book

Index 2

အပိုင်း ၂

မိန်ဟွာ သူမမျက်နှာက ယားကျိကျိခံစားနေရလို့ လန့်နိုးလာတယ်။ အရင်ဆုံးသတိပြုမိတာက ဂူနံရံကိုပဲ။


အာ သူဒီနေရာမှာ အိပ်ပျော်သွားခဲ့တာလား။ 


အားနည်းတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ခါမှ မမြင်ဖူးမတွေ့ဖူးတဲ့ တောတစ်ဆနေရာမှာ သတိလက်လွတ်အိပ်ပျော်သွားတာက တကယ်ကို လူကြားမကောင်းတဲ့ကိစ္စပဲ။ အချိ်န်ဘယ်လောက်ကြာသွားမှန်းမသိပေမယ့် တော်တော်ကြာအောင် အိပ်လိုက်ရလို့ထင့် တစ်ကိုယ်လုံးကို လွတ်လပ်ပေါ့ပါးကာ စိတ်တွေကြည်နေတယ်။ 


မိန်ဟွာ လက်မြှောက်ကာ အပျင်းကြောဆန့်လိုက်မှ အင်္ကျီလက်က လျှောကျသွားပြီး ဖြူဥကာ ကြည်လင်လှတဲ့ လက်တွေကို မြင်တော့တယ်။


မင်းသားသုံးက မိန်ဟွာ့ကိုငြင်းဖို့ အခြားသူတွေကို တမင် လှောင်ပြောင်စေခဲ့တဲ့သတင်းကို ကြားတုန်းကတောင် မိန်ဟွာဒီလောက်သွေးမပျက်ဖူးဘူး။ မဟုတ်သေးဘူး သူမနဲ့စေ့စပ်ထားတဲ့ မင်းသားသုံးက အကိုဝမ်းကွဲတစ်ယောက်နဲ့ အိပ်ဆောင်ဝင်တယ်ဆိုတာကို ကြားလိုက်ရတုန်းကတောင်မှ မိန်ဟွာဒီလောက်ထိ မအံ့သြဘူးပေ။


လူတွေက မိန်ဟွာ့ကို အမျိုးမျိုးတင်စားကြတယ်။ ရွံစရာကောင်းတဲ့ ဖားမ၊ အဖေ့မျက်နှာကို တံတွေးခွက်မြောစေတဲ့ မျိုးမစစ်မ စသဖြင့် သူမခန္ဓာရဲ့ချွတ်ယွင်းမှု၊ ရုပ်၇ည်ရဲ့ဆိုးဝါးမှု၊ အသံ၏ စိတ်ပျက်ဖွယ်ကောင်းမှု ၊ အသားအရည်၏ ရွံရှာဖွယ်ကောင်းမှု တို့ကို အမျိုးမျိုး ဋီကာဖွင့်ကာ လှောင်ကြတယ်။ ဒါပေမယ့် ဘယ်သူက သူမထက် သူမကိုယ်ကို ပိုသိနိုင်မှာလဲ။ 


ဒီဖြူဥပြီး သွေးကြောလေးတွေထင်းကာ ကြည်နေတဲ့ လက်တွေကို သူမစိတ်နဲ့ သူမသာ လှုပ်ရှားလို့ရမနေဘူးဆိုရင် မိန်ဟွာ ဆွဲဖြုတ်နေမိဦးမှာ။


" ငါ့ရဲ့ ကံကောင်းမှုက အစပြုပြီလား"


ဂူပြင်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်က ကြည်နေတယ်။ ကြည့်ရတာ ဒီနေရာမှာ တစ်နေ့တော့ ကုန်ခဲ့ပုံပဲ။ ဒီအချိန်စံအိမ်တော်မှာ အကိုဝမ်းကွဲက မဟုတ်တဲ့သတင်းတွေကို အမေ့ကိုယုံအောင် သွေးထိုးနေလောက်ပြီ။ မြို့ထဲမှာလည်း မွေးနေ့ပွဲက အကြောင်းတွေ ပြန့်နေလောက်ပြီ။ ငါ့ရဲ့ မရှိတော့တဲ့ သိက္ခာတွေက ထပ်ကျနေလောက်ပြီ။ 


မိန်ဟွာသက်ပြင်းသာချမိတယ်။ အရင်ဘ၀က မကောင်းမှုတွေ ဘယ်လောက်များလုပ်ခဲ့မိတာလဲ။ 


ဒါပေမယ့် နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ အသားအရောင်ကြောင့် မိန်ဟွာ ပြုံးမိတယ်။ 


အင်္ကျီလက်ကို လက်မောင်းရင်းထိ လိပ်တင်လိုက်တော့ ဂူတွင်းကိုပါ တောက်ပသွားသယောင်ထင်ရတဲ့ ဖြူဖွေးနေတဲ့ လက်မောင်းသားက ပေါ်လာတယ်။ ဘယ်ရော၊ ညာရော ဖြူဥသွားတာက ထူုးဆန်းနေပေမယ့် ထူးဆန်းတဲ့နေရာကို ရောက်နေတာဆိုတော့လည်း မိန်ဟွာ သိပ်မအံ့သြတော့ဘူး။ တစ်ခါက ရုပ်ဆိုးမတစ်ယောက်က ဆေးဆရာတစ်ယောက် ဖော်စပ်တဲ့ ဆေးတစ်ဖုံကိုစားပြီးနောက်မှာ အရမ်းကိုလှပတဲ့ နတ်သမီးလေးဖြစ်သွားတယ်။ 


မိန်ဟွာ ခြေဆင်းကာ အ၀တ်ကို ပေါင်လယ်အထိ တက်အောင်ဆွဲတင်လိုက်တော့ သွေးသွယ်ကာ ရှည်လျားတဲ့ ခြေတစ်စုံကို မြင်ရတယ်။ သူမ၀တ်ထားတဲ့ သခွားရောင်ဝတ်စုံက အရင်ကတော့ အလှောင်ခံဖြစ်စေခဲ့ပေမယ့် အခုတော့ အရမ်းကိုသဘာဝဆန်ကာ အသားနဲ့ ဟပ်နေတယ်။ 


" ဆီးနှင်းထက်ဖြူသော အသားအရည်"


ကဗျာမမြည်တဲ့ စာတစ်ကြောင်းကို ရေရွတ်မိတော့ မင်းသားသုံးရဲ့ စာပေနှစ်ခြိုက်မှုကို သတိရပြန်တယ်။ 


မိန်ဟွာက စာမတတ်ဘူး၊ ပျင်းတယ်၊ ဖခင်ရဲ့မျက်နှာကိုအိုးမည်းသုတ်နေတာ ဆိုတဲ့စကားတွေက တကယ်တော့ ဟာသတွေပဲ။ ဘယ်သူကမှ ရုပ်ဆိုးမတစ်ယောက်ရဲ့ စကားတွေကို နားမထောင်ချင်ကြဘူး။ သူတို့လိုရာကိုသာ ဆွဲယူတွန်းအားပေးပြီး မိန်ဟွာ့ကို ချောက်ထဲ တွန်းပို့နေကြတာ။ ဘယ်သူကများ မိန်ဟွာ့စကားတွေကို နားထောင်ခဲ့ဖူးလို့လဲ။ 


တစ်ခါတစ်ခါ အကိုတွေလို ကျောင်းတော်တွေဆီသွားပြီး စွမ်းအားပဲ ကျင့်ကြံချင်တယ်။ 


ပွက်...


ဂူထဲရှိ ကျောက်စက်ပန်းဆွဲတစ်ခုမှ ရေတစ်စက်ကျလာကာ မိန်ဟွာရှေ့ရှိ ကျောက်သားချိုင့်ခွက်လေးထဲသို့ တည့်တည့်ရောက်တယ်။ အရင်ကတည်းက ရှိနေပုံရကာ ထိုချိုင့်ခွက်လေးထဲတွင် ရေအနည်းငယ်တင်နေတယ်။


" ဟယ်"


မိန်ဟွာ့အနေနဲ့ အမြဲတမ်း စိတ်ကိုထိန်းချုပ်ကာ အပြောအဆိုကို အရမ်းသတိထားရတယ်။ ဒီလိုသတိထားတာတောင်မှ ခဏခဏ သူများလှည့်ကွက်ထဲေ၇ာက်ပြီး အလှောင်ခံနေရတာဖြစ်တယ်။ သို့ပေမယ့် အခုတော့ သတိမထားမိဘဲ အာမေဋိတ်သံ ထွက်သွားလောက်အောင် တစ်စုံတစ်ရာက ဖမ်းစားသွားတယ်။


ထိုရေရှိရာ ချိုင့်ခွက်လေးထဲမှာ လှပလွန်းတဲ့ တစ်စုံတစ်ယောက်ကိုမြင်လိုက်ရတယ်။ သခွားမွှေးရောင်ဝတ်စုံက ဖြူဥတဲ့အသားအရည်နဲ့လိုက်ဖက်ကာ သူမကိုယ်တိုင်ကိုက လတ်ဆတ်တဲ့ သစ်သီးတစ်လုံးနှယ် မြင်သူကို နှစ်သိမ့်နေစေတယ်။ ၀ိုင်းစက်တဲ့မျက်လုံးတွေက ခပ်ပါးပါး အပေါ့ကော့တက်နေတဲ့ မျက်တောင်တွေကြောင့် ထင်းနေတဲ့ မျက်ရစ်က သိသာသွားတယ်။ ဒီမျက်လုံးတွေထဲမှာ ကြယ်ပွင့်တွေများရှိတာလား၊ ရေပြင်မှာတောင် ရောင်ပြန်ဟပ်သွားလို့ မိန်ဟွာ မျက်လုံးမှိတ်ပစ်လိုက်ရတဲ့အထိ တောက်ပနေတယ်။ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းနဲ့ ခပ်ပါးပါးသာ ထင်းတဲ့ နှုတ်ခမ်းပေါ်က မှဲ့နက်လေးတို့က ဘယ်လိုကြည့်ကြည့် ပြီးပြည့်စုံမှုကိုပဲ ဖော်ညွှန်းနေတယ်။ 


လူတစ်ယောက်က ဒီလောက်အထိ လှနိုင်တာလား။ ဒါ သူမဆိုတာ မိန်ဟွာ မယုံနိုင်သေးဘူး။ ဒါ တကယ်ပဲ သူမလား၊ 


ကိုယ့်ပါးကိုယ် ကိုင်ကြည့်တဲ့အခါ အိစက်ကာ နူးညံ့နေခဲ့လို့ အရေခွံတွေများ ကွာသွားတာလားလို့ မိန်ဟွာသံသယရှိတယ်။ ကိုယ့်အသားကို ပြန်ထိမိတာတောင် စိတ်လှုပ်ရှားစေလောက်အောင် သူမအသားအရည်က သိပ်ကို နူးညံ့နေတယ်။ 


" ငါက ငါရောဟုတ်သေးရဲ့လား။ ငါ သေပြီးတော့များ တခြားလောကကို ရောက်သွားတာလား။ ငါ့လို ကြောက်စရာအကောင်းဆုံး မိန်းမက တစ်ညတည်းနဲ့ နတ်ဘုရားမတစ်ပါးရဲ့ အလှတရားကို ဆက်ခံနိုင်သွားတယ်၊ ဒါက တကယ်ပဲ ယုတ္တိရှိရဲ့လား"


မိန်ဟွာ ပိုပြီး အံ့သြရတာက သူမရဲကအသံက ဆည်းလည်းလိုငြိမ့်ညောင်းပြီး သံစဉ်တစ်ခုလို သိပ်ကို သာယာနေတာပဲ။ မတိုင်မီက အခြားကိုစိတ်ရောက်နေလို့ သတိမထားမိပေမယ့် အခုတော့ သူမရဲ့အသံသည်လည်းပဲ သိပ်ကို ပြောင်းလဲသွားခဲ့တာကို လက်ခံလိုက်ရတယ်။ ဒါက ကောင်းသောပြောင်းလဲခြင်းပါပဲ၊ အရင်က သူမအသံက သိပ်ကိုယောင်္ကျားဆန်ပြီး လက်ခံချင်စရာမှ ရှိမနေခဲ့ပဲ။ လတ်စသတ်တော့မိန်ဟွာ ကိုယ့်ကိုယ့်ကိုယ် မချစ်တတ်ခဲ့ဘူးပဲ။ အေးလေး ဆိုးဝါးတဲ့သူမရဲ့အရာရာက ချစ်ချင်စရာမှမရှိတာ၊ သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် မချစ်ခဲ့လို အခြားဘယ်သူကမှ သူမကို မချစ်ချင်ကြတာဟာ မထူးဆန်းပါဘူး။


" ဒါဆို ဒီပုံစံကို စိတ်ကျေနပ်မှုရှိသွားပြီပေါ့"


" ဟင် အား......"


မိန်ဟွာ သူမကိုယ်က ထူုးခြားမှုတွေကိုသာ အာရုံစိုက်နေခဲ့လို့ သူမပေါင်ပေါ် ခွေအိပ်နေတဲ့ မြေခွေးဖြူလေးကို လုံးဝသတိမထားမိခဲ့ပေ။ သတိမထားမိဆို ထိုမြေခွေးရဲ့ အမွှေးတွေက သိပ်ကိုဖြူစွတ်နေလွန်းလို့ မိန်ဟွာ့အင်္ကျီက သားမွှေးလို့ပင် ထင်ခဲ့မိသည်ပေ။ ထိုမြေခွေးဆီကသာ အသံမထွက်လာခဲ့ရင် အခုထိ မိန်ဟွာ သတိပြုမိမှာမဟုတ်သေး။


သို့ပေမယ့် လန့်ကာအော်မိတာက သတိမထားမိခြင်းသက်သက်ကြောင့်မဟုတ်ပေ။ ထိုလှလွန်းတဲ့ မြေခွေးဖြူကား လူစကားပြောကာ သူမကို ခေါင်းလေးမော့လို့ ကြည့်လာခြင်းကြောင့်ပေ။ စိမ်းဖန့်ဖန့်အရောင်ရှိတဲ့ ထိုမျက်ဝန်းတွေကို မိန်ဟွာကတော့ နက်စောက်တဲ့ ချောက်ကမ်းပါးတစ်ခုလို့ မြင်တယ်။ သူမကို ခုန်ချဖို့ရာဖိအားပေးပြီး ဆွဲခေါ်နေသလိုထင်ရလောက်အောင် ထိုမျက်ဝန်းတွေက ညို့ရီနိုင်စွမ်း ပြင်းလွန်းလှတယ်။ 


မြေခွေးဖြူကား မိန်ဟွာ့အော်သံကြောင့် နားညီးသွားပုံရကာ ပေါင်ပေါ်မှထတယ်။ အမွှေးထူထူလေးတွေက ဖွာခနဲဖြစ်ပြီး ကိုယ်ကို ခါတယ်။ ကြည့်ရတာ မိန်ဟွာ့ဆီက အညစ်အကြေးတွေကို ခါချနေတာဖြစ်မယ်။ 


တော်တော်ကြီးကျယ်တဲ့ မြေခွေးပဲ။


မြေခွေးဖြူကား အားရအောင် ပျင်းကြောဆန့်ပြီးမှ မိန်ဟွာ့ကို ပြန်ကြည့်တယ်။


" ယွီအာ မင်း ဘာတွေ အော်ဟစ်နေတာလဲ။ ငါကိုယ်တော့်ကို အိပ်ရေးပျက်အောင် လုပ်ရဲပုံထောက်ရင် မင်းက အတော် သတ္တိရှိတာပဲ"


" အာ"


လူတစ်ယောက်က ထူးခြားဆန်းကျယ်မှုတွေကို ဘယ်နှစ်ကြိမ်လောက် တွေ့ကြုံနိုင်ကြလဲ။ မိန်ဟွာကတော့ ဆက်တိုက်ကို ကြုံနေရတယ်။ ပထမတစ်ခုက သူမသိပ်ကို အရမ်းကို လှသွားတယ်၊ ဒုတိယတစ်ချက်က သူမရဲ့အသံက သိပ်ကိုသာယာသွားတယ်၊ တတိယတစ်ခုက လူစကားပြောတတ်တဲ့ မြေခွေးတစ်ကောင်နဲ့ ဆုံရတယ်။ နောက်တစ်ချက်ကတော့ဒီမြေခွေးက သူ့ကိုယ်သူ ဘုရင်တစ်ပါးလို သုံးနှုန်းနေတာပဲ။


ထိုမြေခွေးကား ကျားပေါက်တစ်ကောင်အရွယ်ရှိပေမယ့် သိပ်ကြီးတယ်လို့တော့ မဆိုနိုင်ဘူး။ ဒီမြေခွေးက အဖေပြောဖူးတဲ့ နတ်မျိုးနွယ်များလား။


မြေခွေးဖြူက သူ့စကားကို ပြန်မဖြေဘဲ မျက်လုံးအပြူသားနဲ့ကြည့်နေတဲ့ယွီအားကို အကြည့်လွှဲလိုက်တယ်။


အာ ဒီရုပ်ကို သူပေးထားတာဆိုပေမယ့် သူတောင် တောင့်မခံနိုင်တော့ဘူး ဖြစ်နေပါလား၊ ထူးဆန်းတယ်။


မြေခွေးဖြူက မျက်ဝန်းထောင့်ကပ်ကာ ထိုအလှလေးကို ခိုးကြည့်လိုက်တယ်။ အလှလေးက ကြောင်တောင်တောင်ကြည့်နေသေးတာကိုတွေ့ရတယ်။ ခန္ဓာက ဆွဲဆောင်မှုမရှိပေမယ့် ခြုံကြည့်လိုက်ရင်တော့ မဆိုးတဲ့အနေအထားရှိပါတယ်။ ဒါပေမယ့် ဒီလောက်လှပတဲ့ရုပ်ရည်နဲ့ သာယာတဲ့အသံကိုပိုင်ထားမှတော့ ခန္ဓာကိုယ်ကို ငမ်းဖို့ အချိန်ရှိပါဦးမလား။ 


ယွီအာရဲ့အလှက သဘာဝဆန်ပြီး မြင်ရသူကို အေးချမ်းစေတယ်၊ ဘာတပ်မက်မှုမှ မဖြစ်စေနိုင်ဘူးလို့ဆိုရင် လိမ်ရာကျနိုင်ပေမယ့် သူမရဲ့အလှက ဆောင်းဦးအလှလို သိပ်ကို ငြိမ်းအေးတာတော့ အမှန်ပဲ။ 


သူ အတွေးတစ်ချက်လက်သွားတယ်။ မယ်တော့်ဆီ ယွီအာ့ကိုပဲ ခေါ်ပြလိုက်ရမလား။ ဒါဆို သူ နားညည်း သက်သာသွားလောက်တယ်။ 


မိန်ဟွာကတော့ ထိုမြေခွေးရဲ့ အကြံဆိုးကို မသိရှာဘဲ သူမဘာသာ တစ်ကိုယ်တည်း အတွေးလွန်နေရှာတယ်။ 


" ဒါဆို ဒါဆို ကျွန်မကို ဒီလိုပြောင်းလဲအောင် ဒီက မြေခွေးက လုပ်ပေးတာပေါ့"


" ငါကိုယ်တော်ကို သခင်လေးလို့ခေါ်နိုင်တယ်။ မင်းပြောတာက ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး။ တကယ်တော့ ငါက ဒီအတိုင်းထိုင်ကြည့်နေရုံပါပဲ မင်းကသာ သစ်သီးတွေ လျှောက်စားလို့ ပြောင်းလဲသွားတာ"


"ဒါဆိုရင် အိမ်သာသွားပြီးတဲ့အခါကျရင်ပြန်ရုပ်ဆိုးသွားမှာလားဟင် ဒါဆို ဘယ်လိုလုပ်မလဲ ကျွန်မ သစ်သီးတွေ အကုန်ယူသွားလို့ရမလား"


ပြောရင်းဆိုရင်း ချက်ချင်းထကာ သစ်သီးခူးဖို့ပြင်နေတဲ့ မိန်ဟွာ့ကို မြေခွေးခမျာ မနည်းတားရတော့တယ်။ 


အာ ဒီလူသားမိန်းကလေးက သိပ်ဥာဏ်နည်းတာပဲ ...... သင်ပြပေးမယ့် သူ့ကို သိက္ခာချနေတယ်။


" ယွီအာ မင်း သိပ်မတုံးနဲ့ ဒီနယ်မြေကို ၀ိဥာဉ်သလင်းနယ်မြေလို့ခေါ်တယ်။ ငါကိုယ်တိုင်ကိုယ်တိုင် ဖန်တီးထားတဲ့ စိတ်ဝိဥာဉ်နယ်မြေပဲ။ ဒီနယ်မြေက အရာရာက ထာဝရပဲ။ ငါက ကျင့်ကြံဖို့အတွက်သာ ဖန်တီးထားတာဖြစ်တယ်။ မင်း စားလိုက်တဲ့သစ်သီးက ငါ့စိတ်ဝိဥာဉ်က ဖြစ်တည်လာတာပဲ "


" အရှင် မြေခွေး ဆိုလိုတာက ကျွန်မက ရှင့်ရဲ့စိတ်ဝိဥာဉ်လား အဲ့ဒါ ဖြစ်သွားတာလား"


အခုထိကို နားမလည်နိုင်သေးတဲ့ ယွီအာကြောင့် မြေခွေးခမျာ မျက်ဖြူလံချင်သွားတယ်။ သူမှားတာ... ဒီလောက်တုံးတဲ့လူသားမှန်းသိရင် နယ်မြေထဲ ၀င်ခွင့်မပေးခဲ့ပါဘူး။


နောက်ဆုံးတော့ ဟူးခနဲ သက်ပြင်းတွေ မှုတ်ထုတ်လိုက်ကာ တည့်ပြောရတော့တယ်။


" ငါဆိုလိုတာက မင်းက မသေမချင်း အခုအတိုင်း လှနေတော့မယ်ဆိုတာပဲ။ နားလည်သွားပြီလား"


အခုမှသာ ယွီအာရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ အမြန်မျက်လုံးလွှဲရပြန်တယ်။ ကိုယ့်အတတ်ကိုယ်စူးတယ်ဆိုတာက ဒါမျိုးလား။


"အရှင် မြေခွေး ဒါဆိုရင် ကျွန်မ တစ်သက်လုံး လှသွားမှာပေါ့နော်။ ကျွန်မအမေအတွက် သစ်သီးတစ်လုံးယူသွားလို့ရမလားဟင် ။ အမေလည်း လှချင်မှာပဲ ပြီးတော့ ဒေါ်ဒေါ်နှစ်နဲ့ ဒေါ်ဒေါ်ငယ်လည်း ရှိသေးတယ်၊ သူတို့အတွက် တစ်လုံးဆီ ခူးသွားရမယ်"


ပြောပြောဆိုဆို လက်ကမြန်မြန်ဆန်ဆန်နဲ့ သစ်သီးနှစ်လုံး ခူးလိုက်ပြီဖြစ်တယ်။ တားမလိုပြင်တဲ့ မြေခွေးမှာ ပါးစပ်တောင် ဟချိန်မရလိုက်ခဲ့။ ဂူအတွင်း အေးစိမ့်တဲ့အငွေ့အသက်တွေ ပြည့်နှက်လာကာ နို့နှစ်ရောင်မြူထုကလည်း ထူပိန်းလာတယ်။ 


" အခုအချိန်ကစပြီး ငါ့စကားကို နားမထောင်ရင် မင်းမျက်နှာကို ရုပ်ဆိုးအောင် ကုတ်ခြစ်ပစ်မယ်"


လို့ မြေခွေးက ခြိမ်းခြောက်တယ်။ 


မိန်ဟွာ့လက်ထဲက သစ်သီးတွေ ပြုတ်ကျသွားပါရဲ့။ ဒီမြေခွေးက သူ့သစ်သီးတွေယူတာကို မကြိုက်ဘူး၊ ဒီမှာ သစ်သီးတွေများကြီးရှိတာ၊ တစ်လုံး၊နှစ်လုံး၊ သုံးလုံးလောက်ယူတာလောက်က ဘာများ လျော့သွားမှာမို့လို့လဲ။ သို့ပေသိ မိန်ဟွာ့ ခွန်းတုန့်မပြန်ရဲပါပေ၊ သူမ တိတ်တိတ်လေးနဲ့ ငြိမ်ငြိမ်လေးသာ ပြန်ထိုင်နေလိုက်တယ်။ 


မြေခွေးက လိမ္မာရင် သဘောကျတယ်၊ မိန်ဟွာ ပြန်ငြိမ်သွားတော့ ဂူထဲက မြူထုနဲ့ အအေးဓာတ်က ချက်ချင်း ပျောက်သွားတယ်။ အမွှေးထူထူဖြစ်တဲ့ အမြှီးရှည်ရှည်ကို တစ်ချက်ရမ်းရင်း လက်တစ်ဖက်ကို တံတွေးစွပ်ကာ သူ့ခေါင်းသူ ပွတ်သပ်ရင်း သန့်ရှင်းနေတဲ့ မြေခွေးက ဘယ်လိုကြည့်ကြည့် တကယ့် မြေခွေးအတိုင်းပဲ။ 


အာ သူက တကယ့် မြေခွေးပဲကို။ 


မိန်ဟွာစိတ်ရှုပ်လာတယ်၊ ဒီမြေခွေးက ဘာကြီးလဲ။


အမှန်တိုင်းပြောရရင် မြေခွေးလေးက သိပ်ကိုချစ်ဖို့ကောင်းတယ်၊ ကျားပေါက်အရွယ်လေးပဲ ရှိတာတောင်မှ မြင်တဲ့သူကို ရင်ခွင်ထဲ ဆွဲသွင်းပြီး သွားသမျှကို ခေါ်သွားချင်စိတ်ပေါက်စေတယ်၊ ဒီလိုချစ်စဖွယ်ပုံလေးနဲ့ သြရှုတဲ့အသံ၊ စူးရှတဲ့မျက်လုံးစိမ်းတွေ ပိုင်ဆိုင်ထားမယ်ဆိုတာကို ဘယ်သူမှ ပြောနိုင်မှာမဟုတ်ဘူး။ မိန်ဟွာကတော့ ဒီမြေခွေးက သူမအပေါ် ကောင်းတာဖြစ်လို့ စိတ်ထဲမှာ ကျေးဇူးရှင်လို့ တွေးလိုက်တယ်။ ကျေးဇူးရှင်ကြောင့်သာ လောကရဲ့နံပါတ်တစ်အလှလေး ဖြစ်လာတော့မှာမဟုတ်လား။ 



Zawgyi


မိန္ဟြာ သူမမ်က္ႏွာက ယားက်ိက်ိခံစားေနရလို႔ လန႔္နိုးလာတယ္။ အရင္ဆုံးသတိျပဳမိတာက ဂူနံရံကိုပဲ။


အာ သူဒီေနရာမွာ အိပ္ေပ်ာ္သြားခဲ့တာလား။ 


အားနည္းတဲ့မိန္းကေလးတစ္ေယာက္အေနနဲ႕ တစ္ခါမွ မျမင္ဖူးမေတြ႕ဖူးတဲ့ ေတာတစ္ဆေနရာမွာ သတိလက္လြတ္အိပ္ေပ်ာ္သြားတာက တကယ္ကို လူၾကားမေကာင္းတဲ့ကိစၥပဲ။ အခ်ိ္န္ဘယ္ေလာက္ၾကာသြားမွန္းမသိေပမယ့္ ေတာ္ေတာ္ၾကာေအာင္ အိပ္လိုက္ရလို႔ထင့္ တစ္ကိုယ္လုံးကို လြတ္လပ္ေပါ့ပါးကာ စိတ္ေတြၾကည္ေနတယ္။ 


မိန္ဟြာ လက္ျမႇောက္ကာ အပ်င္းေၾကာဆန႔္လိုက္မွ အကၤ်ီလက္က ေလွ်ာက်သြားၿပီး ျဖဴဥကာ ၾကည္လင္လွတဲ့ လက္ေတြကို ျမင္ေတာ့တယ္။


မင္းသားသုံးက မိန္ဟြာ့ကိုျငင္းဖို႔ အျခားသူေတြကို တမင္ ေလွာင္ေျပာင္ေစခဲ့တဲ့သတင္းကို ၾကားတုန္းကေတာင္ မိန္ဟြာဒီေလာက္ေသြးမပ်က္ဖူးဘူး။ မဟုတ္ေသးဘူး သူမနဲ႕ေစ့စပ္ထားတဲ့ မင္းသားသုံးက အကိုဝမ္းကြဲတစ္ေယာက္နဲ႕ အိပ္ေဆာင္ဝင္တယ္ဆိုတာကို ၾကားလိုက္ရတုန္းကေတာင္မွ မိန္ဟြာဒီေလာက္ထိ မအံ့ၾသဘူးေပ။


လူေတြက မိန္ဟြာ့ကို အမ်ိဳးမ်ိဳးတင္စားၾကတယ္။ ႐ြံစရာေကာင္းတဲ့ ဖားမ၊ အေဖ့မ်က္ႏွာကို တံေတြးခြက္ေျမာေစတဲ့ မ်ိဳးမစစ္မ စသျဖင့္ သူမခႏၶာရဲ႕ခြၽတ္ယြင္းမႈ၊ ႐ုပ္၇ည္ရဲ႕ဆိုးဝါးမႈ၊ အသံ၏ စိတ္ပ်က္ဖြယ္ေကာင္းမႈ ၊ အသားအရည္၏ ႐ြံရွာဖြယ္ေကာင္းမႈ တို႔ကို အမ်ိဳးမ်ိဳး ဋီကာဖြင့္ကာ ေလွာင္ၾကတယ္။ ဒါေပမယ့္ ဘယ္သူက သူမထက္ သူမကိုယ္ကို ပိုသိနိုင္မွာလဲ။ 


ဒီျဖဴဥၿပီး ေသြးေၾကာေလးေတြထင္းကာ ၾကည္ေနတဲ့ လက္ေတြကို သူမစိတ္နဲ႕ သူမသာ လႈပ္ရွားလို႔ရမေနဘူးဆိုရင္ မိန္ဟြာ ဆြဲျဖဳတ္ေနမိဦးမွာ။


" ငါ့ရဲ႕ ကံေကာင္းမႈက အစျပဳၿပီလား"


ဂူျပင္ကို လွမ္းၾကည့္လိုက္ေတာ့ ေကာင္းကင္က ၾကည္ေနတယ္။ ၾကည့္ရတာ ဒီေနရာမွာ တစ္ေန႕ေတာ့ ကုန္ခဲ့ပုံပဲ။ ဒီအခ်ိန္စံအိမ္ေတာ္မွာ အကိုဝမ္းကြဲက မဟုတ္တဲ့သတင္းေတြကို အေမ့ကိုယုံေအာင္ ေသြးထိုးေနေလာက္ၿပီ။ ၿမိဳ႕ထဲမွာလည္း ေမြးေန႕ပြဲက အေၾကာင္းေတြ ျပန႔္ေနေလာက္ၿပီ။ ငါ့ရဲ႕ မရွိေတာ့တဲ့ သိကၡာေတြက ထပ္က်ေနေလာက္ၿပီ။ 


မိန္ဟြာသက္ျပင္းသာခ်မိတယ္။ အရင္ဘ၀က မေကာင္းမႈေတြ ဘယ္ေလာက္မ်ားလုပ္ခဲ့မိတာလဲ။ 


ဒါေပမယ့္ ေန႕ခ်င္းညခ်င္းေျပာင္းလဲသြားတဲ့ အသားအေရာင္ေၾကာင့္ မိန္ဟြာ ၿပဳံးမိတယ္။ 


အကၤ်ီလက္ကို လက္ေမာင္းရင္းထိ လိပ္တင္လိုက္ေတာ့ ဂူတြင္းကိုပါ ေတာက္ပသြားသေယာင္ထင္ရတဲ့ ျဖဴေဖြးေနတဲ့ လက္ေမာင္းသားက ေပၚလာတယ္။ ဘယ္ေရာ၊ ညာေရာ ျဖဴဥသြားတာက ထူုးဆန္းေနေပမယ့္ ထူးဆန္းတဲ့ေနရာကို ေရာက္ေနတာဆိုေတာ့လည္း မိန္ဟြာ သိပ္မအံ့ၾသေတာ့ဘူး။ တစ္ခါက ႐ုပ္ဆိုးမတစ္ေယာက္က ေဆးဆရာတစ္ေယာက္ ေဖာ္စပ္တဲ့ ေဆးတစ္ဖုံကိုစားၿပီးေနာက္မွာ အရမ္းကိုလွပတဲ့ နတ္သမီးေလးျဖစ္သြားတယ္။ 


မိန္ဟြာ ေျခဆင္းကာ အ၀တ္ကို ေပါင္လယ္အထိ တက္ေအာင္ဆြဲတင္လိုက္ေတာ့ ေသြးသြယ္ကာ ရွည္လ်ားတဲ့ ေျခတစ္စုံကို ျမင္ရတယ္။ သူမ၀တ္ထားတဲ့ သခြားေရာင္ဝတ္စုံက အရင္ကေတာ့ အေလွာင္ခံျဖစ္ေစခဲ့ေပမယ့္ အခုေတာ့ အရမ္းကိုသဘာဝဆန္ကာ အသားနဲ႕ ဟပ္ေနတယ္။ 


" ဆီးႏွင္းထက္ျဖဴေသာ အသားအရည္"


ကဗ်ာမျမည္တဲ့ စာတစ္ေၾကာင္းကို ေရ႐ြတ္မိေတာ့ မင္းသားသုံးရဲ႕ စာေပႏွစ္ၿခိဳက္မႈကို သတိရျပန္တယ္။ 


မိန္ဟြာက စာမတတ္ဘူး၊ ပ်င္းတယ္၊ ဖခင္ရဲ႕မ်က္ႏွာကိုအိုးမည္းသုတ္ေနတာ ဆိုတဲ့စကားေတြက တကယ္ေတာ့ ဟာသေတြပဲ။ ဘယ္သူကမွ ႐ုပ္ဆိုးမတစ္ေယာက္ရဲ႕ စကားေတြကို နားမေထာင္ခ်င္ၾကဘူး။ သူတို႔လိုရာကိုသာ ဆြဲယူတြန္းအားေပးၿပီး မိန္ဟြာ့ကို ေခ်ာက္ထဲ တြန္းပို႔ေနၾကတာ။ ဘယ္သူကမ်ား မိန္ဟြာ့စကားေတြကို နားေထာင္ခဲ့ဖူးလို႔လဲ။ 


တစ္ခါတစ္ခါ အကိုေတြလို ေက်ာင္းေတာ္ေတြဆီသြားၿပီး စြမ္းအားပဲ က်င့္ႀကံခ်င္တယ္။ 


ပြက္...


ဂူထဲရွိ ေက်ာက္စက္ပန္းဆြဲတစ္ခုမွ ေရတစ္စက္က်လာကာ မိန္ဟြာေရွ႕ရွိ ေက်ာက္သားခ်ိဳင့္ခြက္ေလးထဲသို႔ တည့္တည့္ေရာက္တယ္။ အရင္ကတည္းက ရွိေနပုံရကာ ထိုခ်ိဳင့္ခြက္ေလးထဲတြင္ ေရအနည္းငယ္တင္ေနတယ္။


" ဟယ္"


မိန္ဟြာ့အေနနဲ႕ အၿမဲတမ္း စိတ္ကိုထိန္းခ်ဳပ္ကာ အေျပာအဆိုကို အရမ္းသတိထားရတယ္။ ဒီလိုသတိထားတာေတာင္မွ ခဏခဏ သူမ်ားလွည့္ကြက္ထဲေ၇ာက္ၿပီး အေလွာင္ခံေနရတာျဖစ္တယ္။ သို႔ေပမယ့္ အခုေတာ့ သတိမထားမိဘဲ အာေမဋိတ္သံ ထြက္သြားေလာက္ေအာင္ တစ္စုံတစ္ရာက ဖမ္းစားသြားတယ္။


ထိုေရရွိရာ ခ်ိဳင့္ခြက္ေလးထဲမွာ လွပလြန္းတဲ့ တစ္စုံတစ္ေယာက္ကိုျမင္လိုက္ရတယ္။ သခြားေမႊးေရာင္ဝတ္စုံက ျဖဴဥတဲ့အသားအရည္နဲ႕လိုက္ဖက္ကာ သူမကိုယ္တိုင္ကိုက လတ္ဆတ္တဲ့ သစ္သီးတစ္လုံးႏွယ္ ျမင္သူကို ႏွစ္သိမ့္ေနေစတယ္။ ၀ိုင္းစက္တဲ့မ်က္လုံးေတြက ခပ္ပါးပါး အေပါ့ေကာ့တက္ေနတဲ့ မ်က္ေတာင္ေတြေၾကာင့္ ထင္းေနတဲ့ မ်က္ရစ္က သိသာသြားတယ္။ ဒီမ်က္လုံးေတြထဲမွာ ၾကယ္ပြင့္ေတြမ်ားရွိတာလား၊ ေရျပင္မွာေတာင္ ေရာင္ျပန္ဟပ္သြားလို႔ မိန္ဟြာ မ်က္လုံးမွိတ္ပစ္လိုက္ရတဲ့အထိ ေတာက္ပေနတယ္။ မ်က္ခုံး၊ ႏွာေခါင္း၊ ႏႈတ္ခမ္းနဲ႕ ခပ္ပါးပါးသာ ထင္းတဲ့ ႏႈတ္ခမ္းေပၚက မွဲ႕နက္ေလးတို႔က ဘယ္လိုၾကည့္ၾကည့္ ၿပီးျပည့္စုံမႈကိုပဲ ေဖာ္ၫႊန္းေနတယ္။ 


လူတစ္ေယာက္က ဒီေလာက္အထိ လွနိုင္တာလား။ ဒါ သူမဆိုတာ မိန္ဟြာ မယုံနိုင္ေသးဘူး။ ဒါ တကယ္ပဲ သူမလား၊ 


ကိုယ့္ပါးကိုယ္ ကိုင္ၾကည့္တဲ့အခါ အိစက္ကာ ႏူးညံ့ေနခဲ့လို႔ အေရခြံေတြမ်ား ကြာသြားတာလားလို႔ မိန္ဟြာသံသယရွိတယ္။ ကိုယ့္အသားကို ျပန္ထိမိတာေတာင္ စိတ္လႈပ္ရွားေစေလာက္ေအာင္ သူမအသားအရည္က သိပ္ကို ႏူးညံ့ေနတယ္။ 


" ငါက ငါေရာဟုတ္ေသးရဲ႕လား။ ငါ ေသၿပီးေတာ့မ်ား တျခားေလာကကို ေရာက္သြားတာလား။ ငါ့လို ေၾကာက္စရာအေကာင္းဆုံး မိန္းမက တစ္ညတည္းနဲ႕ နတ္ဘုရားမတစ္ပါးရဲ႕ အလွတရားကို ဆက္ခံနိုင္သြားတယ္၊ ဒါက တကယ္ပဲ ယုတၱိရွိရဲ႕လား"


မိန္ဟြာ ပိုၿပီး အံ့ၾသရတာက သူမရဲကအသံက ဆည္းလည္းလိုၿငိမ့္ေညာင္းၿပီး သံစဥ္တစ္ခုလို သိပ္ကို သာယာေနတာပဲ။ မတိုင္မီက အျခားကိုစိတ္ေရာက္ေနလို႔ သတိမထားမိေပမယ့္ အခုေတာ့ သူမရဲ႕အသံသည္လည္းပဲ သိပ္ကို ေျပာင္းလဲသြားခဲ့တာကို လက္ခံလိုက္ရတယ္။ ဒါက ေကာင္းေသာေျပာင္းလဲျခင္းပါပဲ၊ အရင္က သူမအသံက သိပ္ကိုေယာကၤ်ားဆန္ၿပီး လက္ခံခ်င္စရာမွ ရွိမေနခဲ့ပဲ။ လတ္စသတ္ေတာ့မိန္ဟြာ ကိုယ့္ကိုယ့္ကိုယ္ မခ်စ္တတ္ခဲ့ဘူးပဲ။ ေအးေလး ဆိုးဝါးတဲ့သူမရဲ႕အရာရာက ခ်စ္ခ်င္စရာမွမရွိတာ၊ သူမကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္ မခ်စ္ခဲ့လို အျခားဘယ္သူကမွ သူမကို မခ်စ္ခ်င္ၾကတာဟာ မထူးဆန္းပါဘူး။


" ဒါဆို ဒီပုံစံကို စိတ္ေက်နပ္မႈရွိသြားၿပီေပါ့"


" ဟင္ အား......"


မိန္ဟြာ သူမကိုယ္က ထူုးျခားမႈေတြကိုသာ အာ႐ုံစိုက္ေနခဲ့လို႔ သူမေပါင္ေပၚ ေခြအိပ္ေနတဲ့ ေျမေခြးျဖဴေလးကို လုံးဝသတိမထားမိခဲ့ေပ။ သတိမထားမိဆို ထိုေျမေခြးရဲ႕ အေမႊးေတြက သိပ္ကိုျဖဴစြတ္ေနလြန္းလို႔ မိန္ဟြာ့အကၤ်ီက သားေမႊးလို႔ပင္ ထင္ခဲ့မိသည္ေပ။ ထိုေျမေခြးဆီကသာ အသံမထြက္လာခဲ့ရင္ အခုထိ မိန္ဟြာ သတိျပဳမိမွာမဟုတ္ေသး။


သို႔ေပမယ့္ လန႔္ကာေအာ္မိတာက သတိမထားမိျခင္းသက္သက္ေၾကာင့္မဟုတ္ေပ။ ထိုလွလြန္းတဲ့ ေျမေခြးျဖဴကား လူစကားေျပာကာ သူမကို ေခါင္းေလးေမာ့လို႔ ၾကည့္လာျခင္းေၾကာင့္ေပ။ စိမ္းဖန႔္ဖန႔္အေရာင္ရွိတဲ့ ထိုမ်က္ဝန္းေတြကို မိန္ဟြာကေတာ့ နက္ေစာက္တဲ့ ေခ်ာက္ကမ္းပါးတစ္ခုလို႔ ျမင္တယ္။ သူမကို ခုန္ခ်ဖိဳ႕ရာဖိအားေပးၿပီး ဆြဲေခၚေနသလိုထင္ရေလာက္ေအာင္ ထိုမ်က္ဝန္းေတြက ညို႔ရီနိုင္စြမ္း ျပင္းလြန္းလွတယ္။ 


ေျမေခြးျဖဴကား မိန္ဟြာ့ေအာ္သံေၾကာင့္ နားညီးသြားပုံရကာ ေပါင္ေပၚမွထတယ္။ အေမႊးထူထူေလးေတြက ဖြာခနဲျဖစ္ၿပီး ကိုယ္ကို ခါတယ္။ ၾကည့္ရတာ မိန္ဟြာ့ဆီက အညစ္အေၾကးေတြကို ခါခ်ေနတာျဖစ္မယ္။ 


ေတာ္ေတာ္ႀကီးက်ယ္တဲ့ ေျမေခြးပဲ။


ေျမေခြးျဖဴကား အားရေအာင္ ပ်င္းေၾကာဆန႔္ၿပီးမွ မိန္ဟြာ့ကို ျပန္ၾကည့္တယ္။


" ယြီအာ မင္း ဘာေတြ ေအာ္ဟစ္ေနတာလဲ။ ငါကိုယ္ေတာ့္ကို အိပ္ေရးပ်က္ေအာင္ လုပ္ရဲပုံေထာက္ရင္ မင္းက အေတာ္ သတၱိရွိတာပဲ"


" အာ"


လူတစ္ေယာက္က ထူးျခားဆန္းက်ယ္မႈေတြကို ဘယ္ႏွစ္ႀကိမ္ေလာက္ ေတြ႕ႀကဳံနိုင္ၾကလဲ။ မိန္ဟြာကေတာ့ ဆက္တိုက္ကို ႀကဳံေနရတယ္။ ပထမတစ္ခုက သူမသိပ္ကို အရမ္းကို လွသြားတယ္၊ ဒုတိယတစ္ခ်က္က သူမရဲ႕အသံက သိပ္ကိုသာယာသြားတယ္၊ တတိယတစ္ခုက လူစကားေျပာတတ္တဲ့ ေျမေခြးတစ္ေကာင္နဲ႕ ဆုံရတယ္။ ေနာက္တစ္ခ်က္ကေတာ့ဒီေျမေခြးက သူ႕ကိုယ္သူ ဘုရင္တစ္ပါးလို သုံးႏႈန္းေနတာပဲ။


ထိုေျမေခြးကား က်ားေပါက္တစ္ေကာင္အ႐ြယ္ရွိေပမယ့္ သိပ္ႀကီးတယ္လို႔ေတာ့ မဆိုနိုင္ဘူး။ ဒီေျမေခြးက အေဖေျပာဖူးတဲ့ နတ္မ်ိဳးႏြယ္မ်ားလား။


ေျမေခြးျဖဴက သူ႕စကားကို ျပန္မေျဖဘဲ မ်က္လုံးအျပဴသားနဲ႕ၾကည့္ေနတဲ့ယြီအားကို အၾကည့္လႊဲလိုက္တယ္။


အာ ဒီ႐ုပ္ကို သူေပးထားတာဆိုေပမယ့္ သူေတာင္ ေတာင့္မခံနိုင္ေတာ့ဘူး ျဖစ္ေနပါလား၊ ထူးဆန္းတယ္။


ေျမေခြးျဖဴက မ်က္ဝန္းေထာင့္ကပ္ကာ ထိုအလွေလးကို ခိုးၾကည့္လိုက္တယ္။ အလွေလးက ေၾကာင္ေတာင္ေတာင္ၾကည့္ေနေသးတာကိုေတြ႕ရတယ္။ ခႏၶာက ဆြဲေဆာင္မႈမရွိေပမယ့္ ၿခဳံၾကည့္လိုက္ရင္ေတာ့ မဆိုးတဲ့အေနအထားရွိပါတယ္။ ဒါေပမယ့္ ဒီေလာက္လွပတဲ့႐ုပ္ရည္နဲ႕ သာယာတဲ့အသံကိုပိုင္ထားမွေတာ့ ခႏၶာကိုယ္ကို ငမ္းဖို႔ အခ်ိန္ရွိပါဦးမလား။ 


ယြီအာရဲ႕အလွက သဘာဝဆန္ၿပီး ျမင္ရသူကို ေအးခ်မ္းေစတယ္၊ ဘာတပ္မက္မႈမွ မျဖစ္ေစနိုင္ဘူးလို႔ဆိုရင္ လိမ္ရာက်နိဳင္ေပမယ့္ သူမရဲ႕အလွက ေဆာင္းဦးအလွလို သိပ္ကို ၿငိမ္းေအးတာေတာ့ အမွန္ပဲ။ 


သူ အေတြးတစ္ခ်က္လက္သြားတယ္။ မယ္ေတာ့္ဆီ ယြီအာ့ကိုပဲ ေခၚျပလိုက္ရမလား။ ဒါဆို သူ နားညည္း သက္သာသြားေလာက္တယ္။ 


မိန္ဟြာကေတာ့ ထိုေျမေခြးရဲ႕ အႀကံဆိုးကို မသိရွာဘဲ သူမဘာသာ တစ္ကိုယ္တည္း အေတြးလြန္ေနရွာတယ္။ 


" ဒါဆို ဒါဆို ကြၽန္မကို ဒီလိုေျပာင္းလဲေအာင္ ဒီက ေျမေခြးက လုပ္ေပးတာေပါ့"


" ငါကိုယ္ေတာ္ကို သခင္ေလးလို႔ေခၚနိုင္တယ္။ မင္းေျပာတာက ဟုတ္လည္း ဟုတ္တယ္ မဟုတ္လည္း မဟုတ္ဘူး။ တကယ္ေတာ့ ငါက ဒီအတိုင္းထိုင္ၾကည့္ေန႐ုံပါပဲ မင္းကသာ သစ္သီးေတြ ေလွ်ာက္စားလို႔ ေျပာင္းလဲသြားတာ"


"ဒါဆိုရင္ အိမ္သာသြားၿပီးတဲ့အခါက်ရင္ျပန္႐ုပ္ဆိုးသြားမွာလားဟင္ ဒါဆို ဘယ္လိုလုပ္မလဲ ကြၽန္မ သစ္သီးေတြ အကုန္ယူသြားလို႔ရမလား"


ေျပာရင္းဆိုရင္း ခ်က္ခ်င္းထကာ သစ္သီးခူးဖို႔ျပင္ေနတဲ့ မိန္ဟြာ့ကို ေျမေခြးခမ်ာ မနည္းတားရေတာ့တယ္။ 


အာ ဒီလူသားမိန္းကေလးက သိပ္ဥာဏ္နည္းတာပဲ ...... သင္ျပေပးမယ့္ သူ႕ကို သိကၡာခ်ေနတယ္။


" ယြီအာ မင္း သိပ္မတုံးနဲ႕ ဒီနယ္ေျမကို ၀ိဥာဥ္သလင္းနယ္ေျမလို႔ေခၚတယ္။ ငါကိုယ္တိုင္ကိုယ္တိုင္ ဖန္တီးထားတဲ့ စိတ္ဝိဥာဥ္နယ္ေျမပဲ။ ဒီနယ္ေျမက အရာရာက ထာဝရပဲ။ ငါက က်င့္ႀကံဖို႔အတြက္သာ ဖန္တီးထားတာျဖစ္တယ္။ မင္း စားလိုက္တဲ့သစ္သီးက ငါ့စိတ္ဝိဥာဥ္က ျဖစ္တည္လာတာပဲ "


" အရွင္ ေျမေခြး ဆိုလိုတာက ကြၽန္မက ရွင့္ရဲ႕စိတ္ဝိဥာဥ္လား အဲ့ဒါ ျဖစ္သြားတာလား"


အခုထိကို နားမလည္နိုင္ေသးတဲ့ ယြီအာေၾကာင့္ ေျမေခြးခမ်ာ မ်က္ျဖဴလံခ်င္သြားတယ္။ သူမွားတာ... ဒီေလာက္တုံးတဲ့လူသားမွန္းသိရင္ နယ္ေျမထဲ ၀င္ခြင့္မေပးခဲ့ပါဘူး။


ေနာက္ဆုံးေတာ့ ဟူးခနဲ သက္ျပင္းေတြ မႈတ္ထုတ္လိုက္ကာ တည့္ေျပာရေတာ့တယ္။


" ငါဆိုလိုတာက မင္းက မေသမခ်င္း အခုအတိုင္း လွေနေတာ့မယ္ဆိုတာပဲ။ နားလည္သြားၿပီလား"


အခုမွသာ ယြီအာရဲ႕ မ်က္လုံးေတြ ေတာက္ပလာတယ္။ သူ အျမန္မ်က္လုံးလႊဲရျပန္တယ္။ ကိုယ့္အတတ္ကိုယ္စူးတယ္ဆိုတာက ဒါမ်ိဳးလား။


"အရွင္ ေျမေခြး ဒါဆိုရင္ ကြၽန္မ တစ္သက္လုံး လွသြားမွာေပါ့ေနာ္။ ကြၽန္မအေမအတြက္ သစ္သီးတစ္လုံးယူသြားလို႔ရမလားဟင္ ။ အေမလည္း လွခ်င္မွာပဲ ၿပီးေတာ့ ေဒၚေဒၚႏွစ္နဲ႕ ေဒၚေဒၚငယ္လည္း ရွိေသးတယ္၊ သူတို႔အတြက္ တစ္လုံးဆီ ခူးသြားရမယ္"


ေျပာေျပာဆိုဆို လက္ကျမန္ျမန္ဆန္ဆန္နဲ႕ သစ္သီးႏွစ္လုံး ခူးလိုက္ၿပီျဖစ္တယ္။ တားမလိုျပင္တဲ့ ေျမေခြးမွာ ပါးစပ္ေတာင္ ဟခ်ိန္မရလိုက္ခဲ့။ ဂူအတြင္း ေအးစိမ့္တဲ့အေငြ႕အသက္ေတြ ျပည့္ႏွက္လာကာ နို႔ႏွစ္ေရာင္ျမဴထုကလည္း ထူပိန္းလာတယ္။ 


" အခုအခ်ိန္ကစၿပီး ငါ့စကားကို နားမေထာင္ရင္ မင္းမ်က္ႏွာကို ႐ုပ္ဆိုးေအာင္ ကုတ္ျခစ္ပစ္မယ္"


လို႔ ေျမေခြးက ၿခိမ္းေျခာက္တယ္။ 


မိန္ဟြာ့လက္ထဲက သစ္သီးေတြ ျပဳတ္က်သြားပါရဲ႕။ ဒီေျမေခြးက သူ႕သစ္သီးေတြယူတာကို မႀကိဳက္ဘူး၊ ဒီမွာ သစ္သီးေတြမ်ားႀကီးရွိတာ၊ တစ္လုံး၊ႏွစ္လုံး၊ သုံးလုံးေလာက္ယူတာေလာက္က ဘာမ်ား ေလ်ာ့သြားမွာမို႔လို႔လဲ။ သို႔ေပသိ မိန္ဟြာ့ ခြန္းတုန႔္မျပန္ရဲပါေပ၊ သူမ တိတ္တိတ္ေလးနဲ႕ ၿငိမ္ၿငိမ္ေလးသာ ျပန္ထိုင္ေနလိုက္တယ္။ 


ေျမေခြးက လိမၼာရင္ သေဘာက်တယ္၊ မိန္ဟြာ ျပန္ၿငိမ္သြားေတာ့ ဂူထဲက ျမဴထုနဲ႕ အေအးဓာတ္က ခ်က္ခ်င္း ေပ်ာက္သြားတယ္။ အေမႊးထူထူျဖစ္တဲ့ အျမႇီးရွည္ရွည္ကို တစ္ခ်က္ရမ္းရင္း လက္တစ္ဖက္ကို တံေတြးစြပ္ကာ သူ႕ေခါင္းသူ ပြတ္သပ္ရင္း သန႔္ရွင္းေနတဲ့ ေျမေခြးက ဘယ္လိုၾကည့္ၾကည့္ တကယ့္ ေျမေခြးအတိုင္းပဲ။ 


အာ သူက တကယ့္ ေျမေခြးပဲကို။ 


မိန္ဟြာစိတ္ရႈပ္လာတယ္၊ ဒီေျမေခြးက ဘာႀကီးလဲ။


အမွန္တိုင္းေျပာရရင္ ေျမေခြးေလးက သိပ္ကိုခ်စ္ဖို႔ေကာင္းတယ္၊ က်ားေပါက္အ႐ြယ္ေလးပဲ ရွိတာေတာင္မွ ျမင္တဲ့သူကို ရင္ခြင္ထဲ ဆြဲသြင္းၿပီး သြားသမွ်ကို ေခၚသြားခ်င္စိတ္ေပါက္ေစတယ္၊ ဒီလိုခ်စ္စဖြယ္ပုံေလးနဲ႕ ၾသရႈတဲ့အသံ၊ စူးရွတဲ့မ်က္လုံးစိမ္းေတြ ပိုင္ဆိုင္ထားမယ္ဆိုတာကို ဘယ္သူမွ ေျပာနိုင္မွာမဟုတ္ဘူး။ မိန္ဟြာကေတာ့ ဒီေျမေခြးက သူမအေပၚ ေကာင္းတာျဖစ္လို႔ စိတ္ထဲမွာ ေက်းဇူးရွင္လို႔ ေတြးလိုက္တယ္။ ေက်းဇူးရွင္ေၾကာင့္သာ ေလာကရဲ႕နံပါတ္တစ္အလွေလး ျဖစ္လာေတာ့မွာမဟုတ္လား။ 






rate now:

1 Reviews
  • reader Yun Ji 26.02.2020, 04:32 5

    💜

    reply