book

Index 10

Part - 10

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode


စုန်းကဝေအဖွဲ့အစည်းနှင့်စုန်းလိုက်မုဆိုးများသည် သင့်မြတ်ကြ၏။

သို့သော် ထိုသင့်မြတ်မှုသည် အပေါ်ယံသာဖြစ်သည်။

စုန်းများကို စုန်းလိုက်မုဆိုးများက မုန်းတီးသလို

စုန်းများသည်လည်း စုန်းလိုက်မုဆိုးများအပေါ်တွင် တူညီသည့် မုန်းတီးခြင်းရှိ၏။

စုန်းနှင့်စုန်းလိုက်မုဆိုးမဟုတ်သည့် သာမန်လူများကို မထိခိုက်စေဖို့ရာ သူတို့သည် အပေါ်ယံ မဟာမိတ်ဖွဲ့ထားကြသည်။

သူတို့၏ ဆက်ဆံရေးသည် အချိန်မရွေးကွဲအက်သွားနိုင်သည့် ပါးလွှာသည့် ရေခဲလွှာတစ်ခုသာဖြစ်၏။

အပိုင်း - ၁၀ : မဟာမိတ်။

‘လူတို့သည် မိမိ၏အတွေးများကို အခြားသူများက ပြောသည်ကို နှစ်သက်လေ့ရှိကြ၏။ လူတို့သည် အခြားသူများ၏ ဂရုစိုက်ခြင်းကို ခံလိုသည့် မျိုးစိတ်တစ်ခုဖြစ်သည်။’

“ငါပြောပြမယ် တကယ်တော့ ကျူးဒိုစ့်က…”

ကလေးထိန်းသည့်အမှုတွင် ဗေဒါသည် ကျွမ်းကျင်သည်ဟု ယူဆ၍ရသည်။ ဗေဒါပြောပြသမျှကို နားထောင်ရင်းနှင့် အဲရစ်သည် ခဏတွင်းချင်းပင် သူတို့နှင့် ရင်းနှီးလာတော့၏။ အဲရစ်က မည်သို့ပင် နတ်ဆိုးတစ်ပိုင်းဖြစ်နေပါစေ၊ မည်သို့ပင် တော်ဝင်သွေးဖြစ်သည့် ဖခင်မှ မွေးဖွားလာပါစေ သူသည် အသက်ခုနစ်နှစ်စွန်းစွန်းသာ ရှိသေးသည့် ကလေးငယ်လေးတစ်ယောက်သာ ဖြစ်သည်မဟုတ်လား။

“စကားတွေများလိုက်တာ!”

ဗေဒါပြောနေသည်များကို အာရုံစိုက်နားထောင်နေချိန်တွင် အသံတစ်သံသည် ထွက်လာခဲ့၏။ အသံလာသည့်နေရာကို ကြည့်လိုက်ချိန်တွင် အယ်လမ်သစ်ပင်၏ အနိမ့်ဆုံးသစ်ကိုင်းတွင် နားနေပြီး သူတို့ကိုငုံ့ကြည့်နေသည့် ကျီးငှက်တစ်ကောင်။ ထိုကျီးငှက်၏ မျက်လုံးနက်နက်များသည် သူ့ထံတွင် စူးစိုက်နေခဲ့သည်။ အဲရစ်၏ အရာရာကို မယုံနိုင်သည့် အကျင့်လေးသည် ပြန်ပေါ်လာတော့၏။ သူ့ ခန္ဓာကိုယ်သည် သတိအနေအထား ဖြစ်သွားကာ သူ ထိုကျီးကန်းကို ပြန်လည်စူးစိုက်ကြည့်နေခဲ့သည်။

ဗေဒါသည် သက်ပြင်းရှိုက်၍ သစ်ပင်ပေါ်ကို မော့ကြည့်လေ၏။ ဒီရေဗင်ဆိုတဲ့ ကောင်စုတ်ဟာ ဘာကြောင့်များ သူ့ရဲ့ အလုပ်ကောင်းလေးကို ဖျက်ဆီးရတာလဲ!

“ရေဗင်… အဲရစ်ကလည်း စစ်သူကြီးတွေထဲက တစ်ယောက်ပဲလေ…”

ဖြန်ဖြေပေးသူတစ်ယောက်၏ ဟန်မျိုးဖြင့် သူ စကားစ၏။

“နောက်ပြီး အဲရစ်က ကလေးလေးရှိသေးတာ သူ့ကို လေသံမာမာကြီးနဲ့မပြောသင့်ဘူး…”

“မြွေစုတ် ပါးစပ်လေးပိတ်ထားလိုက်စမ်း… မင်းလား ကြင်နာသနားတတ်တဲ့သူဖြစ်မှာ…”

အနက်ရောင်မီးခိုးများဖြင့် လွှမ်းခြုံထားသည့် ကျီးကန်းသည် ဗေဒါကို အော်ဟစ်လေ၏။

“နောက်ပြီး မင်း…”

ကျီးမည်းသည် သူ့ကို သတိထားနေသည့် မျက်လုံးဝါများဖြင့် ကောင်ကလေးကို ကြည့်သည်။

“ကံကောင်းလို့ မင်း စစ်သူကြီးတစ်ယောက်ဖြစ်လာတာ… မင်းရဲ့အရည်အချင်းနဲ့ဆို ဆယ်ဘဝလောက်ကြိုးစားရင်တောင် မဖြစ်နိုင်ဘူး…”

“ရေဗင် မင်းဘာလို့ပြန်လာတာလဲ…”

ကျူးဒိုစ့်သည် ပျင်းကြောဆန့်ကာ မြက်ခင်းပြင်မှ မြက်စိမ်းများကို လက်သည်းဖြင့် အသာခြစ်ရင်း မေးလေ၏။ ကျီးမည်းသည် ကောင်ကလေးကို ထပ်မံပြောမည့် စကားတို့ကိုရပ်ကာ ကျူးဒိုစ့်ဘက်လှမ်းကြည့်သည်။

“အဲ့ဒီ သတင်းစကားပို့တဲ့ စောက်ငပျင်းက မလုပ်လို့ ငါကိုယ်တိုင်ရောက်လာရတာ…”

“သခင်မနဲ့တွေ့ပြီးပြီလား…”

“ငါက သခင်မနဲ့အရင်မတွေ့သေးဘဲ လာမလား…”

ကျူးဒိုစ့်ထံမှ လေးလံသည့်ဖိအားတို့သည် လျှံထွက်လာတော့၏။ သူ့ကို မမြင်ရသည့် လက်ကြီးကြီးတစ်ဖက်မှ တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်ဟု အဲရစ် ခံစားလိုက်ရသည်။ ရေဗင်နှင့်ဗေဒါသည်လည်း ငြိမ်သက်သွား၏။ ဗေဒါသည် သစ်ပင်ပေါ်မှ ရေဗင်ကို အပြစ်တင်သည့် မျက်လုံးများဖြင့် မော့ကြည့်သည်။ ဒီငနာကောင်သာ ကက်ကက်လန်မစွာနေရင် ကျူးဒိုစ့် ဒေါသထွက်မှာမဟုတ်ဘူး။ ကျူးဒိုစ့်က သူ့ကို မထီမဲ့မြင်လုပ်တာကို အမုန်းဆုံးပဲ။

ရေဗင်သည်လည်း အဲရစ်ကို ဒေါသထွက်ထွက်ဖြင့် ပြောနေရင်းမှ ကျူးဒိုစ့်ကိုပါ ပြောလိုက်မိသည်ကို သတိထားမိကာ ငြိမ်ကျသွား၏။ သူ့ မျက်စောင်းများက အသက်ရှူရခက်ခဲနေသည့် အဲရစ်ထံရောက်သွားလေ၏။

“ဘာတွေဖြစ်နေကြတာလဲ…”

အနက်ရောင်ဂါဝန်ရှည်၊ ဦးထုပ်ဖြင့် ထွက်လာသည့် မေရီကိုကြည့်ပြီး သူတို့အကုန်လုံးငြိမ်ကျသွား၏။ မေရီသည် ကယ်တင်ရှင်ဖြစ်သည်ဟု အဲရစ်ခံစားလိုက်ရသည်။ မဟုတ်လျှင် ထိုဖိအားကြားတွင် သူတော့ အသက်ပျောက်နိုင်ချေရှိသည်။

“ငါတို့အခု အပြင်သွားရမယ်…”

သူမသည် ရှိနေသည့် ငါးဦးလုံးကို ဝေ့ကြည့်၏။

“နင်တို့အကုန်ရှိနေတာ ကောင်းတာပေါ့… ငါနဲ့လိုက်ခဲ့လို့ရတယ်…”

မေရီသည် အယ်လမ်သစ်ပင်ကို ကြည့်၏။ သစ်ပင်အနားသို့ ကျက်သရေရှိစွာ ခြေလှမ်းလာကာ အနားရောက်ချိန်တွင် အနက်ရောင်လက်အိတ်ပါးဝတ်ထားသည့် သူမ၏ လက်ချောင်းသွယ်လေးများဖြင့် ပင်စည်ကို အသာကိုင်၍…

“အယ်လိုဝင်း… လိမ္မာတဲ့ကလေးမလေး…”

အယ်လမ်သစ်ပင်သည် ကြည်နူးသည့်ခံစားချက်ဖြင့် သူမ၏ သစ်ရွက်များကို တရှဲရှဲလှုပ်ပြသည်။ များသောအားဖြင့် သူမသည် တစ်နေရာတည်းတွင်သာ ရှိနေရပြီး မေရီနှင့်လိုက်ပါခွင့်မရှိသည်။ သူမက တစ်နေရာတည်းတွင် အမြစ်တွယ်ထားရသည်ကိုး။ သို့သော်လည်း မေရီသည် သူမကို ချစ်သည်။ သူမကို ကြင်နာသည်။ ထို့အတွက် သူမသည် အခြားသော စစ်သူကြီးများကဲ့သို့ လိုက်ပါခွင့်မရှိလျှင်တောင် မေရီ၏ အိမ်ကို ကာကွယ်ပေးရခြင်းအတွက် ကျေနပ်၏။

“ငါ မရှိတုန်း ဒီနေရာကိုစောင့်ရှောက်ပေးထားဦးနော်…”

>>>>><<<<<

“တကယ်ဆိုရင် မင်းအနေနဲ့ သူနဲ့တွေ့စရာကို မလိုတာ…”

“ငါ သူနဲ့မတွေ့လို့မရဘူးလေ…”

ရေခွက်ထဲမှ ပုံရိပ်နှင့်အမျိုးသားတစ်ယောက်သည် စကားပြောနေခဲ့သည်။

“မင်းကို သူက အခုစောင့်ခိုင်းထားတာ ဘယ်လောက်ကြာနေပြီလဲ… ဒါ အရှက်ရစရာကိစ္စပဲ…”

“ငါတို့ရဲ့ ရည်မှန်းချက်ဖြစ်မြောက်ဖို့အတွက် ဘယ်လောက်ပဲ အရှက်ရတဲ့ကိစ္စဖြစ်ဖြစ် ငါတို့ သည်းခံရမယ်…”

ရေခွက်ထဲမှ ပုံရိပ်၏ မကျေနပ်မှုကို ပြင်ပရှိအမျိုးသားသည် ဖြေသိမ့်သည့်လေသံဖြင့် ပြောလေ၏။ ရေခွက်ထဲရှိ ပုံရိပ်သည် မကျေနပ်သည့် နှာမှုတ်သံတစ်ချက်ပြုလေသည်။

“သူလာပြီ…”

အိမ်ထဲရှိအမျိုးသားပြောချိန်တွင် ရေခွက်ထဲမှပုံရိပ်သည် ပျောက်ကွယ်သွားကာ အသံပိုင်ရှင်၏ ပုံရိပ်သာ ထင်ကျန်ရစ်တော့၏။

“ဘာကိစ္စရှိလို့လဲ…”

မေရီသည် အိမ်တံခါးဝတွင် ရပ်သည်နှင့် သူမကို ကြည့်လာသည့် အမျိုးသားလေးကို မေးခွန်းထုတ်လေသည်။ တိုက်ပုလေးတစ်လုံး။ ထိုတိုက်ပုလေးသည် ဆေးဖက်ဝင်အပင်များရှိသည့် ခြံဝန်းလေးတစ်ခုတွင်ရှိသည်။ ထိုခြံဝန်းလေးသည် မေရီပိုင်ဆိုင်သည့် တောအုပ်ပိုင်နက်၏အစပ်တွင်ရှိ၏။ ထိုအနီးတစ်ဝိုက်တွင် ကြယ်သုံးပွင့်အဆင့်မှော်သားရဲတို့ ကျက်စားလေ့ရှိကြသည်။ ထိုတိုက်ပုလေးသည် မေရီ့၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။

“သခင်မမေရီ…”

အက်ဗ်နာသည် မေရီ့ကို လှမ်းကြည့်၏။ ရိုကျိုးဟန်ရှိသည့် မျက်လုံးများထဲတွင် မနာလိုဝန်တိုခြင်းနှင့်ရွံမုန်းခြင်းတို့ ရှိနေသော်လည်း ပိရိစွာသူသည် ဖုံးကွယ်ထားခဲ့၏။

မေရီသည် တစ်ဖက်အမျိုးသားမှ ဖုံးဖိထားသော စိတ်ခံစားချက်များကို ခံစားသိရှိသော်လည်း သူမသည် မျက်နှာသေဖြင့်သာ ထိုအမျိုးသားကို ကြည့်နေဆဲ။ ထို့နောက် အကြည့်လွှဲပြီး ကိုယ်ပေါ်မှမြေခွေးသားရဲခြုံလွှာ ချွတ်ပြီးနောက် မေရီသည် ဘေးသို့ကမ်းပေးလေသည်။ အခြားသူများက တိရိစ္ဆာန်အသွင်သာ ယူထားသည်မို့အဲရစ်သည် မေရီ့လက်ထဲမှ သားမွှေးခြုံလွှာကို ရိုကျိုးစွာကိုင်ထားလိုက်လေ၏။ မေရီ့ဘေးမှ အဲရစ်ကို မြင်ချိန်တွင် ထိုအမျိုးသား၏ မျက်လုံးများသည် မှေးကျဉ်းသွားခဲ့သည်။

“ထိုင်ပါ…”

အက်ဗ်နာအမည်ရှိ အမျိုးသားကို ပြောပြီးနောက် မေရီသည် ကော်ဖီစားပွဲတွင် ဝိုင်ထိုင်လိုက်၏။ ခုံအောက်သူမ၏ ခြေထောက်နားတွင် ကျူးဒိုစ့်သည် အိပ်နေခဲ့ပြီး ဗေဒါသည် မေရီ့လက်တန်းပေါ်တွင် ခွေနေခဲ့သည်။ ရေဗင်သည် အိမ်အပေါက်နားတွင် နားနေခဲ့ပြီး အဲရစ်သည် မေရီ့ဘေးတွင် ကျေးကျွန်ပီသစွာဖြင့် ငြိမ်ငြိမ်လေးရပ်နေခဲ့၏။

“ကျွန်တော့်ကို လက်ခံတွေ့ဆုံပေးတာ ကျေးဇူးတင်ပါတယ်…”

“အာဗဲလ်ရဲ့အခြေအနေက သိပ်မကောင်းတော့ဘူးလို့ သူတို့ဆိုကြတယ်…”

မေရီသည် ခပ်အေးအေးပြောလေ၏။

“သတင်းတွေပျံ့နှံ့နေတာကိုတော့ သခင်မမေရီလည်း ကြားမှာပါ ဆရာက…”

ထိုအမျိုးသားလေး၏ မျက်နှာသည် ညှိုးကျသွား၏။

“ဆရာက ဒီတောင်ကိုကျော်နိုင်မဲ့ပုံ မပေါ်တော့ပါဘူး…”

တိုးတိမ်သွားသည့် အသံသည် သူ့ဆရာအတွက် အလွန်ပူဆွေးနေသည့် တပည့်တစ်ဦး၏ အသံမျိုး။ မေရီသည် မည်သည့်စကားကိုမျှမဆို။ သူမ၏ အရှေ့တွင်ရှိနေသည့် လက်ဖက်ရည်ခွက်ကိုသာ ကြည့်နေခဲ့သည်။

“ဆရာက ဒီအစည်းအရုံးအတွက် အရမ်းကိုအားစိုက်ခဲ့တာ သူ့ဘဝတစ်ခုလုံးကို ဒီထဲမှာပဲ သူ မြှုပ်နှံခဲ့တာ…”

ခပ်တိုးတိုးအသံဖြင့် ထိုအမျိုးသားလေးသည် ပြောလေ၏။ မေရီသည် သူမ ရှေ့မှ လက်ဖက်ရည်ခွက်ကိုသာ ကြည့်နေဆဲ။

“တကယ်လို့ ဆရာသာ မရှိရင် အဖွဲ့အစည်းကြီးက ရှုပ်ထွေးမှုတွေဖြစ်ကုန်မှာ…”

မေရီသည် ညည်းငွေ့စွာသာ ထိုကောင်စုတ်လေးပြောသည်ကို နားထောင်နေခဲ့သည်။ အဖြစ်အပျက်အမှန်ကို သူမ မသိဘူးဟု ထိုကောင်စုတ်လေးက ထင်နေတာလား။

ထားပါတော့ သူ ကချင်တယ်ဆိုလည်း ကပါစေလေ…

သူမကတော့ မသိသူတစ်ယောက်လိုနေနေရတာကိုပဲ သဘောကျတာမို့။

“သခင်မမေရီ…”

မေရီသည် မျက်နှာတည်တည်နှင့်သာ အက်ဗ်နာကိုကြည့်သည်။

“သခင်မသာ စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကို ကူညီပေးလို့ရမလား…”

မေရီသည် လက်ဖက်ရည်ခွက်ကို လှမ်းကိုင်၏။ အငွေ့ထနေသေးသည့် လက်ဖက်ရည်ခွက်ကိုကြည့်ကာ ဆက်ပြောလာမည့် စကားကို သူမ နားထောင်နေခဲ့သည်။

“အခြေအနေတည်ငြိမ်သွားတဲ့အထိပါပဲ…”

ထိုအမျိုးသားသည် ဆက်ပြောလေသည်။

“ငါ ရှေ့ထွက်လာရတာတွေ သဘောမကျဘူး…”

မေရီသည် ပူနေသည့် လက်ဖက်ရည်ကို အသာမှုတ်ကာ မျက်လုံးလှန်ကြည့်ရင်းပြောလေ၏။

“နောက်ပြီး…”

မေရီသည် လက်ဖက်ရည်တစ်ငုံအရင်သောက်၏။ ပြီးမှသူမကို ကြည့်နေသည့် အက်ဗ်နာကို ပြန်ကြည့်ကာ…

“အရင်ဆုံး မင်းဘက်က ငါ့ကို ဘာပေးနိုင်တယ်ဆိုတာကို ပြောကြည့်ပါလား မင်းရဲ့ ဟန်ဆောင်မှုတွေထက် ငါ ဘာရနိုင်တယ်ဆိုတာကို ပိုပြီးစိတ်ဝင်စားတယ်…”

သူမ၏ မျက်လုံးများထဲ အက်ဗ်နာသည် စိုက်ကြည့်လာ၏။ မေရီ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့ညွှတ်သွားကာ…

“အစစ်အမှန်ဇာတ်လမ်းတွေက ငါ့အတွက်အရေးမကြီးလှပါဘူး…”

မေရီသည် ခပ်အေးအေးပြောလေသည်။

“ငါ့အတွက်အရေးကြီးတာက မင်းက ငါ့ကို ဘာ ကမ်းလှမ်းနိုင်မယ်ဆိုတာပါပဲ…”

မျက်နှာပျက်သွားသည့် အမျိုးသားလေးကိုကြည့်ကာ မေရီသည် ပခုံးကိုအသာတွန့်၍…

“ငါ ဘယ်ဟာတစ်ခုကိုမှ စိတ်မဝင်စားပါဘူး မင်းရဲ့စကားတွေမှာ မုသားက ပိုများတယ်ဆိုတာနဲ့ အာဗဲလ်ရဲ့အဆိပ်သင့်မှုက မင်းနဲ့ ပတ်သက်နေတယ်ဆိုတာရယ်…”

သူမသည် လက်ဖက်ရည်နောက်ထပ်တစ်ငုံကို ခပ်အေးအေးသောက်လိုက်သေး၏။ ထို့နောက် အက်ဗ်နာကို ပြုံးတုံ့တုံ့ဖြင့်ပြန်ကြည့်ကာ…

“ငါ့မှာ သူ့ကိုပြန်ကုသပေးလို့ရတဲ့ နည်းလမ်းရှိသေးတာတွေရောပေါ့…”

မျက်နှာတည်သွားသည့် အမျိုးသားကိုကြည့်ကာ မေရီ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချသည်။

“ဒီတော့…ငါတို့ဘာလို့ လိုရင်းကိုပဲ မပြောကြတာလဲ…”

သူမ ခပ်အေးအေးပြောလေသည်။

အခန်းသည် တိတ်ဆိတ်သွား၏။

အဲရစ်သည် ရပ်နေရင်းဖြင့် မေရီနှင့်အက်ဗ်နာဟုခေါ်သည့် အမျိုးသားကို ကြည့်လေသည်။ မေရီနှင့်သူတို့ လမ်းမှာပြောခဲ့သည့် စကားများအရ အက်ဗ်နာသည် လက်ရှိမှော်အစည်းအရုံး၏ ဦးဆောင်သူဖြစ်သည့် အာဗဲလ်၏ တစ်ဦးတည်းသောတပည့်လည်းဖြစ်သလို အားကိုးရသည့်သူလည်းဖြစ်သည်။ အာဗဲလ်သည် မှော်ဝင်သားရဲများ၏ တိုက်ခိုက်မှုလှိုင်းတွင် အဆိပ်မိခဲ့ပြီး နှစ်ငါးဆယ်တိတိ ဖြေဆေးရှာဖွေ၍မရဘဲ တဖြည်းဖြည်း လုံးပါးပါးလာခဲ့၏။

နတ်ဆေးသမားတော်ဟု အမည်ကျော်ကြားသည့် မေရီ့၏ တပည့်ဖြစ်သူ စင်း နှင့် မေရီသည် ဝင်ပါခြင်းမရှိသဖြင့် စုန်းကဝေအဖွဲ့အစည်းသည် ထိုနှစ်ယောက်ကို ရှာဖွေခြင်းမရှိ။ သမားတော် အကျော်အမော်မြောက်မြားစွာသည် စင်းထံသို့ သွားရန် တိုက်တွန်းကြသော်လည်း အဖြူရောင်စုန်းကဝေများသည် မာနကြီးလွန်းခဲ့သည်။

မေရီကတော့ အဖြူရောင်စုန်းကဝေများကမာနကြီးခြင်းကြောင့်ဟု ဆိုသော်လည်း…

အဲရစ်မျက်လုံးထောင့်ကပ်ကြည့်၏။

သူ ထင်တာတော့…

မေရီက ကြေးကြီးတာကြောင့် သူတို့တွေ ငြိမ်နေတာပဲဖြစ်လောက်မယ်…

ဒါက သူ့အတွေးသက်သက်ပါ… သူ မေရီ့ကိုမပြောရဲပါဘူး။

အနေခက်လောက်အောင် တိတ်ဆိတ်သွားမှုသည် အချိန်အတော်ကြာပေ၏။ အဲရစ်သည် အသက်ပင် ရဲရဲမရှူရဲ။ မေရီ့ဘေးတွင်သာ ငြိမ်ငြိမ်လေး ရပ်နေဖြစ်ခဲ့သည်။ မေရီ… မေရီဟာ ဘာကြောင့်များ ရဲတင်းလွန်းရတာလဲ။ တကယ်လို့ တိုက်ခိုက်မှုတွေဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ မေရီက ခွန်အားကြီးတယ်ဆိုပေမဲ့ တစ်ဖက်သူကလည်း မေရီနဲ့တွေ့ဖို့ကို မပြင်မဆင်ဘဲ လာမှာတော့ ဟုတ်လိမ့်မှာမဟုတ်ဘူးလေ။

အဲရစ်သည် တိတ်ဆိတ်မှုကြားတွင် စိတ်မရှည်သော်လည်း ငြိမ်ဝပ်၍သာ နေနေရ၏။

မေရီ…

မေရီ…

မေရီ…

ထိုအမည်တစ်ခုကိုသာ သူ့အတွေးထဲတွင် ပဲ့တင်ထပ်လုနီးနီးရေရွတ်နေဖြစ်ခဲ့သည်။ ဘာကြောင့် မေရီဟာ ထောင်လွှား၊ ရဲတင်းကာ အကြောက်အလန့်ကင်းလွန်းရတာလဲ။ သူ့ကို ဝိညာဉ်ဆိုးတို့ ပြောပြဖူးသည့်အတိုင်း မေရီသည် ဤကမ္ဘာမြေတွင် စွမ်းအားထက်ဆုံးသော စုန်းမလေးတစ်ယောက်လား။

“မေရီ…”

တစ်ဖက်သူ၏ အသံအနေအထားသည် ရိုကျိုးမှုမှ အလုပ်သဘောဆန်သည့် အနေအထားသော ပြောင်းသွား၏။ သခင်မမေရီဟုပင် မခေါ်တော့သည့် ထိုသူကို အဲရစ်သည် တစ်ချက်ကြည့်၏။ လက်တန်းပေါ်မှ မြွေသည်ခေါင်းတစ်ချက်ထောင်လာသလို စားပွဲအောက်မေရီ့ခြေထောက်နားတွင် အိပ်နေသည့် ကြောင်နက်သည်လည်း မျက်လုံးတစ်ဖက်ဖွင့်ကြည့်ဖြစ်ခဲ့သည်။

အခန်းတွင်းရှိ အနေအထားသည် ချက်ချင်းပင် တိုက်ပွဲတစ်ခု ဖြစ်လုနီးနီးအနေအထားသို့ ရောက်တော့မလိုလို။

“စစ်သူကြီးဗေဒါအနေနဲ့ အဲ့လောက်လည်း စိတ်မပူပါနဲ့ ကျွန်တော် တစ်ယောက်တည်းလာတာပါ မေရီ့ကို ကျွန်တော် အန္တရာယ်ပေးဖို့ စိတ်ကူးမရှိပါဘူး…”

ခေါင်းထောင်နေသည့်ဟန်ဖြင့် ထောင်လွှားသည့် နှာမှုတ်သံတစ်ချက်ပြုပြီးနောက် ခေါင်းပြန်ဝပ်သွားလေ၏။ ကြောင်နက်သည် တစ်ချက်သမ်းဝေကာ နဂိုအတိုင်းပြန်အိပ်သွားခဲ့သည်။ အဲရစ်သည် မေရီ့ကိုကြည့်၏။

“ကျွန်တော်တို့ လိုရင်းကိစ္စကိုပဲ သွားကြတာပေါ့…”

“အင်း…”

“တကယ်လို့ မေရီသာ ဒီကိစ္စတွေအကုန်လုံးကို ဘေးထွက်နေပေးမယ်ဆိုရင် ကျွန်တော် အကြီးအကဲဖြစ်လာတာနဲ့ မေရီလိုချင်တဲ့ ဝိညာဉ်အမြုတေ တွေကို စမ်းသပ်ဖို့ ပေးလို့ရတယ်…”

မေရီ၏ နှုတ်ခမ်းထောင့်များသည် မသိမသာတစ်ချက်တွန့်သွားသည်။

“မေရီက ဝိညာဉ်အမြုတေတွေကို စမ်းသပ်ဖို့ လိုအပ်ကြောင်း ကျွန်တော်သိတာပဲ… နောက်ပြီး…”

အက်ဗ်နာသည် မေရီ့မျက်နှာကို စူးစိုက်ကြည့်သည်။

“မေရီ့ရဲ့လေ့လာစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး စုန်းလိုက်မုဆိုးတွေရန်ကနေ ကျွန်တော် ကာကွယ်ပေးမယ်… မေရီက ကျွန်တော်တို့ အစည်းအရုံးမှာ မှတ်ပုံတင်ထားခြင်းမရှိပေမဲ့လည်း မေရီ့ကို အခြားသော စုန်းတွေထက်သာတဲ့ အခွင့်အရေးကို ကျွန်တော်ပေးလို့ရတယ်…”

မေရီသည် ငြိမ်သက်စွာသာ နားထောင်နေခဲ့၏။ ဝိညာဉ်အမြုတေ… ဝိညာဉ်ပိုင်ဆိုင်သည့် မည့်သည့် သတ္တဝါမဆို သေဆုံးပြီးပါက အမြုတေသည် ကျန်ရစ်ခဲ့သည်။ လူတို့၏ ဝိညာဉ်အမြုတေသည် အားနည်းပြီး အသုံးမဝင်သလို တော်တော်နှင့်လည်း မရနိုင်။ ထို့အတွက် သူမသည် သုဘရာဇာထံတွင် သွားရောက်ကာ ဝိညာဉ်အမြုတေကို ယူရလေ့ရှိ၏။ သူမ၏ စမ်းသပ်မှုများ။ မေရီသည် အပ်ဗ်နာကို အန္တရာယ်ရှိသည့် မျက်လုံးများဖြင့် ကြည့်သည်။

သူ့တစ်ကိုယ်လုံးကို ကြီးမားသည့် သံမဏိလက်တစ်ဖက်က ဆုတ်ကိုင်ထားသည်ဟု အက်ဗ်နာသည် ခံစားလိုက်ရ၏။ မေရီ့ရဲ့ စမ်းသပ်မှုတွေအကြောင်းကို ပြောလိုက်တာက မှားယွင်းမှုတစ်ခုလား။ သို့သော် ထိုကိစ္စကို မပြောဘူးဆိုလျှင် ညှိနှိုင်းဖို့ရာလည်း မလွယ်ကူဘူးလေ။ မေရီမှသူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖိနှိပ်လာသည့် ဝိညာဉ်စွမ်းအားကို သူ မသိကျိုးကျွံသာ ပြုလိုက်၏။ ရုန်းကန်ခြင်းမပြုဘဲ သူ့စိတ်ရင်းသည် မှန်ကန်ပါကြောင်း မေရီ့ကို သူ ပြသသည်။ မေရီဟာ ဒီလောက်ဆိုရင် ကျေနပ်လောက်မယ် ထင်ပါရဲ့။

သူမ ကျေနပ်လောက်အောင် အက်ဗ်နာကို ဖိနှိပ်ပြီးချိန်တွင် မေရီသည် သူမ ထုတ်လွှတ်ထားသည့် ဝိညာဉ်စွမ်းအားကို ဖြေလျော့ပေးလိုက်လေသည်။

အဲရစ်သည် မျက်နှာတစ်ခုလုံးဖြူဆုတ်ပြီး ချွေးစေးများပြန်ကာ အသက်ကိုဝအောင်ရှူနေသည့် အမျိုးသားကို ကြည့်လေ၏။ မေရီသည် သူမ ကိစ္စတို့ကို ပြောလာလျှင် သဘောမကျ။ သူမနှင့်ပတ်သက်သည့် အရာတို့ကို မှားမှားမှန်မှန်ပြောလျှင် သဘောမကျ။ ထို့အတွက် သူ့ကို မေရီသည် ဒေါသထွက်ခဲ့ခြင်းဖြစ်လောက်သည်။ သူ ထိုအရာကို သတိထားဆင်ခြင်ရလိမ့်မည်။

“ဆက်ပြောပါဦး…”

မေရီသည် ခပ်အေးအေးဖြင့် တစ်ဖက်သူကို ဆက်မေးလေ၏။

“ကျွန်တော်တို့ကြားမှာ မဟာမိတ်ရှိကြောင်းကို မေရီ တစ်ခုခုလုပ်ပေးရင်အဆင်ပြေပါတယ်…”

မေရီသည် ငြိမ်သက်စွာသာ နားထောင်နေသေးဆဲ။ မေရီ၏ ဆက်ပြော၍ရသည်ဆိုသည့် အနေအထားကြောင့် အက်ဗ်နာသည် ရဲတင်းစွာဖြင့်…

“ကျွန်တော်တို့ စုန်းကဝေအဖွဲ့အစည်းမှာ မေရီ့ရဲ့တပည့်တစ်ယောက်ကို မှတ်ပုံတင်ခိုင်းပြီး အရေးကြီးပြီး မဖြစ်မနေဆန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းပေးပါ…”

အခန်းတစ်ခုလုံးသည် တိတ်ကျသွားပြန်ခဲ့သည်။ ငြိမ်ဝပ်နေသည့် မြွေ၊ မေရီ့ခြေထောက်နားရှိကြောင်နက်၊ အခန်းဝင်ပေါက်အနီးရှိ ကျီးတို့၏ မျက်လုံးများသည် ပွင့်လာခဲ့ပြီး သူတို့၏ မျက်လုံးများသည် တောက်ပနေခဲ့ကြသည်။

------------

Zawgyi


စုန္းကေဝအဖြဲ႔အစည္းႏွင့္စုန္းလုိက္မုဆိုးမ်ားသည္ သင့္ျမတ္ၾက၏။

သို႔ေသာ္ ထိုသင့္ျမတ္မႈသည္ အေပၚယံသာျဖစ္သည္။

စုန္းမ်ားကို စုန္းလုိက္မုဆိုးမ်ားက မုန္းတီးသလို

စုန္းမ်ားသည္လည္း စုန္းလုိက္မုဆိုးမ်ားအေပၚတြင္ တူညီသည့္ မုန္းတီးျခင္းရွိ၏။

စုန္းႏွင့္စုန္းလုိက္မုဆိုးမဟုတ္သည့္ သာမန္လူမ်ားကို မထိခုိက္ေစဖို႔ရာ သူတုိ႔သည္ အေပၚယံ မဟာမိတ္ဖြဲ႔ထားၾကသည္။

သူတုိ႔၏ ဆက္ဆံေရးသည္ အခ်ိန္မေရြးကြဲအက္သြားႏိုင္သည့္ ပါးလႊာသည့္ ေရခဲလႊာတစ္ခုသာျဖစ္၏။

အပိုင္း - ၁၀ : မဟာမိတ္။

‘လူတုိ႔သည္ မိမိ၏အေတြးမ်ားကို အျခားသူမ်ားက ေျပာသည္ကို ႏွစ္သက္ေလ့ရွိၾက၏။ လူတုိ႔သည္ အျခားသူမ်ား၏ ဂရုစိုက္ျခင္းကို ခံလုိသည့္ မ်ိဳးစိတ္တစ္ခုျဖစ္သည္။’

“ငါေျပာျပမယ္ တကယ္ေတာ့ က်ဴးဒုိစ့္က…”

ကေလးထိန္းသည့္အမႈတြင္ ေဗဒါသည္ ကြ်မ္းက်င္သည္ဟု ယူဆ၍ရသည္။ ေဗဒါေျပာျပသမွ်ကို နားေထာင္ရင္းႏွင့္ အဲရစ္သည္ ခဏတြင္းခ်င္းပင္ သူတုိ႔ႏွင့္ ရင္းႏီွးလာေတာ့၏။ အဲရစ္က မည္သုိ႔ပင္ နတ္ဆုိးတစ္ပုိင္းျဖစ္ေနပါေစ၊ မည္သို႔ပင္ ေတာ္ဝင္ေသြးျဖစ္သည့္ ဖခင္မွ ေမြးဖြားလာပါေစ သူသည္ အသက္ခုနစ္ႏွစ္စြန္းစြန္းသာ ရွိေသးသည့္ ကေလးငယ္ေလးတစ္ေယာက္သာ ျဖစ္သည္မဟုတ္လား။

“စကားေတြမ်ားလုိက္တာ!”

ေဗဒါေျပာေနသည္မ်ားကို အာရံုစိုက္နားေထာင္ေနခ်ိန္တြင္ အသံတစ္သံသည္ ထြက္လာခဲ့၏။ အသံလာသည့္ေနရာကို ၾကည့္လုိက္ခ်ိန္တြင္ အယ္လမ္သစ္ပင္၏ အနိမ့္ဆံုးသစ္ကိုင္းတြင္ နားေနၿပီး သူတုိ႔ကိုငံု႔ၾကည့္ေနသည့္ က်ီးငွက္တစ္ေကာင္။ ထိုက်ီးငွက္၏ မ်က္လံုးနက္နက္မ်ားသည္ သူ႔ထံတြင္ စူးစိုက္ေနခဲ့သည္။ အဲရစ္၏ အရာရာကို မယံုႏိုင္သည့္ အက်င့္ေလးသည္ ျပန္ေပၚလာေတာ့၏။ သူ႔ ခႏၶာကိုယ္သည္ သတိအေနအထား ျဖစ္သြားကာ သူ ထုိက်ီးကန္းကို ျပန္လည္စူးစိုက္ၾကည့္ေနခဲ့သည္။

ေဗဒါသည္ သက္ျပင္းရိႈက္၍ သစ္ပင္ေပၚကို ေမာ့ၾကည့္ေလ၏။ ဒီေရဗင္ဆုိတဲ့ ေကာင္စုတ္ဟာ ဘာေၾကာင့္မ်ား သူ႔ရဲ႕ အလုပ္ေကာင္းေလးကို ဖ်က္ဆီးရတာလဲ!

“ေရဗင္… အဲရစ္ကလည္း စစ္သူႀကီးေတြထဲက တစ္ေယာက္ပဲေလ…”

ျဖန္ေျဖေပးသူတစ္ေယာက္၏ ဟန္မ်ိဳးျဖင့္ သူ စကားစ၏။

“ေနာက္ၿပီး အဲရစ္က ကေလးေလးရွိေသးတာ သူ႔ကို ေလသံမာမာႀကီးနဲ႔မေျပာသင့္ဘူး…”

“ေျမြစုတ္ ပါးစပ္ေလးပိတ္ထားလုိက္စမ္း… မင္းလား ၾကင္နာသနားတတ္တဲ့သူျဖစ္မွာ…”

အနက္ေရာင္မီးခိုးမ်ားျဖင့္ လႊမ္းျခံဳထားသည့္ က်ီးကန္းသည္ ေဗဒါကို ေအာ္ဟစ္ေလ၏။

“ေနာက္ၿပီး မင္း…”

က်ီးမည္းသည္ သူ႔ကို သတိထားေနသည့္ မ်က္လံုးဝါမ်ားျဖင့္ ေကာင္ကေလးကို ၾကည့္သည္။

“ကံေကာင္းလုိ႔ မင္း စစ္သူႀကီးတစ္ေယာက္ျဖစ္လာတာ… မင္းရဲ႕အရည္အခ်င္းနဲ႔ဆုိ ဆယ္ဘဝေလာက္ႀကိဳးစားရင္ေတာင္ မျဖစ္ႏုိင္ဘူး…”

“ေရဗင္ မင္းဘာလုိ႔ျပန္လာတာလဲ…”

က်ဴးဒိုစ့္သည္ ပ်င္းေၾကာဆန္႔ကာ ျမက္ခင္းျပင္မွ ျမက္စိမ္းမ်ားကို လက္သည္းျဖင့္ အသာျခစ္ရင္း ေမးေလ၏။ က်ီးမည္းသည္ ေကာင္ကေလးကို ထပ္မံေျပာမည့္ စကားတုိ႔ကိုရပ္ကာ က်ဴးဒိုစ့္ဘက္လွမ္းၾကည့္သည္။

“အဲ့ဒီ သတင္းစကားပို႔တဲ့ ေစာက္ငပ်င္းက မလုပ္လို႔ ငါကိုယ္တုိင္ေရာက္လာရတာ…”

“သခင္မနဲ႔ေတြ႔ၿပီးၿပီလား…”

“ငါက သခင္မနဲ႔အရင္မေတြ႔ေသးဘဲ လာမလား…”

က်ဴးဒိုစ့္ထံမွ ေလးလံသည့္ဖိအားတုိ႔သည္ လွ်ံထြက္လာေတာ့၏။ သူ႔ကို မျမင္ရသည့္ လက္ႀကီးႀကီးတစ္ဖက္မွ တင္းၾကပ္စြာ ဆုတ္ကိုင္ထားသည္ဟု အဲရစ္ ခံစားလုိက္ရသည္။ ေရဗင္ႏွင့္ေဗဒါသည္လည္း ၿငိမ္သက္သြား၏။ ေဗဒါသည္ သစ္ပင္ေပၚမွ ေရဗင္ကို အျပစ္တင္သည့္ မ်က္လံုးမ်ားျဖင့္ ေမာ့ၾကည့္သည္။ ဒီငနာေကာင္သာ ကက္ကက္လန္မစြာေနရင္ က်ဴးဒိုစ့္ ေဒါသထြက္မွာမဟုတ္ဘူး။ က်ဴးဒိုစ့္က သူ႔ကို မထီမဲ့ျမင္လုပ္တာကို အမုန္းဆံုးပဲ။

ေရဗင္သည္လည္း အဲရစ္ကို ေဒါသထြက္ထြက္ျဖင့္ ေျပာေနရင္းမွ က်ဴးဒိုစ့္ကိုပါ ေျပာလိုက္မိသည္ကို သတိထားမိကာ ၿငိမ္က်သြား၏။ သူ႔ မ်က္ေစာင္းမ်ားက အသက္ရွဴရခက္ခဲေနသည့္ အဲရစ္ထံေရာက္သြားေလ၏။

“ဘာေတြျဖစ္ေနၾကတာလဲ…”

အနက္ေရာင္ဂါဝန္ရွည္၊ ဦးထုပ္ျဖင့္ ထြက္လာသည့္ ေမရီကိုၾကည့္ၿပီး သူတို႔အကုန္လံုးၿငိမ္က်သြား၏။ ေမရီသည္ ကယ္တင္ရွင္ျဖစ္သည္ဟု အဲရစ္ခံစားလုိက္ရသည္။ မဟုတ္လွ်င္ ထိုဖိအားၾကားတြင္ သူေတာ့ အသက္ေပ်ာက္ႏုိင္ေခ်ရွိသည္။

“ငါတုိ႔အခု အျပင္သြားရမယ္…”

သူမသည္ ရွိေနသည့္ ငါးဦးလုံးကို ေဝ့ၾကည့္၏။

“နင္တုိ႔အကုန္ရွိေနတာ ေကာင္းတာေပါ့… ငါနဲ႔လုိက္ခဲ့လုိ႔ရတယ္…”

ေမရီသည္ အယ္လမ္သစ္ပင္ကုိ ၾကည့္၏။ သစ္ပင္အနားသို႔ က်က္သေရရွိစြာ ေျခလွမ္းလာကာ အနားေရာက္ခ်ိန္တြင္ အနက္ေရာင္လက္အိတ္ပါးဝတ္ထားသည့္ သူမ၏ လက္ေခ်ာင္းသြယ္ေလးမ်ားျဖင့္ ပင္စည္ကို အသာကိုင္၍…

“အယ္လုိဝင္း… လိမၼာတဲ့ကေလးမေလး…”

အယ္လမ္သစ္ပင္သည္ ၾကည္ႏူးသည့္ခံစားခ်က္ျဖင့္ သူမ၏ သစ္ရြက္မ်ားကို တရွဲရွဲလႈပ္ျပသည္။ မ်ားေသာအားျဖင့္ သူမသည္ တစ္ေနရာတည္းတြင္သာ ရွိေနရၿပီး ေမရီႏွင့္လုိက္ပါခြင့္မရွိသည္။ သူမက တစ္ေနရာတည္းတြင္ အျမစ္တြယ္ထားရသည္ကိုး။ သုိ႔ေသာ္လည္း ေမရီသည္ သူမကုိ ခ်စ္သည္။ သူမကို ၾကင္နာသည္။ ထို႔အတြက္ သူမသည္ အျခားေသာ စစ္သူႀကီးမ်ားကဲ့သို႔ လုိက္ပါခြင့္မရွိလွ်င္ေတာင္ ေမရီ၏ အိမ္ကို ကာကြယ္ေပးရျခင္းအတြက္ ေက်နပ္၏။

“ငါ မရွိတုန္း ဒီေနရာကိုေစာင့္ေရွာက္ေပးထားဦးေနာ္…”

>>>>><<<<<

“တကယ္ဆုိရင္ မင္းအေနနဲ႔ သူနဲ႔ေတြ႔စရာကို မလုိတာ…”

“ငါ သူနဲ႔မေတြ႔လုိ႔မရဘူးေလ…”

ေရခြက္ထဲမွ ပံုရိပ္ႏွင့္အမ်ိဳးသားတစ္ေယာက္သည္ စကားေျပာေနခဲ့သည္။

“မင္းကို သူက အခုေစာင့္ခုိင္းထားတာ ဘယ္ေလာက္ၾကာေနၿပီလဲ… ဒါ အရွက္ရစရာကိစၥပဲ…”

“ငါတုိ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္ေျမာက္ဖို႔အတြက္ ဘယ္ေလာက္ပဲ အရွက္ရတဲ့ကိစၥျဖစ္ျဖစ္ ငါတုိ႔ သည္းခံရမယ္…”

ေရခြက္ထဲမွ ပံုရိပ္၏ မေက်နပ္မႈကို ျပင္ပရွိအမ်ဳိးသားသည္ ေျဖသိမ့္သည့္ေလသံျဖင့္ ေျပာေလ၏။ ေရခြက္ထဲရွိ ပံုရိပ္သည္ မေက်နပ္သည့္ ႏွာမႈတ္သံတစ္ခ်က္ျပဳေလသည္။

“သူလာၿပီ…”

အိမ္ထဲရွိအမ်ိဳးသားေျပာခ်ိန္တြင္ ေရခြက္ထဲမွပံုရိပ္သည္ ေပ်ာက္ကြယ္သြားကာ အသံပိုင္ရွင္၏ ပံုရိပ္သာ ထင္က်န္ရစ္ေတာ့၏။

“ဘာကိစၥရွိလို႔လဲ…”

ေမရီသည္ အိမ္တံခါးဝတြင္ ရပ္သည္ႏွင့္ သူမကို ၾကည့္လာသည့္ အမ်ဳိးသားေလးကို ေမးခြန္းထုတ္ေလသည္။ တုိက္ပုေလးတစ္လံုး။ ထိုတိုက္ပုေလးသည္ ေဆးဖက္ဝင္အပင္မ်ားရွိသည့္ ျခံဝန္းေလးတစ္ခုတြင္ရွိသည္။ ထိုျခံဝန္းေလးသည္ ေမရီပိုင္ဆုိင္သည့္ ေတာအုပ္ပိုင္နက္၏အစပ္တြင္ရွိ၏။ ထိုအနီးတစ္ဝိုက္တြင္ ၾကယ္သံုးပြင့္အဆင့္ေမွာ္သားရဲတုိ႔ က်က္စားေလ့ရွိၾကသည္။ ထိုတုိက္ပုေလးသည္ ေမရီ႕၏ ပိုင္ဆုိင္မႈမ်ားထဲမွ တစ္ခုျဖစ္သည္။

“သခင္မေမရီ…”

အက္ဗ္နာသည္ ေမရီ႕ကို လွမ္းၾကည့္၏။ ရိုက်ိဳးဟန္ရွိသည့္ မ်က္လံုးမ်ားထဲတြင္ မနာလိုဝန္တိုျခင္းႏွင့္ရြံမုန္းျခင္းတုိ႔ ရွိေနေသာ္လည္း ပိရိစြာသူသည္ ဖံုးကြယ္ထားခဲ့၏။

ေမရီသည္ တစ္ဖက္အမ်ိဳးသားမွ ဖံုးဖိထားေသာ စိတ္ခံစားခ်က္မ်ားကို ခံစားသိရွိေသာ္လည္း သူမသည္ မ်က္ႏွာေသျဖင့္သာ ထိုအမ်ိဳးသားကို ၾကည့္ေနဆဲ။ ထို႔ေနာက္ အၾကည့္လႊဲၿပီး ကိုယ္ေပၚမွေျမေခြးသားရဲျခံဳလႊာ ခြ်တ္ၿပီးေနာက္ ေမရီသည္ ေဘးသို႔ကမ္းေပးေလသည္။ အျခားသူမ်ားက တိရိစၦာန္အသြင္သာ ယူထားသည္မုိ႔အဲရစ္သည္ ေမရီ႕လက္ထဲမွ သားေမႊးျခံဳလႊာကို ရိုက်ိဳးစြာကိုင္ထားလုိက္ေလ၏။ ေမရီ႕ေဘးမွ အဲရစ္ကို ျမင္ခ်ိန္တြင္ ထိုအမ်ိဳးသား၏ မ်က္လံုးမ်ားသည္ ေမွးက်ဥ္းသြားခဲ့သည္။

“ထိုင္ပါ…”

အက္ဗ္နာအမည္ရွိ အမ်ိဳးသားကို ေျပာၿပီးေနာက္ ေမရီသည္ ေကာ္ဖီစားပြဲတြင္ ဝိုင္ထိုင္လိုက္၏။ ခံုေအာက္သူမ၏ ေျခေထာက္နားတြင္ က်ဴးဒိုစ့္သည္ အိပ္ေနခဲ့ၿပီး ေဗဒါသည္ ေမရီ႕လက္တန္းေပၚတြင္ ေခြေနခဲ့သည္။ ေရဗင္သည္ အိမ္အေပါက္နားတြင္ နားေနခဲ့ၿပီး အဲရစ္သည္ ေမရီ႕ေဘးတြင္ ေက်းကြ်န္ပီသစြာျဖင့္ ၿငိမ္ၿငိမ္ေလးရပ္ေနခဲ့၏။

“ကြ်န္ေတာ့္ကို လက္ခံေတြ႔ဆံုေပးတာ ေက်းဇူးတင္ပါတယ္…”

“အာဗဲလ္ရဲ႕အေျခအေနက သိပ္မေကာင္းေတာ့ဘူးလို႔ သူတုိ႔ဆိုၾကတယ္…”

ေမရီသည္ ခပ္ေအးေအးေျပာေလ၏။

“သတင္းေတြပ်ံ႕ႏွံ႔ေနတာကိုေတာ့ သခင္မေမရီလည္း ၾကားမွာပါ ဆရာက…”

ထိုအမ်ိဳးသားေလး၏ မ်က္ႏွာသည္ ညိွဳးက်သြား၏။

“ဆရာက ဒီေတာင္ကိုေက်ာ္ႏုိင္မဲ့ပံု မေပၚေတာ့ပါဘူး…”

တိုးတိမ္သြားသည့္ အသံသည္ သူ႔ဆရာအတြက္ အလြန္ပူေဆြးေနသည့္ တပည့္တစ္ဦး၏ အသံမ်ိဳး။ ေမရီသည္ မည္သည့္စကားကိုမွ်မဆုိ။ သူမ၏ အေရွ႕တြင္ရွိေနသည့္ လက္ဖက္ရည္ခြက္ကိုသာ ၾကည့္ေနခဲ့သည္။

“ဆရာက ဒီအစည္းအရံုးအတြက္ အရမ္းကိုအားစိုက္ခဲ့တာ သူ႔ဘဝတစ္ခုလံုးကို ဒီထဲမွာပဲ သူ ျမွဳပ္ႏွံခဲ့တာ…”

ခပ္တုိးတိုးအသံျဖင့္ ထိုအမ်ိဳးသားေလးသည္ ေျပာေလ၏။ ေမရီသည္ သူမ ေရွ႕မွ လက္ဖက္ရည္ခြက္ကိုသာ ၾကည့္ေနဆဲ။

“တကယ္လို႔ ဆရာသာ မရွိရင္ အဖြဲ႔အစည္းႀကီးက ရႈပ္ေထြးမႈေတြျဖစ္ကုန္မွာ…”

ေမရီသည္ ညည္းေငြ႔စြာသာ ထိုေကာင္စုတ္ေလးေျပာသည္ကို နားေထာင္ေနခဲ့သည္။ အျဖစ္အပ်က္အမွန္ကုိ သူမ မသိဘူးဟု ထိုေကာင္စုတ္ေလးက ထင္ေနတာလား။

ထားပါေတာ့ သူ ကခ်င္တယ္ဆုိလည္း ကပါေစေလ…

သူမကေတာ့ မသိသူတစ္ေယာက္လိုေနေနရတာကိုပဲ သေဘာက်တာမုိ႔။

“သခင္မေမရီ…”

ေမရီသည္ မ်က္ႏွာတည္တည္ႏွင့္သာ အက္ဗ္နာကိုၾကည့္သည္။

“သခင္မသာ စိတ္မရွိဘူးဆိုရင္ ကြ်န္ေတာ့္ကို ကူညီေပးလုိ႔ရမလား…”

ေမရီသည္ လက္ဖက္ရည္ခြက္ကို လွမ္းကိုင္၏။ အေငြ႔ထေနေသးသည့္ လက္ဖက္ရည္ခြက္ကိုၾကည့္ကာ ဆက္ေျပာလာမည့္ စကားကို သူမ နားေထာင္ေနခဲ့သည္။

“အေျခအေနတည္ၿငိမ္သြားတဲ့အထိပါပဲ…”

ထိုအမ်ိဳးသားသည္ ဆက္ေျပာေလသည္။

“ငါ ေရွ႕ထြက္လာရတာေတြ သေဘာမက်ဘူး…”

ေမရီသည္ ပူေနသည့္ လက္ဖက္ရည္ကို အသာမႈတ္ကာ မ်က္လံုးလွန္ၾကည့္ရင္းေျပာေလ၏။

“ေနာက္ၿပီး…”

ေမရီသည္ လက္ဖက္ရည္တစ္ငံုအရင္ေသာက္၏။ ၿပီးမွသူမကို ၾကည့္ေနသည့္ အက္ဗ္နာကို ျပန္ၾကည့္ကာ…

“အရင္ဆံုး မင္းဘက္က ငါ့ကို ဘာေပးႏိုင္တယ္ဆုိတာကို ေျပာၾကည့္ပါလား မင္းရဲ႕ ဟန္ေဆာင္မႈေတြထက္ ငါ ဘာရႏိုင္တယ္ဆုိတာကို ပိုၿပီးစိတ္ဝင္စားတယ္…”

သူမ၏ မ်က္လံုးမ်ားထဲ အက္ဗ္နာသည္ စိုက္ၾကည့္လာ၏။ ေမရီ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ ေကာ့ညႊတ္သြားကာ…

“အစစ္အမွန္ဇာတ္လမ္းေတြက ငါ့အတြက္အေရးမႀကီးလွပါဘူး…”

ေမရီသည္ ခပ္ေအးေအးေျပာေလသည္။

“ငါ့အတြက္အေရးႀကီးတာက မင္းက ငါ့ကို ဘာ ကမ္းလွမ္းႏုိင္မယ္ဆိုတာပါပဲ…”

မ်က္ႏွာပ်က္သြားသည့္ အမ်ိဳးသားေလးကိုၾကည့္ကာ ေမရီသည္ ပခံုးကိုအသာတြန္႔၍…

“ငါ ဘယ္ဟာတစ္ခုကိုမွ စိတ္မဝင္စားပါဘူး မင္းရဲ႕စကားေတြမွာ မုသားက ပိုမ်ားတယ္ဆိုတာနဲ႔ အာဗဲလ္ရဲ႕အဆိပ္သင့္မႈက မင္းနဲ႔ ပတ္သက္ေနတယ္ဆုိတာရယ္…”

သူမသည္ လက္ဖက္ရည္ေနာက္ထပ္တစ္ငံုကို ခပ္ေအးေအးေသာက္လုိက္ေသး၏။ ထို႔ေနာက္ အက္ဗ္နာကို ျပံဳးတံု႔တံု႔ျဖင့္ျပန္ၾကည့္ကာ…

“ငါ့မွာ သူ႔ကိုျပန္ကုသေပးလုိ႔ရတဲ့ နည္းလမ္းရွိေသးတာေတြေရာေပါ့…”

မ်က္ႏွာတည္သြားသည့္ အမ်ိဳးသားကိုၾကည့္ကာ ေမရီ လက္ထဲမွ လက္ဖက္ရည္ခြက္ကို ခ်သည္။

“ဒီေတာ့…ငါတုိ႔ဘာလုိ႔ လုိရင္းကိုပဲ မေျပာၾကတာလဲ…”

သူမ ခပ္ေအးေအးေျပာေလသည္။

အခန္းသည္ တိတ္ဆိတ္သြား၏။

အဲရစ္သည္ ရပ္ေနရင္းျဖင့္ ေမရီႏွင့္အက္ဗ္နာဟုေခၚသည့္ အမ်ိဳးသားကို ၾကည့္ေလသည္။ ေမရီႏွင့္သူတုိ႔ လမ္းမွာေျပာခဲ့သည့္ စကားမ်ားအရ အက္ဗ္နာသည္ လက္ရွိေမွာ္အစည္းအရံုး၏ ဦးေဆာင္သူျဖစ္သည့္ အာဗဲလ္၏ တစ္ဦးတည္းေသာတပည့္လည္းျဖစ္သလို အားကိုးရသည့္သူလည္းျဖစ္သည္။ အာဗဲလ္သည္ ေမွာ္ဝင္သားရဲမ်ား၏ တုိက္ခုိက္မႈလိႈင္းတြင္ အဆိပ္မိခဲ့ၿပီး ႏွစ္ငါးဆယ္တိတိ ေျဖေဆးရွာေဖြ၍မရဘဲ တျဖည္းျဖည္း လံုးပါးပါးလာခဲ့၏။

နတ္ေဆးသမားေတာ္ဟု အမည္ေက်ာ္ၾကားသည့္ ေမရီ႕၏ တပည့္ျဖစ္သူ စင္း ႏွင့္ ေမရီသည္ ဝင္ပါျခင္းမရွိသျဖင့္ စုန္းကေဝအဖြဲ႔အစည္းသည္ ထိုႏွစ္ေယာက္ကို ရွာေဖြျခင္းမရွိ။ သမားေတာ္ အေက်ာ္အေမာ္ေျမာက္ျမားစြာသည္ စင္းထံသို႔ သြားရန္ တုိက္တြန္းၾကေသာ္လည္း အျဖဴေရာင္စုန္းကေဝမ်ားသည္ မာနႀကီးလြန္းခဲ့သည္။

ေမရီကေတာ့ အျဖဴေရာင္စုန္းကေဝမ်ားကမာနႀကီးျခင္းေၾကာင့္ဟု ဆုိေသာ္လည္း…

အဲရစ္မ်က္လံုးေထာင့္ကပ္ၾကည့္၏။

သူ ထင္တာေတာ့…

ေမရီက ေၾကးႀကီးတာေၾကာင့္ သူတုိ႔ေတြ ၿငိမ္ေနတာပဲျဖစ္ေလာက္မယ္…

ဒါက သူ႔အေတြးသက္သက္ပါ… သူ ေမရီ႕ကိုမေျပာရဲပါဘူး။

အေနခက္ေလာက္ေအာင္ တိတ္ဆိတ္သြားမႈသည္ အခ်ိန္အေတာ္ၾကာေပ၏။ အဲရစ္သည္ အသက္ပင္ ရဲရဲမရွဴရဲ။ ေမရီ႕ေဘးတြင္သာ ၿငိမ္ၿငိမ္ေလး ရပ္ေနျဖစ္ခဲ့သည္။ ေမရီ… ေမရီဟာ ဘာေၾကာင့္မ်ား ရဲတင္းလြန္းရတာလဲ။ တကယ္လုိ႔ တုိက္ခိုက္မႈေတြျဖစ္ကုန္ရင္ ဘယ္လုိလုပ္မလဲ။ ေမရီက ခြန္အားႀကီးတယ္ဆုိေပမဲ့ တစ္ဖက္သူကလည္း ေမရီနဲ႔ေတြ႔ဖို႔ကို မျပင္မဆင္ဘဲ လာမွာေတာ့ ဟုတ္လိမ့္မွာမဟုတ္ဘူးေလ။

အဲရစ္သည္ တိတ္ဆိတ္မႈၾကားတြင္ စိတ္မရွည္ေသာ္လည္း ၿငိမ္ဝပ္၍သာ ေနေနရ၏။

ေမရီ…

ေမရီ…

ေမရီ…

ထိုအမည္တစ္ခုကိုသာ သူ႔အေတြးထဲတြင္ ပဲ့တင္ထပ္လုနီးနီးေရရြတ္ေနျဖစ္ခဲ့သည္။ ဘာေၾကာင့္ ေမရီဟာ ေထာင္လႊား၊ ရဲတင္းကာ အေၾကာက္အလန္႔ကင္းလြန္းရတာလဲ။ သူ႔ကို ဝိညာဥ္ဆိုးတို႔ ေျပာျပဖူးသည့္အတိုင္း ေမရီသည္ ဤကမၻာေျမတြင္ စြမ္းအားထက္ဆံုးေသာ စုန္းမေလးတစ္ေယာက္လား။

“ေမရီ…”

တစ္ဖက္သူ၏ အသံအေနအထားသည္ ရိုက်ိဳးမႈမွ အလုပ္သေဘာဆန္သည့္ အေနအထားေသာ ေျပာင္းသြား၏။ သခင္မေမရီဟုပင္ မေခၚေတာ့သည့္ ထိုသူကို အဲရစ္သည္ တစ္ခ်က္ၾကည့္၏။ လက္တန္းေပၚမွ ေျမြသည္ေခါင္းတစ္ခ်က္ေထာင္လာသလို စားပြဲေအာက္ေမရီ႕ေျခေထာက္နားတြင္ အိပ္ေနသည့္ ေၾကာင္နက္သည္လည္း မ်က္လံုးတစ္ဖက္ဖြင့္ၾကည့္ျဖစ္ခဲ့သည္။

အခန္းတြင္းရွိ အေနအထားသည္ ခ်က္ခ်င္းပင္ တိုက္ပြဲတစ္ခု ျဖစ္လုနီးနီးအေနအထားသို႔ ေရာက္ေတာ့မလုိလုိ။

“စစ္သူႀကီးေဗဒါအေနနဲ႔ အဲ့ေလာက္လည္း စိတ္မပူပါနဲ႔ ကြ်န္ေတာ္ တစ္ေယာက္တည္းလာတာပါ ေမရီ႕ကို ကြ်န္ေတာ္ အႏၱရာယ္ေပးဖို႔ စိတ္ကူးမရွိပါဘူး…”

ေခါင္းေထာင္ေနသည့္ဟန္ျဖင့္ ေထာင္လႊားသည့္ ႏွာမႈတ္သံတစ္ခ်က္ျပဳၿပီးေနာက္ ေခါင္းျပန္ဝပ္သြားေလ၏။ ေၾကာင္နက္သည္ တစ္ခ်က္သမ္းေဝကာ နဂိုအတိုင္းျပန္အိပ္သြားခဲ့သည္။ အဲရစ္သည္ ေမရီ႕ကိုၾကည့္၏။

“ကြ်န္ေတာ္တို႔ လိုရင္းကိစၥကိုပဲ သြားၾကတာေပါ့…”

“အင္း…”

“တကယ္လုိ႔ ေမရီသာ ဒီကိစၥေတြအကုန္လံုးကို ေဘးထြက္ေနေပးမယ္ဆုိရင္ ကြ်န္ေတာ္ အႀကီးအကဲျဖစ္လာတာနဲ႔ ေမရီလိုခ်င္တဲ့ ဝိညာဥ္အျမဳေတ ေတြကို စမ္းသပ္ဖို႔ ေပးလုိ႔ရတယ္…”

ေမရီ၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ မသိမသာတစ္ခ်က္တြန္႔သြားသည္။

“ေမရီက ဝိညာဥ္အျမဳေတေတြကို စမ္းသပ္ဖို႔ လုိအပ္ေၾကာင္း ကြ်န္ေတာ္သိတာပဲ… ေနာက္ၿပီး…”

အက္ဗ္နာသည္ ေမရီ႕မ်က္ႏွာကို စူးစိုက္ၾကည့္သည္။

“ေမရီ႕ရဲ႕ေလ့လာစမ္းသပ္မႈေတြနဲ႔ပတ္သက္ၿပီး စုန္းလုိက္မုဆိုးေတြရန္ကေန ကြ်န္ေတာ္ ကာကြယ္ေပးမယ္… ေမရီက ကြ်န္ေတာ္တုိ႔ အစည္းအရံုးမွာ မွတ္ပံုတင္ထားျခင္းမရွိေပမဲ့လည္း ေမရီ႕ကို အျခားေသာ စုန္းေတြထက္သာတဲ့ အခြင့္အေရးကို ကြ်န္ေတာ္ေပးလို႔ရတယ္…”

ေမရီသည္ ၿငိမ္သက္စြာသာ နားေထာင္ေနခဲ့၏။ ဝိညာဥ္အျမဳေတ… ဝိညာဥ္ပိုင္ဆိုင္သည့္ မည့္သည့္ သတၱဝါမဆို ေသဆံုးၿပီးပါက အျမဳေတသည္ က်န္ရစ္ခဲ့သည္။ လူတုိ႔၏ ဝိညာဥ္အျမဳေတသည္ အားနည္းၿပီး အသံုးမဝင္သလို ေတာ္ေတာ္ႏွင့္လည္း မရႏုိင္။ ထို႔အတြက္ သူမသည္ သုဘရာဇာထံတြင္ သြားေရာက္ကာ ဝိညာဥ္အျမဳေတကို ယူရေလ့ရွိ၏။ သူမ၏ စမ္းသပ္မႈမ်ား။ ေမရီသည္ အပ္ဗ္နာကို အႏၱရာယ္ရွိသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္သည္။

သူ႔တစ္ကိုယ္လံုးကို ႀကီးမားသည့္ သံမဏိလက္တစ္ဖက္က ဆုတ္ကိုင္ထားသည္ဟု အက္ဗ္နာသည္ ခံစားလုိက္ရ၏။ ေမရီ႕ရဲ႕ စမ္းသပ္မႈေတြအေၾကာင္းကို ေျပာလုိက္တာက မွားယြင္းမႈတစ္ခုလား။ သို႔ေသာ္ ထိုကိစၥကို မေျပာဘူးဆိုလွ်င္ ညိွႏိႈင္းဖို႔ရာလည္း မလြယ္ကူဘူးေလ။ ေမရီမွသူ႔ကို ရည္ရြယ္ခ်က္ရွိရွိျဖင့္ ဖိႏွိပ္လာသည့္ ဝိညာဥ္စြမ္းအားကို သူ မသိက်ိဳးကြ်ံသာ ျပဳလုိက္၏။ ရုန္းကန္ျခင္းမျပဳဘဲ သူ႔စိတ္ရင္းသည္ မွန္ကန္ပါေၾကာင္း ေမရီ႕ကို သူ ျပသသည္။ ေမရီဟာ ဒီေလာက္ဆိုရင္ ေက်နပ္ေလာက္မယ္ ထင္ပါရဲ႕။

သူမ ေက်နပ္ေလာက္ေအာင္ အက္ဗ္နာကို ဖိႏွိပ္ၿပီးခ်ိန္တြင္ ေမရီသည္ သူမ ထုတ္လႊတ္ထားသည့္ ဝိညာဥ္စြမ္းအားကို ေျဖေလ်ာ့ေပးလိုက္ေလသည္။

အဲရစ္သည္ မ်က္ႏွာတစ္ခုလံုးျဖဴဆုတ္ၿပီး ေခြ်းေစးမ်ားျပန္ကာ အသက္ကိုဝေအာင္ရွဴေနသည့္ အမ်ိဳးသားကို ၾကည့္ေလ၏။ ေမရီသည္ သူမ ကိစၥတုိ႔ကို ေျပာလာလွ်င္ သေဘာမက်။ သူမႏွင့္ပတ္သက္သည့္ အရာတုိ႔ကို မွားမွားမွန္မွန္ေျပာလွ်င္ သေဘာမက်။ ထို႔အတြက္ သူ႔ကို ေမရီသည္ ေဒါသထြက္ခဲ့ျခင္းျဖစ္ေလာက္သည္။ သူ ထုိအရာကို သတိထားဆင္ျခင္ရလိမ့္မည္။

“ဆက္ေျပာပါဦး…”

ေမရီသည္ ခပ္ေအးေအးျဖင့္ တစ္ဖက္သူကို ဆက္ေမးေလ၏။

“ကြ်န္ေတာ္တုိ႔ၾကားမွာ မဟာမိတ္ရွိေၾကာင္းကို ေမရီ တစ္ခုခုလုပ္ေပးရင္အဆင္ေျပပါတယ္…”

ေမရီသည္ ၿငိမ္သက္စြာသာ နားေထာင္ေနေသးဆဲ။ ေမရီ၏ ဆက္ေျပာ၍ရသည္ဆိုသည့္ အေနအထားေၾကာင့္ အက္ဗ္နာသည္ ရဲတင္းစြာျဖင့္…

“ကြ်န္ေတာ္တို႔ စုန္းကေဝအဖြဲ႔အစည္းမွာ ေမရီ႕ရဲ႕တပည့္တစ္ေယာက္ကို မွတ္ပံုတင္ခုိင္းၿပီး အေရးႀကီးၿပီး မျဖစ္မေနဆန္တဲ့ လႈပ္ရွားမႈေတြမွာ ပါဝင္ခုိင္းေပးပါ…”

အခန္းတစ္ခုလံုးသည္ တိတ္က်သြားျပန္ခဲ့သည္။ ၿငိမ္ဝပ္ေနသည့္ ေျမြ၊ ေမရီ႕ေျခေထာက္နားရွိေၾကာင္နက္၊ အခန္းဝင္ေပါက္အနီးရွိ က်ီးတုိ႔၏ မ်က္လံုးမ်ားသည္ ပြင့္လာခဲ့ၿပီး သူတုိ႔၏ မ်က္လံုးမ်ားသည္ ေတာက္ပေနခဲ့ၾကသည္။

------------





rate now:

1 Reviews
  • reader Yun Ji 26.02.2020, 03:53 5

    💜

    reply