တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"ကလေးမ ဘာလုပ်တာလဲ ခေါင်းအုံပိုက်ပြီး"
"တစ်ခြားနေရာမှာ သွားအိပ်မလို့"
"ဘာ!!"
"လန့်လိုက်တာ "
"ငါဒီလောက်အော်တာတောင်လန့်တဲ့လူက ငါနဲ့ကလေးမနှစ်ယောက်ပဲရှိတဲ့ဒီအိမ်ကြီးမှာ တစ်နေရာဆီ အိပ်မယ်ပေါ့"
"ငြိမ်း အိပ်ရဲပါတယ်"
"တော် တိတ် ဒီမှာလာအိပ် လင်းမယားပဲဖြစ်နေပြီးအလယ်မှာ ဖက်ခေါင်းအုံခြားမယ်"
"စိတ်ညစ်ပါတယ် ငြိမ်း အဲလိုကြီးမအိပ်ချင်ဘူး"
"ဘာလဲ ငါရင်ခွင်ထဲအိပ်ချင်တာလား ရတယ်လေး လာငါဖက်ထားပေးမယ်"
"ဟာ ဉီးမာန်နော် ဘာတွေပြောနေမှန်းမသိဘူး။ ဟိုဘက်တိုး ဒီဖက်ခေါင်းအုံးကိုကျော်မလာနဲ့"
"ငါတော့မကျော်ဘူး ကလေးမ ကျော်လာရင်တော့ အဟင်း..အဟင်း"
"ဉီးမာန်နော် ရယ်သံကနှာဘူးရယ်သံကြီးနဲ့မျက်နှာကို ဟိုဘက်လှည့်အိပ်"
"ဟာ ငါကဒီဘက်ပဲအိပ်တတ်တာ"
"မရဘူး ဟိုဘက်လှည့်အိပ် ငြိမ်းကိုကြည့်နေတော့ဘယ်လိုအိပ်ရမှလဲ"
"မျက်လုံးမှိတ်ပြီးအိပ်ပေါ့ ငါတော့ဟိုဘက်မလှည့်နိုင်ဘူး"
"ဟွန့် "
ငြိမ်း စောင်ကိုခေါင်မြီးခြုံပြီးအိပ်ပစ်လိုက်ပါတယ်။မာန်ကတော့ သဘောကျစွာရယ်မိတယ်။
ငြိမ်း တစ်ယောက်မနက်စာပြင်ဖို့ မီးဖိုချောင်ထဲမှာချက်ပြုတ်နေသည်။အိမ်ရှေ့မှာတော့ တီဗီမှာလာတဲ့တရားခွေဖွင့်ထားသည်။အိမ်အသစ်လေးကအရမ်းကိုနေချင်စဖွယ်ကောင်းပါသည်။အခုမှာကိုယ်အိမ်နဲ့ကိုယ်ဆိုတော့ အရမ်းကိုလွတ်လပ်ပါသည်။
"မနက်စာပြင်ပြီးရင် ထမင်းဟင်းတစ်ခါတည်းချက်ထားရမယ်။ဒါဆိုရင်အလုပ်ပြီးပြီး ခြံထဲဆင်းကြည့်ရမယ်။အိမ်လေးက အရမ်းနေချင်စဖွယ်ကောင်းတာပဲ။ကြည့်ပါမီးဖိုချောင်ဆိုရင်လည်းအကျယ်ကြီးပဲ ၊ဧည့်ခန်းဆိုရင်လည်းပြောစရာမလိုလုပ်အောင် ကျက်သရေရှိမှုတွေနဲ့ပြည့်နေတယ်။မာမီက သေသေချာချာလုပ်သွားပေးတာပဲ"
ငြိမ်း အိမ်အလုပ်တွေအကုန်ပြီးတော့ မာန်နိုးလာပါတယ်။
"ကလေးမ ငါရေချိုးဖို့ အဝတ်လာထုတ်ပေးအုံး"
"ဉီးမာန်လည်း လက်ဘာသာပဲ ကိုယ်ဘာသာထုတ်ပါလား"
"ကလေးမက ငါရဲ့ဇနီးနော် ယောကျာ်းတစ်ယောက်ရဲ့အလုပ်တွေကိုလုပ်ပေးရမှာပေါ့ မရဘူးထပ်ငြင်းရင် ရေပါချိုးပေးရမယ်နော်"
"အဝတ်စားထုပ်ပေးမယ် အခုပဲသွားထုပ်ပြီး"
"မထုတ်နဲ့တော့ ငါကိုရေချိုးပေး"
"ချိုးပေးဘူး ပြောကာအပေါ်ကိုပြေးတက်သွားသော သူမလေးကြောင့် ရယ်လိုက်မိပါတယ်။
"မာန် အိမ်ထောင်ကျပြီးဆိုတော့ ဘယ်လိုနေလဲ"
"ဇွဲ ဘာတွေလျောက်မေးနေတာလဲ သူတို့ဘာသာဘယ်လိုနေနေပေါ့ အဟင်း. အဟင်း"
"မင်းတို့နှစ်ယောက်နော် ငါကိုဝိုင်းမစနဲ့"
"ငါမေးကြည့်တာ လူပျိုဘဝနဲ့အိမ်ထောင်သည်ဘဝ ဘာတွေကွာခြားလည်းမေးတာပါ ဟိုကောင် နိုင် ဝင်နှောက်တာ"
"အေးငါမနှောက်တော့ဘူး ဘာကွာခြားလဲ"
"သိချင်ရင် မင်းတို့နှစ်ယောက် အိမ်ထောင်ပြုပေါ့"
"ငါတို့ကပြုမှာနော် ချစ်သူလည်းရှိပြီးသာ မင်းလိုအိမ်ကမပေးစားရဘူး သိလား"
"ငါကမိဘစကားနားထောင်တယ် သားလိမ်မာလေး မင်းတို့လို မိဘကိုစိတ်ဆင်းရဲအောင်မလုပ်ဘူးကွာ"
"ဟားး မင်းဘာသာချစ်သူမရှိလို့ အိမ်ကပေးစားသူကိုယူရတာကို့ ငါတို့ကိုများ ကြီးကြီးကျယ်ကျယ်ပြောနေပြန်ပြီး "
"နိုင် ပြောတာမှန်တယ်။ဒါနဲ့ညကျရင် ဆေးရုံအုပ်ကသူ့သမီးနိုင်ငံခြားကပညာတော်သင်ပြန်လာတဲ့အတွက်ပါတီလုပ်မယ်တဲ့ ဆေးရုံကလူတွေအကုန်ဖိတ်ထားတယ်"
"ဒါဆိုရင်စားပွဲပေါ့ ပါတီပွဲမတက်ရတာကြာပြီး မျက်စိခွဲခန်းပဲဝင်နေရလို့"
"ငါလည်းဘာထူးလည်း တစ်နေ့တစ်နေ့ဆေးရုံနဲ့အိမ် ဒါတောင်ဆေးခန်းမထိုင်ရလို့။မာန်လို့ ဆေးခန်းထိုင်ရရင် ငါတော့အသက်ထွက်မယ်ထင်တယ်။"
"ဒါကတော့ကွာ ပင်ပန်းပေမဲ့လညျး လူနာတွေသက်သာရင် ပင်ပန်းမှုကသူအလိုလိုပျောက်သွားတာပဲ ကဲ့ စကားများနေလို့မရဘူး ငါဂျူတီကျပြီး ညမှာဆုံမယ် ဇွဲနဲ့နိုင်"
"အေး အေး မင်းရဲ့မိန်းမကိုပါတီခေါ်ခဲ့နော် ငါတို့လည်းချစ်သူခေါ်လာမှာ"
"အေးပါကွာ အေး"
ငြိမ်း ခြံထဲမှာပန်းပင်တွေကိုပြုစုနေတာ မာမီပို့ပေးတဲ့ ကောင်မလေးနဲ့အတူတူပါ။
"မမ ဒီသစ်ခွာပန်းကို ဘယ်မှာထားချိတ်ရမလဲ"
"အိမ်ရှေ့မှာ ဝါးတန်းလေးလုပ်ပေးထားတဲ့ ခိုင်လေးရဲ့ အဲဒီမှာ မမတို့သစ်ခွာရောင်စုံတန်းစီချိတ်မယ် ပြီးရင် နှင်းဆီပန်းအိုးတွေကို အဲဒီအောက်မှာထားကြမယ်"
"ဟုတ်မမ အဲဒါဆိုရင်အရမ်းလှမှာ ဟိုစံပယ်ရုံကိုလည်း နည်းနည်းအရွက်ညှပ်မှာလှမယ်ထင်တယ် မမ"
"ဟုတ်တယ် ကဲ့တို့နှစ်ယောက်ခြံထဲမှာ လုပ်ပြီးရင်နားကြမယ် ညနေကျမှာမီးဖိုချောင်အနောက် မြေအလွတ်လေးမှာ အပင်စိုက်ကြမယ်။ငရုတ်ပင်၊ချဉ်ပေါင်ပင်၊နံနံပင်၊ဘူးပင်တွေစိုက်ကြမယ်"
"ကောင်းတယ်မမ ရွာမှာဆိုရင် အဲလိုပဲစိုက်ကြတာ ခြံထွက်သီးနှံပေါ့ "
"ဒါပေါ့ ခိုင်းလေးရဲ့"
နှစ်ယောက်သား စကားကောင်းနေတုန်း ဟိုဘက်ခြံက ဘောလုံးက ငြိမ်းတို့ ခြံဘက်ကိုဝင်လာပြီး ပျိုးထားတဲ့နှင်းဆီပန်းအိုးကိုထိသွားပါတယ်။
"ခွမ်းး"
"!အမယ်လေး!!!"
"လန့်လိုက်တာ သွားပါပြီး ခိုင်လေးတို့ပျိုးထားတဲ့နှင်းဆီပင်တော့"
ငြိမ်း လည်းအရမ်းလန့်ပြီး မျက်လုံးကိုမှိတ်ထားမိတယ် ။ထိုအချိန် ခိုင်လေးရဲ့အသံကြောင့်မျက်လုံးဖွင့်ကြည့်တော့ အခုနာကပျိုးထားတဲ့နှင်ဆီးအိုးကကွဲနေတာတွေ့လိုက်ရတယ်။
"တောင်ပန်းပါတယ် ကျွန်တျောတူ ကန်လိုက်တာဗျာ"
"ရှငတူ ကလည်းအရမ်းကန်ရလား ငြိမ်းရဲ့ပန်းအိုးကွဲသွားပြီး"
"မင်းက ငြိမ်းစံယဉ်မွန် လား"
"ဟမ် နင်... ရှိုင်းထက် မဟုတ်လား."
"ဟုတ်တယ်လေး ငြိမ်းရဲ့ ငါတို့ဆယ်တန်းအတူတူတက်ခဲ့တာလေး"
"အေးဟယ် နင်ငါကိုမှတ်မိတယ်ပေါ့"
"နင်အသံနဲ့ နင်ရုပ်ကို ခွေးချီသွားတာတောင်မှတ်မိတယ်"
"ကောင်စုတ် ငါတော့နင်ကိုမနည်းစဉ်းစာလိုက်ရတယ်"
"အဟွန်း ဒါနင်တို့အိမ်လား"
"ဟုတ်တယ် ညကမှပြောင်းလားတာ နင်ရော့နေတာကြာပြီးလား"
"အေးငါလည်း နင်ရန်ကုန်ကိုထွက်သွားပြီး မကြာခင်ပြောင်းလာရတာ။နင်ကိုလည်း ဘယ်နေရာသွားသွား တွေ့မလားဆိုပြီးရှာနေတာ"
"အဟင်း နင်ကိုမြင်မှငါရွာတောင်လွမ်းလာပြီး ငါတို့ ငယ်ငယ်ကဆော့ခဲ့တာတွေအမှတ်ရလာပြီး"
"အေး ဟုတ်တယ်နော် ငါလည်း ပြန်မြင်ယောင်လားပြီး"
"ဒါနဲ့ နင်တူကဘယ်သူလဲ"
"ငါတူက နိုင်ငံခြားမှာနေတာ ဟိုလကပဲမြန်မာနိုင်ငံကိုပြန်ရောက်တာ။နိုင်ငံခြားမှာနေတဲ့ဆိုပေမဲ့ မြန်မာစကားကောင်းကောင်းတက်တဲ့နည်းနည်းလည်းဆိုးတယ်ဟာ အခုလည်းသူ့လုပ်လို့ ပနျးအိုးကှဲပြီးပြီး"
"ရပါတယ် ရှိုငျးရဲ ကလေးဆိုတော့အဲလိုပဲယောကျာ်းလေးဆိုတော့ ပိုဆိုးတာပေါ့"
"အေး ငါပြန်လျော်ပါမယ် ငြိမ်းရယ်"
"မလိုပါဘူးဟာ ပြန်မလျော်နဲ့ မတော်တဆဖြစ်တာပဲကို့"
"လေးလေးရေ လေးလေး ဘောလုံးယူပြီးလာခဲ့တော့လေး"
"ကဲ့ ဟိုမျောက်လေးခေါ်နေပြီး ဘောလုံးယူပြီးသွားရတော့မယ် အိမ်နီးချင်းတွေပဲ နောက်ကျရင်အိမ်လာလည် အခုတော့သွားတော့မယ်"
"အေး အေး ရော့ "
ငြိမ်း ဘောလုံးပေးတော့ အလျင်မြန်ယူပြီး အိမ်ထဲပြန်ဝင်သွားတဲ့ ရှိုငျး ကိုကြည်ပြီး သူ့တူကိုတော်တောချစ်တာပဲလို့တွေးမိတယ်။
ညနေကျတော့ ငြိမ်း အလုပ်ပြီးလို့ရေချိုးနေတုန်း မာန် ပြန်ရောက်လာတယ်။
မနေ့က..အထိမင်းအချစ်မျှော်လင့်မိတဲ့..မင်းကမသိ..တစ်ချက်မှာမကြည့်တာ..ဘယ်လိုလုပ်မလဲ..ဝေဒနါတွေပဲ..စံတိုင်းရဲ့အချိန်တိုင်း..ကြောက်မိခဲ့ပြီးချစ်သူ..ကိုယ်မိန်းကလေးပါ..ကံတွေဆိုးဆိုး..
"ကံတွေဆိုးမနေနဲ့ အထဲကကလေးမ ပါတီပွဲသွားစရာရှိတယ်။အမြန်ချိုး ပြီးရင်ငါရချိုးမယ်"
"ဉီးမာန် ပြန်ရောက်နေပြီး"
"ဟုတ်တယ် အမြန်ချိုး သီချင်းဆိုပြီးချိုးမနေနဲ့"
"ပြီးပါပြီး ဉီးမာန်ကလည်း ဟွန့် ရေချိုးတာတောင်လိုက်ပြောနေတယ်"
"ဲကဲ့ပြီးရင်ထွက်ခဲ့ ငါချိုးမယ် ကလေးမလည်း အလှပြင်ထား"
"မပြင်တတ်ဘူး ဉီးမာန်"
"ဒါဆိုရင်အဝတ်စားလှဲထား ဒါနဲ့ တောပုံကြီးမဝတ်နဲ့နော် မာမီဂါဝန်လှလှတွေ ဝယ်ထားပေးအဲဒီထဲက အဖြူရောင်ဂါဝန် ဒူးဖုံလေးဝတ်ထား။ငါရေချိုးပြီးရင်အလှပြင်ပေးမယ်"
"ဟုတ်ကဲ့ ဉီးမာန်"
ငြိမ်း လည်း ဉီးမာန် ခိုင်းတဲ့အတိုင်း ဂါဝန်အဖြူရောင်ကိုဝတ်ထားလိုက်တယ်။ဂါဝန်လေးက ချစ်စရာလေးပါ လူလတ်ပိုင်းတွေဝတ်တဲ့ပုံစံဆိုပေမဲ့ သူမနဲ့ကျတော့ ကလေးဝတ်ထားတဲ့အတိုင်းပါ။ငြိမ်း ကိုယ်ကပေါင်၁၀၀ပါ။အရပ်က ၅ပေ၃လက်မဆိုတော့ နည်းနည်းလေးပုပါသည်။
"ကလေးမနဲ့လိုက်သာပဲ ငါအဝတ်စားလှဲအုံးမယ်"
"ဒါဆိုရင် ငြိမ်း အပြင်ခဏထွက်မယ်"
"မထွက်ရပါဘူး ငါကိုအဝတ်စားဝတ်ပေး"
"ဉီးမာန်ကလည်း ကိုယ်ဘာသာဝတ်"
"ဝတ်စရာလား မိန်းမယူထားတာအပြုစုခံချင်လိုနော်။ ဘာလဲဘောင်ဘီးပါ ဝတ်ခိုင်းစေချင်တာလား"
"ဉီးမာန် နော် !!"
"အရမ်းမအော်နဲ့ ဟိုဘက်လှည့် ငါဘောင်ဘီးဝတ်တော့မယ် ။မလှဲရင်တော့ ကလေးမ ထိုက်နဲ့ကလေးမကံပဲ"
"အညစ်ပတ်ကြီးလှည့်ပြီးလို့ ဆူအောင့်အောင့်ပြောလိုက်တယ်။တစ်အောက်နေတော့
"ကဲ့ရပြီး ငါကို အဖြူရောင်လက်ရှည်လာဝတ်ပေး"
"လက်မပါတာကျနေတာပဲ"
"ဘာပြောတယ် သိပ်မကြားရဘူး"
"ဘာမှမဟုတ်ဘူး ဝတ်ပေးမယ်လို့"
"ပြီးရော့ ဝတ်ပေး"
"ငြိမ်း သူကိုအဝတ်စားဝတ်ပေးရတာမျက်နှာပူပါသည်။သူရဲ့ဖြူဖွေးတဲ့ ရင်အုံကြီးက ရင်ကိုလှိုက်ဖို့ပြီးလက်တုန်စေပါသည်။ကြယ်သီးတပ်ပေးတော့ ခြေဖျားထောက်ရတာမသက်သာပါ။
"ဉီးမာန် နည်းနည်းကိုယ်နိမ့်ပေးအုံး ခြေဖျားထောက်ရတာညောင်းလာပြီး"
"ဂျပုမ အရပ်ကထွက်ကိုမလာသေးဘူး"
"ဉီးမာန်နော် တော်ပြီးမလုပ်ပေးတော့ဘူး"
"ဟာ..ကဲကဲ ရင်ဘက်ကကြယ်သီးကိုငါတပ်လိုက်မယ် ကျန်တာ ကလေးမ တပ်ဟုတ်ပြီးလား"
"အကုန်တပ်လို့ရတာကို "စိတ်ထဲကပြောပြီး မာန်ရဲ့ကြယ်သီးတွေကိုတပ်ပေးလိုက်တယ်။
"အခုကလေးမကို အလှပြင်ပေးမယ်"
"ဉီးမာန်က ပြင်တတ်လို့လား"
"ပြင်တတ်တဲ့ ဆေးကျောင်းသားဘဝတုန်းကအလှပြင်သင်တန်းတက်တဲ့ သူငယ်ချင်းတစ်ယောက်ကိုကြို့ပို့ပေးရင် ရင်နှီးနေတာ"
"ဟုတ်ကဲ့"
မာန် ငြိမ်းကို စိတ်ပါဝင်စားစွာအလှပြင်ပေးနေပါသည်။ငြိမ်းရဲ့ မျက်နှာပေါ်သို့ မိတ်ကပ်ပါးပါးလူး၊ မျက်တောင်နည်းနည်းကော့၊အိုင်လိုင်းနာဆွဲ၊နှုတ်ခမ်းနီကို ပန်းရောင်နုနုလေးနဲ့အနီရောင်ကိုဆက်ဆိုးပေးကာ ပန်းချီကားတစ်ချပ်ပမာပုံဖော်ပေးနေပါသည်။
"ပြီးပြီး မှန်ကြည့်တော့"
ငြိမ်း မှန်ကိုကြည့်ပြီး ဉီးမာန်ကို အံ့ဪတကြီးကြည့်မိသည်။
"ဘာလဲ ပြင်ပေးတာမကြိုက်လို့လား"
"မဟုတ်ပါဘူး အရမ်းလှလို့ ဉီးမာန်ကပြင်တတ်တဲ့နော်"
"သိရင်ပြီးရော့ ဆံပင်ကိုဒီကလစ်လေးပန်လိုက်။ပြီးရင် ကလေးမရဲ့ လက်ဝတ်လက်စားကိုပြောင်းလိုက်။ ပုလဲတစ်စုံဝတ်၊ဖိနပ်ကို အဝတ်စားနဲ့လိုက်တာဝတ်ခဲ့ ။ပြီးရင် ဒီရေမွှေးစွတ်ခဲ့ ငါကားပေါ်ကစောင့်နေမယ်"
"ဟုတ်ကဲ့"
မာန်တစ်ယောက်ကားပေါ်ကနေ ဆေးစာအုပ်တစ်အုပ်ကိုဖတ်ရင်စောင့်နေလိုက်သည်။တစ်အောက်နေ ငြိမ်း ကားပေါ်တက်လျှင် ဆေးစာအုပ်ကိုပိတ်ပြီး ကားကိုမောင်းထွက်ခဲ့သည်။
စာရေးသူ သွေးမိန့်