Unicode
မှတ်ပုံတင်ခြင်း။
စုန်းကဝေတို့သည် စုန်းအဖွဲ့အစည်းတွင် မှတ်ပုံတင်ထားရသည်။
သို့မှသာလျှင် ထိုစုန်းကဝေတို့သည် လူတို့နေထိုင်သည့် ကျေးရွာ၊မြို့များတွင် နေထိုင်ခွင့်ရှိပြီး စုန်းလိုက်မုဆိုးတို့သည်လည်း ထိုစုန်းကဝေများကို သတ်ဖြတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးထား၏။
မှတ်ပုံတင်ခြင်းသည် အစီအရင်တစ်ခုဖြစ်ပြီး
စုန်းကဝေတို့သည် မိမိ၏ ဝိညာဉ်ချည်မျှင်သုံးပင်ကို စုန်းကဝေအစည်းအရုံးကို ပေးအပ်ထားရခြင်းဖြစ်သည်။
အပိုင်း - ၁၁ : သင်ခန်းစာစတင်ခြင်း။
‘စွဲလမ်းမှုတို့ကို မစွန့်လွှတ်နိုင်သည့်သူတို့သည် အတိတ်တွင်သာရှင်သန်နေထိုင်ကြသည်။’
“သခင်မ…”
သူမ အခန်းထဲမှ မထွက်သေးသည့် အဲရစ်ကို မေရီသည် ခုတင်ပေါ်မှလှမ်းကြည့်လေ၏။ ခုတင်ခေါင်းရင်းဘေးတွင် ရပ်နေသည့် အဲရစ်သည် မေရီ့မျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရချိန်တွင် ရုတ်တရက်စကားမဆက်နိုင်ခဲ့။
“ဘာပြောချင်နေတာလဲ…”
“ကျွန်တော်မေးရင် သခင်မ စိတ်တိုမှာလား…”
အဲရစ်၏စကားကြောင့် မေရီသည် လှဲနေရာမှ ထထိုင်၏။ သူမ၏ လက်ညှိုးကိုကွေးလိုက်ချိန်တွင်အဲရစ်တစ်ယောက် လေပေါ်သို့မြောက်တက်လာသည်။ ထို့နောက် ခုတင်ပေါ်မေရီနှင့်မျက်နှာချင်းဆိုင် ဖုတ်ခနဲသူ ပြန်ကျလာ၏။
အဲရစ် : ………
ကျုံ့ကျုံ့လေးသူမရှေ့တွင် ထိုင်နေသည့် အဲရစ်ကို မေရီကြည့်သည်။ ညအိပ်မီးရောင်သာရှိသည့် အခန်းအလင်းရောင်တွင် အဲရစ်၏ ထိုင်နေပုံက သူမကပဲ ထိုကောင်လေးကို အနိုင်ကျင့်တော့မည့် သူလိုလိုဖြစ်စေ၏။
“ငါက မင်းကို တစ်ခုခုလုပ်မှာမို့လား…”
“ဒါပေမဲ့ သခင်မ စိတ်က မှန်းလို့မရဘူးလေ…”
အဲရစ်သည် မေရီ့ကို ခပ်တိုးတိုးပြန်ပြောသည်။ တုံ့ပြန်ပြောလိုက်ပြီးနောက် မျက်လွှာအသာပင့်ကာ သူ အကဲခတ်ရသေး၏။ မေရီက ပြန်ပြောတာတွေကိုလည်း မကြိုက်တတ်ဘူးမဟုတ်လား။
“မင်း စုန်းကဝေတစ်ယောက်ဖြစ်ချင်နေတာမဟုတ်လား…”
သူ ခေါင်းကိုသည်ညိတ်၏။
“အခု ဖြစ်ခွင့်ရနေပြီပဲကို…”
“ကျွန်တော်က မေရီ့တပည့်ဖြစ်ချင်တာ…”
အဲရစ်သည် မေရီ့မျက်နှာကို စေ့စေ့ကြည့်ကာဖြေ၏။
“မင်းကို ဗေဒါနည်းလမ်းပေးတယ်မဟုတ်ဘူးလား…”
မေရီသည် အရယ်အပြုံးမရှိသော်လည်း ဒေါသမထွက်နေခဲ့။ အဲရစ်၏ မျက်လုံးများသည် ဝိုင်းစက်သွားရ၏။ အဲ့ဒီမြွေသတ္တဝါပြောတာက မှန်တယ်ပေါ့! သူက အဲ့ဒီမြွေသတ္တဝါကို လူလိမ်လူညာလို့ ထင်နေခဲ့တာ!!
“ဗေဒါသာ မင်းတွေးနေတာသိရင် မင်းကို အသေလုပ်လိမ့်မယ်…”
မေရီသည် ရယ်သံစွက်၍ဖြေ၏။
“ကျွန်တော်က ကျူးဒိုစ့်ကိုမှ မနိုင်နိုင်တာ…”
“ဒါပေါ့… မင်း ကျူးဒိုစ့်ကို မနိုင်နိုင်ဘူး…”
မေရီသည် အချိန်တစ်ခုကိုတွေးရင်းဖြင့် ဖြေလေ၏။
“မင်းရဲ့ သိစိတ်ရှိနေသရွေ့ မင်းသူ့ကို နိုင်မှာ မဟုတ်ဘူး…”
“သိစိတ်?”
“ဘာလို့ မင်းရဲ့နတ်ဆိုးသွေးကို ကောင်းကောင်းအသုံးချတတ်အောင် အရင်မလေ့ကျင့်တာလဲ…”
“ကျွန်တော်က…”
အဲရစ်သည် မေရီ့ကိုကြည့်၏။ မေရီ့ကိုကြည့်ရသည်မှာ စိတ်ရှည်နေဟန်ရှိသည်မို့ သူ့စိတ်ကိုသူ ရဲဆေးတင်ပြီး သူ ဆက်ပြောသည်။
“ကျွန်တော်က လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်း သတ္တဝါတစ်ကောင်…”
မေရီသည် သူ့ကို စိုက်ကြည့်နေရုံအပြင် မည်သို့မျှမတုံ့ပြန်။ ပြောလည်းမဆို မပြောနှင့်ဟုလည်း မတားမြစ်သည့်ထိုအနေအထားက အဲရစ်ကို ပို၍ရဲတင်းစေသည်။
“ကျွန်တော်က နတ်ဆိုးအနေနဲ့ ဘာကောင်မှ မဟုတ်ဘူး ဒါပေမဲ့ စုန်းတွေက နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတယ်…”
သူ့မျက်လုံးများသည် တောက်ပနေခဲ့သည်။
“ကျွန်တော် အင်အားကြီးချင်တယ်… ကျွန်တော်က အခု အရမ်းကိုအားနည်းနေတာကြောင့် ကျွန်တော့်ကို စော်ကားမောက်မာနေတာတွေကိုတောင်မှ ကာကွယ်နိုင်ခြင်းမရှိဘူး…”
“မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် မင်းက အင်အားကြီးချင်တယ်ပေါ့…”
အဲရစ်သည် မေရီ့ကိုကြည့်သည်။
“ကျွန်တော့်ရဲ့တည်ရှိမှုကို အသိအမှတ်ပြုစေဖို့အတွက် ကျွန်တော်အင်အားကြီးချင်တာ… ကျွန်တော့်ကို အပြစ်ပြုခဲ့တဲ့သူတွေက အကြိမ်ပေါင်းထောင်သောင်းမက ပြန်ပေးဆပ်ရမယ်…”
“သြော်…”
အဲရစ်သည် မေရီ့ကို ကြည့်၏။
“ကျွန်တော် အင်အားကြီးချင်တယ်… ဒါပေမဲ့ ကျွန်တော့်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုမရှိဘူး… ဒါကြောင့် ကျွန်တော် သူတို့ကိုမုန်းလိုက်တယ်… ကျွန်တော့်အဖိုး၊ ကျွန်တော့်ကို အပြစ်ပြုတဲ့သူတွေ…”
“အမုန်းတွေက သန်မာတဲ့ စိတ်ဓာတ်ခွန်အားတစ်ခုပါပဲ… နည်းနည်းလေးတော့ ကိုယ့်ကို လှိုက်စားတယ်ဆိုပေမဲ့ပေါ့…”
မေရီသည် အသက်ခုနစ်နှစ်အရွယ်ကောင်ကလေးကို ခပ်အေးအေးသာ ပြန်တုံ့ပြန်ခဲ့သည်။
“နတ်ဆိုးတစ်ပိုင်းဖြစ်နေတာက မင်းရဲ့အားသာချက်ပဲ…”
သူ့ကို တပည့်အဖြစ်လက်ခံမည်ဟု မဆိုသေးသည့် မေရီကြောင့် စိတ်ဓာတ်ကျချင်ချင်ဖြစ်နေသည့် အဲရစ်တစ်ယောက် ခေါင်းထောင်လာခဲ့သည်။
“မင်းမြင်တဲ့အတိုင်းပဲ လူတွေရဲ့ စိတ်စွမ်းအင်က မောပန်းနိုင်တယ်… အချိန်အကြာကြီး ငါတို့က မသုံးနိုင်ဘူး… ငါတို့ရဲ့ခန္ဓာကိုယ်တွေက မန္တန်တွေအများကြီးကို အသက်မသွင်းနိုင်ဘူး… ဒါက လူတွေရဲ့အားနည်းချက်ပဲ… ငါလည်း သတ်မှတ်ထားတဲ့ မန္တန်အရေအတွက်ကိုပဲ အသုံးပြုနိုင်တယ်… ငါ့ခန္ဓာကလိုက်နိုင်မဲ့ အရေအတွက်ပေါ့…”
သူမ စကားကို သေချာနားထောင်နေသည့် အဲရစ်ကို မေရီကြည့်၍…
“နတ်ဆိုးတွေကကျ လူတွေနဲ့မတူဘူး… သူတို့ရဲ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုဆိုတာမရှိဘူး… ဆိုလိုတာက သူတို့မှာ မောပန်းတာ၊ အိပ်စက်တာ၊ ဆာလောင်တာ… သူတို့မှာ မရှိကြဘူး… သူတို့ရဲ့ ခန္ဓာကိုယ်ကို မောင်းနှင်နေတာက တစ်ခုပဲ ရှိတယ်… ဖျက်ဆီးလိုခြင်းတစ်ခုကပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို မောင်းနှင်ထားခဲ့တာ…”
သူမသည် စကားကိုရပ်ကာ အဲရစ်ကို ကြည့်သည်။
“မင်း စုန်းကဝေအတတ်ကို လေ့လာချင်တယ်ဆိုရင် အရင်ဆုံး မင်းရဲ့အကန့်အသတ်မရှိတဲ့ စွမ်းအားကို အရင်ထိန်းချုပ်တတ်ဖို့ လိုတယ်…”
အဲရစ်၏ မျက်လုံးများသည် အရောင်တောက်သွား၏။
“တကယ်! ကျွန်တော်သာ ထိန်းချုပ်နိုင်သွားရင် မေရီ ကျွန်တော့်ကို တပည့်အဖြစ်လက်ခံမှာလား!”
မေရီသည် ချက်ချင်းပျော်မြူးသွားသည့်ေ ကာင်ကလေးကိုကြည့်ကာ…
“ကျူးဒိုစ့်ကို မင်းနိုင်ပြီးမှ ငါတို့ ဆက်ပြောကြတာပေါ့…”
“အာ အဲ့ဒါက!”
စောဒကတက်ချင်နေသေးသည့် ကောင်ကလေးကို မေရီကြည့်သည်။ အဲရစ်သည် ဆက်မပြောတော့ဘဲ ခေါင်းကိုသာ ငုံ့လိုက်လေတော့၏။ ဒါက မဖြစ်နိုင်ဘူး! သူ့စွမ်းအားတွေအကုန်လုံးကို ထိန်းချုပ်နိုင်ရင်တောင်မှ ကျူးဒိုစ့်ကို သူ ဘယ်လိုလုပ်ပြီးတော့ နိုင်မှာလဲ! ကျူးဒိုစ့်က ဘယ်သူလဲ! မေရီ့ရဲ့အောင်မြင်မှုလေ… စစ်ပွဲတိုင်းမှာ ကျူးဒိုစ့်ပါရင် အနိုင်ရတယ်လေ။ ထိုမျှထိ စွမ်းနေတဲ့ စစ်သူကြီးကို သူက ဘယ်လိုလုပ်ပြီးနိုင်မှာလဲ! သူက ငချွတ်လေးပဲဟာကို!
အဲရစ်၏ အတောင်သေးသေးလေးများသည် ဝပ်ကျနေခဲ့၏။
“မင်းလုပ်နိုင်ပြီးမှ ငါတို့ဆက်ပြောကြတာပေါ့…”
သူမသည် အဲရစ်ကို စကားတစ်ခွန်းဖြင့်သာ ချွေးသိပ်နိုင်ခဲ့သည်။
အခန်းအပြင်သို့ ပျော်မြူးစွာထွက်သွားသည့် အဲရစ်မရှိတော့ချိန်တွင် မှောင်နေသည့် အခန်းထောင့်မှ အသံတစ်သံသည် ထွက်လာခဲ့၏။
“သခင်မ အနေနဲ့ ဘာတွေတွေးထားတာရှိနေလို့ပါလဲ…”
“ရေဗင်…”
ကျီးမဲတစ်ကောင်သည် မေရီ့ခုတင်ခြေရင်းတန်းတွင် လာနားလေ၏။ မေရီသည် ခေါင်းရင်းတွင် ခပ်လျှောလျှောမှီထိုင်ရင်း…
“သူတို့က စင်းကို လိုချင်နေတာ…”
အေးတိအေးစက်ဖြင့် သူမ ပြောသည်။
“စင်းကိုခေါ်ပြီး ဓားစာခံအဖြစ်ထားချင်တာ… အဲ့ဒီအနံ့ခံကောင်းတဲ့ ခွေးလေးတွေက ငါ့ရဲ့စွဲလမ်းမှုကြီးကို သိနေတယ်လေ…”
အနည်းငယ်ခက်ထန်သည့် အသံဖြင့် မေရီသည်ပြောလေ၏။ ထို့နောက် သူမသည် သူမကိုယ်သူမ လှောင်ရယ်သည့် အသံမျိုးဖြင့်…
“ရယ်တော့ရယ်ရသား…”
ကျီးမဲ၏ မျက်လုံးများသည် မေရီ့ထံတွင် စူးနစ်စွာ…
“ငါ… မေရီက လူတစ်ယောက်ကို ပြန်ပြီးမခေါ်နိုင်ခဲ့ဘူး ငါ့ရဲ့အသက်ပြန်သွင်းသူ ပညာရပ်တွေအကုန်လုံးကို စွန့်ပစ်လိုက်ရတယ်…”
ထိုစကားကိုပြောချိန်တွင် သူမ၏ အသံတွင် စိတ်တိုဒေါသနှင့်ယူကြုံးမရဖြစ်မှုများ ပါဝင်ခဲ့၏။ မေရီ၏ ကျောထက်တွင်ရှိနေသည့် သွေးကြောများကဲ့သို့ ရှိနေသည့် အမာရွတ်ကဲ့သို့ အရာသည်လည်း အနီရောင်တောက်လာခဲ့သည်။ နာကျင်မှုဝေဒနာကို ခံစားမိပြီး မေရီသည် အောက်နှုတ်ခမ်းကို ဖိကိုက်သည်။
“သခင်မ ဒီအကြောင်းတွေ မတွေးပါနဲ့… သခင်မဒဏ်ရာက ပျောက်ကင်းသေးတာမဟုတ်ဘူး…”
“ဘယ်လိုဒဏ်ရာမျိုးရရ ငါက မသေနိုင်ဘူး…”
သူမသည် ပြတင်းမှတစ်ဆင့်အပြင်ကိုငေးကြည့်၏။ ညအချိန်တွင် ကောင်းကင်သည် ကြယ်ရောင်များဖြင့် တောက်ပနေခဲ့သည်။
“ငါက ဝေဒနာကိုပဲ ခံစားရတဲ့သူတစ်ယောက်ဖြစ်တယ်…”
သူမသည် တီးတိုးဆိုသည်။ ထို့နောက် ဆက်၍…
“မသေမျိုးတစ်ယောက်ဖြစ်ဖို့အတွက် ငါ ပေးဆပ်ခဲ့ရတာတွေပေါ့…”
>>>>><<<<<
“ငါတို့ မကောင်းဆိုးဝါးတွေမှာ ကိုယ်ပိုင်အစွမ်းရှိကြတယ်… လူ့လောကမှာ ဓာတ်သဘာဝတွေနဲ့ပဲ ချုပ်ကိုင်ထားတာဆိုတော့ အကုန်လုံးက တူညီတဲ့ ဓာတ်သဘာဝတွေရှိကြတယ်… မင်းရဲ့ဓာတ်သဘာဝက ဘယ်အစုဝင်ထဲမှာ ပါဝင်လဲဆိုတာကိုပဲ မင်းက သေချာသိအောင် လေ့လာသင့်တယ်…”
အဲရစ်၏ သင်တန်းနေရာသည် အယ်လမ်သစ်ပင်အောက်ဟု ဆိုရလိမ့်မည်။ ဗေဒါသည် မြွေတစ်ကောင်အသွင်ဖြင့် သစ်ပင်၏ ခြေရင်းတွင်ခွေနေခဲ့၏။ အယ်လမ်သစ်ပင်၏ သစ်ကိုင်းတစ်ခုပေါ်တွင် နားနေခဲ့ကာ ကျူးဒိုစ့်မှ အဲရစ်ကို သင်ကြားပေးနေသည်ကို ကြည့်နေခဲ့ကြသည်။
“ကျွန်တော့်ရဲ့ စွမ်းအင်ကို ခင်ဗျားမသိဘူးလား…”
မည်းလုံးသည် ကုတ်ပစ်ချင်သည့် မျက်နှာမျိုးဖြင့် အဲရစ်ကိုလှမ်းကြည့်လေ၏။ သူက ဘာကိစ္စနဲ့အဲ့ဒီကောင်စုတ်လေးရဲ့ အစွမ်းကို သိရမှာလဲ။ စိတ်ကုန်စရာကောင်းလိုက်တာ။
“မင်းဘာသာမင်း ရှာဖွေလို့ရတာပဲ…”
“စမ်းသပ်လို့ရတဲ့ နည်းလမ်းတစ်ခုခုရှိရမှာပေါ့… လူသားစုန်းကဝေတွေဆိုရင် စမ်းသပ်မှော်ဝင်ကျောက်ရှိတယ်လေ…”
“အဲရစ်…”
ကျူးဒိုစ့်သည် အဲရစ်ကိုကြည့်သည်။ အဲရစ်သည် ပေကပ်ကပ်မျက်နှာလေးဖြင့် ကျူးဒိုစ့်ကို ပြန်ကြည့်နေခဲ့၏။
“မေရီ့ရှေ့ကျရင်တော့ မင်းက သိုးငယ်လေးပဲ အခုကျ အကုန်သိနေတာပေါ့လေ…”
“သခင်မက ပြန်ပြောတာနဲ့အရမ်းသိတတ်နေတာတွေကို သဘောမကျဘူးလေ…”
အဲရစ်သည် အတောင်သေးသေးလေးများကို တဖြတ်ဖြတ်ခတ်ရင်းပြောသည်။ အဲရစ်၏ စိတ်လှုပ်ရှားနေသည့် အမူအရာကြောင့် ကျူးဒိုစ့်သည် လက်သည်းကို ထုတ်လိုက်မိ၏။
“သခင်မက အရမ်းသိနေတာတွေကိုမုန်းတယ်… နောက်ပြီး သူ့ကို ပြန်ပြောတာလည်းမကြိုက်ဘူး သူက ခန့်မှန်းရလည်း မလွယ်ဘူး အဲ့ဒီတော့ သူ့ရှေ့မှာ သိုးလေးလို နေတာပဲကောင်းတယ်…”
အတောင်တဖြတ်ဖြတ်ခတ်နေသည့် ကောင်စုတ်လေးကို ကျူးဒိုစ့်သည် ကုတ်သာကုတ်ချင်နေတော့သည်။ ဒီကောင်စုတ်လေးက လည်လိုက်တာမှ တအားပါပဲ။
“သခင်မက ဘာလို့ သိတတ်နားလည်တဲ့ ကျေးကျွန်တွေကို မုန်းနေတာလဲ… ခင်ဗျားတို့တွေဆိုလည်း အရမ်းပါးနပ်တာပဲကို…”
ကျူးဒိုစ့်သည် အဲရစ်ကို ဘာပြောလျှင်ကောင်းမလဲဆိုသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ အဲရစ်ခေါင်းလေးငုံ့ကာ ကိုယ့်မေးကိုယ်ပွတ်ကာ သူ့မေးခွန်းကို သူ အဖြေထုတ်နေခဲ့သည်။ ထိုအချိန်တွင် ကျီးမဲ၏ အရွယ်အစားသည် တဖြည်းဖြည်းကြီးမားလာလေ၏။ ဗေဒါသည် အပေါ်ကို မော့ကြည့်ကာ တရှူးရှူးလုပ်တော့လေသည်။ ထိုအခါကျမှ အဲရစ်ကို ကြည့်နေသည့် ကျူးဒိုစ့်သည်လည်း ဗေဒါအသံထွက်လာသည်ကို လှမ်းကြည့်လေ၏။
သေ… သေကုန်တော့မှာပဲ…
ကျူးဒိုစ့်သည် စိတ်ထဲတွင် ထိုသို့သာ တွေးနိုင်ခဲ့သည်။
“ဘာဖြစ်လို့…”
အဲရစ်သည် တစ်ဖက်သို့အကြည့်တွင် သူ့ကိုယ်သည် လေထဲတွင်မြောက်တက်သွားတော့သည်။ အဲရစ်၏ မျက်လုံးများသည် ဝိုင်းစက်သွားလေ၏။ သူ့ကိုခြေသည်းများသည် ခိုင်ခံ့စွာကုတ်ချီထားခဲ့သည်။
အဲရစ်ကိုထိုးသုတ်ပြီးသည်နှင့် ပျံထွက်သွားသည့် ရေဗင်ကြောင့် ကျူးဒိုစ့်နှင့်ဗေဒါသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့၏။
“လိုက်! လိုက်! သူ့နောက်က လိုက်!”
ဗေဒါသည် ကျူးဒိုစ့်ပေါ်သို့ခုန်တက်လိုက်ရင်း အော်လေ၏။ မြွေကောင်စုတ်ကို ခါချချင်သော်လည်း အချိန်မရှိသည်မို့ ကျူးဒိုစ့်သည် မိမိ၏အရွယ်အစားကို ကြီးကာ လွှားခနဲခုန်၍ရေဗင်နောက်သို့ လိုက်သွားခဲ့တော့သည်။ ရေဗင်ဟာ ဘယ်လိုဖြစ်လို့ စိတ်ဆတ်နေရတာလဲ!
ထိုအချိန်ကျီးငှက်တစ်ကောင်နှင့်နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်း ကောင်ငယ်လေးမှာတော့…
ရေဗင်က သူ့ကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ…
အဲရစ်သည် တွေး၏။
“မေရီ့အကြောင်းကို စဉ်းစားနေမဲ့အစား မင်းကိုယ်မင်း အရင်ဆုံး လေ့လာသင့်တယ်မထင်ဘူးလား…”
ကျီးငှက်ထံမှ အသံထွက်လာခဲ့၏။
“ခင်ဗျားကျွန်တော့်ကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ…”
ထိတ်လန်နေ့သော်လည်း မျက်နှာကိုထိန်းချုပ်ကာ အဲရစ်မေးသည်။
“စဉ်းစားကြည့်လေ…”
ရဲတိုက်မှအနောက်အရပ်သို့ တဟုန်ထိုးပျံသန်းသွားရင်းဖြင့် ရေဗင်သည် ပြောလေ၏။
“အနောက်အရပ်မှာ သေမင်းကမ်းပါးရှိတယ်…”
ရေဗင်သည် ခပ်အေးအေးပြော၏။ အဲရစ်၏ မျက်နှာတစ်ခုလုံးသည် ဖြူဆုတ်သွားခဲ့သည်။
“မင်းမှာအတောင်တွေရှိတယ်မဟုတ်လား ငါတို့သင်ခန်းစာကို ဒီက စကြတာပေါ့…”
“ရေဗင်! ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့ကြိုးစားနေတာပဲ!”
သူ့ကို ကုတ်ချီထားသည့်ခြေသည်းများသည် သူ့ကိုယ်ကို ပို၍စူးနစ်သွားခဲ့သည်။ သူ့ခန္ဓာမှသွေးစိမ့်ထွက်လာသည်ဟု အဲရစ်ခံစားလိုက်ရ၏။
“ရေဗင်!”
“သင်ကြားရင်းနဲ့ မတော်တဆမှုတွေဆိုတာ ဖြစ်နိုင်တာပဲလေ…”
ရေဗင်သည် ခပ်လှောင်လှောင်အသံမျိုးဖြင့် ပြောသည်။
“မင်းရဲ့စွမ်းအားတွေကို အတောင်မှာစုစည်းပြီး အကြီးအသေးပြောင်းနိုင်ရင် အခုအလှတပ်အတောင်လေးတွေက မင်းကို ကောင်းကောင်းသယ်ပိုးနိုင်လာလိမ့်မယ်…”
ချောက်အလည်တည့်တည့်တွင် ရေဗင်သည် ပျံသန်းခြင်းကို ရပ်၏။ ထို့နောက် လက်သည်းများကို သူ ဖြည်ချသည်။
“သင်ခန်းစာစကြတာပေါ့… ကံကောင်းပါစေအဲရစ်…”
“ရေဗင်! ကျွန်တော်မသေရင် ခင်ဗျားကိုရအောင် ပြန်သတ်မှာ!”
လွှတ်ချခံရသည့် အဲရစ်သည် အော်ဟစ်လေ၏။ ရေဗင်သည် ပြုတ်ကျသွားသည့် ကောင်လေးကို အေးစက်စွာကြည့်ကာ…
“ငါ စောင့်နေပါ့မယ်…”
ကျူးဒိုစ့်နှင့်ဗေဒါရောက်လာချိန်တွင် ရေဗင်သည် ချောက်ကမ်းနားရှိသစ်ပင်တစ်ပင်တွင် ငြိမ်ငြိမ်လေးနားနေခဲ့၏။
“ရေဗင် မင်း…”
“တစ်ခွန်းမခံ ပြန်ပြောနေမဲ့ကောင်စုတ်လေးကို မင်းအစား ငါ ကောင်းကောင်းသင်ပေးလိုက်တာ ကျေးဇူးတင်ဖို့မလိုပဲ…”
သူ့ကို ပိတ်ပြောလာသည့် ရေဗင်ကို ကျူးဒိုစ့်သည် ဒေါသဖြစ်စွာကြည့်သည်။
“ဟေ့ဟေ့ ရန်မဖြစ်ကြနဲ့…”
ဗေဒါသည် နှစ်ဦးအလည်တွင်ဝင်ကာ ဖြန်ဖြေရ၏။
“ငါတို့အတူတူ ဒီကောင်လေးကို စောင့်ကြတာပေါ့…”
“ဟမ့် သူ မတက်လာနိုင်လည်း ငါတို့ပြန်ကြတာပေါ့…”
“ရေဗင် မင်းဒေါသဖြစ်နေတာသိတယ်… ဒါပေမဲ့ သူက မေရီ့အတွက် မျှော်လင့်ချက်လေးတစ်ခုလေ…”
ရေဗင်သည် ကျူးဒိုစ့်ကို ဒေါသဖြစ်စွာကြည့်သည်။
“မင်း ဘာလို့မတားခဲ့လဲ! မေရီ မန္တန်တန်ပြန်ဒဏ်မထိအောင် မင်းဘာလို့မကာကွယ်ခဲ့လဲ!”
ကျူးဒိုစ့်သည် ခေါင်းကိုသာ ငုံ့၍နေ၏။
“စင်းတောင် မလုပ်နိုင်တာကို ဒီကောင်စုတ်လေးက ဘာတတ်နိုင်မှာလဲ!”
ရေဗင်သည် ဒေါသဖြစ်စွာအော်ဟစ်သည်။
“မေရီက… မေရီက အဲ့ဒီလူကို စွန့်လွှတ်လိုက်သင့်နေပြီ!!!”
ကျူးဒိုစ့်၊ ရေဗင်နှင့် ဗေဒါသုံးဦးလုံးသည် ငြိမ်သက်သွားကြ၏။
>>>>>><<<<<
“ဟေး ငါ လာပြန်ပြီ…”
မေရီသည် ပန်းခြံငယ်လေးတစ်ခုထဲသို့ ဝင်လာလေသည်။ ထိုပန်းခြံငယ်လေးတွင် မှန်ခေါင်းတလားတစ်ခုနှင့် ကုလားထိုင်လေးတစ်လုံးမှအပ အခြားပစ္စည်းဟူ၍မရှိပေ။
“စုန်းအဖွဲ့အစည်းက ငါ့ကို ချုပ်ကိုင်ဖို့ကြိုးစားကြတယ်… သူတို့က စင်းကို လိုချင်တယ်လေ… စင်းက နတ်ဆေးသမားတော်ဆိုတော့…”
မေရီသည် ထိုင်ခုံလေးတွေ ဝင်ထိုင်ရင်းစကားဆို၏။
“ငါ စင်းကို ပေးမှာမဟုတ်ပါဘူး…”
မေရီသည် မှန်ခေါင်းတလားထဲကို ကြည့်ကာ…
“ငါ အဲ့ဒီအစား ကောင်စုတ်လေးတစ်ယောက်ကို မျှော်လင့်ချက်ပေးလိုက်တယ်… သူများ ရှင့်ကို ပြန်ပြီးရှင်သန်စေနိုင်လောက်လားဆိုပြီးလေ…”
သူမသည် မှန်ဖုံးပေါ်တွင်လက်အသာတင်ရင်း ရေရွတ်လေ၏။
----------
Zawgyi
မွတ္ပံုတင္ျခင္း။
စုန္းကေဝတုိ႔သည္ စုန္းအဖြဲ႔အစည္းတြင္ မွတ္ပံုတင္ထားရသည္။
သို႔မွသာလွ်င္ ထိုစုန္းကေဝတုိ႔သည္ လူတို႔ေနထုိင္သည့္ ေက်းရြာ၊ၿမိဳ႕မ်ားတြင္ ေနထုိင္ခြင့္ရွိၿပီး စုန္းလိုက္မုဆိုးတို႔သည္လည္း ထိုစုန္းကေဝမ်ားကို သတ္ျဖတ္ျခင္းမွ ကင္းလြတ္ခြင့္ေပးထား၏။
မွတ္ပံုတင္ျခင္းသည္ အစီအရင္တစ္ခုျဖစ္ၿပီး
စုန္းကေဝတုိ႔သည္ မိမိ၏ ဝိညာဥ္ခ်ည္မွ်င္သံုးပင္ကို စုန္းကေဝအစည္းအရံုးကို ေပးအပ္ထားရျခင္းျဖစ္သည္။
အပိုင္း - ၁၁ : သင္ခန္းစာစတင္ျခင္း။
‘စြဲလမ္းမႈတို႔ကို မစြန္႔လႊတ္ႏိုင္သည့္သူတုိ႔သည္ အတိတ္တြင္သာရွင္သန္ေနထိုင္ၾကသည္။’
“သခင္မ…”
သူမ အခန္းထဲမွ မထြက္ေသးသည့္ အဲရစ္ကို ေမရီသည္ ခုတင္ေပၚမွလွမ္းၾကည့္ေလ၏။ ခုတင္ေခါင္းရင္းေဘးတြင္ ရပ္ေနသည့္ အဲရစ္သည္ ေမရီ႕မ်က္လံုးမ်ားျဖင့္ ရင္ဆိုင္လိုက္ရခ်ိန္တြင္ ရုတ္တရက္စကားမဆက္ႏိုင္ခဲ့။
“ဘာေျပာခ်င္ေနတာလဲ…”
“ကြ်န္ေတာ္ေမးရင္ သခင္မ စိတ္တိုမွာလား…”
အဲရစ္၏စကားေၾကာင့္ ေမရီသည္ လွဲေနရာမွ ထထိုင္၏။ သူမ၏ လက္ညိွဳးကိုေကြးလိုက္ခ်ိန္တြင္အဲရစ္တစ္ေယာက္ ေလေပၚသို႔ေျမာက္တက္လာသည္။ ထို႔ေနာက္ ခုတင္ေပၚေမရီႏွင့္မ်က္ႏွာခ်င္းဆုိင္ ဖုတ္ခနဲသူ ျပန္က်လာ၏။
အဲရစ္ : ………
က်ံဳ႕က်ံဳ႕ေလးသူမေရွ႕တြင္ ထိုင္ေနသည့္ အဲရစ္ကို ေမရီၾကည့္သည္။ ညအိပ္မီးေရာင္သာရွိသည့္ အခန္းအလင္းေရာင္တြင္ အဲရစ္၏ ထုိင္ေနပံုက သူမကပဲ ထိုေကာင္ေလးကို အႏိုင္က်င့္ေတာ့မည့္ သူလိုလုိျဖစ္ေစ၏။
“ငါက မင္းကို တစ္ခုခုလုပ္မွာမုိ႔လား…”
“ဒါေပမဲ့ သခင္မ စိတ္က မွန္းလုိ႔မရဘူးေလ…”
အဲရစ္သည္ ေမရီ႕ကို ခပ္တိုးတိုးျပန္ေျပာသည္။ တံု႔ျပန္ေျပာလုိက္ၿပီးေနာက္ မ်က္လႊာအသာပင့္ကာ သူ အကဲခတ္ရေသး၏။ ေမရီက ျပန္ေျပာတာေတြကိုလည္း မႀကိဳက္တတ္ဘူးမဟုတ္လား။
“မင္း စုန္းကေဝတစ္ေယာက္ျဖစ္ခ်င္ေနတာမဟုတ္လား…”
သူ ေခါင္းကိုသည္ညိတ္၏။
“အခု ျဖစ္ခြင့္ရေနၿပီပဲကို…”
“ကြ်န္ေတာ္က ေမရီ႕တပည့္ျဖစ္ခ်င္တာ…”
အဲရစ္သည္ ေမရီ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာေျဖ၏။
“မင္းကို ေဗဒါနည္းလမ္းေပးတယ္မဟုတ္ဘူးလား…”
ေမရီသည္ အရယ္အျပံဳးမရွိေသာ္လည္း ေဒါသမထြက္ေနခဲ့။ အဲရစ္၏ မ်က္လံုးမ်ားသည္ ဝိုင္းစက္သြားရ၏။ အဲ့ဒီေျမြသတၱဝါေျပာတာက မွန္တယ္ေပါ့! သူက အဲ့ဒီေျမြသတၱဝါကို လူလိမ္လူညာလုိ႔ ထင္ေနခဲ့တာ!!
“ေဗဒါသာ မင္းေတြးေနတာသိရင္ မင္းကို အေသလုပ္လိမ့္မယ္…”
ေမရီသည္ ရယ္သံစြက္၍ေျဖ၏။
“ကြ်န္ေတာ္က က်ဴးဒိုစ့္ကိုမွ မႏုိင္ႏိုင္တာ…”
“ဒါေပါ့… မင္း က်ဴးဒိုစ့္ကို မႏုိင္ႏိုင္ဘူး…”
ေမရီသည္ အခ်ိန္တစ္ခုကိုေတြးရင္းျဖင့္ ေျဖေလ၏။
“မင္းရဲ႕ သိစိတ္ရွိေနသေရြ႕ မင္းသူ႔ကို ႏိုင္မွာ မဟုတ္ဘူး…”
“သိစိတ္?”
“ဘာလုိ႔ မင္းရဲ႕နတ္ဆိုးေသြးကို ေကာင္းေကာင္းအသံုးခ်တတ္ေအာင္ အရင္မေလ့က်င့္တာလဲ…”
“ကြ်န္ေတာ္က…”
အဲရစ္သည္ ေမရီ႕ကိုၾကည့္၏။ ေမရီ႕ကိုၾကည့္ရသည္မွာ စိတ္ရွည္ေနဟန္ရွိသည္မို႔ သူ႔စိတ္ကိုသူ ရဲေဆးတင္ၿပီး သူ ဆက္ေျပာသည္။
“ကြ်န္ေတာ္က လူတစ္ပိုင္းနတ္ဆိုးတစ္ပိုင္း သတၱဝါတစ္ေကာင္…”
ေမရီသည္ သူ႔ကို စိုက္ၾကည့္ေနရံုအျပင္ မည္သို႔မွ်မတံု႔ျပန္။ ေျပာလည္းမဆုိ မေျပာႏွင့္ဟုလည္း မတားျမစ္သည့္ထိုအေနအထားက အဲရစ္ကို ပို၍ရဲတင္းေစသည္။
“ကြ်န္ေတာ္က နတ္ဆိုးအေနနဲ႔ ဘာေကာင္မွ မဟုတ္ဘူး ဒါေပမဲ့ စုန္းေတြက နတ္ဆိုးေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ အစြမ္းရွိတယ္…”
သူ႔မ်က္လံုးမ်ားသည္ ေတာက္ပေနခဲ့သည္။
“ကြ်န္ေတာ္ အင္အားႀကီးခ်င္တယ္… ကြ်န္ေတာ္က အခု အရမ္းကိုအားနည္းေနတာေၾကာင့္ ကြ်န္ေတာ့္ကို ေစာ္ကားေမာက္မာေနတာေတြကိုေတာင္မွ ကာကြယ္ႏုိင္ျခင္းမရွိဘူး…”
“မင္းကိုယ္မင္း ကာကြယ္ဖို႔အတြက္ မင္းက အင္အားႀကီးခ်င္တယ္ေပါ့…”
အဲရစ္သည္ ေမရီ႕ကိုၾကည့္သည္။
“ကြ်န္ေတာ့္ရဲ႕တည္ရွိမႈကို အသိအမွတ္ျပဳေစဖို႔အတြက္ ကြ်န္ေတာ္အင္အားႀကီးခ်င္တာ… ကြ်န္ေတာ့္ကို အျပစ္ျပဳခဲ့တဲ့သူေတြက အႀကိမ္ေပါင္းေထာင္ေသာင္းမက ျပန္ေပးဆပ္ရမယ္…”
“ေၾသာ္…”
အဲရစ္သည္ ေမရီ႕ကို ၾကည့္၏။
“ကြ်န္ေတာ္ အင္အားႀကီးခ်င္တယ္… ဒါေပမဲ့ ကြ်န္ေတာ့္မွာ ခုိင္မာတဲ့ဆံုးျဖတ္ခ်က္တစ္ခုမရွိဘူး… ဒါေၾကာင့္ ကြ်န္ေတာ္ သူတုိ႔ကိုမုန္းလုိက္တယ္… ကြ်န္ေတာ့္အဖိုး၊ ကြ်န္ေတာ့္ကို အျပစ္ျပဳတဲ့သူေတြ…”
“အမုန္းေတြက သန္မာတဲ့ စိတ္ဓာတ္ခြန္အားတစ္ခုပါပဲ… နည္းနည္းေလးေတာ့ ကိုယ့္ကို လိႈက္စားတယ္ဆုိေပမဲ့ေပါ့…”
ေမရီသည္ အသက္ခုနစ္ႏွစ္အရြယ္ေကာင္ကေလးကို ခပ္ေအးေအးသာ ျပန္တံု႔ျပန္ခဲ့သည္။
“နတ္ဆိုးတစ္ပိုင္းျဖစ္ေနတာက မင္းရဲ႕အားသာခ်က္ပဲ…”
သူ႔ကို တပည့္အျဖစ္လက္ခံမည္ဟု မဆိုေသးသည့္ ေမရီေၾကာင့္ စိတ္ဓာတ္က်ခ်င္ခ်င္ျဖစ္ေနသည့္ အဲရစ္တစ္ေယာက္ ေခါင္းေထာင္လာခဲ့သည္။
“မင္းျမင္တဲ့အတုိင္းပဲ လူေတြရဲ႕ စိတ္စြမ္းအင္က ေမာပန္းႏိုင္တယ္… အခ်ိန္အၾကာႀကီး ငါတုိ႔က မသံုးႏိုင္ဘူး… ငါတုိ႔ရဲ႕ခႏၶာကိုယ္ေတြက မႏၱန္ေတြအမ်ားႀကီးကို အသက္မသြင္းႏုိင္ဘူး… ဒါက လူေတြရဲ႕အားနည္းခ်က္ပဲ… ငါလည္း သတ္မွတ္ထားတဲ့ မႏၱန္အေရအတြက္ကိုပဲ အသံုးျပဳႏုိင္တယ္… ငါ့ခႏၶာကလုိက္ႏုိင္မဲ့ အေရအတြက္ေပါ့…”
သူမ စကားကို ေသခ်ာနားေထာင္ေနသည့္ အဲရစ္ကို ေမရီၾကည့္၍…
“နတ္ဆိုးေတြကက် လူေတြနဲ႔မတူဘူး… သူတုိ႔ရဲ႕ခႏၶာကိုယ္မွာ ထိန္းခ်ဳပ္မႈဆိုတာမရွိဘူး… ဆုိလိုတာက သူတုိ႔မွာ ေမာပန္းတာ၊ အိပ္စက္တာ၊ ဆာေလာင္တာ… သူတုိ႔မွာ မရိွၾကဘူး… သူတုိ႔ရဲ႕ ခႏၶာကိုယ္ကို ေမာင္းႏွင္ေနတာက တစ္ခုပဲ ရွိတယ္… ဖ်က္ဆီးလိုျခင္းတစ္ခုကပဲ သူတုိ႔ရဲ႕ခႏၶာကိုယ္ကို ေမာင္းႏွင္ထားခဲ့တာ…”
သူမသည္ စကားကိုရပ္ကာ အဲရစ္ကို ၾကည့္သည္။
“မင္း စုန္းကေဝအတတ္ကို ေလ့လာခ်င္တယ္ဆုိရင္ အရင္ဆံုး မင္းရဲ႕အကန္႔အသတ္မရွိတဲ့ စြမ္းအားကို အရင္ထိန္းခ်ဳပ္တတ္ဖို႔ လိုတယ္…”
အဲရစ္၏ မ်က္လံုးမ်ားသည္ အေရာင္ေတာက္သြား၏။
“တကယ္! ကြ်န္ေတာ္သာ ထိန္းခ်ဳပ္ႏုိင္သြားရင္ ေမရီ ကြ်န္ေတာ့္ကို တပည့္အျဖစ္လက္ခံမွာလား!”
ေမရီသည္ ခ်က္ခ်င္းေပ်ာ္ျမဴးသြားသည့္ေ ကာင္ကေလးကိုၾကည့္ကာ…
“က်ဴးဒိုစ့္ကို မင္းႏိုင္ၿပီးမွ ငါတုိ႔ ဆက္ေျပာၾကတာေပါ့…”
“အာ အဲ့ဒါက!”
ေစာဒကတက္ခ်င္ေနေသးသည့္ ေကာင္ကေလးကို ေမရီၾကည့္သည္။ အဲရစ္သည္ ဆက္မေျပာေတာ့ဘဲ ေခါင္းကိုသာ ငံု႔လုိက္ေလေတာ့၏။ ဒါက မျဖစ္ႏုိင္ဘူး! သူ႔စြမ္းအားေတြအကုန္လံုးကို ထိန္းခ်ဳပ္ႏိုင္ရင္ေတာင္မွ က်ဴးဒိုစ့္ကို သူ ဘယ္လိုလုပ္ၿပီးေတာ့ ႏုိင္မွာလဲ! က်ဴးဒိုစ့္က ဘယ္သူလဲ! ေမရီ႕ရဲ႕ေအာင္ျမင္မႈေလ… စစ္ပြဲတုိင္းမွာ က်ဴးဒိုစ့္ပါရင္ အႏိုင္ရတယ္ေလ။ ထိုမွ်ထိ စြမ္းေနတဲ့ စစ္သူႀကီးကို သူက ဘယ္လိုလုပ္ၿပီးႏိုင္မွာလဲ! သူက ငခြ်တ္ေလးပဲဟာကို!
အဲရစ္၏ အေတာင္ေသးေသးေလးမ်ားသည္ ဝပ္က်ေနခဲ့၏။
“မင္းလုပ္ႏိုင္ၿပီးမွ ငါတုိ႔ဆက္ေျပာၾကတာေပါ့…”
သူမသည္ အဲရစ္ကို စကားတစ္ခြန္းျဖင့္သာ ေခြ်းသိပ္ႏိုင္ခဲ့သည္။
အခန္းအျပင္သို႔ ေပ်ာ္ျမဴးစြာထြက္သြားသည့္ အဲရစ္မရွိေတာ့ခ်ိန္တြင္ ေမွာင္ေနသည့္ အခန္းေထာင့္မွ အသံတစ္သံသည္ ထြက္လာခဲ့၏။
“သခင္မ အေနနဲ႔ ဘာေတြေတြးထားတာရွိေနလို႔ပါလဲ…”
“ေရဗင္…”
က်ီးမဲတစ္ေကာင္သည္ ေမရီ႕ခုတင္ေျခရင္းတန္းတြင္ လာနားေလ၏။ ေမရီသည္ ေခါင္းရင္းတြင္ ခပ္ေလွ်ာေလွ်ာမီွထိုင္ရင္း…
“သူတုိ႔က စင္းကို လုိခ်င္ေနတာ…”
ေအးတိေအးစက္ျဖင့္ သူမ ေျပာသည္။
“စင္းကုိေခၚၿပီး ဓားစာခံအျဖစ္ထားခ်င္တာ… အဲ့ဒီအနံ႔ခံေကာင္းတဲ့ ေခြးေလးေတြက ငါ့ရဲ႕စြဲလမ္းမႈႀကီးကို သိေနတယ္ေလ…”
အနည္းငယ္ခက္ထန္သည့္ အသံျဖင့္ ေမရီသည္ေျပာေလ၏။ ထို႔ေနာက္ သူမသည္ သူမကိုယ္သူမ ေလွာင္ရယ္သည့္ အသံမ်ိဳးျဖင့္…
“ရယ္ေတာ့ရယ္ရသား…”
က်ီးမဲ၏ မ်က္လံုးမ်ားသည္ ေမရီ႕ထံတြင္ စူးနစ္စြာ…
“ငါ… ေမရီက လူတစ္ေယာက္ကို ျပန္ၿပီးမေခၚႏိုင္ခဲ့ဘူး ငါ့ရဲ႕အသက္ျပန္သြင္းသူ ပညာရပ္ေတြအကုန္လံုးကို စြန္႔ပစ္လုိက္ရတယ္…”
ထိုစကားကိုေျပာခ်ိန္တြင္ သူမ၏ အသံတြင္ စိတ္တိုေဒါသႏွင့္ယူၾကံဳးမရျဖစ္မႈမ်ား ပါဝင္ခဲ့၏။ ေမရီ၏ ေက်ာထက္တြင္ရွိေနသည့္ ေသြးေၾကာမ်ားကဲ့သို႔ ရွိေနသည့္ အမာရြတ္ကဲ့သို႔ အရာသည္လည္း အနီေရာင္ေတာက္လာခဲ့သည္။ နာက်င္မႈေဝဒနာကို ခံစားမိၿပီး ေမရီသည္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္သည္။
“သခင္မ ဒီအေၾကာင္းေတြ မေတြးပါနဲ႔… သခင္မဒဏ္ရာက ေပ်ာက္ကင္းေသးတာမဟုတ္ဘူး…”
“ဘယ္လိုဒဏ္ရာမ်ိဳးရရ ငါက မေသႏုိင္ဘူး…”
သူမသည္ ျပတင္းမွတစ္ဆင့္အျပင္ကိုေငးၾကည့္၏။ ညအခ်ိန္တြင္ ေကာင္းကင္သည္ ၾကယ္ေရာင္မ်ားျဖင့္ ေတာက္ပေနခဲ့သည္။
“ငါက ေဝဒနာကိုပဲ ခံစားရတဲ့သူတစ္ေယာက္ျဖစ္တယ္…”
သူမသည္ တီးတိုးဆုိသည္။ ထို႔ေနာက္ ဆက္၍…
“မေသမ်ိဳးတစ္ေယာက္ျဖစ္ဖို႔အတြက္ ငါ ေပးဆပ္ခဲ့ရတာေတြေပါ့…”
>>>>><<<<<
“ငါတုိ႔ မေကာင္းဆိုးဝါးေတြမွာ ကိုယ္ပိုင္အစြမ္းရွိၾကတယ္… လူ႔ေလာကမွာ ဓာတ္သဘာဝေတြနဲ႔ပဲ ခ်ဳပ္ကိုင္ထားတာဆုိေတာ့ အကုန္လုံးက တူညီတဲ့ ဓာတ္သဘာဝေတြရွိၾကတယ္… မင္းရဲ႕ဓာတ္သဘာဝက ဘယ္အစုဝင္ထဲမွာ ပါဝင္လဲဆုိတာကိုပဲ မင္းက ေသခ်ာသိေအာင္ ေလ့လာသင့္တယ္…”
အဲရစ္၏ သင္တန္းေနရာသည္ အယ္လမ္သစ္ပင္ေအာက္ဟု ဆုိရလိမ့္မည္။ ေဗဒါသည္ ေျမြတစ္ေကာင္အသြင္ျဖင့္ သစ္ပင္၏ ေျခရင္းတြင္ေခြေနခ့ဲ၏။ အယ္လမ္သစ္ပင္၏ သစ္ကိုင္းတစ္ခုေပၚတြင္ နားေနခဲ့ကာ က်ဴးဒိုစ့္မွ အဲရစ္ကို သင္ၾကားေပးေနသည္ကို ၾကည့္ေနခဲ့ၾကသည္။
“ကြ်န္ေတာ့္ရဲ႕ စြမ္းအင္ကို ခင္ဗ်ားမသိဘူးလား…”
မည္းလံုးသည္ ကုတ္ပစ္ခ်င္သည့္ မ်က္ႏွာမ်ိဳးျဖင့္ အဲရစ္ကိုလွမ္းၾကည့္ေလ၏။ သူက ဘာကိစၥနဲ႔အဲ့ဒီေကာင္စုတ္ေလးရဲ႕ အစြမ္းကို သိရမွာလဲ။ စိတ္ကုန္စရာေကာင္းလုိက္တာ။
“မင္းဘာသာမင္း ရွာေဖြလုိ႔ရတာပဲ…”
“စမ္းသပ္လုိ႔ရတဲ့ နည္းလမ္းတစ္ခုခုရွိရမွာေပါ့… လူသားစုန္းကေဝေတြဆုိရင္ စမ္းသပ္ေမွာ္ဝင္ေက်ာက္ရွိတယ္ေလ…”
“အဲရစ္…”
က်ဴးဒိုစ့္္သည္ အဲရစ္ကိုၾကည့္သည္။ အဲရစ္သည္ ေပကပ္ကပ္မ်က္ႏွာေလးျဖင့္ က်ဴးဒိုစ့္ကို ျပန္ၾကည့္ေနခဲ့၏။
“ေမရီ႕ေရွ႕က်ရင္ေတာ့ မင္းက သိုးငယ္ေလးပဲ အခုက် အကုန္သိေနတာေပါ့ေလ…”
“သခင္မက ျပန္ေျပာတာနဲ႔အရမ္းသိတတ္ေနတာေတြကို သေဘာမက်ဘူးေလ…”
အဲရစ္သည္ အေတာင္ေသးေသးေလးမ်ားကို တျဖတ္ျဖတ္ခတ္ရင္းေျပာသည္။ အဲရစ္၏ စိတ္လႈပ္ရွားေနသည့္ အမူအရာေၾကာင့္ က်ဴးဒိုစ့္သည္ လက္သည္းကို ထုတ္လုိက္မိ၏။
“သခင္မက အရမ္းသိေနတာေတြကိုမုန္းတယ္… ေနာက္ၿပီး သူ႔ကို ျပန္ေျပာတာလည္းမႀကိဳက္ဘူး သူက ခန္႔မွန္းရလည္း မလြယ္ဘူး အဲ့ဒီေတာ့ သူ႔ေရွ႕မွာ သိုးေလးလို ေနတာပဲေကာင္းတယ္…”
အေတာင္တျဖတ္ျဖတ္ခတ္ေနသည့္ ေကာင္စုတ္ေလးကို က်ဴးဒိုစ့္္သည္ ကုတ္သာကုတ္ခ်င္ေနေတာ့သည္။ ဒီေကာင္စုတ္ေလးက လည္လိုက္တာမွ တအားပါပဲ။
“သခင္မက ဘာလို႔ သိတတ္နားလည္တဲ့ ေက်းကြ်န္ေတြကို မုန္းေနတာလဲ… ခင္ဗ်ားတုိ႔ေတြဆုိလည္း အရမ္းပါးနပ္တာပဲကို…”
က်ဴးဒိုစ့္သည္ အဲရစ္ကို ဘာေျပာလွ်င္ေကာင္းမလဲဆိုသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနခဲ့၏။ အဲရစ္ေခါင္းေလးငံု႔ကာ ကိုယ့္ေမးကိုယ္ပြတ္ကာ သူ႔ေမးခြန္းကို သူ အေျဖထုတ္ေနခဲ့သည္။ ထိုအခ်ိန္တြင္ က်ီးမဲ၏ အရြယ္အစားသည္ တျဖည္းျဖည္းႀကီးမားလာေလ၏။ ေဗဒါသည္ အေပၚကို ေမာ့ၾကည့္ကာ တရွဴးရွဴးလုပ္ေတာ့ေလသည္။ ထိုအခါက်မွ အဲရစ္ကို ၾကည့္ေနသည့္ က်ဴးဒိုစ့္သည္လည္း ေဗဒါအသံထြက္လာသည္ကို လွမ္းၾကည့္ေလ၏။
ေသ… ေသကုန္ေတာ့မွာပဲ…
က်ဴးဒိုစ့္သည္ စိတ္ထဲတြင္ ထိုသို႔သာ ေတြးႏုိင္ခဲ့သည္။
“ဘာျဖစ္လုိ႔…”
အဲရစ္သည္ တစ္ဖက္သို႔အၾကည့္တြင္ သူ႔ကိုယ္သည္ ေလထဲတြင္ေျမာက္တက္သြားေတာ့သည္။ အဲရစ္၏ မ်က္လံုးမ်ားသည္ ဝိုင္းစက္သြားေလ၏။ သူ႔ကိုေျခသည္းမ်ားသည္ ခုိင္ခံ့စြာကုတ္ခ်ီထားခဲ့သည္။
အဲရစ္ကုိထိုးသုတ္ၿပီးသည္ႏွင့္ ပ်ံထြက္သြားသည့္ ေရဗင္ေၾကာင့္ က်ဴးဒိုစ့္ႏွင့္ေဗဒါသည္လည္း လႈပ္လႈပ္ရွားရွားျဖစ္ကုန္ေတာ့၏။
“လိုက္! လိုက္! သူ႔ေနာက္က လုိက္!”
ေဗဒါသည္ က်ဴးဒိုစ့္ေပၚသို႔ခုန္တက္လုိက္ရင္း ေအာ္ေလ၏။ ေျမြေကာင္စုတ္ကို ခါခ်ခ်င္ေသာ္လည္း အခ်ိန္မရွိသည္မို႔ က်ဴးဒိုစ့္သည္ မိမိ၏အရြယ္အစားကို ႀကီးကာ လႊားခနဲခုန္၍ေရဗင္ေနာက္သို႔ လုိက္သြားခဲ့ေတာ့သည္။ ေရဗင္ဟာ ဘယ္လုိျဖစ္လုိ႔ စိတ္ဆတ္ေနရတာလဲ!
ထိုအခ်ိန္က်ီးငွက္တစ္ေကာင္ႏွင့္နတ္ဆိုးတစ္ပိုင္းလူတစ္ပိုင္း ေကာင္ငယ္ေလးမွာေတာ့…
ေရဗင္က သူ႔ကို ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ…
အဲရစ္သည္ ေတြး၏။
“ေမရီ႕အေၾကာင္းကို စဥ္းစားေနမဲ့အစား မင္းကိုယ္မင္း အရင္ဆံုး ေလ့လာသင့္တယ္မထင္ဘူးလား…”
က်ီးငွက္ထံမွ အသံထြက္လာခဲ့၏။
“ခင္ဗ်ားကြ်န္ေတာ့္ကို ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ…”
ထိတ္လန္ေန႔ေသာ္လည္း မ်က္ႏွာကိုထိန္းခ်ဳပ္ကာ အဲရစ္ေမးသည္။
“စဥ္းစားၾကည့္ေလ…”
ရဲတုိက္မွအေနာက္အရပ္သို႔ တဟုန္ထိုးပ်ံသန္းသြားရင္းျဖင့္ ေရဗင္သည္ ေျပာေလ၏။
“အေနာက္အရပ္မွာ ေသမင္းကမ္းပါးရွိတယ္…”
ေရဗင္သည္ ခပ္ေအးေအးေျပာ၏။ အဲရစ္၏ မ်က္ႏွာတစ္ခုလံုးသည္ ျဖဴဆုတ္သြားခဲ့သည္။
“မင္းမွာအေတာင္ေတြရွိတယ္မဟုတ္လား ငါတုိ႔သင္ခန္းစာကို ဒီက စၾကတာေပါ့…”
“ေရဗင္! ခင္ဗ်ားက ကြ်န္ေတာ့္ကို သတ္ဖို႔ႀကိဳးစားေနတာပဲ!”
သူ႔ကို ကုတ္ခ်ီထားသည့္ေျခသည္းမ်ားသည္ သူ႔ကိုယ္ကို ပို၍စူးနစ္သြားခ့ဲသည္။ သူ႔ခႏၶာမွေသြးစိမ့္ထြက္လာသည္ဟု အဲရစ္ခံစားလုိက္ရ၏။
“ေရဗင္!”
“သင္ၾကားရင္းနဲ႔ မေတာ္တဆမႈေတြဆိုတာ ျဖစ္ႏုိင္တာပဲေလ…”
ေရဗင္သည္ ခပ္ေလွာင္ေလွာင္အသံမ်ိဳးျဖင့္ ေျပာသည္။
“မင္းရဲ႕စြမ္းအားေတြကို အေတာင္မွာစုစည္းၿပီး အႀကီးအေသးေျပာင္းႏိုင္ရင္ အခုအလွတပ္အေတာင္ေလးေတြက မင္းကို ေကာင္းေကာင္းသယ္ပိုးႏိုင္လာလိမ့္မယ္…”
ေခ်ာက္အလည္တည့္တည့္တြင္ ေရဗင္သည္ ပ်ံသန္းျခင္းကို ရပ္၏။ ထို႔ေနာက္ လက္သည္းမ်ားကို သူ ျဖည္ခ်သည္။
“သင္ခန္းစာစၾကတာေပါ့… ကံေကာင္းပါေစအဲရစ္…”
“ေရဗင္! ကြ်န္ေတာ္မေသရင္ ခင္ဗ်ားကိုရေအာင္ ျပန္သတ္မွာ!”
လႊတ္ခ်ခံရသည့္ အဲရစ္သည္ ေအာ္ဟစ္ေလ၏။ ေရဗင္သည္ ျပဳတ္က်သြားသည့္ ေကာင္ေလးကို ေအးစက္စြာၾကည့္ကာ…
“ငါ ေစာင့္ေနပါ့မယ္…”
က်ဴးဒိုစ့္ႏွင့္ေဗဒါေရာက္လာခ်ိန္တြင္ ေရဗင္သည္ ေခ်ာက္ကမ္းနားရွိသစ္ပင္တစ္ပင္တြင္ ၿငိမ္ၿငိမ္ေလးနားေနခဲ့၏။
“ေရဗင္ မင္း…”
“တစ္ခြန္းမခံ ျပန္ေျပာေနမဲ့ေကာင္စုတ္ေလးကို မင္းအစား ငါ ေကာင္းေကာင္းသင္ေပးလုိက္တာ ေက်းဇူးတင္ဖို႔မလိုပဲ…”
သူ႔ကို ပိတ္ေျပာလာသည့္ ေရဗင္ကို က်ဴးဒိုစ့္သည္ ေဒါသျဖစ္စြာၾကည့္သည္။
“ေဟ့ေဟ့ ရန္မျဖစ္ၾကနဲ႔…”
ေဗဒါသည္ ႏွစ္ဦးအလည္တြင္ဝင္ကာ ျဖန္ေျဖရ၏။
“ငါတုိ႔အတူတူ ဒီေကာင္ေလးကို ေစာင့္ၾကတာေပါ့…”
“ဟမ့္ သူ မတက္လာႏိုင္လည္း ငါတုိ႔ျပန္ၾကတာေပါ့…”
“ေရဗင္ မင္းေဒါသျဖစ္ေနတာသိတယ္… ဒါေပမဲ့ သူက ေမရီ႕အတြက္ ေမွ်ာ္လင့္ခ်က္ေလးတစ္ခုေလ…”
ေရဗင္သည္ က်ဴးဒိုစ့္ကို ေဒါသျဖစ္စြာၾကည့္သည္။
“မင္း ဘာလုိ႔မတားခဲ့လဲ! ေမရီ မႏၱန္တန္ျပန္ဒဏ္မထိေအာင္ မင္းဘာလုိ႔မကာကြယ္ခဲ့လဲ!”
က်ဴးဒိုစ့္သည္ ေခါင္းကိုသာ ငံု႔၍ေန၏။
“စင္းေတာင္ မလုပ္ႏုိင္တာကို ဒီေကာင္စုတ္ေလးက ဘာတတ္ႏုိင္မွာလဲ!”
ေရဗင္သည္ ေဒါသျဖစ္စြာေအာ္ဟစ္သည္။
“ေမရီက… ေမရီက အဲ့ဒီလူကို စြန္႔လႊတ္လိုက္သင့္ေနၿပီ!!!”
က်ဴးဒုိစ့္၊ ေရဗင္ႏွင့္ ေဗဒါသံုးဦးလံုးသည္ ၿငိမ္သက္သြားၾက၏။
>>>>>><<<<<
“ေဟး ငါ လာျပန္ၿပီ…”
ေမရီသည္ ပန္းျခံငယ္ေလးတစ္ခုထဲသို႔ ဝင္လာေလသည္။ ထိုပန္းျခံငယ္ေလးတြင္ မွန္ေခါင္းတလားတစ္ခုႏွင့္ ကုလားထုိင္ေလးတစ္လံုးမွအပ အျခားပစၥည္းဟူ၍မရွိေပ။
“စုန္းအဖြဲ႔အစည္းက ငါ့ကို ခ်ဳပ္ကိုင္ဖို႔ႀကိဳးစားၾကတယ္… သူတုိ႔က စင္းကို လုိခ်င္တယ္ေလ… စင္းက နတ္ေဆးသမားေတာ္ဆုိေတာ့…”
ေမရီသည္ ထိုင္ခံုေလးေတြ ဝင္ထုိင္ရင္းစကားဆုိ၏။
“ငါ စင္းကို ေပးမွာမဟုတ္ပါဘူး…”
ေမရီသည္ မွန္ေခါင္းတလားထဲကို ၾကည့္ကာ…
“ငါ အဲ့ဒီအစား ေကာင္စုတ္ေလးတစ္ေယာက္ကို ေမွ်ာ္လင့္ခ်က္ေပးလိုက္တယ္… သူမ်ား ရွင့္ကို ျပန္ၿပီးရွင္သန္ေစႏုိင္ေလာက္လားဆုိၿပီးေလ…”
သူမသည္ မွန္ဖံုးေပၚတြင္လက္အသာတင္ရင္း ေရရြတ္ေလ၏။
----------