဆိုးဝါးမ်ားႏွင့္ေမွာ္ဝင္သားရဲမ်ားကမူ မိမိတို႔၏ မ်ိဳးရိုးကိုလုိက္၍ ၾကယ္ႏွစ္ပြင့္အဆင့္မွ စတင္ေပါက္ဖြားလာၾက၏။
အပိုင္း - ၁၂ : စြမ္းအားႏိုးၾကားလာမႈ။
‘အခ်ိဳ႕ေသာ အရည္အခ်င္းမ်ားႏွင့္စြမ္းရည္မ်ားသည္ အသက္အႏၱရာယ္ႏွင့္နီးသည့္အခ်ိန္တြင္မွ ႏိုးၾကားတတ္ၾကသည္။ ထိုသို႔ႏုိးၾကားျခင္းသည္ ေနာက္မက်ဖို႔ေတာ့ လုိအပ္သည္။’
ေခ်ာက္ထဲက်သည္မွာ လ်င္ျမန္သည့္အရွိန္ျဖင့္က်သြားရမည္ဆုိေသာ္လည္း ေခ်ာက္နက္ထဲစတင္ဝင္ေရာက္သြားခ်ိန္တြင္ အေမွာင္ထု၊ အေပၚမွအလင္းပ်ပ်ႏွင့္ သိပ္သည္းသည့္ဖိအားကိုသာ သူ ခံစားလုိက္ရသည္။ အရွိန္သည္ ေႏွးလာ၏။ ရုန္း၍မရသည့္ ဖိအားကိုသာ အဲရစ္ခံစားလုိက္ရသည္။
အံကိုသာ သူ တင္းတင္းႀကိတ္၏။
ဒီေခ်ာက္က ပုံမွန္ေခ်ာက္တစ္ခုမဟုတ္ဘူး!
စိတ္ထဲတြင္ ေတြးမိသည္ႏွင့္ အဲရစ္သည္ ပတ္ဝန္းက်င္ကို စတင္စူးစမ္းေတာ့သည္။ ေခ်ာက္နံရံမ်ားတြင္ မ်က္လံုးေပါင္းေျမာက္ျမားစြာသည္ သူ႔ကိုၾကည့္ေနၾကသည္။ ထိုမ်က္လံုးမ်ားသည္ သူ႔က်လာမႈကို မ်က္ေတာင္မခတ္တမ္း လုိက္ၾကည့္ေနၾက၏။ သူတုိ႔ကိုၾကည့္ရသည္မွာ တစ္စံုတစ္ခုကို စိတ္ရွည္ရွည္ႏွင့္ ေစာင့္ဆုိင္းေနပံုရသည္။
အဲရစ္စိတ္ထဲတြင္ တစ္ခုတည္းသာ ေတြးႏိုင္ခဲ့၏။
သူ ဒီေခ်ာက္ရဲ႕အမွတ္တစ္ေနရာေရာက္ရင္ ေသဖို႔သာရွိသည္။
>>>>><<<<<
“ဒီေခ်ာက္ကို ငပိန္းေကာင္ေတြက ေခ်ာက္လုိ႔ပဲ ထင္ေနၾကတယ္…”
ေရဗင္သည္ ေခ်ာက္နက္နက္ထဲစိုက္ၾကည့္ေနရင္းမွ ေအးတိေအးစက္ေျပာေလ၏။
“အျဖစ္မွန္ကို သူတုိ႔ကမသိၾကဘူးေလ…”
က်ဴးဒိုစ့္သည္ ခက္ထန္သည့္အသံျဖင့္ တံု႔ျပန္ေျပာေလသည္။
“တကယ္လုိ႔ ေမရီက ဒီကိစၥကို သေဘာမတူဘဲ အဲရစ္ကို ပစ္ခ်လိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးလာရင္ မင္းတို႔ ဘယ္လုိေျဖမယ္စိတ္ကူးထားလဲ…”
ေဗဒါကို ေရဗင္ႏွင့္က်ဴးဒိုစ့္ႏွစ္ဦးလံုး လွည့္ၾကည့္ေလ၏။ အနည္းငယ္တိတ္ဆိတ္သြားၿပီးေနာက္ က်ဴးဒိုစ့္သည္ ေရဗင္ကုိၾကည့္၏။
ေရဗင္က…
“ဒါက အရမ္းႀကီး ႀကီးေလးမဲ့အျပစ္တစ္ခုေတာ့ မျဖစ္လာေလာက္ပါဘူး…”
ေျပာသာေျပာေသာ္လည္း သူ႔အသံတြင္ ယံုၾကည္မႈသည္ သိပ္မပါ။ ေဗဒါသည္ ခပ္အက္အက္သာရယ္၍…
“မင္း ျပန္ဆင္းၿပီး သူ႔ကို ကယ္လိုက္ပါလား…”
“ဘာလုိ႔ မင္းကိုယ္တုိင္မဆင္းတာလဲ…”
ေရဗင္၏ ျပန္ပက္ေျပာမႈေၾကာင့္ ေဗဒါသည္ အေနာက္သို႔ ဆုတ္သြားကာ…
“ဘယ္သူက သူမ်ားပါးစပ္ထဲ ဆင္းခ်င္မွာလဲ!”
“မင္းေတာင္ မလုပ္ခ်င္တာ ဘယ္သူကလုပ္ခ်င္မွာလဲ!”
အျပန္အလွန္ေျပာေနသည့္ ေရဗင္ႏွင့္ေဗဒါကို က်ဴးဒိုစ့္သည္ ခပ္တည္တည္ၾကည့္သည္။ ထို႔ေနာက္…
“ပစ္ခ်လိုက္တာက မင္းေလ…”
သူသည္ အစာပိတ္စကားကိုဆိုေလ၏။ ေရဗင္သည္ က်ဴးဒိုစ့္ကို စိတ္မၾကည္သည့္ ရန္လိုသည့္ မ်က္ႏွာေသျဖင့္သာ ၾကည့္လုိက္ခဲ့ေတာ့သည္။ ဒီ က်ဴးဒိုစ့္က တကယ္ကိုျပႆနာရွာတာပဲ။
“ငါတုိ႔ နည္းနည္းေစာင့္ၾကည့္ၾကတာေပါ့ သူ႔ရဲ႕ အရွိန္က ေႏွးသြားမွာပဲကို…”
ေရဗင္၏ မလုပ္ခ်င္သည့္အမႈကို ေခါင္းေရွာင္ေနျခင္းကို က်ဴးဒုိစ့္သည္ မည္သို႔မွ်တံု႔ျပန္မေနေတာ့။ ထားလုိက္ေတာ့ အကယ္၍ ထိုေကာင္ေလးတစ္ခုခုျဖစ္လွ်င္လည္း ေမရီအျပစ္ေပးျခင္းကို သူတုိ႔တခဏခံရဖို႔သာ ရွိသည္။ အရမ္းႀကီးႀကီးမားမား အျပစ္ေပးခံရလိမ့္မယ္လုိ႔ေတာ့ သူ မထင္ပါဘူး။
အင္း… မခံရဖို႔ကိုေတာ့ သူ ေမွ်ာ္လင့္ပါတယ္။
ေနာက္ၿပီး အဲရစ္… ဒီေကာင္ေလးရဲ႕ စြမ္းအားက ေနာက္မက်ဘဲ ႏုိးထဖို႔ သူ ေမွ်ာ္လင့္ပါတယ္။
>>>>><<<<<
ေခ်ာက္သည္ မေကာင္းဆိုးဝါးတစ္ေကာင္းျဖစ္သည္။ ၾကယ္ခုနစ္ပြင့္ ေျမဓာတ္ကို ကိုယ္စားျပဳသည့္ မေကာင္းဆုိးဝါးျဖစ္၏။ ထိုမေကာင္းဆိုးဝါး၏ အသြင္သည္ ေခ်ာက္ကမ္းတစ္ခုႏွင့္တူၿပီး ႀကီးမားသည့္ပါးစပ္တစ္ေပါက္သာ ပါရွိသည္။ ထုိမေကာင္းဆိုးဝါး၏ ခံတြင္းနံရံမ်ားတြင္ေတာ့ မ်က္လံုးေပါင္းေျမာက္ျမားစြာပါရွိ၏။ အဆုိပါမေကာင္းဆုိးဝါးကို မ်က္လံုးတစ္ေသာင္းေခ်ာက္နက္ မေကာင္းဆုိးဝါးဟု ေခၚတြင္ၿပီး ထိုသို႔ေသာ မေကာင္းဆိုးဝါးမ်ားသည္ ရွားပါးေခ်သည္။
ထိုမေကာင္းဆိုးဝါးသည္ သားေကာင္တစ္ေကာင္ သူ႔ထဲျပဳတ္က်လာသည္ႏွင့္ စတင္ေဆာ့ကစားေတာ့သည္။ ပထမဆံုး ေခ်ာက္ထဲမွက်သည့္ အရွိန္ကိုသူသည္ ေႏွးေကြးေစ၏။ သားေကာင္မွ ေလ့လာကာ ပံုမွန္ေခ်ာက္မဟုတ္ေတာ့ဘူးဆုိသည္ကို သတိျပဳမိသြားလွ်င္ သူ႔မ်က္လံုးမ်ားျဖင့္ သားေကာင္ကို စတင္ၾကည့္ရႈေတာ့သည္။ သားေကာင္၏ ေသြးပ်က္လာမႈက သူ႔အတြက္ သားေကာင္၏ အရသာကို ပို၍ေကာင္းမြန္ေစ၏။
ထိုသားရဲသည္ သူ႔သားေကာင္မွ အလြန္ေသြးပ်က္သြားလာေတာ့မွ သူ႔သားေကာင္ကို ဝါးၿမိဳလုိက္ေလသည္။
မ်က္လံုးတစ္ေသာင္းေခ်ာက္နက္မေကာင္းဆိုးသည္ ေသြးပ်က္ျခင္းႏွင့္ေၾကာက္ရြံ႕ျခင္းကို စားသံုးရသည္ကို ႏွစ္ၿခိဳက္၏။
သူသည္ ေမရီႏွင့္ၾကံဳေတြ႔ခဲ့ရၿပီး ေမရီ႕၏ ေက်းကြ်န္တစ္ေယာက္ျဖစ္ခဲ့ရကာ ထိုေတာအုပ္တြင္ ေစာင့္ၾကပ္ရသည့္ အဆင့္နိမ့္အေစာင့္တစ္ဦးျဖစ္လာခဲ့သည္။
ၾကယ္ခုနစ္ပြင့္အဆင့္ရွိေသာ သားရဲျဖစ္ေသာ္လည္း အခ်ိဳ႕ေသာ မေကာင္းဆိုးဝါးမ်ားသည္ သိစိတ္ျဖစ္လာႏုိင္ျခင္းမရွိ။ ထို႔အတြက္ အဆုိပါ မ်က္လံုးတစ္ေသာင္းေခ်ာက္နက္ မေကာင္းဆိုးဝါးသည္ အဆင့္နိမ့္အေစာင့္မ်ားထဲတြင္မွ အင္အားအႀကီးဆံုး အေစာင့္သာ ျဖစ္ေနခဲ့ရသည္။
ထိုေခ်ာက္ကမ္းပါးကို လူတုိ႔သည္ အမည္အမ်ိဳးမ်ိဳးေပးၾကေသာ္လည္း ထိုေခ်ာက္ကမ္းပါးသည္ မေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္သည္ကိုေတာ့ မည္သူမွ်မသိၾက။ အဘယ္ေၾကာင့္ဆုိေသာ္ ထိုမေကာင္းဆုိးဝါး၏ ဝမ္းထဲတြင္ မေရတြက္ႏိုင္သည့္ သာမန္လူမ်ား၊ စုန္းလိုက္မုဆိုးမ်ားႏွင့္ စုန္းကေဝေပါင္းေျမာက္ျမားစြာသည္ အစာျဖစ္ခဲ့ၾကျခင္းေၾကာင့္ေပ။
>>>>>><<<<<
“ဒါက… ဘာေတြလဲ…”
အဲရစ္သည္ ခပ္ျဖည္းျဖည္းအရွိန္ျဖင့္ က်ေနျခင္းမွ မ်က္ေမွာင္ၾကဳတ္၏။ အရွိန္သည္ ေႏွးသြားလိုက္၊ျမန္လာလိုက္။ ထို႔အျပင္ သိပ္သည္းမႈသည္ ေလ်ာ့သြားလိုက္၊ေလးလံလာလုိက္ျဖင့္။ သူ႔စိတ္ထဲတြင္ တစ္ေယာက္ေယာက္က သူ႔ကို ေဆာ့ကစားေနသည္ဟု ခံစားလိုက္ရသည္။
သူ႔ကိုေတာက္ေလွ်ာက္ၾကည့္ေနသည့္ မ်က္လံုးမ်ားကို အဲရစ္ျပန္ၾကည့္၏။ မ်က္လံုးမ်ားသည္ သူ႔ကို ေတာက္ေလွ်ာက္ၾကည့္ေနၾကဆဲ။ အကယ္၍ မ်က္လံုးမ်ားသည္ ေခ်ာက္နံရံတြင္ခိုကပ္ေနသည့္ မေကာင္းဆိုးဝါးမ်ား၏ မ်က္လံုးမ်ားျဖစ္ခဲ့လွ်င္ ထိုသတၱဝါမ်ားက သူ႔ကို ယခုလိုၾကည့္ေနၾကမည္လား။ ၾကည့္ေနၾကမည္ဆုိလွ်င္ ေခ်ာက္နက္ထဲတြင္ သူတုိ႔ေၾကာက္ရမည့္ မေကာင္းဆိုးဝါးတစ္ေကာင္ရွိေနျခင္းေၾကာင့္ ျဖစ္လိမ့္မည္။
“မင္းကိုငါ အရိပ္အျမြက္ေလးေတာ့ေျပာျပလုိက္မယ္…”
သူ႔စိတ္အတြင္းမွ ေမရီ၏ အသံသည္ထြက္လာခဲ့သည္။
“ေမရီ…”
သူ႔ႏႈတ္ဖ်ားမွ ေမရီ႕အမည္ကိုေရရြတ္ခ်ိန္တြင္ ေခ်ာက္နံရံမ်ားရွိမ်က္လံုးမ်ားသည္ ေရြ႕လ်ားကုန္ၾကသည္။ ဒါက မေကာင္းဆိုးဝါးေတြမဟုတ္ဘူး! ဒါက ေခ်ာက္နံရံမွာ မ်က္လံုးေတြရွိေနတာပဲ!
အဲရစ္သည္ စိတ္ထဲတြင္ ေခ်ာက္ျခားစြာေတြးေလ၏။
“ဒါက မေကာင္းဆိုးဝါးတစ္ေကာင္ပဲ… ေမွာ္ဝင္သားရဲတစ္ေကာင္လုိ႔ေတာ့ အျပင္က ေခၚၾကတယ္… ဘာပဲျဖစ္ျဖစ္ပါ ေမွာ္ဝင္သားရဲေရာ မေကာင္းဆိုးဝါးေရာက အတူတူပါပဲ…”
ေမရီ၏အသံသည္ သူ႔စိတ္ထဲတြင္ ထပ္ထြက္လာျပန္သည္။ ေမရီက သူ႔ကို စိတ္ခ်င္းဆက္သြယ္ေနတာလား။
“အခုခ်ိန္မွာ မင္းဒါကို ေတြးေနရမယ္ထင္တာလား မီလီဆီကေန အရင္ဆံုးလြတ္ေအာင္ ႀကိဳးစားသင့္တယ္မဟုတ္ဘူးလား…”
“မီလီ…”
“အင္း… ဟုတ္တယ္ မီလီလို႔ေခၚတယ္ သူ႔နာမည္အျပည့္အစံုက ခပ္ရွည္ရွည္ပဲ… ငါ မမွတ္မိေတာ့လို႔ မီလီလုိ႔ပဲ ထားလုိက္ပါေတာ့…”
“ဒါခင္ဗ်ားရဲ႕ ေက်းကြ်န္ပဲလား…”
ခ်က္ဆုိနားခြက္မွမီးထေတာက္သည့္ အဲရစ္တစ္ေယာက္သည္ လွ်ာရွည္စြာေမးခြန္းျပန္ထုတ္ေလသည္။ ေမရီ႕ထံမွ ရယ္သံတုိးတုိးကို သူ ၾကားရ၏။
“ငါ ျပန္ေမးတာေတြကို မႀကိဳက္ဘူး… ဒီေတာ့ မင္းကို ေရဗင္ေျပာထားတဲ့အတုိင္း ေသခ်ာလုိက္လုပ္ၾကည့္ေပါ့… ေရဗင္ေျပာတာကလည္း ငါ တစ္ခါေျပာခဲ့ဖူးတာပါပဲ… မင္းရဲ႕အလွတပ္ေတာင္ပံေလးနဲ႔ ကံေကာင္းပါေစေပါ့…”
ေမရီ၏ အသံသည္ သူ႔စိတ္ထဲမွ ေပ်ာက္ကြယ္သြားခဲ့သည္။ အဲရစ္တစ္ေယာက္ဆဲခ်င္ေသာ္လည္း မည္သူ႔ကို ဆဲရမွန္း သူ မသိေခ်။
ထိုအတုိင္းဆက္သြားေနလွ်င္ေတာ့ သူ ေသဖြယ္သာရွိေတာ့သည္။ ထို႔အတြက္ အဲရစ္သည္ သူ႔စိတ္အာရံုတုိ႔ကို စတင္စုစည္း၏။ သူ႔ခႏၶာထဲတြင္ရွိသည့္ စြမ္းအားစု… ထိုစြမ္းအားစုက ဘာလဲ… ေမရီကေတာ့ သူ႔စြမ္းအားေတြကို သူ႔အေတာင္ေတြဆီကို ျဖန္႔ထုတ္ခုိင္းတယ္… အဲ့ဒီလုိ ျဖန္႔ႏိုင္တယ္ဆုိရင္ သူက်ံဳ႕ႏိုင္ဆန္႔ႏုိင္လိမ့္မယ္လို႔ ဆိုတယ္…
သူ မ်က္လံုးမ်ားကိုမိွတ္၏။ စြမ္းအားစု… သူ႔ရဲ႕စြမ္းအား… သူက နတ္ဆိုးျဖစ္တာေၾကာင့္ လူတုိ႔လုိ မိမိရဲ႕စြမ္းအားကို ရွာေဖြကာ ေသခ်ာပ်ိဳးေထာင္စရာမလုိ။ သူ႔မွာ အလံုးအရင္းႏွင့္ရွိၿပီးသားျဖစ္သည္။
သူ႔တည္ၿငိမ္မႈကို ခံစားရခ်ိန္တြင္ ေခ်ာက္ထဲသို႔ သူ က်သည့္အရွိန္သည္လည္း ျမန္လာေတာ့၏။
“ခ်ီး! ဒီ မေကာင္းဆိုးဝါးဟာ!”
မိွတ္ထားသည့္ မ်က္လံုးမ်ားကို ဖြင့္ကာ အဲရစ္ေရရြတ္သည္။
>>>>>><<<<<<
“သူတုိ႔ကို သခင္မ အျပစ္ေပးခ်င္လား…”
ေမရီသည္ စာဖတ္ခန္းထဲတြင္ စာအုပ္တစ္အုပ္ကို ရွာေနခဲ့၏။ ရဲတိုက္ထဲရွိ လိႈဏ္သံထြက္လာခ်ိန္တြင္ သူမ၏ ႏႈတ္ခမ္းမ်ားသည္ ေကာ့ညႊတ္သြားသည္။
“ေရဗင္တုိ႔ကိုလား…”
ရဲတုိက္ထဲရွိအသံသည္ ဆက္၍ထြက္မလာ ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ျပံဳးေယာင္ေယာင္ျဖစ္လာကာ…
“ထားလုိက္ပါ… သူတုိ႔လုပ္ခ်င္တာလုပ္ပါေစ…”
သူမသည္ ခပ္ေအးေအးဆုိသည္။
“သူတုိ႔က တိုက္ပြဲအတူဝင္ရမဲ့သူေတြျဖစ္တာေၾကာင့္ အခ်င္းခ်င္းတစ္ေယာက္ကိုတစ္ေယာက္ လက္ခံႏုိင္ဖို႔လုိတယ္… ဒီနတ္ဆိုးေကာင္ေလးကို သူတုိ႔ေတြက ခ်က္ခ်င္းလက္မခံႏုိင္ေလာက္ေသးဘူးေလ…”
“ဒါေပမဲ့ စစ္သူႀကီးအဲရစ္သာ မီလီ့အစာျဖစ္ခဲ့မယ္ဆိုရင္ သခင္မရဲ႕အၾကံအစည္ေတြက…”
“အဲရစ္ေနရာမွာ တျခားအရာေတြကို အစားထိုးလုိ႔ရတာပဲ…”
ေမရီသည္ စာအုပ္စင္မွ သူမ ရွာေနသည့္စာအုပ္ကို ဆြဲထုတ္ကာ ေအးေအးသက္သာျပန္ေျပာေလ၏။
“အဲရစ္က ငါ့အတြက္ အေရးမႀကီးပါဘူး…”
သူမသည္ စာရြက္မ်ားကို လွန္ေနရင္းမွ…
“အင္း… သူ႔တန္ဖိုးသူျပႏိုင္ရင္ေတာ့ တစ္မ်ိဳးေပါ့…”
ေမရီသည္ ခံစားခ်က္မဲ့သည့္ အသံမ်ိဳးျဖင့္ ထပ္ေျပာေလသည္။
>>>>><<<<<
“တကယ္လို႔ သူ ေသသြားရင္ ငါတို႔ကို ေမရီက အျပစ္ေပးမွာလား…”
“မင္းအခုမွေၾကာက္ေနတာလား…”
“သူ က်သြားတာ ေတာ္ေတာ္ၾကာေနၿပီေလ…”
ေရဗင္ႏွင့္ေဗဒါ အျပန္အလွန္ေျပာေနခ်ိန္တြင္ က်ဴးဒိုစ့္သည္ ေခ်ာက္ကမ္းပါးထဲသို႔ ၾကည့္ေနခဲ့၏။ အဲရစ္၏ အနံ႔ကို သူ ရေနေသးဆဲျဖစ္သည္။
“အဲရစ္က အခုထိေတာ့မေသေသးဘူး…”
“မီလီက သူ႔ကို ကစားေနတာလား… အဲ့ငနဲသားက သူ႔အစာေတြနဲ႔သိပ္ကစားတာပဲ…”
ေဗဒါ၏ ေမးခြန္းေၾကာင့္ အၿမီးကိုခပ္ျဖည္းျဖည္းယမ္းေနရင္း က်ဴးဒိုစ့္သည္ ေခ်ာက္ကမ္းပါးထဲကိုသာ အာရံုခံေနခဲ့သည္။ အဲရစ္၏ အသက္ရွဴႏႈန္းႏွင့္မီလီ၏ အနည္းငယ္ျမန္ေနသည့္ အသက္ရွဴႏႈန္းကို သူ ခံစားလာရ၏။
“အေနာက္ကိုဆုတ္!”
စူးရွသည့္ သူ႔မ်က္လံုးတြင္ အျပာေရာင္အလင္းတစ္ခုကို ျမင္လုိက္ခ်ိန္တြင္ က်ဴးဒုိစ့္သည္ ေဗဒါႏွင့္ေရဗင္ကိုပါ သတိေပးေအာ္ေျပာလာေလ၏။
ေျမငလ်င္သည္ သိမ့္ခနဲလႈပ္သြား၏။ ေခ်ာက္ကမ္းပါးနားရိွ ေျမႀကီးမ်ားသည္ စုက်ံဳ႕လာခဲ့သည္။ ထို႔ေနာက္ ေခ်ာက္ကမ္းပါးသည္ မရွိေတာ့ဘဲ ေျမျပင္သာ က်န္ေတာ့ေလ၏။
က်ဴးဒိုစ့္၊ေဗဒါႏွင့္ေရဗင္တုိ႔သည္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၾကေလသည္။ မီလီဘြတ္စ္ေအာ္ကုလာရြန္(မ်က္လံုးေပါင္းတစ္ေသာင္း) အမည္ရွိ ထိုမေကာင္းဆုိးဝါးသည္ အစာစားခ်ိန္တြင္ တစ္ႀကိမ္ေလးပင္ ထိုသို႔မျဖစ္ဘူး။ သူ႔ခံတြင္းသည္ အၿမဲတမ္းဖြင့္ထားျခင္းသာ ရွိသည္။ သို႔ေသာ္ ယခု သူသည္ ခံတြင္းကိုပိတ္လိုက္ေလၿပီ။
“အဲရစ္က ထြက္ေျပးဖုိ႔နည္းလမ္းေတြ႔သြားတာလား…”
ေရဗင္သည္ သစ္ကိုင္းထက္တြင္နားေနရင္းမွ က်ဴးဒိုစ့္ကို လွမ္းေမးေလ၏။
“အဲ့ဒီအဆင့္က ခက္ခဲတယ္… အေတာင္ေတြကို ထိန္းခ်ဳပ္ဖို႔က…”
က်ဴးဒုိစ့္သည္ ေခါင္းကိုယမ္းကာ ေျဖသည္။
“မွန္တယ္… သူ႔အေတာင္ေတြကိုအသံုးျပဳလို႔ရတယ္လုိ႔ေတာ့ ငါ မထင္ဘူး…”
ေဗဒါသည္လည္း က်ဴးဒိုစ့္၏ ထင္ျမင္ခ်က္ကိုေထာက္ခံရင္း ဆုိေလ၏။
“ျဖစ္ႏုိင္ေျခက တစ္ခုပဲက်န္ေတာ့တယ္…”
က်ဴးဒုိစ့္သည္ ေလးနက္သည့္မ်က္ႏွာျဖင့္ ေခ်ာက္ကမ္းရွိဖူးသည့္ အရပ္ကို ေမွ်ာ္ၾကည့္ကာ…
“ပိတ္ေလွာင္လုိက္တယ္ဆိုေတာ့ အဲရစ္က သူ႔ကို အႏၱရာယ္တစ္ခုခုကို ေပးႏုိင္တယ္လုိ႔ သူ ထင္လိုက္လုိ႔ပဲ…”
>>>>><<<<<
“နတ္ဆိုးေတြက ေမြးစကေလးဘဝတည္းက သူတုိ႔က ၾကယ္ငါးပြင့္အဆင့္ ေမွာ္ဝင္သားရဲေတြနဲ႔ညီမွ်တယ္…”
အေဆာက္အဦတစ္ခုတြင္ျဖစ္သည္။ ထိုအေဆာက္အဦသည္ ႀကီးမားက်ယ္ဝန္းသည့္ေနရာတြင္ရွိ၏။ ဧကမည္မွ်ဟု ေျပာရန္ခက္ခဲသည့္ ထိုေနရာသည္ စင္စစ္တြင္ တကၠသိုလ္တစ္ခုျဖစ္သည္။
တကၠသိုလ္…
မွန္သည္။ ထိုတကၠသိုလ္သည္ စုန္းလုိက္မုဆိုးမ်ားကို ေမြးထုတ္ေပးသည့္ ေက်ာင္းတစ္ခုျဖစ္၏။
“သူတို႔ေတြထဲမွာ မိုးႀကိဳးသတၱိကိုပိုင္ဆုိင္တဲ့သူေတြနဲ႔အျပာေရာင္မီးေတာက္ကို ပိုင္ဆုိင္တဲ့ သူေတြရွိတယ္…”
စာသင္ခန္းတြင္ သင္ခန္းစာကို ပို႔ခ်ေနခ့ဲ၏။
“မိုးႀကိဳးကိုေတာ့ ခရမ္းေရာင္နဲ႔အျပာေရာင္ဆုိၿပီး ႏွစ္ခုခြဲျခားတယ္… ခရမ္းေရာင္မိုးႀကိဳးအစြမ္းနဲ႔အျပာေရာင္မီးေတာက္ေတြက ေတာ္ဝင္နတ္ဆိုးမ်ိဳးႏြယ္ေတြသာ ရွိတဲ့သူေတြျဖစ္တယ္… သူတုိ႔က လူေတြရဲ႕ရန္သူေတြပဲ… စုန္းလိုက္မုဆိုးေတြေရာ၊ စုန္းေတြကေရာ သူတုိ႔ကို ထိန္းခ်ဳပ္ဖို႔ဆိုတာ ေရရွည္မွာမျဖစ္ႏုိင္ဘူး…”
“အျပာေရာင္မီးေတာက္နဲ႔မိုးႀကိဳးကို ပိုင္ဆုိင္ခဲ့ရင္ေရာ…”
ေက်ာင္းသားတစ္ေယာက္၏ ေမးခြန္းသည္ အတန္းထြက္ေပၚလာခဲ့သည္။
“သူက နတ္ဆိုးဘုရင္တစ္ပါးျဖစ္ႏုိင္တဲ့ သူပဲလို႔ ဆုိရမွာေပါ့…”
ႏို႔ႏွစ္ေရာင္ဆံပင္မ်ားကုိအေျပာင္သိမ္းထားသည့္ ေကာင္ကေလးသည္ သူ႔ေမးခြန္း၏ အေျဖကို ေျဖေပးလာသည့္ ဆရာျဖစ္သူ၏ စကားကို ေခါင္းညိတ္ေလ၏။
“လူးကပ္စ္ အတန္းဆင္းရင္ မင္းခဏလာခဲ့ဦး…”
အတန္းေရွ႕ရွိသင္ၾကားပို႔ခ်ေနသည့္ ဆရာသည္ ထိုေကာင္ေလး၏ ေမးခြန္းကို ေျဖၿပီးေနာက္ တစ္ဆက္တည္းေျပာေလသည္။ ႏို႔ႏွစ္ေရာင္ဆံပင္မ်ားသည္ ေရႊေရာင္ေဖ်ာ့ေဖ်ာ့သမ္းေနသည့္အလားပင္။ ထိုေကာင္ေလး၏ စိမ္းေဖ်ာ့ေဖ်ာ့မ်က္ဝန္းမ်ားသည္ တခဏေတာက္သြား၏။ တည္ၿငိမ္ေတာက္ပသည့္ အျပံဳးျဖင့္ ထိုေကာင္ေလးသည္ ရႊင္ျပစြာျပန္ေျဖခဲ့သည္။
“ဟုတ္ကဲ့…”
>>>>><<<<<
မေကာင္းဆုိးဝါးတစ္ေကာင္၏ နာက်င္စြာေအာ္ဟစ္သံႏွင့္အတူ ေျမေအာက္မွ အျပာေရာင္မီးေတာက္ႏွင့္မိုးႀကိဳးမ်ားေရာယွက္ေနသည့္ ရွည္လ်ားသည့္ မီးအလင္းတန္းတစ္ခုသည္ ေကာင္းကင္ရွိ တိမ္မ်ားသို႔ ထိုးေဖာက္တက္သြားေလ၏။
“ဒါက…”
ေရဗင္၊ ေဗဒါႏွင့္ က်ဴးဒိုစ့္သည္ တစ္ေယာက္ကုိတစ္ေယာက္ အံ့ၾသစြာၾကသည္။ ထို အႏၱရာယ္မ်ားသည့္ မီးတန္းရွည္ထြက္လာျခင္းက မီလီ၏ ခံတြင္းရွိရာေနရာမွ မဟုတ္ပါလား။
“ဒါ အဲရစ္ပဲ…”
က်ဴးဒုိစ့္သည္ တည္ၿငိမ္သည့္ အသံမ်ိဳးျဖင့္ေျပာေလ၏။
“ဒါေပါ့ သူ႔အျပင္ဘယ္သူျဖစ္ႏိုင္ေသးတာလဲ…”
ေရဗင္သည္ သူ႔အေတာင္မ်ားကို ျဖန္႔၍ေျပာေလ၏။
“မီလီက မီးေတာက္ေတြမွ မပိုင္တာ…”
“မိုးႀကိဳးနဲ႔မီးစြမ္းအင္ကုိပိုင္ဆုိင္တာက အဲရစ္ပဲျဖစ္ႏိုင္တာပဲကို…”
ေဗဒါသည္ ေလဆင္ႏွာေမာင္းတစ္ခုအလား ေကာင္းကင္သို႔ထြင္းေဖာက္ေနသည့္ မီးေတာက္တြင္မိုးႀကိဳးမ်ားယွက္ေနသည့္ စြမ္းအင္စုကိုၾကည့္သည္။
“ဒီေကာင္ေလးက တကယ္ကို နတ္ဆိုးဘုရင္တစ္ပါးရဲ႕သားပဲ…”
ေဗဒါသည္ ဆက္၍ေျပာေလသည္။
“သူက စစ္သူႀကီးတစ္ေယာက္ျဖစ္ဖုိ႔အတြက္ ထိုက္တန္တယ္…”
က်ဴးဒုိစ့္သည္ အလင္းတန္းရွိေနသည့္ ေနရာကိုသာ မမိွတ္မသုန္ၾကည့္ေနခဲ့သည္။ စစ္သူႀကီးတစ္ေယာက္ျဖစ္ဖို႔ ထိုက္တန္တယ္… ဟမ့္ ဒါေျပာဖို႔က အရမ္းေစာေသးတယ္မထင္ဘူးလား…
“သူက အခုမွ ငယ္ငယ္ေလးရွိေသးတာေလ… ဒီလုိႀကီးမားတဲ့စြမ္းအားရွိေနတာ ဒါေၾကာင့္ ထိုက္တန္တယ္လုိ႔ ဆုိလုိ႔ရတယ္မဟုတ္လား…”
က်ဴးဒိုစ့္၏ အေတြးမ်ားကို ရိပ္မိသည့္ဟန္ျဖင့္ ေဗဒါသည္ ရယ္ဟဟ ေျပာေလသည္။
“ပါးစပ္ေလးပဲပိတ္ထားစမ္းပါ…”
က်ဴးဒုိစ့္စကားေၾကာင့္ ေဗဒါသည္ ခပ္တိုးတုိးရယ္ေလ၏။ သူ အေရွ႕သို႔ ၾကည့္ေနခ်ိန္တြင္ ျပင္ညီျဖစ္ေနသည့္ ေျမျပင္သည္ တျဖည္းျဖည္းအက္ကြဲလာ၏။ ေခ်ာက္နက္တစ္ခုျပန္ျဖစ္လာၿပီးေနာက္ ထိုေခ်ာက္ထဲမွ အရာဝတၳဳတစ္ခုသည္ အရွိန္ျဖင့္ ေျမေပၚသုိ႔ေပါက္ထြက္လာခဲ့သည္။ ထိုအရာေျမာက္တက္လာသည့္ဟန္က အရွိန္ျပင္းျပင္းမီးေတာက္ေပါက္ကြဲထြက္လာသည့္ အလားပင္။
ထိုအရာေလးသည္သူတုိ႔ႏွင့္မလွမ္းမကမ္းေျမျပင္သို႔ က်လာေလ၏။
“ခင္ဗ်ားေသၿပီ ေရဗင္!”
က်လာသည့္အရာေလးသည္ သူ႔ကိုယ္ေပၚမွ အက်ိအခြ်ဲမ်ားကိုသုတ္ကာ ေျမျပင္ေပၚမွ ကုန္းရုန္းထ၍ ေအာ္ဟစ္ေလ၏။
----------