Unicode
သူမဟာတိတ်ဆိတ်တဲ့နေရာကို သဘောကျတယ်။
သူမက သာမန်စုန်းမလေးတစ်ယောက်သာ ဖြစ်တယ်။
သာမန်... သူမကတော့ ကိုယ့်ကိုယ်ကို သာမန်လို့ ခေါ်တာပါပဲ။
ဒါပေမဲ့ လူအချို့ကတော့ သူမကို ကြောက်ရွံ့ကြတယ်။
အင်အားကြီးပြီး နှိမ်နင်းလို့မရတဲ့ စုန်းမလို့ခေါ်ပြီးတော့ပေါ့။
အပိုင်း - ၁ : စုန်းကဝေ။
'လူတို့သည် မတူညီမှုကို လက်ခံနိုင်စွမ်းမရှိ။ တန်းညီတူရှိခြင်းကိုသာ လိုလားကြသည်။'
"အ!"
ခဲတစ်လုံးသည် မိန်းမလှလေးတစ်ဦးဆီသို့ ရောက်လာခဲ့ပြီး မျက်ခုံးကွဲကာ ထိုမိန်းမလှလေး၏ မျက်နှာပေါ်သို့ စီးကျလာခဲ့၏။
သူမသည် လမ်းသွယ်လေးတစ်ခုတွင်ရပ်နေခဲ့ပြီး အရှေ့မှ ခဲဖြင့်ပေါက်သည့် လူတစ်ဦးကိုကြည့်သည်။ သူမ၏အကြည့်တွင် စိတ်တိုဒေါသမပါ။ ဖြစ်နေကျကိစ္စအလား သူမသည် တည်ငြိမ်နေခဲ့သည်။
"စုန်းမ! မင်း အခုချက်ချင်းရွာထဲက ထွက်သွားစမ်း!!"
အမျိုးသား၏ ကျယ်လောင်စွာအော်ဟစ်သံကြောင့် လမ်းသွယ်လေးတစ်ဖက်တစ်ချက်တွင် ရှိသည့် အိမ်များ၏ တံခါးသည် မသိမသာလှပ်ဟလာခဲ့သည်။
ထိုသူတို့၏ အကြည့်မိန်းမလှလေးထံသို့။
မိန်းမလှလေးတွင် စိမ်းတောက်သည့် မျက်ဆံများရှိကာ သူမ၏ မျက်နှာသည် ဖြူဝင်းနေပြီး နှာခေါင်းထိပ်နှင့် ပါးမိုမို့သည် အအေးဒဏ်ကြောင့် ခပ်ရဲရဲဖြစ်နေခဲ့သည်။ သူမ၏ မျက်ခုံးများသည် ပြင်ဆင်စရာမလိုပါလဲ မထူမပါးခပ်ပါးပါး ဖြင့်။ နှုတ်ခမ်းသည်လည်း ဆိုးဆေးကူစရာမလိုပါဘဲနှင့် ခပ်အိအိစိုစို။ ကော်ဖီရောင်ဆံပင်များက ခွေညွှတ်ကာ သူမ၏ အလှကို ပံ့ပိုးထားသေးသည်။
ပါးလွှသည့်ဂါဝန်ရှည် ရွှေရောင်ကို ဝတ်ဆင်ထားကာ သူမ၏ ပခုံးထက်တွင် အနက်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထား၏။ လက်တွင်တော့ သူမသည် ကြိမ်ခြင်းတောင်းတစ်ခုကို ကိုင်ထားခဲ့ပြီး ထိုခြင်းတောင်းထဲတွင်တော့ သစ်သီးအချို့။
လှပသည့်မိန်းမပျိုတစ်ဦးဖြစ်သော်လည်း သူမကို မည်သူမျှမနှစ်မြို့။ သက်ပြင်းကိုရှိုက်ကာ ထိုအမျိုးသားကို သူမ ကျော်ဖြတ်လာလိုက်၏။
မုန်းစရာကောင်းလိုက်တာ... လူတွေက တကယ်ကို စိတ်ပျက်စရာကောင်းတယ်။
သူမက စုန်းမတစ်ယောက်ဖြစ်ပေမဲ့လည်း အနက်ရောင်စုန်းကဝေများလို လူတို့ကို ဒုက္ခပေးတတ်သည့် စုန်းမတစ်ယောက်မဟုတ်ပါဘူး။ အဲနောက်ပြီး လူတို့ကို ကူညီတတ်တဲ့ စုန်းတစ်ယေက်လည်းမဟုတ်ပြန်ဘူး။
ဒါဆို သူမက ဘယ်လိုစုန်းမလေးလဲ။ သူမက အလွတ်နေတဲ့ စုန်းမလေးပါပဲ။ မီးခိုးရောင်လေးပေါ့။ လူတွေကတော့ သူမတို့လို ဟိုလည်းမယိမ်းဒီလည်းမယိမ်းတဲ့သူတွေကို မီးခိုးရောင်လို့ ခေါ်ကြတယ်။
"အဲ..."
တောအုပ်ထဲဝင်ရန် သူမ သချို ၤင်းကို အဖြတ် တစ်စုံတစ်ယောက်သည် သူမ၏ ဂါဝန်စကို ဆွဲလာလေ၏။
ငုံ့ကြည့်လိုက်ချိန်တွင် အသက် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက်။
ပါးများသည် ရွှံ့များဖြင့် ညစ်ပတ်ပေရေနေပြီး လူသည် အလောင်းကောင်များထံမှ တွေ့သည့်အဝတ်ကို ဝတ်ထားရသဖြင့် လျော့တိလျော့ရဲဖြင့်။
"........."
မျက်လုံးဝါဝါလေးများက သူမကိုကြည့်နေခဲ့သည်။
Hybrid များလား?
လူများ၏ သူငယ်အိမ်လိုခပ်ဝိုင်းဝိုင်းမဟုတ်ဘဲ ကောင်ကလေး၏ သူငယ်အိမ်များက ဒေါင်လိုက်ဖြင့်။
ထိုကောင်လေးဆွဲထားသည့် သူမ၏ ဂါဝန်စကို သူမ ဆွဲရုတ်လေ၏။ လျင်မြန်စွာပင် သူမသည် ဂါဝန်စကို ရုတ်လိုက်လေ၏။
ကောင်ကလေး : .........
ညစ်ပတ်ပိန်လှီသည့် ကောင်ကလေး၏ လက်များသည် သူမ၏ ဂါဝန်စကို ထပ်ဆွဲဖို့ လက်လှမ်းပြန်သည်။
မျက်ခုံးကိုပင့်ကာ သူမ ဂါဝန်အနားကို သိမ်း၏။ ထိုကောင်လေးသည် တရွတ်တိုက်ဖြင့် သူမ၏ ဂါဝန်စကို ဆွဲရန်ကြိုးစားပြန်သည်။
"........."
"မဆွဲနဲ့..."
အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူမ ပြော၏။
"ကျွန်တော့်ကို ခေါ်သွားပါ..."
ထိုကောင်လေး၏ မျက်လုံးဝါဝါလေးများသည် တောက်ပနေခဲ့သည်။
"မေရီ ကျွန်တော့်ကို ခေါ်သွားပါ..."
သူမ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့ညွှတ်သွား၏။
"ခေါ်သွားရမယ်? ငါက မင်းကို?"
ထိုကောင်လေးသည် သူမ၏ စကားကို အရေးမစိုက်ဘဲ ဂါဝန်ကိုဆွဲဖို့ရာသာ အားထုတ်နေခဲ့သည်။
"ဘာအတွက်နဲ့မင်းကိုငါက ခေါ်သွားရမှာလဲ?"
သူမက ဂါဝန်အနားစကို သိမ်းလိုက် ထိုကောင်လေးက လက်လှမ်းလိုက်ဖြင့် အလုပ်ရှုပ်နေကြရင်းမှ သူမသည် ထိုကောင်လေးကို မေးလေ၏။
"ကျွန်တော် အလုပ်လုပ်နိုင်တယ်..."
"မတ်တပ်တောင် မရပ်နိုင်ဘဲနဲ့ မင်းက အလုပ်လုပ်နိုင်တယ်?"
"ကျွန်တော် တကယ်အလုပ်လုပ်နိုင်တယ်..."
"ဘာလုပ်နိုင်တာလဲ?"
"သန့်ရှင်းရေး အဝတ်လျှော် အချက်အပြုတ်... ကျွန်တော် ခင်ဗျားရဲ့အစေခံတစ်ယောက်အဖြစ် နေနိုင်တယ်..."
' "ငါ့ဘာသာ လုပ်လို့ရတာပဲ... မန္တန်တချို့သုံးလိုက်ရင် ပြီးနေတာကို ငါ အစေခံတစ်ယောက်မလိုတော့ဘူးလေ..."
"ကျွန်တော် လုပ်ပေးရင် မေရီမပင်ပန်းတော့ဘူးပေါ့... မန္တန်သုံးတာက မေရီ့ကို အားယုတ်စေတယ်မဟုတ်လား"
"ငါကိုယ်တိုင်လုပ်လည်း မပင်ပန်းပါဘူး... ဒါက အဆင့်နိမ့်မန္တန်လေးတွေပဲကို..."
သူမ၏ ဂါဝန်စကို ထပ်ဆွဲရန် ကြိုးစားနေသည့် ကောင်ကလေးလက်ကို ရှောင်တိမ်းရင်း သူမ စကားဆိုသည်။
"ငါ သွားတော့မယ်..."
ဂါထာတစ်ခုကိုနှုတ်မှမြွက်ဆိုလိုက်ချိန်တွင် သူမထံသို့ တံမြက်စည်းပျံတစ်ချောင်းသည် ရောက်လာခဲ့၏။ တံမြက်စည်းပျံ နောက်တွင်တော့ ခပ်ဝဝ ကြောင်နက်တစ်ကောင်သည် လိုက်ပါလာခဲ့သည်။
"မေရီ နင် မြို့ထဲသွားလာပြန်ပြီလား?"
မျက်ခုံးကွဲနေသည့် ဒဏ်ရာကိုမြင်သည့်နှင့် ကြောင်နက်ဝတုတ်သည် လှမ်းပြောလေ၏။ သူမ ပခုံးကို အသာတွန့်၍...
"မသွားရင် ငါဘာလုပ်ရမှာတုန်း..."
"လူတွေက နင့်ကိုဒုက္ခပေးနေတာကို..."
"ဒါပေမဲ့ အဲ့ဒီ သောက်သုံးမကျတဲ့ သုဘရာဇာက မြို့ထဲမှာနေတယ်လေ..."
"ဒီကလေးက ဘာလဲ?"
ကြောင်နက်ဝတုတ်သည် စုန်းမလေးကိုမေးလေ၏။
မေရီသည် တံမြက်စည်းပေါ်တွင် တင်ပလွှဲဝင်ထိုင်ပြီးနောက် ခြင်းတောင်းကို တံမြက်စည်းရိုးတွင် ချိတ်လေ၏။ ထို့နောက် မြေအောက်ရှိ သူမကို မော့ကြည့်နေသည့် ကောင်ကလေးကို ကြည့်ကာ ခပ်လှောင်လှောင်ပြုံး၍...
"ဘာကြည့်တာလဲ မင်းက..."
ကောင်ကလေးသည် တော်တော်နှင့်စကားမဖြေ အချိန်အတန်ကြာမှ...
"မေရီ ခင်ဗျားရဲ့အတွင်းခံက အဖြူရောင်ပဲ..."
"ချီး!"
တံမြက်စည်းပျံကို အောက်သို့နှိမ့်ဆင်းကာ သူမ၏ လက်ထဲမှမှော်တုတ်တံဖြင့် ထိုကောင်လေး၏ မေးဖျားကို သူမ ပင့်မော့စေသည်။
"မင်း မျက်လုံးတွေ ကန်းသွားချင်နေတာလား?"
"ခင်ဗျားက လူတွေကို ဒုက္ခမပေးတတ်ပါဘူး..."
"ဒါက ငါ့စိတ်အခြေအနေအပေါ်ပဲမူတည်တယ်..."
"ကျွန်တော့်ကို ခေါ်သွားပါ..."
"မင်းက ဘာပေးနိုင်လို့လဲ?"
မေရီကို ထိုကောင်လေးသည် စူးစိုက်ကြည့်၍...
"ကျွန်တော့်ရဲ့တည်ရှိမှုကို"
မေရီသည် မျက်ခုံးပင့်မိ၏။ ကြောင်နက်ဝတုတ်သည် ထိုကောင်လေးကိုကြည့်ကာ...
"အိုး ငါမှတ်မိပြီ..."
စကားပြောသောကြောင်ကို ထိုကောင်လေးသည် မထူးဆန်းသလိုလှမ်းကြည့်၏။
"မင်းက လူသေအလောင်းက မွေးလာတဲ့ ကောင်ကလေးမို့လား?"
တိတ်ဆိတ်နေသည့် ကောင်ကလေးကို ကြည့်ကာ ကြောင်နက်သည် ဆက်၍ ပြောလေသည်။
"မေရီ နင် မမှတ်မိဘူးလား..."
မေရီ၏ မျက်နှာပေါ်မှ အရိပ်အယောင်ကိုကြည့်ရုံဖြင့် မေရီသည် ထိုကိစ္စကို လုံးလုံးမမှတ်သည်ကို သိသွားကာ...
"မင်းတစ်ခါ ကိုယ်ဝန်သည်မိန်းမတစ်ယောက်ကို ကူညီခဲ့ဖူးတယ်လေ..."
မေရီသည် မျက်ပေတုံဖြင့် ကြောင်နက်ဝတုတ်ကို ကြည့်နေသေးဆဲ။
ကြောင်နက်ဝတုတ်သည် သူ့မျက်နှာသူ လက်နှင့်ရိုက်ပစ်ချင်စိတ်ကို ထိန်းချုပ်ကာ...
"အဲ့ဒီအမျိုးသမီးက ကိုယ်ဝန်ကို နှစ်နှစ်မကလို့ မင်းမွေးလို့ရအောင် ကူညီပေးခဲ့တာလေ..."
"အိုး!!! ငါ့ကို ရွှေပြားတွေအများကြီးပေးခဲ့တဲ့ အမျိုးသမီး!"
မေရီ၏ မျက်လုံးများသည်ဝင်းဝင်းတောက်သွားတော့သည်။ ထို့နောက် ပြန်တည်သွားကာ သူမသည် ကောင်ကလေးကိုခေါင်းစခြေဆုံးပြန်ကြည့်၏။ သူမ၏ အကြည့်များက နားရွက်ချွန်လေးများ၊ ဒေါင်လိုက်ရှိသည့် သူငယ်အိမ်များနှင့် အနည်းငယ်ရှည်နေသည့် လက်သည်းများထံ ရောက်သွားကာ...
"အာ... မင်းက နတ်ဆိုးတစ်ယောက်ရဲ့သားပဲ... ဒါကြောင့်ကိုယ်ဝန်က အဲ့လောက်ကြာနေတာကိုး..."
ထိုကောင်လေးကိုကြည့်၍ မေရီသည် ခပ်တိုးတိုးမှတ်ချက်ပြုလေ၏။ သူမ တစ်ခုခုပြောရန် ပါးစပ်ပြင်နေစဉ်တွင် အနှောင့်အယှက်အသံကို အရင်ကြားရတော့လေသည်။
"မကောင်းဆိုးဝါးလေး!!!"
အသံလာရာဆီသို့ မေရီသည် တံမြက်စည်းပျံပေါ်တွင် ထိုင်နေရင်းမှ ကြည့်လိုက်သလို ထိုကောင်လေးသည်လည်း မေရီ့ကိုကြည့်နေရာမှ လှည့်ကြည့်လေ၏။
ရွာထဲမှ ချာတိတ်အချို့...
"ပွဲတော့ကောင်းတော့မှာပဲ... ကော်ရီယွန်"
မေရီသည် ကိုယ်ပျောက်မန္တန်တစ်ခုကို ရွတ်ဆိုကာ သူမကိုယ်သူမ ပျောက်ကွယ်စေလိုက်သည်။
အစပိုင်းမေရီရှိနေသဖြင့် အနည်းငယ်ရွံ့တွန့်တွန့်ဖြစ်နေသည့် ကောင်ကလေးများသည် မေရီမရှိတော့ချိန်တွင် ပိုရဲတင်းသွားဟန်ရှိ၏။ မေရီ့ကို ကိုယ်ပျောက်သွားသည်ထက် သူတို့ရှိနေ၍ မေရီသည် ထွက်ပြေးသွားသည်ဟု ထိုကောင်လေးများ ထင်ခဲ့ကြသည်။ မေရီက လူတို့ကိုဆိုလျှင် ရှောင်တတ်သည်မဟုတ်လား။
"မကောင်းဆိုးဝါးလေး မင်းကို ရွာထဲမဝင်နဲ့လို့ ငါတို့မပြောထားဘူးလား..."
ကိုယ်ထည်ကြီးကြီး ကောင်ကလေးသည် မထနိုင်သော ပိန်လှီနေသည့် ကောင်ကလေးကို လက်ထဲရှိတုတ်ဖြင့်ရိုက်ရင်းဆို၏။
နေရာတွင်ရှိနေသော်လည်း မေရီသည် မျက်တောင်မခတ်တမ်း ထိုအဖြစ်အပျက်ကို ကြည့်နေဆဲ။
အများနှင့်တစ်ယောက်ဖြစ်သည့်အပြင် တစ်ယောက်သည် အများကိုရင်ဆိုင်နိုင်သည့် စွမ်းအားပင်မရှိ။
ဟင်း... လူတွေ လူတွေ သူတို့က ငါတို့ကို မတူညီလို့မုန်းကြတယ်။ သူတို့ကို အန္တရာယ်မပေးပေမဲ့လည်း ငါတို့က မတူညီလို့ဆိုပြီး သူတို့က လိုက်ပြီး မျက်မုန်းကျိူးကြတယ်။
"မင်း မကူညီတော့ဘူးလား..."
ခပ်အေးအေးကြည့်နေသည့် မေရီကို ကြောင်ဝတုတ်သည် လှမ်းပြော၏။
"ကူညီတော့ဘာရမှာတုန်း..."
"သူ့တည်ရှိမှု မင်းကိုပေးမယ်ပြောထားသားပဲ..."
"သူ့တည်ရှိမှုက ဘယ်လောက်များတန်မှာမို့လို့လဲ?"
မေရီသည် ညည်းငွေ့စွာမေးခွန်းထုတ်သည်။ ကြောင်နက်ဝတုတ်သည် မေရီ့ဆံပင်များကို ဆွဲကုတ်ချင်စိတ်ကို ထိန်းကာ ပြန်ပြော၏။
"သူ့အဖေက ငရဲမှာ နည်းနည်း အကောင်းကြီးတယ်လို့ ငါ့အသိတချို့ကပြောတယ်..."
"အင်း..."
"သူက တစ်ချိန်မှာ နတ်ဆိုးစွမ်းရည်နိုးကြားလာပြီး အကောင်ကြီးကြီး မဖြစ်လာဘူးလို့ မပြောနိုင်ဘူး..."
"အင်း..."
"နောက်တစ်ခုက မင်း လူသားတစ်ယောက်ကို မွေးစားရင် အပျင်းပြေတာပေါ့..."
"လူသား pet ကလေးပေါ့..."
"မင်းရဲ့ familiar အဖြစ်လည်း သူ့ကို ထားလို့ရတယ် သူက နတ်ဆိုးတစ်ပိုင်းဆိုတော့... ဘာလို့ဆို မင်းက သိပ်ရန်များတဲ့ စုန်းမလေးမဟုတ်လား... မင်းကို အဖွဲ့အစည်းတွေအကုန်လုံးက အလိုရှိနေကြတယ်..."
"ဒါတော့မဆိုးလှဘူး... ငါ Familiar ကောင်းကောင်းတစ်ယောက်လိုတယ်... နင်က အမြှီးသုံးခွနဲ့ကြောင်တစ်ကောင်ဖြစ်နေပေမဲ့ နင့်အစွမ်းက အရမ်းကြီး အသုံးမဝင်သေးပါဘူး..."
"အဲ့ဒီတော့ ကူညီမှာလား?"
"နင်က သူ့ကို သနားနေတာလား?"
"တကယ်ဆို သူက မမွေးဖွားရမဲ့ ဇာတာနဲ့လေ မင်းလုပ်လို့သူမွေးလာတာ..."
"ငါ့အပြစ်တောင်ဖြစ်ရသေးတယ်..."
"ရွှေဒင်္ဂါးတွေကို မက်ခဲ့တာ မင်းလေ..."
"အဲ့ဒါနဲ့ ဝယ်တဲ့ ငါးတွေကို တမုန်းစားတာ နင်လေ..."
မေရီ့စကားကို ကြောင်နက်ဝတုတ်သည် ဆက်မပြောနေတော့။
မေရီသည် မြေပြင်တွင် ဘောလုံးလေးလို လုံးနေသည့် ကောင်ကလေးကိုပြန်ကြည့်သည်။ ထို့နောက် သူမ၏ နှင်တံကို ဝှေ့ယမ်းကာ...
"ပရိုကူရက်ဆက်စ်..."
အုပ်စုထဲမှာ ကောင်လေးတစ်ဦး၏ ခေါင်းပေါ်သို့ မီးတစ်ပေါက်သည် ထတောက်လာ၏။
မီးတောက်ကို မြင်သည်နှင့် အနိုင်ကျင့်နေသူ ကောင်ကလေးများသည် တုန်လှုပ်ကာ အော်ဟစ်ကုန်ကြသည်။
"အား!!! မကောင်းဆိုးဝါး!!! မကောင်းဆိုးဝါး!!!"
သွေးရူးတန်းရူးထွက်ပြေးကုန်ကြသည့် ကောင်ကလေးများ မရှိချိန်ကျတော့မှ မေရီသည် သူမ၏ ဝှက်ကွယ်ထားသည် ဂါထာ အစွမ်းကို ပယ်ဖျက်၏။
"ဟဟဟ မင်းကိုကြောက်ကြသားပဲ..."
မြေပြင်ထက်တွင် လုံးနေသည့် ကောင်ကလေးသည် အနိုင်ကျင့်ရိုက်နှက်ခံခဲ့ရသည်က သူ မဟုတ်သည့်အလား မေရီ့ကို ပြန်ကြည့်လာခဲ့၏။ ထို့နောက် အသံတိုးတိုးဖြင့်...
"ခင်ဗျားရဲ့ ဂါထာအစွမ်းကြောင့်ပါ..."
မေရီသည် ဂျစ်တစ်တစ်ဖြင့် သူမ၏ ဂါဝန်စကို လှမ်းဆွဲရန် ကြိုးစားနေသည့် ကလေးငယ်ကို လှမ်းခေါ်၏။
"ဟေး ကောင်ကလေး..."
ထိုကောင်လေးသည် လေထဲတွင်လှမ်းနေသည့် လက်ကိုရပ်ကာ သူမကို ကြည့်လေ၏။ မေရီ၏ နှုတ်ခမ်းလေးများသည် ကော့ညွှတ်သွားခဲ့သည်။
"ငါ့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးလုပ်မလား..."
ထိုကောင်လေးသည် မေရီ့ကို ထိတ်လန့်စွာကြည့်သည်။ စုန်းများက လူတို့ကို တိရိစ္ဆာန်များအဖြစ် ပြောင်းလဲနိုင်သည့် အစွမ်းရှိသည်မဟုတ်လား။
"ကျွန်... ကျွန်တော် အစေခံပဲလုပ်လို့မရဘူးလား တိရိစ္ဆာန်မဖြစ်ချင်ဘူး..."
ထိုကောင်လေး၏ ရွံ့တွန့်တွန့်ဖြေမှုကြောင့် မေရီသည် သဘောကျစွာရယ်လေတော့သည်။
"ငါပြောတာက မင်း လူအနေနဲ့ ငါ့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးလုပ်မလားလို့ မင်းရဲ့နတ်ဆိုးအစွမ်းနိုးကြားဖို့ကို ငါ တာဝန်ယူပေးနိုင်တယ်..."
ထိုကောင်လေးသည် သူမကို ကြည့်၏။
"မင်းလုပ်ရမှာက နတ်ဆိုးဖြစ်ပြီး ငါ့ကို အမြဲအဖော်ပြုပေးရုံပဲ... ငါ့ကို ပြဿနာလာရှာသမျှကို မင်းအနေနဲ့ ဝိုင်းတိုက်ထုတ်ပေးပေါ့ မင်းအရွယ်မရောက်သေးခင်တော့ ငါ မင်းကို ကာကွယ်ပေးမယ်လေ..."
မေရီသည် လှပစွာပြုံးပြခြင်းဖြင့် သူမ၏ ကမ်းလှမ်းချက်ကို အဆုံးသတ်လေ၏။
----------
Zawgyi
သူမဟာတိတ္ဆိတ္တဲ့ေနရာကို သေဘာက်တယ္။
သူမက သာမန္စုန္းမေလးတစ္ေယာက္သာ ျဖစ္တယ္။
သာမန္... သူမကေတာ့ ကိုယ့္ကိုယ္ကို သာမန္လို႔ ေခၚတာပါပဲ။
ဒါေပမဲ့ လူအခ်ိဳ႕ကေတာ့ သူမကို ေၾကာက္ရြံ႕ၾကတယ္။
အင္အားႀကီးၿပီး ႏိွမ္နင္းလို႔မရတဲ့ စုန္းမလို႔ေခၚၿပီးေတာ့ေပါ့။
အပိုင္း - ၁ : စုန္းကေဝ။
'လူတို႔သည္ မတူညီမႈကို လက္ခံႏိုင္စြမ္းမရိွ။ တန္းညီတူရိွျခင္းကိုသာ လိုလားၾကသည္။'
"အ!"
ခဲတစ္လံုးသည္ မိန္းမလွေလးတစ္ဦးဆီသို႔ ေရာက္လာခဲ့ၿပီး မ်က္ခံုးကြဲကာ ထိုမိန္းမလွေလး၏ မ်က္ႏွာေပၚသို႔ စီးက်လာခဲ့၏။
သူမသည္ လမ္းသြယ္ေလးတစ္ခုတြင္ရပ္ေနခဲ့ၿပီး အေရွ႕မွ ခဲျဖင့္ေပါက္သည့္ လူတစ္ဦးကိုၾကည့္သည္။ သူမ၏အၾကည့္တြင္ စိတ္တိုေဒါသမပါ။ ျဖစ္ေနက်ကိစၥအလား သူမသည္ တည္ၿငိမ္ေနခဲ့သည္။
"စုန္းမ! မင္း အခုခ်က္ခ်င္းရြာထဲက ထြက္သြားစမ္း!!"
အမ်ိဳးသား၏ က်ယ္ေလာင္စြာေအာ္ဟစ္သံေၾကာင့္ လမ္းသြယ္ေလးတစ္ဖက္တစ္ခ်က္တြင္ ရိွသည့္ အိမ္မ်ား၏ တံခါးသည္ မသိမသာလွပ္ဟလာခဲ့သည္။
ထိုသူတို႔၏ အၾကည့္မိန္းမလွေလးထံသို႔။
မိန္းမလွေလးတြင္ စိမ္းေတာက္သည့္ မ်က္ဆံမ်ားရိွကာ သူမ၏ မ်က္ႏွာသည္ ျဖဴဝင္းေနၿပီး ႏွာေခါင္းထိပ္ႏွင့္ ပါးမိုမို႔သည္ အေအးဒဏ္ေၾကာင့္ ခပ္ရဲရဲျဖစ္ေနခဲ့သည္။ သူမ၏ မ်က္ခံုးမ်ားသည္ ျပင္ဆင္စရာမလိုပါလဲ မထူမပါးခပ္ပါးပါး ျဖင့္။ ႏႈတ္ခမ္းသည္လည္း ဆိုးေဆးကူစရာမလိုပါဘဲႏွင့္ ခပ္အိအိစိုစို။ ေကာ္ဖီေရာင္ဆံပင္မ်ားက ေခြညႊတ္ကာ သူမ၏ အလွကို ပံ့ပိုးထားေသးသည္။
ပါးလႊသည့္ဂါဝန္ရွည္ ေရႊေရာင္ကို ဝတ္ဆင္ထားကာ သူမ၏ ပခံုးထက္တြင္ အနက္ေရာင္ ဝတ္ရံုရွည္ကို ဆင္ျမန္းထား၏။ လက္တြင္ေတာ့ သူမသည္ ႀကိမ္ျခင္းေတာင္းတစ္ခုကို ကိုင္ထားခဲ့ၿပီး ထိုျခင္းေတာင္းထဲတြင္ေတာ့ သစ္သီးအခ်ိဳ႕။
လွပသည့္မိန္းမပ်ိဳတစ္ဦးျဖစ္ေသာ္လည္း သူမကို မည္သူမွ်မႏွစ္ၿမိဳ႕။ သက္ျပင္းကိုရိႈက္ကာ ထိုအမ်ိဳးသားကို သူမ ေက်ာ္ျဖတ္လာလိုက္၏။
မုန္းစရာေကာင္းလိုက္တာ... လူေတြက တကယ္ကုိ စိတ္ပ်က္စရာေကာင္းတယ္။
သူမက စုန္းမတစ္ေယာက္ျဖစ္ေပမဲ့လည္း အနက္ေရာင္စုန္းကေဝမ်ားလို လူတို႔ကို ဒုကၡေပးတတ္သည့္ စုန္းမတစ္ေယာက္မဟုတ္ပါဘူး။ အဲေနာက္ၿပီး လူတို႔႔ကို ကူညီတတ္တဲ့ စုန္းတစ္ေယက္လည္းမဟုတ္ျပန္ဘူး။
ဒါဆို သူမက ဘယ္လိုစုန္းမေလးလဲ။ သူမက အလြတ္ေနတဲ့ စုန္းမေလးပါပဲ။ မီးခိုးေရာင္ေလးေပါ့။ လူေတြကေတာ့ သူမတို႔လို ဟိုလည္းမယိမ္းဒီလည္းမယိမ္းတဲ့သူေတြကို မီးခိုးေရာင္လို႔ ေခၚၾကတယ္။
"အဲ..."
ေတာအုပ္ထဲဝင္ရန္ သူမ သခ်ိဳ ၤင္းကို အျဖတ္ တစ္စံုတစ္ေယာက္သည္ သူမ၏ ဂါဝန္စကို ဆြဲလာေလ၏။
ငံု႔ၾကည့္လိုက္ခ်ိန္တြင္ အသက္ ၇ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္။
ပါးမ်ားသည္ ရႊံ႕မ်ားျဖင့္ ညစ္ပတ္ေပေရေနၿပီး လူသည္ အေလာင္းေကာင္မ်ားထံမွ ေတြ႔သည့္အဝတ္ကို ဝတ္ထားရသျဖင့္ ေလ်ာ့တိေလ်ာ့ရဲျဖင့္။
"........."
မ်က္လံုးဝါဝါေလးမ်ားက သူမကိုၾကည့္ေနခဲ့သည္။
Hybrid မ်ားလား?
လူမ်ား၏ သူငယ္အိမ္လိုခပ္ဝိုင္းဝိုင္းမဟုတ္ဘဲ ေကာင္ကေလး၏ သူငယ္အိမ္မ်ားက ေဒါင္လိုက္ျဖင့္။
ထိုေကာင္ေလးဆြဲထားသည့္ သူမ၏ ဂါဝန္စကို သူမ ဆြဲရုတ္ေလ၏။ လ်င္ျမန္စြာပင္ သူမသည္ ဂါဝန္စကို ရုတ္လုိက္ေလ၏။
ေကာင္ကေလး : .........
ညစ္ပတ္ပိန္လီွသည့္ ေကာင္ကေလး၏ လက္မ်ားသည္ သူမ၏ ဂါဝန္စကို ထပ္ဆြဲဖို႔ လက္လွမ္းျပန္သည္။
မ်က္ခံုးကိုပင့္ကာ သူမ ဂါဝန္အနားကို သိမ္း၏။ ထိုေကာင္ေလးသည္ တရြတ္တိုက္ျဖင့္ သူမ၏ ဂါဝန္စကို ဆြဲရန္ႀကိဳးစားျပန္သည္။
"........."
"မဆြဲနဲ႔..."
အေနာက္သို႔ေျခလွမ္းအနည္းငယ္ဆုတ္ကာ သူမ ေျပာ၏။
"ကြ်န္ေတာ့္ကို ေခၚသြားပါ..."
ထိုေကာင္ေလး၏ မ်က္လံုးဝါဝါေလးမ်ားသည္ ေတာက္ပေနခဲ့သည္။
"ေမရီ ကြ်န္ေတာ့္ကို ေခၚသြားပါ..."
သူမ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ ေကာ့ညႊတ္သြား၏။
"ေခၚသြားရမယ္? ငါက မင္းကို?"
ထိုေကာင္ေလးသည္ သူမ၏ စကားကို အေရးမစိုက္ဘဲ ဂါဝန္ကိုဆြဲဖို႔ရာသာ အားထုတ္ေနခဲ့သည္။
"ဘာအတြက္နဲ႔မင္းကိုငါက ေခၚသြားရမွာလဲ?"
သူမက ဂါဝန္အနားစကို သိမ္းလိုက္ ထိုေကာင္ေလးက လက္လွမ္းလိုက္ျဖင့္ အလုပ္ရႈပ္ေနၾကရင္းမွ သူမသည္ ထိုေကာင္ေလးကို ေမးေလ၏။
"ကြ်န္ေတာ္ အလုပ္လုပ္ႏိုင္တယ္..."
"မတ္တပ္ေတာင္ မရပ္ႏိုင္ဘဲနဲ႔ မင္းက အလုပ္လုပ္ႏိုင္တယ္?"
"ကြ်န္ေတာ္ တကယ္အလုပ္လုပ္ႏိုင္တယ္..."
"ဘာလုပ္ႏိုင္တာလဲ?"
"သန္႔ရွင္းေရး အဝတ္ေလ်ွာ္ အခ်က္အျပဳတ္... ကြ်န္ေတာ္ ခင္ဗ်ားရဲ႕အေစခံတစ္ေယာက္အျဖစ္ ေနႏိုင္တယ္..."
' "ငါ့ဘာသာ လုပ္လို႔ရတာပဲ... မႏၱန္တခ်ိဳ႕သံုးလုိက္ရင္ ၿပီးေနတာကို ငါ အေစခံတစ္ေယာက္မလိုေတာ့ဘူးေလ..."
"ကြ်န္ေတာ္ လုပ္ေပးရင္ ေမရီမပင္ပန္းေတာ့ဘူးေပါ့... မႏၱန္သံုးတာက ေမရီ႕ကို အားယုတ္ေစတယ္မဟုတ္လား"
"ငါကိုယ္တိုင္လုပ္လည္း မပင္ပန္းပါဘူး... ဒါက အဆင့္နိမ့္မႏၱန္ေလးေတြပဲကို..."
သူမ၏ ဂါဝန္စကို ထပ္ဆြဲရန္ ႀကိဳးစားေနသည့္ ေကာင္ကေလးလက္ကို ေရွာင္တိမ္းရင္း သူမ စကားဆိုသည္။
"ငါ သြားေတာ့မယ္..."
ဂါထာတစ္ခုကိုႏႈတ္မွျမြက္ဆိုလိုက္ခ်ိန္တြင္ သူမထံသို႔ တံျမက္စည္းပ်ံတစ္ေခ်ာင္းသည္ ေရာက္လာခဲ့၏။ တံျမက္စည္းပ်ံ ေနာက္တြင္ေတာ့ ခပ္ဝဝ ေၾကာင္နက္တစ္ေကာင္သည္ လိုက္ပါလာခဲ့သည္။
"ေမရီ နင္ ၿမိဳ႕ထဲသြားလာျပန္ၿပီလား?"
မ်က္ခံုးကြဲေနသည့္ ဒဏ္ရာကိုျမင္သည့္ႏွင့္ ေၾကာင္နက္ဝတုတ္သည္ လွမ္းေျပာေလ၏။ သူမ ပခံုးကို အသာတြန္႔၍...
"မသြားရင္ ငါဘာလုပ္ရမွာတုန္း..."
"လူေတြက နင့္ကိုဒုကၡေပးေနတာကို..."
"ဒါေပမဲ့ အဲ့ဒီ ေသာက္သံုးမက်တဲ့ သုဘရာဇာက ၿမိဳ႕ထဲမွာေနတယ္ေလ..."
"ဒီကေလးက ဘာလဲ?"
ေၾကာင္နက္ဝတုတ္သည္ စုန္းမေလးကိုေမးေလ၏။
ေမရီသည္ တံျမက္စည္းေပၚတြင္ တင္ပလႊဲဝင္ထိုင္ၿပီးေနာက္ ျခင္းေတာင္းကုိ တံျမက္စည္းရိုးတြင္ ခ်ိတ္ေလ၏။ ထို႔ေနာက္ ေျမေအာက္ရိွ သူမကို ေမာ့ၾကည့္ေနသည့္ ေကာင္ကေလးကို ၾကည့္ကာ ခပ္ေလွာင္ေလွာင္ျပံဳး၍...
"ဘာၾကည့္တာလဲ မင္းက..."
ေကာင္ကေလးသည္ ေတာ္ေတာ္ႏွင့္စကားမေျဖ အခ်ိန္အတန္ၾကာမွ...
"ေမရီ ခင္ဗ်ားရဲ႕အတြင္းခံက အျဖဴေရာင္ပဲ..."
"ခ်ီး!"
တံျမက္စည္းပ်ံကို ေအာက္သို႔ႏိွမ့္ဆင္းကာ သူမ၏ လက္ထဲမွေမွာ္တုတ္တံျဖင့္ ထိုေကာင္ေလး၏ ေမးဖ်ားကို သူမ ပင့္ေမာ့ေစသည္။
"မင္း မ်က္လံုးေတြ ကန္းသြားခ်င္ေနတာလား?"
"ခင္ဗ်ားက လူေတြကို ဒုကၡမေပးတတ္ပါဘူး..."
"ဒါက ငါ့စိတ္အေျခအေနအေပၚပဲမူတည္တယ္..."
"ကြ်န္ေတာ့္ကို ေခၚသြားပါ..."
"မင္းက ဘာေပးႏိုင္လို႔လဲ?"
ေမရီကို ထိုေကာင္ေလးသည္ စူးစုိက္ၾကည့္၍...
"ကြ်န္ေတာ့္ရဲ႕တည္ရိွမႈကို"
ေမရီသည္ မ်က္ခံုးပင့္မိ၏။ ေၾကာင္နက္ဝတုတ္သည္ ထိုေကာင္ေလးကိုၾကည့္ကာ...
"အိုး ငါမွတ္မိၿပီ..."
စကားေျပာေသာေၾကာင္ကို ထိုေကာင္ေလးသည္ မထူးဆန္းသလိုလွမ္းၾကည့္၏။
"မင္းက လူေသအေလာင္းက ေမြးလာတဲ့ ေကာင္ကေလးမို႔လား?"
တိတ္ဆိတ္ေနသည့္ ေကာင္ကေလးကို ၾကည့္ကာ ေၾကာင္နက္သည္ ဆက္၍ ေျပာေလသည္။
"ေမရီ နင္ မမွတ္မိဘူးလား..."
ေမရီ၏ မ်က္ႏွာေပၚမွ အရိပ္အေယာင္ကိုၾကည့္ရံုျဖင့္ ေမရီသည္ ထိုကိစၥကို လံုးလံုးမမွတ္သည္ကို သိသြားကာ...
"မင္းတစ္ခါ ကိုယ္ဝန္သည္မိန္းမတစ္ေယာက္ကို ကူညီခဲ့ဖူးတယ္ေလ..."
ေမရီသည္ မ်က္ေပတံုျဖင့္ ေၾကာင္နက္ဝတုတ္ကို ၾကည့္ေနေသးဆဲ။
ေၾကာင္နက္ဝတုတ္သည္ သူ႔မ်က္ႏွာသူ လက္ႏွင့္ရိုက္ပစ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ကာ...
"အဲ့ဒီအမ်ိဳးသမီးက ကိုယ္ဝန္ကို ႏွစ္ႏွစ္မကလို႔ မင္းေမြးလို႔ရေအာင္ ကူညီေပးခဲ့တာေလ..."
"အိုး!!! ငါ့ကို ေရႊျပားေတြအမ်ားႀကီးေပးခဲ့တဲ့ အမ်ိဳးသမီး!"
ေမရီ၏ မ်က္လံုးမ်ားသည္ဝင္းဝင္းေတာက္သြားေတာ့သည္။ ထို႔ေနာက္ ျပန္တည္သြားကာ သူမသည္ ေကာင္ကေလးကိုေခါင္းစေျခဆံုးျပန္ၾကည့္၏။ သူမ၏ အၾကည့္မ်ားက နားရြက္ခြ်န္ေလးမ်ား၊ ေဒါင္လိုက္ရွိသည့္ သူငယ္အိမ္မ်ားႏွင့္ အနည္းငယ္ရွည္ေနသည့္ လက္သည္းမ်ားထံ ေရာက္သြားကာ...
"အာ... မင္းက နတ္ဆိုးတစ္ေယာက္ရဲ႕သားပဲ... ဒါေၾကာင့္ကိုယ္ဝန္က အဲ့ေလာက္ၾကာေနတာကိုး..."
ထိုေကာင္ေလးကိုၾကည့္၍ ေမရီသည္ ခပ္တိုးတိုးမွတ္ခ်က္ျပဳေလ၏။ သူမ တစ္ခုခုေျပာရန္ ပါးစပ္ျပင္ေနစဥ္တြင္ အေႏွာင့္အယွက္အသံကို အရင္ၾကားရေတာ့ေလသည္။
"မေကာင္းဆိုးဝါးေလး!!!"
အသံလာရာဆီသို႔ ေမရီသည္ တံျမက္စည္းပ်ံေပၚတြင္ ထိုင္ေနရင္းမွ ၾကည့္လိုက္သလို ထိုေကာင္ေလးသည္လည္း ေမရီ႕ကိုၾကည့္ေနရာမွ လွည့္ၾကည့္ေလ၏။
ရြာထဲမွ ခ်ာတိတ္အခ်ို႕...
"ပြဲေတာ့ေကာင္းေတာ့မွာပဲ... ေကာ္ရီယြန္"
ေမရီသည္ ကိုယ္ေပ်ာက္မႏၲန္တစ္ခုကို ရြတ္ဆိုကာ သူမကိုယ္သူမ ေပ်ာက္ကြယ္ေစလိုက္သည္။
အစပိုင္းေမရီရိွေနသျဖင့္ အနည္းငယ္ရြံ႕တြန္႔တြန္႔ျဖစ္ေနသည့္ ေကာင္ကေလးမ်ားသည္ ေမရီမရိွေတာ့ခ်ိန္တြင္ ပိုရဲတင္းသြားဟန္ရိွ၏။ ေမရီ႕ကို ကိုယ္ေပ်ာက္သြားသည္ထက္ သူတုိ႔ရွိေန၍ ေမရီသည္ ထြက္ေျပးသြားသည္ဟု ထိုေကာင္ေလးမ်ား ထင္ခဲ့ၾကသည္။ ေမရီက လူတုိ႔ကိုဆုိလွ်င္ ေရွာင္တတ္သည္မဟုတ္လား။
"မေကာင္းဆိုးဝါးေလး မင္းကို ရြာထဲမဝင္နဲ႔လို႔ ငါတို႔မေျပာထားဘူးလား..."
ကိုယ္ထည္ႀကီးႀကီး ေကာင္ကေလးသည္ မထႏိုုင္ေသာ ပိန္လီွေနသည့္ ေကာင္ကေလးကို လက္ထဲရိွတုတ္ျဖင့္ရိုက္ရင္းဆို၏။
ေနရာတြင္ရိွေနေသာ္လည္း ေမရီသည္ မ်က္ေတာင္မခတ္တမ္း ထိုအျဖစ္အပ်က္ကို ၾကည့္ေနဆဲ။
အမ်ားႏွင့္တစ္ေယာက္ျဖစ္သည့္အျပင္ တစ္ေယာက္သည္ အမ်ားကိုရင္ဆိုင္ႏိုင္သည့္ စြမ္းအားပင္မရိွ။
ဟင္း... လူေတြ လူေတြ သူတို႔က ငါတို႔ကို မတူညီလို႔မုန္းၾကတယ္။ သူတို႔ကို အႏၲရာယ္မေပးေပမဲ့လည္း ငါတို႔က မတူညီလို႔ဆိုၿပီး သူတို႔က လိုက္ၿပီး မ်က္မုန္းက်ိဴးၾကတယ္။
"မင္း မကူညီေတာ့ဘူးလား..."
ခပ္ေအးေအးၾကည့္ေနသည့္ ေမရီကို ေၾကာင္ဝတုတ္သည္ လွမ္းေျပာ၏။
"ကူညီေတာ့ဘာရမွာတုန္း..."
"သူ႔တည္ရိွမႈ မင္းကိုေပးမယ္ေျပာထားသားပဲ..."
"သူ႔တည္ရိွမႈက ဘယ္ေလာက္မ်ားတန္မွာမို႔လို႔လဲ?"
ေမရီသည္ ညည္းေငြ႔စြာေမးခြန္းထုတ္သည္။ ေၾကာင္နက္ဝတုတ္သည္ ေမရီ႕ဆံပင္မ်ားကို ဆြဲကုတ္ခ်င္စိတ္ကို ထိန္းကာ ျပန္ေျပာ၏။
"သူ႔အေဖက ငရဲမွာ နည္းနည္း အေကာင္းႀကီးတယ္လို႔ ငါ့အသိတခ်ိဳ႕ကေျပာတယ္..."
"အင္း..."
"သူက တစ္ခ်ိန္မွာ နတ္ဆိုးစြမ္းရည္ႏိုးၾကားလာၿပီး အေကာင္ႀကီးႀကီး မျဖစ္လာဘူးလို႔ မေျပာႏုိင္ဘူး..."
"အင္း..."
"ေနာက္တစ္ခုက မင္း လူသားတစ္ေယာက္ကို ေမြးစားရင္ အပ်င္းေျပတာေပါ့..."
"လူသား pet ကေလးေပါ့..."
"မင္းရဲ႕ familiar အျဖစ္လည္း သူ႔ကို ထားလို႔ရတယ္ သူက နတ္ဆိုးတစ္ပိုင္းဆိုေတာ့... ဘာလုိ႔ဆုိ မင္းက သိပ္ရန္မ်ားတဲ့ စုန္းမေလးမဟုတ္လား... မင္းကို အဖြဲ႔အစည္းေတြအကုန္လံုးက အလုိရွိေနၾကတယ္..."
"ဒါေတာ့မဆိုးလွဘူး... ငါ Familiar ေကာင္းေကာင္းတစ္ေယာက္လုိတယ္... နင္က အၿမီွးသုံးခြနဲ႔ေၾကာင္တစ္ေကာင္ျဖစ္ေနေပမဲ့ နင့္အစြမ္းက အရမ္းႀကီး အသံုးမဝင္ေသးပါဘူး..."
"အဲ့ဒီေတာ့ ကူညီမွာလား?"
"နင္က သူ႔ကို သနားေနတာလား?"
"တကယ္ဆို သူက မေမြးဖြားရမဲ့ ဇာတာနဲ႔ေလ မင္းလုပ္လို႔သူေမြးလာတာ..."
"ငါ့အျပစ္ေတာင္ျဖစ္ရေသးတယ္..."
"ေရႊဒဂၤါးေတြကို မက္ခဲ့တာ မင္းေလ..."
"အဲ့ဒါနဲ႔ ဝယ္တဲ့ ငါးေတြကို တမုန္းစားတာ နင္ေလ..."
ေမရီ႕စကားကို ေၾကာင္နက္ဝတုတ္သည္ ဆက္မေျပာေနေတာ့။
ေမရီသည္ ေျမျပင္တြင္ ေဘာလံုးေလးလို လံုးေနသည့္ ေကာင္ကေလးကိုျပန္ၾကည့္သည္။ ထို႔ေနာက္ သူမ၏ ႏွင္တံကို ေဝွ႔ယမ္းကာ...
"ပရိုကူရက္ဆက္စ္..."
အုပ္စုထဲမွာ ေကာင္ေလးတစ္ဦး၏ ေခါင္းေပၚသို႔ မီးတစ္ေပါက္သည္ ထေတာက္လာ၏။
မီးေတာက္ကို ျမင္သည္ႏွင့္ အႏိုင္က်င့္ေနသူ ေကာင္ကေလးမ်ားသည္ တုန္လႈပ္ကာ ေအာ္ဟစ္ကုန္ၾကသည္။
"အား!!! မေကာင္းဆိုးဝါး!!! မေကာင္းဆိုးဝါး!!!"
ေသြးရူးတန္းရူးထြက္ေျပးကုန္ၾကသည့္ ေကာင္ကေလးမ်ား မရိွခ်ိန္က်ေတာ့မွ ေမရီသည္ သူမ၏ ဝွက္ကြယ္ထားသည္ ဂါထာ အစြမ္းကို ပယ္ဖ်က္၏။
"ဟဟဟ မင္းကိုေၾကာက္ၾကသားပဲ..."
ေျမျပင္ထက္တြင္ လံုးေနသည့္ ေကာင္ကေလးသည္ အႏိုင္က်င့္ရိုက္ႏွက္ခံခဲ့ရသည္က သူ မဟုတ္သည့္အလား ေမရီ့ကို ျပန္ၾကည့္လာခဲ့၏။ ထို႔ေနာက္ အသံတိုးတုိးျဖင့္...
"ခင္ဗ်ားရဲ႕ ဂါထာအစြမ္းေၾကာင့္ပါ..."
ေမရီသည္ ဂ်စ္တစ္တစ္ျဖင့္ သူမ၏ ဂါဝန္စကို လွမ္းဆြဲရန္ ႀကိဳးစားေနသည့္ ကေလးငယ္ကို လွမ္းေခၚ၏။
"ေဟး ေကာင္ကေလး..."
ထိုေကာင္ေလးသည္ ေလထဲတြင္လွမ္းေနသည့္ လက္ကိုရပ္ကာ သူမကို ၾကည့္ေလ၏။ ေမရီ၏ ႏႈတ္ခမ္းေလးမ်ားသည္ ေကာ့ညႊတ္သြားခဲ့သည္။
"ငါ့ရဲ႕ အိမ္ေမြးတိရိစၧာန္ေလးလုပ္မလား..."
ထိုေကာင္ေလးသည္ ေမရီ႕ကို ထိတ္လန္႔စြာၾကည့္သည္။ စုန္းမ်ားက လူတို႔ကို တိရိစၧာန္မ်ားအျဖစ္ ေျပာင္းလဲႏိုင္သည့္ အစြမ္းရိွသည္မဟုတ္လား။
"ကြ်န္... ကြ်န္ေတာ္ အေစခံပဲလုပ္လို႔မရဘူးလား တိရိစၧာန္မျဖစ္ခ်င္ဘူး..."
ထိုေကာင္ေလး၏ ရြံ႕တြန္႔တြန္႔ေျဖမႈေၾကာင့္ ေမရီသည္ သေဘာက်စြာရယ္ေလေတာ့သည္။
"ငါေျပာတာက မင္း လူအေနနဲ႔ ငါ့ရဲ႕အိမ္ေမြးတိရိစၧာန္ေလးလုပ္မလားလို႔ မင္းရဲ႕နတ္ဆိုးအစြမ္းႏိုးၾကားဖို႔ကို ငါ တာဝန္ယူေပးႏိုင္တယ္..."
ထိုေကာင္ေလးသည္ သူမကို ၾကည့္၏။
"မင္းလုပ္ရမွာက နတ္ဆိုးျဖစ္ၿပီး ငါ့ကို အျမဲအေဖာ္ျပဳေပးရံုပဲ... ငါ့ကို ျပႆနာလာရွာသမွ်ကို မင္းအေနနဲ႔ ဝိုင္းတိုက္ထုတ္ေပးေပါ့ မင္းအရြယ္မေရာက္ေသးခင္ေတာ့ ငါ မင္းကို ကာကြယ္ေပးမယ္ေလ..."
ေမရီသည္ လွပစြာျပံဳးျပျခင္းျဖင့္ သူမ၏ ကမ္းလွမ္းခ်က္ကို အဆံုးသတ္ေလ၏။
---------