ကျင်းသခင်မလေးက ရုပ်ဆိုးတယ်။
ကျင်းသခင်မလေးရဲ့ မွေးရာပါ စွမ်းအားက နိမ့်ကျတယ်။
ကျင်းသခင်မလေးရဲ့ အသက်က ကြီးနေပြီ။
ကျင်းသခင်မလေးက စိတ်ထားမကောင်းဘူး။
ကျင်းသခင်မလေးက ပညာမတတ်ဘူး။
ကျင်းသခင်မလေးက စရိုက်အရမ်းဆိုးတယ်။
ကျင်းသခင်မလေးက.... စသည်ဖြင့် ဆိုးရွားတဲ့ဂုဏ်ပုဒ်တွေဟာ ကျင်းသခင်မလေးဆိုတာနဲ့ ကပ်လျက်ပါတယ်။
ကျင်းကောင်းနယ်မြေတစ်ခုလုံးတွင် အဆင့်တစ်အင်ပါယာတိုင်းပြည်၊ အဆင့်နှစ်အင်ပါယာတိုင်းပြည်၊ အဆင့်သုံးအင်ပါယာတိုင်းပြည်နဲ့ အဆင့်မဲ့တိုင်းပြည်ဆိုပြီး ရှိလေတယ်။ လတ်တလောတော့ အဆင့်မဲ့တိုင်းပြည်အကြောင်းပဲ ဆိုကြပါစို့။ အဆင့်မဲ့တိုင်းပြည်တွင် အဆင့်တစ်နိုင်ငံ၊ အဆင့်နှစ်နိုင်ငံ၊ အဆင့်သုံးနိုင်ငံနဲ့ အဆင့်မဲ့နိုင်ငံဆိုပြီး ပြန်ခွဲသေးရာ
အဆင့်မဲ့တိုင်းပြည်တွင် အဆင့်တစ်နိုင်ငံက တစ်နိုင်ငံသာရှိပြီး အဆင့်နှစ်နဲ့ အဆင့်သုံးက သုံးနိုင်ငံဆီ ရှိကြတယ်။ အဆင့်မဲ့နိုင်ငံတွေကတော့ ဒါဇင်ကျော်ပင်ရှိသည်ပေ။ ထိုဒါဇင်ကျော်တွေ များစွာထဲကမှ ရန်ကျောင်းလို့ခေါ်တဲ့ အဆင့်မဲ့နိုင်ငံဟာ အစွန်အဖျားအကျဆုံးနဲ့ အင်အားအနည်းဆုံးဖြစ်တယ်။
ရန်ကျောင်းနိုင်ငံမှာ အင်အားကြီး အဖွဲ့အစည်း သုံးခုရှိပြီး ပညာသင်ကျောင်းကတော့ တစ်ခုသာရှိတယ်။သူတို့က တော်ဝင်မျိုးနွယ်တွေနဲ့ပင် တန်းတူရပ်တည်နိုင်စွမ်းရှိတယ်။
ထိုအင်အားကြီးတွေနဲ့အတူ ရင်ပေါင်တန်းနိုင်တဲ့ သူကတော့ စစ်သေနာပတိချုပ် ကျင်းဟောင်ဖြစ်တယ်။ ကျင်းဟောင်ဟာ ကောင်းကင်အဆင့်ကို ရောက်နေတဲ့ ရန်ကျောင်းရဲ့ တစ်ဦးတည်းသော သိုင်းပညာရှင်ဖြစ်တယ်။ ဒါကြောင့် သူ့ကိုအားလုံးက လေးစားကြောက်ရွံ့ရကာ သတိထားဆက်ဆံရတယ်။
ရန်ကျောင်းမှာ မိန်းမများစွာရှိတာက ပုံမှန်ဖြစ်ပေမယ့် သူက ပဏာမဇနီးဖြစ်တဲ့ ကျင့်ဝေရှင်းကိုသာ ချစ်မြတ်နိုးလွန်းကာ သမီးကလည်း တစ်ယောက်ထဲ ရှိလေတယ်။ အခြားသော တစ်ဆယ့်နှစ်ယောက်သော ဇနီးသည်တွေက သားယောင်္ကျားတွေကိုသာ မွေးဖွားထားတော့ အိမ်တော်မှာ ပြိုင်ဆိုင်မှုသိပ်များလေတယ်။ တရားဝင်ဇနီးဖြစ်တဲ့ ကျင့်ဝေရှင်းမှာသာ သမီးလေးရှိလေတော့ အခြားကိုယ်လုပ်တော်တွေက ကျင့်ဝေရှင်းနဲ့ အဆင်ပြေကြတယ်။ အစကတော့ ကျင်းမိန်ဟွာကို မွေးဖွားလာတဲ့အခါမှာ သူတို့အနည်းငယ် စိုးရိမ်ခဲ့ကြပေမယ့် အသက်ခြောက်နှစ်မှာ ပင်ကိုယ်စွမ်းအားကို စစ်ဆေးကြည့်ပြီး နိမ့်ကျနေမှန်း သိကတည်းက အားလုံးက သူမလေးကို အလေးမထားလေတော့ဘူး။ ဒီလိုအလေးထားစရာမလိုလို့လည်း အကိုတွေအများစုက ညီမငယ်လေးကို ချစ်မြတ်နိုးကြလေတယ်။ အဒေါ်တော်တွေကလည်း ကောင်းလေတော့ ကျင်းမိန်ဟွာအဖို့ အပူအပင်မရှိခဲ့ဘူး။ ဒါတွေက အိမ်တော်တွင်းမှာသာ ဖြစ်တယ်။
သူမအသက် ရှစ်နှစ်မှာ ဖခင်ဖြစ်သူက နယ်စပ်ကို ခရီးထွက်သွားရတယ်။ သူမရဲ့ မွေးရာပါ စွမ်းရည်က နိမ့်ကျတော့ စွမ်းအားလေ့ကျင့်လို့မရဘူး ဒီတော့ မိန်းကလေးဖြစ်တဲ့သူမက သူများနဲ့လက်ထပ်နဲ့ ပြောင်းရဖို့သာရှိတော့တယ်။ သို့ပေမယ့်လည်း သူမရဲ့ ရုပ်ရည်က တစ်နေ့တခြား ဆိုးရွားလာတာကို တွေ့ရလေတယ်။
သူမအသက်တစ်ဆယ့်တစ်နှစ်မှာ သူမရဲ့ရုပ်ရည်က သိသိသာသာကို ဆိုးနေပြီ။
မိန်ဟွာရဲ့ အသားက မွဲခြောက်တယ်။
မိန်ဟွာရဲ့ မျက်နှာမှာ အဖုအဖိမ့်တွေများတယ်။
မိန်ဟွာမှာ မျက်ရစ်မပါဘူး။
မိန်ဟွာမှာ ပုံစံမကျတဲ့ မျက်နှာပေါက်ရှိတယ်။
မိန်ဟွာရဲ့ ဆံပင်က မကောင်းဘူး။
မိန်ဟွာရဲ့ အသံက မကောင်းဘူး။
မိန်ဟွာက ၀တယ်။
အားလုံး အားလုံး ပေါင်းလိုက်တော့ သူမက ကြောက်စရာလူသားတစ်ယောက်ဖြစ်သွားတယ်။ သူမနဲ့ ဘယ်သူမှ အပေါင်းအသင်းမလုပ်ချင်ကြဘူး။ သူမကို ကလေးတွေက ကြောက်ကြတယ်။ သူမ မွေးမွေးချင်းမှာတင် ဖြစ်ခဲ့တဲ့ တော်ဝင်အရှင်မင်းကြီးရဲ့အမိန့်နဲ့ စေ့စပ်ထားရသူ မင်းသားသုံးက သူမကို ရွံတ ယ်။
မင်းသားသုံးက ကောင်းကင်ဆိုရင် မိန်ဟွာက မြေကြီးထဲကမှ ညစ်ပတ်နေတဲ့ ရွှံ့ဖြစ်လောက်တယ်။ မင်းသားသုံးက အရပ်ရှည်တယ်၊ အသားဖြူတယ်၊ အရမ်းကို ခန့်ညားချောမောပြီးတော့ အသံကလည်း ညို့ငင်နိုင်တယ်။ မင်းသားသုံးက မွေးရာပါစွမ်းအား အပြာရောင်ရှိတဲ့ ပါရမီရှင်ဖြစ်တယ်။အထူးသဖြင့် မင်းသားသုံးက မိန်ဟွာထက် နှစ်နှစ်ငယ်နေတာပဲ။ ဒီလောက်ငယ်ရွယ်သေးတဲ့အချိန်မှာတောင် မင်းသားသုံးက သိပ်ကိုရေပန်းစားနေပြီ။ ဒါပေမယ့် သူနဲ့စေ့စပ်ထားတဲ့ မိန်ဟွာကတော့ ကြောက်စရာရုပ်ဆိုးမဖြစ်နေလေတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက မိန်ဟွာကအလှောင်ခံဖြစ်လာတယ်။
ကျင်းအိမ်တော်က သခင်မတွေဟာ အိမ်တော်ထဲမှာသာနေပြီး ပြင်ပကိစ္စတွေကို ၀င်စွက်ဖက်လေ့မရှိကြဘူး။ ဒါကြောင့် အပြင်မှာ မိန်ဟွာအလှောင်ခံရ၊ အရှက်ခွဲခံရတဲ့အခါ ကလေးအချင်းချင်း စတာပါဆိုပြီး ထားလိုက်ကြတယ်။
အကိုတွေကလည်း စွမ်းအားကျင့်ဖို့အတွက် သိုင်းပညာသင်တန်းကျောင်းတွေမှာသာ ရှိနေကြတော့ မိန်ဟွာ့အနားမှာ ဘယ်သူမှ ကာကွယ်မပေးနိုင်ကြဘူး။ ရွယ်တူဖြစ်တဲ့ အကိုတစ်ယောက်ကလည်း မိန်ဟွာ့ကို ရုပ်ဆိုးမဆိုပြီး ထိပ်ဆုံးက လှောင်တဲ့သူဖြစ်နေတယ်။
အစပိုင်းကတော့ မိန်ဟွာငိုတယ်၊ ငိုတယ်၊ နေ့တိုင်း ငိုတယ်၊ အမြဲတမ်း ငိုရတယ်။
နောက်တော့ မငိုနိုင်တော့ဘူး၊ ငိုဖို့ကိုတောင် သူမပျင်းသွားတယ်၊ သူမကို ပြောချင်တာသာပြော ကြည့်ပဲကြည့်နေလိုက်တော့တယ်။
ဘယ်လိုပဲ အရှက်ခွဲခံရ တဖက်လူတွေက အတိုင်းအတာကို သိကြတယ်၊ ကျင်းဆိုတဲ့ မျိုးရိုးနာမည်ရှိနေ၍ ဘယ်သူကမှ အတင့်ရဲပြီး ကြိးကြီးကျယ်ကျယ် ဖြစ်အောင် မလုပ်ရဲလေဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ အားလုံးဆီကနေ သွယ်ဝိုက်လို့သာ အရှက်ခွဲခံရတော့တယ်၊ တိုက်ရိုက်ဖြစ်တာထက်တော့ တော်သေးတယ်ပြောရမလား၊ အကောင်းအထည်ဖော်မရတာက ပိုဆိုးတယ်ပြောရမလားဆိုတာကတော့ ခက်ခဲပါတယ်။
မင်းသားသုံးကလည်း ကျင်းစစ်သေနာပတိကြောင့် စေ့စပ်ထားမှုကို မငြင်းပယ်ရဲဘူး၊ ဒါပေမယ့် ငြင်းဖို့အကြောင်းပြချက်ကိုတော့ အချိန်တိုင်းရှာနေတယ်။ သူက သူ့အသက် နှစ်ဆယ်မှ မင်္ဂလာပွဲလုပ်မယ်ဆိုပြီး အချိန်ဆွဲလာလိုက်တာ မိန်ဟွာရဲ့အသက် နှစ်ဆယ်ပင် ပြည့်လာတယ်။ မင်းသားသုံးကတော့ တစ်ဆယ့်ရှစ်နှစ်သာရှိသေးလေတယ်။ အသက်နှစ်ဆယ်အရွယ်မှာ လက်မထပ်ရသေးတဲ့သူမက ပိုပိုပြီး အလှောင်ခံ၊ အဟားခံရဖို့ ဖြစ်လာတယ်။
တစ်နေ့ ကျင်းမိန်ဟွာဟာ ငယ်ရွယ်တဲ့သူရဲကောင်းတွေ၊ အလှလေးတွေရဲ့ အလယ်မှာ ၀ိုင်းဟားခံရပြီး ရှက်ရှက်နဲ့ ထွက်ပြေးလာတာဟာ ရန်ကျောင်းမြို့စွန်က တောအုပ်အထိဖြစ်တယ်။ မိန်းကလေးတစ်ယောက်ထဲ တောထဲဝင်ပြေးတာကိုတောင် ထိုလူအုပ်က သတိမထားမိကြဘဲ ဆက်လို့သာ ပျော်ပြားလှောင်ပြောင်နေကြတယ်။
မိန်ဟွာ မငိုဖြစ်တာ ကြာပြီဖြစ်တယ်။ ဒီနေ့မှာ ထပ်ငိုရပြန်တယ်။ ၀အောင်ငိုပြီးရင် အားလုံးကို ထပ်ပြီး မေ့သွားလိမ့်မယ်၊ နေ့ရက်တွေက ပုံမှန်အတိုင်းလည်ပတ်မယ်။ ပြီးရင် ဒီလိုနေ့မျိုး ထပ်ေ၇ာက်လာလိမ့်မယ်။
ကျင်းမိန်ဟွာ ရှိုက်ငိုနေရင်း မျက်ရည်တွေကြောင့်မျက်လုံးက ၀ါးကာ သစ်ကိုင်းတစ်ခုကို ခလုတ်တိုက်မိတယ်။ လဲကျတာက သဲပေါ်ဖြစ်ပေမယ့် ဘေးက ဆူးခြုံနဲ့ လက်ကခြစ်မိသွားတော့ သွေးနီနီက ထိုနားတစ်ဝိုက် လွင့်စင်သွားတယ်။
ငိုရှိုက်နေတဲ့ မိန်ဟွာက ထိုသွေးစက်တွေ ဆူပွက်ပြီး လေထဲအငွေ့ပျံကာ ပျောက်သွားတာကိုတော့ မသိလိုက်လေဘူး။
သူမရဲ့အနားတစ်ဝိုက်က မြေကြီးတွေက အက်ကွဲလာတာဟာ မိန်ဟွာသတိထားမိချိန်မှာတော့ သူမဟာ မြေကြီးထဲ ကျွံကျတဲ့အထဲ ပါသွားတော့တယ်။ မိန်ဟွာ ပျောက်သွားတဲ့အခါ ထိုနေရာမှာ မြေကြီးတွေ အစားပြန်ရောက်လာပြီး ဘာမှမဖြစ်ခဲ့သလို အနေအထားပြန်ဖြစ်သွားတယ်။
မိန်ဟွာရဲ့ဘ၀က နှစ်မျိုးဖြစ်လေတယ်။ တစ်ခုက အိမ်တော်တွင်းက အေးချမ်းသာယာတဲ့ဘ၀ဖြစ်ပြီး နောက်တစ်ခုကတော့ အိမ်တော်ပြင်ပက အလှောင်ပြောင်ခံရတဲ့ဘ၀ပါပဲ။ ဒါကြောင့် သူမက အခြားသူတွေထက်စာရင် အများကြိး ရင့်ကျက်တယ်လို့ ဆိုနိုင်တယ်။
မြေအောက်မှာ လှိုဏ်ဂူတစ်ခုရှိနေပြီး သူမက ထိုလှိုဏ်ဂူထဲ ကျွံကျသွားတာကိုသိတာတောင် ခဏလောက်သာစိုးရိမ်စိတ်ဖြစ်သွားတယ်။ ဖုန်တွေကပ်နေတဲ့ အ၀တ်အစားကို အသာခါပြီး နောက်လက်တစ်ဖက်ကတော့ မျက်ရည်တွေကိုသုတ်လိုက်တယ်။ ဂူထဲမှာ ညလင်းပုလဲတွေရှိတော့ လင်းလင်းချင်းချင်းရှိတယ်။ သူမက လျှောက်လမ်းရဲ့ အလယ်ကိုရောက်နေတာမို့ ရှေ့ဆက်သွားမလား နောက်ဘက်ကိုသွားမလားက ရွေးရခက်နိုင်ပေမယ့် မိန်ဟွာကတော့ ရှေ့ပဲ ဆက်သွားလိုက်တယ်။
ဂူက အေးစိမ့်ကာ သူမ မသိတဲ့အခိုးအငွေ့တစ်မျိုးက ခပ်ပါးပါးရှိနေတယ်။ အတော်ကြာလျှောက်ပြီးနောက် အပြင်ဘက်ကို ရောက်လာတယ်။ ထူးဆန်းတာက လှိုဏ်ဂူပြင်ပက သူမလာခဲ့တဲ့တောအုပ်မဟုတ်ဘဲ အရောင်စုံလိပ်ပြာတွေ၊ အရောင်စုံပန်းတွေနဲ့ မွှေးပျံတဲ့လေတို့ပြည့်နေတဲ့ လှပတဲ့နေရာသစ်တစ်ခုဖြစ်နေတယ်။
ဒီနေရာထဲ ခြေလျမ်းချလိုက်တာနဲ့ သူမခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရတယ်။ မိန်ဟွာက ပတ်ဝန်းကျင်ရဲ့အလှကို ငေးမောနေတာမို့ သူမရဲ့နည်းမှောင်တဲ့ အသားအရည်က မြူလိုအငွေ့တွေထွက်ကာ လေထဲပြန့်လာတာကို သတိမထားမိလေဘူး။ ထိုသို့အငွေ့ပျံတဲ့အခါ အသားအရည်အရောင်က စတင်ပြောင်းလာတယ်။ နဂိုမည်းကြုတ်နေရာက တဖြေးဖြေးနဲ့ ဖြူလာတယ်။ ထိုသို့ဆက်တိုက်ပြောင်းလဲနေတဲ့အချိန်မှာ မိန်ဟွာက စမ်းချောင်းတစ်ခုရဲ့ဘေးကို ရောက်လာတယ်။
စမ်းချောင်းရဲ့ ရေစီးသံက သံစဉ်တစ်ခုလြိုိငိမ့်ညောင်းတယ်။ သူမလည်း ငိုထားရတာမို့ စမ်းချောင်းဘေးကပ်ကာ ရေတစ်လုပ်သောက်ပြီး မျက်နှာသစ်ပစ်လိုက်တယ်။ သူမက ရုပ်ဆိုးတာမို့ ဘာမှထွေထွေထူးထူးပြင်နေစရာမလိုဘူး။ဒါကြောင့်မို့ ယောင်္ကျားတစ်ယောက်လို ရေကိုလက်နဲ့ခပ်ကာ မျက်နှာကိုတစ်ချက်ပွတ်လိုက်ရုံနဲ့ သူမရဲ့ သန့်စင်ခြင်းအမှုက ပြီးဆုံးတယ်။ မျက်နှာသစ်ပြီးတဲ့အခါ အေးချမ်းမှုနဲ့အတူ ထူးဆန်းတဲ့ ခံစားချက်ကိုရလိုက်ကာ ထိုခံစားချက်က သက်တောင်သက်သာရှိတာမို့လို့ လည်ပင်းတွေ လက်တွေကိုပါ ဆေးကြောပစ်လိုက်မိတယ်။ အ၀တ်အစားတွေက ရေတွေစိုးရွှဲသွားပြီဆိုတော့ မိန်ဟွာ ချမ်းလာတယ်။ ဒါကြောင့် စမ်းချောင်းနာက ထွက်ပြီး ဆက်သွားတဲ့အခါ ဂူအသေးတစ်ခုကို တွေ့ရတယ်။ ဒီဂူက နွေးထွေးတာမို့ ချက်ချင်းပဲဝင်လိုက်တယ်။ အထဲဝင်ပြီးသိပ်မကြာခင်မှာပင် သူမရဲ့အ၀တ်တွေ ခြောက်သွေ့သွားတယ်။ မိန်ဟွာတစ်နေ့လုံး ပြေးလာရတာနဲ့ ငိုရတာနဲ့ဆိုတော့ ပင်ပန်းပြီး ဗိုက်ဆာလာတယ်။
ဂူထဲမှာ သစ်သီးပင်တစ်ပင်တွေ့ရတယ်။ အစိမ်းရောင်သစ်သီးက မွှေးပျံ့တဲ့ရနံ့ကိုထုတ်ကာ စားချင်စဖွယ်ဖြစ်တယ်။ အပင်ကလည်း နိမ့်တော့ မိန်ဟွာ အသာလေး ခူးလိုက်နိုင်တယ်။ ဒါဘာသီးမှန်း မိန်ဟွာမသိပေမယ့် ဗိုက်ဆာတဲ့စိတ်ရယ် လတ်ဆတ်တဲ့သစ်သီးနံ့ရယ်က လုံးဝကို လွန်ဆန်လို့မရတော့တာမို့ စားလိုက်မိတော့တယ်။ အရသာက အရမ်းကို ထူးကဲကာ အရည်၇ွှမ်းတဲ့ သစ်သီးက မိန်ဟွာ့ကို သိပ်စိတ်ကျေနပ်စေတယ်။ ဒါကြောင့် ငါးလုံးဆက်တိုက်စားပစ်လိုက်လေတယ်။ ဗိုက်ပြည့်သွားတဲ့အခါမှာတော့ ဂူနံရံကိုမှီကာ ခန္ဓာကိုယ်ကို ကွေးပြီး မိန်ဟွာ အိပ်ပျော်သွားတော့တယ်။
သူမ အိပ်ပျော်သွားတဲ့အခါ သူမ ကိုယ်ကနေ အစိမ်းရောင်အလင်းတွေ တောက်ပလာတယ်။ သူမရဲ့အသားအရည်က အခုဆိုရင် သိပ်ကို ဖြူနုနေကာ သွေးကြောကိုဖောက်မြင်ရမတတ် ကြည်လင်နေတယ်။ ဖုံးဖွဲ့ထားတဲ့ဆံပင်တွေက ဖြာကျနေပြီး နက်မှောင်ကာ ထူထဲလာတယ်။ သူမရဲ့မျက်နှာကိုတော့ အစိမ်းရောင်အလင်းတွေနဲ့ အပြာရောင်အလင်းတွေက ၀န်းရံထားတယ်။ တဖြေးဖြေးပြောင်းလဲမှုတွေဖြစ်လာကာ တစ်ဂူလုံး လင်းထိန်ကာ ဘာကိုမှ မမြင်ရတော့လောက်အောင် တောက်ပသွားပြီးမှ တဖန်ပြန်လည်ငြိမ်သက်သွားတော့တယ်။
တိတ်ဆိတ်သွားတဲ့အခါ မိန်ဟွာေ၇ှ့မှာ ဖြူစွတ်နေတဲ့ မြေခွေးငယ်လေးတစ်ကောင်ပေါ်လာတယ်။ မြေခွေးလေးက မိန်ဟွာ့ကိုကြည့်ကာ စိတ်ကျေနပ်သွားတာမို့ သူမနားမှာ ကပ်ပြီး တိုးဝှေ့လို့ အိပ်လိုက်တယ်။
-----
zawgyi
က်င္းသခင္မေလးက ႐ုပ္ဆိုးတယ္။
က်င္းသခင္မေလးရဲ႕ ေမြးရာပါ စြမ္းအားက နိမ့္က်တယ္။
က်င္းသခင္မေလးရဲ႕ အသက္က ႀကီးေနၿပီ။
က်င္းသခင္မေလးက စိတ္ထားမေကာင္းဘူး။
က်င္းသခင္မေလးက ပညာမတတ္ဘူး။
က်င္းသခင္မေလးက စရိုက္အရမ္းဆိုးတယ္။
က်င္းသခင္မေလးက.... စသည္ျဖင့္ ဆိုး႐ြားတဲ့ဂုဏ္ပုဒ္ေတြဟာ က်င္းသခင္မေလးဆိုတာနဲ႕ ကပ္လ်က္ပါတယ္။
က်င္းေကာင္းနယ္ေျမတစ္ခုလုံးတြင္ အဆင့္တစ္အင္ပါယာတိုင္းျပည္၊ အဆင့္ႏွစ္အင္ပါယာတိုင္းျပည္၊ အဆင့္သုံးအင္ပါယာတိုင္းျပည္နဲ႕ အဆင့္မဲ့တိုင္းျပည္ဆိုၿပီး ရွိေလတယ္။ လတ္တေလာေတာ့ အဆင့္မဲ့တိုင္းျပည္အေၾကာင္းပဲ ဆိုၾကပါစို႔။ အဆင့္မဲ့တိုင္းျပည္တြင္ အဆင့္တစ္နိုင္ငံ၊ အဆင့္ႏွစ္နိုင္ငံ၊ အဆင့္သုံးနိုင္ငံနဲ႕ အဆင့္မဲ့နိုင္ငံဆိုၿပီး ျပန္ခြဲေသးရာ
အဆင့္မဲ့တိုင္းျပည္တြင္ အဆင့္တစ္နိုင္ငံက တစ္နိုင္ငံသာရွိၿပီး အဆင့္ႏွစ္နဲ႕ အဆင့္သုံးက သုံးနိုင္ငံဆီ ရွိၾကတယ္။ အဆင့္မဲ့နိုင္ငံေတြကေတာ့ ဒါဇင္ေက်ာ္ပင္ရွိသည္ေပ။ ထိုဒါဇင္ေက်ာ္ေတြ မ်ားစြာထဲကမွ ရန္ေက်ာင္းလို႔ေခၚတဲ့ အဆင့္မဲ့နိုင္ငံဟာ အစြန္အဖ်ားအက်ဆဳံးနဲ႕ အင္အားအနည္းဆုံးျဖစ္တယ္။
ရန္ေက်ာင္းနိုင္ငံမွာ အင္အားႀကီး အဖြဲ႕အစည္း သုံးခုရွိၿပီး ပညာသင္ေက်ာင္းကေတာ့ တစ္ခုသာရွိတယ္။သူတို႔က ေတာ္ဝင္မ်ိဳးႏြယ္ေတြနဲ႕ပင္ တန္းတူရပ္တည္နိုင္စြမ္းရွိတယ္။
ထိုအင္အားႀကီးေတြနဲ႕အတူ ရင္ေပါင္တန္းနိုင္တဲ့ သူကေတာ့ စစ္ေသနာပတိခ်ဳပ္ က်င္းေဟာင္ျဖစ္တယ္။ က်င္းေဟာင္ဟာ ေကာင္းကင္အဆင့္ကို ေရာက္ေနတဲ့ ရန္ေက်ာင္းရဲ႕ တစ္ဦးတည္းေသာ သိုင္းပညာရွင္ျဖစ္တယ္။ ဒါေၾကာင့္ သူ႕ကိုအားလုံးက ေလးစားေၾကာက္႐ြံ႕ရကာ သတိထားဆက္ဆံရတယ္။
ရန္ေက်ာင္းမွာ မိန္းမမ်ားစြာရွိတာက ပုံမွန္ျဖစ္ေပမယ့္ သူက ပဏာမဇနီးျဖစ္တဲ့ က်င့္ေဝရွင္းကိုသာ ခ်စ္ျမတ္နိုးလြန္းကာ သမီးကလည္း တစ္ေယာက္ထဲ ရွိေလတယ္။ အျခားေသာ တစ္ဆယ့္ႏွစ္ေယာက္ေသာ ဇနီးသည္ေတြက သားေယာကၤ်ားေတြကိုသာ ေမြးဖြားထားေတာ့ အိမ္ေတာ္မွာ ၿပိဳင္ဆိုင္မႈသိပ္မ်ားေလတယ္။ တရားဝင္ဇနီးျဖစ္တဲ့ က်င့္ေဝရွင္းမွာသာ သမီးေလးရွိေလေတာ့ အျခားကိုယ္လုပ္ေတာ္ေတြက က်င့္ေဝရွင္းနဲ႕ အဆင္ေျပၾကတယ္။ အစကေတာ့ က်င္းမိန္ဟြာကို ေမြးဖြားလာတဲ့အခါမွာ သူတို႔အနည္းငယ္ စိုးရိမ္ခဲ့ၾကေပမယ့္ အသက္ေျခာက္ႏွစ္မွာ ပင္ကိုယ္စြမ္းအားကို စစ္ေဆးၾကည့္ၿပီး နိမ့္က်ေနမွန္း သိကတည္းက အားလုံးက သူမေလးကို အေလးမထားေလေတာ့ဘူး။ ဒီလိုအေလးထားစရာမလိုလို႔လည္း အကိုေတြအမ်ားစုက ညီမငယ္ေလးကို ခ်စ္ျမတ္နိုးၾကေလတယ္။ အေဒၚေတာ္ေတြကလည္း ေကာင္းေလေတာ့ က်င္းမိန္ဟြာအဖို႔ အပူအပင္မရွိခဲ့ဘူး။ ဒါေတြက အိမ္ေတာ္တြင္းမွာသာ ျဖစ္တယ္။
သူမအသက္ ရွစ္ႏွစ္မွာ ဖခင္ျဖစ္သူက နယ္စပ္ကို ခရီးထြက္သြားရတယ္။ သူမရဲ႕ ေမြးရာပါ စြမ္းရည္က နိမ့္က်ေတာ့ စြမ္းအားေလ့က်င့္လို႔မရဘူး ဒီေတာ့ မိန္းကေလးျဖစ္တဲ့သူမက သူမ်ားနဲ႕လက္ထပ္နဲ႕ ေျပာင္းရဖို႔သာရွိေတာ့တယ္။ သို႔ေပမယ့္လည္း သူမရဲ႕ ႐ုပ္ရည္က တစ္ေန႕တျခား ဆိုး႐ြားလာတာကို ေတြ႕ရေလတယ္။
သူမအသက္တစ္ဆယ့္တစ္ႏွစ္မွာ သူမရဲ႕႐ုပ္ရည္က သိသိသာသာကို ဆိုးေနၿပီ။
မိန္ဟြာရဲ႕ အသားက မြဲေျခာက္တယ္။
မိန္ဟြာရဲ႕ မ်က္ႏွာမွာ အဖုအဖိမ့္ေတြမ်ားတယ္။
မိန္ဟြာမွာ မ်က္ရစ္မပါဘူး။
မိန္ဟြာမွာ ပုံစံမက်တဲ့ မ်က္ႏွာေပါက္ရွိတယ္။
မိန္ဟြာရဲ႕ ဆံပင္က မေကာင္းဘူး။
မိန္ဟြာရဲ႕ အသံက မေကာင္းဘူး။
မိန္ဟြာက ၀တယ္။
အားလုံး အားလုံး ေပါင္းလိုက္ေတာ့ သူမက ေၾကာက္စရာလူသားတစ္ေယာက္ျဖစ္သြားတယ္။ သူမနဲ႕ ဘယ္သူမွ အေပါင္းအသင္းမလုပ္ခ်င္ၾကဘူး။ သူမကို ကေလးေတြက ေၾကာက္ၾကတယ္။ သူမ ေမြးေမြးခ်င္းမွာတင္ ျဖစ္ခဲ့တဲ့ ေတာ္ဝင္အရွင္မင္းႀကီးရဲ႕အမိန႔္နဲ႕ ေစ့စပ္ထားရသူ မင္းသားသုံးက သူမကို ႐ြံတ ယ္။
မင္းသားသုံးက ေကာင္းကင္ဆိုရင္ မိန္ဟြာက ေျမႀကီးထဲကမွ ညစ္ပတ္ေနတဲ့ ႐ႊံ႕ျဖစ္ေလာက္တယ္။ မင္းသားသုံးက အရပ္ရွည္တယ္၊ အသားျဖဴတယ္၊ အရမ္းကို ခန႔္ညားေခ်ာေမာၿပီးေတာ့ အသံကလည္း ညို႔ငင္နိုင္တယ္။ မင္းသားသုံးက ေမြးရာပါစြမ္းအား အျပာေရာင္ရွိတဲ့ ပါရမီရွင္ျဖစ္တယ္။အထူးသျဖင့္ မင္းသားသုံးက မိန္ဟြာထက္ ႏွစ္ႏွစ္ငယ္ေနတာပဲ။ ဒီေလာက္ငယ္႐ြယ္ေသးတဲ့အခ်ိန္မွာေတာင္ မင္းသားသုံးက သိပ္ကိုေရပန္းစားေနၿပီ။ ဒါေပမယ့္ သူနဲ႕ေစ့စပ္ထားတဲ့ မိန္ဟြာကေတာ့ ေၾကာက္စရာ႐ုပ္ဆိုးမျဖစ္ေနေလတယ္။ ဒါေၾကာင့္ ငယ္႐ြယ္စဥ္ကတည္းက မိန္ဟြာကအေလွာင္ခံျဖစ္လာတယ္။
က်င္းအိမ္ေတာ္က သခင္မေတြဟာ အိမ္ေတာ္ထဲမွာသာေနၿပီး ျပင္ပကိစၥေတြကို ၀င္စြက္ဖက္ေလ့မရွိၾကဘူး။ ဒါေၾကာင့္ အျပင္မွာ မိန္ဟြာအေလွာင္ခံရ၊ အရွက္ခြဲခံရတဲ့အခါ ကေလးအခ်င္းခ်င္း စတာပါဆိုၿပီး ထားလိုက္ၾကတယ္။
အကိုေတြကလည္း စြမ္းအားက်င့္ဖို႔အတြက္ သိုင္းပညာသင္တန္းေက်ာင္းေတြမွာသာ ရွိေနၾကေတာ့ မိန္ဟြာ့အနားမွာ ဘယ္သူမွ ကာကြယ္မေပးနိုင္ၾကဘူး။ ႐ြယ္တူျဖစ္တဲ့ အကိုတစ္ေယာက္ကလည္း မိန္ဟြာ့ကို ႐ုပ္ဆိုးမဆိုၿပီး ထိပ္ဆုံးက ေလွာင္တဲ့သူျဖစ္ေနတယ္။
အစပိုင္းကေတာ့ မိန္ဟြာငိုတယ္၊ ငိုတယ္၊ ေန႕တိုင္း ငိုတယ္၊ အၿမဲတမ္း ငိုရတယ္။
ေနာက္ေတာ့ မငိုနိုင္ေတာ့ဘူး၊ ငိုဖို႔ကိုေတာင္ သူမပ်င္းသြားတယ္၊ သူမကို ေျပာခ်င္တာသာေျပာ ၾကည့္ပဲၾကည့္ေနလိုက္ေတာ့တယ္။
ဘယ္လိုပဲ အရွက္ခြဲခံရ တဖက္လူေတြက အတိုင္းအတာကို သိၾကတယ္၊ က်င္းဆိုတဲ့ မ်ိဳးရိုးနာမည္ရွိေန၍ ဘယ္သူကမွ အတင့္ရဲၿပီး ႀကိးႀကီးက်ယ္က်ယ္ ျဖစ္ေအာင္ မလုပ္ရဲေလဘူး။ ဒါေၾကာင့္ အသက္ႀကီးလာတဲ့အခါ အားလုံးဆီကေန သြယ္ဝိုက္လို႔သာ အရွက္ခြဲခံရေတာ့တယ္၊ တိုက္ရိုက္ျဖစ္တာထက္ေတာ့ ေတာ္ေသးတယ္ေျပာရမလား၊ အေကာင္းအထည္ေဖာ္မရတာက ပိုဆိုးတယ္ေျပာရမလားဆိုတာကေတာ့ ခက္ခဲပါတယ္။
မင္းသားသုံးကလည္း က်င္းစစ္ေသနာပတိေၾကာင့္ ေစ့စပ္ထားမႈကို မျငင္းပယ္ရဲဘူး၊ ဒါေပမယ့္ ျငင္းဖို႔အေၾကာင္းျပခ်က္ကိုေတာ့ အခ်ိန္တိုင္းရွာေနတယ္။ သူက သူ႕အသက္ ႏွစ္ဆယ္မွ မဂၤလာပြဲလုပ္မယ္ဆိုၿပီး အခ်ိန္ဆြဲလာလိုက္တာ မိန္ဟြာရဲ႕အသက္ ႏွစ္ဆယ္ပင္ ျပည့္လာတယ္။ မင္းသားသုံးကေတာ့ တစ္ဆယ့္ရွစ္ႏွစ္သာရွိေသးေလတယ္။ အသက္ႏွစ္ဆယ္အ႐ြယ္မွာ လက္မထပ္ရေသးတဲ့သူမက ပိုပိုၿပီး အေလွာင္ခံ၊ အဟားခံရဖို႔ ျဖစ္လာတယ္။
တစ္ေန႕ က်င္းမိန္ဟြာဟာ ငယ္႐ြယ္တဲ့သူရဲေကာင္းေတြ၊ အလွေလးေတြရဲ႕ အလယ္မွာ ၀ိုင္းဟားခံရၿပီး ရွက္ရွက္နဲ႕ ထြက္ေျပးလာတာဟာ ရန္ေက်ာင္းၿမိဳ႕စြန္က ေတာအုပ္အထိျဖစ္တယ္။ မိန္းကေလးတစ္ေယာက္ထဲ ေတာထဲဝင္ေျပးတာကိုေတာင္ ထိုလူအုပ္က သတိမထားမိၾကဘဲ ဆက္လို႔သာ ေပ်ာ္ျပားေလွာင္ေျပာင္ေနၾကတယ္။
မိန္ဟြာ မငိုျဖစ္တာ ၾကာၿပီျဖစ္တယ္။ ဒီေန႕မွာ ထပ္ငိုရျပန္တယ္။ ၀ေအာင္ငိုၿပီးရင္ အားလုံးကို ထပ္ၿပီး ေမ့သြားလိမ့္မယ္၊ ေန႕ရက္ေတြက ပုံမွန္အတိုင္းလည္ပတ္မယ္။ ၿပီးရင္ ဒီလိုေန႕မ်ိဳး ထပ္ေ၇ာက္လာလိမ့္မယ္။
က်င္းမိန္ဟြာ ရွိုက္ငိုေနရင္း မ်က္ရည္ေတြေၾကာင့္မ်က္လုံးက ၀ါးကာ သစ္ကိုင္းတစ္ခုကို ခလုတ္တိုက္မိတယ္။ လဲက်တာက သဲေပၚျဖစ္ေပမယ့္ ေဘးက ဆူးၿခဳံနဲ႕ လက္ကျခစ္မိသြားေတာ့ ေသြးနီနီက ထိုနားတစ္ဝိုက္ လြင့္စင္သြားတယ္။
ငိုရွိုက္ေနတဲ့ မိန္ဟြာက ထိုေသြးစက္ေတြ ဆူပြက္ၿပီး ေလထဲအေငြ႕ပ်ံကာ ေပ်ာက္သြားတာကိုေတာ့ မသိလိုက္ေလဘူး။
သူမရဲ႕အနားတစ္ဝိုက္က ေျမႀကီးေတြက အက္ကြဲလာတာဟာ မိန္ဟြာသတိထားမိခ်ိန္မွာေတာ့ သူမဟာ ေျမႀကီးထဲ ကြၽံက်တဲ့အထဲ ပါသြားေတာ့တယ္။ မိန္ဟြာ ေပ်ာက္သြားတဲ့အခါ ထိုေနရာမွာ ေျမႀကီးေတြ အစားျပန္ေရာက္လာၿပီး ဘာမွမျဖစ္ခဲ့သလို အေနအထားျပန္ျဖစ္သြားတယ္။
မိန္ဟြာရဲ႕ဘ၀က ႏွစ္မ်ိဳးျဖစ္ေလတယ္။ တစ္ခုက အိမ္ေတာ္တြင္းက ေအးခ်မ္းသာယာတဲ့ဘ၀ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ အိမ္ေတာ္ျပင္ပက အေလွာင္ေျပာင္ခံရတဲ့ဘ၀ပါပဲ။ ဒါေၾကာင့္ သူမက အျခားသူေတြထက္စာရင္ အမ်ားႀကိး ရင့္က်က္တယ္လို႔ ဆိုနိုင္တယ္။
ေျမေအာက္မွာ လွိုဏ္ဂူတစ္ခုရွိေနၿပီး သူမက ထိုလွိုဏ္ဂူထဲ ကြၽံက်သြားတာကိုသိတာေတာင္ ခဏေလာက္သာစိုးရိမ္စိတ္ျဖစ္သြားတယ္။ ဖုန္ေတြကပ္ေနတဲ့ အ၀တ္အစားကို အသာခါၿပီး ေနာက္လက္တစ္ဖက္ကေတာ့ မ်က္ရည္ေတြကိုသုတ္လိုက္တယ္။ ဂူထဲမွာ ညလင္းပုလဲေတြရွိေတာ့ လင္းလင္းခ်င္းခ်င္းရွိတယ္။ သူမက ေလွ်ာက္လမ္းရဲ႕ အလယ္ကိုေရာက္ေနတာမို႔ ေရွ႕ဆက္သြားမလား ေနာက္ဘက္ကိုသြားမလားက ေ႐ြးရခက္နိုင္ေပမယ့္ မိန္ဟြာကေတာ့ ေရွ႕ပဲ ဆက္သြားလိုက္တယ္။
ဂူက ေအးစိမ့္ကာ သူမ မသိတဲ့အခိုးအေငြ႕တစ္မ်ိဳးက ခပ္ပါးပါးရွိေနတယ္။ အေတာ္ၾကာေလွ်ာက္ၿပီးေနာက္ အျပင္ဘက္ကို ေရာက္လာတယ္။ ထူးဆန္းတာက လွိုဏ္ဂူျပင္ပက သူမလာခဲ့တဲ့ေတာအုပ္မဟုတ္ဘဲ အေရာင္စုံလိပ္ျပာေတြ၊ အေရာင္စုံပန္းေတြနဲ႕ ေမႊးပ်ံတဲ့ေလတို႔ျပည့္ေနတဲ့ လွပတဲ့ေနရာသစ္တစ္ခုျဖစ္ေနတယ္။
ဒီေနရာထဲ ေျခလ်မ္းခ်လိဳက္တာနဲ႕ သူမခႏၶာကိုယ္က သက္ေတာင့္သက္သာျဖစ္သြားသလို ခံစားလိုက္ရတယ္။ မိန္ဟြာက ပတ္ဝန္းက်င္ရဲ႕အလွကို ေငးေမာေနတာမို႔ သူမရဲ႕နည္းေမွာင္တဲ့ အသားအရည္က ျမဴလိုအေငြ႕ေတြထြက္ကာ ေလထဲျပန႔္လာတာကို သတိမထားမိေလဘူး။ ထိုသို႔အေငြ႕ပ်ံတဲ့အခါ အသားအရည္အေရာင္က စတင္ေျပာင္းလာတယ္။ နဂိုမည္းၾကဳတ္ေနရာက တေျဖးေျဖးနဲ႕ ျဖဴလာတယ္။ ထိုသို႔ဆက္တိုက္ေျပာင္းလဲေနတဲ့အခ်ိန္မွာ မိန္ဟြာက စမ္းေခ်ာင္းတစ္ခုရဲ႕ေဘးကို ေရာက္လာတယ္။
စမ္းေခ်ာင္းရဲ႕ ေရစီးသံက သံစဥ္တစ္ခုႀလိဳိငိမ့္ေညာင္းတယ္။ သူမလည္း ငိုထားရတာမို႔ စမ္းေခ်ာင္းေဘးကပ္ကာ ေရတစ္လုပ္ေသာက္ၿပီး မ်က္ႏွာသစ္ပစ္လိုက္တယ္။ သူမက ႐ုပ္ဆိုးတာမို႔ ဘာမွေထြေထြထူးထူးျပင္ေနစရာမလိုဘူး။ဒါေၾကာင့္မို႔ ေယာကၤ်ားတစ္ေယာက္လို ေရကိုလက္နဲ႕ခပ္ကာ မ်က္ႏွာကိုတစ္ခ်က္ပြတ္လိုက္႐ုံနဲ႕ သူမရဲ႕ သန႔္စင္ျခင္းအမႈက ၿပီးဆုံးတယ္။ မ်က္ႏွာသစ္ၿပီးတဲ့အခါ ေအးခ်မ္းမႈနဲ႕အတူ ထူးဆန္းတဲ့ ခံစားခ်က္ကိုရလိုက္ကာ ထိုခံစားခ်က္က သက္ေတာင္သက္သာရွိတာမို႔လို႔ လည္ပင္းေတြ လက္ေတြကိုပါ ေဆးေၾကာပစ္လိုက္မိတယ္။ အ၀တ္အစားေတြက ေရေတြစိုး႐ႊဲသြားၿပီဆိုေတာ့ မိန္ဟြာ ခ်မ္းလာတယ္။ ဒါေၾကာင့္ စမ္းေခ်ာင္းနာက ထြက္ၿပီး ဆက္သြားတဲ့အခါ ဂူအေသးတစ္ခုကို ေတြ႕ရတယ္။ ဒီဂူက ေႏြးေထြးတာမို႔ ခ်က္ခ်င္းပဲဝင္လိုက္တယ္။ အထဲဝင္ၿပီးသိပ္မၾကာခင္မွာပင္ သူမရဲ႕အ၀တ္ေတြ ေျခာက္ေသြ႕သြားတယ္။ မိန္ဟြာတစ္ေန႕လုံး ေျပးလာရတာနဲ႕ ငိုရတာနဲ႕ဆိုေတာ့ ပင္ပန္းၿပီး ဗိုက္ဆာလာတယ္။
ဂူထဲမွာ သစ္သီးပင္တစ္ပင္ေတြ႕ရတယ္။ အစိမ္းေရာင္သစ္သီးက ေမႊးပ်ံ့တဲ့ရနံ႕ကိုထုတ္ကာ စားခ်င္စဖြယ္ျဖစ္တယ္။ အပင္ကလည္း နိမ့္ေတာ့ မိန္ဟြာ အသာေလး ခူးလိုက္နိုင္တယ္။ ဒါဘာသီးမွန္း မိန္ဟြာမသိေပမယ့္ ဗိုက္ဆာတဲ့စိတ္ရယ္ လတ္ဆတ္တဲ့သစ္သီးနံ႕ရယ္က လုံးဝကို လြန္ဆန္လို႔မရေတာ့တာမို႔ စားလိုက္မိေတာ့တယ္။ အရသာက အရမ္းကို ထူးကဲကာ အရည္၇ႊမ္းတဲ့ သစ္သီးက မိန္ဟြာ့ကို သိပ္စိတ္ေက်နပ္ေစတယ္။ ဒါေၾကာင့္ ငါးလုံးဆက္တိုက္စားပစ္လိုက္ေလတယ္။ ဗိုက္ျပည့္သြားတဲ့အခါမွာေတာ့ ဂူနံရံကိုမွီကာ ခႏၶာကိုယ္ကို ေကြးၿပီး မိန္ဟြာ အိပ္ေပ်ာ္သြားေတာ့တယ္။
သူမ အိပ္ေပ်ာ္သြားတဲ့အခါ သူမ ကိုယ္ကေန အစိမ္းေရာင္အလင္းေတြ ေတာက္ပလာတယ္။ သူမရဲ႕အသားအရည္က အခုဆိုရင္ သိပ္ကို ျဖဴႏုေနကာ ေသြးေၾကာကိုေဖာက္ျမင္ရမတတ္ ၾကည္လင္ေနတယ္။ ဖုံးဖြဲ႕ထားတဲ့ဆံပင္ေတြက ျဖာက်ေနၿပီး နက္ေမွာင္ကာ ထူထဲလာတယ္။ သူမရဲ႕မ်က္ႏွာကိုေတာ့ အစိမ္းေရာင္အလင္းေတြနဲ႕ အျပာေရာင္အလင္းေတြက ၀န္းရံထားတယ္။ တေျဖးေျဖးေျပာင္းလဲမႈေတြျဖစ္လာကာ တစ္ဂူလုံး လင္းထိန္ကာ ဘာကိုမွ မျမင္ရေတာ့ေလာက္ေအာင္ ေတာက္ပသြားၿပီးမွ တဖန္ျပန္လည္ၿငိမ္သက္သြားေတာ့တယ္။
တိတ္ဆိတ္သြားတဲ့အခါ မိန္ဟြာေ၇ွ႕မွာ ျဖဴစြတ္ေနတဲ့ ေျမေခြးငယ္ေလးတစ္ေကာင္ေပၚလာတယ္။ ေျမေခြးေလးက မိန္ဟြာ့ကိုၾကည့္ကာ စိတ္ေက်နပ္သြားတာမို႔ သူမနားမွာ ကပ္ၿပီး တိုးေဝွ႕လို႔ အိပ္လိုက္တယ္။